Ywet Wah
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Ywet Wah, Health/Beauty, Sanchaung.
We intend to encourage all young and old to gain knowledge about beauty and health Boosting morale
Aiming for a good future I wish everyone a good new day Thank you all
08/09/2024
အနာဂတ် က ငါ က ခုငါ့ကို လှမ်းအော်လို့ပြောနေတယ် မင်းရဲ့ ခုလုပ်ရပ်တိုင်းက ငါ့ကို ဖန်တီးနေတာမို့ အချိန်မဖြုန်းနဲ့ မတွေဝေနဲ့ မကြောက်ပါနဲ့တဲ့
W - lotaya
20/07/2024
ဝါဆို လပြည့်နေ့လေးမှ စ ပန်းကလေးလို နုညံ့ လှပပြီး ရေကလေးလို အေးမြ ကြည်လင် ငြိမ်းချမ်း ကြပါစေ
Lotaya -YW
Photo - Credit
17/04/2024
မဂ်လာ နှစ်သစ် မှာ စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး အေးချမ်းပျော်ရွှင်ကညပါစေ
27/08/2023
စိတ်နှလုံးသားလေး လွတ်လပ်ပျော်ရွှင်စွာ ပျံသန်းပါစေ နာကျင်မှုတွေနဲ့ မချုပ်နှောင်ထားပါနဲ့တော့ ဘဝက မရေရာမှုတွေနဲ့ တိုတောင်းတာမို့
ရွက်ဝါ - လိုတရ
08/08/2023
8-8-2023 ပြည့်ဝခြင်း Manifestation
ငါ့ရဲ့ နှလုံးသာလေး သို့ မေတ္တာ အပြည့် အလျှံ ပိုင်ဆိုင်ပါရစေသား
မေတ္တာ အပြည့်နဲ့ အားလုံးသောသူများအပေါ် ကူညီ စောင့်ရှောက်နိုင်ရပါစေသား
ကံကောင်း ခြင်း များ ပိုင်ဆိုင်ရ၍ ငါနဲ့ ပတ်သတ်လာသမျှ ကံကောင်းစေသူ ဖြစ်ပါရစေသား
ပေးသေားလက်သာ ဖြစ်၍ အေးမြစေသူဖြစ်ပါရစေသား
ကျွေးသော သူသာဖြစ်၍ အားထားရသူ ဖြစ်ပါစေသား
ပျော်ရွှင်ခြင်းများ ထာဝစဥ်ပိုင်ဆိုင်ရ၍ ငါနဲ့ ထိတွေ့သူတိုင်း ပျော်ရွှင်စေသူ ဖြစ်ပါရစေသား
ကျန်းမာ ခြင်းများ ပိုင်ဆိုင်ရ၍ ကျန်မာခြင်းများ မျှဝေသူဖြစ်ပါရစေသား
ချမ်းသာကြွယ်ဝ လိုတရ၍ ငါသည် ချမ်းသာခြင်းများ ပေးဝေသူဖြစ်ပါရစေသား
ချစ်မြတ်နိုးမှုများ ထာဝစဥ် ပိုင်ဆိုင်ရ၍ ငါသည် ငါနဲ့ ပတ်သတ်လာသမျှ သူများအပေါ် ချစ်မြတ်နိုးစွာ စောင့်ရှောက် နိုင်ရပါစေသား
lucky girl
group
22
Universe
01/08/2023
ဝါဆို လပြည့်နေ့ လေးမှာ စိတ်ရဲ့အေးချမ်းခြင်းများနဲ့ ကောင်းမှု ကုသိုလ် များ ပွားများနိုင်ကြပါစေ 🙏🙏🙏
ကောင်းခြင်းလိုအင်ဆန္ဒများလဲ ပြည့်ဝကြပါစေ
05/07/2023
ဘာပဲ လုပ်လုပ် မေတ္တာ လေး ပေါင်း
ဘာပဲ ပြောပြော မေတ္တာ နဲ့ ပြော
ဘာတေပဲ တွေးတွေး မေတ္တာလေး နဲ့တွေးတဲ့
ခုတစ်လော ကိုယ်အရမ်းကြိုက်မိတဲ့ အကြောင်းအရာလေးမို့ မျှဝေတာပါ
ကိုယ်လဲ ကြိုးစားတုန်းပဲ မေတ္တာ တွေ မပြည့်ဝသေးဘူး
ဒါပေမယ့် မေတ္တာ ထားနိုင်သလောက် ကောင်းကျိုးချမ်းသာနဲ့ အေးချမ်းရမှာ ကိုယ်ပါနော်
ရွက်ဝါ -လိုတရ
23/06/2023
ငါတို့တွေက ကိုယ့်ကိုကိုယ် မရှာဖွေးပဲ ပြင်ပ တခြားအရာတွေပဲ ရှာဖွေရင်း ငါတို့ကိုယ် ငါတို့ပျောက်ဆုံးလာကြတယ်
ငါတို့ပျောက်ဆုံးလာတာနဲ့အမျှ ပိုကြောက်လာကြတယ် ပို ခက်ထန်လာကြတယ် ပိုလိုချင်လာကြတယ်
ကိုယ့်ကို မရှာဖွေပဲ တခြားသူကိုပဲ ငါဘာလဲ ငါ ဘာလိုချင်လဲ ရှာခိုင်းပြန်တယ် တွေးကြည့်ရင် ငါတို့ သိပ်သနားဖို့ကောင်းနေပြီ
တခြားသူတွေကို ငါတို့ကိုရှာဖွေခိုင်းနေသမျှ ငါတို့ကိုယ် ငါတို့ပျောက်ဆုံးနေမှာပဲ
ငါတို့ကိုယ်ငါတို့ ပြန်ရှာဖွေကြပါစို့ ငါတို့ကိုယ် ငါတို့ ရှာဖွေတွေ့ရှိလာသမျှ ငါတို့ ဘာလိုချင်လဲ ငါတို့ဘယ်လိုရှင်သန်ချင်လဲ သိရှိလာမယ်
ဘဝမှာရှင်သန်ရတာ ပို ပျော်ရွှင် ကျေနပ်လာမယ် အဓိပ္ပာယ် တွေ ပိုရှိလာမယ်လို့ ယုံကြည်တာမို့
ငါတို့ကိုယ် ငါတို့ ပြန်ရှာဖွေကြပါစို့
lucky girl
group
Universe
17/06/2023
လောကကြီး အကြောင်းနဲ့ လူတွေ အကြောင်း သင်ကြားခံရဖို့ စိတ်မပူနဲ့
အနီးဆုံးနဲ့ အချစ် ရဆုံး လူတွေက သင်ပေးလိမ့်မယ်
အလွန် ယုံကြည် တာတွေနဲ့ အစွန်း ရောက်ချစ်မိတာတွေ မလုပ်ဖို့ ကိုယ်အား ကိုယ်ကိုးတတ်ဖို့ ပုံစံ အမျိုးမျိုးနဲ့ သင်ပေးမှာမို့
သင်ခန်းစား ကျေညက်ဖို့ လိုတယ်နော်
အချစ်ဆုံး တွေပေးတဲ့ သင်ခန်းစာ မကျေညက်ရင် ဘဝစာမေးပွဲ ကျရှုံးရုံတင် မကဘူး ငါသေလို့ရတယ် ဆိုတာတွေ ပါဖြစ်လိမ့်မယ်
အဲဒီ အခါ ကိုယ့်ကို ချစ်ဖို့ မမေ့လိုက်ပါနဲ့ ကိုယ့်ကို တန်ဖိုးရှိစွာ ပြန်ဆက်ဆံပေးဖို့ မပျက်ကွက်ပါနဲ့ ကိုယ့်ကို ချစ်တဲ့သူတွေရှိသေးတယ်ဆိုတာလဲ သတိရပါအုံး
အချစ်ဆုံး တွေပေးတဲ့ နာကျင်ပြိုလဲမှုတွေထဲက ကုန်းရုန်း ထရင်း ပြန်လည်တည်ဆောက် ဒုတိယအကြိမ် အကောင်းဆုံး ပြန်လည်မွေးဖွား ရှင်သန်လိုက်ပါ
lucky girl
group
22
Universe
01/06/2023
Abundance June
ချမ်းသာ ကြွယ်ဝခြင်းများ အဆ100 ရမယ့် juneလလေးပါ
27/05/2023
ကိုယ့်ကို ဘယ်အရာတွေက အေးချမ်းစေလဲ အဲ့အရာတွေနဲ့ နေထိုင်ပါ
ကိုယ့်ကို ဘယ်အရာတွေက ပျော်ရွှင်စေလဲ အဲ့အရာတွေနဲ့ ကခုန်ပါ
ကိုယ့်ကို ဘယ်သူတွေက ဂရုစိုက်လဲ
ပြန်လည် ဂရုစိုက်ပေးပါ
ကိုယ့်ကို ဘယ်သူတွေက မေတ္တာ စစ်တွေနဲ့ ချစ်မြတ်နိုးလဲ အဲ့အတိုင်းပြန်ပေးပါ
ကိုယ့်ကို ဘယ်သူတွေက သစ္စာ ရှိပေးနေလဲ သစ္စာ တရားကို ခံစားရင်း စောင့်သိရင်း တန်ဖိုးမြှင့်ပေးပါ
lucky girl
group
Universe
23/05/2023
မျိုးဆက် အဆင့်ဆင့်မှာ မွေးလာတဲ့ ခေတ် စနစ် နည်းပညာ တွေ ကွဲလဲဲမြင့်တက်နေတာမို့
ငါတို့ခေတ်တုန်းက ပေတံတွေနဲ့ ထိန်းသိမ်း ပျိုးထောင်မှုတွေ လမ်းပြပေးမှုတွေနဲ့ သွားလို့မရတော့ပါဘူး
ဘာပံ့ပိုးပေးနိုင်သလဲ ဘယ်လောက်ပံပိုးပေးနိုင်မလဲနဲ့ သူတို့ ဘာဖြစ်ချင်လဲနဲ့ ပေါင်းပေးရမှာပါ
ငါမိဘပဲ မိဘ စီမံတာ မိဘကြိုက်တာပဲ လုပ်နေရင်တော့ ဖြစ်ထွန်းမှု တိုးတက်မှု နောက်ကောက်ကြနေမှာပဲ
ဘာလို့လဲ ကျန်ခဲ့တဲ့ နှစ် ၂၀ နှစ် ၃၀ ရဲ့ အသိပညာ ဗဟုသုတ ကိုပဲ အခြေခံပြီး ဆက်လုပ်နေရလို့ပါ
lucky girl
group
Universe
Click here to claim your Sponsored Listing.
Category
Website
Address
Sanchaung
