Real Beauty & Natural Soap

Real Beauty & Natural Soap

Share

Real Beauty /အလှစစ် Natural Soap မှ ကြိုဆိုပါတယ်ရှင်���

Photos from Real Beauty & Natural Soap's post 06/01/2024

Bear Coffee Soap

Retail
WholeSales သီးသန့်ရှိတာမို့ အမြန်ဆက်သွယ်မှာယူနိုင်ပါပြီရှင့်🙏🙏🙏

Scrub သီးသန့်တိုက်ရမှာ ပျင်းတဲ့ သူတွေတွက် ဆပ်ပြာတိုက်ရင်း တခါတည်းအပြီးအစီးး 😁😁

အသားဖြူဖို့ စျေးကြီးကြီးပေးစရာလိုတော့ဘူး ❤
မျက်နှာသစ်တခု ကိုယ်တိုက်တခု ဝယ်စရာမလို
တခုထဲနဲ့ပြည့်စုံတဲ့ Bear Coffee Soap လေးရှိနေပီ 😍

Bear coffee scrub soap လေးကို နနွင်း / coffee / သစ်ဂျပိုးခေါက် စတဲ့သဘာဝကပေးတဲ့ဆုလာဘ်တွေနဲ့ ထုတ်လုပ်ထားတာဖြစ်ပါတယ်....❤

-Coffee(အသားအရေကို ချောမွတ်သန့်စင်စေပါတယ်)
-နနွင်း (အသားအရေစိုပြေပြီး သွေးလည်ပတ်မှုအား
ကောင်းစေပါတယ် ၊ အသားအရေဝင်းဝါစိုပြေစေပါ
တယ်)
-သစ်ဂျပိုးခေါက် (ရောင်ရမ်းနေသောနေရာများအထူး
သက်သာစေပါတယ် ၊ အသားဖြူဝင်းစိုပြေကောင်းမွန်
စေပါတယ် )

👉 ဒီဆပ်ပြာလေးက ဝက်ခြံ ၊ မှဲ့ခြောက် ၊ တင်းတိပ်၊ နေလောင်ကွက် ၊ အသားအရေမညီညာမှုကိုလဲ အထူးကောင်းမွန်စေပါတယ် ၊ coffee ၊ နနွင်း ၊ သစ်ဂျပိုး တို့နဲ့ ထုတ်လုပ်ထားတဲ့အပြင် FDA ပါ ရထားတာ ဆ်ိုတော့ သုံးစွဲသူတွေ စိတ်တိုင်းကျစေမှာ အမှန်ပါပဲ ☺
👉 အသုံးပြုပုံကလဲ အရမ်း လွယ်ပါတယ်နော် ရေချိုးရင်း ဆပ်ပြာလေးတိုက်ပြီး ၄ - ၅ မိနစ် နေရင် ရေချိုးချလိုက်ရုံပါပဲနော်

All Crd

10/12/2023

လိုအပ်တဲ့အချိန်မှာ ယူဆော့ပြီး
မလိုအပ်တော့တဲ့အချိန်မှာ စွန့်ပစ်ခံရတဲ့ အရုပ်လေး တစ်ရုပ် ကိုတွေ့တယ်
အဲအရုပ်လေးမှာ မျက်ရည်တွေနဲ့
သူက သက်မဲ့လေ သက်ရှိမှာ မဟုတ်တာ ငိုလို့ရလို့လား

07/12/2023

ဒီနေ့ နာခဲ့တဲ့ တရားတော်မှ ထုတ်နှုတ်ပြီး ပြန်လည်မျှဝေပါရစေရှင့်🙏🙏🙏

ဒါနပြုရာမှာ (၃)မျိုးရှိပါတယ်

၁- ကျော်ဇောလိုသောစိတ်နှင့် ပြုလိုက်သော ဒါန

၂- ပြန်လည်ရရှိမည့်အကျိုးကို မျှော်မှန်း၍ ပြုလိုက်သော ဒါန

၃- ကျော်ဇော်မှုမလို ဘာအကျိုးကိုမှလည်း မျှော်မှန်းခြင်းမရှိ မိမိပြုလုပ်လိုက်‌‌ေသာ အလုပ်သည် တစ်ပါးသူအဆင်ပြေလျှင် ချမ်းသာသွားလျှင် ကျေနပ်ပီတိဖြစ်ပြီဟုသော စိတ်နှင့် ပြုလိုက်သော ဒါန

ထို ဒါန (၃) မျိုးမှာ နောက်ဆုံးပြောသော ဒါနသာလျှင် ပါရမီမြောက်သည်

ထိုဒါနသည်သာလျှင် အစစ်အမှန်ဖြစ်သည်

ထိုဒါနသည်သာလျှင် ဒါနကုသိုလ်ပြုသည်ဟု ခေါ်ဆိုထိုက်သည်

ဒါကြောင့် ပါရမီမြောက်သော ဒါနပြုနိုင်အောင် မိမိ့စိတ်ကို မိမိပြုပြင် ပြင်ဆင် မွေးမြူရမည်

နာယူလိုက်ရသော တရားတော်ကို ထိုသို့လက်ခံရရှိပါသည်။
အမှားရှိလျှင် အမှန်ပြောကြားစေလိုပါသည်။

လူသားတိုင်း ဒါနအစစ် ပြုနိုင်ကျပါစေ🙏🙏🙏

24/09/2023

ဆင်ခြင်ဖွယ်တရား (၅) ပါး

- ငါ့မှာ အိုခြင်းသဘောရှိသည်
အိုခြင်းသဘောကို ငါမလွန်ဆန်နိုင်

- ငါ့မှာ နာခြင်းသဘောရှိသည်
နာခြင်းသဘောကို ငါမလွန်ဆန်နိုင်

-ငါ့မှာ သေခြင်းသဘောရှိသည်
သေခြင်းသဘောကို ငါ မလွန်ဆန်နိုင်

- ငါချစ်မြတ်နိုးသော အရာများနှင့်
ရှင်ကွဲသော်လည်းကွဲရမည်
သေကွဲသော်လည်းကွဲရမည်

- ငါမှာ ကံသာလျှင် မိမိဥစ္စာရှိသည်
ငါဟာ ကံ၏ အမွေခံဖြစ်သည်
ငါမှာ ကံသာလျှင် ဆွေမျိုးရှိသည်
ငါ့မှာ ကံသာလျှင် ကိုးကွယ်မှိခိုရာဖြစ်သည်
ကောင်းတာဖြစ်ဖြစ် မကောင်းတာဖြစ်ဖြစ်
ငါလုပ်မိတဲ့ ကံအားလုံး ငါအမွေခံရမည်

Credit,
ဦးနု၏ ကာမတဏှာ စာအုပ်မှ

Photos from Real Beauty & Natural Soap's post 20/08/2023

စပါးတောသို့ တစ်ခေါက်ပေါ့

08/01/2021

မင်္ဂလာ ညချမ်းလေးပါ
မိတ်ဆွေတို့ရေ
အေးချမ်းစွာ အိပ်စက်အနားယူနိုင်ကျပါစေရှင်

Photos from Real Beauty & Natural Soap's post 08/01/2021

မင်္ဂလာ အမျိုးတို့ရေ
ဒီနေ့မှာတော့
မျက်နှာနဲ့ ပက်သက်ပြီး ညဘက်မျက်နှာသစ်မအိပ်တာတို့
မိတ်ကပ်မဖျက်တာတို့ ကြောင့် ဖြစ်လာတဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကို ဖော်ပြပေးလိုက်ပါတယ်နော် 😘

☑️ သေချာလေ့လာပြီး ဆင်ခြင်ကြပါနော်

Beauty For You 🌹
Life Style Care

#ရန်ကုန်တိုင်းကိုယ်စားလှယ်ကြီး

Photos from Real Beauty & Natural Soap's post 02/12/2020

Hello မိတ်ဆွေတို့ရေ🤗🤗🤗
ဒီတစ်ခါတော့
အာလူးနဲ့ skin careတာလေးတင်ပေးမယ်နော်
အာလူးနဲ့က အမျိုးမျိုး skin careကျပါတယ်
အလွယ်ကူဆုံးနည်းကတော့🙄
အာလူးကို ပါးပါးလှီးပြီး မျက်နှာလေးပေါ်ကိုကပ်ပေးခြင်းပါ
😜အားလူးကိုတော့ သန့်စင်အောင်ဆေးကျရမယ်နော်
မျက်နှာလေးကို ရေနဲ့သန့်စင်ထားပြီး
အာလူးကိုလှီးမယ့် ဓါးကိုလည်း ဆေးကြောထားရပါမယ်
☝️နောက်တစ်နည်းကတော့
အာလူးကို ကြိတ်စက်ထဲကြိတ်ပြီး
🙂ကြက်ဥအကာ
😀ပျားရည်
😄သံလွင်ဆီတို့နဲ့ mixလုပ်ပြီး မျက်နှာလေးပေါ်လိမ်းပေးရတာပါ
လိမ်းပြီး 30 mins ကြာရင် ရေနွေးနွေးလေးနဲ့သန့်စင်ပေးရတာပါနော်👳‍♀️
အာလူးက ဘာအကျိုးရှိလဲဆိုတော့
အာလူးမှာ Bleaching အရောင်ချွတ်တဲ့ အာနိသင်ရှိလို့ အမဲစက် တင်းတိပ် မှဲ့ခြောက်တွေကို သက်သာပျောက်ကင်းစေပါတယ်နော်
အသားအရည်ကို ဖြူစင်ဝင်းလက်စေပြီးချောမွေ့လှပစေပါတယ်ရှင်
မိတ်ဆွေတို့လည်း အာလူးလေးနဲ့ Skin careပြီး လှပကျပါစေရှင်☺️☺️☺️

02/12/2020

~မင်္ဂလာပါ~

👼👼👼သားသား မီးမီးလေးတွေအတွက် ဆပ်ပြာပူပေါင်း လုပ်နည်းလေး ဝေမျှပေးချင်ပါတယ်ရှင်..

ကလေးလေးတွေရှိတဲ့ မိဘတွေအတွက် ကိုယ်တိုင်ပြုလုပ်ပေးလို့အသုံး၀င်ပါတယ်

🎈🎈ဆပ်ပြာ ပူပေါင်း ကုန်ကြမ်း🎈🎈
____________________

၁. ရေသန့် _ ၉၈၀ မီလီ ( တစ်လီတာရေသန့်ဗူး မပြည့်တပြည့်)

၂. ဂရစ်စလင်းအလှဆီ _ ၁၂၅ ဂရမ်( ဓာတုကုန်ကြမ်းဆိုင် သို့မဟုတ် ဆေးဆိုင် မှာ၀ယ်လို့ရပါတယ်)

၃. ဆပ်ပြာဆီ အပျစ် _၂၈၅ ဂရမ် (ကုန်ဆိုင်ဆိုင်များ.marts များမှာ ၀ယ်လို့ရ)

၄. သကြားဖြူ အသန့် _ ၁ အောင်စ ( လက်ဖက်ရည် စွန်း တစ်စွန်းအပြည့်)

၅. ရောမွှေဖို့ ယောင်းမတစ်ချောင်း နှင့် ဇလုံတစ်ခုသို့မဟုတ် ချဉ်ခွက် တစ်ခု

၆. ကုန်ချောထည့်ရန် ဗူးset သို့မဟုတ် ထည့်ရန်ဗူး.(ပြန်လည်ရောင်းချမည့်သူများအတွက်ပါ)

✍️✍️ဆပ်ပြာပူပေါင်း ပြုလုပ်နည်း
_____________________

၁. ပထဆုံး ချဉ်ခွက် သိူ့မဟုတ် ထည့်ရန်ခွက်တစ်ခုထဲတွင် ရေ သန့် ၉၈၀ မီလီ ထည့်ပါ..

၂. ဂရစ်စလင်း အလှဆီ ၁၂၅ ဂရမ် ကို ထည့်ပြီး ရောမွှေပါ။

၃. ပြီးလျင် ဆပ်ပြာဆီ အပျစ် ၂၈၅ ဂရမ်ကို ထည့်မွှေပါ.. ဆပ်ပြာပူပေါင်းအရည်အရောင်လှလှလေးတွေလိုချင်ရင်. ဆပ်ပြာဆီအရောင်လှတာ မိမိနှစ်သက်ရာ အရောင်ပါသည့် ဆပ်ပြာဆီကိုထည့်ပါ။

၄. သကြားဖြူအသန့်(စားပွဲတင်သကြားလိူ့ခေါ်ပါတယ်) ၁အောင်စ ..ပျမ်းမျှ လက်ဖက်ရည် စွန်းတစ်စွန်းစာ အပြည့် ထည့်ပါ။ ပျော်၀င်သည်အထိ မဖိတ်စင်အောင်သေချာမွှေပေးပါ။

၅. ဒါဆိုရင် .. ဆပ်ပြာပူပေါင်းမှုတ်ဖို့အတွက် ဖျော်စပ်ပြီးဆပ်ပြာရည် အဆင်သင့်ရပါပြီ။

(မှတ်ချက်.. အချဉ်အတွယ် အတိကျ ပြုလုပ်ပါနော်။ သန့်ရှင်းစွာပြုလုပ်ပါ။
အထူးသဖြင့်ရေသန့်.ဖို့အထူးဂရုပြုပါ.အခုဖော်ပြပေးထားတွေက ၁လီတာခွဲကုန်ချော
အတွက်ဖြစ်ပါတယ်။ အနည်းအများကို ဆတိုး နဲ့ ချိန်ပြီး ပြုလုပ်နိုင်ပါတယ်။ )

ချစ်ရတဲ့ မိတ်ဆွေ၊သူငယ်ချင်း၊အကို၊အမ၊ညီမလေး၊မောင်လေးအားလုံးပဲ စီးပွားရေး တွေ အဆင်ပြေပျော်ရွှင်ကြပါစေ.


(Sandar Aung)

Photos from Real Beauty & Natural Soap's post 02/12/2020

👩မျက်နှာအဆီပြန်မှုကို တစ်ညတည်းနဲ့ လျော့ပါးစေမယ့်နည်း
✿✿✿✿✿✿✿✿✿✿✿✿✿✿✿✿✿✿✿✿✿✿✿✿

🏃‍♀️နေ့စဉ် သွားလာလှုပ်ရှားနေရတဲ့အခါ လေထုနဲ့ ဖုန်မှုန့်တွေက မျက်နှာကို ကပ်ငြိပြီး အဆီပြန်မှုကို ဖြစ်စေပါတယ်။
ဒါ့ပြင် အဆီများတဲ့ အစားအစာတွေကလည်း
မျက်နှာအသားအရေကို အဆီပြန်စေနိုင်ပါသေးတယ်။
အဆီပြန်ခြင်း ကင်းဝေးတဲ့ မျက်နှာလေးရရှိဖို့ ညဘက်မှာ ပေါင်းတင်ကြည့်ရအောင်လေ။

💁လိုအပ်တဲ့ပစ္စည်းတွေကတော့ ....
နနွင်းမှုန့် (ဆနွင်းမှုန့်) လက်ဖက်စားဇွန်း ၁ ဇွန်းနဲ့
ရှားဇောင်းလက်ပက်အနှစ် လက်ဖက်စားဇွန်း ၂ ဇွန်းတို့ပဲဖြစ်ပါတယ်။

ဒီနှစ်မျိုးကို ခွက်တစ်ခုထဲမှာ
- သမသွားအောင် မွှေပေးရပါမယ်။

- ရလာတဲ့အနှစ်ကို မျက်နှာပေါ်မှာ လိမ်းပေးထားပါ။

- နာရီဝက်လောက် ကြာရင်တော့ ရေဆေးပြီး
မျက်နှာသစ်လိုက်လို့ရပါပြီ။

💞နနွင်းက အဆီပြန်မှုကို လျော့ပါးစေပြီး
💞 ရှားဇောင်းကမျက်နှာအသားအရေကို
စိုပြေစေပါတယ်။

🌞 နောက်နေ့မနက်မှာတော့
အဆီပြန်ခြင်းကင်းပြီး ဝင်းပစိုပြေတဲ့မျက်နှာလေးကို
ရရှိပြီပေါ့ရှင်..။

30/11/2020

Hello မိတ်ဆွေတို့ရေ
အဆီတွေများပြီး ဗိုက်၂ထပ် ၃ထပ်တွေ ဖြစ်နေလား🤪
မီးဖိုချောင်သုံး ပစ္စည်းလေးတွေနဲ့ အဆီချလို့ရတယ်ဆိုတာရော သိပြီးပြီလားရှင့်
မသိသေးရင် ပြောပြပေးမယ်နော်
Ok လိုအပ်တဲ့ပစ္စည်းလေးတွေကတော့
1. ရေ
2. သံပုရာ/သံပုယို
3. ပူစီနံ
4. ဂျင်း
5. သခွားသီး
6. ပျားရည်
7. ဆား
Okနော် အကုန်လုံးက မီးဖိုချောာင်ထဲမှာကိုပဲ အလွယ်တကူရနိုင်တဲ့ ပစ္စည်းလေးတွေပါနော်
ပြုလုပ်နည်းကတော့
Step 1 အသီးနဲ့ အရွက်လေးကို ရေပြောင်းကိုဆေးမယ်နော်
Step 2 သံပုရာ၊ သခွား၊ဂျင်းရယ်ကို ပါးပါးလေးတွေလှီးမယ်
Step 3 ရေ၁လီတာထဲကို လှီးထားတဲ့ အသီးလေးတွေရယ် ပူစီနံရွက်လေးရယ် ပျားရည်နဲ့ ဆားတို့ကိုထည့်လိုက်မယ်
Ok Final Step ရှိတ်လိုက်မယ် ဖန်ခွက်ဆိုမွှေလိုက်မယ် ပုလင်း/ ရေဘူးဆို အဖုံးပိတ်ပြီး နှံ့သွားနော် လှုပ်လိုက်မယ်နော်
ပြီးရင်တော့ organic အဆီကျဖျော်ရည်လေးရပါပြီနော်
မိတ်ဆွေတို့အားပေါင်း ကျန်းမာချမ်းသာပြီး အလှတိုးနိုင်ကျပါစေရှင်😍😍

Photos from Real Beauty & Natural Soap's post 30/11/2020

Home stay အိမ်မှာနေရင်း သဘာဝ သခွါးသီး Mask လေး လုပ်ကျရအောင်...

ရာသီဥတုကလဲ ကိုယ့်ဘက်ပါနေတော့ 😍😍😍
သခွါးသီးလေးနဲ့ဆို ကွက်တိပေါ့

သခွါးသီးကို ပါးပါးလှီးပါ။
ပြီးနောက် မျက်နှာပေါ်သို့ ကပ်ထားပေးပါ။
၁၀ မိနစ်ခန့် ထားပြီး ရေဆေးချလိုက်ပါရှင်။
(မှတ်ချက်... ၁၀ မိနစ်ထက် မပိုရ။ ဝက်ခြံထွက်တတ်သည်။)

👉ရရှိမယ့်အကျိုးကျေးဇူးတွေကတော့

၁။နေလောင်ဒဏ်နဲ့ တင်းတိတ်/မှဲ့ခြောက်များကို လျော့နည်းသက်သာစေခြင်း
၂။ ရေဓာတ်ဖြည့်တင်းပေးခြင်းကြောင့် အသားရေကို ဖြူစင်ဝင်းပစေခြင်း
၃။ အသားဖြူစေခြင်းတို့ပဲ ဖြစ်ပါတယ်နော်

သခွါးသီးမတည့်တဲ့သူတွေ မသုံးပါနဲ့နော်❤️❤️

Credit # #

Want your business to be the top-listed Beauty Salon in Shwebo?
Click here to claim your Sponsored Listing.

Website

Address


Shwebo