QW Gems and Jewelry
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from QW Gems and Jewelry, Yangon.
💎 သဘာဝကျောက်စစ်ရတနာများကို စိတ်ကြိုက်ဒီဇိုင်းများဖြင့် စိတ်တိုင်းကျ ဖန်တီးပေးပါတယ်
✅ တရားဝင်စစ်ဆေးပြီးသား (Lab Certified) ကျောက်မျက်ရတနာများသာ ရောင်းချပေးခြင်း။Online သီးသန့်သာရောင်းချပေးပါတယ်။
အသေးစိတ်သိလိုပါက Message Box မှဆက်သွယ်မေးမြန်းနိုင်ပါတယ်။
04/03/2026
🌿 ကျက်သရေရှိလှတဲ့ အလှတရားရဲ့ လျှို့ဝှက်ချက် 🌿
သင့်ရဲ့ အလှတရားကို ပိုမိုတောက်ပစေဖို့ ကိုလံဘီယာမြ ဆွဲသီးလေး ရှိရင် ပြည့်စုံပါပြီ။ အစိမ်းရောင်ရဲ့ အေးချမ်းမှုနဲ့ စိန်ဖြူသန့်တွေရဲ့ တောက်ပမှုက ပေါင်းစပ်လိုက်တဲ့အခါ ဘယ်အရာနဲ့မှ မတူတဲ့ လှပကျော့ရှင်းမှုကို ပေးစွမ်းမှာပါ။
ကိုလံဘီယာမြ 0.34cts
စိန်ဖြူသန့်0.30cts
2190000
14/06/2025
ကျောက်စိမ်းနဲ့ပတ်သက်ပြီး သင်မသိသေးတဲ့ အချက် ၅ ချက်
∎ တော်ဝင်ရတနာ
၃၀၀၀ ဘီစီအစောပိုင်းကာလတွေမှာ ကျောက်စိမ်းဟာ တရုတ်ပြည်မှာ Yu လို့လူသိများတဲ့ တော်ဝင်ရတနာဖြစ်ပါတယ်။ တရုတ်အင်ပါယာသမိုင်းအရှည်ကြီးတစ်လျှောက်မှာ ကျောက်စိမ်းဟာ တကယ့်ကို အထူးစပါယ်ရှယ် အရေးကြီးသော တော်ဝင်ရတနာဖြစ်ခဲ့ပါတယ်။ ဥပမာဆိုရရင် ဥရောပမှာ စိန်တို့ရွှေတို့ဟာ တကယ့်ကို ထိပ်တန်းတော်ဝင်ရတနာဖြစ်နေချိန်မှာ ကျောက်စိမ်းဟာလည်း တရုတ်ရဲ့ ထိပ်တန်းတော်ဝင်ရတနာပါ။
ကျောက်စိမ်းကို Culture တစ်ခုတည်းအတွက် အကောင်းဆုံးရတနာအဖြစ် အသုံးပြုတာတင်မဟုတ်ဘဲ တော်ဝင်မျိုးနွယ်တွေရဲ့ ထိပ်တန်းအကြီးအကဲတွေသေဆုံးတဲ့အခါ အုတ်ဂူအတွင်း ထည့်သွင်းတဲ့အရာတွေမှာလည်း အသုံးပြုပါတယ်။
∎ Imperial Jade
သင်ရှာလို့ရတဲ့ထဲက တန်ဖိုးအကြီးဆုံးဆိုတဲ့ ကျောက်စိမ်းကို Imperial Jade လို့ခေါ်ပါတယ်။ သူ့ရဲ့ Emerald Green လို့ခေါ်တဲ့အရောင်နဲ့ အလင်းဖြတ်နိုင်တဲ့အနေအထား Translucency မြင့်မားစွာပါဝင်နေလို့ပါပဲ။ သူ့ရဲ့အရောင်ဟာ နက်နက်ရှိုင်းရှိုင်းလှပနေပြီး ဒီခေတ်အခေါ်အရဆို Glow တယ်ပေါ့နော်။ ဒီ ရှားပါးတဲ့ Imperial Jade ဟာ ဈေးအရမ်းကောင်းပါတယ်။
∎ Lavender Jade
Mineral တွေပေါ်မူတည်ပြီး ကျောက်စိမ်းဟာ အစိမ်းရောင်ကိုမှ အမျိုးမျိုးကွဲပြားသွားပါတယ်။ တစ်ချိန်တည်းမှာပဲ ကျောက်စိမ်းဟာ တခြားသောအရောင်တွေနဲ့ လာပါသေးတယ်။ ပြောရရင် အဖြူ ၊ မီးခိုး ၊ အမည်း ၊ အဝါ ၊ လိမ္မော် ၊ အနီနဲ့ Lavender အရောင်တွေပဲဖြစ်ပါတယ်။ Lavender Jade ဟာ အတော်လေးရှားပါးတဲ့ ကျောက်စိမ်းအမျိုးအစားပဲဖြစ်ပါတယ်။
ဒေသအဆိုတွေအရတော့ Lavender Jade ဟာ ညင်သာတဲ့စွမ်းအားရှိတယ်လို့ပြောကြပါတယ်။ စိတ်ကိုထိန်းညှိနိုင်တယ် ၊ ပျော်ရွှင်မှုတွေဆောင်ကျဉ်းပေးတယ် ၊ စိတ်ကိုငြိမ်းချမ်းစေတယ် စသဖြင့်ပေါ့။
∎ ကျောက်စိမ်းဟာ စိန်ထက် တန်ဖိုးရှိသလား?
ကျောက်စိမ်းကို ကမ္ဘာပေါ်က နေရာအများမှာ ရှာတွေ့နိုင်ပါတယ်။ ဒါပေမဲ့ အကောင်းဆုံးဆိုတဲ့ ကျောက်စိမ်းတွေကို Burma လို့ခေါ်တဲ့ မြန်မာနိုင်ငံမှာပဲ တွေ့နိုင်ပါတယ်။ ဒီနှစ်ပိုင်းတွေမှာ ကျောက်စိမ်းဟာ Investment တစ်မျိုးဖြစ်လာပြီး ခန့်မှန်းတန်ဖိုးထက် ၁၀ဆလောက်တန်ဖိုးနဲ့ကို ရောင်းချနိုင်တာတွေရှိလာပါတယ်။ အဲ့ဒီတန်ဖိုးဟာ စိန်တန်ဖိုးထက်တောင် မြင့်ပါတယ်။
၂၀၁၄ မှာတော့ ကျောက်စိမ်း ၂၇ လုံးပါတဲ့ လည်ဆွဲကို အမေရိကန်ဒေါ်လာ ၂၇.၄၄ သန်းနဲ့ ရောင်းချခဲ့ပြီး ကမ္ဘာ့စံချိန်ချိုးခဲ့ပါတယ်။
∎ ကျောက်စိမ်းဟာ ဝတ်ဆင်ရင်း အရောင်ပြောင်းနိုင်ပါသလား
တော်တော်များများ ယုံကြည်လေ့ရှိကြတာက ( အဓိကက အရှေ့တိုင်းကလူတွေပေါ့နော် ) ကျောက်စိမ်းကို ကိုယ်နဲ့နီးနီးကပ်ကပ်ဝတ်ဆင်တဲ့အခါ အရောင်ပြောင်းလေ့ရှိပါတယ်တဲ့။ ကောင်းတဲ့လူမှာဆိုရင် ပိုပြီး အရောင်တောက်လာပြီး မကောင်းတဲ့လူဝတ်ရင် မှိန်သွားတတ်ပါသတဲ့။
သင်ရော ဒါကိုယုံကြည်လား?
ကျောက်စိမ်းနဲ့ပတ်သက်တဲ့ ဒီအချက်လေးတွေကို ဖတ်ရတာ ကျေနပ်ကြမယ်လို့ထင်ပါတယ်။
နောက်ထပ်လည်း တင်ပေးသွားပါဦးမယ်။
မူရင်းရေးသားသူဆရာများအားအစဥ်လေးစားလျှက်😍
12/02/2025
ဒီနေ့ လပြည့်ညမှာ ကာကာတို့ရဲ့ လက်ဝတ်ရတနာ တွေကို ဆားရည်လေး နဲ့ ခဏ စိမ်ပြီး လရောင်အောက်မှာ 10မိနစ်/15 မိနစ်လောက်ထာပြီး ကောင်းမွန်တဲ့ လမင်းရဲ့ energy ကို infuse လုပ်ပေးပါနော် လမင်းကြီး ထံမှ ပေါကြွယ်ဝတဲ့ Abundance Energy တွေ ဟာ မိမိ ရဲ့ ရတနာ လေးတွေ အပေါ် စိမ့်ဝင်ပြီး ပို၍ ချမ်းသာကြွယ်ဝ ပြီး အေးချမ်းတဲ့ ဘဝ တွေ ကို ပိုင်ဆိုင်ရတော့မယ်လို့ ယုံယုံကြည်ယကြည် နဲ့ ခံစားကြည့်ပေးကြမယ်နော် 🥰🕉️🙏
ကာကာတို့ကိုယ်တိုင် ဆားရည်နဲ့ ရေချိုးတာ မိမိနေအိမ် ကို ဆားရည်နဲ့ နောက်ဖေး က နေ အိမ်ရှေ့ထိ ဖြန်းပက်ပြီး မကောင်းတဲ့ negative energy တွေကို ဒီည ရှင်းလင်းကြမယ်နော် အဓိက နောက်တချက်က 15 မိနစ်လောက် တရားထိုင်တာ မေတ္တာပို့တာတွေလည်း လုပ်ကြရအောင်နော် 💚🍀🍀
Click here to claim your Sponsored Listing.
Contact the business
Telephone
Website
Address
Yangon
