Shwe Phyo

Shwe Phyo

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Shwe Phyo, Beauty, cosmetic & personal care, Pyinmana.

27/05/2024

အခက်အခဲတစ်ခုခု..စွန့်လွှတ်ပေးဆပ်စရာ တစ်ခုခုနဲ့ကြုံလာတဲ့အခါတိုင်း..ကျွန်မက ပိုကောင်းဖို့ဖြစ်လာတာပါ…လို့ ကိုယ့်ကိုယ်ကိုယ် အားပေးနှစ်သိမ့်လေ့ရှိပါတယ်…။ တကယ်လည်း..ပိုကောင်းဖို့အတွက်..အဆိုးဆုံးသော အခြေအနေတွေကို ကျွန်မတို့ ဖြတ်ကျော်ခဲ့ဖူးပါတယ်…။ အမှောင်ဆုံးနေ့ရက်တွေကို ရင်ဆိုင်ဖြတ်သန်းနေချိန်မျိုးမှာတောင်..ကျွန်မက အလင်းရောင်ရှိရာနေ့ရက်လေးဆီ..မှန်းဆမြင်ယောင်ကြည့်မိတတ်ပါတယ်..။

စိတ်ညစ်စရာတွေနဲ့ကြုံရတိုင်းလည်း..ငါကံဆိုးလိုက်တာ..ဖြစ်မှဖြစ်ရလေ..စတဲ့အတွေးမျိုးတွေ မတွေးဘဲ..အို..ပိုကောင်းဖို့ဖြစ်လာတာ….လို့ မမြင်ရသေးတဲ့ အနာဂါတ်ကို လှမ်းပြီး အကောင်းမြင်တွေးထားလိုက်ပါတယ်..။ အဲ့ဒီလိုတွေးလိုက်တာဟာ…ကိုယ့်ကိုယ်ကို မျှော်လင့်ချက်ကလေးနဲ့ ရှင်သန်နေအောင်..အားပေးဖေးမနှစ်သိမ့်လိုက်ခြင်းလည်းဖြစ်ပါတယ်…။

တစ်ခါတစ်ရံမှာ ကျွန်မတို့ဘဝမှာ..မျှော်လင့်စရာမရှိတော့လောက်အောင်…ဒုက္ခဆင်းရဲတွေနဲ့ကြုံတွေ့ရတဲ့အခါ..လူက ကူကယ်ရာမဲ့ အားငယ်တုန်လှုပ်သွားတတ်ပါတယ်..။ စိတ်ဓါတ်တွေကျသွားတတ်ပါတယ်..။ အဆိုးဆုံးအခြေအနေတစ်ခု ဖြစ်နေဆဲဆိုရင်တောင်..မကြာခင်မှာ..အကောင်းတစ်ခု ဖြစ်လာတော့မှာ...လို့ကြိုတွေးထားလိုက်စေချင်ပါတယ်..။ တကယ်လည်း ကိုယ့်ရဲ့စိတ်ကို အကောင်းဘက်ကို တည့်ထားပေးပြီး…ကိုယ်လုပ်သင့်တာတွေကို ပုံမှန်လေးဆက်လုပ်နေဖို့လိုပါတယ်…။

အဆင်မပြေစရာဒုက္ခတစ်ခုနဲ့ရင်ဆိုင်ရတိုင်း..ကျွန်မက ငါ့မှာ..ကုသိုလ်နည်းနေပြီလို့ ..တွေးပြီး ကောင်းမှုကုသိုလ်တွေ ပိုလုပ်ဖြစ်ပါတယ်…။ အခက်ခဲဆုံးအချိန်တွေကို ရင်ဆိုင်နေရတုန်းကဆို..တစ်နေ့တစ်နေ့ တရားအလုပ်တွေနဲ့သာ အချိန်ကုန်စေပြီး..ကိုယ့်ရဲ့ အားငယ်နွမ်းလျနေတဲ့ စိတ်နှလုံးကို တရားရေအေးအကြည်ဓါတ်ကလေးနဲ့သာ..စိမ်ထားလိုက်တော့တာပါပဲ..။ ပြီးတော့…တွေးပါသေးတယ်…ဪ..ငါတို့ဘဝမှာ..အားကိုးစရာ ဒီတရားရှိနေတာ..ဘယ်လောက်လုံခြုံလိုက်သလဲ…ဘာတွေပဲဖြစ်လာဖြစ်လာ…လူတောင်တစ်နေ့ သေရဦးမှာ..အားလုံးကို ရင်ဆိုင်ရမှာပဲ…ဆိုတဲ့အတွေးနဲ့ နေ့ရက်တွေကို ဖြတ်သန်းခဲ့တာ ဖြစ်ပါတယ်..။

#လွန်းထားထား
#ပိုအေးချမ်းတဲ့ကိုယ်

26/05/2024

Crd🌹🌹🌹မာလာရေစင် ကပ်လှူ ခြင်း 🌹🌹

မာလာရေစင် ကပ်လှူ ခြင်း က
တိဘက် ရှမ်ဗဲလားဒေသ ရဲ့
ရိုးရာ ကပ်လှူ ပူဇော်မှု ဖြစ်ပါတယ်။

ဒါ့အပြင် နီပေါ ဘူတန် ဒေသတွေမှာလဲ မာလာရေစင် ကပ်လှူ ခြင်း
အလေ့အထ ရှိပါတယ်။

နီပေါနိုင်ငံမှာ သတ်မှတ်ထားတဲ့ ယူနက်စကို ထိန်းသိမ်းစောင့်ရှောက်ရေး ဘာသာရေးနေရာတွေမှာ နှစ်တိုင်း မာလာရေစင် ကပ်လှူ ကြပါတယ်။

#မာလာရေစင်ကပ်လှူနည်း
***********************

🌹နှစ်သက်ရာ ပန်းပွင့် ပန်းရွက် များကို ရေဆေးပါ။
🌹ဖန်ထည် ကြွေထည် မြေထည် စဉ့်အိုး စသဖြင့် bowl ဇလုံ ပန်းကန်လုံး ထဲကို ပန်းပွင့်များထည့်ပါ။
🌹ရေအေးအေး ၇ခွက် ဖြည့်ပါ။
🌹ရေခဲရေ ဖြည့်လျှင် လဲရပါတယ်။
🌹၇ခွက်ဆိုတာ က
ခွက်အသေးနဲ့ ၇ခွက်ချိန်ထည့်ပါတယ်
🌹ပန်းပွင့်များကို လှပစွာပုံဖော်၍
လှူ ဒါန်းနိုင်ပါသည်။
🌹လှူဒါန်းရာတွင် ကိုးကွယ်ရာ ဘာသာအသီးသီးမှ ဘုရားရှင်များ အပါအဝင် ဘိုးဟောင်းဘွားဟောင်း ပဌာန်းဆက် ရှိသူ အပေါင်းကိုလဲ လှူဒါန်း နိုင်ပါတယ်။

🌹မနက် ည ညနေ ကြိုက်တဲ့အချိန် ကပ်ပါ။ စွန့်တာ တော့ ကိုယ်အဆင်ပြေတဲ့အချိန် ပြန်စွန့် လို့ရပါတယ်ရှင်

#မာလာရေစင်လှူတဲ့အခါဘယ်လိုရွတ်ရလဲ
******************************

🌻ဘဝဘဝဟောင်းများစွာကတော်စပ်ခဲ့ဖူးသော ဘိုးဟောင်းဘွားဟောင်းများနှင့်တကွ ပဌာန်းဆက်ရှိခဲ့ဖူးသော ဆွေတော်မျိုးတော် အပေါင်း၊ မမြင်အပ်တဲ့ပုဂ္ဂိုလ်တို့အား ကျွန်ုပ်မှ အပြစ်များရှိပါက ကြေအေးပေးပါ ကျေနပ်ပေးပါ ခွင့်လွှတ်ပေးပါ

သင်တို့အားလုံးရဲ့ကိုယ်စား ကျွန်ုပ်မှနေ၍ မြတ်စွာဘုရားရှင်အား

ဤမာလာရေစင်ဖြင့်ကပ်လှူပူဇော်ပါသည်

🌻(ဘုန်းတော်အနန္တ၊ ကံတော်အနန္တ၊ဥာဏ်တော်အနန္တ၊ တန်ခိုးတော်အနန္တ၊မေတ္တာတော်အနန္တ၊သစ္စာတော် အနန္တ၊ ပါရမီတော် အနန္တတို့နှင့်ပြည့်စုံတော်မူသော သက်တော်ထင်ရှား အရှင်မြတ်စွာဘုရားအား ဥဒ္ဒိသ ရည်မှတ်သမှု အာရုံပြု၍ အကျွန်ုပ်ကို စောင့်ရှောက်သော ကိုယ်စောင့်နတ်၊အကျွန်ုပ်ကိုစောင့်ရှောက်သော အစောင့်အရှောက်များနှင့်တကွ ဆွေဆက်၊ မျိုးဆက်၊ပဌာန်းဆက်၊ ဆွေတော်၊ မျိုးတော်အပေါင်း၊ မမြင်အပ်တဲ့ပုဂ္ဂိုလ်များနှင့် သိုက်နန်းရှင် အားလုံး တို့အားရည်စူး၍ ၄င်းတို့နှင့်ပေါင်းစု၍ ၄င်းတို့နှင့် အတူတကွ ဤ မာလာ ရေစင်ကို အရှင်မြတ်စွာဘုရားထံ သဒ္ဒါကြည်ဖြူစွာဖြင့် မွန်မြတ်သန့်စင်စွာ ကပ်လှူပူဇော်ပါ၏။ အလှူခံတော်မှူပါ) (သုံးကြိမ်)

#မာလာရေစင်အသုံးဝင်ပုံအကျိုးထူးသည့်နည်းလမ်း
******************************************

🌿သိကြားရေစင် ဆိုတာ ပက်ဖြန်းလိုက်ရင် အသက်သေလုမျောပါး ဖြစ်နေသူတွေကို အသက်ပြန်ရှင်လာအောင် လုပ်ပေးနိုင်တယ်လို့ ယူဆပါတယ်။

🌿မာလာရေစင် က တော့
ပျက်စီးဆုံးရှုံးနေတဲ့အရာတွေ ပြတ်တောက် ပြိုကွဲသွားတဲ့အရာတွေ ကနေ ပြန်လည်ထူထောင်ဖို့ အဓိဌာန် တည်တဲ့အခါ အသုံးဝင်ပါတယ်။

🌿မာလာရေစင်ကို 7 ခွက် 7 ခါ ကပ်လှူ ပေးရင် လက်ရှိကြုံနေတဲ့ ပျက်စီးရာ ပျက်စီးကြောင်း ကိစ္စတွေ ရပ်ဆိုင်းသွားပြီး အဆင်ပြေချောမွေ့တယ်လို့ ဆိုပါတယ်

🌿သိုက်နန်းရှင်တွေ အင်မတန်နှစ်သက်သော မာလာရေစင် ဖြစ်ပါတယ်။

ဘာကြောင့်လဲဆိုတော့ မမြင်ရသောသူတွေဟာ Char တို့လို လူ ခန္ဓာကိုယ် အမာထည် အကြမ်းစားတွေမဟုတ်ပါဘူး။ပျော့ပျောင်းနူးညံ့ပြီး မွှေးကြိုင်သောအရာတွေနဲ့သာ အဓိကထား ဆက်သွယ်နိုင်တဲ့သူတွေဖြစ်ပါတယ်။ဒါကြောင့် မာလာရေစင် ကို နှစ်သက်ကြတာဖြစ်ပါတယ်။

🌿အရေးအကြီးဆုံးကတော့ မမြင်အပ်တဲ့ပုဂ္ဂိုလ်တွေကို ကိုယ့်ဘက်က မသိနားမလည်ဘဲ ပြစ်မှား မိတာ အမှားလုပ်မိတာ ရှိရင် အပြစ်မယူဖို့ ဝန်ချကန်တော့တဲ့အခါ အရေးပါတဲ့ လှူ ဖွယ်ပစ္စည်းတစ်ခု ဖြစ်ပါတယ်။

🌿မာလာရေစင်ကပ်သူက လောဘ မကြီးဖို့ နဲ့ အကျိုးလိုလားလို့ အတင်း ဖြစ်လျှင်ပြီးရော မကပ်ဖို့ လိုပါတယ်။

🌿မာလာရေစင် ကပ်လှူ တဲ့အခါ သဒ္ဒါတရား အားဖြည့်လုပ်ဆောင်ပါ။

🌿ပန်းဝယ်ယူတာကအစ ချွေယူခင်းကျင်း တဲ့အထိ ရေဖြည့်တာအဆုံး ကိုယ့်လက်နဲ့ သဒ္ဒါတရားအားထည့်ပြီး ပျော်ရွှင်ကြည်နူးစွာ လှူ ဒါန်းပါ။

မာလာရေစင် ကပ်လှူ တဲ့ အချိန်
****************************

*လေပြည်အေးကနဲ တိုက် သွားတာ
*ငှက်မွှေးလေးတွေ ကိုယ့်အနားရောက်လာတာ
*ကိုယ်ကပ်လှူထားတဲ့ပန်းရနံ့ အပြင် အခြားရနံ့တွေပါ ရ ရှိနေတာ
*သစ်ပင်တွေလေတိုက်လို့ အရွက်ချင်းပွတ်တိုက်သလို အသံတွေ ကြားရတာ
* ရုတ်တရပ် တိမ်ထူထူ အလိပ်တွေ ကောင်းကင်မှာ ရာသီဥတုနဲ့ ဆန့်ကျင်ပြီး ခဏ ပေါ်လာတာ
*လိပ်ပြာလေးတွေ လာနားတာ

ဒါတွေကြုံလာရ တဲ့အခါ အထူးဝမ်းမြောက်ပါ။ ကိုယ့်လှူဒါန်းမှု ကို အသိအမှတ်ပြုသူတွေ ထူးခြားစွာ ရှိလို့ပါပဲ။

မာလာ = 5 + 4 = 9 နဝင်း

ရေစင် = 8 +3 = 11 မီး

9 နဝင်းအားဖြင့် 11 မီးငြိမ်းစေတာမို့ ယတြာအနေနဲ့ လဲ ဆောင်ရွက်နိုင်ပါတယ်။

အမည်မှာ ပန်းနာမည် ပါသော ဝတ်ရည် စံပယ် တစ်သက်စာ စသူတွေကလဲ မာလာရေစင်ကို ကပ်လှူပေးနိုင်ပါတယ်။

မိမိတို့ရဲ့
#စီးပွားရေး ၊ အချစ်ရေး ၊ အိမ်ထောင်ရေး ၊ လူမူရေး ၊ ကျန်းမာရေး တွေ
#ပိုမိုအဆင်ပြေစေဖို့
မာလာရေစင် ကပ်လှူကြ

မနက် ည ညနေ
#ကြိုက်တဲ့အချိန်ကပ်ပါ။

သိုက်နန်းရှင်တွေ အင်မတန်နှစ်သက်သော မာလာရေစင် ဖြစ်ပါတယ်။

*** မာလာရေစင်
အသုံးဝင်ပုံ အကျိုးထူးသည့်နည်းလမ်း****

သိကြားရေစင် ဆိုတာ ပက်ဖြန်းလိုက်ရင် အသက်သေလုမျောပါး ဖြစ်နေသူတွေကို #အသက်ပြန်ရှင်လာအောင်လုပ်ပေးနိုင်တယ်လို့ယူဆပါတယ်။

မာလာရေစင် က တော့ ပျက်စီးဆုံးရှုံးနေတဲ့အရာတွေပြတ်တောက်
ပြိုကွဲသွားတဲ့အရာတွေ ကနေ
ပြန်လည်ထူထောင်ဖို့ အဓိဌာန် တည်တဲ့အခါ အသုံးဝင်ပါတယ်။

မာလာရေစင်ကို
7 ခါ ကပ်လှူ ပေးရင်
လက်ရှိကြုံနေတဲ့ ပျက်စီးရာ ပျက်စီးကြောင်း ကိစ္စတွေ ရပ်ဆိုင်းသွားပြီး အဆင်ပြေချောမွေ့တယ်လို့ ဆိုပါတယ်။

မာလာရေစင် ကပ်လှူ တဲ့အခါ သဒ်ဒါတရား အားဖြည့်လုပ်ဆောင်ပါ။
ပန်းဝယ်ယူတာကအစ
ချွေယူခင်းကျင်း တဲ့အထိ ရေဖြည့်တာအဆုံး
ကိုယ့်လက်နဲ့ သဒ်ဒါတရားအားထညျ့ပွီး ပျော်ရွှင်ကြည်နူးစွာ လှူ ဒါန်းပါ။

မာလာရေစင် ကပ်လှူ တဲ့ အချိန်..........

*လေပြည်အေးကနဲ တိုက် သွားတာ
*ငှက်မွှေးလေးတွေ ကိုယ့်အနားရောက်လာတာ
*ကိုယ်ကပ်လှူထားတဲ့ပန်းရနံ့ အပြင် အခြားရနံ့တွေပါ ရ ရှိနေတာ
*သစ်ပင်တွေလေတိုက်လို့ အရွက်ချင်းပွတ်တိုက်သလို အသံတွေ ကြားရတာ
* ရုတ်တရပ် တိမ်ထူထူ အလိပ်တွေ ကောင်းကင်မှာ ရာသီဥတုနဲ့ ဆန့်ကျင်ပြီး ခဏ ပေါ်လာတာ
*လိပ်ပြာလေး

31/01/2024

အောင် အရဟံ လာဘံ သိဒ္ဓိ
အောင် အရဟံ ပီယံ သိဒ္ဓိ
အောင် အရဟံ ဓနံသိဒ္ဓိ

ငွေတွေ အဖက်ဖက်မှ ဝင်လာပါစေ။

ဝင်လာတဲ့ ငွေများလည်း
ပွားများတည်တံ့ ခိုင်မြဲကြပါစေ ။
🙏🙏🙏🙏🙏

ဒီpostလေးကို တွေ့တာနဲ့
တစ်ခေါက်လောက်ဖြစ်ဖြစ်
ရွတ်ဖတ်ကြည့်ကြပါနော်🙏🏼

#ဒီပိုစ့်တွေ့တိုင်းတစ်ခေါက်တော့ရွတ်ဖြစ်တယ်

27/12/2023

#နှုတ်စီးလိုလျှင်
~•~•~•~•~•
ဗန်းမော်ဆရာတော်ဘုရားကြီးက
မိန့်တော်မူလိုက်ပါတယ်။
#နှုတ်စီးလိုလျှင်
တရားစာ များများရွတ်
ပဋ္ဌာန်းကျမ်းတွေ ရွတ်
မေတ္တာတွေ ပို့ပါတဲ့။
#ဘုန်းဘုန်းကြီး ဂျပန်ရောက်ခိုက်
အမျိုးသမီးတစ်ဦး
အခက်အခဲ အကျပ်အတည်း
ဖြစ်နေချိန်
ဘုန်းဘုန်းကြီးက
အဆင်ပြေစေသတည်း လို့
မိန့်တော်မူလိုက်တာ
နောက်ရက်ကနေ စပြီး
အလုပ်အကိုင်တွေ
အဆင်ပြေသွားပါတယ်တဲ့။
#နောက်တစ်ဦးကလည်း
အဆင်မပြေဘူးတဲ့။
ဒါကို ဘုန်းဘုန်းကြီးသိပြန်တော့
အဲဒီလို ထပ်မိန့်လိုက်တယ်။
သူလည်း အလုပ်အကိုင်တွေ
အဆင်ပြေသွားပါတယ်တဲ့။
တကယ်တော့...
ဘုန်းဘုန်းက
နှစ်ပေါင်းများစွာ ပရိတ်တွေရွတ်
ပဋ္ဌာန်းတွေ ရွတ်နေတော့
ဘုန်းဘုန်း နှုတ်က
သိဒ္ဓိပြီးနေတာ
နှုတ်စီးနေတာလို့ မိန့်ပါတယ်။
ဘုရားရှင် လက်ထက်ကလည်း
ရှိခဲ့တယ်‌နော်...
#ရှင်သီဝလိဆို လူတိုင်းသိကြမှာပါ။
ရှင်သီဝလိရဲ့မယ်တော်
သုပ္ပဝါသာ မယ်တော်ဟာ
ခုနှစ်နှစ်ကိုယ်ဝန်ဆောင်ရတာ
ဝဋ်ကျွေးကြောင့်ပါ။
သုပ္ပဝါသာဟာ မြတ်စွာဘုရားရှင်ကို
သူသည်းခံနေပါကြောင်း လျှောက်တဲ့အခါ
ဘုရားရှင်က...
သုပ္ပဝါသာ ရောဂါ မရှိမူ၍
ချမ်းသာစေသတည်း...
ရောဂါကင်းသော သားကို
ဖွားမြင်စေသတည်းလို့
နှုတ်မြွတ်တော်မူတဲ့ တစ်ခဏအတွင်းမှာပဲ
သက်တောင့်သက်သာနဲ့
ဖွားမြင်ခြင်းကိစ္စ ပြီးပါတယ်။
ဒီတော့ နှုတ်စီးချင်တယ်ဆို
ဘာလုပ်ရမလဲ သိလောက်ရောပေါ့နော်.. 🙏🙏🙏
မူရင်း ရေးသားသူကို credit ပေးပါတယ်

23/11/2023

ဒီနေ့ မနက်စောစော FB ကြည့်မိတော့ မိတ်ဆွေတစ်ယောက် တင်ထားတဲ့ စာလေး ဖတ်မိတယ်။

မြတ်စွာဘုရား သက်တော်ထင်ရှား ရှိစဉ်က ကောရခတ္ထိယ ဆိုတဲ့ လူတစ်ယောက် ရှိသတဲ့။

ကောရခတ္ထိယ ဆိုတာ ခွေးလို ကျင့်တဲ့သူ။ အဝတ်လည်း မဝတ်ဘူး။ လေးဖက်ထောက် နေတယ်။ လေးဖက်ထောက် သွားတယ်။ လေးဖက်ထောက် စားတယ်ပေါ့လေ။ ခွေးတစ်ကောင်လို နေတယ်။

အဲဒီ ကောရခတ္ထိယ ကို မြင်တော့ သုနက္ခတ္တ ရဟန်းက ကြည်ညိုတယ်။ ဒီပုဂ္ဂိုလ်ကတော့ အပို ဗာဟီရကိစ္စတွေကို စွန့်ထားတာဘဲ။ ဘာညာပေါ့လေ။

မိတ်ဆွေများ စဉ်းစားကြည့်နော်။ သုနက္ခတ္တ အနေနဲ့ အရှင်သာရိပုတ္တရာလို ပညာဉာဏ်ကြီးသူတွေ အရှင်မဟာမောဂ္ဂလာန်လို တန်ခိုးကြီးသူတွေ၊ အရှင်မဟာကဿပလို ဘုန်းကံကြီးသူတွေကို မျက်ဝါးထင်ထင် တွေ့မြင်နေရပါလျှက် မကြည်ညိုဘူး။

ခွေးလို ကျင့်နေတဲ့ ကောရခတ္ထိယ ကိုမှ ကြည်ညိုစိတ်က သွားဖြစ်တယ်။

အဲဒီ စာဖတ်ရင်း ဉာဏ်အလင်း ပွင့်သွားတယ်။

သီတဂူ ဆရာတော်ကြီးလို၊ ပါချုပ် ဆရာတော်ကြီးလို ဆရာတော်ကြီးတွေကို ဆဲဆိုနေပြီး ကောရခတ္ထိယ လို လူတွေကို ကြည်ညိုနေတဲ့ သူတွေဟာ ဘာဆန်းသလဲ။

ဒီလို လူမျိုးတွေက ဘုရားလက်ထက်ကတည်းက ရှိနေတာဘဲ။

အဲဒီလို လူမျိုးတွေ များလာရင် များနေရင် ခင်ဗျားတို့ ကျွန်တော်တို့လည်း အနည်းနဲ့ အများ အကုသိုလ် အရှိန်ဟပ်တာ ခံရမှာပါဘဲ။ ဘာမှ မတတ်နိုင်ဘူး။

ဘုရားအလောင်းတော် ကိသဝစ္ဆ ရှင်ရသေ့ကို ပြည့်တန်ဆာမက ဦးဆောင်ပြီး စော်ကားကြလို့ ဒဏ္ဏာကီမင်းလက်ထက် ကုမ္ဘဝတီ တစ်မြို့လုံး ပြာပူမိုး၊ မီးကျီးမိုးတွေ ရွာချလို့ တစ်မြို့လုံး သေကြေကြရတယ် ဆိုသမို့လား။

ဘာဖြစ်ဖြစ် ကိုယ်တတ်နိုင်သလောက် ဘာဝနာကုသိုလ်၊ သီလကုသိုလ်၊ ဒါနကုသိုလ် ပြုပြီး ကိုယ့်တာကို ကိုယ်လုံအောင် နေကြရမှာဘဲ။ ဘာမှ မတတ်နိုင်ဘူး။

#မူရင်းရေးသားသူ Credit #

30/09/2023

🌷 စိတ်ထားပြင်ရင်း ကံမြှင့်ပါ🌷

ကံကိုမပြိုင်နဲ့ ကံကိုပြင်တဲ့
တန်ဖိုးရှိတဲ့ အဆုံးမတရားစကားလေးပါပဲ ။

ရဟန်း ၂၀ါ ရခါစလောက်က
ရွာနီးချုပ်စပ်မှာ အလှူပွဲတစ်ခုရှိပါတယ် ။

ခါတိုင်ဆို
အလှူမှန်သမျှ ကိုယ့်ကိုလွတ်နေကျပါ
ဒီပွဲကျမှ အခြားတစ်ပါးကို လွတ်လိုက်ပါတယ် ။

လွတ်ရခြင်းအကြောင်းက
အခြားသူ တစ်ယောက်ရဲ့တိုက်တွန်းတဲ့
ပယောဂကြောင့် လွတ်လိုက်ရတာပါ ။

အလှူကလည်း မလှူခင်ကနာမည်ကြီးပါတယ်
တစ်ပါးကို တစ်သိန်း လှူမှာဖြစ်သလို

ဘိသိတ်က နာမည်ကျော် ရွှေဗျိုင်းနဲ့
ဘိသိိက်အလှူတော် သွင်းတဲ့ပွဲကြီးပါ ။

စိတ်ထဲမှာမကောင်းတာက
ကိုယ်ကြွရမယ့်ပွဲကို သူကြွသွားရလို့ပါပဲ ။

မနာလိုတာပဲပြောရမလား
မကျေနပ်တယ်ပဲဆိုရမလားမပြောတတ်ပါ ။

မရင့်ကျက်သေးတဲ့ ပုထုဇဥ်လူသားမို့
စိတ်ထဲမှာတော့ ခံပြင်းလို့ နေပါတယ် ။

ဒါနဲ့ ကံကိုမပြိုင်နဲ့ကံကိုပြင်ဆိုတဲ့စကား
အသိဥာဏ်မှာစွဲထားတော့

သူ့ကံက သူရထိုက်လို့ရတာပါလေဆိုပြီး
ကိုယ့်စိတ်ကိုပြင်ပြီး နေလိုက်ပါတယ် ။

နောက်ပြီး ကိုယ့်စိတ်ကိုလည်း
မနာလိုမှုမရှိကြတဲ့ အရိယာတွေကများ

ငါ့စိတ်ကို သိသွားရင် ရှက်စရာကြီးဆိုပြီး
ကိုယ့်ကိုယ်ကို ဆုံးမလိုက်ရပါတယ် ။

အဲ့ဒီစိတ်ထားကြောင့်လားမသိပါဘူး
နောက်တစ်ပွဲကျ ကိုယ်ကို လွတ်ပါတယ် ။

ဒီအလှူကလည်း မညံ့တဲ့အလှူမို့
စောစောကအလှူပွဲနဲ့ မတိုးမယိမ်းရပါတယ် ။

စေတနာကောင်းရင်ကံကောင်းတယ်ဆိုတာ
လက်တွေ့မှာ သိလိုက်ရပါတယ် ။

သူများကံကိုမပြိုင်ပဲ ကိုယ်စိတ်ကိုယ်ပဲပြင်ပြီး
ကံကောင်အောင်ကြိုးစားမယ်ဆိုရင်

အရာရာအဆင်ပြေနိုင်ပါတယ်ဆိုတာ
မိမိကို ဥပမာထား၍ ဖော်ပြအပ်ပါတယ်
စာဖတ်သူများ ကံကိုပြင်၍ ချမ်းသာကြပါစေ ။

သာရ ဂ ဝေ သီ🙏🙏🙏

27/09/2023

✨ အောင် အရဟံ လာဘံ သိဒ္ဓိ ✨
✨ အောင် အရဟံ ပီယံ သိဒ္ဓိ ✨
✨ အောင် အရဟံ ဓနံသိဒ္ဓိ ✨

🍀 ရွှေတွေ ၊ ငွေတွေ အဖက်ဖက်မှ ဝင်လာပါစေ။
🍀 ရှာဖွေသမျှစည်းစိမ်ဉစ္စာများတည်တံ့ခိုင်မြဲကြပါစေ ။
.......Mornee ခ... 🙏

24/09/2023

ဘဝ အနိမ့်အမြင့်အချိုးအကွေ့တွေ အများကြီးကြုံဆုံရပြီးတဲ့နောက်မှာ >>>

အခုနောက်ပိုင်း ကိုယ်ဟာ ပင်ပန်းစေတဲ့
အရာမှန်သမျှကို လွှတ်ချလိုက်တော့တာပါပဲ။

တတ်နိုင်သလောက် ကိုယ်ပျော်အောင်နေတယ်။

တတ်နိုင်သလောက် ကိုယ်စိတ်ထားတတ်အောင်နေတယ်။

နာကျင်စရာရှိရှိ ဝမ်းနည်းစရာရှိရှိ
ကိုယ်ဟာ ပြုံးရင်း၊ရယ်ရင်း၊
မောရင်းဟန်ဆောင်ကောင်းရင်းနဲ့ပဲ
ရှင်သန်တော့တယ်။

ဒါ့အပြင် ကိုယ်ဟာ

ဘယ်သူ့အတွက်မှလည်း အပူလောင်
မခံတော့သလို

ဘယ်အရာကြောင့်နဲ့မှလည်းဒဏ်ရာဒဏ်ချက်မရစေတော့ဘူး။

ရည်ရွယ်ချက်ရှိသည်ဖြစ်ဖြစ် ရည်ရွယ်ချက်မရှိသည်ဖြစ်ဖြစ်

ကိုယ်ဟာဘယ်လောက်နေရမလဲမသိတဲ့ လက်ကျန်အခိုက်အတန့်တိုင်းမှာ ဘယ်သူ့ကိုမှ စိတ်မဆိုးပဲနေချင်တော့တယ်။

တစ်စုံတစ်ယောက်နဲ့ ပြန်ဆုံရတိုင်း
မှာအမုန်းမပါ နောင်တမပါပဲ ပေါ့ပါးစွာရယ်မောနှုတ်ဆက်မယ်။

ဝင်လာသမျှ ထွက်လာသမျှ
လူတွေကြားမှာအသိသတိကို စွဲကပ်မယ်။

စာအုပ်တွေဖက်ဖို့ ပိုအချိန်ယူမယ်။

သဘာဝကို ပိုချစ်တတ်အောင်သင်မယ်။

မဖြစ်နိုင်တဲ့စိတ်ကူးတွေကို လျော့ပြီး

ကိုယ်ကြိုက်နှစ်သက်တဲ့အရာတွေ
နှင့်ကိုယ့်ကိုယ်ပျော်စေတဲ့ သူတွေကြားမှာပဲပိုရှင်သန်ချင်တော့တယ်။

ဘဝဆိုတာ
အခိုက်အတန့်လေးမှာ ရှင်သန်ရတာလေ။

အချိန်တန်ရင် ပျော်ရတဲ့အချိန်တွေအများကြီးရှိသလိုမပျော်ရတဲ့ အချိန်တွေလည်းရှိပါတယ်။

ဒါကြောင့် စိတ်နေ စိတ်ထားကို
အသိသတိနဲ့ ယှဉ်ကာ ပျော်အောင်နေ
တတ်ဖို့လိုပါတယ်။

နာကျင်စရာရှိရှိ ဝမ်းနည်းစရာရှိရှိ
လိုအပ်ရင် လွှတ်ချပြီး..လိုအပ်ရင်လက်လွှတ်တတ်ရပါမယ်။

ဒါမှ ရှင်သန်ခြင်းဟာ လှပနေမှာဖြစ်
ပါတယ်။

ဦးချေ(30.12.21)
photo-pinterest

22/09/2023

📈 ဘဝမှာ အလုပ်ကောင်းကောင်းရခဲ့တာ ဟာ၊ ကိုယ့်ကိုမခန့် ခဲ့တဲ့ အလုပ်တွေကြောင့်...

💕ကိုယ့်ရဲ့ Right Person နဲ့တွေ့ရတာဟာ.. ကိုယ့်ကို ထားသွားခဲ့ တဲ့ လူတွေကြောင့်...

👯 မိတ်ကောင်း ဆွေကောင်း တွေနဲ့တွေ့ရတာဟာ ကိုယ့်အပေါ်မကောင်းတဲ့လူတွေကြောင့် မိတ်ဆွေအတု အစစ် ဆိုတာသိခဲ့ရတာပါ...

✅ ပိုကောင်းတဲ့ အလုပ်ရဖို့.. ပိုကောင်းတဲ့ လူနဲ့တွေဖို့… မကောင်းတဲ့လူတွေ မကောင်းတဲ့အရာတွေကိုအရင်ကြုံတွေ့ရပါတယ် ….

✌️ကိုယ့်အပေါ် မကောင်းခဲ့လူတွေကို ကျေးဇူးတင်ရမှာက သူတို့ ကြောင့်လဲ Right Choice တွေဖြစ်ခဲ့လို့ပဲ..

👉🏼 တခါတလေ အရမ်းပင်ပန်းလာတဲ့ အခါ၊ စိတ်တွေမွန်းကြပ်လာတဲ့အခါ..
ပိုကောင်းဖို့ဖြစ်လာတယ်ဆိုတဲ့ အတွေးက အနီးဆုံး ထွက်ပေါက်ပဲ.....
Crd

20/09/2023

ရောင်စုံ ဆီမီးလေးတွေ အများကြီးရောင်းရအောင်လို့ like & share လေး လုပ်ပေးကြနော်🥰

မင်မင် နေ့လည် ၁၁ နာရီ မှာ မုန့်ဖိုး လာပေးမယ်ဆို ကျေနပ်လား🥰

20/09/2023

ကျွန်မ ကတော့ အစိမ်းရောင် လေးနဲ့ပူဇော်မယ်ရှင်🙏🙏🙏

အစိမ်းရောင်ဖယောင်းတိုင်က ငွေနံ ကောင်းတယ် ငွေကံပွင့်တဲ့ ဓာတ် ရှိတယ်ရှင့်🙏🙏🙏

ငွေကံကောင်းအောင် လာဘ် ပွင့် အောင် အစိမ်းရောင် ဖယောင်း ဆီမီးလေးနဲ့ ပူဇော်ကြပါ သဲတို့🙏🙏🙏

Want your business to be the top-listed Beauty Salon in Pyinmana?
Click here to claim your Sponsored Listing.

Telephone

Website

Address


Pyinmana