La Espanola
We care for your hair and skin!
05/02/2022
မိန်းကလေးတိုင်း နူးညံ့ပျော့ပျောင်းတဲ့ ဆံကေသာနဲ့ စိုပြည်တဲ့ အသားအရေကို ပိုင်ဆိုင်လိုကြပါတယ်.
La Espanola စပိန်မလေးရဲ့ သံလွင်ဆီဗူးနီဟာ သဘာဝသံလွင်သီးကနေ အဓိကထုတ်လုပ်ထားပြီး ဆံကေသာကို နူးညံ့ပျော့ပျောင်းစေတဲ့ အစွမ်းသတ္တိအပြင် အသားအရေကိုပါ စိုပြည်စေတာမို့လို့ အလှအပအတွက် အလွန်အသုံးဝင်ပါတယ်
La Espanola စပိန်မလေးရဲ့ သံလွင်ဆီဗူးနီကို အိမ်မှာအမြဲဆောင်ထားပြီး နူးညံ့ပျော့ပျောင်းတဲ့ ဆံကေသာနဲ့ စိုပြည်တဲ့ အသားအရေကို ပိုင်ဆိုင်ရယူလိုက်ကြရအောင်နော်
အသေးစိတ်ကို
09-952250228
09-953372029
09-953389473
ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်
28/01/2021
ပျိုမေတို့ စကပ် ၊ ဘောင်းဘီအတိုဝတ်တဲ့အခါ ဒူးဆစ်လေးတွေ ညိုမည်းနေရင် ကိုယ့်ကိုကိုယ်ယုံကြည်မှုလျော့နည်းစေတယ်လေ…. ☹️
ဒါဆိုရင် La Española သံလွင်ဆီ ၊ ပျားရည် နဲ့ သကြားညိုတို့ကို လက်ဖက်ရည်ဇွန်း (၁) ဇွန်းဆီထည့်ပြီး ခွက်တစ်ခွက်ထဲ ရောမွှေလိုက်ပါ..
မည်းညစ်နေတဲ့နေရာနားကို စက်ဝိုင်းပုံသာသာ (၁၅)မိနစ်လောက်ပွတ်တိုက်ပေးပြီး ရေနွေးနွေးလေးနဲ့ ပြန်ဆေးလိုက်ရုံပါပဲ…
ဒီနည်းလမ်းအတိုင်း တစ်ပတ်(၂)ကြိမ် ပြုလုပ်ပေးမယ်ဆိုရင် သိသာတဲ့ ရလဒ်ကောင်းကို ပိုင်ဆိုင်နိုင်မှာပါနော်…. 🥰
La Española နဲ့ OLIO Plus နှစ်မျိုးတည်းသုံးပြီး ဆံသားထိန်းသိမ်းဖို့ ခေါင်းလျှော်နည်းလေးပြောပြပေးမယ်နော်..
- အရင်ဆုံးခေါင်းမလျှော်ခင် နာရီဝက်အလိုမှာ La Esponla သံလွင်ဆီဗူးအနီကို ဦးခေါင်းတစ်ခုလုံးနှံ့အောင်လိမ်းပေးပြီး သေသေချာချာနှိပ်နယ်ပေးပါ.
- ပြီးရင်တော့ ကိုယ်သုံးနေကျခေါင်းလျှော်ရည်လေးနဲ့လျှော်ပေးပါ.
- ခေါင်းလျှော်ပြီးသွားပြီဆိုရင်တော့ တဘတ်နဲ့ရေသုတ်ပြီး မခြောက်တခြောက်အနေအထားမှာ OLIO Plus Hair Coat + Serum (ဆံသားအားဖြည့်ဆီ) ကို ဆံသားအရင်းကနေအဖျားအထိ သေသေချာချာလိမ်းပေးပါ.. လိမ်းပြီးသွားပြီဆိုရင်တော့ ကိုယ့်စိတ်ကြိုက် ပုံသွင်းလို့ရပါပြီ..
La Esponla သံလွင်ဆီဗူးအနီက ဆံကေသာကိုနက်မှောင်သန်စွမ်းစေပြီး Olive & Argan Oil အဓိကပါဝင်တဲ့ OLIO Plus Hair Coat + Serum (ဆံသားအားဖြည့်ဆီ) က ဆံပင်ပျက်စီးခြင်းလက္ခဏာ (၄)မျိုး (ဆံပင်ဖွာခြင်း၊ နီကြောင်ကြောင်ဖြစ်ခြင်း၊ ဆံသားခြောက်သွေ့ကြမ်းတမ်းခြင်း၊ ဆံပင်အရောင်မွဲခြောက်ခြင်း) နဲ့ ဆံပင်ကျွတ်ခြင်းတွေကိုလည်း ကြိုတင်ကာကွယ်ပေးနိုင်တဲ့အပြင် ဆံကေသာလေးတွေကို စေးကပ်မှုမရှိဘဲ ဆံသားကိုပိုမိုတောက်ပြောင်စေပြီး ရနံ့သင်းသင်းနဲ့ အလွယ်တကူပုံသွင်းနိုင်ပါတယ်..
ဆောင်းရာသီမှာ နှုတ်ခမ်းသားလေးတွေခြောက်နေလို့ စိတ်ညစ်နေပြီလား ? ☹️
နှုတ်ခမ်းသားလေးတွေ ပန်းရောင်သမ်းစေဖို့အတွက် မျှဝေပေးမယ့် နည်းလမ်းလေးကတော့ အချိန် (၁၀) မိနစ်ပဲ လိုတဲ့ နည်းလေးပါနော်…
La Española သံလွင်ဆီကို သကြားညို နဲ့ရောပြီး နှုတ်ခမ်းသားပေါ်မှာ (၁၀)မိနစ်လောက် ညင်သာစွာပွတ်ပြီး လိမ်းပေးပါ..
အချိန်ပြည့်သွားရင် ရေလေးနဲ့ ပြန်ဆေးပြီး La Española သံလွင်ဆီပါးပါးလေးထပ်လိမ်းပေးမယ်ဆိုရင် နှုတ်ခမ်းသားလေးတွေ စိုပြည်စေပါတယ်…
အလှအပရေးရာနဲ့ ကျန်းမာရေးအတွက် La Española စပိန်မလေးသံလွင်ဆီက ပျိုမေတို့အတွက် မရှိမဖြစ်ပါပဲရှင်…. ❤️
18/01/2021
မိန်းကလေးတိုင်း နူးညံ့ပျော့ပျောင်းတဲ့ ဆံကေသာနဲ့ စိုပြည်တဲ့ အသားအရေကို ပိုင်ဆိုင်လိုကြပါတယ်... ☺️
La Española စပိန်မလေးရဲ့ သံလွင်ဆီဗူးနီဟာ သဘာဝသံလွင်သီးကနေ အဓိကထုတ်လုပ်ထားပြီး ဆံကေသာကို နူးညံ့ပျော့ပျောင်းစေတဲ့ အစွမ်းသတ္တိအပြင် အသားအရေကိုပါ စိုပြည်စေတာမို့လို့ အလှအပအတွက် အလွန်အသုံးဝင်တယ်လေ..
La Española စပိန်မလေးရဲ့ သံလွင်ဆီဗူးနီကို အိမ်မှာအမြဲဆောင်ထားပြီး နူးညံ့ပျော့ပျောင်းတဲ့ ဆံကေသာနဲ့ စိုပြည်တဲ့ အသားအရေကို ပိုင်ဆိုင်ရယူလိုက်ကြရအောင်… 😍
14/01/2021
ဆောင်းတွင်းမှာ အဆီပြန်တတ်တဲ့အသားအရေအတွက် မိနစ်(၃၀) အချိန်ပေးရုံနဲ့ စိုပြည်ဝင်းပတဲ့ အသားအရေလေးပိုင်ဆိုင်နိုင်မယ့် နည်းလမ်းကောင်းလေး ဝေမျှပေးချင်ပါတယ်…. 😍
ပါဝင်ပစ္စည်း
La Española သံလွင်ဆီ ထမင်းစားဇွန်း (၂)ဇွန်း 🫒
သကြား ထမင်းစားဇွန်း(၁)ဇွန်း 🥄
ကော်ဖီမှုန့် ထမင်းစားဇွန်း (၂)ဇွန်း
ပျားရည် ထမင်းစားဇွန်း (၂)ဇွန်း 🍯
ပြုလုပ်နည်း
၁။ La Española သံလွင်ဆီ ၊ သကြား၊ ပျားရည် နဲ့ ကော်ဖီမှုန့်တို့ကို ပန်းကန်လုံးတစ်လုံးထဲမှာ ထည့်ပြီး ရောမွှေလိုက်ပါ...
၂။ ပြီးရင် ရောမွှေထားတဲ့ အနှစ်လေးနဲ့ မျက်နှာပေါ်ကို ညင်သာစွာပွတ်တိုက်ပေးပါ...
၃။ မိနစ် (၂၀)လောက်ထားပြီး ရေပြန်ဆေးချလိုက်ပါ...
၄။ နောက်ဆုံးအနေနဲ့ scrub လုပ်ထားတဲ့အတွက်ကြောင့် မျက်နှာကို ရေဓာတ်ပြန်ပြည့်အောင် La Española သံလွင်ဆီ ပါးပါးလေးလိမ်းပြီးရင်တော့ နူးညံ့စိုပြည်တဲ့အသားအရေလေး ပိုင်ဆိုင်နိုင်ပါပြီရှင့်… 🥰
11/01/2021
La Española ချစ်သူတို့ရေ…သံလွင်ပင်တစ်ပင်ရဲ့ သက်တမ်းက ပျမ်းမျှဘယ်လောက်ကြာရှင်သန်လဲ သိကြလား ? 🤔
1. နှစ် ၁၀၀၀
2. နှစ် ၁၅၀၀
3. နှစ် ၂၀၀၀
ပါဝင်ယှဥ်ပြိုင်တဲ့သူတွေထဲကမှ အဖြေမှန်တဲ့ ကံထူးရှင် (၃) ဦးကို ဖုန်းဘေလ် (၅၀၀၀) ကျပ်တန် ငွေဖြည့်ကဒ် တစ်ကဒ်စီ လက်ဆောင်ပေးသွားမှာပါနော်…
07/01/2021
ပျိုမေတို့ရေ….
အပြင်ထွက်တဲ့အခါ UV ဒဏ် ၊ လေထုညစ်ညမ်းခြင်းနဲ့ နေပူဒဏ်တွေကြောင့် ဆံပင်အရောင်မွဲခြောက်ပြီး ကြမ်းတမ်းပျက်စီးတတ်ပါတယ်….
ဒီလို ပြဿနာတွေမဖြစ်အောင်ကြိုတင်ကာကွယ်ဖို့ OLIO Plus Hair Coat + Serum (ဆံသားအားဖြည့်ဆီ)ရှိပါတယ်နော်… 😍
ဆံကေသာပျက်စီးခြင်းတွေကို ကာကွယ်ဖို့အတွက် နည်းလမ်းကောင်းလေးကတော့ ခေါင်းလျှော်ပြီး ဆံပင်မခြောက်တခြောက်အနေအထားမှာ OLIO Plus Hair Coat + Serum (ဆံသားအားဖြည့်ဆီ) ကို လိမ်းပေးပါ.
နောက်ပြီး အပြင်မထွက်ခင်အချိန်မှာလည်း OLIO Plus ကို ဆံသားပေါ် ပါးပါးလေးလိမ်းပေးလို့လည်းရပါတယ်…
ကိုးရီယားနိုင်ငံမှ ထုတ်လုပ်ထားတဲ့ OLIO Plus Hair Coat + Serum (ဆံသားအားဖြည့်ဆီ) မှာ အာဂန် အဆီအနှစ်တွေနဲ့ သံလွင်သီးရဲ့ အဆီအနှစ်တွေ ပါဝင်တာကြောင့် ပုံမှန်လေးလိမ်းပေးမယ်ဆိုရင်
- ဆံသားစေးကပ်မှုမရှိဘဲ ဆံကေသာကို ပိုမိုတောက်ပြောင်စေပါတယ်...
- ရနံ့သင်းသင်းလေးနဲ့ ဆံကေသာကိုအမြဲပုံကျ လှပစေပါတယ်…
- UV ဒဏ် နှင့် ပတ်ဝန်းကျင်လေထုညစ်ညမ်းမှုကြောင့် ဆံပင်ပျက်စီးခြင်း လက္ခဏာ (၄) မျိုး (ဆံပင်ဖွာခြင်း၊ နီကြောင်ကြောင်ဖြစ်ခြင်း၊ ဆံသားခြောက်သွေ့ကြမ်းတမ်းခြင်း၊ ဆံပင်အရောင်မွဲခြောက်ခြင်း) နှင့် ဆံပင်ကျွတ်ခြင်းတို့မှလည်း ကြိုတင်ကာကွယ်ပေးနိုင်ပါတယ်
- ဒါကြောင့် ပျိုမေတို့ ဆံကေသာလေးအမြဲလှပနေစေဖို့အတွက် OLIO Plus Hair Coat + Serum (ဆံသားအားဖြည့်ဆီ) ကိုလိမ်းပေးဖို့ မမေ့ကြနဲ့နော်.. 🧡
04/01/2021
ရာသီဥတုအပြောင်းအလဲကြောင့် ဆံကေသာခြောက်သွေ့ကြမ်းတမ်းပြီး ဆံသားမာဆတ်ဆတ်ဖြစ်နေတတ်ပါတယ်…. ☹️
အချိန် အနည်းငယ်ပေးရုံနဲ့ ဆံကေသာပြန်လည်ကောင်းမွန်လာစေမယ့် နည်းလမ်းကောင်းလေးတစ်ခုဝေမျှပေးမယ်နော်….
ပါဝင်ပစ္စည်း
La Española သံလွင်ဆီ လက်ဖက်ရည်ဇွန်း (၂) ဇွန်း 🫒
ကြက်ဥ (၁)လုံး 🥚
ငှက်ပျောသီး (၁)လုံး 🍌
ပျားရည် လက်ဖက်ရည်ဇွန်း (၂) ဇွန်း 🍯
မရောနစ် လက်ဖက်ရည်ဇွန်း (၁) ဇွန်း 🥄
ပြုလုပ်နည်း
၁။ ပါဝင်ပစ္စည်းအားလုံးကို ပန်းကန်လုံးထဲထည့်ပြီး ရောမွှေလိုက်ပါ..
၂။ ပြီးရင်ဦးရေပြားအနှံ့လိမ်းကာ နှိပ်နယ်ပေးပြီး နာရီဝက်လောက်ပေါင်းတင်ထားလိုက်ပါ
၃။ အချိန်ပြည့်သွားရင် ကိုယ်နှစ်သက်ရာ ရှန်ပူနဲ့ ခေါင်းပြန်လျှော်လိုက်ရုံပါပဲ…
၄။ ခေါင်းခြောက်သွားတဲ့အခါ ဆံသားပိုမိုနူးညံ့အောင် La Española စပိန်မလေးသံလွင်ဆီ ပါးပါးလေးလိမ်းပေးဖို့လည်း မမေ့နဲ့ဦးနော်…
ဒီနည်းလမ်းလေးအတိုင်း တစ်ပတ်(၁)ကြိမ် ပြုလုပ်ပေးမယ်ဆိုရင် နူးညံ့ပျော့ပျောင်းတဲ့ဆံကေသာကို ပိုင်ဆိုင်နိုင်ပါပြီရှင့်… 🥰
01/01/2021
2021 နှစ်သစ်မှစပြီး တစ်နှစ်ပတ်လုံး ကျန်းမာလှပခြင်း နှင့် ကံကောင်းခြင်းများ ပိုင်ဆိုင်နိုင်ကြပါစေလို့ La Española စပိန်မလေးသံလွင်ဆီက နှစ်သစ်ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင့်… 🙏
Happy New Year ပါ La Española ချစ်တို့ရေ... 🎉
အေးမြတဲ့ဆောင်းရာသီမှာ ချစ်ရသူတွေနဲ့အတူတူ အမှတ်တရဖြစ်စေမယ့် အချိန်လေးတွေဖန်တီးရင်း ကျန်းမာလှပတဲ့ဆံကေသာနဲ့ စိုပြည်တဲ့အသားအရေကို အမြဲထာဝရပိုင်ဆိုင်နိုင်ပါစေလို့ La Española စပိန်မလေးက ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင့်… 🙏
28/12/2020
နှစ်ပေါင်း(၁၈၀)ကြာသည့်တိုင်အောင် La Española စပိန်မလေးရဲ့ သံလွင်ဆီဗူးနီဟာ ယနေ့ထက်ထိ ပျိုမေတို့ရဲ့ အသည်းစွဲဖြစ်နေတာ ဘာကြောင့်လဲ?? 🤔
အရည်အသွေးကောင်းမွန်ပြီး သဘာဝမှရရှိတဲ့ လတ်လတ်ဆတ်ဆတ် သံလွင်သီးကိုသာ အသုံးပြုထားတာကြောင့် ပျိုမေတို့ရဲ့ ဆံကေသာရော အသားအရေအတွက်ပါ အများကြီးအထောက်အကူပြုစေတယ်လေ…
ဒီလို ကောင်းမွန်တဲ့ အရည်အသွေးကြောင့် ပျိုမေတို့ရဲ့ စိတ်ထဲမှာ La Española စပိန်မလေးရဲ့ သံလွင်ဆီဗူးနီလေးက အမြဲနေရာယူနေတာပေါ့… ☺️
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
190, 39th Street , Middle Block, Kyauktada
Pazundaung
11182
