Daisy Pann
09254797725
လိုချင်တာကို ဆက်သွယ်ဝယ်ယူနိုင်ပါတေ
18/03/2025
နွေဦးမှာ ကံ့ကော်ပန်းလေးနဲ့ ချစ်တဲ့အကြောင်း ဝန်ခံရအောင်💐
Finish order....
11/01/2024
ဆောင်းတွင်းအော်ဒါလေးတဖြတ်
ကြိုက်လိုက်တာရှင်😘🤗🤗
Daisy Pann
31/08/2023
မိုးရာသီလေးမှာ ထိုးဖြစ်ထားတဲ့ ဟာလေးတွေကို တင်ပေးပါရစေ🌺
အဝေးသင်တက်မေဆိုပြီးမှာထားတာလေးတွေရပါပြီရှင့်😘😘
Customers တွေအကြိုက်🛍
30/07/2023
Hello မောနီးပါ
ဒီနေတော့ မင်မင် ကမ်းခြေးသွားမယ့်
Bra လေးကို ပြပေစလိုက်ပြီနော်
ဝတ်လိုက်ရင် အရမ်းချစ်စရာကောင်းသော Bra Designလေး❤
Customer စိတ်ကြိုက်လေး
ယုံကြည်စိတ်ချ Daisy လေးနဲ့မှ🤗
23/07/2023
တစ်ခေတ်ပြန်လည် ခေတ်စားလာတဲ့ ချည်ထိုးနည်းတွေနဲ့ ကိုယ်တိုင်ထိုးထားတဲ့ ချည်အိတ် | ပုဝါ |မာဖလာ | အနွေးထည် | Croptop လေးတွေပါရှင့်
ယုံယုံကြည်ကြည်နဲ့ အပ်ပေးကြတဲ့ Customers လေးတွေကို ကျေးဇူးတင်ပါတယ်ရှင့်😘
ယုံကြည်စိတ်ချ Daisy Pann လေးနဲ့မှ 🤗
Daisy Pann
17/01/2023
💰ပိုက်ဆံလား? ❤️ဝါသနာလား?
ကျွန်တော့်ကိုမေးရင်တော့ ဝါသနာကိုရွေးမိလိမ့်မယ်။ ပိုက်ဆံကကုန်သွားမယ့်အရာ၊ တချိန်ချိန်ပျောက်ကွယ်သွားနိုင်ပြီး အချိန်မရွေးပြန်ရှာလို့ရတယ်လို့ ကျွန်တော်ယူဆထားပါတယ်။ 💭
ဝါသနာကတော့ လူတယောက်မှာ မရှိမဖြစ်လိုအပ်တဲ့အရာပါ။
“မြန်မြန်အောင်မြင်ချင်ရင် ဝါသနာပါတာလုပ်” လို့ ပြောကြတာ မိတ်ဆွေတို့အမြဲကြားဖူးကြမှာပါ။
❗️ဒါပေမဲ့ဒီထဲမှာဒုက္ခရောက်ကြမယ့်လူတွေက…
ဝါသနာကိုမသိကြသေးတဲ့ လူငယ်လေးတွေပါပဲ။ ဝါသနာကိုမသိတဲ့အခါမှာ ပိုက်ဆံဟာအရေးကြီးတယ်ထင်ပြီး ပိုက်ဆံနောက်ကိုပဲ လိုက်သွားတတ်ကြတယ်။
ပိုက်ဆံရဖို့အတွက်ကို အလုပ်တွေလုပ်ကြတယ်။ နောက်ပိုင်းဝါသနာမပါတာလုပ်နေရတော့ အလုပ်လုပ်ရတာစိတ်ပင်ပန်းလာတယ်။
ပျော်ရွှင်မှုတွေပျောက်လာမယ်။
ပိုက်ဆံရှာရတာပင်ပန်းလာလိမ့်မယ်။
နောက်ဆုံး ဘဝကခက်ခဲတယ်လို့ အသံထွက်လာမယ်။
♻️ အဲ့လိုမျိုးတွေနဲ့ပဲ သံသရာလည်နေပါလိမ့်မယ်။ ♻️
ဝါသနာပါတဲ့အလုပ်ကို လုပ်နေတဲ့လူတယောက်ဟာ
ကိုယ်ကြိုက်တာလုပ်နေရတဲ့အတွက် စိတ်ပျော်ရွှင်မယ်။ ကိုယ်လုပ်ရင်လုပ်နိုင်သလောက် ပိုက်ဆံပိုဝင်လိမ့်မယ်။ 💸
👉 အဲ့တာကြောင့် ဝါသနာရှာမတွေ့သေးတဲ့ မိတ်ဆွေတွေကိုပြောချင်တာက
ကိုယ်ကဘာကိုသဘောကျလဲ…ဘာလုပ်နေရရင်ပျော်လဲ…ဘယ်အပိုင်းမှာထူးချွန်လဲ ဆိုတာသိရရင် မိတ်ဆွေတို့ဘဝမှာပိုက်ဆံဟာ အစေခံပါပဲခင်ဗျာ။ 🏆
ကဲ…ဒါဆိုမိတ်ဆွေတို့ရော ဘာကိုရွေးချယ်မလဲ ❓
လေးစားစွာဖြင့်…
12/01/2023
လူတိုင်းကို ဘာလုပ်ရမလဲသွားမေးရင်
“မင်းဝါသနာပါတာလုပ်ပေါ့” တဲ့
လူတိုင်းကကိုယ့်ဝါသနာကိုယ်သိပြီး
မွေးလာကြတာမှမဟုတ်ပဲ… ❗️
အဲ့တော့ ဝါသနာရှာမတွေ့သေးတဲ့
မိတ်ဆွေတွေကို
ကျွန်တော်တခုအကြံပေးချင်ပါတယ်။ 💬
“ဟာ…ငါဘာလုပ်ရမှာလဲ?
သူများတွေလို ငါဝါသနာပါတာလဲမရှိဘူး?
ဒီလိုနဲ့ငါ့အနာဂတ်အာမခံချက်ရှိပါ့မလား?”
ဆိုပြီး အချိန်တိုင်းတွေးပူစိုးရိမ်နေမယ့်အစား
တခုခုကိုစလုပ်ကြည့်ပါ။ 💪
🥮 ကိတ်မုန့်ဖုတ်တာ စိတ်ဝင်စားသလိုလိုရှိရင်
ကိတ်မုန့်ဖုတ်သင်တန်းတက်ကြည့်ပါ။
🧑💻Code တွေရေးရတာ စိတ်ဝင်စားသလိုလိုရှိရင်
IT နယ်ပယ်ထဲဝင်ပြီး သင်တန်းတွေတက်ကြည့်ပါ။
သင်တန်းတွေတက်လို့ပြီးရင်
ကိုယ်ဝါသနာပါလား…မပါလား
အဖြေတခုထွက်လာပါလိမ့်မယ်။ ✅
ဒီမှာတခုရှိတာက ဝါသနာမပါဘူးလို့
အဖြေထွက်လာခဲ့ရင် ကိုယ်အသုံးမကျလို့ ဆိုပြီး
အပြစ်တင်တတ်ကြတယ်။
နောက်ပြီး အချိန်နဲ့ငွေသာကုန်သွားတယ်လို့
ယူဆတတ်ကြတယ်။
သေချာကြည့်ရင် ကျွန်တော်တို့ဟာ
အဖြေတခုကိုလိုချင်ခဲ့ကြတာမဟုတ်လား။
ဝါသနာပါရမယ်လို့ တထစ်ချ
ယုံကြည်ခဲ့တာမဟုတ်ဘူးလေ။
ဘာအကြောင်းကြောင်းမှ
စိတ်ညစ်သွားစရာမရှိပါဘူး။ ❌
ဝါသနာပါလား?
ဝါသနာပါရင် ရှေ့ဆက်လျှောက်ပြီး
ဝါသနာမပါဘူးလား?
နောက်ထပ်နယ်ပယ်တွေထဲသွားပြီး အတွေ့အကြုံထပ်ယူ
ဘာမှာအရှုံးမရှိသလို လူ့အကြောင်းတွေကိုလဲ
အများကြီးထပ်သိရတာပေါ့ဗျာ။
အဲ့တော့ဝါသနာရှာမတွေ့သေးသူတွေ
ထိုင်ငြီးမနေပဲ တခုခုကိုသာစလုပ်ကြည့်ပါ။
ဝါသနာကသင့်အနောက်ကိုလိုက်လာပါလိမ့်မယ်။ 🏆
———————
09/12/2022
စပန့် စတိုင်ပန်ဝမ်းဆက် ( အသားကောင်း )
Size..L ဆိုဒ် ( ပေါင် ၉၀ မှ ၁၁၅ )
Price...... ၉၅၀၀ ကျပ်
Size..XL ဆိုဒ် ( ပေါင် ၁၂၀ မှ ၁၃၅ )
Price....... ၉၈၀၀ ကျပ်
30/11/2022
ချစ်တို့ရေ.....😍
ခုလိုရာသီမှာ အပြင်သွားရင်
လှလှပပဝတ်ချင်သူတွေအတွက်
ခုတလောက်အရမ်း ခေတ်စားနေတဲ့ဒီဇိုင်းဆန်းလေးကို ဝတ်သွားဖို့ ပြောပြချင်ပါတယ်ရှင့်..
အသားကတော့ ချယ်ကောင်းတာပါ
မင်မင်ကတော့ ကြွေနေပါပြီ😘
Price.... 20000mmk
အရောင် ၄ မျိုး
100lb to 130 lb
All Instock
28/07/2022
ရင့်ကျက်လာပြီး အရွယ်ရလာသည်နှင့်အမျှ
========================
သိတာတွေများလာတော့
မသိချင်ယောင် ဆောင်တတ်လာတယ်။
အမြင်တွေကျယ်လာတော့ ကိုယ်သိတာလေးတွေကို
အခြားသူနဲ့ ပြိုင်ငြင်းဖို့ထက် မျှဝေဖို့ အားသန်လာတယ်။
အပေါင်းအသင်းတွေ များလာပေမယ့်
မိတ်ဆွေကောင်းတွေ ရှားပါးလာတယ်။
ရင်ဖွင့်စရာ နားထောင်ပေးသူ ရှိပေမယ့်
နားလည်ခံစားပေးတတ်သူ ရှားလာတယ်။
အချစ်နဲ့ ဝေးကွာနေသလို ဖြစ်လာပေမယ့်
သိုသိုသိပ်သိပ် လွမ်းတတ်လာတယ်။
ဖြစ်ချင်တာထက် ဖြစ်သင့်တာတွေကို ဦးစားပေးရင်း
ဖြစ်နေတဲ့ဘဝမှာ ပျော်သလိုနေတတ်လာတယ်။
ရင့်ကျက်လာသည်နှင့်အမျှ အခြားသူဆီက ရယူခြင်းထက်
ပေးဆပ်ရမှာကို ပိုနှစ်သက်လာတယ်။
အလုပ်ကိုပြင်းပြင်းထန်ထန် ကြိုးစားလုပ်ကိုင်ဖို့ထက်
အတွေ့အကြုံနဲ့ အတွေးအခေါ်ကို ပေါင်းစပ်ပြီးမှန်မှန်ကန်ကန် လုပ်လာတတ်တယ်။
ခံစားချက် ဒဏ်ရာတွေများလာပေမယ့်
ဘဝကို မယိုင်မလဲအောင် ထိန်းကျောင်းတတ်လာတယ်။
စိတ်ဓာတ်ကျနေမိရင်တောင် မျက်ရည်အစား
ကိုယ့်ကိုယ်ကို အားတင်းတဲ့ မာန ကို အဖော်ပြုတတ်လာတယ်။
မရေရာမသေချာတဲ့ အလုပ်တွေထက်
ရေရာသေချာတဲ့ အလုပ်ကို အပိုင်နိူင်ဆုံးလုပ်တတ်လာတယ်။
အရွယ်ရလာသည်နှင့် အမျှ အတွေ့အကြုံများလာသလို
လူတွေအကြောင်း ပိုသိလာကာ ပိုပြီးနေတတ်လာခဲ့တယ်။
အပေါင်းအသင်းအများကြီးထားဖို့ထက်
တစ်ယောက်တည်းနေရတာကို ပိုနှစ်သက်လာတယ်။
လူဆိုတာ အရွယ်ရလာသလို ရင့်ကျက်လာသင့်ပြီး
အမှားနည်းလာဖို့ လိုအပ်ပါတယ်
ဘာလို့လဲဆိုတော့ လူငယ်တွေ မှားနေတာက
ပြင်ဆင်ချိန်ရှိပြီး အသက်ကြီးလာရင် ပြင်ဆင်ချိန်နည်းလာကာ
အမှားနည်းဖို့ လိုမယ်ထင်ပါတယ်။
လေးစားစွာဖြင့် ပြန်လည်မျှဝေပါသည်။
credit-
25/07/2022
Gucci ချည်သား T Shirt
10 colours Free Size 💜 6500=1💜6000=6
အကြိုက်ဆုံးစကားစုတစ်ချို့
🐋ငါးကြီးကြီး လိုချင်ရင်
ပင်လယ်ထဲကို သွားပါ ။
ဒါပေမယ့် •••
မုန်တိုင်းတော့ ရှိပါလိမ့်မယ် ။
🐦 ဘဝကို ကြက်တူရွေးလို မနေဘဲ
🦅 သိန်းငှက်လို ကျင့်ကြံပါ
🐦 ကြက်တူရွေးက စကားတတ်ပေမဲ့
မြင့်မပျံနိူင်ဘူး
🦅 သိန်းငှက်က နူတ်ဆိတ်ပေမဲ့
မိုးထိအောင် ပျံနိူင်တယ် ။
🚣♂️ ကြိုးစားတဲ့ လူတိုင်းက •••
မအောင်မြင်ပါဘူး
ဒါပေမယ့် •••
အောင်မြင်နေတဲ့ သူတိုင်းက •••
ကြိုးစားခဲ့ကြပါတယ် ။
🚶 လမ်းပျောက်နေလို့
စိတ်ဓာတ်မကျပါနဲ့ •••
ကိုယ်လျှောက်မယ့် လမ်းက
ကိုယ်တိုင်ဘဲ ဖောက်ရမှာပါ ။
🔹 လူ့ သက်တမ်းက •••
အကန့်သတ်ရှိတာ မှန်ပါတယ်
ဒါပေမဲ့ သင့်ကြိုးစားမှု့ ရလဒ်ကတော့ အကန့်သတ် မရှိပါဘူး ။
အစိတ်စိတ် ကွဲနေတဲ့
ဖန်ကွဲစက ပြောတယ် ဖြစ်ပြီးမှ
နောင်တရနေရင် အလကားဘဲ ။
🖊️ဘောပင်က ပြောတယ်
မှင်ကုန်ရင် လွင့်ပစ်လိုက်ပါတဲ့
မင်းအတွက် အသုံးမဝင်တာကို
သိမ်းမထားပါနဲ့တဲ့
တံခါးပေါက်က ပြောတယ် •••
ငါ့ကို ဖွင့်ပီး
မင်းအောင်မြင်မှု့ လမ်းကြောင်းကို
ရောက်အောင် သွားတဲ့ ။
💡 မီးသီးကပြောတယ် •••
ဘဝကို တောက်ပအောင် လုပ်ပါတဲ့ ။
ပြတင်းပေါက်က မြင်ရတဲ့
လမင်းက ပြောတယ်
ရည်မှန်းချက်ကို မြင့်မြင့်ထားတဲ့
📆 ပြက္ခဒိန်ကပြောတယ်
ကုန်လွန်သွားတဲ့ ရက်စွဲတွေက
နောက်ပြန်လှည့်လို့ မရဘူး
📙 စာအုပ်တွေကပြောတယ်
ဗဟုသုတကို ဝယ်လို့မရဘူး
ဖတ်ပြီး မှတ်လို့ဘဲ ရတယ် ။
🗡️ ဓားတစ်လက်က ပြောတယ်
မသုံးဘဲထားရင်
တုံးသွား လိမ့်မယ်တဲ့ ••
⌚ နာရီလေးက ပြောတယ် •••
အချိန်ဆိုတာနောက်ပြန်မရနိူင်ဘူး။
🥛 ရေသန့်ဘူးက ပြောတယ်
စိတ်ကိုကြည်လင်အောင်ထား
ဘဝကို သန့်ရှင်းအောင်နေတဲ့ ။
💵 ပိုက်ဆံလေးက ပြောတယ် •••
များများ သုံးချင်ရင်များများရှာတဲ့။
Click here to claim your Sponsored Listing.
Category
Website
Address
Sittwe
