Myint Myint Htwe

Myint Myint Htwe

Share

onlineshopping

23/06/2022

နေရာတကာ..အရေးပါချင်နေတဲ့ငါက..
မင်းအတွက်အရေးမပါဘူးမလား

21/06/2022

အဲ့ဒီအမျိုးသမီးလက်ကိုဆွဲပြီး ကျွန်မကို မလွမ်းပါနဲ့ ...

ချစ်ခဲ့ကြတယ်ဆိုတဲ့ အတိတ်ကို အတိတ်မှာပဲ ထားခဲ့လိုက်တာ ကောင်းပါတယ် ။ ကျွန်မမျက်ရည်နဲ့ တားနေတဲ့ကြားက ထွက်သွားကတည်းက ရှင်နဲ့ကျွန်မက ဘာမှ မဆိုင်တော့ဘူးလေ ။ လွမ်းနေမယ်ဆိုရင် တိတ်တိတ်လေးပဲလွမ်းတယ် ချစ်နေတယ်ဆိုရင် တိတ်တိတ်လေးပဲ ချစ်တယ် ။ အနီးအနားကို ဘယ်တော့မှ လာတော့မှာမဟုတ်ဘူး ပြီးတော့ ကျွန်မကိုလေ အဲ့ဒီ အမျိုးသမီးလက်ကိုဆွဲပြီး လွမ်းနေတာမျိုး သဘောမကျဘူး ။

ယောက်ျားတစ်ယောက်ပဲလေ ဟုတ်တယ်မလား ။ ကိုယ်ပျော်ရမယ်ထင်ပြီး လျှောက်ခဲ့တဲ့လမ်းမှာ မပျော်လဲ ပျော်သလိုပဲနေပါ ပြန်မတမ်းတနဲ့ ပြန်မလွမ်းပြနဲ့ ပြီးတော့ ချန်ထားရစ်ရဲတဲ့ သတ္တိတွေရှိရင် ဘာဖြစ်မလဲဆိုပြီး စိတ်တွေမပူရဲတဲ့ သတ္တိလဲရှိရမှာပေါ့ ။ ကျွန်မ အဆင်ပြေမနေဘူးဆိုပေမယ့် ပျော်အောင်နေတယ် ကျွန်မ မပျော်ဘူးဆိုပေမယ့် ပြုံးပြီးနေတယ် ကျွန်မ ဘယ်လိုမှ ပျော်အောင်နေမရတော့တဲ့အခါ ဘယ်သူမှ မသိအောင် တိတ်တိတ်လေး ငိုတယ် ။ ဒီလောက်ပဲ ။

ကျွန်မ ရှင့်ကို မလိုအပ်တော့ဘူး ပြန်ပြီးတော့မှလဲ မလိုချင်တော့ဘူး ။ အများကြီး လိုအပ်ခဲ့ပြီးသွားပြီ ... အများကြီး လိုချင်ခဲ့ပြီးသွားပြီ ။ ဒါပေမယ့် ဒီအချိန်မှာတော့ ဘာဆိုဘာမှ ရှိမနေတော့ဘူး ။ အများကြီး ငိုခဲ့ပြီးသွားပြီ ရှင်နဲ့ပတ်သက်ပြီး ထပ်ငိုစရာ မျက်ရည်တွေလဲ ကျန်မနေတော့ဘူး ။ ချစ်ခဲ့ဖူးတယ်ဆိုတဲ့ အတိတ်ကလဲ အတိတ်မှာပဲ ကျန်ခဲ့ပါပြီ ။

ချန်ထားခဲ့ပြီးမှတော့ ... ဘာလို့ပြန်လှည့်ကြည့်နေမှာလဲ အဲ့ဒီအမျိုးသမီးရဲ့ လက်ကိုဆွဲပြီးမှ ကျွန်မကို ပြန်လွမ်းမနေပါနဲ့ ။ သူမကို ပိုချစ်လို့ ရွေးခဲ့တာပဲ သူ့ကိုပဲ ပိုချစ်လိုက်တာကောင်းပါတယ် ။ သူမ နဲ့ အတူရှိတာက ပိုပျော်ဖို့ကောင်းမယ်ထင်လို့ မျက်ရည်နဲ့တားနေတဲ့ကြားက ထွက်သွားခဲ့တာပဲ ပျော်အောင်နေပါ ။ မပျော်လဲ ပြန်မလာပါနဲ့ ... အဆင်မပြေလို့လဲ ပြန်မလွမ်းပါနဲ့ ကျွန်မက တစ်ပွင့်တည်းလဲ အလှဆုံး ပွင့်တတ်တယ်လေ ... အမှီအခိုတွေ မလိုအပ်ဘူး..🙂🙂🙂

20/06/2022
Want your business to be the top-listed Beauty Salon in Pyinmana?
Click here to claim your Sponsored Listing.

Category

Website

Address


Nay Pyi Taw
Pyinmana