Me'Hmwe Skincare & Cosmetics House

Me'Hmwe Skincare & Cosmetics House

Share

Skincare and Cosmetics

22/01/2024

Hello
နာမည်ကြီး hair care series တခုဖြစ်တဲ့ Procalodia က

ထွက်တဲ့ hair serum လေး☺️

ကမ္ဘာကျော်တဲ့ သိန်းကျော်တန်တဲ့ moroccan oil နဲ့ ယှဉ်

နိုင်တယ်ဆိုပြီး နာမည်ကြီးနေတာလေး☺️

price -15000ks

နေပြည်တော်မြို့တွင်း အိမ်ရောက်ငွေချေ ရပါတယ်ရှင့်။

17/01/2024

Instock ‼️‼️

အဆီဖုသက်သာစေတဲ့အပြင် skin barrier ကိုလည်း healthy ဖြစ်စေတဲ့ serums~~~
Give Aways ပါတယ်နော်🤗🎁🎁

Beauty Of Joseon Serum Review ~~~

Beauty of Joseon ရဲ့ serum lines မှာက consumers တွေအတွက် skin concern အပေါ်မူတည်ပြီး ရွေးချယ်လို့အောင် serum 4 မျိုးကို launched လုပ်ထားတယ်။

Serum တစ်ခုစီမှာ hanbung ingredients (traditional korean skin care ingredients) တွေကို သုံးထားပြီး gentle & mild formula အနေနဲ့ serum တစ်ခုစီတိုင်းကို ထုတ်ထားတယ် active ingredients တွေကိုလည်း အသားအရေက လက်ခံနိုင်တဲ့ အနေထားတစ်ခုမှာ သုံးထားတာမို့ သူ့လိုက်လို့ skin irritation ဖြစ်တာမျိုးမရှိဘူး။

Review စမယ်!!!

Beauty Of Joseon Revive Serum 🐌🐌

တစ်ချို့ကလည်း repair serum လို့လည်းခေါ်ကြတယ်။
သူ့ကတော့ Aging ဘက်ကို ပိုသွားတယ်လို့ခံစားရတယ် ဒီလိုပြောလို့ repairing အတွက်မကောင်းဘူးလားလို့ မေးရင်???
သူ့မှာ Snail Secretion Filtrate 3.01%ကို သုံးထားတာမို့ barrier repair ဖြစ်ဖို့အတွက်က အချိန်ယူရတမယ် ထည့်ထားတဲ့ ingredient ရဲ့ percentage က နည်းနေတာကြောင့်။ Repairing ဖြစ်ဖို့ အချိန်ယူရတဲ့အပြင် BOJ ရဲ့ထုံးစံအတိုင်းပဲ အသားအရေပေါ်မှာ gentle & mild အနေနဲ့သွားတာမို့ ရသင့်သလောက် မရတာမျိုး ရှိတတ်တယ်။

ဆိုတော့ ဒီserum ရဲ့ main ingredients မှာက
Ginseng root water 63.36% & Snail secretion filtrate 3.01% ပါတယ်။ ဒါအပြင် Genseng root extract 880 Ppm လည်း ထပ်ထည့်ထားသေးတယ်။
Ginseng က Antioxidants ဖြစ်တဲ့ extract ဖြစ်တဲ့အပြင် skin aging အတွက်လည်း အရမ်းကောင်းတဲ့ extractပဲ။ ဒါအပြင် Niacinamide, 3 types of Hyluronic acid and Licorice extract တွေပါတာမို့ skin tone အတွက် improve ဖြစ်တဲ့အပြင် အသားအရေရဲ့ အစိုဓာတ်ကိုလည်း ဖြည့်ပေးတယ်။
ဆိုတော့ သူက လိုအပ်တဲ့ moisturizing တော့ရတယ် plump skin ဖြစ်တယ်။

Aging အတွက်လည်း အဆင်ပြေတယ် တစ်ခါတစ်လေအိပ်ရေးတွေပျက်လို့ မျက်နှာက အရေးကြောင်းထတာ၊ winkles & fine lines ထတာတွေကို သက်သာ
စေတယ် သို့သော်ငြားလည်း အသက်ငယ်သေးတော့ aging ပိုင်းနဲ့ပတ်သက်ပြီး သိသိသာသာတော့ မဖြစ်ဘူး။ Barrier damage ဖြစ်တဲ့အခါ သုံးလို့ရတယ်။ Skin brightening မသိမသာလေးဖြစ်တယ်။.

Healing ဖြစ်တာမြန်တယ်၊ Healthy skin ဖြစ်စေဖို့ promote လုပ်ပေးနိုင်တယ်။ AHA BHA သုံးပြီး နောက်တစ်နေ့မှာ barrier repairing ဖြစ်စေဖို့ သုံးဖြစ်တယ်။
သူ့ကို evening serum အဖြစ်နဲ့ သုံးဖြစ်တယ်။ သူ့ texture က snail filtrate texture ကိုမှ light ဘက်ကိုသွားတယ်။ လိမ်းပြီးအသားအရေက soothe and moisturize ဖြစ်တယ်။

Recommended for All Skin Types. 1 Trigger ဆိုတော့ fungal acne safe ဖြစ်လောက်တဲ့ နီးပါးမှာရှိတယ်။

Beauty Of Joseon Deep Serum 🌾🌾

BOJ ရဲ့ serum ထဲမှာ နောက်ဆုံးမှ launched လုပ်ထားတဲ့ serum ပေါ့။
ဒါကို စပြီး စမ်းတုန်းက သူ့ texture ကို ပျစ်မယ်လို့ထင်ထားတာ ဖောက်ကြည့်တော့မှ အရမ်းကို အံ့သြသွားစေတယ်။

သူ့ texture က Calming serum ဆိုလိုပဲ Light weight texture ဘက်ကိုသွားတယ်။ Absorption ကောင်းတယ် စေးကပ်ကပ်မဖြစ်ဘူး။ အသားအရေရဲ့ melanin ထုတ်လုပ်မှုကိုလျော့ချပေးဖို့၊ breakout တွေဖြစ်ပြီး ကျန်ခဲ့တဲ့ dark spot တွေကို သက်သာစေဖို့၊ Brightening & Glowing ဖြစ်စေဖို့ Rice Bran Water 68.6% + Alpha Arbutin 2% ကို သုံးထားတယ်။ Rice ဆိုတာကလည်း ရှင်းရှင်းပြောရရင် Naturally Niacinamide ပါပဲ။ Anyway!
သူ့ရဲ့ glowing ဖြစ်ပုံက "Glow Deep" ဆိုတဲ့အတိုင်း အသားအတွင်းကနေ ကြည်ပြီး စိုတက်လာတဲ့ပုံစံမျိုးနဲ့ glowing ဖြစ်တာ၊ beautiful glow look မျိုးရတယ်။

သူက skin tone မညီတာ အသားညစ်နေတာကို သက်သာစေပြီး skin brightening & glowing ဖြစ်တယ် သူ့ birght ဖြစ်ပုံက overall အနေနဲ့ brightening ဖြစ်တာ။ Texture က light ဖြစ်တယ်ဆိုပေမယ့် လိုအပ်တဲ့ moisturizing ကိုလည်း ပေးနိုင်တယ် သူ့အထဲမှာ skin moisturizing အတွက် Glycrein 5% ကို သုံးထားတယ်။ ဝက်ခြံဖြစ်ပြီးကျန်ခဲ့ အမာရွက်တွေ၊ အဆီဖုညစ်လိုက်မိလို့ ကျန်ခဲ့တဲ့ အမာရွတ်တွေကိုလည်း ဖြည်းဖြည်းချင်း မှိန်သွားအောင် လျော့ချပေးနိုင်တယ်။

အသားအရေကိုလည်း noruishing ဖြစ်စေဖို့အတွက် Panthenol 0.5 % ကိုသုံးထားတယ် ဒါအပြင် ဒီ serum က skin barrier ကိုလည်း healthy ဖြစ်စေတယ်။ အသားအရေကိုလည်း soothe ဖြစ်တယ်။ သူ့ကိုသုံးလိုက်လို့ skin irritation ရတာ မရှိဘူး သူ့formula က mild and gentle ဖြစ်လို့။

Recommended for All Skin types. ကိုယ်က
Vitamin C နဲ့မတည့်ဘူးဆို ဒါကို highly recommend လုပ်တယ်။ Not fungal safe. 2 Triggers.

*glow serum နဲ့ကွာတာက သုံးထားတဲ့ ingredients / formulation မတူတာမို့ ဘယ်ဟာပိုကောင်းလဲဆိုတာထက် ကိုယ်လိုချင်တဲ့ skin concern အပေါ်မူတည်ပြီး ရွေးဖို့ပဲအကြံပေးချင်တယ်*

Beauty Of Joseon Glow Serum 🐝🍯

Anti acne & Anti Imflammatory တွေကို သက်သာစေပြီး အသားအရေကို moisturize ဖြစ်ဖို့ Propolis 59.94 % ကိုသုံးထားတယ် ဒါအပြင် Niacinamdie 2% ​တာမို့ skin barrier ကို healthy ဖြစ်ပြီး brightening လည်းဖြစ်စေတယ် imflam ဖြစ်တာကိုလည်း လျော့ချပေးတယ်။ Nia ကို 2 % သုံးထားတာကြောင့် skin irritation ဖြစ်နိုင်တဲ့ risk နည်းသလို brightening အတွက်လည်း အဆင်ပြေလောက်တဲ့ အနေအထားတစ်ခုမှာရှိတယ်။

သူက စွယ်စုံရ serum လိုမျိုးပဲ Skin Glowing / Moisturizing / Birghtening / Calming / Nourishing အတွက် တကယ်အဆင်ပြေတယ်။ လိုအပ်တဲ့ moisturizing ကို ပေးနိုင်တယ်။ Acne ကြောင့် imflam ဖြစ်တာတွေကိုလည်း calm dowm လုပ်ပေးနိုင်တဲ့အပြင် acne မဖြစ်ရအောင်လည်း prevent လုပ်ပေးတယ် လျော့လည်းလျော့ချပေးတယ် ဆိုတော့ သူ့မှာ Tea tree,Centella and Betaine Salicylate ပါတာမို့ အဆီဖုဝက်ခြံတွေဖြစ်လည်း သူ့ကိုသုံးလို့ရတယ်။

Skin brightening effect လည်း ရသေးတယ် skin birght အတွက်က Nia 2% အပြင် Turmeric root extract လည်းထည့်ထားတယ်။ အသားအရေကိုလည်း healthy glowing ဖြစ်စေတယ် သူ့ glowing ဖြစ်ပုံကတော့ မျက်နှာပေါ်ပြောင်ပြောင်လေး နဲ့ဖြစ်စေတဲ့ပုံစံ။ သူ့ texture က Thick gel serum texture ဘက်ကိုသွားတယ်။ သုံးပြီး မျက်နှာက moisturize ဖြစ်ပြီး glowy finish ကိုပေးတယ်။စေးကပ်ကပ်မဖြစ်ဘူး။ 2 drops လောက်ဆို မျက်နှာတစ်ခုလုံး သုံးလို့ရတယ်။ လိမ်းပြီးအသားအရေမှာ moisture တစ်လွှာကျန်ခဲ့တဲ့ feeling ကိုရတယ်။

Recommended for All Skin Types / Acne Prone Skin. Fungal not safe. 2 Triggers.

Beauty Of Joseon Calming Serum 🍵🍵

သူ့ serum မှာ Green tea leaf water 76.49% +
Panthenol 2% ကို key ingredients အနေနဲ့ သုံးထားတယ်။ သူ့နာမည်နဲ့လိုက်အောင်ကို calming ဖြစ်တယ် calming ingredients တွေအနေနဲ့လည်း Green tea,Mugwort Centella & Propolis တို့ပါတာကို။ ဆိုတော့ သူက acne ကြောင့်
skin imflam ရတာ/ mask တွေတပ်ရလို့ masken ဖြစ်တာ/ skin irritation ဖြစ်တာ တွေကိုပါ လျော့ချပေးပြီး အသားအရေကို calming and soothing ဖြစ်စေတယ်။

AHA & BHA သုံးတဲ့နေ့ဆို AHA & BHA ကြောင့် skin irritation မဖြစ်အောင် အသားအရေကို soothing & calming ဖြစ်စေဖို့ ဒီ Calming serum ကို routine ထဲထည့်သုံးဖြစ်တယ်။ Redness ဖြစ်တာကိုလည်း သက်သာစေတယ်၊ အဆီဖုတွေဖြစ်တာ၊ breakout မကြာခဏဖြစ်လည်း သူ့ကို သုံးလို့အဆင်ပြေတယ်။ အမာရွက်တွေနီနေတာကိုလည်း သက်သာစေတယ်။ Skin hydrate ဖြစ်တယ် သူ့မှာ hydrate ဖြစ်ဖို့ Panthenol,Hyluronic acid and Glycrein ကို သုံးထားတယ်။ အနာကျက်တာလည်း မြန်တယ်။

ဒါအပြင် Skin barrier ကိုလည်း improve ဖြစ်စေတယ်။ Barrier damage ဖြစ်တဲ့ skin တွေလည်း ဒါကိုသုံးလို့ ပိုအဆင်ပြေတယ်။ သူ့ texture က light weight ဖြစ်တယ် အခုမြင်ရတဲ့အတိုင်း အစိမ်းရောင်းလေးပဲ။ လိမ်းရလွယ်တယ် စိမ့်ဝင်မှုလည်းကောင်းတယ်။ စေးကပ်ကပ်မဖြစ်ဘူး။

Recommended for Normal to Oily & Acne prone skin.Fungal safe. Dry skin ဆို သူက hydrate သိပ်ရမှာမဟုတ်ဘူး ဒါပေမယ့် သုံးမယ်ဆိုရင် 2 layers လောက် သုံးရင်တော့အဆင်ပြေတယ်။

ကျွန်တော် Page က follower 20K ပြည့်တဲ့ အထိမ်းအမှတ်အနေနဲ့ Reader's တွေကို Gift လေး ပေးချင်တယ် တစ်ခါမှလည်း မပေးဖူးကြောင့်လည်းပါတယ်။

1. ဒီ post လေး ကို public နဲ့ share ပြီး မန့်မှာ shareထားတဲ့ ss ကို မန့်ပေးပါ။

2.ကိုယ်လိုချင်တဲ့ serum တစ်ခုကို အပေါ်က public နဲ့ share ထားတဲ့ ss နဲ့အတူ comment မှာ မန့်ပေးပါ။

3. မန့်ထားတဲ့ Reader's ထဲက လူ (4) ယောက် ကို
January 25 ရက် နေ့မှာ Give away winners ရွေးချယ်သွားပါမယ်။

4. Beauty Of Joseon Page ကို like လုပ်ပေးပါ။

ဒီ gw က ကျွန်တော်ပိုက်ဆံနဲ့ဝယ်ပြီးပေးမှာပါ ဘယ်ကမှ sponsored မယူထားပါဘူး။

ဒါအပြင် ကိုယ်ကဝယ်ယူချင်တယ်ဆို
နောက်ထပ် သတင်းကောင်းတစ်ခုကတော့
SKBAXDB Code ကိုသုံးပြီး ကျွန်တော် Reader's တွေကို BOJ က 5% Off ပေးသွားမှာဖြစ်တာမို့ BOJ page ကိုသွားပြီး Hello! လုပ်ပြီး မှာလိုက်ကြနော်😝

ဝယ်ယူနိုင်တာကတော့ Beauty Of Joseon Myanmar_Official မှာ ဝယ်ယူလို့ရပါတယ်။

ဒီနေ့တော့ ဒီလောက်ပဲ။

Disclaimer – This post is a collaboration post between SkinCare by Aung and Beauty Of Joseon Myanmar. This review are my oponion review and did not receive any influence.

Photos from Me'Hmwe Skincare & Cosmetics House's post 12/01/2024

အရမ်း​ကောင်းတဲ့ Beauty of Joseon ရဲ့ Glow serum ​လေး​ရောက်ပါတယ်ရှင့်
သူက​တော့ (Rice+ Alpha+ Arbutin)

သူ့ကို သုံးကြည့်ပြီး Result က​တော့ မျက်နှာအသားအ​ရေကို ​ရေဓါတ်ရှယ်ဖြည့်​ပေးပြီး​တော့ အသားအ​ရောင်မညီတာ​တွေကို လုံးဝသက်သာလာတာပါပဲ
ဝက်ခြံ​ကြောင့် ကျန်ခဲ့တဲ့ အမဲစက် အမာရွတ်​ ​နေ​လောင်လို့ဖြစ်လာတဲ့တင်းတိပ် တွေကို ပါးလာ​စေပြီး​တော့ မျက်နှာအသားအ​ရေ ကြည်လာတာမှ လုံးဝကို သိသိသာသာပါပဲရှင့်
IG မှာ အရမ်း​ကောင်းတယ်ဆိုပြီး နာမည်ကြီး​နေတဲ့ Korea Brand ​လေးပါ​နော်

Beauty of Joseon Glow Serum (Rice+Alpha+Arbutin) 30ml ➡️ 33000ks

Photos from Me'Hmwe Skincare & Cosmetics House's post 08/11/2023

တကိုယ်ရည်သန့်ရှင်းမှုမှာ မရှိမဖြစ် အလွန်တရာမှအရေးပါလှသော Femfresh Daily Feminine wash လေးပါရှင်
အန့ံလေးက သင်းသင်းလးနဲ့ စိတ်ကိုလည်း ကြည်လင်လန်းဆန်းနေစေရောရှင့်
Exp. 2026
Price-20000 ks

Photos from Me'Hmwe Skincare & Cosmetics House's post 07/11/2023

Hello📣📣

သွားတွေဝါလို့ စိတ်ညစ်နေရပြီလား😔
ကွမ်းဂျိုးတွေပဲ ဝါဝါ ကော်ဖီတွေသောက်လို့ပဲ ဝါဝါ
ဖြူဖွေးတဲ့ သွားလေးတွေပြန်ရချင်ရင်တော့ သွားဖြူစေတဲ့နေရာမှာ နာမည်ကြီးတဲ့ 93% သွားတိုက်ဆေးလေးရပါပြီရှင့်

price - 8500ks



#သွားဖြူသွားတိုက်ဆေး

03/11/2023

အရမ်း​ကောင်းလွန်းတဲ့ Treatment oil ​လေး Moroccanoil (10ml) ​ရပြီရှင့်

Skincare ​တွေလုပ်ရင်းး hair care ​လေးပါ လုပ်ရ​အောင်
ဆံသားဖွာပြီးကြမ်းတာ
ဆံပင်နှစ်ခွဖြစ်တာ ဆံပင်ကျွတ်တာ​တွေကို သက်သာ​စေတဲ့အပြင် Baby Hair ​လေး​တွေပါ ထပ်ထွက်လာ​စေပါတယ်
​ခေါင်း​လျှော်ပြီး သူ့ကို သုံးလိုက်ရင် ပုံသွင်းစရာမလို​တော့ပဲ ဆံသားကိုပုံကျလှပ​စေတယ်
Good review ​တွေလည်းအများကြီးရထားပြီး လူကြိုက်အများဆုံး Hair Oil ​လေးပါ

လိမ်းလိုက်ရင်ဆံသားကို ကပ်ကပ်ကြီးမဖြစ်​စေပဲ ငြိမ်ငြိမ်ဝပ်ဝပ်​လေးဖြစ်​စေပြီး​တော့ အနံ့​လေးကလည်း လုံးဝ luxury ဆန်​သောအနံ့​လေးမို့ လုံးဝအကြိုက်​တွေ့​စေမှာ​နော်

​ခေါင်း​လျှော်ပြီး ​ရေမစိုမ​ခြောက်ခင်ချိန်​လေးသုံး​ပေးရင် dryer မှုတ်ရင်ပူတဲ့အပူဒဏ်​ကြောင့်ဖြစ်တဲ့ဆံသား​ခြောက်တာ​တွေကိုပါ သက်သာ​စေတယ်

10ml ဆိုပြီးအထင်မ​သေးနဲ့​နော် Daily သုံးရင်​တောင် ၁လ​လောက်အသုံးခံလို့ quality ​ကောင်းပြီး budget လည်း save ဖြစ်တယ်
ဆံပင်ရှည်လည်းမြန်​တာမို့ ကဲ ဘာလို​သေးလဲ​ပြော

Moroccanoil 10ml (11000ks)

02/11/2023

Dove ရဲ့ hot item လို့​ပြောရ​လောက်​အောင် လူကြိုက်အရမ်းများတဲ့ Exfoliating Body Polish​ ​လေး​ရောက်ပါပြီ​နော်☺️

သူ့အနံ့​လေးက​လေ ​မွှေး​မွှေးချိုချို​လေးနဲ့ အရမ်းလန်းဆန်း​စေတယ် သုံးလိုက်တဲ့အခါလည်း နူးနူးညံ့ညံ့​လေးနဲ့ အသားကို​ချော​နေ​ရော​နော်

အသားအ​ရေညစ်​နေတာ​တွေ ကြည်လာ​စေပြီး​တော့ dead skin ​တွေကိုလည်းဖယ်ရှား​ပေးလို့ သူ့ကိုသုံးပြီးတာနဲ့ အသားအ​ရေကို လုံးဝ လုံးဝ နူးညံ့​ချော​မွေ့သွား​စေတယ်ရှင့်

ခြင်ကိုက်ဖု အမာရွတ်​တွေကိုပါ သိသိသာသာပါးသွား​စေပြီး နဂိုအ​သားအ​ရောင်​တိုင်း​လေး ပြန်ဖြစ်​စေတယ်
အသားအ​ရေကြည်သွားချက်က​တော့ အ​ကြောစိမ်း​လေး​တွေပါ မြင်ရ​လောက်တဲ့ထိ​နော်

အဓိက main point က​တော့ တစ်​နေကုန်ပင်ပန်း​နေတဲ့အချိန် ညဘက် ဒီ body polish ​လေးနဲ့ ​ရေချိုးလိုက်ရရင်​လေ လုံးဝလန်းဆန်းပြီး​တော့ အားအင်​တွေပြန်ပြည့်သွားသလိုကို လန်းဆန်းပြီး အိပ်​ပျော်​စေတယ်
လုံးဝသုံးကြည့် တကယ်ကြိုက်သွား​စေရမယ်
တစ်ဘူးမကုန်ခင် ​နောက်တစ်ဘူးထပ်​ဆောင်ထားရတဲ့မင်မင်လို ဖြစ်သွားလိမ့်မယ် 😁

Dove Pomegranate Body Polosh (28500ks)

Ph 09771021021
09420096091

20/09/2023

ARTY Super Perfect SPF 25PA++

💛အဝါဘက်ကိုအရမ်းမသွားဘဲ NATURAL အ​ရောင်​လေးအတိုင်း ထွက်တဲ့ C2 ကာလာ​လေး 😍
❤️မြန်မာမ​လေး​တွေ မျက်နှာအသားအ​ရေနဲ့ လုံးဝကွက်တိကျတဲ့ ကာလာလိုင်း​လေး💛
💛အဆီမပြန်ဘူး မကွက်ဘူး လိမ်းလိုက်ရင်မပြာသွားဘူး💛
❤️ကိုယ့်ရဲ့ရှိတဲ့မျက်နှာအ​ရောင်အတိုင်း သဘာဝဆန်ဆန်နဲ့လှ​နေတာမျိုး💛
💛အဆီမပြန်ပဲ အဆီကိုထိန်း​ပေးထား​တော့ လိမ်းထားတဲ့မိတ်ကပ်သားကိုတ​နေကုန်ခံ လှပ​စေတယ်💛
❤️Skincare ပဲသုံးပြီး သူ့ကိုပုတ်​ပေးလိုက်ရင်​တောင် တ​နေ့ကုန်လှည့်ကြည့်စရာမလို​အောင် သဘာဝဆန်ဆန်လှ​
နေမှာ​နော်

Instock now
15500ks

Ph 09771021021
09420096091

14/09/2023

JM solution VERA VIOLET BODY LOTION 500ml (13500ks)

💚ရှား​စောင်းနဲ့မြင်းခွာ အဓိကပါဝင်လို့ ခန္တာကိုယ်ရဲ့လိုအပ်တဲ့အစိုဓါတ်ကို ပြည့်ဝစွာဖြည့်​​ပေးနိုင်တယ်

💚အသားထဲစိမ့်ဝင်မြန်ပြီး​တော့ ​စေးကပ်ကပ်မဖြစ်ဘူး

💚အနံ့ကလည်း fresh ဖြစ်တယ် မအီဘူး

💚ခန္တာကိုယ်မှာ​ပေါက်တတ်တဲ့ အဆီဖု​တွေ ဝက်ခြံ​တွေကို သက်သာ​​စေတယ်

Made in Korea
Ph 09771021021
Ph 09420096091

Want your business to be the top-listed Beauty Salon in Naypyidaw?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


No. 3326, Mandalay Street, YarzaThaingaha Housing 2, OakTaraThiri Tws. , NayPyiTaw
Naypyidaw