Htet

Htet

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Htet, Health/Beauty, Panmati, Myitkyina.

22/09/2025

အပျိုကြီး😆😆နှစ်ယောက်

14/07/2024

ခံစားမှု့နဲ့နေထိုင်ခဲ့တာ

29/06/2024

ပြစ်ဒဏ်ပေးတိုင်းသာ
လိမ္မာကြရင်

ထောင်ထွက် လူမိုက် လို့
ဖြစ်မလာဘူး

ဒါကြောင့်
လိုတာထက် ပိုပြီး လေတွေ မရူးပါနဲ့

လူငယ် ဆိုတာ
ပြားဖုံးနေသော မီးခဲနဲ့ အတူတူပဲ။

#ဒဿ 2024

30/04/2024
27/04/2024

ပညာရှိစကား

ဘုရင်မင်းခေါင်လက်ထက်က
စစ်ကိုင်းစား မင်းသိဒ္ဓတ်ကို
ပညာရှိ အမတ်ကြီး ဘိုးရာဇာ
လျှောက်တဲ့ ပုံပြင်လေးပါ ။

တောထဲက ရသေ့ကို
ခွေးတစ်ကောင်ခစားတယ်။

ခွေးလေးက ရသေ့ကို
ရိုသေခစားလွန်းတာကြောင့်
ရသေ့က တစ်နေ့တော့ မေးတယ်။

ခွေးငယ် ဘာဖြစ်ချင်သနည်း

စွမ်းအားထက်မြက်
ခွန်အားတက်သူဖြစ်ချင်ပါသည်

ရသေ့ကလည်း
ခွေးနှင့် သဏ္ဍန်တူ ခြင်္သေ့အဖြစ်
ဖန်ဆင်းပေးလိုက်တယ်။

ခြင်္သေ့ဖြစ်လာတဲ့ခွေးဟာ
ခြင်္သေ့မနဲ့ သွားပေါင်းပြီး အိမ်ရာထောင်တယ်။

ဒါပေမဲ့
ခွေးစိတ်က မပျောက်တော့
ခွေးကျင့်ခွေးကြံ အမြဲကြံတယ်။

ခြင်္သေ့မက
စဉ်းစားတယ်။

ငါ့လင်က
ပုံစံကတော့ ခြင်္သေ့ပဲ ...

ဒါပေမဲ့
ခွေးလိုကျင့်နေတာခက်တယ် ...

အင်း သူလာတာက
ရသေ့ဆီက ဆိုတော့
ရသေ့ကို သွားမေးမယ်ပေါ့

ခြင်္သေ့မက ရသေ့ဆီကို
သွားမယ်ဆိုတော့ သူ့လင်ကမေးတယ်။

ဘယ်လဲ

ရသေ့ဆီကို

ဘာသွားလုပ်မှာလဲ

ရှင့်အပြုအမူတွေက ထူးခြားတယ် ...
ပုံစံကတော့ ခြင်္သေ့ပဲ ...

ဒါပေမဲ့
စိတ်က ခွေးစိတ်ဖြစ်ပြီး
ခွေးကျင့်ခွေးကြံ လုပ်ချင်တာလေးတွေ
ဖြစ်နေတော့ ရသေ့ဆီကို သွားမေးမလို့

နေပါဦးကွယ် ငါရှေ့ကသွားပါ့မယ် ...
ခဏကြာမှ လိုက်ခဲ့ပေတော့

အမှန်တော့
ခွေးက ရသေ့ဆီ ဦးစွာသွားပြီး
ကိုက်သတ်ထားမလို့။

ရသေ့သေမှ
သူ့ဇာတိမပေါ်မှာကိုး။

ဒါပေမဲ့
ရသေ့က ကြိုမြင်ပြီးတော့
သူ့ရှေ့ရောက်လာတဲ့ ခြင်္သေ့ကို
မူလ ခွေးဘဝပြန်ပြောင်းပေးလိုက်တယ်။

ခွေးဆိုတာ သခင့်အပေါ်ကို
သစ္စာရှိတာမှန်ပေမယ့်
ခွေးကို ခွေးလိုထားရင်ပြဿနာမရှိဘူး။

ခြင်္သေ့ပုံစံ သွားပြောင်းပေးလိုက်ရင်
သတိသာထားပေတော့။

သခင်ကိုပြန်သတ်ဖို့လည်း ဝန်မလေးတော့ဘူး။

ခွေးဘဝ ပြန်မရောက်ချင်တော့
မလုပ်ရဲတာလည်း ဘာမှ မရှိဘူးပေါ့။


#တင်ညွန့်

Want your business to be the top-listed Beauty Salon in Myitkyina?
Click here to claim your Sponsored Listing.

Category

Culinary Team

Attire

Website

Address


Panmati
Myitkyina