Ni Ni Than-Healthy & Beauty

Ni Ni Than-Healthy & Beauty

Share

Healthy & Beauty

22/04/2023

သူတို့ ဘာကြောင့် ကျန်းမာနေကြတာလဲ။

ခပ်နည်းနည်းပဲစားတဲ့ Style

မိတ်ဆွေများကိုကမ္ဘာပေါ်မှာခေတ်စားလာမယ့်အကောင်းဆုံးStyleတစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ်။အဲဒီ Styleလေးကခပ်နည်းနည်းပဲစားတဲ့ Style ဖြစ်ပြီးအကျိုးကျေးဇူးသိပ်များပါတယ်။အဲဒီStyleကိုလုပ်လိုက်ပြီဆိုတာနဲ့ကျန်တဲ့Styleတွေပါအလိုအလျောက်ပါလာမယ်ဆိုတာကိုဒီpostဖတ်ရင်းနဲ့သိသွားပါလိမ့်မယ်။

ကျနော်တို့ဟာနေ့စဉ်အစားအသောက်တွေကိုစားသောက်ကြရတယ်။အဲဒီလိုစားရာမှာရသတဏှာကိုဦးစားပေးပြီးဗိုက်ဝအောင်စားရမှကျေနပ်ကြတယ်။အသက်ရှင်ဖို့စားတာမဟုတ်ဘဲစားဖို့အသက်ရှင်နေသလိုဖြစ်နေကြတယ်။အဲဒါသည်ကျနော်တို့အတွက်အမှားကြီးမှားနေတာပြဲဖစ်တယ်။လူတစ်ယောက်အသက်ရှင်ရပ်တည်ဖို့အတွက်စားသင့်တဲ့အတိုင်းအတာကသူ့အစာအိမ်ပမာဏလောက်ပြဲဖစ်တယ်။အစာအိမ်ပမာဏကဂရိတ်ဖရုသီးတစ်လုံးအတိုင်းအတာလောက်ပဲရှိတာဖြစ်တယ်။ဒါကြောင့်တစ်ခါစားရင်ဂရိတ်ဖရုသီးတစ်လုံးစာလောက်ပဲစားရမယ်။

အဲ့လိုမစားဘဲဗိုက်ကြီးပြဲကားအောင်စားနေကြတော့ဘာဖြစ်လာသလဲ။ကိုယ်တွင်းကလီစာတွေကစားလိုက်တဲ့အစာတွေကြေညက်အောင်ချက်တဲ့အလုပ်ကိုပင်ပန်းစွာလုပ်ရပါတယ်။အစာခြေရည်တွေအများကြီးထုတ်ရတယ်၊သည်းခြေရည်တွေထုတ်ရတယ်၊နှလုံးကလည်းပိုအလုပ်လုပ်ရတယ်၊ကျောက်ကပ်ကလည်းပိုဆေးရတယ်၊အသည်းကလည်းပိုပြီးအဆိပ်ဖြေပေးရတယ်။အူတွေကလည်းအလုပ်ပိုလုပ်ရတယ်။ကြာတော့ကလီစာတွေသိပ်ပင်ပန်းကြတယ်။နှစ်ရှည်မခံတော့ဘူး။

စားသင့်တဲ့အတိုင်းအတာထက်ပိုစားတဲ့အစာတွေကကိုယ့်အတွက်အကျိုးမရှိဘူး။ပိုတဲ့အစာတွေကအဆိပ်အပုပ်တွေဖြစ်သွားတယ်။Free Radical တွေပိုထွက်လာစေတယ်။ရောဂါတွေကိုဖြစ်စေတာပဲအဖတ်တင်တယ်။ဘာမှကိုအကျိုးမရှိဘူး။

အစားကြူးတဲ့သူတွေကိုလေ့လာကြည့်ပါ။သူတို့ဟာရောဂါသိပ်များတယ်။အစောကြီးသေကြတယ်။ရုပ်ရည်အားဖြင့်လည်းကြည့်ရဆိုးတယ်။ဘဝအရည်အသွေးမကောင်းဘူးဆိုတာတွေ့ရလိမ့်မယ်။

လူတွေကအများကြီးစားနိုင်မှအားရှိတယ်လို့ထင်နေကြတယ်။တကယ်တော့အပူအပုပ်ကင်းပြီးပေါ့ပါးလန်းဆန်းခြင်းသည်သာအားရှိခြင်းဖြစ်ပါတယ်။သွက်လက်ဖြတ်လတ်ခြင်းသည်သာအားရှိခြင်းဖြစ်တယ်။

ကဲ....ဒါဆိုဘယ်လိုစားရမလဲပြောမယ်နော်....မြန်မာလူမျိုးတွေဖြစ်တဲ့အတွက်စားနေကျမြန်မာစာတွေကိုပဲသင့်ရုံစားသွားဖို့ပါပဲ။အထွေအထူးပြောင်းစားဖို့မဟုတ်ဘူး၊စားမယ့်Meal potion amount ကိုသာသင့်ရုံစားဖို့ဖြစ်ပါတယ်။ဂရိတ်ဖရုတစ်လုံးစာလောက်ပေါ့။စားတာကအကုန်စားလို့ရတယ်နော်။အဆီ၊အခေါက်၊အသား၊ကလီစာ၊အသီးအရွက်၊မြေအောက်ဥ၊ကောက်နှံ၊ပဲမျိုးစုံကြိုက်တာသာစား။

Breakfast စားမယ်ဆိုရင်မုန့်ဟင်းခါးသင့်ရုံတစ်ပွဲပေါ့။၂ပွဲမဖြစ်စေနဲ့။အီကြာကွေးဆိုလည်းတစ်ချောင်းပေါ့၊ပေါက်ဆီဆိုလည်းတစ်လုံးပေါ့၊
ကြက်ဥပေါင်မုန့်တစ်ချပ်ပေါ့၊နံပြားပြဲပုတ်ဆိုလည်းတစ်ချပ်ပေါ့။တော်ပီလေတစ်ပွဲ၊ကော်ဖီလည်းတစ်ခွက်ပဲပေါ့။

Lunchစားမယ်ဗျာ။ထမင်းတစ်လုံးအသားငါးဟင်း၂တုံး၊အရွက်ကြော်သင့်ရုံပေါ့။ခေါက်ဆွဲကြော်ထမင်းကြော်ဆိုရင်လည်းပွဲသေးပေါ့။ဆီချက်ဆိုလည်းတစ်ပွဲပေါ့။သင့်ရုံပဲ။

Dinnerစားမယ်ဗျာ။ဘိုစာဆိုလည်းတစ်ပွဲစာလောက်ပဲ။ကြာဆံကြော်ဆိုလည်းတစ်လုံးလောက်ပဲ။ကြက်သားpuffဆိုလည်း၂ခုလောက်ပေါ့။ဘာစားစားကြိုက်တာသာစားဗျာ၊အတိုင်းအတာကဂရိတ်ဖရုတစ်လုံးစာလောက်ပြဲဖစ်ရမယ်။ဗိုက်ဆာရင်ရေသောက်ပေါ့။

ဂရိတ်ဖရုတစ်လုံးစာလောက်ပဲစားရမယ်ဆိုတော့ဗိုက်ပြည့်ပါ့မလားပေါ့။အစာအိမ်ကသိပ်အံ့သြစရာကောင်းတယ်။ဂရိတ်ဖရုတစ်လုံးစာလောက်ပဲစားတဲ့အလေ့အကျင့်လုပ်ပေးရင်အစာအိမ်ကသူ့ဟာသူသေးသွားရောဗျ။တစ်ပတ်ဆယ်ရက်တော့အချိန်ပေးပြီးစောင့်ရတယ်။တစ်ပတ်အတွင်းမှာတော့စားရတာတင်းတိမ်မှာမဟုတ်ပေမဲ့ဆယ်ရက်လောက်မှာကျင့်သားရပြီးမဆာတော့ဘူး။နည်းနည်းပိုစားမိရင်တောင်အစာအိမ်ကလက်မခံချင်တော့လောက်အောင်အကျင့်ကောင်းသွားပြီ။အဲဒါဆိုအေးအေးဆေးဆေးပဲ။

ရေကတော့Bodyရဲ့လိုအပ်ချက်အတိုင်းသောက်ပေးဖို့လိုတယ်။ပေါင်၅၀ကိုတစ်လီတာနှုန်းနဲ့သောက်ရမယ်။ပေါင်၁၅၀ဆိုရင်တစ်နေ့ကို၃လီတာအနည်းဆုံးပဲ။ရေသောက်ရင်မနက်စောစောကလွဲလို့ကျန်တဲ့အချိန်တွေမှာနည်းနည်းနည်းနည်းနဲ့ခဏခဏသောက်ပေးတာပိုကောင်းပါတယ်။စားထားတဲ့အစာဟောင်းတွေအကုန်ပြန်ထုတ်ဖို့ကရေကိုပြည့်မီအောင်သောက်ဖို့လိုတယ်။

အဲဒီလိုခပ်နည်းနည်းပဲစားတဲ့styleနဲ့သွားရင်Bodyကတဖြည်းဖြည့်းသွယ်လျလာလိမ့်မယ်။ကိုယ်တွင်းမှာအဆိပ်အပုပ်တွေကင်းတဲ့အတွက်အသားရေကြည်လင်လှပလာလိမ့်မယ်။ပေါ့ပါးသွက်လက်တက်ကြွလာလိမ့်မယ်။မကောင်းတဲ့ကော်လက်စတြောတွေမရှိလို့မျက်နှာကအစ်ထစ်မနေတော့ဘဲပိုချောလာလိမ့်မယ်။Bodyလှလာတဲ့အတွက်ဝတ်စားဆင်ယင်မှုကလည်းအလိုလိုstyleကျနေလိမ့်မယ်။ဥာဏ်ရည်လည်းကောင်းလာလို့လုပ်ငန်းလုပ်လို့ပိုအဆင်ပြေလာလိမ့်မယ်။တရားထိုင်ရတာလည်းသိပ်ကောင်းလိမ့်မယ်။ရုပ်ပိုင်းဆိုင်ရာသာမကစိတ်ပိုင်းဆိုင်ရာလည်းမိမိကိုယ်မိမိယုံကြည်မှုတွေတိုးလာလိမ့်မယ်။မမျှော်မှန်းထားတဲ့အကျိုးကျေးဇူးတွေရလာတာကိုအံ့သြစွာကြုံလာရပါလိမ့့်မယ်။

ရန်ကုန်မြို့ကကြယ်၅ပွင့်ဟိုတယ်ကြီးတစ်ခုမှာဘူဖေးညစာသွားစားဖူးပါတယ်။အဲ့မှာပြင်သစ်၂ယောက်ကိုတွေ့တယ်။သူတို့ဘယ်လိုစားလည်းလေ့လာကြည့်တယ်။အစားအစာတွေကိုပန်းကန်လှရုံပဲထည့်စားပြီးပြန်သွားကြတယ်။ကျနော်တို့မြန်မာတွေကတော့ပန်းကန်အမောက်ကြီးတွေ၂ခါ၃ခါထပ်ထည့်စားပြီးဗိုက်ပြဲကားမှအိမ်ပြန်ကြပါတယ်။အဲဒါကိုသတိထားမိတယ်။

ကျနော်စင်္ကာပူမှာနေတုန်းကနေ့တိုင်းစားတဲ့ထမင်းဆိုင်ကတရုတ်လင်မယားကကျနော်စားတာကိုနေ့တိုင်းကြည့်နေကြတယ်။ထမင်းကို၃ပန်းကန်လောက်စားတာကိုး။ခြောက်လလောက်ကြာတော့သူတိ့နဲ့ခင်သွားတယ်။သူတို့ကဘာပြောသလဲဆိုရင်မင်းအဲ့လောက်စားနေရင်ရောဂါတွေဖြစ်လာလိမ့်မယ်တဲ့။သင့်ရုံပဲစားတဲ့။ဟုတ်တယ်ဗျ၊စလုံးကလူတွေထမင်းတစ်လုံးပဲစားကြလို့ရောဂါကင်းပြီးသွယ်လျကြတာတွေ့ရတယ်။

ကမ္ဘာကျော်မင်းသားမင်းသမီးတော်တော်များများဒီအတိုင်းခပ်နည်းနည်းစားတဲ့Styleကိုကျင့်သုံးနေကြတယ်။ဘောလိဝုဒ်မင်းသားမင်းသမီးတွေတောင်အရင်လိုဗိုက်မပူကြတော့ဘူးဗျ။မြန်မာပြည်မှာလည်းကြည့်။သာသနာရေးမှာဆိုရင်ပါချုပ်ဆရာတော်ကြီးပေါ့၊နိုင်ငံရေးလောကမှာဆိုအမေစုလိုပုဂ္ဂိုလ်မျိုးပေါ့၊အနုပညာလောကမှာဆိုလည်းဒါရိုက်တာဦးအောင်ကိုလတ်တို့လိုပုဂ္ဂိုလ်တွေပေါ့၊ပန်းချီဦးစိုးမိုးလိုပုဂ္ဂိုလ်မျိုးပေါ့၊စီးပွားရေးလောကမှာဆိုဦးမောင်ဝိတ်တို့လိုပေါ့။ဘယ်လောက်ကြည့်ကောင်းပြီးအောင်မြင်နေကြလဲဆိုတာ။ဒါကထင်ရှားတဲ့သူအချို့ကိုပြောတာ။အခြားပြည်တွင်းပြည်ပကလူတွေအများကြီးရှိပါသေးတယ်။

ကဲ...မိတ်ဆွေများ....အခုကJanuaryလပေါ့ဗျာ။အခုကစပြီးခပ်နည်းနည်းပဲစားတဲ့styleကိုလုပ်ကြည့်ကြမလား။နောက်နှစ်January ဒီအချိန်လေးမှာအဖြေထုတ်ကြည့်ကြမယ်။တကယ်ဖြစ်ချင်ရင်တကယ်လုပ်-အဟုတ်ဖြစ်ရမည်တဲ့။နေမကောင်းဘူးဆိုတာမရှိစေရ။ကျန်းမာပြီးရောဂါကင်းတဲ့ဘဝ၊သွယ်လျပြီးလှပတဲ့ဘဝ၊တိုးတက်ပြီးအောင်မြင်တဲ့ဘဝ၊စိတ်ချမ်းသာပြီးပျော်ရွှင်တဲ့ဘဝကိုတကယ်လိုချင်သူတွေအတွက်
Credit to
စာရေးဆရာမင်းကျော်ဝင်း

20/04/2023

🍅ခရမ်းချဥ်သီး​လေး​တွေနဲ့ အိမ်မှာ​နေရင်း အသားအ​ရေထိန်းသိမ်းကြမယ်။🍅

🍅ခရမ်းချဥ်သီးကို အသားအ​ရေအတွက် ဘယ်လိုသုံးရမလဲမ​ပြောခင် အသားအ​ရေအတွက် ဘယ်လိုအကျိုး​ကျေးဇူး​တွေရှိလဲ အရင်​ပြောမယ်။✔
➡️ခရမ်းချဥ်သီးက ကျယ်​နေတဲ့ ​​ချွေး​ပေါက်​တွေကို ကျဥ်း​စေတယ်။ ဒါ​ကြောင့် ပိုပြီးနုပျိုလာ​စေတယ်။
➡️ဆားဝက်ခြံ​တွေကို သက်သာ​စေရုံသာမက ဝက်ခြံနဲ့ ဝက်ခြံ​ကြောင့်ဖြစ်တဲ့ ​ရောင်ရမ်းမှု​တွေကိုလည်း သက်သာ​စေတယ်။
➡️Vitamin C ပြည့်ဝစွာ ပါဝင်လို့ အသားအ​ရေမွဲ​ခြောက်မှု​တွေကင်း​ဝေးပြီး အသားအ​ရေကို ကြည်လင်​စေတယ်။
​➡️နေ​လောင်ဒဏ်​တွေကိုလည်း သက်သာ​စေပြီး အမဲစက်​တွေ​တွေ ​လျော့နည်း​စေတယ်။
➡️အဆီပိုထုတ်လွှတ်မှုကို ထိန်းချုပ်​ပေးတယ်။

💁‍♀️အဆီပြန်တတ်တဲ့သူ​တွေအတွက်​​တော့ ခရမ်းချဥ်သီးက ​ဆေးစွမ်း​ကောင်းတစ်လက်ပါပဲ။✔

🍅ဆို​​တော့ ခရမ်းချဥ်သီး​လေးနဲ့ ဘယ်လို အသားအ​ရေထိန်းသိမ်းကြမလဲ။ ❓🧖‍♀️
လွယ်ပါတယ်။
✔ခရမ်းချဥ်သီးကို ထက်ဝက်ခြမ်းပြီး သန့်စင်တဲ့ မျက်နှာ​လေးကို ပွတ်​ပေးရုံပါပဲ။ ခရမ်းချဥ်သီးအရည်​လေး​တွေ အသားထဲစိမ့်​အောင် ပွတ်​ပေးပါ။။
✔15မိနစ်​လောက်ထားပြီး ​ရေ​နွေး​နွေး​လေးနဲ့ ​ဆေးချလိုက်ရုံပါပဲ။

💁‍♀️ပြီးပြည့်စုံတဲ့အသားအ​ရေ​​လေးရဖို့ အရမ်း​​တွေလွယ်ကူ​နေပြီ​နော်။ အခုပဲ လုပ်ကြည့်လိုက်ပါ။ 🍅

🍅ခရမ်းချဥ်သီးအစွမ်း အံ့မခန်းပါပဲ။ 🍅

Credit to original writer

11/04/2023

💞Good Morning 💞

💞ကိုယ့်ဘဝထဲအကောင်းတွေဝင်လာဖို့ ကောင်းတာလေးတွေပဲတွေးပြီး ကောင်းကောင်းအလုပ်လုပ်ကြမယ်💪💪💪
💞အားလုံးပဲ ငွေဝင်ကြမ်းတဲ့နေ့လေးဖြစ်ကြပါစေ🙏🙏🙏

Ni Than

#ရခိုင်ပြည်နယ်စစ်တွေ leader

Photos from Ni Ni Than-Healthy & Beauty's post 31/03/2023

🍕🌭🍔🍟စားထားသမျှအစာတွေကအဆီပိုဖြစ်ပြီးကိုယ်အလေးချိန်တက်နေတာကစိတ်ညစ်စရာလား🥞🍗🍖🍣

😱ဒါပေါ့....ဒါဟာစိတ်ပျက်စရာကောင်းပါတယ်😱

အဆီပိုတွေဆိုတာခန္ဓာကိုယ်မှာမလိုအပ်ပဲအလှလည်းပျက်စေတယ်😔

ဒီလိုအရာတွေပျိုမဒီအဆီကျလိမ်းဆေးနဲ့တားဆီးကာကွယ်လိုက်ပါ🛡🛡📌📌

🌾🌿ကျန်းမာရေးနဲ့ကိုယ်ခံအားကောင်းဖို့သင့်တင့်မျှတတဲ့အစားအစာတွေကိုလည်းစားသုံးပေးဖို့လည်းလိုအပ်တယ်🍏🍉

ပြီးတော့အဆီပိုတွေအတွက်ဆိုရင်ပျိုမဒီအဆီကျလိမ်းဆေးကိုမမေ့နဲ့နော်😚😚

29/03/2023

ရေသောက်ခြင်း အကျိုးကျေးဇူးများ🥛🥛
မေး ~ အိပ်ယာနိုးနိုးချင်း ရေအရင်သောက်ရမလား ခြေထောက်အရင်ဆေးသင့်သလား သိပါရစေ။

အဖြေ ~
✅ရေသည် လူတို့၏ အသက်ရှင်
ရပ်တည်ရေးအတွက် မရှိမဖြစ် လိုအပ်လှပါသည်။ ထို့ကြောင့်လည်း ရေအသက်တစ်မနက်လို့ ပြောကြတယ်ထင်ပါတယ်။သို့ပေမယ့် ကျန်းမာရေးနဲ့ ညီညွတ်ဖို့ဆိုရင်တော့ ရေကို စနစ်တကျ သောက်တတ်ဖို့လိုပါတယ်
သောက်သင့်သည့် အချိန်တွင်သောက်သင့်သည့် ပမာဏကို သောက်သုံးပါက ခန္ဓာကိုယ်ကို အထိရောက်ဆုံးအကျိုးပြုနိုင်မှာ ဖြစ်ပါတယ်။

✅ရေသောက်သုံးသင့်သော အချိန်များ🔰

* ✅နံနက်အိပ်ယာထထချင်းတွင် ရေ ၂ ဖန်ခွက်သောက်ပါ။ ကိုယ်အတွင်းရှိ ကလီစာများအား နိုးရာတွင် အဆင်ပြေပါသည်။

* ✅အစာမစားမီ မိနစ် ၃၀ ခန့်အလိုတွင် ရေ တစ်ဖန်ခွက်သောက်ပါ။ အစာကြေလွယ်သည်။

* ✅ရေမချိုးမီ မိနစ် ၃၀ ခန့်အလိုတွင် ရေ တစ်ဖန်ခွက် သောက်ပါ။ သွေးပေါင်ချိန်ကျစေပါသည်။

* ✅မအိပ်မီ ရေ တစ်ဖန်ခွက်သောက်ပါ။ လေဖြတ်ခြင်းနှင့် နှလုံးရောဂါကြောင့် လေဖြတ်ခြင်းတို့ကို လျော့နည်းစေပါသည်။

ရေအကျိုး ဆယ်ပါး

*✅ ရေသည် ကျောက်ကပ်တွင် ကျောက်တည်ခြင်းအား တားဆီးနိုင်ပါသည်။ ကျောက်ကပ်တွင် ကျောက်တည်ရခြင်း၏ အဓိကအကြောင်းရင်းမှာ ခန္ဓာကိုယ်တွင်ရေဓာတ်နည်းပါးသောကြောင့် ဖြစ်ပါသည်။

ရေသောက်များပါက ဆီးတွင်အနယ်ထိုင်နှုန်း နည်းသွားသည်။ ထို့ကြောင့် ကျောက်ကပ်တွင်ကျောက်တည်ဝေဒနာသည်များပါမက ရောဂါ မဖြစ်ပွားလိုသူများပါ တစ်နေ့ကို ရေ ၁၂ဖန်ခွက်လောက် အနည်းဆုံးသောက်သင့်ပါသည်။

*✅ ရေသည် ဆီးလမ်းကြောင်း ပိုးဝင်ခြင်းကို ကုသပေးနိုင်ပါသည်။ ရေများများသောက်လေလေ ဆီးများများသွာလေလေဖြစ်ပါသည်။ ဆီးခဏခဏသွားနေပါက ဆီအိမ်အတွင်းရှိ bacteriaပိုးများ ဆီးနှင့်အတူပါသွားသောကြောင့် မြန်မြန်သက်သာနိုင်ပါသည်။

*✅ရေသည် ဝမ်းလျောသည့်အခါတွင် ဆုံးရှုံးသွားသော ရေဓာတ်ကို ပြန်လည်ဖြည့်တင်းရာတွင် အထောက်အကူပြုပါသည်။ သို့သော် ရိုးရိုးရေထက် ဓာတ်ဆားရည်ကပိုမိုထိရောက်ပါသည်။

* ✅ရေသည် အဖျားကို လျော့ချရာတွင် အထောက်အကူပြုပါသည်။ ကိုယ်အပူချိန်တက်လျင် ရေဓာတ်ဆုံးရှုံးမှု ပိုမိုများပြားပါသည်။ ရေများများသောက်ပါက ကိုယ်အပူချိန်ကျသည့်အပြင်ဆီးများများသွားသောကြောင့်လည်း ကိုယ်ပူကျ ပိုမြန်ပါသည်။

* ✅ရေများများသောက်ပါက တုတ်ကွေးမိသောအခါ သို့မဟုတ် နှာစေးချောင်းဆိုးဖြစ်သောအခါ အထောက်အကူပြုပါသည်။
ရေဓာတ်များပါက လည်ခေါင်းအတွင်းရှိ သလိပ်များပိုမိုကျဲသွားပြီး ဟတ်ထုတ်ရာတွင် လွယ်ကူစေပါသည်။ ထို့အတူနှာခေါင်းပိတ်ခြင်းကိုလည်း သက်သာစေပါသည်။

*✅ ရေသည် အစာစားနောက်ကျသောကြောင့် ဖြစ်ပေါ်လာသည့် ရင်ပူခြင်း (acid ကြောင့် ဗိုက်အောင့်ခြင်း) ကိုသက်သာစေပါသည်။ ရေ ၂ ခွက်နှင့် ငှက်ပျောသီး တစ်လုံးသည် Antacid တစ်လုံးကဲ့သို့ စွမ်းဆောင်နိုင်ပါသည်။

*✅ ရေများများသောက်ပါက ဝမ်းချုပ်ခြင်းကို ကာကွယ်ပေးနိုင်ပါသည်။ ရေသောက်နည်းပါက မစင်တုံးများသည် ပိုမိုမာကျောသွားပြီး ဝမ်းချုပ်စေပါသည်။ ထို့ကြောင့် ဝမ်းချုပ်၍ မရသည့်
လိပ်ခေါင်းနှင့် စအိုဝကွဲနာ ဝေဒနာသည်များအတွက် ရေသည် ဆေးတစ်ခွက်ပင်
ဖြစ်ပါသည်။

*✅ ရေသည် လူကို လန်းဆန်းတက်ကြွ စေပါသည်။ ရေဓာတ်နည်းပါးလာပါက သွေးသည် အလိုလို စေးပျစ်လာတတ်သည်။ ထိုအခါ ဦးနှောက်သို့ သွေးစီးနှုန်း နည်းသွားပြီး ခေါင်းနောက်ခြင်းနှင့်
ပင်ပန်းခြင်းတို့ကို ခံစားရနိုင်ပါသည်။

* ✅အစာမစားမီ ရေသောက်လေ့ရှိပါက ဗိုက်ပိုတင်းပြီး အစာသိပ်မစားဖြစ်တော့ချေ။ ထို့ကြောင့် ကိုယ်အလေးချိန်လျှော့ရာတွင် ရေသည် အရေးကြီးပါသည်။

* ✅ရေသည် အရေပြားနှင့် အသားအရေကို စိုစွတ်အေးမြစေပါသည်။ အသားအရေကိုလည်း လှပစေပါသည်။

✅ရေသောက်ရာတွင် လိုက်နာသင့်သည် အချက် ဆယ်ချက်🔰

* အိပ်ယာနိုးနိုးချင်း ရေသောက်ပါ။

* တစ်နေ့ကို အနည်းဆုံး ရေဖန်ခွက် ၈ ခွက်မှ ၁၂ ခွက် အထိသောက်ပါ။

* ရေကို နည်းနည်း ဖြင့် ခဏခဏ သောက်ခြင်းက တစ်ခါတည်း အများကြီးသောက်ခြင်းထက် ပိုမို အကျိုးရှိပါသည်။

* ရေငတ်မှ ရေသောက်ခြင်းကို ရှောင်ကြဉ်ပါ။ အထူးသဖြင့် အသက်ကြီးသူများတွင် ခန္ဓာကိုယ်အတွက် ရေဓာတ်နည်းပါးနေသည်ကို အာရုံခံစွမ်းအား နည်းသွားပါသည်။

* ရေသောက်ရာတွင် ရိုးရိုးရေကိုသာသောက်ပါ။ အအေး၊ ကော်ဖီ၊ ဘီယာ နှင့် အရက်သောက်ခြင်းများ ရှောင်ကြဉ်ပါ။

အဆိုပါ အရေများသောက်ပါက ရေဓာတ်ဆုံးရှုံးမှု ပိုမိုများပြားသွားပါလိမ့်မည်။

* ကလေးများကို ရေများများသောက်ရန် ကျင့်ပေးပါ။ မိမိကိုယ်တိုင် စံပြအဖြစ်လုပ်ပြပါ။

* ကစားပြီး လေ့ကျင့်ခန်းများလုပ်ပြီးပါက ရေပိုသောက်ပါ။

* ဖျားနာပြီး ကိုယ်ပူနေပါက ရေပိုသောက်ပါ။ ရေဓာတ်ဆုံးရှုံးမှု များသောကြောင့် ဖြစ်ပါသည်။

* ကိုယ်ဝန်ဆောင်သည်များအနေဖြင့် ရေပိုသောက်ပါ။ ပုံမှန်သောက်နေကျထက် ၃-၄ ခွက်ခန့် ပိုသောက်သင့်သည်။

14/03/2023

ကျန်းမာရေးနဲ့ပတ်သတ်တာတွေတင်ပေးတာမို့ page ကို Like လုပ်ထားလိုက်ပါ
ဝမ်းဟာ ပုံမှန်အတိုင်း အနည်းဆုံး တစ်ရက်တစ်ခါ
လောက်တော့သွားသင့်ပါတယ်။ ဝမ်းမသွားတာ ၇၂ နာရီ (၃) ရက်ထက်ကျော်ပြီ မကြာခဏလည်းဝမ်းအမြဲချုပ်နေတယ်ဆိုရင်တော့ သတိထားပါ...

ဝမ်းမသွားတာကြာရင် ဘာဖြစ်မလဲဆိုတော့..

ဝမ်းမသွားတာကြာတဲ့အခါ အူထဲမှာရှိနေတဲ့အစားဟောင်းတွေကို အူနံရံကစုပ်ယူပါတယ်။ အစာဟောင်းတွေထဲမှာ တာရှည်ခံတွေ ဥပမာ ခေါက်ဆွဲခြောက်၊ အားလူးကြော်၊ အခြားသော တာရှည်ခံ ဓာတုဆေးပါတဲ့မုန့်တွေ၊ ကော်ဖီ၊
အမြန်စားလို့ရတဲ့ ဝက်အူချောင်း ကြက်အူချောင်းလို့ ပြုပြင်ထားတဲ့အစားအစာတွေ၊ စမူဆာ အီကြာကွေး အစရှိတဲ့ဆီကြော်တွေ အကင်တွေ၊ အချိုရည်တွေ၊ မုန့်တွေ အစရှိတဲ့ သဘာဝအတိုင်းမဟုတ်ဘဲ ပြုပြင်ထားတဲ့အစား အသောက်တွေဟာ ရက်တွေကြာလာတဲ့အခါ အူနံရံထဲကိုစိမ့်ဝင်ပါတယ်။

အူနံရံမှာရှိတဲ့ ဆဲလ်တွေဟာ ပြုပြင်ထားတဲ့အစားအသောက်တွေ၊ ဓာတုဆေးဝါးတွေကြောင့် ဆဲလ်ဖွဲ့စည်းပုံ(Cellular Structure) တွေပျက်ပြီးတော့ ပုံမှန်မဟုတ်တော့ဘဲ ရှိသင့်တဲ့အရွယ်အစားထက်ပိုကြီးထွားလာပါတယ်။ အဲလိုကြီးထွားလာတာကို အကြိတ်အဖုတွေထွက်တယ်၊ အသားပိုဖြစ်တယ်၊ ကင်ဆာ ဖြစ်တယ်လို့ သတ်မှတ်ပါတယ်။

အသားငါးတွေကို ရေခဲသေတ္တာထဲမှာ ပလက်စတစ်နဲ့ ထုပ်ပိုးတာဟာ အရမ်းအန္တရာယ်များပါတယ်။
ရေခဲသေတ္တာထဲတွင် အစားအစာကို ပလပ်စတစ်နှင့်ထည့်ပြီး သိုလှောင်ထားတာဟာ အစားအသောက်ထဲကို ပလက်စတစ်ထဲက ကင်ဆာဖြစ်စေတဲ့ ဓာတုပစ္စည်းတွေ ပျော်ဝင်စေပါတယ်။ ပလပ်စတစ်တွင်ပါဝင်တဲ့ ကင်ဆာဖြစ်စေသည့် စတိုင်ရင်း(Styrene) ဓါတ်နဲ့ ဒိုင်အောက်ဇင်းဓါတ်တွေဟာ အသားငါးတွေ အစားအသောက်တွေထဲကို စိမ့်ဝင်ပါတယ်။ အဲဒါတွေကို အပူပေးချက်ပြုတ်တာ ဆီနဲ့ချက်ပြုတ်တာဟာ ရင်သားကင်ဆာနှင့် ကင်ဆာအမျိုးမျိုး ဟော်မုန်းအပြောင်းအလဲဖြစ်ခြင်း နှင့် မျိုးပွားမှုကိုလည်း ထိခိုက်စေပါတယ်။

ကင်ဆာအကြိတ်အဖုတွေက အူလမ်းကြောင်းရဲ့ ပုံမှန်းလုပ်ငန်းတွေကို မလုပ်နိုင်အောင်နှောင့်ယှက်ပါတယ်။ အူတွေလှုပ်တာတွေ၊ အကျိအချွဲထုတ်ပေးတာတွေ၊ အစာဟောင်းတွေကို တွန်းထုတ်တာတွေ အစားဟောင်းရဲ့အဟာရကို စုပ်ယူတာတွေ မလုပ်နိုင်တဲ့အခါ ဝမ်းပိုချုပ်တာတွေနဲ့ အခြားအူလမ်းကြောင်းကျန်းမာရေး မကောင်းတော့တာတွေ အာဟာရမပြည့်ဝတာတွေ ဖြစ်လာစေပါတယ်။

အလုံးအကြိတ်တွေပိုကြီးလာတော့ လူတစ်ယောက်ရဲ့ ကျန်းမာရေးကိုသာမကဘဲ အသက်ရှင်မှုအထိပါ အနှောင့်ယှက်ဖြစ်လာစေတော့တာပါပဲ။

အကြမ်းဖျဉ်းအားဖြင့် ကင်ဆာရောဂါလို့ ခေါ်ကြပါတယ်။

ကင်ဆာရောဂါဟာ အစားအသောက်အနေအထိုင်ကြောင့်ဖြစ်တာနဲ့ မျိုးရိုးဗီဇကြောင့်လည်း ဖြစ်တတ်ကြပါတယ်။

ဝမ်းမှန်ဖို့ ခါးအောက်ပိုင်းလေ့ကျင့်ခန်းများများလုပ်ပါ။ လမ်းလျှောက်ပါ၊ တတ်နိုင်ရင် GYM ကစားပါ၊ အားကစားလုပ်ပါ။ ရေကို တစ်နေ့ ၃ လီတာလောက် သတိထားပြီး ရအောင်သောက်ပါ။ အမျှင်ဓာတ်ပါတဲ့ အသီးအရွက်တွေ၊ အစိမ်းရောင် အရွက်တွေများများစားပါ။ အစိမ်းရောင်အရွက်တွေမှာ ကင်ဆာဖြစ်စေတဲ့၊ ဓာတ်တိုးစေတဲ့ Radical တွေကို တိုက်ဖျက်နိုင်တဲ့ ဓာတ်တိုးဆန့်ကျင် Antioxidant တွေ အများကြီးပါပါတယ်။ လေ့ကျင့်ခန်းလုပ်ရင်လည်း ခန္ဓာကိုယ်ရဲ့ Immuse System ကို မြှင့်တင်ပေးပါတယ်၊ ရောဂါကာကွယ်တဲ့စနစ်ကို မြင့်တက်စေပါတယ်။

ပြုပြင်ထားတဲ့ အသင့်စားလို့ရတဲ့ အစားအသောက်တွေရှောင်ပါ၊ ဆီကြော်တွေ၊ ကော်ဖီ၊ လက်ဖက်ရည်၊ အကင်တွေရှောင်ပါ၊ အသီးအရွက်များများစားပါ၊ ဒိန်ချဉ်သောက်ပါ။ အစားအသောက်တွေကို ဆီနဲ့ကြော်စားတာထက် ဆီးနည်းနည်းနဲ့ ရေနဲ့ချက်ပြုတ်စားပါ။

"ရသာရတနံ" လို့ခေါ်တဲ့ ပါးစပ်အလိုမလိုက်ပါနဲ့။

ကျန်းမာကြပါစေ။

#အူလမ်းကြောင်းမကောင်းလို့၈ကြိမ်ခွဲစိတ်ခန်းဝင်ဖူးသူ

Credit

27/02/2023

❣မဂ်လာ နံနက်ခင်းလေးပါ❣

❣ကျန်းမာစွာနိုးထလာတဲ့နေ့သစ်လေးမှာ.စိတ်၏ချမ်းသာခြင်း /ကိုယ်၏ကျန်းမာခြင်းနဲ့ပြည့်ကြပါစေ🙏🙏🙏

🙏အသက်ရှုတိုင်းငွေဝင်ကြပါစေ🙏

Ni Than

26/02/2023

#မျက်မှန်လွတ်နည်း

မနက် အိပ်ရာ ထ တာ နဲ့ရေ လုံးဝ မသောက်ရ ပါ
နိုးနိုးချင်း ရေသောက်တဲ့ အကျင့်ကို
👉 ဒီနေ့ က စ ပြီး မလုပ်ရ ပါ ။

အိပ်ရာ က နိုးတာ နဲ့ .........
🚩ပထမဦး ဆုံး
#ဒူးခေါင်းအထက်ခြေထောက် [၂ ] ဖက်စလုံး ကိုရေ ၅ ခွက် အနည်းဆုံးလောင်း ပေးပါ ၊

ခြေထောက် ရေဆေးပြီးတာ နဲ့
#လေ့ကျင့်ခန်း(၂ )မျိုးလုပ်ပေး ရပါ မယ်
လွယ်လွယ်လေး ပါ
(၁) ခေါင်း လေ့ကျင့်ခန်း နဲ့
(၂) လက် လေ့ကျင့်ခန်း ပါ

#ခေါင်းလေ့ကျင့်ခန်း ဆိုတာက ....
ခေါင်း ကို အရှေ့ ငိုက် နိုင် သမျှ
အနောက်ကို လှန်နိုင် သမျှ
ဘေး ညာဘက် ကို စောင်းနိုင် သမျှ
ဘေး ဘယ်ဘက် ကို စောင်းနိုင် သမျှ
မတ်တပ် အနေအထား ၁၀ ကြိမ် ခန့် လုပ်ပေး ပါ
(ခေါင်းထဲ က အပူတွေ ထွက်အောင်)

#လက်လေ့ကျင့်ခန်း ဆိုတာက .....
လက် ၂ ဖက်ကို အပေါ်ကို မြှောက်
အောက် ကို ချ
ဘေး ကို ကား
အောက်ကို ချ
မတ်တပ် အနေအထား၁၀ ကြိမ် ခန့် လုပ်ပေး ရုံပါ ပဲ
( #ချိုင်းအောက်ကအပူတွေထွက်အောင်)

#လေ့ကျင့်ခန်းလုပ်ပြီးတာ နဲ့
မျက်နှာ သစ် လို့ ရပါပြီ
ပါးစပ် လုံးဝ မဖွင့် ရပါ
ပါးစပ်ထဲ ရေ ဝင် လို့ မရလို့ ပါ
နှုတ်ခမ်းကို တင်းတင်း စေ့ထား ရပါမယ် ။
မျက်နှာ သစ်ပြီး တာ နဲ့
မျက်နှာ ကို ပြောင်အောင် သုတ်ပေးပါ ။

ကဲ
အခု ချိန်က စ ပြီး
ရေ သောက် လို့ ရပါပြီ
မျက်နှာ သစ်လို့ ရပါပြီ
သွား တိုက် လို့ ရပါပြီ
အစာ စားလို့ ရပါပြီ ဗျာ

#အိပ်ရာနိုးနိုးခြင်းရေသောက်မိခြင်း က
ခံတွင်း နဲ့ မျက်စိ ကို အပူ ကန် စေ ပါတယ် ၊

#ရေအရင်မသောက်ဘဲ
👉ခြေထောက်ကို ရေ ဆေး ပေး ခြင်း
👉လေ့ကျင့်ခန်း လုပ် ပေး ခြင်း
ပါးစပ် ထဲ ရေ မဝင် စေ ဘဲ
မျက်နှာ သစ် မျက်နှာ သုတ် ပေးခြင်းကြောင့်
ခန္ဓာကိုယ် မှ အပူများ ကင်းစင် ပြီး
ခံတွင်း ကို ကျန်းမာ လာစေတာ ပါ
#မျက်စိကိုအားကောင်းလာစေတာပါ

အခု လို
နေ့စဉ် လုပ်ပေးခြင်းဖြင့်ခံတွင်း နဲ့ ပတ်သတ် တဲ့
ရောဂါ တွေ လည်း ဖြစ် မလာ တော့ပါဘူး ၊
(သွားကိုက် ၊သွားနာ ၊သွားဖုံးနာ)
မျက်လုံး ရောဂါ တွေ လည်းမဖြစ် လာတော့တဲ့ အပြင်ပါဝါ ဒီဂရီ တွေ လည်း
တဖြည်းဖြည်း လျော့နည်း လာမှာ ဖြစ်ပြီး
#နောက်ဆုံးမျက်မှန်ပါကျွတ်မှာ
ဧကန် ဖြစ် ကြောင်း စေတနာ ထား
ပြောပြ လိုက်ပါတယ် ဗျာ ။

မှတ်ချက်
~~~~~~
အိပ်ရာ နိုးနိုးချင်း
အိမ်သာ တက်လို့ ရပါတယ် ၊
ညဘက် တစ်ရေးနိုး
ရေ ထ သောက် မိလည်း ကိစ္စ မရှိပါ ။
မေတ္တာဖြင့်မျှဝေပါသည် ။

26/02/2023

မင်္ဂလာနံနက်ခင်လေးပါ
ကောင်းကျိုးလိုရာဆန္ဒထာဝရပြည့်စုံကြပါစေ🙏🙏🙏

25/02/2023

#ဝိတ်ကျချင်သူလေးတွေ လိုက်နာရမယ့် အချက် (၁၁)ချက် 👇👇👇

#ဝိတ်ချ မယ်ဆို ပြီး ဝိတ်ချနည်းအမှားတွေ
ကိုယ်ကို တိုင်တောင် မသိဘဲ လုပ်မိနေတဲ့
သူတွေ ရှိတတ်ပါတယ်...
အဲတော့ ဝိတ်က ကျသင့်သလောက်မကျပဲ
ဝိတ်ချတဲ့ အချိန်က ကြာလာရင် စိတ်မှာ
Preesure တွေ ရလာတတ်ပါတယ်..
မင်မင် လည်းဖြစ်ဖူးပါတယ်..
ဒါကြောင့် ....
ချစ်လေးတို့သတိထားရအောင် ဝိတ်ချတဲ့အခါ ဆာင်ရန်/ရှောင်ရန် လေးတွေ ရေးပေးလိုက်ပါတယ်နော်....

1•☑️ Don't skip your breakfast
မနက်စာ ကို မစားပဲ မနေပါနဲ့ .မနက်စာမစားပဲ နေတာက ဝိတ်ချတဲ့အချိန်မှာ အထောက်အကူမပြု ပါဘူး. မနက်စာကို
မစားပဲ နေလိုက်တဲ့အတွက် ကျန်တဲ့အချိန်တွေမှာ ဗိုက်ပိုဆာပြီး အလွယ်တစ်ကူ
ဝစေတဲ့ Snack တွေ cookies တွေ ပိုပြီးစားမိနိုင်ပါတယ်..

2•☑️ Eat Regular Meals
အစားအသောက်ကို အမြဲပုံမှန် စားသောက်ပေးပါ.. အစားအသောက်ကို အချိန်မှန်စားသောက်ပေးခြင်းက ခန္ဓာကိုယ်ရဲ့ထဲမှာရှိတဲ့ သကြားနဲ့ ကာဗွန်ဟိုက်ဒရိတ် တွေ လျော့ချပေးပြီး ကယ်လိုရီ လောင်ကျွမ်းဖို့ ပိုပြီးအားပေးပါတယ်.

3•☑️ Eat Plenty of Fruit and Veg
အသီးအနှံတွေ နဲ့အသီးအရွက်ကိုများများစားပေးပါ. အသီးအရွက်တွေမှာ Vitamin & Minerals ဓာတ်တွေ အများကြီးပါဝင်ပါတယ်..ပြီးတော့ ကယ်လိုရီ ပါဝင်မှု နည်းတယ်/အဆီပါဝင်မှု နည်းတယ်/Fibre အမျှင်ဓာတ် တွေ အများကြီးပါပါတယ်.. ဒီ ဓာတ်သုံးခုကြောင့် weight loss Goal နိုင်ပါတယ်နော်...

4•☑️ Get More Active
လှုပ်လှုပ်ရှားရှား သွက်သွက်လက်လက် နေထိုင်ပါ. Active ဖြစ်တာက ဝိတ်ကိုကျစေနိုင်ပြီး ကျန်းမာရေးအတွက် လည်းသင့်တော်ပါတယ်..ကယ်လိုရီတွေ လည်းပုံမှန်ထက်လောင်ကျွမ်းစေနိုင်ပါတယ်..ဝိတ်ချတယ်ဆို ပြီး Diet ပဲ လုပ်နေတာက ဝိတ်ကျဖို့ခက်ပါတယ်...

5•☑️ Drink Plenty of water
ရေများများသောက်ပါ.တစ်ခါတစ်လေ မှာ လူတွေကမခွဲ ခြားနိုင်ပါဘူး ကိုယ့်ကိုကိုယ်
ရေဆာနေတာလား?ရေငတ်နေတာလား
ဆိုတာကိုပါ..ခန္ဓာကိုယ်မှာ တစ်ကယ်လိုအပ်တဲ့ရေပမာဏ ကို သောက်သုံးပေးခြင်းဖြင့် မလိုအပ် တဲ့ကယ်လိုရီအပိုတွေ ကို
လျော့ချ စေနိုင်ပါတယ်..

6•☑️ Eat High-fibre Foods
အမျှင် ဓာတ်များတဲ့ အစားအသောက်တွေ
စားပေးပါ။ အမျှင်ဓာတ်များတဲ့အစားအသောက်တွေက အဆာခံတာကြောင့် ဝိတ်ချတဲ့နေရာ မှာ အထောက်အကူပြု ပါတယ်..
ဥပမာ - နာနတ်သီး,ကီဝီသီး ,ကညွတ် ,
Oats /whole grain bread,brown rice and pasta, beans and Peas တို့ဖြစ်ပါတယ်..

7•☑️ Read Food Labels
ကိုယ်စားမဲ့အစားအသောက်ရဲ့ အကျိူ း
အာနိသင် တွေ အရင်လေ့လာပြီးမှစားပါ။
ကိုယ်စားမဲ့ အစားအစာ က ကျန်းမာရေးနဲ့
ညီညွှတ်ရဲ့လား /ကယ်လိုရီ ဘယ်လောက်ပါလဲ ဆိုတာမျိူ းသိရအောင် စာအညွှန်း
ကို ဖတ်ပြီးမှစားပါ ။နေ့စဉ် ကယ်လိုရီဘယ်လောက်စားပြီပြီလဲ ဆို တာ တွက်ချက်စားတာက ဝိတ်ချတဲ့နေရာမှာ အထောက်အကူ ဖြစ်ပါတယ်။

8.☑️ Use A Small Plate
ပန်းကန် အသေးနဲ့စားပါ။
ပန်းကန်အသေးနဲ့စားတာက နည်းနည်းပဲ ထည့် လို့ရတော့ နည်းနည်းပဲစားဖြစ်တယ်
စားတဲ့အခါမှာဖြည်းဖြည်းစားပါ. အစာအိမ်က တဖြည်းဖြည်းပြည့်လာတဲ့ ခံစားမှု မျိူ းရရင် စားတာရပ်လိုက်ပါ..
ဒီနည်းလမ်းက မဆာပဲနဲ့စားတာမျိူ းမဖြစ်တော့ပါဘူး..

9.☑️ Don't Stock Junk Food
သရေစာတွေ ကို အိမ်မှာ ဝယ်မထားပါနဲ့။
Junk Food တွေဖြစ်တဲ့ chocolate,biscuits,chips တွေနဲ့ sweet drink တွေ အိမ်မှာဝယ်ထားရင် အလွယ်တကူစားမိနေပါလိမ့်မယ်။အိမ်မှာ ဝယ်ထားသင့်တာက healthy ဖြစ်တဲ့အသီးအနှံတွေ /Oat bar/Cracker တွေကိုပဲ
ဝယ်ထားပါ။

10.☑️ Cut Down on Alcohol
အရက်ဖြတ်ပါ ။
အရက်တို့ ဘီယာတို့က သောက်တာများရင် လွယ်လွယ်ကူကူ ဝိတ်တက်နိုင်လို့ပါ..

11.☑️ Plan Your Meals
ကိုယ့်စားမဲ့အစားအသောက်ကို ကိုယ်ကိုယ်တိုင် စီစဉ်ပါ
Breakfast,lunch,Dinner တွေကို ဘယ်နေ့မှာ ဘာစားမယ်ဆိုတာ ကြိုတင်ပြီး ကိုယ်တိုင်ကိုယ်ကျ စီစဉ်ပါ..
ကယ်လိုရီနည်း တဲ့အစားအသောက်နဲ့
Fibre ဓာတ်များတဲ့ အစားအသောက်ကို သင့်တင်မျှတအောင်စားဖို့ စာရင်းကြို ရေးထားပါ။ အဲစာရင်းက တစ်ပတ်စာ အတွက်စျေးဝယ်ထွက်ရင် အထောက်အကူ ပြုပါလိမ့်မယ်။

👆👆အပေါ်က အချက်တွေကတော့
ဝိတ်ချနေတဲ့သူတွေ အတွက်
ဆောင်ရန်/ရှောင်ရန် လေးတွေ ရေးထားပေးတာပါ..
သိပြီးသားသူတွေ လည်း လိုက်နာအောင် ကြိုးစားပေးပါ။
မသိသေးတဲ့သူတွေ သိရအောင်
အချင်းချင်း Mention ခေါ်ပြီး သတိပေးလိုက်
ပါဦးနော်...😄👋
Credit-

Want your business to be the top-listed Beauty Salon in Sittwe?
Click here to claim your Sponsored Listing.

Category

Website

Address


Sittwe Rakhine State
Sittwe