Htet Htet Wai
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Htet Htet Wai, Health/Beauty, Sanchaung Street, Sanchaung.
25/03/2022
ကိုယ်ပိုင်လုပ်ငန်းတစ်ခု စတင်တော့မယ်ဆိုရင်
1.လုပ်ငန်းအကြောင်းကျွမ်းကျင်အောင်လုပ်ပါ...
ကိုယ်လုပ်မယ့် လုပ်ငန်းရဲ့အသေးစိတ်ကို အရင်ဆုံး အချိန်ယူပြီးလေ့လာရပါမယ် ကိုယ်ကျွမ်းကျင်တဲ့အလုပ်ကိုပဲ ထလုပ်တာမျိုးဆိုအဆင်ပြေပေမယ့် ကိုယ်မကျွမ်းကျင်တဲ့လုပ်ငန်းကို လုပ်တော့မယ်ဆိုရင် အသေးစိတ်ကို လေ့လာဖို့လိုအပ်ပါတယ် ဒီပစ္စည်းက ဘယ်လိုလုပ်ရလဲ ဘယ်လိုတပ်ဆင်လဲ ဘယ်လိုကုန်ကြမ်းတွေ အသုံးပြုထားလဲ ဘယ်လိုဆို ပိုပြီးခိုင်ခံ့လဲ ဘယ်လိုအာမခံချက်တွေရှိသလဲ စသည်ဖြင့် လုပ်ငန်းအကြောင်းအသေးစိတ်ကို လေ့လာဖို့လိုအပ်ပါတယ်
2.ဈေးကွက်ကိုလေ့လာပါ
ကိုယ်ဖြန့်ချိမယ့် ဈေးကွက်ကို သိနေဖို့ကလဲအရေးကြီးပါတယ် ဈေးကွက်ကဘာကြိုက်သလဲ ကိုယ်ကဘယ်လိုတွေ ထုတ်လုပ်သင့်သလဲ ဈေးကွက်မှာနေရာယူပြီးသားထုတ်ကုန်တွေနဲ့ ဘယ်လိုယှဉ်ပြိုင်ရမလဲ ဒါတွေသိအောင်လုပ်ဖို့လဲလိုအပ်ပါတယ်
3.အရင်းအနှီး
လုပ်ငန်းတစ်ခုလုပ်ဖို့အတွက် အရင်းအနှီးမရှိရင် မဖစ်နိုင်ပါဘူး အကယ်၍သင်က ငါလုပ်နေတဲ့အလုပ်ကဖြစ်နိုင်တယ် ဆိုရင် ဆက်လုပ်ကြည့်ပါ သင်ကျရှုံးမှာသေချာပါတယ် ကိုယ်ပိုင်လုပ်ငန်းတစ်ခု လုပ်ဖို့အတွက် လုပ်ငန်းတစ်ခုလုံးကုန်ကျစရိတ်ရဲ့ သုံးဆလောက် အရင်းအနှီးရှိနေဖို့လိုအပ်ပါတယ် မဟုတ်ရင်တော့ သင်ဟာ အကြွေးငံသရာထဲမှာပဲလည်နေပါလိမ့်မယ်
4.စီမံခန့်ခွဲမှု
ကိုယ်ပိုင်လုပ်ငန်းတစ်ခု စတင်တော့မယ်ဆိုရင် အသေးစိတ်ကအစ သေချာစီမံခန့်ခွဲတတ်ဖို့လိုပါတယ် အသေးစိတ်ကအစ စာရင်းမရှိဘူး မစီမံနိုင်ဘူးဆိုရင် သင်ကျရှုံးမှာအသေအချာပါပဲ
5.ဈေးနှုန်းနှင့်အကျိုးအမြတ်
သင့်ကုန်ပစ္စည်းရဲ့ ဈေးနှုန်းတွေကို တစ်သတ်မတ်တည်းသတ်မှတ်ထားဖို့လိုအပ်ပါတယ် မသတ်မှတ်ထားဘူးဆိုရင် သင်ဟာ customer တစ်ယောက်ချင်းကို မတူညီတဲ့ ဈေးနှုန်းတွေ ပေးမယ်ဆိုရင် သင့်အကျိုးအမြတ်ရရှိဖို့ နည်းပါးသလို customer တွေရဲ့ယုံကြည်မှုလည်းကျဆင်းလာမှာဖြစ်ပါတယ် ဈေးနှုန်းတွေကို တစ်သတ်မတ်တည်းသတ်မှတ်ထားမှသာလျှင် ရေရှည်ရပ်တည်နိုင်ပြီး အကျိုးအမြတ်ရရှိမှာဖြစ်ပါတယ်
6.တာဝန်ယူမှု
သင့်ကုန်ပစ္စည်းရဲ့ အရည်အသွေး တစ်စုံတစ်ရာ ပြဿနာပေါ်လာခဲ့လျှင် တာဝန်ယူ ဖြေရှင်းဖို့အတွက် လုပ်ငန်းမစခင်ကတည်းက ကြိုတင်ပြင်ဆင်ထားပါ
7.ပေါင်းသင်းဆက်ဆံရေး
ဒါကတော့ အထူးတစ်လည်ပြောစရာမလိုပါဘူး အားလုံးသိပြီးသားဖြစ်မှာပါ လုပ်ငန်းတစ်ခုလုပ်ကိုင်တဲ့ဟာ ပေါင်းသင်းဆက်ဆံရေးကလည်း အရေးကြီးပါတယ် တာဝန်ယူမှု တာဝန်ခံမှု ကတိတည်မှု ရှိဖို့လည်း အရမ်းအရေးကြီးပါတယ်
မူရင်းရေးသားသူအားလေးစားစွာဖြင့်
Credit
သဘောကျ၍ပြန်လည်မျှဝေပေးခြင်းသာ
25/03/2022
ဂျက်မား ပြောတဲ့မိတ်ဆွေနဲ့ ဆွေမျိုး
🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸
ဂျက်မားက ပြောဖူးတယ်။ မိတ်ဆွေရင်းချာတွေ
ဆွေမျိုးတွေကို ဈေးရောင်းတဲ့အခါ ဘယ်လောက်ပဲ လျှော့ရောင်းရောင်း တန်ဖိုးထားမှာမဟုတ်ဘဲ ခင်ဗျား သူတို့ရဲ့ ပိုက်ဆံကိုလိုချင်တယ်လို့ ပဲမြင်မှာဖြစ်တယ်။
ခင်ဗျားရဲ့ ရင်းနှီးထားတဲ့ ငွေ အချိန် အင်အား တွေကို သူတို့ အလေးထားမှာမဟုတ်ဘဲ ခင်ဗျားထက်စာရင် အခြားသူစိမ်းတစ်ယောက်က သူတို့အပေါ် အမြတ်ထုတ်သွားတာကို ပိုလို့လိုလားတယ်။
သူတို့နဲ့ ရင်းနှီးသူရဲ့ စီးပွားရေးကို အားပေးမယ်ဆိုတာထက် သူတို့စိတ်ထဲမှာ ခင်ဗျားသူတို့ဆီက အမြတ်ဘယ်လောက်ရသွားပြီလဲပဲ တွေးနေမှာဖြစ်တယ်။
ဒါဟာ လူမွဲတွေရဲ့ စိတ်နေစိတ်ထားလို့ ပြောချင်တယ်။
ချမ်းသာတဲ့သူတွေဘာလို့ချမ်းသာလဲဆိုတာ ကြည့်လိုက်မယ်ဆိုရင် သူတို့ဟာ သူတို့ရဲ့ အသိုင်းအဝိုင်းက လူတွေကို ပံ့ပိုးလိုစိတ်ရှိတယ်။
မိတ်ဆွေတွေရဲ့ အကျိုးစီးပွားကို စောင့်ရှောက်ပေးခြင်းအားဖြင့် သူတို့ပေးတာထက် ပိုတဲ့အကျိုးကိုပြန်ရတယ်။
ကိုယ့်ကြောင့်စီးပွားဖြစ်သွားတဲ့ မိတ်ဆွေတွေက ကိုယ့်ကို ပြန်လည်ပံ့ပိုးပေးနိုင်လို့ ခင်ဗျားနဲ့အတူ ခင်ဗျားရဲ့အသိုင်းအဝိုင်း ဟာ စီးပွားဖြစ်ထွန်းတိုးတက်လာလိမ့်မယ်။
ဒီသဘောတရားကို နားလည်ရင် ခင်ဗျား ချမ်းသာလာမှာပဲ။
အဲဒီတော့ ဈေးရောင်းတဲ့အခါမှာ ခင်ဗျားရဲ့ ပထမဆုံးဖောက်သည်တွေက သူစိမ်းတွေပဲ ဖြစ်မှာပဲ။
မိတ်ဆွေတွေက သူတို့ကို ဈေးလာရောင်းတော့မှာပဲ ဆိုပြီး ခင်ဗျားကို ရှောင်လိမ့်မယ်။
အမျိုးတွေကို စြေးသှားရောငျးတဲ့အခါ ခင်ဗျားကို အထင်အမြင်သေးသလို ပြုမှူဆက်ဆံလိမ့်မယ်။
ဒါပေမယ့် တစ်နေ့ ခင်ဗျား စီးပွားဖြစ်အောင်မြင်တဲ့အခါ
ညစာစားပွဲတွေ ပွဲလမ်းသဘင်တွေ လုပ်တဲ့အခါ
သူစိမ်းတွေထက် ဆွေမျိုးမိတ်ဆွေရင်းချာတွေ စားသောက်တာတွေ ပျော်မြူးတာတွေ အတွက် ခင်ဗျားပိုက်ဆံရှင်းပေးနေရတာကို တွေ့ရလိမ့်မယ်။
: Original writer .✍👸
25/03/2022
"အောင်မြင်လိုသူတိုင်းအတွက် နည်းလမ်းကောင်း(၁၀)မျိုး"
--------------------------------------------------------------------------------
ဒီနေ့တော့ နာမည်ကျော် အလီဘာဘာလုပ်ငန်းစု ပိုင်ရှင် ဂျက်မား ပြောပြခဲ့တဲ့ အောင်မြင်လိုသူတွေအတွက် နည်းလမ်းကောင်း(၁၀)မျိုး အကြောင်း တင်ပြပေးပါမယ်......
1) အခြားသူတွေရဲ့အခက်အခဲတွေကနေသင်ယူပါ။
----------------------------------------------------------------------
• ဘယ်လို ရင်ဆိုင်ကျော်လွှားခဲ့လဲ ဆိုတာကို သုံးသပ်အ
ဖြေရှာပါ၊ ကိုယ်တိုင်အခက်အခဲတွေနဲ့ ကြုံတွေ့တဲ့အခါ ကိုယ်တွယ်ဖြေရှင်းဖို့ အတွေးအခေါ်သစ်တွေရလာမှာပါ။
အောင်မြင်မှုဆိုတာ အခက်အခဲတွေကြားမှာ ဘယ်
လောက်ကြံ့ကြံ့ခံရင်ဆိုင်ဖြေရှင်းနိုင်ခဲ့လဲ အပေါ်မူတည်
တာပါ။
2) အရည်အသွေးထက် အရွယ်အစားကိုဦးစားမပေးပါနဲ့။
------------------------------------------------------------------------------
• လုပ်ငန်းကြီးမှ အကျိုးအမြတ်များတဲ့ ကုမ္ပဏီဖြစ်တာမဟုတ်သလို ဝန်ထမ်းအင်အားများမှ အောင်မြင်တဲ့ကုမ္ပဏီ လို့ သတ်မှတ်တာ
မဟုတ်ပါဘူး။
3) ဦးစွာစတင်လုပ်ဆောင်သူဖြစ်ပါစေ။
-----------------------------------------------------
• အပြောင်းအလဲတွေကို ပထမဆုံးလုပ်ဆောင်သူ၊ စိန်
ခေါ်မှုတွေကို ပထမဆုံးရင်ဆိုင်သူ၊ အခက်အခဲတွေကို ပထမဆုံးကျော်လွှားသူ ဖြစ်အောင်လုပ်ပါ၊ အသစ်အသစ်သော အရာတွေကို အမြဲလေ့လာပါ၊ ဘယ်တော့မှ အရှုံးမပေးပါနဲ့။
4) အနာဂတ်အတွက်ပြင်ဆင်ပါ။
---------------------------------------------
• နောင် (၅) နှစ်၊ (၁၀) နှစ် ၊ အနှစ် (၂၀)မှာ ဘာဖြစ်အောင်လုပ်မယ် ဆိုတဲ့ ပန်းတိုင်ထားပါ၊ အဲ့ဒီပန်းတိုင်ကို အရောက်
သွားပါ။
• ကိုယ့်ရဲ့အနာဂတ်က လက်ရှိမှာ ဘာလုပ်နေလဲဆိုတာပေါ်မူတည်တာမို့ အချိန်ကို ကောင်းမွန်စွာစီမံခန့်ခွဲတတ်ပါစေ။
5) ပြိုင်ဖက်ကုမ္ပဏီတွေကိုလေးစားပါ။
-----------------------------------------------------
• ပြိုင်ဖက်ကုမ္ပဏီတွေ ဆိုတာ အမုန်းပွားဖို့ မဟုတ်ပါဘူး၊ သူတို့ဆီကလည်း သင်ယူလေ့လာပါ၊ သူတို့ရဲ့ အောင်မြင်
မှုကိုအသိအမှတ်ပြုပါ၊ကိုယ့်နည်းဗျူဟာနဲ့ ကိုယ်သွားပါ။
6) စိန်ခေါ်မှုအခက်အခဲတွေကိုအခွင့်အလမ်းလို့မြင်ပါ။
--------------------------------------------------------------------------
• စိန်ခေါ်မှု၊ အခက်အခဲတွေကြားမှာ အခွင့်အလမ်းသစ်
တွေ အမြဲတမ်းရှိနေပါတယ်၊ ဝယ်သူဖောက်သည်တွေဆီက မကျေနပ်ချက်တွေ တိုင်ကြားမှုတွေ Complaint တွေမှာလည်း ပိုမိုကောင်းမွန်အောင်လုပ်ဖို့အခွင့်အလမ်းတွေနဲ့ပါ၊ ဒီစိန်ခေါ်မှု အခက်အခဲတွေ များလေ အခွင့်အလမ်းတွေ ကြီးမားလေပါပဲ။
7) ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိပါ။
--------------------------------------------
• အခြားသူတွေ ဘယ်လောက်ပဲ ဝေဖန်တိုက်ခိုက်ပါစေ အောင်မြင်မယ်လို့ကိုယ့်ကိုယ်ကို ယုံကြည်ပါ၊ အခက်အခဲတွေနဲ့ ကြုံတွေ့ရရင်လည်း ရင်ဆိုင်ကျော်လွှားနိုင်တယ်ဆိုတဲ့ သတ္တိမွေးပါ။
8) အကောင်းမြင်စိတ်ရှိတဲ့သူတွေနဲ့သာအလုပ်လုပ်ပါ။
------------------------------------------------------
• အခက်အခဲတွေပဲ မြင်နေမယ်၊ မလုပ်နိုင်ဘူး မဖြစ်နိုင်ဘူးလို့ တဖွဖွပြောနေတဲ့သူတွေ၊ အမြဲတမ်းညည်းတွားနေတဲ့သူတွေ ကိုတတ်နိုင်သမျှဝေးဝေးရှောင်ရှားပါ။
9) ကျန်းမာရေးလိုက်စားပါ။
--------------------------------------
ဘဝမှာ ပျော်ရွှင်ဖို့၊ အောင်မြင်ဖို့၊ စိတ်သွားတိုင်းကိုယ်ပါဖို့ရာ ကျန်းမာရေးကောင်းဖို့ လိုအပ်ပါတယ်။
10) စိတ်ညစ်စရာကြံဖန်မတွေးပဲပျော်အောင်နေပါ။
----------------------------------------------------------------------
• စိတ်ညစ်စရာတွေကြံဖန်မတွေးပါနဲ့၊ သတိမရသင့်တဲ့ကိစ္စရပ်တွေအတွက် အတတ်နိုင်ဆုံး မေ့ပစ်လိုက်ပါ၊ အတိတ်အကြောင်းတွေတွေးပြီးနောင်တမရပါနဲ၊ လက်ရှိအချိန်ကို အကောင်းဆုံးဖြစ်အောင် နေပါ။
စာဖတ်သူအပေါင်းလည်း ဂျက်မားရဲ့နည်းလမ်းတွေနဲ့ မိမိတို့လက်ရှိအနေအထားကနေ အကောင်းဆုံးဖြစ်အောင် စွမ်းဆောင်နိုင်ကြပါစေနော်------
အားလုံးကို ကျေးဇူးတင်ပါတယ်......
Ref : Jack Ma’s Top ten rules for successful people
Credit.U Tin Zan Kyaw
သဘောကျ၍ ပြန်လည်မျှဝေပေးခြင်းသာ crd
25/03/2022
စီးပွားရေးမှာ သိပ်အားကျရတဲ့သူတယောက်ရှိတယ်
သူပြောဖူးတဲ့ စကားတစ်ခု
လူတယောက်က တစ်လ ဝင်ငွေ ၁သိန်းရတယ် ဆိုပါတော့
တစ်လ ကို ၅သောင်းသုံးတယ်
သူ တစ်လ ဝင်ငွေ ၅သောင်းပဲရတော့တဲ့အခါ ဘာလုပ်မလဲတဲ့
ကိုယ် ထင်ခဲ့တာ
အသုံးစရိတ်ကို တဝက်လျှော့သုံးမယ်ပေါ့
သူ ရယ်တယ်
အဲ့လိုတွေးရင် သူဌေးမဖြစ်တော့ဘူး
တစ်လကို ၅ သောင်း အသုံးစားရိတ်ရှိနေရင်
ငါအမြဲ ဒီလိုသုံးနိုင်အောင် ဘယ်လိုရှာရမလဲ တွေးရတယ်
လျှော့သုံးဖို့ထက် တိုးရှာနိုင်အောင် လုပ်လေတဲ့
စောစောကပြောတော့ ဝင်ငွေက
တဝက်ကျသွားတာဆိုလို့ ပြန်မေးတော့
သူ ထပ်ရယ်တယ်
ဒီစီးပွားက ငွေဝင်နည်းရင် အခြားတစ်ခုကိုရအောင်ကြံပေါ့
အချိန်တိုင်း ကြံစည်နေရမှာပဲလေ
လူဆိုတာ မွေးစကနေ သေသည်အထိ
ပြေးလမ်းပေါ်မှာ ပြေးနေသလိုပဲ
ပူလောင်လိုက်တာ မညည်းနဲ့
အေးချမ်းချင် တရားရိပ်ခိုလိုက်တဲ့
အဲ့ဒီလူဟာ အသက် ၂၃ နှစ်မှာ
စက်လှေအစီး ၈၀ ပိုင်တဲ့ Company ရဲ့ Director ဖြစ်နေပြီ
သူငယ်ငယ်က သူ့မိသားစုက
စက်လှေ ၁ စီးထဲနဲ့ ငါးဖမ်းလုပ်ငန်းလုပ်ခဲ့သူတွေ
သူ့ဘဝမှာ ရုပ်ရှင်ရုံလဲ မသိဘူး
ပန်းခြံလဲ မသိဘူး
အချစ်ကိုလဲ ဦးစားမပေးခဲ့ဘူး
အလုပ်ချိန် ချစ်သူကို သတိရမိရင်တောင်
မင်းကြောင့် ငါ အာရုံစိုက်မရဖြစ်တယ်ကွ ဆိုပြီး
လှမ်းဆဲတတ်တဲ့သူမျိုးး
သူ့မှာ...
လူငယ်ဘဝလဲ ဆုံးရှုံးတယ်
ပျော်စရာဆိုတာ မရှိသလောက်ပဲ
ဒီလို နေရတာ ပျော်ရဲ့လား?
ဘဝက ဘာအဓိပ်ပါယျရှိမလဲ ကိုယ်မေးတော့
အနည်းဆုံးတော့ ကိုယ့်ညီတွေကို နိုင်ငံခြားမှာ ကျောင်းထားနိုင်တယ်
ဆင်းရဲသူတွေကို ပေးနိုင်လှူနိုင်တယ်
မကျန်းမာတဲ့အခါ ကုနိုင်တယ်
ဆွေမျိုးတွေကို ထောက်ပံ့နိုင်တယ်
တစ်နေ့ သားသမီးရှိလာရင် ပြည့်စုံမှုပေးနိုင်တယ်လေ
ငွေမရှိပဲ ငယ်ဘဝကိုပေါ့ပေါ့ပါးပါး ပျော်နေခဲ့မယ်ဆို
အတ္တကြီးရာ ကျတာပေါ့တဲ့
ဘဝမှာ တခုပဲရမယ်
အောင်မြင်မှုလားး အေးချမ်းမှုလားး
နှစ်ခုလုံးလိုချင်လို့တော့ မရဘူး
ကြာလာလေ သဘောပေါက်လာလေပဲ
ထမင်းကြမ်းကို ယပ်ခပ်စားရတာ ပြဿနာမဟုတ်ပေမယ့်
ကိုယ်ချစ်တဲ့သူတွေ မပြည့်မစုံဖြစ်တာ ထိုင်ကြည့်ရတဲ့အခါတော့ အတော့်ကို နာကျင်ရတယ်
သူများစားရင် ကျွေးချင်တယ်
သူများဝတ်ရင် ဆင်ချင်တယ်
သူများပေးရင် ကိုယ်လဲပေးချင်တယ်
ဒါဟာ လောဘ ဆိုရင်
ဟုတ်တယ် ကျနော် သိပ်လောဘကြီးတာပဲ
Pwint Nadi Kyaw (Business Advisor )
24/03/2022
အသက် 20 ကျော်တာနဲ့ဒါတွေကိုစတင်လုပ်ယူပါ။။
📕📕📕📕📕
1=ကိုယ့်ဘ၀ကိုယ်သိပါ။။
2=ကိုယ့်ကိုယ် ကိုယ်တန်ဖိုးထားပါ။။
3=ကိုယ့်ရဲ့ဘ၀ကိုယ်ဘယ်သူတွေနဲ့မှ မနှိုင်းယှဉ်ပါနဲ့။။
4=ငွေကိုစုပါ။။
5=အချိန်ကိုတန်းဖိုးထားပါ။။
6=လက်ရှိအလုပ်ကိုသစ္စာရှိပါ။။
7=ဗဟု သုတ များစွာကိုလိုက်စားပါ။။
8=စိတ်ဓာတ်ကြံခိုင်မူ့ရှိပါ။။
9=ပေးကမ်းစွန့်ကြဲနိုင်သူတယောက်ဖြစ်အောင်ကြိုးစားပါ။။
10=အရာရာတိုင်းကိုလေးလေးနက်နက်တွေးခေါ်ပါ။။
11=မိတ်ဆွေကောင်းတွေကိုပေါင်းသင်းဆက်ဆံပါ။။
12=စည်းကမ်းရှိပါ။။
13=သပ်သပ်ရပ်ရပ်၀တ်ဆင်ပါ။။
14=ကျမ်းမာရေးဂရုစိုက်ပါ။။
15=အချိန်ရရင်စာဖတ်ပါ။။
16=ကိုယ့်အားကိုယ်ကိုးပါ။။
17=ရည်းမှန်းချက်တွေထားပါ။။
18=ကိုယ့်ကိုယ် ကိုယ်ယုံကြည့်မူ့ပြည့်၀စွာရှိပါ။။
19=ကိုယ့်ဒူး ကိုယ်ချွန်ပါ။။
20=လုံးလ ဝိတိရရှိပါ။။
21=ကိုယ့်သမိုင်းကိုယ်ရေးပါ။။
22=ကိုယ့်လမ်းကိုယ်ဖောက်ပြီး ကိုယ့်လမ်းကိုလျှောက်ပါ။။
23=စွန့်စားပါ။။
24=အတိတ်တွေကိုမေ့ထားပါ။။
25=ပစ္စုပ္ပန်တည့်တည့်ကိုသာလျှောက်လှမ်းပါ။။
26=အကောင်းတွေကိုလက်ခံနိုင်သလို အဆိုးဆုံးတွေကိုလည်းလက်ခံနိုင်သူတယောက်ဖြစ်အောင်ကြိုးစားပါ။။
27=ဘ၀ကိုအရင်ကထက် လေးနက်မူ့တွေရှိလာအောင်တွေးတော့ကြံဆပါ။။
28=စိတ်ကောင်းစေတနာကောင်းထားပါ။။
29=အတွေးတွေကိုထိန်းချုပ်ပါ
30ကံသည်အလုပ် အလုပ်သည်ကံ အလုပ်ကောင်းရင်ကံကောင်းမယ်။
Crd
15/12/2020
အရိုးဆုံးက အဆန်းဆုံးပဲတဲ့ ဟုတ်လား 😍😍😍
11/12/2020
Bagan ကို ရောက်ခဲ့ရင်
"ဓာတ်ပုံလှလှလေးတေ ရိုက်ဖြစ်အောင်ရိုက်ခဲ့ကြနော်"
သူများတေ ပုံလှလှလေးတေ အပြိုင်အဆိုင်တင်မှ
မရိုက်ခဲ့ရလေခြင်းဆိုပီး နောင်တမရကြေးနော်☺
11/12/2020
Baby လေးတေအတွက်
အရမ်းတေချစ်စရာကောင်းနေသော 😍😍😍😍
ချစ်တယ်ဆို💗💗💗💗💗💗လေးတေပေးခဲ့နော်
10/12/2020
အရင်တစ်ခေါက်က မတင်လိုက်ရလို့ 😍😍
ခုတလော ပါတိတ်တေ အရမ်း Hot နေရောပဲ 😮😮
ကြိုက်ရင် 💗💗💗လေးတေ ပေးသွား 😍😍😍
10/12/2020
ဟေးယူတို့ restart တွေချမနေကြနဲ့ ...
Messenger Error ဖြစ်နေတာပါ ...
ကိုယ့်ဘက်က ပို့လိုက်တဲ့စာက sent ပဲဖြစ်ပြီး delivered မဖြစ်ပါဘူး... Messenger ကနေ ဖုန်းခေါ်တာတွေ Video Call ခေါ်တာတွေလဲ မရပါဘူး
Messenger ကနေ အလုပ်လုပ်ရတဲ့ သူတွေတော့ ဒုက္ခရောက်တာပဲ...
OS သမားတွေလဲ customer တွေကို post တင်ပြီး ကြိုတောင်းပန်ထားတာပိုကောင်းမယ် ထင်တယ်နော် 😁
အခု messenger Error ကြောင့် ဘယ်လိုတွေ ဒုက္ခရောက်နေကြပြီလဲဆိုလဲ Comments လေးတွေ ရေးခဲ့ကြဦးပါဦး
10/12/2020
မွန်ဝမ်းဆက် လေးတေ ဘယ်လောက်လှလဲ😍😍
ပုံတိုင်းကအရမ်းလှနေတော့ အားလုံးကိုကြွေပီလေ
ကြိုက်ရင် 👇👇👇
မူရင်းpostကcommentမှာ like လို့ရေးသွားပေးနော်
10/12/2020
ဂါဝန်အကွက်လေးနဲ့အစင်း ချုပ်ပုံလေးတေ💗💗
ဘယ်လောက်လှလဲ 😍😍😍😍😍😍
တနေ့တမျိုးမရိုးနိုင်အောင် တင်ပေးမှာမို့
Page ကို like and follow လေးလုပ်ထားလိုက်နော်
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Sanchaung Street
Sanchaung
