Lambest Luxury Skin Care By Nyein

Lambest Luxury Skin Care By Nyein

Share

ပိုလှလာမယ်ဆိုတာထက် မှန်ကြည့်တိုင်း စိတ်ချမ်းသာဖို့ Lambest Skincare ကို ရွေးကြစို့။

21/07/2022

Skin care ရွေးချယ်ခြင်း

(၁) skin care တွေ သုံးတဲ့အခါ အဆီပြန်တဲ့အသားအရေမှာ ရေဓာတ်အခြေခံပစ္စည်းတွေသာ ရွေးချယ်သုံးစွဲသင့်တယ်။ cream type တွေ မသုံးသင့်ပါ။ အထူးသဖြင့် နွေရာသီလိုမျိုးမှာပါ။မျက်နှာ အဆီပြန်တာ၊ဝက်ခြံထွက်တာ ပိုဖြစ်နိုင်တယ်။
(၂) ခြောက်သွေ့တဲ့အသားရေအတွက် moisturizer နဲ့ serum လိုပစ္စည်းမျိုး သုံးသင့်ပါတယ်။ cream typeပုံစံသုံးနိုင်တယ်။
(၃) အရေပြားခြောက်သွေ့သူဖြစ်ဖြစ်၊ အဆီပြန်သူဖြစ်ဖြစ် moisturizer တမျိုးမျိုး သုံးဖို့ လိုပါတယ်။ moisturizerက ပြင်ပလေထုနဲ့ အရေပြားကြားအလွှာတခုအဖြစ်ကြားခံပေးလိမ့်မယ်။ ဒါမှသာ အစိုဓာတ်ကြောင့် မျက်နှာက အမြဲ ကြည်လင်သန့်စင်နေမှာ ဖြစ်ပါတယ်။

သတိပြုစရာ အချက်များ
• တိုနာသုံးတဲ့အခါ ခြောက်သွေ့အောင်အရင် ထားပြီးမှ တခြားလိမ်းဆေးတွေဆက်သုံးပါ။
• ညဖက်လိမ်းတဲ့အခါ moisturizer ကို နောက်ဆုံးမှလိမ်းရပါတယ်။ အဲဒီပေါ်မှာ ဘာမှ ထပ်မလိမ်းပါနဲ့။ (ဂျပန်လူမျိုးတွေကတော့ face mask ထပ်အုပ်တာမျိုးရှိပါတယ်)
• မျက်နှာသစ်ဆပ်ပြာတွေကြောင့် အရေပြားရဲလာရင် အပေါ်မှာ ဘာမှမသုံးပဲ ခဏစောင့်ပါ။ ရဲတာ သက်သာမှ skin care တွေ ဆက်သုံးသင့်တယ်။
Crd

13/06/2022

Morning Pr ငြိမ်းရဲ့ Friend တွေရယ်👼👼👼

အမ်းမြို့ကို သွားမယ့် ငြိမ်းရဲ့ Lambest လေးများနှင့် စစ်တွေက အင်္ကျီ Designer မမနုရဲ့ အားပေးချက် 😍😍😍😍

အားပေးမှုအတွက် ကျေးဇူးပါ😘😘😘

ငြိမ်းဆီက တကူးတကအားပေးလို့ ❤❤❤

မနက်မိုးလင်းတာနဲ့ ငွေတွေဝင်ပြီ😻😻😻

Lambest လေးကြောင့်😚😚😚

Night Cream နှင့် Facial Cleanser အထုတ်သေးတွေ လက်ဆောင်ထည့်ပေးလိုက်ပါတယ်နော်☺☺

03/06/2022

Night Cream ၁ ဘူး Sold Out 🙈🙈

EPC ရုံးက သူငယ်ချင်းရဲ့ သူငယ်ချင်းက အားပေးချက်😁😁😁😁😁

မနက်စောစောစီးစီး ငွေတွေဝင်ပြီ🕊🕊🕊🕊

Lambest လေးကြောင့် ​ ငွေတွေအမြဲ ဝင်နေတာပါ🌼🌼🌼🌸

Lambest Night Cream လေး လိမ်းပြီး အမြဲတမ်းလှနေနိုင်ပါစေ🤡🤡🤡

Photos from Lambest Luxury Skin Care By Nyein's post 23/05/2022

Good Night pr Friend တို့ရယ်😘😘

အိပ်ခါနီးလေး ဖုန်းဆက်ပြီးမှာတယ် Order ပါ😁

မနက်ဖြန် ရုံးလာရင် Night Cream လေး တစ်ဘူး ယူလာခဲ့ပါတယ်✌✌✌

Lambest သုံးပြီး အမြဲလှနေသော ငြိမ်းရဲ့ VIP Customer ချစ်မမ😘😘😘😘

22/05/2022

မန်းလေးကို သွားမယ့် ငြိမ်းရဲ့ Lambest Foundation လေးပါ💑💑💑💑👩‍❤️‍👩

မန်းလေးမှာ Lambest ရောင်းတဲ့သူတွေ အများကြီးထဲမှ စစ်တွေက တကူးတက ဝယ်တဲ့ ငြိမ်းရဲ့ မာမီရေ ကျေးဇူးပါ😘😘😘😘

မန်းလေးကိုလည်း လာချင်ပါတယ် မာမီရယ်😍

ရုံးပိတ်ရက်ရှည်တွေ ပါရင် လာခဲ့ပါမယ် 🤡🤡

အသက် ၆၀ ကျော်ပေမယ့် အပျိုလေးလို့ အမြဲတမ်း နှပျိုနေတဲ့ ငြိမ်းရဲ့ မာမီ 😘😘😘

အခုဆို Lambest လေးသုံးပြီး ပိုပြီး နှပျိုတော့မှာ🗣

21/05/2022

📢Lambest ချစ်သူတွေအတွက် ရင်ခုန်စရာအကောင်းဆုံးအစီအစဉ်လေးတွေ လာပါပြီရှင်

👉make up ဝါသနာရှင်လေးတွေ နဲ့ make up ကို အလွယ်တကူ ကိုယ်တိုင်လိမ်းတတ်ချင်သူလေးတွေ အတွက်
💟Lambest မှ ထုတ်လုပ်ထားသော Skin Care & Makeup များကိုအသုံးပြုပြီး💆‍♀️Professional Makeup Artist နှင့်
💃နာမည်ကြီး Model များက (22.5.22) ည 7:00 PM တွင် တိုက်ရိုက် 🖥Live ထုတ်လွှင့်ပြီး အဆင့်ဆင့် လိမ်းခြယ်ပြသ သင်ကြားပေး သွားမှာဖြစ်ပါတယ်ရှင်

🎙အစီစဉ်တင်ဆက်သူအဖြစ် ရှိုင်းထက်ဇော် နှင့် နိုင်ငံကျော် တေးသံရှင် အဆိုတော် မေ တို့မှ တင်ဆက်ပေးသွားမည်ဖြစ်ပြီး

👉ဒီအစီအစဉ်လေးမှာ Professional Makeup Artist နန်းရတီဝင်းလဲ့ မှနေ၍ Model Ha Na နှင့် Model မေရတီဇော် တို့ကို💆‍♀️Lambest မှထုတ်လုပ်ထားသော Skin Care & Makeup များကို အသုံးပြုကာ လိမ်းခြယ်ပြသပေးမည့် အထူးအစီအစဉ်လေး ဖြစ်ပါတယ်ရှင်

ဒါကြောင့်မို့ ⚠️(22.5.22) Live လေးမှာ💟Lambestချစ်သူတွေအားလုံ ဆုံတွေ့ကြမယ်နော်။

19/05/2022

ဘဏ်က VIP Customer မမရဲ့ အမှာလေးပါ😍

ပိုက်ပိုက်ပြတ်နေတာနဲ့ အတော်ဘဲ😁😁😅

Lambest ပစ္စည်းလေးရောင်းလို့ ဝင်ငွေတွေမပြတ်တဲ့ ကိုယ့်ပါ☺☺

လကုန်မှ ပိုက်ပိုက် ဝင်တာ မဟုတ်ဘူး😜

လမကုန်လည်း Lambest ကြောင့် ပိုက်ဆံတွေဝင်😘😘😘😘

16/05/2022

Old VIP Customer လေးတွေအတွက်😍😍😍

Promotion ရှိတုန်းလေး ဝယ်ထားလိုက်ပါ👩👨👧

🗣🗣 17 % Off ရှိတုန်း 🗣🗣

Photos from Lambest Luxury Skin Care By Nyein's post 16/05/2022

6လပိုင်းကုန်ထိရရှိမယ့် Lambest Promotion 😱😱

Normal Skin
Oily Skin
DrySkin
Sensitive Skin
Combination Skin

မိမိအသားရေနှင့်လိုက်ဖက်သော Product (5)မျိုးတစ်ဆက်ဝယ်ယူပါက နိုင်ငံခြားBeauty Blogger တွေကြားအရမ်းရေပန်းစားနေတဲ့ Sonic Cleaning Brush ကို လက်ဆောင်ရမှာဖြစ်ပါတယ်ရှင့်။

လက်ဆောင်Brush လေးရတုန်းအမြန်Hello လိုက်ပါနော်။

14/05/2022

{ ကဆုန်လပြည့် ဗုဒ္ဓနေ့ }
"ယခုလာမည့်ဥပုသ်နေ့သည်
ကဆုန်လပြည့် ဗုဒ္ဓနေ့ ဖြစ်သည်"
ကဆုန်လပြည့်နေ့အကြောင်း သိကောင်းစရာ
***************🌺******************

#ဖွား ၊ ပွင့်၊ ဟော၊ စံ၊ ဗျာဒိတ္ခံ ကဆုန်လပြည့်နေ့

ကဆုန်လပြည့် (၅)နေ့။

(၁) ဗျာဒိတ်ခံယူသည့်နေ့ =
လေး အသင်္ချေကမ္ဘာတစ်သိန်း အစ
ကဆုန်လပြည့်နေ့။

(၂) ဘုရားမွေးသည့်နေ့ =
မဟာသက္ကရာဇ် (၆၈)ခု၊
ကဆုန်လပြည့် (သောကြာနေ့)။(ဘီစီ ၆၂၃)

(၃) ဘုရားဖြစ်သည့်နေ့ =
မဟာသက္ကရာဇ် (၁၀၃)ခု၊
ကဆုန်လပြည့် (ဗုဒ္ဓဟူးနေ့)။ (ဘီစီ ၅၈၈)

(၄) ဗုဒ္ဓ၀င်အကျဉ်းဟောသည့်နေ့ =
မဟာသက္ကရာဇ် (၁၀၄)ခု၊
ကဆုန်လပြည့်နေ့။ (ဘီစီ ၅၈၇)

(၅) ပရိနိဗ္ဗာန်စံသည့်နေ့ =
မဟာသက္ကရာဇ် (၁၄၈)ခု၊
ကဆုန်လပြည့် (အင်္ဂါနေ့)။ (ဘီစီ ၅၄၃)

****

#ကဆုန်လပြည့်
#ဗုဒ္ဓနေ့အကြောင်းသိကောင်းစရာများ

၁။ ကဆုန်လပြည့်နေ့သည်
ဗုဒ္ဓဘာသာဝင်တို့၏
နေ့ထူးနေ့မြတ်ကြီးဖြစ်ပါသည်။
ကဆုန်လပြည့်နေ့၏ ထူးခြားချက်မှာ
(ဗျာဒိတ်, ဖွားမြင်, ဗောဓိပင်,
စံဝင် နိဗ္ဗာန်နန်း) ဆိုသည်နှင့်အညီ
သုံးလောကထွတ်ထား
သဗ္ဗညုမြတ်စွာဘုရားနှင့်စပ်၍....

#ဗျာဒိတ်ခံယူသောနေ့
#ဖွားမြင်တော်မူသောနေ့
#ဘုရားဖြစ်တော်မူသောနေ့
#ပရိနိဗ္ဗာန်စံတော်မူသောနေ့
ဤထူးခြားချက်လေးမျိုးတို့နှင့်
တိုက်ဆိုက်နေပါသည်။
ဤကဲ့သို့ ထူးခြားချက်လေးမျိုးနှင့်
ပြည့်စုံသောကြောင့် ဤနေ့ကို
` #ကဆုန်လပြည့်ဗုဒ္ဓနေ့ ဟု
အမွှန်းတင် ခေါ်ဆိုကြပါသည်။

၂။ ဤကဆုန်လပြည့်နေ့ တွင်
မာရ်နတ်ရန်ကို အောင်မြင်တော်မူသောကြောင့်
ဤနေ့ဤရက်ကို
`ကဆုန်လပြည့် မာရ်အောင်နေ့အဖြစ်
ဗုဒ္ဓဘာသာဝင်တို့၏ စိတ်အစဉ်တွင်
စွဲမြဲ၍နေကြပါသည်။

၃။ ဝိသာခါနက္ခတ်နှင့်ယှဉ်၍
ဖွားမြင်တော်မူခြင်း၊
ပရိနိဗ္ဗာန်စံတော်မူခြင်းများကို အကြောင်းပြု၍
ကဆုန်လပြည့်နေ့ကို
`ဝိဆခ်ဒေးဟု ခေါ်ဆိုကြပါသည်။
ဝိသာခါဒေးဟု ဆိုလိုပါသည်။

၄။ ဗုဒ္ဓဘာသာဝင်တို့သည်
ဘုရားဖြစ်သော နေ့ထူးနေ့မြတ်ကို
အာရုံပြု၍ ကဆုန်လပြည့်နေ့၌
ပရိဘောဂစေတီထိုက်သော
ဗောဓိပင်ကို ရေသွန်းလောင်းလေ့ ရှိကြပါသည်။

၅။ ဗောဓိပင်သည်
သဗ္ဗုညုတဉာဏ်တော်ကိုရ၍
ဘုရားဖြစ်တော်မူရာဌာနဖြစ်ခြင်း၊
ဖွားဖက်တော် ၇ ပါးတွင်
စာရင်းဝင်ဖြစ်ခြင်းတို့ကြောင့်
ထူးခြားသော သစ်ပင်တစ်မျိုး ဖြစ်ပါသည်။
ဤကဲ့သို့ မြတ်စွာဘုရားနှင့်
တိုက်ရိုက်ဆက်စပ်၍
ဗောဓိပင်၌ ရေသွန်းလောင်းခြင်းအစဉ်အလာကို
ခေတ်အဆက်ဆက် ပြုလုပ်လာခဲ့ကြပါသည်။

၆။ မြန်မာ့ရိုးရာ ၁၂ ရာသီပွဲတော်များအနက်
ကဆုန္လ၌ ညောင်ရေသွန်းပွဲတော်ကို
ရိုးရာပွဲတော်အဖြစ် အစဉ်အလာ
သတ်မှတ်ခဲ့ကြပါသည်။

၇။ အသနဗောဓိယမထေရ်၏
အလောင်းသည် တိဿဘုရားရှင်၏
ဗောဓိပင်ကို စိုက်ပျိုးပူဇော်ရသော
ကုသိုလ်ကြောင့် နတ်ပြည်၌ဖြစ်ရခြင်း၊
စကြာမင်းဖြစ်ရခြင်း၊
အပါယ်ဘေးမှလွတ်ကင်းရခြင်းအကျိုးများကို
ခံစားရကြောင်း (ထေရာပဒါန်)
ကျမ်းဂန်၌ ဟောကြားထားပါသည်။

၈။ ဂန္ဓောဒကတိဿမထေရ်၏
အလောင်းသည် ပဒုမုတ္တရဘုရားရှင်၏
ဗောဓိပင်ကို နံ့သာရေဖြင့်
သွန်းလောင်းသောကုသိုလ်ကြောင့်
နတ်ပြည်၌ဖြစ်ရခြင်း၊ အနာရောဂါမရှိခြင်း၊
သောကကင်းဝေးခြင်း
စသောအကျိုးများကို ခံစားရပါသည်။

၉။ အထက်ပါအကြောင်းအရာများကို နှလုံးသွင်း၍
ဗုဒ္ဓဘာသာဝင်သူတော်စင်များအနေဖြင့်
နှစ်စဉ်နှစ်စဉ် ကဆုန်လပြည့်နေ့ရောက်တိုင်း
ဗုဒ္ဓရုပ်ပွား ဥဒ္ဒိဿစေတီတော်များကို
အနေကဇာတင် ဗုဒ္ဓအဘိသေက
မင်္ဂလာသဘင် ဆင်ယင်ကျင်းပ၍
ကုသိုလ်အထူးကို ဆည်းပူးလေ့ရှိကြပါသည်။
ကျောင်းကန်ဘုရားသို့သွား၍
ဒါန သီလ ဘာဝနာအမွုကို ပြုလုပ်၍
ကဆုန်လပြည့် ဗုဒ္ဓနေ့ကို အမွတ္တရ ဆင်နွှဲကြပါသည်။

#မာဂဓီ (သာစည်)၏
[အခါတော်နေ့များ စာအုပ်မှ] ပြန်လည်
ထုတ်နှုတ်မျှဝေ ပူဇော်ပါသည်။

Crd #

Want your business to be the top-listed Beauty Salon in Sittwe?
Click here to claim your Sponsored Listing.

Telephone

Website

Address


PADALEIK
Sittwe
07011