Shanti Yoga Center Myanmar
Inhale to Peace, Exhale to Mastery
ကျွန်မတို့တွေရဲ့ စိတ်ထဲမှာ ဆုပ်ကိုင်ထားတဲ့အရာတွေကို
ကိုယ်တိုင်ဆွဲငင်နေကြတာပဲ ဖြစ်တယ်။
ကိုယ်ဆွဲငင်လိုက်လို့ တွေ့ကြုံရတဲ့ အခြေအနေတွေ၊ လူတွေရဲ့ ဖြစ်ရပ်တွေဟာ တော်တော်များများက ကိုယ့်ရဲ့စိတ်ထဲမှာ ရှိနေတဲ့အရာတွေကို အခြေခံထားတာပဲ
ဖြစ်ပါတယ်။
ဒီ့ထက်ပိုကောင်းတဲ့ ဖြစ်စဥ်တစ်ခုကို ကိုယ်ဟာ တောင်းဆိုနိုင်ပါ့မလား။
ဘဝဆိုတာ ကိုယ်ရဲ့စိတ်ထဲမှာ ဆုပ်ကိုင်ထားတဲ့အရာတွေကို ရောင်ပြန်ဟပ်ပေးလိုက်တာပဲဖြစ်ပါတယ်။
ပြီးတော့ ကိုယ့်ရဲ့စိတ်ထဲမှာ ဆုပ်ကိုင်ထားတဲ့ အရာတွေဆိုတာကိုလည်း ကိုယ်အမြဲ ထိန်းချူပ်လို့ရပါတယ်။
ကိုယ်ဟာ ကံမကောင်းတဲ့သူလို့ ယုံကြည်မှုကို အမြဲဆုပ်ကိုင်ထားရင် ကံမကောင်းခြင်းဟာ
ကိုယ့်ဆီကို ဆိုက်ဆိုက်ရောက်လာပါလိမ့်မယ်။
ယုံကြည်မှုဆိုတာကို ယုတ္တိဆန်မှာ မဟုတ်ဘူး
သူစိမ်းတွေဟာ မယုံကြည်ရဘူး အမြဲသတိထားဆက်ဆံရဲ့သူတွေလို့ အမြဲတွေးတတ်တဲ့သူနဲ့
သူစိမ်းတွေဟာ မိတ်ဆွေသစ်တွေပဲ သူတို့တွေနဲ့ မိတ်ဆွေဖွဲ့ရင် ကိုယ်ဟာ Networkတွေကောင်းလာမယ်
အခွင့်အလမ်းကောင်းတွေ ရလာမယ်လို့ တွေးသူနဲ့
ဘယ်သူမှားလဲ ဘယ်သူမှန်လဲ ပြောလို့မရပါဘူး။
ကိုယ်ယုံကြည်တဲ့အတိုင်း ဖြစ်လာတတ်ပါတယ်။
ကိုယ်ဟာ ဘဝမှာ အမြဲရုန်းကန်ရမယ်လို့ တွေးရင်
အမြဲ ရုန်းကန်ရလိမ့်မယ်။
ကိုယ်ဟာ ဘဝမှာ အခက်အခဲရှိရင်တောင် ခဏပဲ
အကြောင်းအမျိူးမျိူးနဲ့ အဆင်ပြေသွားတယ်လို့
တွေးရင် အမြဲအဆင်ပြေနေပါလိမ့်မယ်။
မိတ်ဆွေတို့မှာရော ဘယ်လိုယုံကြည်မှုတွေကို
ဆုပ်ကိုင်ထားတာတွေရှိလဲ။ ကောင်းတာတွေရှိနေလား။
ဆိုးတာတွေရှိနေလား။
Rhonda Byrne Teaching
30.12.2022
Shanti Yoga Center Myanmar
သင်တန်းသူတွေရဲ့ အတန်းချိန်ပြင်ပ
လေ့ကျင့်မှုလေးတွေ😍
Shanti Yoga Center Myanmar
29/12/2022
သင်တန်းသား တစ်ယောက်က
ပြောတယ်။
၂၀၂၂ထဲ ကျေနပ်ရတဲ့အရာတွေမှာ
ယောဂလုပ်ဖြစ်လိုက်တာ အရမ်းကျေနပ်တယ်တဲ့။
အဲဒီလိုကြားရတော့ ကျေနပ်ဝမ်းသာမိပါတယ်။
"မိတ်ဆွေတို့ရော ၂၀၂၂ အတွက် ကျေနပ်ရတဲ့အရာတွေ
ဘာတွေ ရှိမလဲ စဥ်းစားကြည့်ပါလား"
ကျွန်မအတွက်ကတော့ ကျေနပ်ရတဲ့တွေထဲမှာ
စိတ်ရောကိုယ်ရော ကျန်းမာငြိမ်းချမ်းဖို့
ကြိုးစားကြတဲ့သူတွေရဲ့ ခရီးစဥ်မှာ
ကိုယ်တတ်သည့်ပညာနဲ့
မျှဝေခွင့်ရပြီး အတူလျှောက်လှမ်းခွင့်ရလို့
ကျေနပ်မိပါတယ်။
ယောဂကို စတင်လေ့ကျင့်မယ်ဆိုရင်
Shanti Yoga Center Myanmar ကနေ နွေးထွေးစွာ
ကြိုဆိုပါတယ်ရှင်။
2023 January အတွက် Yoga Class Time Table
ကိုကြည့်ပြီး မိမိနှစ်သက်ရာ အတန်းချိန်ကို Joinဖို့
Messenger or ဖုန်းနဲ့ စာရင်းသွင်းလို့ရပါပြီရှင်။
ကိုယ်စိတ်နှစ်ဖြာ
ကျန်းမာကြပါစေ။
ငြိမ်းအေးကြပါစေ။
ပြည့်စုံကြွယ်ဝကြပါစေ။
Shanti Yoga Center Address
သူဇာ(2)လမ်း
အောင်ဇေယျဂေါက်ကွင်းလမ်းကြား။
ရွှေဘိုမြို့။
စစ်ကိုင်းတိုင်းဒေသကြီး။
09458253629
စကားလုံးနှစ်လုံးရှိတယ်။ ရွတ်ဆိုလိုက်တဲ့အခါမှာ အလွန်တရာ ကြီးမားတဲ့ တန်ခိုးသတ္တိရှိပြီး ဘဝကို ပြောင်းလဲစေတယ်။
အဲဒီစကားလုံးဟာ နှုတ်ခမ်းကနေ ထွက်သွားတဲ့အခါမှာ
ဝမ်းမြောက်ပျော်ရွှင်မှု ဖြစ်စေတယ်။
နားကနေ ဝင်ရောက်လာတဲ့အခါမှာလည်း ပီတိဖြစ်စေတယ်။
အံ့သြစရာတွေ ဖန်တီးပေးတယ်။
အဆိုးတွေကို ချေဖျက်ပေးတယ်။
မိမိအတွက် ပေါကြွယ်ဝစေတယ်။
"မင်းကို ကျေးဇူးတင်ပါတယ်"
Rhonda Byrne Teaching
29.12.2022
Shanti Yoga Center Myanmar
"ပေျာ်ရွှင်ခြင်းဆိုတာ ကိုယ့်အပေါ်မှာ မူတည်ပါတယ်"
Rhonda Byrne Teaching
27.12.2022
Shanti Yoga Center Myanmar
ကိုယ်ဟာ ဘယ်အရပ်ဒေသမှာပဲရှိရှိ
အခြေအနေ ဘယ်လောက်ပဲဆိုးဆိုး အရေးမကြီးပါဘူး။
ကြီးကြယ်ခမ်းနားခြင်းဆီသို့
ကိုယ့်ကိုအမြဲ တွန်းပို့နေတာဖြစ်တယ်။
အမြဲတစေဖြစ်ပါတယ်။
ဒါက ဘယ်လိုမှ မဖြစ်နိုင်ဘူးလို့ တွေးမိရင်
ဒီလိုမျိူးယုံကြည်ကြည့်ပါ။
ဒီလိုမျိူး ယုံကြည်ကြည့်တာက
အကျိူးများစေတယ်မလား။
Rhonda Byrne Teaching
26.12.2022
Shanti Yoga Center Myanmar
မတူညီတဲ့ နယ်ပယ်အသီးသီးမှ
နေရာဒေမျိူးစုံ
နိုင်ငံပေါင်းစုံကနေ
တူညီသော ရည်ရွယ်ချက်ဖြင့်
မိမိကိုယ်ကို လေးစားတန်ဖိုးထား ချစ်ပေးရင်း
Shanti Yoga Centerမှာ
မိမိအတွက်အချိန်ပေးကြတဲ့အတွက်
အားလုံးကို ကျေးဇူးတင်ပါတယ်🥰🥰
အားလုံး ကိုယ်စိတ်နှစ်ဖြာ
ကျန်းမာပါစေ။
ငြိမ်းချမ်းပါစေ။
ကောင်းမွန်သော နေ့ရက်များကို ဖြတ်သန်းနိုင်ကြပါစေ။
Shanti Yoga Center Myanmar
25/12/2022
ဟွန့်😁😁
25/12/2022
🎄Merry Christmas to you all 🎄
🎁🎁🎁
အရာရာကို အကောင်းဘက်က ကြည့်တတ်အောင် လုပ်ပါ။ အထူးသဖြင့် အခြေအနေဆိုးနဲ့ ရင်ဆိုင်ရတဲ့အခါမျိူးမှာပေါ့။
အဆိုးဘက်က ကြည့်တတ်တဲ့အခါ အဆိုးဘက်တွေပဲ မြင်ဖို့ရာပဲ ရှိလိမ့်မယ်။
ကိုယ့်အတွက် ဦးတည်ချက်အသစ်တစ်ခုအတွက် လမ်းအသစ်တစ်ခုကို ညှိတဲ့နေရာမှာ
အရည်အချင်းအသစ်တွေနဲ့ ခွန်အားတွေ လိုအပ်ပါလိမ့်မယ်။
အဲတာတွေရဖို့အရာက ဆိုးတာတွေချည်း
ကြည့်လို့မရဘူး။ အကောင်းဘက်ကနေ တဘက်ကြည့်မှ ပိုင်ဆိုင်ဖို့ လမ်းစတွေ့မှာ။
Rhonda Byrne Teaching
25.12.2022
Shanti Yoga Center Myanmar
စကြာဝဠာကြီးက ကိုယ့်ကို လမ်းညွှန်ပေးနေတယ်။ ကိုယ့်ဘဝရဲ့ အချိန်တိုင်းမှာ ကိုယ်နဲ့ ဆက်သွယ်နေတယ်။
ကိုယ်ရဲ့အတွေးတွေကို တုံ့ပြန်ပေးနေတယ်။
ကိုယ့်ရဲ့ခံစားချက်တွေကနေပြီးတော့ တန်ဖိုးမဖြတ်နိုင်တဲ့ တုံ့ပြန်ချက်ကိုလည်း ပေးနေတယ်။
ကောင်းတဲ့ ခံစားချက်တွေဆိုတာ ကိုယ့်အတွက်
ကောင်းတယ်လို့ အဓိပ္ပါယ်ရတယ်။
မကောင်းတဲ့ ခံစားချက်တွေကတော့ ကိုယ်အာရုံစိုကိနေတဲ့အရာတွေကို ပြောင်းလဲဖို့အတွက် ကိုယ့်ကို သတိပေူနေတာ ဖြစ်ပါတယ်။
နေ့စဥ်နေ့တိုင်း ကိုယ်နဲ့စကြာဝဠာဆက်သွယ်ရေးကို ပြေလည်အောင် ညှိယူပါ။
ကိုယ်ဟာ တစ်ယောက်တည်း အထီးကျန်နေသူမဟုတ်ပါဘူး။ တစ်ခဏလေးတောင် မဟုတ်ပါဘူး။
ကိုယ်ခြေလှမ်းတစ်လှမ်း လှမ်းတိုင်း စကြာဝဠာကြီးက ထောက်ခံနေပါတယ်။ လမ်းညွှန်မှုပေးတယ်။
သို့သော်လည်း ကိုယ်ကတော့ နားထောင်နေဖို့တော့ လိုတာပေါ့။
ကြုံဖူး ဖြစ်ဖူးတယ်မဟုတ်လား။ တစုံတခုကို မလုပ်ဖို့
တားမြစ်သလို ခံစားရသောကြောင့် မလုပ်ဖြစ်တာ။
တစ်စုံတစ်ခုကို လုပ်ဖို့ တိုက်တွန်းသလို ခံစားရသောကြောင့် လုပ်ဖြစ်သွားတာ။
စကြာဝဠာကြီးက ကိုယ်နဲ့အတူရှိနေပါတယ်။
နားထောင်ပေးပါ။
Rhonda Byrne Teaching
24.12.2022
Shanti Yoga Center Myanmar
ကိုယ့်မှာရှိနေတဲ့ ခံစားချက်တွေက
ကိုယ့်အတွက် အနာဂတ်ကို ပုံဖော်ပေးနေတယ်။
စိုးရိမ်နေရင် ပိုပြီးစိုးရိမ်နေရတယ်။
ပူပန်နေရင် ပိုပြီး ပူပန်နေရတယ်။
မပျော်ဘူးဆိုရင် ပိုပြီးမပျော်ရဘူး။
မကျေနပ်ဘူးဆိုရင် ပိုပြီးမကျေနပ်ရဘူး။
အလားတူ
မြူးနေရင် ပိုပြီးမြူးရတယ်။
ပျော်နေရင် ပိုပြီးပျော်ရတယ်။
ငြိမ်းချမ်းနေရင် ပိုပြီးငြိမ်းချမ်းလာတယ်။
ကျေးဇူးတရားသိတတ်ရင် ပိုပြီးကျေးဇူးသိတတ်လာတယ်။ ကြင်နာတတ်ရင် ပိုပြီးကြသ်နာတတ်လာတယ်။ မေတ္တာထားတတ်ရင်
ပိုပြီးမေတ္တာထားတတ်လာတယ်။
ကိုယ့်ရဲ့စွမ်းအင်က ကိုယ်တွင်းမှာပဲရှိပါတယ်။
က်ုယ့်ဘဝ၊ က်ုယ့်ကမ္ဘာလေးကို ပြောင်းလဲဖို့ဆိုရင် လုပ်စရာရှိတာကတော့ နှလုံးသားထဲက ခံစားချက်ကို ပြောင်းလဲဖို့ပါပဲ။
Rhonda Byrne Teaching
23.12.2022
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Golf Course Road, Thuzar 2 Street
Shwebo
