Cose SkinCare Pathein
COSE skincare မြန်မာပြည်အနှံ လက်လီလက်ကားမှာ ယူနိုင်သည်။ (24 hours) service �
19/01/2021
ဝက်ခြံ ဘာလို့ပေါက်တာလဲ
Photo credit! !!!
06/01/2021
ဝက်ခြံတွေ မထွက်အောင် ဒီသုံးချက်ပဲ နေ့စဉ်လုပ်ဖို့လိုတယ်နော်✔️
၁။မနက်တစ်ကြိမ် ညအိပ်ခါနီးတစ်ကြိမ် အစိုဓာတ်ကလေးကျန်ခဲ့ပြီး မျက်နှာခြောက်သွေ့မသွားစေတဲ့မျက်နှာသစ် ကောင်းကောင်းလေးသုံးပါ။
(ကောင်းကောင်းလေးဆိုတာ စျေးကြီးတာကို မဆိုလိုဘူးနော် စျေးသင့်ပြီး ကောင်းတဲ့မျက်နှာသစ်လေးတွေ စျေးကွက်ထဲမှာရှိပါတယ်)မျက်နှာသစ်ပြီးတိုင်း ချွေးပေါက်ထဲက အဆီလေးတွေသန့်ဖို့ အရက်ပျံမပါတဲ့ တိုနာလေးသုံးပေးပါနော်❗️
၂။ သဘာဝပစ္စည်းတွေနဲ့ထုတ်လုပ်ထားတဲ့ Skincare လေးတွေ နေ့စဉ်သုံးပြီး အသားရည်ထိန်းသိမ်းပါ။
၃။အိပ်ရေးဝအောင် အချိန်မှန်အိပ်ပါ။
ဝမ်းမှန်အောင် အသီး အရွက်များများစားပါ။
အငံ အစပ်နဲ့ အချိုမှုန့်တွေ လျော့စားပါ
အားလုံးပဲ ဝက်ခြံကင်းစင်တဲ့ မျက်နှာလှလှလေးတွေ ပိုင်ဆိုင်နိုင်ပါစေရှင့်❗️
02/01/2021
❌အသဲငယ်သူ ပုံမကြည့်ပါနဲ့ ❌
💝Love Urself💝
💯Quality ကောင်းဆိုရင် တခုဆိုတခု ဈေးကြီးပေးရလဲသုံးပါ ဒါကပိုပြီး ငွေကိုခြွေတာရာရောက်ပါတယ်🏧
😑ငွေကုန်မှာနှမျောလို့ Quality မရှိတာသုံးမိရင် ခဏသာငွေတော့သက်သာပါမယ် BUT ရေရှည် မိမိတန်ဖိုးထားရာမျက်နှာလေး ပျက်စီးနိုင်ပါတယ်😞
crd
**********
💙 ကိုယ်ဘယ်လောက်တန် သုံးမလဲ ??
ဆိုတာထက် ဘယ်လောက်စိတ်ချရတဲ့
ပစ္စည်းသုံးမလဲဆိုတာ
Youတို့တွက်အရေးကြီးပါတယ်နော်🛍️🛍️
💙 စျေးများလို့ နှာခေါင်းရှူံ့
ပြရတာနဲ့ မယုံသလို
စျေးကြီးလိုက်တာ ဆိုတဲ့
မမတို့ မြီးတို့ေရ ...
💙 ကိုယ့်ရဲ့ အသားရေထက် ဘယ်အရာမှ တန်ဖိုး မရှိပါဘူးနော် ....
💵 ၁၀၀၀ တန်လောက် ဝယ်သုံးပီး တသောင်းဖို့လောက် ကောင်းချင်လို့လဲ မရပါဘူးနော်
သူ့ တန်ဖိုး နဲ့ သူ့အရည်သွေး နဲ့ပါနော် ☺
😱 brand နဲ့ အတုက အဲ့မှာသွားပြတာဘဲ
😢😢😢ကိုယ်အဲ့ဒါတွေကြောက်လို့သုံးနေကျပစ္စည်းလေးတွေပဲသုံးတာပါ 😢😢
💁 ကိုယ်တို့ ...
နယ်ကသူတွေက
စျေးသက်သာရင်ပီးရောကြိုက်ကြတယ်.
💙 brand ဆိုသူ့စျေးနဲ့သူရှိတယ်.ကိုယ်ကတသောင်းဘဲတတ်နိုင်ရင်တသောင့်းနဲ့တန်တဲ့ brand တခုဘဲသုံးပါ.တသောင်းဖိုးကိုအတုအများကြီးဝယ်မသုံးကြပါနဲ့ ....
👸 ကိုယ့်လှချင်လို့သုံးလိုက်တာတခုက ကိုယ့်အသားအရည်ကို ဆိုးကျိုးမဖြစ်စေဖို့ကအဓိကအရေးကြီးဆုံးပါ...
👩 ကိုယ့်မျက်နှာအတွက် ပစ္စည်းကောင်းသုံးဖို့ကို မနှမျှောကြပါနဲ့..🙅
🙋🙋 အားလုံးဘဲ အလှကုန် ဝယ်ရင်မမှားအောင် ရွေးချယ်ဝယ်ယူနိုင်ကြပါစေရှင်...
Crd.
01/01/2021
"Skincare လုပ်ရင်
ဘာကြောင့်မျက်နှာပေါ်က အမဲစက်နဲ့ ဝက်ခြံတွေ သိသာလာတာလဲ?"
Skincare လုပ်ခြင်းကမျက်နှာအပေါ်ယံအလွှာကို
Cleaning လုပ်ပေးခြင်းမဟုတ်🙅🙅
မျက်နှာအသားအရေရဲ့အောက်ဆုံးအလွှာမှာရှိနေတဲ့
အညစ်အကြေးတွေကို စတင်Cleaningလုပ်ပေးတာကြောင့်
အောက်ခံအလွှာကြည်ဝင်းလာတာနဲ့အမျှ
မျက်နှာပေါ်မှာအရင်ကရှိနေတဲ့ ဝက်ခြံနဲ့အမဲစက်တွေဟာ
ပိုမိုသိမြင်ထင်ရှားလာတာသာဖြစ်တယ်
Skincare လုပ်ခြင်းက အပေါ်ယံကြည်ဝင်းပခြင်းမဟုတ်
Skincare လုပ်ခြင်းက အသားအရေရဲ့အတွင်းပိုင်းကို
သန့်စင်ပေးခြင်းသာဖြစ်ပါတယ်🙋🙋🙋
အသားအရေရဲ့အတွင်းပိုင်းသန့်စင်ပြီးမှ
အပေါ်ယံအလွှာကိုသန့်စင်မယ်ဆိုရင်ပိုမိုလွယ်ကူပြီး
အပေါ်ကိုသာသန့်စင်မယ်ဆိုရင်
အလွယ်တကူပြန်လည်ညစ်ပေလွယ်ပါတယ်
အောက်ဆုံးအလွှာကိုSkincareလုပ်ပြီး
သန့်စင်ပေးမယ်ဆိုရင် ရိုးရိုးအပေါ်ယံသန့်ရှင်းတဲ့ မျက်နှာအသားအရေထက် ပိုမိုကြည်ဝင်းနေတာကို သိသာထင်ရှားစေမှာအမှန်ပါ
ဒါကြောင့်တော်တော်များများအမေးများကြတဲ့
Skincare သုံးပြီးရင်ဝက်ခြံတွေ အမဲစက်တွေ
ထင်ရှားပေါ်လာတယ်ဆိုတာ
အခုနားလည်လောက်မယ်ထင်ပါတယ်
30/12/2020
Dry Skin Face အကြောင်းသိကောင်းစရာနှင့် ဘယ်လိုကုသမလဲ
Dry Skin Face ဆိုသည်မှာ -
1.အလားဂျစ်ဖြစ်ခြင်း၊
2.အရေပြားနီ၍ရောင်အန်းနာကျင်ခြင်း၊
3.ကြမ်းထော်သောအနီပိမ့်များထခြင်း၊
4.အလွယ်တကူဝက်ခြံထွက်ခြင်း တို့လိုလက္ခဏာများဖြစ်တတ်ပါသည်
Dry Skin Face ဘာကြောင့်ဖြစ်လဲ ???
အပူချိန်ပြောင်းလဲမှု (or)စိုထိုင်းမှု
ဓာတုပစ္စည်းများသောဆပ်ပြာသုံးစွဲခြင်း
အသားအရေအခြေနေ
နှင်းခူနာဖြစ်ခြင်း
အိမ်တွင်အလွယ်တကူလုပ်နိုင်သောပစ္စည်းများ
အုန်းဆီ
နွားနို့
နေကြာစေ့ဆီ
ပျားရည်
ရှားစောင်းလက်ပတ် တို့ဖြင့်အဆင်ပြေသလိုပေါင်းတင် ၊လိမ်းပေးခြင်းဖြင့်ထိန်းသိန်းနိုင်ပါသည်။
သုံးစွဲသင့်သော Comestic ပစ္စည်းများ
Toner
Moisturizer (တနေ့ ၂ကြိမ်)
Moisture Facial Foam
Night Cream + Vitamin E အစရှိတဲ့ပစ္စည်းများကိုစွဲစွဲမြဲမြဲသုံးစွဲပေးခြင်းဖြင့်လည်းကုသနိုင်ပါသည်
ဤစာတိုလေးကိုတွေ့လို့ဖတ်ပြီးဗဟုသုတတစ်စုံတစ်ရာရသွားခြင်း ၊လိုက်လုပ်လို့အသားအရည်ကောင်းသွားခြင်းဖြစ်ရင်ပင်ပန်းရကျိုးနပ်ပါတယ်ရှင့် ။
from google
27/12/2020
ကျန်းမာရေး ဗဟုသုတ💕
26/12/2020
👄 နှုတ်ခမ်းခြောက်တတ်တဲ့ သူလေးတွေ ရှိလား 👄
-----------------------------------------------
👄 အဲ ပြဿနာ ကို ဖြေရှင်းကြမယ် လေ 👄 -----------------------------------------------
ကျနော်တို့ နှုတ်ခမ်းမှာ အဆီဂလင်းတွေ မရှိတာကြောင့် တခြားနေရာတွေထက် ပိုခြောက်လွယ် ကွဲလွယ် ပါတယ် ။
နှုတ်ခမ်းခြောက်လျှင် နှုတ်ခမ်းကွဲတာ ၊ သွေးထွက်တာ ၊ နှုတ်ခမ်းထောင့်မှာ အနာတွေ ဖြစ်တတ်ပါတယ် ။ အဲအနာတွေက နာနိုင်သည့်အပြင် မိမိရဲ့အလှအပဆိုင်ရာကိုပါ ထိခိုက်နိုင်လို့ တတ်နိုင်သလောက် နှုတ်ခမ်းကိုလဲ ဂရုစိုက်ပေးသင့်ပါတယ် ။
•••••••••
✅ နှုတ်ခမ်းခြောက်/ကွဲ ဖြစ်ရတဲ့ အကြောင်းအရင်းတွေကတော့ အများကြီးပါပဲ -
- ရာသီဥတု အေးလို့ ဖြစ်စေ
- နေပူဒဏ်ကြောင့်
- ရေဓါတ်ခမ်းခြောက်လို့
- အသက်ရွယ်အိုမင်းခြင်း
- အရက် ဘီယာ ကော်ဖီ နှင့်
- အပူအစပ် အလွန် အကျွံ စားသောက်မှု တို့အပြင်
- Stress
- နှုတ်ခမ်းကို လျှာ နဲ့ ခဏခဏ သွားတို့တတ်တဲ့သူတွေ
- နှုတ်ခမ်းကို ကိုက်တာ
- အားအားယားယားကုတ်ဖဲ့တာ
- မတည့်တဲ့ နှုတ်ခမ်းနီတွေ lip balm တွေ သုံးမိလို့ဖြစ်စေ
- ဓါတ်မတည့်တဲ့ မျက်နှာသစ်ဆေး ၊ သွားတိုက်ဆေး ၊ ခေါင်းလျှော်ရည် တို့သုံးမိလို့ဖြစ်စေ
- သွားတု ၊ အံကပ် ၊ သွားညှိbrace ၊ သွား နဲ့ ခဏခဏ ပွမိတိုက်မိတာတွေ
- နောက်ပြီးမျှတသော အစာအဟာရများမစားပေးမှု
- အစာစုပ်ယူ မှု့ အားနည်းသောရောဂါများရှိခြင်း [ ဥပမာ Celiac disease, Crohn’s disease , နာတာရှည် အစာအိမ် ရောင်ရမ်းခြင်း ]
- Vitamin B 2 , B3 , B6 , zinc , သံဓါတ် ချို့တဲ့ တဲ့ အခါ
- Vitamin A လွန်ကဲတဲ့အခါ
- ဆေးဝါးဆိုးကျိုးများ ( ဝက်ခြံကုသဆေးများ retinoids , vitamin A , salicylic acid , benzoyl peroxide) , ဆီးဆေး , lithium, ဓါတ်ရောင်ခြည် ကင်ဆာ ဆေးဝါးများ စသော ဆေးများ
တို့ကြောင့် နှုတ်ခမ်းခြောက်တတ်ပါတယ် ။
•••••••••
👄နှုတ်ခမ်းခြောက်နေရင်ဘယ်လိုကုသကြမလဲ 👄
-----------------------------------------------
✅(1) Lip balm , lip stick တို့သုံးပေးခြင်း
- သုံးဖို့ ရွေးချယ်တဲ့အခါ Date လွန် (Expired) နေတာတွေ ၊ [ Camphor , Eucalyptus , Flavoring:( Cinnamon, citrus, mint, and peppermint flavors can be especially irritating to dry , chapped lips ) , Fragrance , Lanolin, Menthol , Octinoxate or oxybenzone , Phenol (or phenyl), Propyl gallate , Salicylic acid ] တို့ပါတာတွေ ရှောင်ရပါမယ် ။
- သဘာဝပစ္စည်း အသီးအနှံ အစေ့အဆံ တွေနဲ့ ပြုလုပ်ထားတာတွေ [ Castor seed oil , Ceramides , Dimethicone , H**p seed oil , Mineral oil , Petrolatum , Shea butter , Sun-protective ingredients ( such as titanium oxide or zinc oxide ) , White petroleum jelly ] ပါတာတွေ ကတော့ အကောင်းဆုံးပေါ့ ။
[ ⚠️ သို့သော် ဘာသုံးသုံး ဓါတ်မတည့်မှု allergy ကိုတော့ သတိပြုရမယ်နော် ။
⚠️ ဓါတ်မတည့်ဖြစ်ပြီး ယားယံခြင်း၊ အဖုအပိတ်တွေ ထလာရင်တော့ - သုံးနေတဲ့ ပစ္စည်းကို ရပ်ပြီး ဆေးဆိုင်မှာ 1 % hydrocortisone cream ဝယ်ပြီး တနေ့ ၃ ကြိမ် ပါးပါးလိမ်းပေးပါ
⚠️ ယားရင်တော့ burmeton သို့မဟုတ် cetrine တလုံး ကို ညဘက် သောက်ပေးပါ
မသက်သာသေးရင်တော့ နီးစပ်ရာ ဆေးခန်းမှာ ဆေးကုသမှု ခံယူပါ
⚠️ နောက်ပြီး အဲပါဝင်ပစ္စည်းတွေကို နောက်တခါ မလိမ်းမိဖို့ အရေးကြီးဆုံးပါ ]
✅(၂) အိမ်တွင်းကုထုံး
လျှားစောင်း - တည့်ရင် လိမ်းအိပ်ပေးလို့ရ
အုန်းဆီ - ပါးပါးလိမ်းပြီး အိပ်လို့ရ
သခွားသီး - ပါးပါးလှီး ၁၅ မိနစ်ကပ်ပြီး ရေပြန်ဆေးချ လုပ်ပေးလို့ရ
သကြားနှင့် ပျားရည် - mix လုပ်ပြီး Scrub လုပ်သလို ညင်ညင်သာသာ ပွတ်ပေးလို့ရ
( ⚠️ ၁ ပတ် ၂ ကြိမ်သာ ⚠️ အရမ်းမပွတ်ရပါ )
✅(၃) အလှအပပိုင်းဆိုင်ရာ ကုထုံး
- tissue jelly ( HA filler ) နဲ့ လိုရာ ပုံသွင်းခြင်း ၊ ရေဓါတ် ဖြညိ့ခြင်းတွေ လုပ်လို့ရပါတယ်
•••••••••
⚠️ " prevention is better than cure “ ⚠️
ဖြစ်မှကုတာထက် မဖြစ်အောင် ဂရုစိုက်ရအောင်
✅ ဆောင်ရန် -
- တနေ့ရေ 3L သောက်မယ်
- အဝါရောင် သန့်ရှင်းလတ်ဆတ်သောအသီးအနှံတွေ (ဥပမာ - သရက်သီး, ငှက်ပျောသီး), အစိမ်းရောင် သန့်ရှင်းလတ်ဆတ်သော အသီး (ဥပမာ - ထောပတ်သီး, ကီဝီ) တို့ စားပေး
- အစေ့အဆံ ( almonds ,သီဟိုစေ့ ) များများ စားပေး
- အဆီပါတဲ့ ငါး (သို့) ငါးကြီးဆီ Omega 3 တို့ စားပေးပါ။
- တနေ့ ၆-၇ နာရီလောက်အိပ်
- Stress ကို တတ်နိုင်သမျှ လျော့
- Vitamins ချို့တဲ့ရင်တော့ အားဆေးတွေ ဆရာဝန်နဲ့ တိုင်ပင်ပြီး သောက်ပါ
- နှုတ်ခမ်းအတွက် မနက်ကို Moisturizer , Suncream SPF 15 လောက်ပါတာကို လိမ်းပေးရမယ်
- ညဆိုရင် နှုတ်ခမ်းနီ ဖျက်မယ် ပြီးရင် အုန်းဆီ , almond oil , moisturizer တခုခု သို့မဟုတ် အိမ်တွင်းကုထုံး တခုခု လိမ်းအိပ်ပေးလို့ရ
❌ ရှောင်ရန် -
- အရက် ဘီယာ ဆေးလိပ် Coffee လျော့သောက်
- အပူအစပ် အလွန်အကျွံစားတာ လျော့
- နှုတ်ခမ်း ခဏခဏ ပွတ်တာ ကိုင်တာ ရှောင်ရမယ်
•••••••••
အားလုံးပဲ့ စိုပြေတဲ့ နှုတ်ခမ်းသားလေးတစုံ ပိုင်ဆိုင်နိုင်ကြပါစေ ။ 👄
မေတ္တာဖြင့်
Dr.Naing
Crd #အရေပြားနှင့်အလှအပ #နှုတ်ခမ်း
24/12/2020
သုံးရက်အတွင်း ၃ - ၆ ပေါင်အထိ အမြန်ဆုံးဝိတ်ချနည်း📌
ဒီနည်းနဲ့ ဝိတ်ချရင် သုံးရက်အတွင်း သုံးပေါင်ထက်မက
ကျနိုင်ပါတယ်😌 စားသောက်ရမယ့်ရက်ကလည်း
သုံးရက်တည်းပဲနော် 😉
ကစီဓာတ်က်ို လုံးဝလျှော့ချပြီး အသီးနဲ့ အသားကို အစားထိုးစားသောက်စေတာပါ ✅
လေ့ကျင့်ခန်းမပါလို့ လိုက်လုပ်သူတွေ သဘောကျကြ
မယ်လို့ထင်ပါတယ် 😒
ဒီနည်းလမ်းလေးက အာဟာရဓာတ်ကို ကယ်လိုရီ ၁၀၀၀
လောက်သာ ဝင်စေပါတဲ့ green tea လက်ဖက်စိမ်းရည်ကို
အမြဲသောက်ဖို့ လိုပါတယ်😉
ရေကြိုက်သလောက် သောက်နိုင်ပြီး🥛🥛
ကျန်တာကတော့ ကြက်ဥကို အဓိကစားရတာဖြစ်ပါတယ်
သတိပြုရန်🚫
ကြက်ဥပြုတ်တလုံးမှာ🥚 ကယ်လိုရီ (၁၅၀)လောက်ပါတယ်
အသားကနေ🍗 ကယ်လိုရီ (၁၂၀-၁၆၀)ကြားပါ
ပန်းသီးတလုံးမှာ🍎 ကယ်လိုရီ ၁၀၀ လောက်ပါပါတယ်
စုစုပေါင်း ကယ်လိုရီ (၁၀၀၀)လောက်သာ နေ့စဉ်ဝင်တာ
ဖြစ်လို့ သုံးရက်ပြီးရင်ဆက်မလုပ်ပါနဲ့ ရက်အနည်းငယ်ခြားပါ
အသက်ကြီးရင့်သူတွေ လုပ်တဲ့အခါ သတိထားသင့်ပါတယ် လူငယ်လူရွယ်တွေ လိုက်လုပ်နိုင်ပါတယ် သေချာလုပ်နိုင်ရင် သုံးရက်အတွင်း ၃-၆ပေါင်ထိ ဝိတ်ကျစေနိုင်ပါတယ်😍😍
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Station Street
Pathein
