Hla Moe Thu- lady collection

Hla Moe Thu- lady collection

Share

Lady Collection
local clothing brand
09883680846

27/12/2024

လူဖြစ်တဲ့ အတွက် စိတ်ဓာတ်ကျတဲ့အချိန်တွေရှိမယ်။
လမ်းပျောက်တဲ့ အချိန်တွေရှိမယ်။

ချစ်ရတဲ့ သူတွေဆုံးရှုံးလိုက်ရတဲ့ အချိန်တွေရှိမယ်။
စီးပွါးရေးတွေ ဆုံးရှုံးသွား တဲ့ အချိန်တွေရှိမယ်။

သစ္စာဖောက်ခံရတဲ့ အချိန်တွေရှိမယ်။
အရာအားလုံး ဆုံးရှုံး သွားတဲ့ အချိန်တွေ ရှိမယ်။

ထုတ်ပြောတာနဲ့ မပြောတာပဲ ကွာတယ်။
ကြုံတာတော့ တစ်ခုမဟုတ် တစ်ခု ကြုံကြရမှာပဲ။

ကြုံလာခဲ့ရင် ဝမ်းနည်းပက်လက်ဖြစ်လို့ရတယ်။
ဒါပေမယ့် ဝမ်းနည်းလျှက် ရှေ့ဆက်နေရမယ်။
လုပ်စရာရှိတာလုပ်ရင်း ရှေ့ဆက်နေရမယ်။

အတိတ်ထဲမှာ တဝဲလည်လည် ဖြစ်နေတဲ့သူတွေက
အောင်မြင်ဖို့ခက်တယ်။

အတိတ်ကို ထားခဲ့ပြီး ပစ္စုပန်ကို
အာရုံစိုက်တဲ့သူတွေကပဲ
အောင်မြင်သွားကြတာပါ။

27/12/2024

ကိုယ်ချစ်လည်း မရှာနဲ့ ...
သူချစ်လည်း မရှာနဲ့ ...

လူစိတ် ရှိတဲ့ သူကိုပဲရှာ
သူကပဲချစ်ချစ် ...

ကိုယ်ကပဲချစ်ချစ်...
အဲဒီအချစ်တွေက
ကုန်ဆုံးသွားတတ်သေးတယ်

အဲဒီလိုကုန်ဆုံးသွားလို့လည်း
ကွဲကြ ပြဲကြဖြစ်နေတာကိုး...

လူစိတ်ရှိတဲ့ လူကတော့
သူ့ရင်ထဲမှာ ကိုယ်ချင်းစာတရား ရှိလို့...

ကိုယ့်ကို ချစ်ချစ် မချစ်ချစ်
ကိုယ် ဘာပဲဖြစ်နေ ဖြစ်နေ
ကိုယ့်ကို ဘယ်တော့မှ
စွန့်ခွာသွားမှာမဟုတ်ဘူး

ဘာလို့လဲဆိုတော့
သူ့ရဲ့အတွေးတွေ စိတ်တွေက
သနားတတ်တယ် ....
ကြင်နာတတ်တယ် ....
ကရုဏာတရားရှိတယ်....

ဘယ်အရာကိုမဆို ...
'သူ့နေရာမှာ ငါဆိုရင်' ဆိုပြီး
ကိုယ်ချင်းစာတဲ့ စိတ်နဲ့ ကြည့်တယ်

အဲဒါကြောင့် ကိုယ်ချစ်တွေ
သူချစ်တွေ ထက်
လူစိတ်ရှိတဲ့ လူကို ရွေးတာက
သင့်အတွက်မမှားနိုင်ဘူး
လူစိတ် ရှိသူများနှင့် တွေ့ကြပါစေ။

အောက်က စာပေlinkနှိပ်ပြီး
စာပေများဖတ်ရှူရန်
စာအုပ်စာပေလူမိတ်ဆွေ
စာပေမဖတ် အသိပျက်
https://www.facebook.com/profile.php?id=61570879809690&mibextid=kFxxJD

https://www.facebook.com/profile.php?id=61567102238453&mibextid=ZbWKwL

https://www.facebook.com/share/1CfZZ2h4PM

27/12/2024

ဘယ်မိဘမဆို မေတ္တာကြီးမားကြတာပါပဲ
အဆိုတော်က ဆိုင်ကားနင်းပီး မိဘမေတ္တာပြသလို့မရသလို
ဆိုက်ကားနင်းသူကလည်း သီချင်းတက်မဆိုရဲဘူးလေ
ကိုယ်ရောက်နေတဲ့နေရာကနေ မိဘမေတ္တာကိုပြသကြရတာပဲ
မိဘလို့ခံယူထားသူအားလုံးက‌တော့ အတူတူပါပဲ....

အိမ့်ချစ်က သီဆိုခ သိန်းဆယ် ချီရတဲ့ပွဲမှာ
သူ့ ကလေးပွေ့ချီ ပြီး သီချင်း တက်ဆိုပြ လိုက်တာနဲ့
မိဘမေတ္တာ ကြီးမားပုံလို့ တင်စားရသည် အထိဆို
ဒီပုံထဲက ဆိုက္ကားနင်းပြီး
ကလေး ကျောင်းပို့ ပေးတဲ့ အမျိုးသမီးဆို
ဘယ်လောက် မိဘမေတ္တာကြီးမား လိုက်မလဲ ...

27/12/2024
23/12/2024

"ဘဝကို အရှုံးမပေးနဲ့" ( အရမ်းကောင်းလို့ လူငယ်တွေအစအဆုံး ဖတ် ကြည့်စေချင်တယ် )

လောကကြီးမှာ ရည်ရွယ်ချက်အတွက် ပန်းတိုင် ကို ရောက်အောင် လျှောက်နေသေးသ၍ သင်မှန် တယ်...။

လေတိုက်တိုင်း လွင့်နေရအောင် သစ်ရွက်ခြောက်မှ မဟုတ်တာ....။

အမုန်းခံရတိုင်းသာ ဝမ်းနည်းရရင် ကိုယ့်မျက်ရည် နဲ့ကိုယ်တောင် ကမ်းမမြင် လမ်းမမြင် လွင့်မျောနေ လောက်ပြီ...။

ချောက်တိုင်း ကြောက်ရရင်လည်း ဒီကမ္ဘာမှာ နေစရာ နေရာတောင် ရှိမှာမဟုတ်တော့သလို ကြောက်တိုင်း ပြေးရရင်လည်း ကမ္ဘာ့အပြင်ဘက် တောင် ရောက်နေလောက်ရောပေါ့...။

ပုံသေနည်း မရှိတဲ့ဘဝ သမိုင်းစာမျက်နှာပေါ်မှာ အမှားပေါင်း သောင်းခြောက်ထောင် အဖျက်ရာ တွေ ဗလပွနဲ့ ဘယ်သူမှ ဒဏ်ရာနဲ့တော့ မကင်း

ဒီလိုပဲ... မှားသွားလိုက် ပြန်ပြင်လိုက်၊ လဲကျလိုက် ပြန်ထလိုက်နဲ့ပဲ ပန်းတိုင်ကို လှမ်းကိုင်ကြတာပဲ လေ ။

အမေက လမ်းလျှောက်တတ်အောင် သင်ပေးခဲ့ တယ်။ လောကကြီးက နေတတ်အောင် သင်ပေး လိမ့်မယ်။ ဘယ်လိုနေမလဲဆိုတာတော့ စဉ်းစား..။

ငယ်ငယ်က အကြိမ်ကြိမ် လဲကျခဲ့တာတောင် ပြန် ထပြီး ဒီနေ့အထိရောက်အောင် လျှောက်နိုင်ခဲ့သေး ရင် အမှားတွေကို ပြင်၊ လိုအပ်ချက်ကို ဖြည့်..။

နောက်နေ့တွေအတွက်..ဆက်သာလျှောက် လမ်းမပျောက်စေနဲ့ ပန်းတိုင်က ရောက်ကို ရောက် တယ်

မင်း ကံ ကောင်းနေဖို့ မလိုဘူး... မင်း ကောင်းနေ ဖို့ပဲ လိုတာပါ.. ကံကောင်းနေခြင်းက မင်းကို မ ကောင်းစေပါဘူး... ဒါပေမဲ့... မင်းကောင်းနေခြင်း က မင်းကံကိုပါ ကောင်းစေပါတယ်..

ဘာလို့လဲ ဆိုတော့... ကံဘယ်လောက်

ကောင်းကောင်း မင်းမှာ ကြိုးစားချင်စိတ် အလုပ် လုပ်ချင်တဲ့စိတ် မရှိရင် ကံဆိုတဲ့အရာကြီးက မင်း ဘဝရဲ့... စားဝတ်နေရေးကို တာဝန်ယူမှာ မဟုတ်ပါ ဘူးလေ...

အေး...ဒါပေမဲ့.. ကံဘယ်လောက်ပဲ ဆိုးနေပါစေ.. မင်းမှာ ကြိုးစားချင်စိတ် အလုပ်လုပ်ချင်တဲ့ စိတ် ရှိ နေသေးရင်တော့

မင်းဘဝရဲ့ စားဝတ်နေရေးကို မင်းရဲ့ ကြိုးစားမှု တွေ မင်းရဲ့ လုပ်အားတွေက တာဝန်ယူသွားလိမ့် မယ်..

ဗုဒ္ဓဘာသာ တစ်ယောက်အနေနဲ့ ကံကို မယုံပါနဲ့ လို့ တော့ မပြောလိုပါဘူး...

ဒါပေမဲ့... လူငယ်တစ်ယောက်အနေနဲ့ ပြောချင်တာ တစ်ခုက... ကံဆိုတဲ့ မမြင်ရတဲ့ အရာထက် မင်းဆို တဲ့ မြင်နေရတဲ့ မင်းကိုယ်မင်း ပိုပြီးယုံကြည်ပါလို့ ပြောချင်ပါတယ်...

ကံကောင်းခြင်း ကံဆိုးခြင်းဆိုတာ... မင်းအပေါ်မှာ ပဲ့ မူတည်ပါတယ်... ရိုးရိုးလေးပါပဲ..

မင်းကောင်းနေရင် မင်း ကံကောင်းလိမ့်မယ်... မင်း ဆိုးနေရင်တော့ မင်းကံဆိုးလိမ့်မယ်... "ကျွန်တော် ဘာပဲလုပ်လုပ် အမြဲကံဆိုးနေတယ်လို့ ငြီးငြူမနေပါနဲ့

မင်းပြောတဲ့ ကံဆိုးလို့ဆိုတဲ့ အလုပ်တွေကို

ဘယ်နှစ်ကြိမ်ကြိုးစားပြီး လုပ်ဖူးလဲ????? တစ် ကြိမ်လုပ်ပြီး ကံဆိုးတယ်လို့ ထိုင်အော်မနေပါနဲ့.. အဲဒါ ကံဆိုးတာ မဟုတ်တော့ဘူး... မင်းပျင်းတာ မင်းညံ့တာ ဖြစ်သွားပြီ...

ဘာပဲ့လုပ်လုပ် ကံကိုပဲ့ အပြစ်ပုံချမနေနဲ့.. မင်း ကိုယ်မင်းလဲ အပြစ်တင်ကြည့်ပါအုံး... အဲဒါတွေ ဖြစ်နေတာ ကံကြောင့်မဟုတ်ဘူး... အဲဒါတွေ ဖြစ်

နေတာ မင်းကြောင့်ဆိုတာ မမေ့နဲ့... လူငယ်တွေ မြဲမြဲမှတ်ထားပါ..

မင်းတို့ အရမ်းယုံကြည်နေပါတယ် ဆိုတဲ့... ကံကောင်းမှုကြီးက ဘယ်တော့မှ မင်းတို့ဆီကို အပြုံးလေးနဲ့ လာမှာ မဟုတ်ဘူး...

မနက်ဖြန်တိုင်းမှာ ကံကောင်းခြင်းတွေ ရှိတယ်... "ဒါဆိုရင် အဲဒီကံကောင်းခြင်းတွေကို ကျွန်တော် တို့ဘာလို့မရလဲ.." မင်းတို့ ဘာလို့ မရလဲ သိ

လား?????

"မင်းတို့ရဲ့ မနက်ဖြန်အတွက် မင်းတို့ ဒီနေ့ အသုံး မကျလို့ မရတာကွ.." အနာဂတ် မနက်ဖြန်တိုင်းရဲ့ ကံကောင်းခြင်းတွေ လိုချင်ရင်...

ပစ္စုပ္ပန် နေ့ရက်တိုင်းကို အကောင်းဆုံး ကြိုးစား ဖို့ လိုတယ်ဆိုတာ... ဘယ်တော့မှ မမေ့ပါနဲ့... မင်း လိုချင်တဲ့ ကံကောင်းခြင်းကို.. မင်းကလွဲပြီး ဘယ် သူမှ မယူပေးနိုင်ဘူးနော်...

- လူငယ်တွေပြန်လည် မျှဝေပေး

မင်းတို့ ကြိုးစားမှုရဲ့ နောက်ကွယ်မှာ... မင်းတို့ရဲ့ ကံကောင်းခြင်း တွေ ရှိနေလို့ပဲ့... ကံကောင်းချင်ရင်

ပျင်းရိခြင်း နဲ့ သက်သာခြင်းကို ဝေးဝေးက ရှောင် ပါ... လူငယ်တွေ တိုးတက်စေဖို့ ရည်ရွယ်လျက်...

#🌹🌹🌹🌹🌹

22/12/2024

မိသားစုရဲ့ တန်ဖိုး

မိသားစုဆိုတာ.....
ကံတရားရဲ့ ဖန်တီးပေးလိုက်တဲ့
အရာတွေထဲက အကောင်းဆုံး အနုပညာပါ
တန်ဖိုးထား မြတ်နိုးတတ်ပါစေ ။

မိသားစုဆိုတာ.....
ဒုက္ခအပူတွေကို မျှဝေယူ ခံစားရင်း
ကြီးပြင်းလာခဲ့ကြတဲ့ ဆိုးတူကောင်းဖက်
သစ္စာတရားရဲ့ အငွေ့အသက်တွေပါ
တန်ဖိုးထား မြတ်နိုးတတ်ပါစေ ။

မိသားစုဆိုတာ.....
အမျိုးမျိုး အထွေထွေ စရိုက်တွေ
ကြားထဲက နားလည် ပေးနိုင်ဆုံးသော
အသိုက်အဝန်းလေး တစ်ခုပါ
တန်ဖိုးထား မြတ်နိုးတတ်ပါစေ ။

မိသားစုဆိုတဲ့ ရိပ်မြုံဟာ.....
ခိုလှုံစရာ များစွာထဲက
အအေးချမ်းဆုံးနဲ့ အလုံခြုံဆုံး နားခိုရာပါ
တန်ဖိုးထား မြတ်နိုးတတ်ပါစေ ။

ပြည့်စုံတဲ့ မိသားစုဆိုတာ မရှိပါဘူး
အတွေ့အကြုံတွေ စုစည်းပြီး
ခရီးကြမ်းတွေကို ငြိမ်းချမ်းစွာ
ဖြတ်သန်းနိုင်မှု့ရဲ့ စတင်ရာ
အားအင်တွေ ဖြစ်ပါသည်
တန်ဖိုးထား မြတ်နိုးတတ်ပါစေ ။

# # # # # Credit

16/12/2024

လူစိတ်ရှိတဲ့
အိမ်ထောင်ဖက်ကို ရှာ
*******************

#အိမ်ထောင်ရေး ကံကောင်းတယ်
ဆိုတာ

ငွေကြေးချမ်းသာသူ တစ်ယောက်ကို
ခင်ပွန်းတော်ထားရတာ မဟုတ့ဘူး။

ကိုယ့်ကို နွေးထွေး
ကြင်နာ
နားလည် ခွင့်လွှတ်ပေးတတ်သူကို
ပိုင်ဆိုင်ထားရတာပါ။

#ဂုဏ်ယူဖို့ ကောင်းတယ် ဆိုတာ

တင့်တောင်းတင့်တယ် ထားနိုင်တာ
မက်လောက်စရာတွေ ပေးနိုင်တာ
တင်တောင်းနိုင်တာ မဟုတ်ပါဘူး။

ဘယ်အခြေအနေမဆို
ကိုယ့်ကိုသာ အရာရာဦးစားပေးခံရတာ
ညှာတာ
စာနာ
အလျှော့ပေး
လိုက်လျောမှုတွေ ရတာပါ။


#လိုက်ဖက်လိုက်တာနော် ဆိုတာ

ဂုဏ်ချင်းထပ် ရွှေချင်းထပ်လို့
မြတ်တာကို မခေါ်ဘူး။

သူ့ရဲ့ ကိုယ့်ရဲ့ အားနည်းချက်
အားသာချက်တိုင်းကို
နှစ်ဦးနှစ်ဖက်လုံးက ချစ်နိုင်ကြပြီး
တစ်ယောက်ကို တစ်ယောက်
အပြန်အလှန် ဖေးမ နိုင်ကြတာကို
ခေါ်တာပါ။

ဒါကို လူစိတ်ရှိတဲ့ အိမ်ထောင်ဖက်လို့ ခေါ်နိူင်ပါတယ်....

သင်ရော ဘယ်လို အိမ်ထောင်ဖက်မျိုး ပိုင်ဆိုင်ထားလဲ...❓


#မေတ္တာဖြင့်ပြန်လည်မျှဝေသည်
#နေဟိန်းအောင် (📚စာပေချစ်မြတ်နိုးသူများ📚)

Photos from Hla Moe Thu- lady collection's post 18/07/2023

သုံးလို့အရမ်းကောင်းသော LQ Sunscreen လေး 🌞 ☀️

✔️ မျက်နှာပေါ်တင်လိုက်ရင်ပူအိုက်တာမရှိအေးမြတယ်

✔️ စေးကပ်မှုမရှိ စိမ့်ဝင်မှုလွယ်တယ်

✔️ လူးပြီးစက္ကန့် ၃၀လောက်နေရင် မျက်နှာလေးကြည်ပြောင်ပြီး Glow လာတယ်

✔️SPF 50 PA +++ ပါဝင်လို့ နေရောင်ခြည်ဒဏ်မှ အိုမင်းရင့်ရော်မှုတွေ နဲ့ တင်းတိပ် မှဲ့ခြောက်မဖြစ်အောင်ကာကွယ်ပေးတယ်

✔️ ဖြစ်ပြီးသားသူတွေအတွက်လဲ ဆက်လက်မပွါးအောင်ကာကွယ်​ပေးတဲ့အပြင် အသားအရေကောင်းမွန်လာစေတယ်

✔️အရောင် / အနံ့ / မိတ်ကပ်သားမပါတဲ့အတွက် ကျား/ မ မရွေး အသုံးပြုရအဆင်ပြေပြီး Sensitive အသားအရေကအစ အသုံးပြုလို့ရတယ်

✔️သုံးဖူးသူတိုင်း ပစ္စည်းပြတ်မှာစိုးလို့ အနည်းဆုံး ၅ဗူးပြန်ဝယ်ကြပြီး ရှယ်ကြိုက်ကြတဲ့ Life Queen ရဲ့ ဘုရင်မကြီးတစ်ပါး 👸

Photos from Hla Moe Thu- lady collection's post 18/07/2023

သုံးလို့အရမ်းကောင်းတဲ့ Life Queen Foundation လေး ✅✅✅

ဘယ်ခရီးပဲသွားသွား ဘယ်ပွဲပဲတက်တက် သူ့ကတော့ တကယ့်ကိုမပါမဖြစ် 💯💯💯

လူးလိုက်ရင်ပေါ့ပါးပြီး ပါးပါးကြည်ကြည်ပြောင်ပြောင် Glow Look လေးကြိုက်တယ်ဆိုရင်တော့ Foundation ရွေးချယ်မှုမှားလို့ မရဘူးနော် ❌❌❌

စိတ်ချမ်းသာချင်ရင်တော့ Life Queen သာသုံး ✔️✔️✔️

အချိန်ကြာလေမိတ်ကပ်သားတက်လို့ ကိုယ့်ရုပ်ကိုပြန်ကြည့်ပြီး စိတ်ချမ်းသာမှုအပြည့်အဝရနေစေရမယ် 🤩🤩🤩

Want your business to be the top-listed Beauty Salon in Naypyidaw?
Click here to claim your Sponsored Listing.

Telephone

Website

Address


Naypyidaw