PP by beauty caring

PP by beauty caring

Share

care for your beauty & health

25/12/2022

🥰🥰🥰

Photos from PP by beauty caring's post 19/12/2022

" မနက်ဖြန်ကျရောက်မဲ့ မွေးနေ့တွက် Happy birthday နော်
ချစ်လားမေးတာ မချစ်ဖူးလို့ဖြေမိလို့ စိတ်မဆိုးပါနဲ့
ဒီထက်မကပိုပိုချစ်သွားပါမယ် ..."

‌ဆိုပြီး SG လေးလာပေးထားပါတယ်
ကြိုက်တဲ့အရောင်လေး လာရွေးပေးပါအုံးနော်🙈

Photos from PP by beauty caring's post 04/11/2022

မျက်နှာလေးကို ဖြူဖွေးအိစက်နေအောင်
WHITEMUD Cream လေးနဲ့ပေါင်းတင်ကြမယ်😀...

Healthy Shop ကထုတ်လုပ်တဲ့
ဒီ Face Whitemud Cream လေးက သဘာဝထုတ်ကုန်တွေနဲ့
အဓိကပေါင်းစပ်ထုတ်လုပ်ထားတာကြောင့်
မျက်နှာအသားအရေကို ဖြူဖွေးနူးညံ့ပြီး
လန်းဆန်းစိုပြေစေတယ်😀...

Cream လေးက သုံးမျိုးရှိတာမို့ တစ်ခုချင်းစီအကြောင်းကို
ပြောပြပေးမယ်နော်☺...

🍅Tomato Face White Mud Cream
သူလေးနဲ့ပေါင်းတင်ပြီဆိုရင် မျက်နှာအသားအရေကို
တင်းရင်းလှပစေပြီး၊ မျက်နှာမှာကပ်ငြိနေတတ်တဲ့
ဘက်တီးရီးယားပိုးမွှားတွေကို သေစေတဲ့အပြင်
မျက်နှာလေးကိုလည်း နူးညံ့စိုပြေစေတယ်☺...

🍋Lemon Face Whitemud Cream
ဝက်ခြံနဲ့ ဆားဝက်ခြံတို့ထွက်ရသည့် အဓိကအကြောင်းဖြစ်တဲ့
မျက်နှာပေါ်မှာရှိတဲ့ အညစ်အကြေးတွေကို ချွေးပေါက်တွေထဲထိ
နက်နက်ရှိုင်းရှိုင်း သန့်စင်ပေးတယ်😉...

Lemon နံ့လေးသင်းနေတာမို့ လန်းဆန်းပေါ့ပါးမှုကိုလည်း ဆောင်ယူလာပေးတယ်လေ...

🍑Apricot Face Whitemud Cream
မက်မွန်သီးရဲ့ အဆီအနှစ်တွေပါဝင်တာကြောင့်
မျက်နှာအရေပြားအတွင်းက ပျက်ဆီးနေတဲ့ ဆဲလ်သေတွေကိုဖယ်ရှားပေးပြီး၊ ဆဲလ်အသစ်တွေကို ပြန်လည်တည်ဆောက်ပေးတယ်လေ...။

ဒီ Creamတွေ နဲ့မျက်နှာပေါင်းတင်ရင် ကျန်းမာနုပျိုပြီး
ဖြူဝင်းလှပတဲ့ မျက်နှာလေးကို အမြဲပိုင်ဆိုင်နိုင်ပြီပေါ့...

တစ်ပတ်မှာ ၂ကြိမ်လောက် ပုံမှန်ပေါင်းတင်ပေးရင်
မျက်နှာလေးကို ဖြူဖွေးအိစက်ပြီး လန်းဆန်းနေစေတယ်😍...

ဘယ်လိုပေါင်းတင်ရမလဲဆိုရင်
မျက်နှာလေးကို Cleasing လုပ်ပြီးတာနဲ့
မျက်နှာ၊ လည်ပင်းစတဲ့ နေရာတွေကိုCream လိမ်းပြီး
မိနစ် ၃၀ ပြည့်တာနဲ့ ရေနွေးလေးနဲ့ပြန်ဆေးလိုက်ရုံပဲ😉...

Photos from Healthy Shop - Paris's post 05/09/2022

🤭🤭

30/08/2022

skin care မသုံးခင် ဘာသိရမလဲ

(၁) Toner
Tonerဆိုတာ မျက်နှာသန့်စင်တဲ့ အရည်ကြည်တမျိုးဖြစ်ပါတယ်။ တိုနာအာနိသင်က အညစ်အကြေးကို အဓိကဖယ်ရှားသန့်စင်ပေးတာ ဖြစ်တယ်။ မျက်နှာသစ်တွေသုံးပြီး ကျန်နေနိုင်တဲ့ အညစ်အကြေးကို ဗာတိုနာက ကောင်းကောင်းဖယ်ရှားပေးနိုင်တယ်။ နောက်ပြီး မျက်နှာအဆီပေါက်တွေကို ကျဉ်းစေတာမို့ အဆီပြန်ခြင်း ကင်းစင်စေတယ်။ အထူးသဖြင့် မိတ်ကပ်သုံးသူအများစုဟာ တိုနာသုံးသင့်တယ်။

(၂) Mist
Mist ဆိုတာ အရည်တမျိုးပဲ။ toner နဲ့နည်းနည်းဆင်တယ်။ ဒါပေမယ့် အာနိသင်မတူညီပါဘူး။ mist ထဲမှာ သဘာဝဆီ၊ ပန်းဆီ၊ အလှဆီနဲ့ ရေဓာတ် တို့ပါလေ့ရှိတယ်။ အာနိသင်က အရေပြား pH ကို မှန်စေတယ်။ အစိုဓာတ်ကို ထိန်းပေးပြီး မျက်နှာပြင်ကို အေးမြစေတယ်။ ပုလင်းနဲ့လာပြီး အရှေ့တိုင်းသားတွေကို မျက်နှာခြောက်သွေ့တဲ့အခါ ဖြန်းလေ့ရှိတယ်။ နွေရာသီမှာ အဓိက အသုံးဝင်တယ်။ တချို့က မိက်ကပ်မလိမ်းခင် ကြိုလိမ်းတတ်ကြတယ်။

(၃) Essence
essence က အားလုံးထဲမှာ ပြင်းအားအနည်းဆုံးပဲ။ ပုံမှန်အားဖြင့် ရေသာသာ အရည်ကြည်တမျိုးပဲ။ တချို့က treatment water လို့ခေါ်တယ်။ အရေပြားကို အဓိကပြုပြင်ပေးတယ်။ အမျိုးအစား သုံးမျိုးလာတယ်။
• whitening essence ဆိုတာ မျက်နှာ ဝင်းမွတ်တောက်ပတဲ့ နေရာမှာ သုံးတယ်။
• pore control essence ကတော့ အဆီပြန်ခြင်းကို ထိန်းချုပ်တဲ့ နေရာမှာ အသုံးဝင်တယ်။
• skin repairing essence က အရေပြားကို ပြုပြင်ပေးတာဖြစ်တယ်။

(၄) Serum
Serum က essenceထက် ဓာတုပါဝင်မှုပိုများတယ်။ နည်းနည်းပိုပြစ်တယ်။ ဒါ့ကြောင့် essenceထက် စျေးအနည်းငယ်ပိုတယ်။ serumက အရေပြားအတွင်းပိုင်းထိ စိမ့်ဝင်စေပြီး အသားရောင်ကို ကြည်လင်ဝင်းပစေတယ်။ လေထုညစ်ညမ်းမှုကြောင့် အရေပြားပျက်ဆီးတာကို ကာကွယ်နိုင်တယ်။ အစိုဓာတ်ထိန်းပေးနိုင်ပေမယ့် moisturizer နဲ့ သဘာဝချင်း လုံးဝမတူပါ။ moisturizerက အရေပြားအပေါ်ယံကို ပြင်ပလေထု၊ ရာသီဥတုနဲ့တိုကိရိုက်မထိအောင် အလွှာပါးတခုနဲ့ ကာကွယ်ပေးတဲ့ သဘောသာဖြစ်တယ်။ Serum ကတော့ အရေပြားအတွင်းပိုငိးထိ နက်ရှိုင်းစွာ ဝင်ရောက်ပြီး အသားအရေနူူညံ့စေတာဖြစ်တယ်။ serum က အရေပြားတွန့်တာကို ကာကွယ်ပေးနိုင်ပေမယ့် လူတိုင်း serum သုံးလို့ရပါတယ်။
serum ထဲမှာ ရေဓာတ်အခြေခံ(water based serum) နဲ့ အဆီအခြေခံ (Oil based serum)ဆိုပြီး နှစိမျိုးရှိတယ်။ Oil based serumတွေထဲမှာ Vitamin C (သို့) retinol လိုမျိုးပါလေ့ရှိတယ်။ အာနိသင်ပေါ်မူတည်ပြီး ထုတ်ထားတဲ့ Serum သုံးမျိုးရှိတယ်။
• anti-aging serumဆိုတာ အရေပြားတွန့်သူ တွေမှာအဓိကသုံးတယ်။
• pore tightening serum ကတော့ ဝက်ခြံထွက်သူ၊ အဆီပြန်သူ၊ အဆီဂလင်းများသူတွေမှာ သုံးတယ်
• brightening serum ကတော့ အရေပြားကို ဝင်းမွတ်စေတဲ့ အမျိုးအစားဖြစိတယ်။
hyaluronic acid, ceramides(အစိုဓာတ်ထိန်းပေး)
water based - မော်လီကျူးသေး၊ moisturizer မလိမ်းမှီ
oil based - မော်လီကျူးကြီး၊ moisturizer လိမ်းပြီး

(၅) Ampoule
Ampoule က ဒီသုံးမျိုးထဲမှာ သူကအရည်အပျစ်ဆုံးနဲ့ ပါဝင်မှုအများဆုံးပဲ။ serum ထက် စျေးနည်းနည်းပိုကြီးတယ်။ ဗီတာမင်နဲ့ အပင်အင်ဇိုင်းတွေ ပါလေ့ရှိတယ်။ အသားအရောင်ကို ညီညာ ချောမွတ်စေပြီး အရေပြားထဲ ပိုမိုစိမ့်ဝင်နိုင်တယ်။ အချိန်တိုအတွင်း အာနိသင်အထိရောက်ဆုံးပဲ။ brightening ampoule က အရေပြားတောက်ပစေဖို့ သုံးတယ်။လိမ်းထားရင် အသားရောင် ကြည်လင်နေတယ်။ collagen ampoule (သို့) wrinkle reducer ampouleက အရေပြားတင်းရင်းစေဖို့ သုံးတယ်။ အထူးသဖြင့် အသက်ကြီးရင့်သူတွေ သုံးနိုင်တယ်။ ပုံမှန်အားဖြင့် မိပ်ကပ်တွေ ကြာရှည်ခံအောင် hydrating (သို့) makeup ampoules တွေကို သုံးတယ်။ အထူးသဖြင့် မင်္ဂလာဆောင်တွေမှာ သုံးကြတယ်။ လေနဲ့ထိရင် ဓာတ်ပြုလွယ်လို့ vial လေလုံတဲ့ပုလင်းထဲ ထားရတယ်။

ပါဝင်တဲ့ပြင်းအား - ampoule > serum> essence .
အပျစ်၊အကျဲ - essence > ampoule > serum

(၆) Booster
booster ဆိုတာ serum/essence မလိမ်းခင်သုံးရတဲ့ပစ္စည်းတမျိုးဖြစ်ပါတယ်။ ဒါပေမယ့် တိုနာသုံးပြီးမှ လိမ်းရတယ်။ booster သုံးခြင်းအားဖြင့် essence/serum ရဲ့အာနိသင်ကို ပိုကောင်းစေတယ်။ အရေပြားအရောင်က ပုံမှန် ကြည်လင်တောက်ပလာတယ်။ မျက်နှာအသားအရောင်ပိုလင်းလာတယ်။

(၇) Floral water
သိပ်ထူးထူးဆန်းဆန်းမဟုတ်ပါဘူး။ ပန်းကို ရေနဲ့ စိမ်ပြီး ပေါငိးစပ်ထားတဲ့ အရညိတမျိုးဖြစ်ပါတယ်။ ဒီအရည်ကို toner, mist (သို့) moisturiser အနေနဲ့လညိး သုံးလို့်ရတယ်။ အရေပြားကို အေးမြစိုစွတိစေတယိ။ ရေဓာတ်ကို နညိးနည်းထိန်းပေးတယ်။ ဒါပေမယ့် moisturiser စစ်စစ်လို အာနိသင်မကောင်းပါ။ ဆောင်းရာသီမျိုးမှာ သိပ်အသုံးမဝင်ပါ။

(၈) Finisher
နောက်ဆုံးမှသုံးလို့ skin finisher လို့လည်း ခေါ်တယ်။ မျက်နှာအရေပြား တောက်ပနေအောင်ပြုလုပ်ပေးတဲ့ ပစ္စည်းဖြစ်ပါတယ်။ တကယ်က အရောင်တင်တဲ့သဘောပါပဲ။ toner, serums/essence/ နဲ့ moisturisers အားလုံးသုံးပြီးနောက်မှ အပေါ်က ထပ်သုံးရတယ်။ အောက်မှာ ခံလိမ်းထားတဲ့ အရေပြားထိန်းပစ္စည်းတွေကို ကြာရှည်ခံအောင် ဖုံးပေးတဲ့သဘောပါပဲ။ အဲဒီရဲ့အပေါ်ကမှာ နေလောင်ကာလိမ်းဆေး၊ foundation၊ မိပ်ကပ်စတာတွေ ဆက်သုံးနိုင်တယ်။ ပုံမှန်အားဖြင့် နေ့ပိုင်းမှာသာ သုံးတယ်။

(၉) Peeling Gel
အရေပြားအပေါ်ယံဆဲလ်ကို ခွာပေးတဲ့ ဂျယ်တမျိုးဖြစ်ပါတယ်။ scrubs လောက် မပြင်းဘူး၊ အပေါ်ယံ epothelium မှာရှိတဲ့ ဆဲလ်သေတွေကို ဖယ်ရှားပေးတယ်။ ပုံမှန်အားဖြင့် အာနိသင်ကောင်းအောင် ညဖက်မှာ သုံးပြီး sheet mask မသုံးခင်သုံးကြတယ်။

skin care
(1) makeup remover
(2) facial foam
(3) toner
(4) serum (essence, ampoule)
(5) eye cream
(6) moisturizer (day cream, night cream, lotion, emulsion, oil)
(7) sunscreen

cosmetic
(1) primer
(2) makeup foundation
(3) concealer
(4) powder
(5) bronzer
(6) blush
(7) eye shadow, eye liner
(8) mascara

ဒေါက်တာ အေးမင်းထူး
အရေပြားအထူးကုဆရာဝန်

25/06/2022

အပူပေးခံရတာချင်းတူတူ ကြက်ဥလိုမာသွားရုံမဟုတ်ပဲ
ကော်ဖီစေ့လို လာပေးတဲ့အပူကိုပါ ကာလာချိန်းပေးလိုက်နိုင်တာ transformation ပါတဲ့




25 June 2022

01/11/2021

💛တော်တော်ကောင်းတဲ့ ဆံပင်ပေါက်နည်း💛

ကြက်သွန်နီရည် - လက်ဖက်ရည် ၃ ဇွန်း (3 tsp)
ဂျင်းရည် - လက်ဖက်ရည် ၃ ဇွန်း (3 tsp)
ကြက်ဆူဆီ - လက်ဖက်ရည် ၂ ဇွန်း (2 tsp)
ရှားစောင်းဂျယ် - လက်ဖက်ရည် ၂ ဇွန်း (2 tsp)
ပျားရည် - လက်ဖက်ရည် ၁ ဇွန်း (1 tsp)
vitamin E oil - လက်ဖက်ရည် ၁ ဇွန်း (1 tsp)

ဆံပင်သဘောက အဆီရှိမှ hair follicle က ရှင်သန်နိုင်တယ်။ follicle ကို ဆဲလ်သေတွေ မပိတ်အောင် ဂရုစိုက်ရမယ်။ ဒါ့ကြောင့် ဦးရေပြား အရမ်းခြောက်သွေ့ပြီး ဆံပင်အဆီ မရှိရင် ဆံပင်ကျွတ်ပါမယ်။ hair dryer တွေ တတ်နိုင်သမျှ ရှောင်ပါ။ ခေါင်းလျှော်တဲ့အခါ ပူတဲ့ရေကို မသုံးဘဲ ရေအေးကိုသာ သုံးပါ။ အုန်းဆီ၊သံလွင်ဆီ နေ့စဉ်လိမ်းပေးသင့်တယ်။

ဒေါက်တာအေးမင်းထူး
၂၈.၁၀.၂၀

(မှတ်ချက်- ဗီတာမင်အီးနဲ့ ရှားစောင်းက မထည့်လဲရတယ်။ ရှားစောင်းထည့်ရင် အပင်က လတ်လတ်ဆတ်ဆတ် အသားကိုသာ ကျိတ်ထည့်ရမယ်။ ကြက်ဆူဆီ နေရာမှာ အုန်းဆီ၊ သံလွင်ဆီအစားထိုးသုံးနိုင်တယ်...။ နာရီဝက်ထားပြီး ခေါင်းပြန်လျှော်ရမယ်ဆိုတဲ့အချက်ကို အခုထည့်လိုက်ပါတယ်)

Crd 💛

29/10/2021

နာရီပိုင်းအတွင်း အားအင်ကိုပြည့်စေသော အစားအစာ(၁၀)မျိုး

(၁) ဒိန်ချဉ် ထန်းလျက်နဲ့ တဖန်ခွက် သေးသေး ၊
ရေခဲမပါ

(၂) မုန်လာဥနီကို နွားနို့နဲ့ ဖျော် သကြားနဲနဲ ဆားနဲနဲ၊ရေခဲမပါ

(၃) ကြက်ဥကာကျက်ကို ပျားရည်နဲနဲ သံပုရာတစိတ် နဲ့ရော ၊ ဆားနဲနဲ

(၄) ငါးရှဥ့်ချဉ်စပ်၊ ငါးရှဥ့်ခြောက်စပ်၊
ငါးရှဥ့်မဆလာ(မိန်းခလေးများငါးရှဥ့်မတည့်သူရှိ)

(၅) ဖီးကြမ်းငှက်ပျောသီးကို ထောပတ်နဲနဲ၊
ပျားရည်နဲနဲ နဲ့ ကြော်စားပါ

(၆) ကြက်ဥနှင့် ဂတ်စ်ပါသော အချိုရည်တမျိုးကို အမြှုပ်ထအောင် ဇွန်းဖြင့်ခေါက်မွှေပါ။ မွှေပြီးပြီးချင်း အမြှုပ်မငြိမ်ခင် အမြန်သောက်ပါ

(၇) ကြက်ဥ+သံပုရာသီးတစိတ်+အိုင်ဆိုတောနစ်ပါသောအချိုရည် အနည်းငယ်ရော၍ သောက်ပါ

(၈) အုန်းစိမ်းရည်၊ ကြံရည်၊ ဓါတ်ဆားရည်၊
ဂလူးကို့စ်ရည်၊ ပဲနို့
( ကန်စွန်းရိုးနီ +ထန်းလျက်ပြုတ်ရည် )

(၉) အသားနီ သားငါးကျပ်သားတုံးကို ဒယ်အိုးထဲ ထောပတ်ဆီနဲ့ တဝက်ကျက် အနေအထားထိသာ ကင်၍စားပါ။

(၁၀) ကြက်ပြုတ်ရည် (ကြက်ပေါင်းရည်)

Crd..original..

Want your business to be the top-listed Beauty Salon in Pyinmana?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Pyinmana

Opening Hours

Monday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00