Nam's collection
Life fails to be perfect, but never fails to be beautiful.
02/04/2022
ဗိုက်ချပ် အဆီကျလိုလျှင်
----------------------------
ဆေးသောက်စရာမလိုပဲ အ၇မ်းကို ထိရောက်တဲ့ နည်းလမ်းလေး တစ်ခုရှိပါတယ်။ တစ်ရက်တော့ပင်ပန်း ခံ၇ပါမယ်။ ခက်ခဲတဲ့အတွက် အစာအိမ်ရောဂါရှိသူ၊ သွေးအားနည်း ရောဂါရှိသူတွေအတွက်တော့ မစမ်းသပ်ကြဖို့ မှာကြားလိုပါတယ်။
၁။ ၂၄ နာရီလုံး ရေ တစ်မျိုးထဲသာ သောက်ရပါမယ်။
(ဥပမာ – ယနေ့ မနက် ၇နာရီမှ စမည်ဆိုလျှင် နောက်နေ့ မနက် ၇နာရီထိ)။
၂။ ၂၄ နာရီအတွင်း အနည်းဆုံး ရေ ငါးလီတာခန့်ထိ ၀င်အောင် သောက်ပေးရပါမယ်။
၃။ မည်သည့် အစားအစာ၊ကော်ဖီ၊လက်ဖက်ရည်၊ အချိုရည်မှ မသောက်ရပါ။
၅။ ၂၄ နာရိ ပြည့်သည်နှင့် ရေနွေး တစ်လီတာကို ဆား လက်ဖက်စားဇွန်း တစ်ဇွန်း ထည့်မွှေပြီး တစ်ထိုင်တည်း ကုန်အောင် သောက်ပေးရပါမည်။
၆။ ထို့နောက် အိပ်ယာထက်တွင် ညာဘက်သို့ စောင်းကာ နာရီ ၀က်ခန့် လဲလျောင်း နား နေရပါမယ်။
၇၊ ၀မ်းသွားလိုလာလျှင် ထ သွားလိုက်ပါ။
၈။ ထိုသွားသော ၀မ်းသည် အလွန် နံဟောင်သော ၀မ်း၊ ရံခါ အမည်း အညစ် အကြေးများပါ တွေ့ရပါလိမ့်မယ်။
၉။ ၄ခါ ၅ခါ ခန့်သွားပီး အ၇ည်ကျဲလာလျင် ဆန်ပြုတ် (သို့) သစ်သီးဖျော်ရည် တစ်ခွက် သောက်ကာ ခန ပြန် နားနေလိုက်ပါ။
၁၀။ ထို့ နောက် ထိုနေ့ တစ်နေကုန် အပူအစပ်၊ နို့နှင့် နို့ထွက် အစားအစာများ နှင့် ready made food များကိုေ၇ှာင်ကြဉ်ပေးရပါမည်။
နောက်ရက်များတွင် နှစ်သက်ရာ ပြန်လည် စားသောက်နိုင်မည် ဖြစ်ပါသည်။ သို့သော် ready made food များကို တော့ တတ်နိုင်သလောက်ေ၇ှာင်ကျဉ်ရပါမည်။ နို့နှင့် နို့ထွက် အစားစာများကို တတ်နိုင်သလောက်ေ၇ှာင်ကျဉ်ရပါမည်။ သစ်သီးဝလံများကို ပိုမိုစားသုံး၇ပါမည်။ ညဘက်တွင် အသီးနှံ တမျိုးမျိုး ကို ညစာ အစားထိုး ဖြည့်စွက် စားသုံးနိုင်ပါသည်။
ယင်းနည်းသည် မင်းသမီး ဒိုင်ယာနာ မကွယ်လွန်မီ တလ တခါ ပြုလုပ်နေကြ နည်းလမ်းဖြစ်သည်ဟု သိရပါသည်။
မိမိတို့ နေ့စဉ် စားသုံးခဲ့သော အစားအစာများ အကြော်ဆီများ ဆီဦးထောပတ်များအတွက် အူသည် မည်သည့်အခါမှ မဆေးကြောခဲ့ရပါ။ ထို့ကြောင့် ဗီလိုင်ဟု ခေါ်သော အမြှေးလေးများမှာ ငါးကန်များေ၇ညှိ တက်သကဲ့သို့ အညှိလေးများ တက်နေပါသည်။ ထိုသည်ကို ဆားေ၇နွေးလေးများဖြင့် ဆေးကြောသန့်စင်လိုက်ခြင်းဖြစ်ပါသည်။ ထိုသို့ ဆေးကြောလိုက်ခြင်းဖြင့် နောင် အခါ စားသောက်သော အသီးအနှံ အစားအစာများမှ အာဟာရများ ပိုမို စုပ်ယူနိုင်မည်ဖြစ်ပီး ကျန်းမာသန်စွမ်းသော ကိုယ်ခန္ဒာကို ပိုင်ဆိုင်လာမည်ဖြစ်သည်။
ထိုသို့ အူမဆေးမီ မိမိ ဗိုက်နှင့် ကိုယ်အလေးချိန် တိုင်းထားပါ။ အူဆေးပီးနောက်ရက် ထပ်တိုင်းကြည့်ပါ။ သိသိသာသာ ဗိုက်လေး ချပ်ရပ်လှပသွားမည်ကို တွေ့၇ပါမည်။
သတိပြုရန်မှာ။ ။ အူဆေးထားပီးနောက် ညစာအဖြစ် နို့နှင့်နို့ထွက်အစားစာများ စားသုံးခြင်း၊ ညစာ အလွန်အမင်း စားသုံးခြင်းများ သတိပြု ရှောင်ကြဉ်စေလိုပါသည်။ အသီးအနှံ ဖြည့်စွက် စားသုံးခြင်း အလေ့အထကို ပြု လုပ်စေလိုပါသည်။
Credit
30/03/2022
အလုပ်လုပ်တဲ့အခါ " ကိုယ်လုပ်ရတဲ့ "
အလုပ်က " နိမ့်တယ်မြင့်တယ် တွေပြီး "
စိတ်ဓာတ်တွေ မပျော့သွားပါနဲ့ "
မြေပျော့ရင် " ခြေရာကျန် သလို "
စိတ်ဓာတ်ပျော့ရင်လဲ " ဒဏ်ရာကျန်လို့ပါ "
အလုပ်ဟူသမျှ " ဂုဏ်ရှိပါတယ် "
မင်းမှာရှိနေတဲ့ " ပျော့ညံ့တဲ့ ကျွန်စိတ်ဓာတ်ကို "
ဘေးဖယ်ပြီး " „ မင်းဘဝအတွက် ရည်ရွယ်ချက် "
ရည်မှန်းချက် အပြည့်နဲ့ " သခင်စိတ်ဓာတ်မွေးပြီး "
မင်းကြိုးစားပါ / တနေ့ " မင်းအောင်မြင်လာလေ့မယ် "
လုပ်တိုင်း " မဖြစ်လို့လဲ "
မင်း စိတ်မညစ်ပါနဲ့ " မင်းရဲ့ ရိုးသားတဲ့ဂုဏ်လေးက"
မင်းဘဝ တသက်တာ " စားလို့ကုန်မှာ မဟုတ်ပါဘူး
ဆင်းရဲတဲ့ " မိသားစုထဲမှာ " လူဖြစ်လာတာ "
မင်းမှာ အပြစ်မရှိ ပါဘူး "
မချမ်းသာပဲ " မင်းသေသွားရင်တော့ "
အဲတာ "" မင်းရဲ့ ကြီးမားတဲ့ အပြစ်တခုပဲ..✍
13/03/2022
အဝတ်အစားပေါ် မူတည်ပြီး
Bra ရွေးချယ်နည်း✅
1. T Shirt bra
ဗြောင်တီရှပ်တွေ ဝတ်တဲ့အခါ အင်္ကျီပေါ်မှာ ဇာလိုင်းတွေ ပေါ်မနေဖို့ တီရှပ်ဘရာကို ရွေးချယ်သင့်ပါတယ်။ ခန္ဓာကိုယ်နဲ့ကွက်တိ fit ဖြစ်တဲ့အင်္ကျီတွေ ဝတ်တဲ့အခါမှာလည်း တီရှပ်ဘရာက အဆင်ပြေပါတယ်။
2. ကြိုးမပါတဲ့ bra
ကြိုးမပါတဲ့ဘရာတွေက ဝတ်ရတာ သက်တောင့်သက်သာ ရှိပါတယ်။ ခန္ဓာကိုယ်မှာလည်း မြဲနေတဲ့အတွက် ပြုတ်ကျသွားမှာကိုလည်း စိတ်ပူစရာ မလိုပါဘူး။ ပုခုံးလျှောအင်္ကျီတွေ၊ ပုခုံးမှာ အပေါက်ပါတဲ့ အင်္ကျီတွေ ဝတ်တဲ့အခါ ကြိုးမပါတဲ့ဘရာကို ရွေးချယ်သင့်ပါတယ်။
3.Convertible bra
သူ့မှာတော့ ကြိုးတွေအများကြီးပါပြီး ကြိုးတွေနဲ့ဝတ်လို့ရသလို ကြိုးတွေကို အကုန်ချွတ်ပြီးတော့လည်း ဝတ်လို့ရပါတယ်။ ပုခုံးတစ်ဖက်ပဲပါတဲ့ အင်္ကျီတွေအတွက် ဝတ်ဖို့ သင့်တော်ပါတယ်။
4.U-plunge bra
လည်ပင်းဟိုက်တဲ့အင်္ကျီတွေ ဝတ်တော့မယ် ဆိုရင်တော့ U-plunge bra က အဆင်ပြေဆုံးပါပဲ။ ပုံမှန် bra တွေက တစ်ဖြောင့်တန်းတည်း ဖြစ်ပေမယ့် U-plunge bra ကတော့ လည်ဟိုက်အင်္ကျီတွေဝတ်ရင် အဆင်ပြေဖို့ U ပုံစံဝိုက်ဝိုက်လေး ဖြစ်နေတာပါ။
5.Sticky bra
Sticky bra တွေကို များသောအားဖြင့် ဆီလီကွန်နဲ့ ပြုလုပ်ကြပြီး ဖော့နဲ့ချုပ်ထားတဲ့ sticky bra တွေလည်း ရှိပါတယ်။ ကြိုးတွေမပါတာကြောင့် ပုခုံးလျှောတဲ့အင်္ကျီတွေ၊ နောက်ကျောမပါတဲ့အင်္ကျီတွေ ဝတ်တဲ့အခါ ရွေးချယ်နိုင်ပါတယ်။
6.Balcony bra
Balcony bra ကို balconette လို့လည်း သိကြပါတယ်။ ဒီဘရာကတော့ ရင်သားတစ်ဝက်လောက်ကိုပဲ ဖုံးအုပ်ပေးနိုင်တာပါ။ လည်ပင်းအလှကို ပေါ်လွင်စေတဲ့ အင်္ကျီတွေနဲ့ဆိုရင် လိုက်ဖက်ပါတယ်။
7.ဇာ bra
ဖော့တွေမပါဘဲ ဇာသက်သက်နဲ့ ချုပ်ထားတာကြောင့် အရမ်းကို မိန်းမဆန်စေတဲ့bra ပါပဲ။ ထွင်းဖောက်မြင်ရတဲ့အင်္ကျီတွေ၊ ပါးလှပ်လှပ် အင်္ကျီတွေနဲ့ တွဲဝတ်ရင် မေ့မထားသင့်တဲ့ bra ပါ။
8.Racerback bra
နောက်ကျောမှာ ဝိုက်ဝိုက်လေး ဖြစ်နေတာကြောင့် ကျောဘက်မှာ ဝိုက်ထားတဲ့ ဝတ်စုံတွေအတွက် သင့်တော်ပါတယ်။ အားကစားလုပ်တဲ့ အချိန်မှာ ဝတ်လို့လည်းရပါတယ်။
9.Demi bra
Demi bra က ရင်သားအောက်ပိုင်းကိုပဲ ဖုံးအုပ်ပေးနိုင်တာကြောင့် အပေါ်ပိုင်းက လွတ်နေပါတယ်။ သူ့ရဲ့ cup ကလည်း သေးပါတယ်။ အင်္ကျီအပါးတွေ၊ လည်ဟိုက်တဲ့အင်္ကျီတွေ ဝတ်တဲ့အခါ ရွေးသင့်တဲ့ bra ပါပဲ။
10. Full cup bra
Full cup bra က ရင်သားကို အပြည့်အဝ ဖုံးအုပ်ပေးနိုင်ပါတယ်။ ရင်သားကြီးတဲ့ အမျိုးသမီးတွေအတွက် သင့်တော်ပါတယ်။ လည်ပိတ်အင်္ကျီတွေနဲ့ တွဲဖက်ပြီး ဝတ်လို့ရပါတယ်။
11. Push -up bra
Push-up bra က ရင်သားကို ပင့်တင်ပေးတာကြောင့် ပိုကြီးသယောင် ဖြစ်စေပါတယ်။ Low-cut top တွေနဲ့ ဝတ်ရင် အဆင်ပြေဆုံးပါ။
12.Smoothing bra
Smoothing bra ဆိုတဲ့အတိုင်း ခပ်ကျပ်ကျပ် ဝတ်စုံတွေဝတ်ရင် ဝတ်ထားမှန်း မသိရလောက်အောင် အဆင်ပြေစေတဲ့ bra ပါပဲ။
photocredit
13/03/2022
ကိုယ်သတိမထားဘဲ လုပ်မိနေတဲ့ Skincare နည်းအမှား ၇ ချက်.............................................................................
ဒီခေတ်မှာအားလုံးက အသားအရေလှဖို့ နံပါတ် ၁ ဦးစားပေးပြီး skincare နေကြတယ်နော်
Skincare အကောင်းစားတွေသုံးပြီး skincare နည်းတွေမှားနေရင်တော့ ထိရောက်မှာမဟုတ်ဘူးပေါ့ 🙅🙅
Daily skincare routine မှာ သတိမထားဘဲလုပ်မိနေတတ်တဲ့ အမှားလေးတွေကို သတိထားလို့ရအောင် ဖော်ပြပေးလိုက်ပါတယ်
1 မကြာခဏ မျက်နှာသစ်တာ
မကြာခဏ မျက်နှာသစ်တဲ့အခါ အဆီပြန်တာနဲ့ ဝက်ခြံဖြစ်တာကို လျော့သွားစေမယ်လို့ အထင်မှားတတ်ကြတယ်။
တကယ်တော့ မကြာခဏမျက်နှာသစ်ခြင်းက အပေါ်ဆုံးအရေပြားကိုပါးသွားစေပြီး အဆီပိုထွက်စေပါတယ်။
အဲ့ဒီအဆီတွေက ချွေးပေါက်တွေကို ပိတ်တော့ ဝက်ခြံပိုဖြစ်ပြီပေါ့။
တစ်နေ့ကို အနည်းဆုံး ၂ ကြိမ်/ အများဆုံး ၃ ကြိမ်သာ မျက်နှာသစ်ပေးသင့်ပါတယ်။
2 မျက်လုံးနားတစ်ဝိုက်ကို ပွတ်ဆွဲသန့်စင်တာ
Eye makeup remover သုံးတဲ့အခါ မျက်လုံးတစ်ဝိုက်က အရေးအကြောင်းတွေကြားထဲ မိတ်ကပ်ကျန်မှာစိုးပြီး ပွတ်ဆွဲသန့်စင်တာက အရေပြားကိုထိခိုက်သလို အရေးအကြောင်းတွေပိုဖြစ်စေပါတယ်။
Makeup removerစိမ်ထားတဲ့ ဂွမ်းစကို မျက်လုံးနား (မိမိသန့်စင်ချင်တဲ့နေရာ) မှာ အချိန်အနည်းငယ် ဖိတို့ထားပါ။
ပြီးတော့မှ အသာအယာသန့်စင်ပေးပါ။
3 ကိုယ့်အသားအရေနဲ့မကိုက်တဲ့ပစ္စည်းကိုသုံးမိတာ
ပေါ်သမျှပစ္စည်းလိုက်သုံးနေမယ်ဆိုရင်တော့ အသားအရေက ဘယ်တော့မှကောင်းလာမှာမဟုတ်ပါဘူး။
အသားအရေနဲ့ကိုက်ညီတဲ့ product ကိုတွေ့ပြီဆို စွဲပြီးသာသုံးပါတော့နော်။
မကြာခဏပြောင်းသုံးလို့မကောင်းတဲ့ထဲမှာ မိမိ skincare လည်းပါပါတယ်။
4 တကိုယ်လုံး ဆပ်ပြာမြှုပ်ထနေအောင်တိုက်တာ
ခန္ဓာကိုယ်တစ်ခုလုံး နေရာလပ်မကျန် ဖုန်တက်လာတာမဟုတ်ဘူးလေ 😬 တစ်ကိုယ်လုံးကို ဆပ်ပြာမြှုပ်တွေထနေအောင်တိုက်မယ့်အစား လိုအပ်တဲ့နေရာပဲသုံးပေးပါ။
အနံ့ဆိုးထွက်တတ်တဲ့ နားနောက်/ ဂျိုင်းကြား/ ပေါင်ကြား စတဲ့နေရာတွေကို ဆပ်ပြာများများနဲ့ သန့်စင်ပေးပြီး ကျန်တဲ့နေရာတွေကို ပုံမှန်သာသုံးပေးခြင်းဖြင့် shower gel ကို save လုပ်ရအောင်နော်
5 Skincare လုပ်တဲ့အခါ ပမာဏအများကြီးသုံးတာ
အများကြီးသုံးရင် skin ပိုကောင်းလာမယ် ဘယ်သူပြောလဲ 🙄 ပိုက်ဆံအပိုကုန်မယ့်အလုပ်တွေပါနော်။
ဘယ် skincare product ပဲသုံးသုံး လိုအပ်သလောက်ပမာဏကိုပဲသုံးပေးပါ။
နဖူး ပါးနှစ်ဖက် မေးစေ့ နှာခေါင်းတို့မှာ အစက်လေးတွေချပြီး ဖြန့်ပေးရုံနဲ့ အဆင်ပြေပါတယ်။
6 မိတ်ကပ်မဖျက်ဘဲအိပ်တာ
မကြာခဏဖြစ်လေ့ရှိတယ်နော်။
ပင်ပန်းပြီး ပြန်လာတဲ့အခါ ခဏဆိုပြီး တညလုံးမိတ်ကပ်ကြီးနဲ့အိပ်လိုက်မိဝာ 😖 အသားအရေကိုအရမ်းပျက်စီးစေပါတယ်။
တစ်နေကုန်မိတ်ကပ်လိမ်းထားတာက အဆီဂလင်းနဲ့ချွေးဂလင်းကိုပိတ်စေပါတယ်။
တစ်ညလုံးသာဆိုရင်တော့.....😬
ဒါကြောင့် အပြင်ကပြန်ရောက်တာနဲ့မိတ်ကပ်ဖျက်ပါ။
ဘယ်လောက်ပဲပင်ပန်းနေပါစေ ၅ မိနစ်လောက်တော့ အချိန်ယူပြီး ဂရုတစိုက်လုပ်ပေးပါ
7 Skincare လုပ်ပြီးတာနဲ့ တန်းအိပ်တာ
Skin ကို care တာလား? ခေါင်းအုံးကို care တာလား? မသဲကွဲဘူး
skincare လုပ်ပြီးတန်းအိပ်ရင် product တွေကအသားထဲစိမ့်မဝင်ဘဲ ခေါင်းအုံးထဲပဲဝင်သွားပါလိမ့်မယ်😅
မအိပ်ခင် ၁ နာရီအလိုမှာ skincare လုပ်ပေးပါ။
Skincare ပြီးရင် အိပ်မချပါနဲ့။ Product တွေအသားထဲသေချာစိမ့်ဝင်ပြီးမှ နှစ်နှစ်ခြိုက်ခြိုက်အိပ်စက်ပါ။
credit.
21/02/2022
သင့်ရဲ့မျက်နှာလေးကို သွယ်လျတင်းရင်းနေစေမယ့် နည်းလမ်းကောင်း ၄ ခု
တစ်ချို့လူတွေက ဝိတ်လေးနည်းနည်းတက်လာတာနဲ့ မျက်နှာဖောင်းကားလာတာမျိုး အသက်အရွယ်အရ မျက်နှာအသားအရေတွေ တင်းရင်းမှုမရှိပဲဖြစ်နေတာမျိုး ဖြစ်တတ်ကြပါတယ်။ ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းလုပ်သလိုပဲ မျက်နှာကိုလေ့ကျင့်ခန်းလုပ်ပေးဖို့လိုအပ်ပြီး ဒီလိုလုပ်ပေးခြင်းက သင့်ကိုထူးခြားအံ့သြဖွယ်ရလဒ်တွေ ရလာစေမှာဖြစ်ပါတယ်။
-သင့်ရဲ့ပါးစပ်ကိုအသုံးပြုပါ
မေးစေ့နှစ်ထပ်နဲ့ ပျော့အိနေတဲ့မေးရိုးပုံသဏ္ဌာန်က ကိုယ်ဟန်အနေအထားမှားယွင်းခြင်း၊ မျိုးရိုးဗီဇနဲ့ အဝလွန်ခြင်းတို့ကြောင့် ဖြစ်နိုင်တယ်လို့ ကျွမ်းကျင်သူတွေကဆိုပါတယ်။ အလွယ်တကူပဲ သင့်မျက်နှာကိုလေ့ကျင့်ခန်းလုပ်ဖို့အတွက် သင့်ပါးစပ်တွေကို အသုံးပြုလို့ရတာဖြစ်ပါတယ်။ သင့်နှုတ်ခမ်းကိုအသုံးပြုပြီး လေချွန်တာ၊ ငါးတစ်ကောင်လို နှုတ်ခမ်းကို အတွင်းသို့ဆွဲယူပြီး O ပုံစံပြန်ဖြေလိုက်ပါ။ လျှာအနည်းငယ်ထုတ်ပြီး မေးရိုးနဲ့အောက်နှုတ်ခမ်းကို အလုပ်ပေးတာမျိုး ပြုလုပ်ပေးပါ။ အများသူငှာရှေ့လုပ်ရတာက နည်းနည်းရှက်စရာကောင်းတာကြောင့် တကယ်လို့ လူတွေရှေ့မှာဆို သကြားမပါတဲ့ ပီကေဝါးတာမျိုးကလည်း ထိရောက်စေပါတယ်။
-Jade roller အသုံးပြုပါ
Jade roller ကို ပုံမှန်အသုံးပြုခြင်းက သွေးလည်ပတ်မှုကိုကောင်းမွန်စေပြီး မျက်နှာပေါ်ရှိ ရောင်ရမ်းခြင်းတွေကို လျော့ချပေးနိုင်ပါတယ်။ ပုံမှန်အသုံးပြုခြင်းက ကြွက်သားတွေကို ကျစ်လျစ်စေကာ သွယ်လျတောက်ပတဲ့မျက်နှာလေးကို ပိုင်ဆိုင်စေတာပါ။ Jade roller က ပိုအေးလေထိရောက်လေလေဖြစ်ပြီး အသုံးမပြုခင် serum သို့ သင်နှစ်သက်တဲ့ အရေပြားခရင်မ်လိမ်းပေးခြင်းက စုပ်ယူမှုအားပိုကောာင်းစေတာ ဖြစ်ပါတယ်။
- အခြေခံလေ့ကျင့်ခန်းတွေ လုပ်ဆောင်ပါ
မှန်တစ်ချပ်ရှေ့တွင် မျက်နှာအမူအရာလေ့ကျင့်ခန်းတွေ ပြုလုပ်ပေးခြင်းက မျက်နှာကိုသွယ်လျလာစေနိုင်ပါတယ်။ တကယ်လို့ သင့်အသားအရေတွေ ခြောက်သွေ့နေတယ်ဆိုရင်တော့ moisturizer လိမ်းပြီးမှ လေ့ကျင့်ခန်းလုပ်သင့်ပါတယ်။ Youtube ပေါ်တွင် အခြေခံမျက်နှာလေ့ကျင့်ခန်းပြုလုပ်ပုံတွေကို အလွယ်တကူပဲ ရှာဖွေကြည့်ရှုနိုင်ပါတယ်။
-မျက်နှာကို ပင့်တင်ပြီးအသာအယာ နှိပ်နှယ်ပေးပါ
Serum သို့ မျက်နှာလိမ်းခရင်မ်တစ်ခုလိမ်းပြီး မျက်နှာကိုနှိပ်နှယ်ပေးခြင်းက တင်းရင်းသွယ်လျလာစေရုံမက အရေးအကြောင်းတွေကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ မျက်နှာကိုနှိပ်နှယ်ပေးခြင်းက ကြွက်သားတွေရဲ့ဖိစီးမှုကို ပြေလျော့စေကာ သွေးစီးဆင်းမှုကိုကောင်းမွန်စေလို့ ကြည်လင်တောက်ပပြီး အရေးအကြောင်းဖြစ်ပေါ်မှုကို နှေးကွေးစေတာပါ။
SHWEMOM
Photos from freepik
20/02/2022
ကိုယ်တိုင်သုံးနေတဲ့ Skincare လေးတွေအကြောင်းကို ကွဲကွဲပြားပြားသိဖို့က တအားအရေးကြီးလို့
Serum နဲ့ Moisturizer ရဲ့ကွဲပြားချက်လေးတွေနဲ့ သူတို့ရဲ့လုပ်ဆောင်ချက်တွေကို စုစည်းတင်ပြလိုက်ပါတယ်ရှင်။
✅ Serum ဆိုတာဘာလဲ?
Serum ဆိုတာ အသားအရေအတွင်းပိုင်းထိထိုးဖောက်ဝင်ပြီး အသားအရည်ကိုအကောင်းဆုံးပြုပြင်ပေးမယ့် ဓာတုနည်းအရအလွန်ထိရောက်သော Active Ingredients တွေနဲ့ဖော်စပ်ထားတဲ့ အရည်ပျစ်ပျစ်တမျိုးပဲဖြစ်ပါတယ်။
✅ Moisturizer ဆိုတာဘာလဲ?
Moisturizer ဆိုတာ အသားအရည်ကို ယားယံခြင်း၊ တင်းခြောက်ခြင်း၊ ကြမ်းတမ်းခြင်းစတဲ့ပြသနာတွေကိုကာကွယ်ပေးနိုင်ပြီး အသားအရည်ကိုအပြည့်အဝ ရေဓာတ်ဖြည့်ပေးမယ့် Skincare တမျိုးပဲဖြစ်ပါတယ်။
✅ ဘယ်အသက်အရွယ်ကစပြီးသုံးနိုင်လဲ?
Serum
______
Serum အများစုက အသက် ၂၀ မှစပြီးအသုံးပြုသင့်ပါတယ်။ Chemical concentration များတဲ့အတွက်
ဆယ်ကျော်သက်အရွယ်တွေ Skin မှာ အသုံးပြုဖို့က အနည်းငယ်ပြင်းနေနိုင်ပါတယ်။
Moisturizer
__________
ကလေးလူကြီးအားလုံးအသုံးပြုဖို့သင့်တော်ပါတယ်။ ကလေးငယ်တွေအတွက်ကိုတော့ Baby
လေးတွေအတွက် သီးသန့်ထုတ်ပေးထားတဲ့ Badycare Brand တွေကပဲသုံးပေးသင့်ပါတယ် (ဥပမာ - Baby Mild, Johnson, Simple Baby, Kodomo)။ ၁၄ နှင့်၂၀ နှစ်အတွင်းဆို Chemical နည်းပါးတဲ့ Brand လေးတွေသုံးပေးနိုင်ပါတယ်။ (ဥပမာ - Simple Brand)။ ၂၀ ကျော်ကစပြီး Moisturizer အားလုံးနီးပါးအသုံးပြုဖို့သင့်တော်ပါတယ်။
✅ Skin Problem ရှိတဲ့သူတွေဆို Serum သုံးသင့်သလား?
Yes ပါ။ Skin problem တွေဖြစ်ကြတဲ့ ဝက်ခြံထွက်၊ အမာရွတ်ကျန်၊ အဆီပြန်ပြီးအဆီဖုရှိ၊ အမဲစက်ရှိ၊ အရေးအကြောင်းများ စတဲ့အသားအရည်ဆိုင်ရာ ပြသနာတွေအတွက်ဆို Serum ကသာ ထိထိရောက်ရောက်ကုသပေးနိုင်လို့ Serum ကိုမဖြစ်မနေအသုံးပြုပေးသင့်ပါတယ်။
✅ ဒါဆို Moisturizer ကရော Serum လောက်အရေးမပါဘူးလား?
No ပါ။ Serum ပဲလိမ်းပြီး Moisturizer မလိမ်းတဲ့အခါ အသားအရည်ကိုပိုပြီး Dry out ဖြစ်စေတဲ့အတွက် Serum stepပြီးတာနဲ့ Moisturizer ကိုပြန်လိမ်းပေးရမှာပါ။
အသားအရည်ဆိုတာ ရေဓာတ်ပြည့်ဝနေမှကျန်းမာတာဖြစ်တဲ့အတွက် ကျန်းမာတဲ့ Skin ကိုပိုင်ဆိုင်ဖို့ဆို Moisturizer ကိုလည်း လုံးဝလက်မလွှတ်သင့်ပါဘူးနော်။
✅ သူတို့ရဲ့ Texture တွေက...?
Serum
______
Serum က ရေနဲ့ Essence တို့ထက်အနည်းငယ်ပိုပျစ်တဲ့ အရည်တမျိုး(Liquid) ဖြစ်ပြီးအသားအရည်အတွင်းပိုင်းကို အလွယ်တကူစိမ့်ဝင်နိုင်ပါတယ်။
(Toner နဲ့ Essence step တွေပြီးရင် အသုံးပြုရမှာပါ)
Moisturizer
_________
Moisturizer ကတော့ အရည်Texture မဟုတ်ဘဲ Cream type, Gel type, Lotion type အစရှိတဲ့ Texture ပုံစံတွေနဲ့အတွေ့ရများပါတယ်။ သူကတော့ Serum လိုအသားအရည်အတွင်းပိုင်းအထိမထိုးဖောက်နိုင်ဘဲ Skin ရဲ့
Protective barrierကို ကျန်းမာစေပါတယ်။
( Serum Step ပြီးရင်အသုံးပြုရမှာပါ)
ကဲ...ဒီလောက်ဆို Serumနဲ့ Moisturizer ရဲ့ကွာခြားချက်လေးတွေကိုသေချာသိသွားလောက်ပြီထင်ပါတယ်။
Page လေးကို Like & Follow လုပ်ထားပေးပါနော်. အားလုံးပဲ ကျန်းမာလှပနိုင်ကြပါစေရှင့်။ 💕
14/01/2022
တိုနာဆိုပြီး လိမ်းလိမ်းနေကြတာပေါ့နော်
တိုနာဆိုတာ ဘာလဲကော သေချာသိကြရဲ့လား????🧐🧐
မင်မင် တိုနာနဲ့ ပတ်သက်ပြီး သိသင့်တာလေးတွေကို ရှင်းပြပေးသွားပါ့မယ်
တိုနာဆိုတာ ရေအခြေခံပစ္စည်းတစ်မျိုးပါ
အဲ့တော့ တိုနာနဲ့ ပတ်သက်ပြီး ချွေးပေါက်ပိတ်မှာတော့ မပူရပါဘူး
သူတို့ကို မျက်နှာသစ်ပြီးလို့ ကျန်ရှိခဲ့တဲ့ အဆီပိုတွေကို ဖယ်ရှားတဲ့နေရာမှာသုံးကြပါတယ်
တိုနာအများစုက အယ်ကိုဟောပါတဲ့အတွက်ကြောင့် အသားတော့ခြောက်စေပါတယ်
နောက်ပိုင်းနည်းပညာတွေ တိုးတက်လာတဲ့အခါမှာတော့ တိုနာတွေကို အယ်ကိုဟောတွေဖြုတ်ပြီး သူရဲ့ အသားခြောက်စေတဲ့ဆိုးကျိုးကို ပြင်ဆင်ဖို့ ရေဓာတ်ဖြည့်ဒြပ်ပေါင်းတွေနဲ့ အရေပြားအတွက် အကျိုးရှိမယ့် အခြားဒြပ်ပေါင်းတွေထည့်လာကြပါတယ်
အရင်ခေတ်တုန်းက တိုနာတွေဟာ မျက်နှာအဆီပိုတွေဖယ်ရှားပေးတာ တစ်ခုတည်းသာ ပေးစွမ်းနိုင်ပေမယ့် နောက်ပိုင်းခေတ်သစ်တိုနာတွေကတော့ မျက်နှာကို အာဟာရဓာတ်ပါဖြည့်ပေးနိုင်ပြီး Ph ထိန်းညှိပေးကာ နောက်ထပ်လိမ်းမယ့် Skin Care ပစ္စည်းတွေအဆင်ပြေအောင် အရေပြားကို ပြင်ဆင်ပေးပါတယ်
အဆီပိုတွေဖယ်ရှားပေးနိုင်တဲ့ ဂုဏ်သတ္တိကလည်း မပျောက်သွားပါဘူး
အဲ့တော့ နောက်ပိုင်းတိုနာတွေဟာ အသားရေထိန်းသိမ်းသူတို့ရဲ့ မရှိမဖြစ်ပစ္စည်းတစ်ခုဖြစ်လာပါတယ်
တိုနာသုံးရင် ဘာအကျိုးကျေးဇူးတွေရရှိမှာလဲ????🧐🧐
အများစုသိထားတာကတော့ မျက်နှာသစ်ပြီးနောက်ဖြစ်ပေါ်လာတဲ့ Ph ဓာတ်မညီမျှမှုတွေကို ဖြေရှင်းနိုင်ဖို့ တိုနာကို သုံးတာလို့ပါ
ဒါပေမယ့်လို့ တိုနာပေးစွမ်းနိုင်တာ အဲ့ဒါတစ်ခုတည်းထက်ပိုပါတယ်
၁ - ချွေး၊အညစ်အကြေးနဲ့အဆီပိုတွေဖယ်ရှားပေးခြင်း
မျက်နှာဘယ်လောက်သစ်သစ် အဆီတွေ၊ အညစ်အကြေးတွေ၊ မိတ်ကပ်တွေကျန်နေသေးတာပါပဲ
တိုနာကသူတို့ကို ဖယ်ရှားပေးပြီး ချွေးပေါက်တွေပွင့်စေနိုင်တဲ့အပြင် အထဲက ဘက်တီးရီးယားတွေကို လျော့နည်းစေပါတယ်
မျက်နှာသစ်ပြီး တိုနာသုံးမှသာ တကယ့်မျက်နှာသန့်စင်မှုကို ရနိုင်မှာပါ
၂ - မျက်နှာအရေပြားကို ကာကွယ်ပေးခြင်း
အရေပြားမှာ ရှိတဲ့အပေါက်မှန်သမျှကို လိုက်ပိတ်ပေးတာကြောင့် အညစ်အကြေးတွေ ဝင်ဖို့လမ်းမရှိစေတော့ပါဘူး
အဲဒါကြောင့် မျက်နှာသစ်ပြီးသာ တိုနာသုံးရတာပါ
မသစ်ဘဲသွားသုံးလို့ကတော့ အညစ်အကြေးတွေအထဲမှာပိတ်ထားလိုက်သလိုပါပဲ
တိုနာကို စွဲစွဲမြဲမြဲသုံးရင် ချွေးပေါက်တွေကျဉ်းလာစေနိုင်ပါတယ်
၃ - နောက်ထပ်လိမ်းမယ့် Skin Care တွေရဲ့အာနိသင်ကို မြှင့်တင်ပေးခြင်း
တိုနာက အပေါ်ယံဆဲလ်အသေလွှာကို ဖယ်ရှားပြီး Ph ဓာတ်ကို ထိန်းညှိပေးတာကြောင့် နောက်ထပ်လိမ်းမယ့် Skin Care တွေဟာ အရေပြားကို အလွယ်တကူဖောက်နိုင်ပြီး Ph မညီမျှမှုကြောင့် ဓာတ်ပြယ်တာမျိုးတွေ မရှိတော့ပါဘူး
တိုနာဟာ မရှိမဖြစ်လား???? မသုံးဘဲချန်ထားခဲ့လိုရလား???? 🧐🧐🧐
အဆီပြန်ပြီးဝက်ခြံထွက်တတ်တဲ့သူတွေဆိုရင်တော့ ချန်ထားလို့မရပါဘူး
အထူးသဖြင့် မနက်မှာ တစ်ညလုံးအဆီတွေပြန်ပြီး ချွေးပေါက်တွေပိတ်နေမှာဖြစ်တာကြောင့် မနက်ဘက်မှာ တိုနာလုံးဝသုံးပေးသင့်ပါတယ်
ဗီတာမင်တွေပါဝင်နေတဲ့တိုနာဆိုရင် ပိုကောင်းပါတယ်
တိုနာကိုဘယ်လိုသုံးကြမလဲ?????🧐🧐🧐
ဂွမ်းဖတ်ကို ရွှဲနေအောင်စွတ်ပြီး မျက်နှာကိုဖိပေးပါ
နည်းနည်းလောက်ပဲပွတ်ပါ
အရမ်းကြီးမပွတ်ပါနဲ့
တိုနာဖြန်းဆေးတွေလည်းရှိပါတယ်
သူတို့ဆိုရင် တိုနာတွေ ဂွမ်းဖတ်ထဲမှာ အလေအလွင့်မရှိတော့ဘူးပေါ့
ဒါပေမယ့်လည်း ဂွမ်းဖတ်ကိုယ်တိုင်က အဆီစုတ်နိုင်တာကြောင့် သူမပါရင် သန့်စင်တဲ့ဂုဏ်သတ္တိနည်းသွားမှာပါ
Serum တွေမသုံးခင်မှာ တိုနာသုံးပေးရင်လည်း Serum တွေအလေအလွင့်မရှိ အရေပြားကို အပြည့်အ၀ ဝင်ရောက်သွားနိုင်ပါတယ်
တိုနာက Skin Type အားလုံးအတွက် သင့်တော်လား?????
အခုနောက်ပိုင်းမှာ တိုနာတွေကို ဖော်မျူအမျိုးမျိုးနဲ့ ထုတ်လာနိုင်တာကြောင့် သုံးလိုမရတဲ့သူဆိုတာ မရှိသလောက်ပါပဲ
Normal Skin, Oily Skin, Combination Skin တို့ဆိုရင် ကြိုက်တဲ့တိုနာသုံးလို့ရပါတယ်
Oily တို့ Combination တို့က Anti-bacterial ပါတာသုံးနိုင်ရင် ပိုကောင်းပါတယ်
Dry Skin ဆိုရင် ရေဓာတ်ဖြည့်တာများများပါပြီး အယ်ကိုဟောမပါတဲ့တိုနာတွေရှိပြီး Sensitive တွေဆိုရင် အရောင်၊အနံ့ ဖယ်ထားတဲ့ Sensitive Skin Toner တွေရှိပါတယ်
အယ်ကိုဟောနဲ့ ပတ်သက်ပြီးပြောရရင် အယ်ကိုဟောပါတဲ့ တိုနာကိုရှောင်နိုင်ရင်အကောင်းဆုံးပေါ့နော်
ဒါပေမယ့်လည်း စိတ်မပူပါနဲ့ အခုခေတ်ရှားပါးလာတာက အယ်ကိုဟောပါတဲ့ တိုနာတွေဖြစ်ပြီး အများစုက အယ်ကိုဟောကိုဖြုတ်လာကာ အပင်ထွက်ပစ္စည်းတွေနဲ့ အစားထိုးလာကြပါတယ်
တိုနာနဲ့ပတ်သက်ပြီးတော့ ဒီလောက်ပါပဲနော်
လှပပြီး ဂလိုးနိုင်ကြပါစေဟယ် 🤭🤭🤭
Credit #
11/01/2022
"Skincare လုပ်ရင်
ဘာကြောင့်မျက်နှာပေါ်က
အမဲစက်နဲ့ ဝက်ခြံတွေသိသာလာတာလဲ?"
Skincare လုပ်ခြင်းကမျက်နှာအပေါ်ယံအလွှာကို
Cleaning လုပ်ပေးခြင်းမဟုတ်🙅🙅
မျက်နှာအသားအရေရဲ့အောက်ဆုံးအလွှာမှာရှိနေတဲ့
အညစ်အကြေးတွေကို စတင်Cleaningလုပ်ပေးတာကြောင့်
အောက်ခံအလွှာကြည်ဝင်းလာတာနဲ့အမျှ
မျက်နှာပေါ်မှာအရင်ကရှိနေတဲ့ ဝက်ခြံနဲ့အမဲစက်တွေဟာ
ပိုမိုသိမြင်ထင်ရှားလာတာသာဖြစ်တယ်
Skincare လုပ်ခြင်းက အပေါ်ယံကြည်ဝင်းခြင်းမဟုတ်
Skincare လုပ်ခြင်းက အသားအရေရဲ့အတွင်းပိုင်းကို
သန့်စင်ပေးခြင်းသာဖြစ်ပါတယ်🙋🙋🙋
အသားအရေရဲ့အတွင်းပိုင်းသန့်စင်ပြီးမှ
အပေါ်ယံအလွှာကိုသန့်စင်မယ်ဆိုရင်ပိုမိုလွယ်ကူပြီး
အပေါ်ကိုသာသန့်စင်မယ်ဆိုရင်
အလွယ်တကူပြန်လည်ညစ်ပေလွယ်ပါတယ်
အောက်ဆုံးအလွှာကိုSkincareလုပ်ပြီး
သန့်စင်ပေးမယ်ဆိုရင်
ရိုးရိုးအပေါ်ယံသန့်ရှင်းတဲ့မျက်နှာအသားအရေထက်
ပိုမိုကြည်ဝင်းနေတာကိုသိသာထင်ရှားစေမှာအမှန်ပါ
ဒါကြောင့်တော်တော်များများအမေးများကြတဲ့
Skincare သုံးပြီးရင်ဝက်ခြံတွေအမဲစက်တွေ
ထင်ရှားပေါ်လာတယ်ဆိုတာ
အခုနားလည်လောက် မယ်ထင်ပါတယ်
24/11/2021
အသက် (30) ကျော်မှ နောင်တမရချင်ရင် စာကိုအဆုံးထိရောက်အောင်ဖတ်နော်🥶🥶
Skincareလုပ်မှ နေကာ(suncream)လိုတယ်ထင်တာလား..(လုံးဝမှားသွားမယ်နော်)❌
ဘယ်skincareမှ မလိမ်းဘူးဆိုရင်တောင် ကိုယ့်အသားအရေကို နေရောင်ခြည်ဒဏ်ကနေ ကာကွယ်ဖို့အတွက်
နေရောင်ခြည်ကြောင့်ဖြစ်တဲ့ အသားအရေပြဿနာတွေ မကြုံရဖို့ အတွက် Suncream က သုံးကိုသုံးသင့်တယ်👍🏻👍🏻
အသက်30ဝန်းကျင်ရောက်တာနဲ့ ဘာလို့ကိုယ့်မျက်နှာမှာ အရင်က မရှိတဲ့ အမဲစက်တွေ တင်းတိပ်လို အမဲအကွက်တွေ ဘာလို့ပေါ်လာတာလဲ..?🤧🤧
ဒါတစ်ချိန်က အသားအရေကို သေချာဂရုမစိုက်ခဲ့လို့ နေရောင်ခြည်ဒဏ်ကို မကာကွယ်ခဲ့ကြလို့ဆိုတာ အတော်များများလည်း သိကြတယ်နော်😬😬
သနပ်ခါးပဲ လိမ်းနေတာမို့ suncreamမလိုဘူးထင်လား..😱
ဒါဆို သင်က နေ့ဘက် အပြင်မထွက်တော့ဘူးလား?
နေပူထဲရော..မသွားတော့ဘူးလား?🙄🙄
ကိုယ်ကအပြင်မသွားဘူး အိမ်ထဲပဲ အနေများတဲ့လူဆိုရင်တောင်မှ
Suncream ဆိုတာ 1နေ့ 2ကြိမ်လောက် လိမ်းပေးနေမှ အဆင်ပြေတာနော်..💯💯
ဒါကြောင့်ပြောချင်တာက Suncream က အသားအရေကိုဂရုစိုက်တဲ့ ဘယ်သူမဆို တကယ့်ကိုလိုအပ်တဲ့အရာဆိုတာပဲ..👌🏻👌🏻
(with love😍 )
22/11/2021
တွဲဖက်မသုံးသင့်သော 𝙨𝙠𝙞𝙣𝙘𝙖𝙧𝙚 ပါဝင်ပစ္စည်းများ
Skin care နဲ့ပက်သက်တာတွေ
တင်ပေးမှာမို့ မင်မင့် page ကို
Like & see first အမြဲလုပ်ထားပါနော်
၁။ 𝙑𝙞𝙩𝙖𝙢𝙞𝙣 𝘾 + 𝘼𝙃𝘼/𝘽𝘼𝙃
Vitamin C က အက်စစ်ဓာတ်ပစ္စည်းတစ်မျိုးဖြစ်သလို AHA/BAH(glycolic, salicylic,lactic acid..စသည်) ကလည်း အက်စစ်ပစ္စည်းတွေဖြစ်တဲ့အတွက် ...အတူတူသုံးမိတဲ့အခါ ကိုယ်ရဲ့ပင်ကိုယ်ပသားအရေ က PH levelတွေကို မတည်မငြိမ်ဖြစ်စေတဲ့အတွက်အချိန်ကြာလာတဲ့အခါ break out တွေအသားအရေပါးလာတာတွေနဲ့...skinခြောက်သွေ့တာတွေဖြစ်စေနိုင်တဲ့အတွက် တြဲမသုံးမိဖို့ သတိထားသင့်ပါတယ်
[ မှတ်ချက်
တစ်မျိုးစီ သုံးမယ်ဆိုရင် တော့
Vitamin C က အေရကြောင်းတွေကိုသက်သာစေတယ် အသားအေရကို ကြည်လင်စေတယ် အမဲစက်နဲ့ ဝက်ခြံသက်သာစေတဲ့ အာနိသင်တွေရှိပါတယ်
AHA/BHA တွေကတော့ ဆဲလ်သေတွေကို ဖယ်ရှားပေးပြီး ချွေးပေါက်ပိတ်စို့ခြင်းကို သက်သာစေပြီး အသားအေရကို ကြည်လင်သန့်ရှင်းစေတဲ့ အာနိသင်တွေရှိပြီး ဆဲလ်သေ ဖြစ်ပျက်နှုန်းကို မြန်စေတဲ့အတွက် အရေပြားနုပျိုစေတဲ့ peeling acid တွေဘဲဖြစ်ပါတယ် ]
၂။ 𝙍𝙚𝙩𝙞𝙣𝙤𝙡+ 𝘼𝙃𝘼/𝘽𝙃𝘼
Retinol က AHAနဲ့ BHAလို ဆဲလ်သေဖယ်ရှားပေးတဲ့ပစ္စည်းမဟုတ်ပေမဲ့ အရေပြားအတွင်းပိုင်းက ဆဲလ်သေ တွေကို အပေါ်ယံအရေပြားကို တွန်းတင်ကွာကျ စေပြီးဆဲလ်သစ်တွေ ဖြစ်ပေါ်စေဖို့ကူညီပေးတဲ့ပစ္စည်းတစ်မျိုးဖြစ်ပါတယ်။
Retinol နဲ့ AHA/ BHAလို acidတွေနဲ့ တြဲသုံးမိတဲ့အခါ အရေပြားအလွန်အမင်းခြောက်သွေ့စေပြီး အသားအရေရဲ့သဘာဝအစိုဓာတ်ကိုပျက်စီးစေလို့ တြဲမသုံးမိဖို့ သတိထားသင့်ပါတယ်....
၃။ 𝙍𝙚𝙩𝙞𝙣𝙤𝙡 + 𝙑𝙞𝙩𝙖𝙢𝙞𝙣 𝘾
Retinol နဲ့ Vitamin C ကို တွဲသုံးမိရင် အသားအရေနီမြန်းတာ ခြောက်သွေ့တာနဲ့ အရေပြားအဖတ်လန်တာတွေ ဖြစ်စေနိုင်တဲ့အပြင် အသားအေရက နေရောင်ခြည်ရဲ့ UV Rays တွေကို အထိမခံနိုင် ဖြစ်စေတဲ့အတွက် ကောင်းကျိုးထက် ဆိုးကျိုးသာဖြစ်စေနိုင်လို့ တြဲမသုံးမိဖို့ သတိထားသင့်ပါတယ်..
[မှတ်ချက်
ဝက်ခြံနဲ့အရေးကြောင်းသမားတွေအတွက်ကတော့
Vitamin C ကို မနက်ပိုင်းသုံးပြီး..ညဘက် တရက်ခြား Retinol သုံးမယ်ဆိုရင်တော့ အသားအရေအတွက် ကောင်းမွန်တဲ့ ရလဒ္ကို ရနိုင်ပါတယ်]
၎။ 𝙊𝙞𝙡 𝙗𝙖𝙨𝙚𝙙 + 𝙒𝙖𝙩𝙚𝙧 𝙗𝙖𝙨𝙚𝙙 𝙥𝙧𝙤𝙙𝙪𝙘𝙩𝙨
Oil based နဲ့ water based productsတွေကတော့
တြဲသုံးလို့ လုံးဝအဆင်မပြေနိုင်ဘူးနော်..စဉ်းစားကြည့်လေ ရေနဲ့ဆီ ရောလို့မှ မရတာ..oil based product တွေက water based product တွေရဲ့ အရေပြားအတွင်းပိုင်းထိ စိမ့်ဝင်မှုကို ဟန့်တားထားတဲ့အတွက် ဘာအကျိုးရလဒ်မှ ထူးလာစေမှာ မဟုတ်ပါဘူး..
၅။ 𝙂𝙡𝙮𝙘𝙤𝙡𝙞𝙘 𝘼𝙘𝙞𝙙 + 𝙎𝙖𝙡𝙞𝙘𝙮𝙡𝙞𝙘 𝘼𝙘𝙞𝙙
နှစ်မျိုးလုံးက ဆဲလ်သေဖယ်ရှားဖို့ သုံးတဲ့ ပစ္စည်းတွေဖြစ်နေတဲ့ အတွက် တွဲသုံးမိရင် အရေပြားနီမြန်းခြင်းနဲ့ခြောက်သွေ့ခြင်းတွေအပြင် ဓာတ်မတည့်မှုကိုပါဖြစ်စေနိုင်တဲ့အတွက် တြဲမသုံးမိဖို့ သတိထားသင့်ပါတယ်
၆။ 𝙉𝙞𝙖𝙘𝙞𝙣𝙖𝙢𝙞𝙙𝙚 + 𝙑𝙞𝙩𝙖𝙢𝙞𝙣 C
Niacinamide နဲ့ Vitamin C က အမဲစက်ထွက်တတ်တဲ့အသားအရေနဲ့ အမာရွတ်တွေကုသဖို့ အတွက် အကောင်းဆုံး ပစ္စည်းတွေ ဆိုပေမဲ့ တွဲသုံးမိရင် Niacinamide က vitamin C ကိုဓာတ်ပြယ်စေပြီး ရလဒ်အနေနဲ့ အသားအရေနီးမြန်းတာတွေနဲ့ ဝက်ခြံတွေကို ဆိုးဆိုးဝါးဝါး ဖြစ်စေတဲ့အတွက် တြဲမသုံးမိဖို့ သတိထားသင့်ပါတယ်..
ပျိုမေတို့အနေနဲ့ skincareသုံးတာဟာ အသားအေရ နုပျိုလှပစေဖို့ဘဲ ဖြစ်သင့်ပါတယ်..ဒါပေမဲ့ တွဲဖက်မသုံးသင့်တဲ့ skincare ingredientsတွေကို သိထားမွသာ ငွေကုန် လူပမ်း မဖြစ်စေမှာ မဟုတ်ပါလား..ရှင်....
ပျိုမေတိုင်း skincare လေးတွေကို မှန်မှန်ကန်ကန်သုံးတတ်စေဖို့ ဆန္ဒပြုရင်း....လှပနိုင်ကြပါစေရှင်..
မင်မင်Pageထဲက အသဲလေးတွေ သိရအောင် ပြန် shareလိုက်တာပါရှင့်
ဒါဖတ်ပြီးမှ skin care ဝယ်ပါ👩🏼🦰💁❤️
---------------------------
(၁) Toner
Tonerဆိုတာ မျက်နှာသန့်စင်တဲ့ အရည်ကြည်တမျိုးဖြစ်ပါတယ်။ တိုနာအာနိသင်က အညစ်အကြေးကို အဓိကဖယ်ရှားသန့်စင်ပေးတာ ဖြစ်တယ်။ မျက်နှာသစ်တွေသုံးပြီး ကျန်နေနိုင်တဲ့ အညစ်အကြေးကို ဗာတိုနာက ကောင်းကောင်းဖယ်ရှားပေးနိုင်တယ်။ နောက်ပြီး မျက်နှာအဆီပေါက်တွေကို ကျဉ်းစေတာမို့ အဆီပြန်ခြင်း ကင်းစင်စေတယ်။ အထူးသဖြင့် မိတ်ကပ်သုံးသူအများစုဟာ တိုနာသုံးသင့်တယ်။
(၂) Mist
Mist ဆိုတာ အရည်တမျိုးပဲ။ toner နဲ့နည်းနည်းဆင်တယ်။ ဒါပေမယ့် အာနိသင်မတူညီပါဘူး။ mist ထဲမှာ သဘာဝဆီ၊ ပန်းဆီ၊ အလှဆီနဲ့ ရေဓာတ် တို့ပါလေ့ရှိတယ်။ အာနိသင်က အရေပြား pH ကို မှန်စေတယ်။ အစိုဓာတ်ကို ထိန်းပေးပြီး မျက်နှာပြင်ကို အေးမြစေတယ်။ ပုလင်းနဲ့လာပြီး အရှေ့တိုင်းသားတွေကို မျက်နှာခြောက်သွေ့တဲ့အခါ ဖြန်းလေ့ရှိတယ်။ နွေရာသီမှာ အဓိက အသုံးဝင်တယ်။ တချို့က မိက်ကပ်မလိမ်းခင် ကြိုလိမ်းတတ်ကြတယ်။
(၃) Essence
essence က အားလုံးထဲမှာ ပြင်းအားအနည်းဆုံးပဲ။ ပုံမှန်အားဖြင့် ရေသာသာ အရည်ကြည်တမျိုးပဲ။ တချို့က treatment water လို့ခေါ်တယ်။ အရေပြားကို အဓိကပြုပြင်ပေးတယ်။ အမျိုးအစား သုံးမျိုးလာတယ်။
• whitening essence ဆိုတာ မျက်နှာ ဝင်းမွတ်တောက်ပတဲ့ နေရာမှာ သုံးတယ်။ Melvita Brightening essence ဆိုတဲ့ နာမည်နဲ့လာတယ်။
• pore control essence ကတော့ အဆီပြန်ခြင်းကို ထိန်းချုပ်တဲ့ နေရာမှာ အသုံးဝင်တယ်။ Loreal treatment essence ဆိုတာ အဆီထိနိးတဲ့နေရာမှာ ကောင်းတယ်။
• skin repairing essence က အရေပြားကို ပြုပြင်ပေးတာဖြစ်တယ်။Cremorlab Mineral Treatment essence နာမည်နဲ့လာတယ်။အားလုံးထဲမှာ နာမည်အကြီးဆုံးက အများသိတဲ့ SKII facial treatment essence ဖြစ်ပါတယ်။ ကျွန်တော်လည်း သုံးဖူးပါတယ်။ အခုလည်း သုံးတယ်။ အဆီဓာတ်အခြေခံတဲ့ Essence လိုမျိုးလည်း ရှိပါသေးတယ်။ အများစုက Mandelic acid ပါတယ်။
ကိုရီးယားမှာ Esteen Lauder advanced night repair serum ကို essenceခေါ်
(၄) Serum
Serum က essenceထက် ဓာတုပါဝင်မှုပိုများတယ်။ နည်းနည်းပိုပြစ်တယ်။ ဒါ့ကြောင့် essenceထက် ဈေးအနည်းငယ်ပိုတယ်။ serumက အရေပြားအတွင်းပိုင်းထိ စိမ့်ဝင်စေပြီး အသားရောင်ကို ကြည်လင်ဝင်းပစေတယ်။ လေထုညစ်ညမ်းမှုကြောင့် အရေပြားပျက်ဆီးတာကို ကာကွယ်နိုင်တယ်။ အစိုဓာတ်ထိန်းပေးနိုင်ပေမယ့် moisturizer နဲ့ သဘာဝချင်း လုံးဝမတူပါ။ moisturizerက အရေပြားအပေါ်ယံကို ပြင်ပလေထု၊ ရာသီဥတုနဲ့တိုကိရိုက်မထိအောင် အလွှာပါးတခုနဲ့ ကာကွယ်ပေးတဲ့ သဘောသာဖြစ်တယ်။ Serum ကတော့ အရေပြားအတွင်းပိုငိးထိ နက်ရှိုင်းစွာ ဝင်ရောက်ပြီး အသားအရေနူညံ့စေတာဖြစ်တယ်။ serum က အရေပြားတွန့်တာကို ကာကွယ်ပေးနိုင်ပေမယ့် လူတိုင်း serum သုံးလို့ရပါတယ်။
serum ထဲမှာ ရေဓာတ်အခြေခံ(water based serum) နဲ့ အဆီအခြေခံ (Oil based serum)ဆိုပြီး နှစိမျိုးရှိတယ်။ Oil based serumတွေထဲမှာ Vitamin C (သို့) retinol လိုမျိုးပါလေ့ရှိတယ်။ အာနိသင်ပေါ်မူတည်ပြီး ထုတ်ထားတဲ့ Serum သုံးမျိုးရှိတယ်။
• anti-aging serumဆိုတာ အရေပြားတွန့်သူ တွေမှာအဓိကသုံးတယ်။
• pore tightening serum ကတော့ ဝက်ခြံထွက်သူ၊ အဆီပြန်သူ၊ အဆီဂလင်းများသူတွေမှာ သုံးတယ်
• brightening serum ကတော့ အရေပြားကို ဝင်းမွတ်စေတဲ့ အမျိုးအစားဖြစိတယ်။
hyaluronic acid, ceramides(အစိုဓာတ်ထိန်းပေး)
water based - မော်လီကျူးသေး၊ moisturizer မလိမ်းမှီ
oil based - မော်လီကျူးကြီး၊ moisturizer လိမ်းပြီး
(၅) Ampoule
Ampoule က ဒီသုံးမျိုးထဲမှာ သူကအရည်အပျစ်ဆုံးနဲ့ ပါဝင်မှုအများဆုံးပဲ။ serum ထက် ဈေးနည်းနည်းပိုကြီးတယ်။ ဗီတာမင်နဲ့ အပင်အင်ဇိုင်းတွေ ပါလေ့ရှိတယ်။ အသားအရောင်ကို ညီညာ ချောမွတ်စေပြီး အရေပြားထဲ ပိုမိုစိမ့်ဝင်နိုင်တယ်။ အချိန်တိုအတွင်း အာနိသင်အထိရောက်ဆုံးပဲ။ brightening ampoule က အရေပြားတောက်ပစေဖို့ သုံးတယ်။လိမ်းထားရင် အသားရောင် ကြည်လင်နေတယ်။ collagen ampoule (သို့) wrinkle reducer ampouleက အရေပြားတင်းရင်းစေဖို့ သုံးတယ်။ အထူးသဖြင့် အသက်ကြီးရင့်သူတွေ သုံးနိုင်တယ်။
ပုံမှန်အားဖြင့် မိပ်ကပ်တွေ ကြာရှည်ခံအောင် hydrating (သို့) makeup ampoules တွေကို သုံးတယ်။ အထူးသဖြင့် မင်္ဂလာဆောင်တွေမှာ သုံးကြတယ်။ လေနဲ့ထိရင် ဓာတ်ပြုလွယ်လို့ vial လေလုံတဲ့ပုလင်းထဲ ထားရတယ်။
ပါဝင်တဲ့ပြင်းအား - ampoule > serum> essence .
အပျစ်၊အကျဲ - essence > ampoule > serum
(၆) Booster
booster ဆိုတာ serum/essence မလိမ်းခင်သုံးရတဲ့ပစ္စည်းတမျိုးဖြစ်ပါတယ်။ ဒါပေမယ့် တိုနာသုံးပြီးမှ လိမ်းရတယ်။ booster သုံးခြင်းအားဖြင့် essence/serum ရဲ့အာနိသင်ကို ပိုကောင်းစေတယ်။ အရေပြားအရောင်က ပုံမှန် ကြည်လင်တောက်ပလာတယ်။ မျက်နှာအသေားရောင်ပိုလင်းလာတယ်။
(၇) Floral water
သိပ်ထူးထူးဆန်းဆန်းမဟုတ်ပါဘူး။ ပန်းကို ရေနဲ့ စိမ်ပြီး ပေါငိးစပ်ထားတဲ့ အရညိတမျိုးဖြစ်ပါတယ်။ ဒီအရည်ကို toner, mist (သို့) moisturiser အနေနဲ့လညိး သုံးလို့်ရတယ်။ အရေပြားကို အေးမြစိုစွတိစေတယိ။ ရေဓာတ်ကို နညိးနည်းထိန်းပေးတယ်။ ဒါပေမယ့် moisturiser စစ်စစ်လို အာနိသင်မကောင်းပါ။ ဆောင်းရာသီမျိုးမှာ သိပ်အသုံးမဝင်ပါ။ Melvita Extraordinary water ဆိုတာ Floral water ပန်းအရည်တမျိုးဖြစိပါတယ်။
(၈) Finisher
နောက်ဆုံးမှသုံးလို့ skin finisher လို့လည်း ခေါ်တယ်။ မျက်နှာအရေပြား တောက်ပနေအောင်ပြုလုပ်ပေးတဲ့ ပစ္စည်းဖြစ်ပါတယ်။ တကယ်က အရောင်တင်တဲ့သဘောပါပဲ။ toner, serums/essence/ နဲ့ moisturisers အားလုံးသုံးပြီးနောက်မှ အပေါ်က ထပ်သုံးရတယ်။ အောက်မှာ ခံလိမ်းထားတဲ့ အရေပြားထိန်းပစ္စည်းတွေကို ကြာရှည်ခံအောင် ဖုံးပေးတဲ့သဘောပါပဲ။ အဲဒီရဲ့အပေါ်ကမှာ နေလောင်ကာလိမ်းဆေး၊ foundation၊ မိပ်ကပ်စတာတွေ ဆက်သုံးနိုင်တယ်။ ပုံမှန်အားဖြင့် နေ့ပိုင်းမှာသာ သုံးတယ်။ Sulwhasoo Luminate Essential Finisher ဆိုတဲ့နာမည်နဲ့လာတယ်။
(၉) Peeling Gel
အရေပြားအပေါ်ယံဆဲလ်ကို ခွာပေးတဲ့ ဂျယ်တမျိုးဖြစ်ပါတယ်။ scrubs လောက် မပြင်းဘူး၊ အပေါ်ယံ epothelium မှာရှိတဲ့ ဆဲလ်သေတွေကို ဖယ်ရှားပေးတယ်။ ပုံမှန်အားဖြင့် အာနိသင်ကောင်းအောင် ညဖက်မှာ သုံးပြီး sheet mask မသုံးခင်သုံးကြတယ်။ ကိုရီးယားမှာ UGB Peeling Gel အနေနဲ့ လာပါတယ်။
#ဒေါက်တာအေးမင်းထူး
Click here to claim your Sponsored Listing.
Category
Website
Address
Myitkyina
