Wut Yi YMP Brand

Wut Yi YMP Brand

Share

ယခု Page ထဲသို႔ေရာက္လာသူအားလံုး ကိုစိတ

20/04/2025

ကျွန်မ အလုပ်ကြိုးစားလုပ်မှ
ကျွန်မ နေချင်တဲ့ ဘဝမျိုးမှာ နေနိုင်မယ်။
မိဘ​တွေကို မျက်နှာမငယ်အောင် ထားချင်တယ်။

ကျွန်မ ကြိုးစားနေမှ မိသားစု
စားဝတ်နေရေး အဆင်ပြေမယ်လေ"

ဒါကြောင့်...အိမ်ရဲ့ အဝေးတစ်နေရာမှာ
ငွေရှာရမယ် ပြီးတော့ ပျော်အောင် နေရမယ်"
ဒီရှင်သန်ခြင်းမှာ ပိုအဓိပ္ပါယ်ရှိအောင်နေမယ်။

တစ်ယောက်ယောက်က ပင်ပန်းနေပြီ လား လို့..?
ကျွန်မကို မေးလာခဲ့ ရင်တော့ ဝန်ခံပါတယ်
အရမ်းကို ပင်ပန်းနေပြီ လို့ဘဲ ဖြေမိမယ်"

ဒါပေမယ့်.....
ရပ်တန့်ပြီး နားတော့ မနားရဲသေးပါဘူး။
ဘာဖြစ်လို့လည်း ဆိုတော့ ဖြစ်ချင်တဲ့
ဆန္ဒတွေ အများကြီး ရှိသေးတယ်

အခုချိန်မှာ အခက်အခဲနဲ့ ကြုံလာရင်တောင်
ကျွန်မနောက်မှာ ကျောထောက်နောက်ခံဆိုတာ
မရှိတော့ ကိုယ့်ကိုကိုယ်ပဲ အားကိုးရတယ်။

ဒါကြောင့် ~~
တစ်ခုခုအဆင်မပြေမှုတွေ ကြုံလာရင်
ကျွန်မ ကိုယ်ကျွန်မပဲ နှစ်သိမ့် အားပေးတယ်"

ဘယ်လောက်ပဲ ပင်ပန်းနေပါစေ
ကျွန်မကို မှီခိုနေတဲ့ မိသားစုလေး ကို
ပြည့်ပြည့် စုံစုံလေး ထားချင်တဲ့ စိတ်နဲ့
အခက်အခဲ တွေကြားမှကြိုးစား ရှင်သန်တယ်။

တစ်ယောက်ယောက်ကို အားကိုးတကြီး
မျော်လင့်နေတတ်တဲ့
အကျင့်တွေရှိရင်လည်း ပြင်တယ်"

အဆိုး လောကဓံ"လှိုင်းတွေ ဘယ်လောက်ပဲ
ကြမ်းတမ်း နေပါစေ အခက်အခဲတွေ
ပြဿနာတွေကို ရင်ဆိုင်ကျော်ဖြတ် သွားမယ်။

ဘဝ"မှာ အတတ်နိုင်ဆုံးတော့
ကိုယ့်ကိုယ်ကိုယ်ပဲ အားကိုးတယ်။

ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်
နေနိုင်အောင်လည်း ကြိုးစားမယ်။

စိတ်ဓာတ်ကျလို့ အကြိမ်ကြိမ် ပြိုလဲကျတိုင်း
အခါခါ ပြန်ထနိုင်အောင် သတ္တိ မွေးတယ်။

ဖြစ်နိုင်မယ် ဆိုရင် ဒီလောကဓံ တွေကြားမှာ
ဘယ်ပခုံးကိုမှ အမှီမပြုဘဲ
ရပ်တည် နေထိုင် သွားချင်ပါတယ်"

ဒါကြောင့်....
ကျွန်မ ဘေးမှာ ဘယ်သူဘယ်ဝါ ရှိနေရမယ်
ဆိုတာမျိုး မ​တွေးဘဲကျွန်မ အတွက်
ကျွန်မ အမြဲ ရှိနေနိုင်ဖို့ပဲ တွေးပါတယ်"

01/04/2025

မင်္ဂလာရှိသောနံနက်ခင်းလေးပါ 🙏🙏🙏

22/03/2025

နေသား မကျပေမယ့်လည်း
နေရအုံးမယ့် ✍

လောကဓံကြားမှာ
မပျော်လည်းပဲ ပျော်အောင်နေပါ..✍

ဘဝဆိုတာ... အချိန်အတိုင်းအတာ
ဘယ်လောက်ထိ ကိုယ့်အတွက်
ကျန်နေအုံးမယ် မသိရသေးခင်
ရရှိနေတဲ့အချိန်တွေမှာ
ပျော်နေဖို့က အရေးကြီးတယ်မဟုတ်လား..✍

အမြင်တွေ စောင်းပြီး အကောင်းမမြင်လည်း
ဖြစ်ချိန်တန် ဖြစ် ပျက်ချိန်တန်လာတဲ့အခါ
ပျက်ကြရအုံးမှာပါ✍

အရာရာက တစ်ခဏပါပဲ
တစ်ဘဝစာ လုံးမှာ တွေ့ကြုံခဲ့သမျှ
တဒဂ်တွေချည်းပဲမို့ ဘယ်အရာကိုမှ
အစွဲမထားတာကောင်းပါတယ်..✍

မချစ်လို့ မုန်းလည်း တစ်ဘဝပဲ...
ချစ်လို့ တွေ့ဆုံ ရလည်း တစ်ဘဝပဲ...
တစ်ခဏ ဒေါသတွေ၊
တစ်ခဏ အတ္တတွေ
တစ်ခဏ မာနတွေနဲ့ သံသရာ တစ်လျှောက်လုံး
မမှောင်မိုက်သွားပါစေနဲ့..✍

ခွင့်လွတ်သင့်တဲ့ အရာတွေကို ခွင့်လွတ်ပြီး
စွန့်လွှတ်သင့်တာတွေ စွန့်လွှတ် လိုက်ပါ✍

အမှိုက်နဲ့တူတဲ့ အရာတွေကို ကိုယ်သွားလေရာမှာ
အမြဲတမ်းဆွဲ သွားနေသမျှတော့
ကိုယ်ပဲ ပင်ပန်းနေရတာပေါ့..✍

စိတ်ချမ်းသာ အောင် တစ်ခါတစ်လေ
မသိချင်ယောင် ဆောင်တတ်ရတယ်✍

မတရားတာသိပေမယ့် တစ်ချို့ အရာတွေက
ကိုယ်တတ်နိူင်တဲ့ အနေအထားမှာ မရှိတဲ့အတွက်
သံသရာ မှာတော့ ဝဋ်က သူ့အလုပ်သူလုပ်သွားမှာပါ...။✍
လေးစားစွာဖြင့်

#မူရင်းPostတင်သူကိုကျေးဇူးတင်စွာဖြင့်ဂါရဝပြုပါသည်
#မေတ္တာဖြင့်

Photos from Wut Yi YMP Brand's post 19/02/2025

တစ်ယောက်တည်း အမြဲနေပေမယ့်
အထီးမကျန်ပါဘူး
ကိုယ်က အေးချမ်းတိတ်ဆိတ်မှုကို
ပိုမက်မောတယ်လေ...

အတုအယောင်တွေ ပေါများလာတဲ့ခေတ်မှာ
ဒဏ်ရာ အနာတရတွေကင်းဖို့
လူတွေအများကြီးကိုလည်း လက်မခံဖြစ်တော့ဘူး

တစ်ပွင့်တည်းလည်း ပန်းတွေလှနေသလို
တစ်ယောက်တည်းလည်း တောက်ပနိုင်ပါတယ် ။ ။

26/12/2024

"အနာဂတ် ဆုတောင်း"

ကျမခူးခပ်ကျွေးတဲ့ထမင်းကိုစားပြီး
လက်ဆေးထသွားတဲ့လူထက်
ထမင်းဝိုင်းကိုကူသိမ်းပေးတတ်တဲ့သူနဲ့
တွေ့ပါရစေ✍

ကျမဖွပ်ပြီးသားအဝတ်ကိုကြော့ကြော့လေး
ထည်လဲဝတ်ပြီးပစ်ထားတဲ့လူထက်
အဝတ်လျှော်နေချိန်မှာကူလှမ်းပေးတဲ့သူနဲ့
တွေ့ပါရစေ✍

ညစဉ်နောက်ကျမဲ့အကြောင်းဆင်ခြေမျိုးစုံ
ပေးပြီးဖုန်းဆက်ပြောတတ်တဲ့သူထက်
ကျမမျှော်နေမှာဆိုတဲ့စိတ်နဲ့
အချိန်မှန်မှန် ပြန်လာပေးတဲ့သူနဲ့
တွေ့ပါရစေ✍

ကျမပံ့ပိုးသမျှမရိုးအောင်
ပြုံးပြုံးကြီးယူတတ်တဲ့သူထက်
အမှတ်တရနေ့တွေမှာ
သတိတရတစ်ခုခုဝယ်ပေးတဲ့သူနဲ့
တွေ့ပါရစေ✍

ရှာရသလောက်ပဲပေးပြီး
တာဝန်ကျေပြီလို့ထင်နေတဲ့သူထက်
သုံးရတာလောက်ငရဲ့လားလို့မေးတဲ့သူနဲ့
တွေ့ပါရစေ✍

လူရှေ့သူရှေ့မှာ
သဲသဲလှုပ်ချစ်ပြတတ်တဲ့သူထက်
ကွယ်ရာမှာမဖော-က်ပြန်တတ်တဲ့သူနဲ့
တွေ့ပါရစေ✍

တကယ်တော့ မိန်းကလေးတိုင်းရဲ့
အနာဂတ်အိမ်မက်တွေထဲမှာ
ရွှေငွေအပြည့်နဲ့တိုက်တွေ ကားတွေရှိတဲ့
ရွှေမင်းသားလေးတွေပါချင်ပါလိမ့်မယ်✍

ဒါပေမဲ့
လက်တွေ့ဘဝမှာတော့ မိန်းကလေးတိုင်းဟာ
အရှုပ်အရှင်းကင်းကင်းနဲ့😌😌
စာနာတတ်သူ၊ညှာတာတတ်သူ
သစ္စာရှိသူ၊မေတ္တာပေးသူနဲ့သာ
တစ်သ-က်တာလက်တွဲခွင့်ကြုံချင်ကြတာပါ✍

18/12/2024

ကိုယ်ချင်းစာတရားဆိုတာ
************************

ကိုယ်ကိုယ်တိုင်ကမျက်ရည်ကြခဲ့ဘူးတော့
သူတစ်ပါးမျက်ရည်တွေကိုစာနာတတ်လာတယ်။

ကိုယ်ကိုယ်တိုင်ဒုက္ခရောက်ခဲ့ဘူးတော့။
သူတစ်ပါးဒုက္ခတွေကိုစာနာတတ်လာတယ်။

ကိုယ်ကိုယ်တိုင်ကကိုယ့်အသက်ကိုချစ်တော့။
သူတစ်ပါးအသက်ကိုစာနာတတ်လာတယ်။

ကိုယ်ကိုယ်တိုင်ကပူလောင်ခဲ့ဘူးတော့။
သူတစ်ပါးပူလောင်မှုတွေကိုစာနာတတ်လာတယ်။
ကိုယ်ကိုယ်တိုင်ကနွေးထွေးမှုနဲ့ဝေးခဲ့ဘူးတော့။
အိမ်လွမ်းသူတွေကိုစာနာတတ်လာတယ်။

ကိုယ်ကိုယ်တိုင်ကရိုးအခဲ့ဘူးတော့။
ရိုးအတဲ့သူတွေကိုစာနာတတ်လာတယ်။
ကိုယ်ကိုယ်တိုင်ကချော်လဲခဲ့ဘူးတော့။
ချော်လဲတဲ့သူတွေကိုစာနာတတ်လာတယ်။

ကိုယ်ကိုယ်တိုင်ကစိတ်ဓာတ်ကျခဲ့ဘူးတော့။
စိတ်ဓာတ်ကျသူတွေကိုအားပေးတတ်လာတယ်။
ကိုယ်ကိုယ်တိုင်ကဝမ်းနည်းခဲ့ဘူးတော့။
ဝမ်းနည်းတဲ့သူတွေကိုနှစ်သိမ့်တတ်လာတယ်။

ကိုယ်ကိုယ်တိုင်ကမှားခဲ့ဘူးတော့။
မှားတဲ့သူတွေကိုခွင့်လွှတ်တတ်လာတယ်။
ကိုယ်ကိုယ်တိုင်ကအရမ်းချစ်တက်ခဲ့ဘူးတော့
အရမ်းချစ်တက်တဲ့သူတွေကိုယ်ချင်းစာတတ်လာတယ်။
ကိုယ်ကိုယ်တိုင်ကအသဲကွဲခဲ့ဘူးတော့
သူတစ်ပါးခံစားနေရသူတွေစာနာတတ်လာတယ်။

လူဆိုတာဘဝမှာတစ်ခါတော့မှားခဲ့ဘူးကြမှာပါ။
ခွင့်လွှတ်လိုရတဲ့အမှားမျိုးဆိုရင်ခွင့်လွှတ်နိုင်ရမှာပေါ့။

မူရင်းကို ပေးပါသည်။

18/12/2024

တစ်ဖက်က သူစိမ်းဆန်ဆန်ဆိုရင်
ကိုယ်ကတော့ တိတ်ဆိတ်မူကိုပဲ ရွေးချယ်လိုက်တယ် ။

မလိုအပ်လို့ချန်ထားတဲ့လူတွေအတွက်
ကိုယ်လည်းမလိုအပ်သလိုနေနိုင်တယ်။

ဘဝမှာဟိုလူရှိမှ၊ဒီလူရှိမှာရပ်တည်နိုင်တဲ့လူမျိုးထဲမှာ
ကိုယ်မပါဘူး။

ဘဝမှာတစ်ယောက်တည်းကျန်ခဲ့ရင်တောင်မှာ
အနာဂတ်ကို လှလှပပဆေးခြယ်ပြီး အပြုံးတွေနဲ့လျောက်လှမ်းနိုင်အောင်သာ ကြိုးစားမှာ။

#ဖားစည်ရည်ကျော်

17/12/2024

မပြည့်စုံပေမယ့် မငြီးပဲ နေတတ်တာဟာ
ရောင့်ရဲမှု ရှိလို့ပါပဲ ။

မချမ်းသာပေမယ့် ပေးကမ်းတတ်တာဟာ
ယုံကြည်မှု(သဒါ္ဓတရား) ရှိလို့ပါပဲ ။

မသိကျွမ်းပေမယ့် ကူညီတတ်တာဟာ
စိတ်ထားကောင်း ရှိလို့ပါပဲ ။

အပြစ်တွေ့ပေမယ့် ခွင့်လွတ်နားလည်တတ်တာဟာ
သည်းခံမှု အားကောင်းလို့ပါပဲ ။

အလိုမကျတာမြင်ပေမယ့် ဒေါသ မထြက္တာဟာ
ပညာရှိလို့ပါပဲ ။

အဆင်မပြေပေမယ့် ကုသိုလ် ဖြစ်အောင်
နေတာဟာ သတိရှိလို့ပါပဲ ။

16/12/2024

(1)စိတ်ညစ်ပြီး
ဘာမှမလုပ်ချင်တော့တဲ့အခါ
ငါ ဒီလိုနေလို့မဖြစ်ဘူးဆိုပြီး
ကိုယ့်ကိုယ်ကို ပြန်ထိန်းချုပ်ပါ။

(2)အခက်အခဲတွေနဲ့ကြုံတွေ့ရတဲ့အခါ
အားမလျှော့လိုက်ပါနဲ့ အခက်အခဲတိုင်းဟာ
သင့်ကို ကြံ့ခိုင်သန်မာစေပါတယ်။

(3)ကိုယ့်အားကိုယ်ကိုးပြီး
အရောက်လှမ်းသွားမယ့်
ပန်းတိုင်လေးတစ်ခု
အိပ်မက်လမ်းလေးတစ်ခု ဖန်တီးရယူပါ။

(4)တစ်ခါတလေ ငိုစရာရှိရင်
လူမရှိတဲ့ တစ်နေရာသွားပြီး
အော်ငိုပစ်လိုက်ပါ
ငိုသင့်ရင်လည်း ငိုလိုက်ပါ
မငိုတာကြာရင်
မငိုတတ်တဲ့သူ ဖြစ်သွားနိုင်တယ်။

(5)တစ်ခါတလေ ဝမ်းနည်းနေရင်လည်း
အားရပါးရ ငိုချပစ်လိုက်ပါ
ပြီးရင် တည်ငြိမ်လာပါလိမ့်မယ်။

(6)အဆင်မပြေရင်လည်း
အဆင်ပြေသလိုနေပါ..
တချို့ကျတော့ ကြိုးစားပေမဲ့
အဆင်မပြေပြန်ဘူး...
မကြိုးစားဘဲ ထိုင်နေရင်
ပိုအဆင်မပြေဖြစ်သွားကြတယ်။

(7)ထပ်ပြီး ကြိုးစားပါ
လူဆိုတာ ကြိုးစားချင်စိတ်ရှိရင်
ဘယ်လောက်ပဲအသက်တွေရရ
ဖြစ်လာနိုင်ပါတယ်။

(8)ဆုံးရှုံးမှုတွေရှိရင်လည်း
စိတ်ကိုဖြေပြီး နောက်တစ်ကြိမ်
မမှားအောင်သတိထားပါ။

(9)ဇွဲကောင်းတဲ့ဆုံးရှုံးခြင်းဆိုတာ
ဘယ်တော့မှမရှိနိုင်သလို
လမ်းတစ်ဝက်တင် လက်လျှော့လိုက်တဲ့
အောင်မြင်ခြင်းဆိုတာလည်း မရှိနိုင်ပါဘူး။

(10)လောကမှာ နားမလည်တဲ့
အရာတွေ ရှိနိုင်ပါတယ်
အရေးကြီးတာက နားမလည်တာကို
နားလည်အောင် ကြိုးစားဖို့ပါ။

(11)အကောင်းစား
ရေမွှေးနံ့တွေ မလိုဘူး ...
ကိုယ်ကျင့်တရားကောင်းအောင်နေပါ
ကိုယ်ကျင့်တရားကောင်းရင်
စိတ်ထားကောင်းရင်
ကိုယ်သင်းနံ့မွှေးနေမှာပါ။

(12)ဘယ်သူ့ကိုမှလည်း မလိမ်ညာပါနဲ့...
အမှန်တရားဆိုတာ တစ်နေ့နေ့
တစ်ချိန်ချိန် ပေါ်ပေါက်လာရစမြဲပါ။

(13)အမှားရှိခဲ့တိုင်းလည်း
အပြစ်မဟုတ်ပါဘူး...
တချို့အမှားတွေက သန့်ရှင်းပါတယ်
လူသားတိုင်း အမှားနဲ့မကင်းနိုင်သလို
အမှားရှိမှ အမှန်ဆိုတာ
ဖြစ်လာခဲ့ရတာပါ။

အဓိကက အမှားတွေကို
သင်ခန်းစာအဖြစ်ရယူပြီး
နောက်ထပ်တစ်ခါ ထပ်မမှားဖို့
အမှားထဲမှာ တဝဲဝဲလည်
မနေတတ်ဖို့ဘဲလိုတယ်။

(14)လူလူချင်း စာနာတတ်သူ..
စိတ်ရှည်သူ ပညာဉာဏ်ကြီးမားသူ..
နားလည်ခွင့်လွှတ်ပေးနိုင်သူ
တစ်ဦးဖြစ်အောင် ကြိုးစားပါ။

(15)ဘဝမှာ တန်ဖိုးအရှိဆုံးအရာဟာ
အခြားမဟုတ်ဘူး
အသက်ရှင်သန်နေတာပါ
အားလုံးမှာ တန်ဖိုးအရှိဆုံးအရာကို
ပိုင်ဆိုင်နေတယ်ဆိုတာ မမေ့ပါနဲ့....။

(16)ချစ်ခင်သူတွေ
ဝိုင်းဝိုင်းလည်နေဖို့ မလိုပါဘူး ...
ပင်ပန်းအားငယ်လာတိုင်း
မှီခိုအနားယူနိုင်မယ့် ရင်ခွင်လေးတစ်စုံ
ရှိနေဖို့တော့ လိုတယ်။

(17)"ချစ်တယ်" ဆိုတဲ့စကားလုံးကို
ဘယ်အချိန်ပဲပြောပြော
တကယ့်စိတ်ရင်းနဲ့ပြောပါ။

(18)"ဆောရီး"ဆိုတဲ့စကားလုံးကို
ဘယ်အချိန်ပဲပြောပြော
တစ်ဘက်လူရဲ့မျက်လုံးကို
ကြည့်ပြီးပြောပါ။

(19)ချမ်းသာတဲ့ သူငယ်ချင်း၊
အပေါင်းအသင်း ရှိဖို့မလိုဘူး ...
နေပူမိုးရွာ လက်ချင်းတွဲလို့
ကြုံလာသမျှရင်ဆိုင်ဖြေရှင်းမယ့်
သူငယ်ချင်းကောင်းတစ်ယောက်
ရှိဖို့လိုတယ်။

(20)သူငယ်ချင်းကောင်း၊
မိတ်ဆွေကောင်းလိုချင်ရင်...
သူကောင်းကောင်း မကောင်းကောင်း
ကိုယ်ကောင်းဖို့ကတော့ အဓိကပဲ
သူတပါးအပေါ်ကို ကောင်းမှသာ
သူ့တပါးက ကိုယ်အပေါ်ကို
ပြန်ကောင်းပါလိမ့်မယ်။

(21)ဘယ်နေရာ
ဘယ်ဒေသကိုပဲရောက်ရောက်
သူများအပေါ်ကိုလည်း ကောင်းလိုက်ပါ
တစ်ခါတရံ မကောင်းတဲ့သူမျိုးတွေ
ကြုံတွေ့ရနိုင်ပါတယ် စိတ်မပျက်ပါနဲ့ ...။

ကိုယ့်ရဲ့ကောင်းခြင်းတွေနဲ့
မထိုက်တန်ရင်...
မိတ်ဆွေကောင်းတွေပဲ
သင့်အနားမှာ ရှိနေမှာဖြစ်ပြီး
မိတ်ဆွေကောင်း မဟုတ်သူတွေကတော့
သင့်အနားကနေ အလိုလို
ဖယ်ခွာသွားပါလိမ့်မယ်။

(22)အားနည်းချက်ရှိလို့လည်း
စိတ်ညစ်ပြီး စိတ်အားမငယ်ပါနဲ့...
လူတိုင်းမှာ အားနည်းချက်
ကိုယ်စီရှိကြသလို ပြီးပြည့်စုံတဲ့
လူရယ်လို့ လောကမှာ မရှိပါဘူး...

ဒါကြောင့်
အားငယ်ပြီး စိတ်မပျက်ပါနဲ့...
မွေးရာပါစိတ်ထားလေးလှဖို့က အဓိကပါ။
စိတ်ထားလှရင် ဘဝက လှပပါတယ်.....။

Photos from Wut Yi YMP Brand's post 07/12/2024

ဟန်ဆောင် ပန်ဆောင် ပြုံးပြတဲ့သူထက်
မမြင်ချင်ယောင် ဆောင်သွားတဲ့သူကို
ပိုသဘောကျတယ်

စားပါ စားပါ လေနဲ့ကျွေးတဲ့သူထက်
ရော့..နင့်အတွက်ဆိုပြီး တကယ်ကျွေးတဲ့သူကို
ပိုသဘောကျတယ်

လူရှေ့သူရှေ့ တအားတွေ ခင်ပြနေပြီး
ကွယ်ရာ အတင်းတုတ်တဲ့သူထက်
ခပ်တည်တည် ခပ်မှန်မှန်လေ
နေတတ်တဲ့သူကို ပိုသဘောကျတယ်

တကယ်တော့
ရင်ထဲကမပါတဲ့ ဆက်ဆံရေးတချို့ဟာ
ရေရှည် မတည်မြဲပါဘူး
ဟန်ဆောင် မျက်နှာဖုံးဆိုတာ
ကြာကြာတပ်ထားလို့မှ မရတာ

အချိန်တန်တော့
သူ့ဗီဇ,သူ့အကျင့်က ပေါ်လာစမြဲပါ...

ကိုယ်လည်း
ခပ်တည်တည် ခပ်မှန်မှန်လေး နေတတ်သူမို့
စိတ်ထား ယုတ် မယုတ် ကတော့
ကိုယ်နဲ့ ခင်မင်ဖူးသူတိုင်း
သိကြပါတယ်

Photos from Wut Yi YMP Brand's post 04/06/2024

#ဆုတောင်းလေး

#အကယ်၍
အသက်ရှည်ရှည်နေခွင့်ရခဲ့မယ်ဆိုရင်ပေါ့

#အိုမင်းမစွမ်းနဲ့
ဘယ်သူကမှကူမထမ်းချင်တဲ့
အရွယ်အနေအထားအထိ
အသက်ခန္ဓာကို မရှည်လိုပါဘူး .....

#သြကာသ ကန်တော့ချိုးနဲ့
ငါးပါးသီလကို ကိုယ့်လက် ကိုယ့်ပါးစပ်နဲ့
ရွတ်ဆိုရှိခိုးနိုင်တဲ့ အရွယ်အစားထိပဲ
နေသွားချင်တယ် .....

#ကိုယ့်လက် ကိုယ့်ပါးစပ်နဲ့
ဆွမ်းတော် ပန်းတော်ကပ်နိုင်တဲ့
အရွယ်အစားထိပဲ နေသွားချင်တယ် ....

#ကိုယ့်လက် ကိုယ့်ပါးစပ်နဲ့
ရေတော် မီးတော်ကပ်နိုင်တဲ့
အရွယ်အစားထိပဲ နေသွားချင်တယ် .....

#ကိုယ့်ခြေ ကိုယ့်လက်နဲ့
ခူးခပ်စားနိုင်တဲ့
အရွယ်အစားထိပဲ နေသွားချင်တယ် ....

#ကိုယ့်ခြေ ကိုယ့်လက်နဲ့
အိပ်ရာပြင်အိပ်နိုင်တဲ့
အရွယ်အစားထိပဲ နေသွားချင်တယ် .....

#ကိုယ့်ခြေ ကိုယ့်လက်နဲ့
ရေအိမ်တက်နိုင်တဲ့
အရွယ်အစားထိပဲ နေသွားချင်တယ် .....

#ကိုယ့်ခြေ ကိုယ့်လက်နဲ့
ရေခပ်ချိုးနိုင်တဲ့
အရွယ်အစားထိပဲ နေသွားချင်တယ် .....

#အိုမင်းမစွမ်းဖြစ်သွားလို့ဆိုပြီး
တစ်ဦးတစ်ယောက်ရဲ့
ပမာမခန့်ပြုတာမျိုးကို မခံချင်သလို
တစ်ဦးတစ်ယောက်ရဲ့
ငြိုငြင်ပြစ်တင်တာမျိုးကိုလည်း မခံချင်ဘူး။

#ကိုယ့်ကြောင့်
ဘယ်ကလေးသူငယ်တွေကိုမှ
အပြစ်မဖြစ်စေချင်သလို
ဘယ်ကလေးသူငယ်ကြောင့်မှလည်း
ကိုယ်ဟာ အပြစ်အဖြစ်မခံနိုင်ဘူး။

#ကိုယ့်ချေးဝတ် သေးဝတ်တွေကို
ဘယ်သူ့ကိုမှ မလျှော်ဖွပ်စေချင်လို့
ချေးလွတ်သေးလွတ်နဲ့ သတိမလွတ်သေးတဲ့
အရွယ်အစားလောက်ထိပဲ နေသွားချင်တယ် .....

#အကယ်၍ အသက်ရှည်ရှည်
နေခွင့်ရခဲ့မယ်ဆိုရင်ပေါ့....

#ရတနာသုံးပါးကို ရတနာသုံးပါးလို့
အသိအမှတ်ပြုနိုင်တဲ့
အရွယ်အစားထိပဲ နေသွားချင်တယ်.....

#အသိသတိလွတ်ပြီး
ရင်ထဲမှာ ဘုရားတရားမရှိ
ကိုယ်ခန္ဓာမှာ ဘာအဝတ်အစားမှ
မရှိတဲ့အထိတော့ နေမသွားချင်ဘူး .....

#ကိုယ်မှီခိုရမယ့်
ပတ်ဝန်းကျင်ကို အားနာတယ်
ကိုယ့်ကြောင့် သူတို့
မနိုင်မနင်းဖြစ်ရှာမှာစိုးတယ် ...။

#မူရင်းရေးသားသူကို

Want your business to be the top-listed Beauty Salon in Shwebo?
Click here to claim your Sponsored Listing.

Telephone

Website

Address


No(2)
Shwebo