Heffey Korea Skincare Rakhine

Heffey Korea Skincare Rakhine

Share

Heffey Skin Care for Men and Women

10/06/2026

#ဖောက်ပြန်တာ_ပိုင်ရှင်ရှိနေတဲ့သူကိုစနှိုက်ကျော်တာ
တို့ကလေရာသီခွင်တွေ ၊ နေ့နာမ်တွေနဲ့မဆိုင်ဘူး

#မိဘသွင်သင်ဆုံးမမှုမရှိခဲ့လို့ဆိုတာမျိုးနဲ့လည်း ရာနှုန်းပြည့်မဆိုင်နေဘူး

#အဓိကကသူ့ရဲ့ဗီဇနဲ့ပဲဆိုင်တာ
သူ့ရဲ့အတွင်းစိတ်နဲ့ပဲ ဆိုင်တာ အောက်တန်းကျတဲ့သူက အောက်တန်းကျတဲ့အလုပ် ကိုလုပ်ဖို့အတွက်

#ဘာသာရေးအဆုံးအမတွေ၊
#မိဘသွင်သင်ဆုံးမမှုတွေ_ဂုဏ်သိက္ခာတွေ
ပတ်ဝန်းကျင်ရဲ့ ကဲ့ရဲ့မှုကို ခံရမှာတွေ၊ သံယောဇဉ် နဲ့ ချစ်ခြင်းမေတ္တာ စတာတွေကိုလည်း သူတို့ ဂရုမစိုက်နေမှာမဟုတ်ဘူး

#သူတို့မှာအရှက်တရားမရှိကြတော့ဘူး
သူတို့ရဲ့တဏှာရာဂတွေ ရမက်တွေ အတ္တတွေက ဦးနှောက်နေရာမှအစားထိုးသွားတာ သိလား

#မယားငယ်မတွေထောင်ထောင်ထောင်ထောင်နဲ့့စောင်းထနေတာ
#မယားကြီးတွေညံ့နေလို့မဟုတ်ဘူးနော်
ကိုယ်အိမ်က အကောင်က အသုံးမကျလို့ ဘေးကနေကာစီး ကာစီးလုပ်နေလို့ တဏှာငယ်ထိပ်ရောက်ပြီး သုတ်ပိုးခေါင်းထဲဝ်နေလို့ သိလား.....

" #ဖောက်ပြန်တယ်ဆိုတာခန္ဓာကိုယ်ထိတွေ့မှမဟုတ်ပါဘူး ခိုးကြောင်ခိုးဝှက် အပြန်အလှန် စာပို့ကြတာကလည်း ဖောက်ပြန်ရာကျပါတယ် သူတို့ရဲ့ စိတ်က မရိုးသားဘဲ ရိုးသားပါတယ်လို့ လိမ်ညာပြောတတ်ကြတယ်

#အပြစ်ရှိတဲ့သူတွေကအေးချမ်းပြီး
#အပြစ်မရှိတဲ့သူတွေကပူလောင်ခြင်းကိုခံစားရတယ် ကျူးလွန်သူတွေက သူတို့ကိုယ်သူတို့ နစ်နာသူအဖြစ် ဟန်ဆောင်ကြတဲ့အခါ အရမ်းတော်တယ်နော်"

#ဖောက်ပြန်တဲ့သူကမရှက်ဘူး
#ဖောက်ပြန်ခံရတဲ့သူကရှက်နေရတဲ့ခေတ်မျိုးကို
ကိုယ် ရောက်နေတဲ့အတွက်ကြောင့် လူရွေးမမှားဖို့အတွက်ကို အကြံပေးချင်တယ်

#ဖောက်ပြန်တယ်ဆိုတဲ့အရာကအရမ်းကိုပြင်းထန်တယ်၊ ပြင်းထန်တဲ့ ပြစ်မှု မြောက်တယ်ဆိုတာ
သဘောပေါက်ပါ
#အခုခေတ်က_Social_Media မှာ
ဖြစ်ဖြစ်နေတဲ့အတွက်ကြောင့်

#ယိုသူမရှက်_မြင်သူရှက်ဆိုတဲ့ စကားပုံအတိုင်းပဲ
ကိုယ့်ဘဝမှာ ဖောက်ပြန်လာတဲ့ Relationship မျိုးကို ပိုင်ဆိုင်ထားခံရပြီးဆိုရင်

#ဘယ်တော့မှအဆင်ပြေပြေအေးအေးချမ်းချမ်းနဲ့ သာယာနေတဲ့ မိသားစု ကိုရနိုင်ဖို့ဆိုတာအရမ်းခက်ခဲ့သွားပြီး ဘာကြောင့်လည်ဆိုတော့ ယုံကြည်မှု‌တွေ ပျက်စီးပျောက်ဆုံးသွားတယ်

#လိမ်တဲ့သူကလည်အမြဲတမ်းလိမ်ညာပြီးပြောနေမှာပဲ အလိမ်ခံနေရတဲ့သူကလည် အလိမ်အညာတွေပဲပြောနေတာလားဆိုတဲ့ သံသယတွေကြီးထွားလားတယ်

#စိုးရိမ်စိတ်ပူပန်စိတ်တွေနဲ့နေနေရမယ်
ဒါကြောင့် ကိုယ်ရဲ့ ချစ်သူ အမျိုးသားက ဖေါက်ပြန်နေပြီးဆိုရင်တော့ စဉ်စားဖို့လိုပြီး

#လူ့ဘောင်လောကကြီးမှာ
လူအပါအဝင် သက်ရှိအရာမှန်သမျှ အကုန်လုံးကို သတ္တဝါလို့ ခေါ်တယ်

#တိရစ္ဆာန်ဆိုတဲ့အရာက_အသိဉာဏ်မရှိဘူး
ရှက်ရကောင်းမှန်းမသိဘူး သူလင် ကိုယ်လင် သူမယားကိုယ်မယားဆိုတာမရှိဘူး အသိတရား မရှိတဲ့လူကသာ ဖောက်ပြန်တာ

#ဖောက်ပြန်တာကိုဖြစ်သလိုသဘောလည်းမထားပါနဲ့ တစ်ခါတည်းနဲ့ ရောက်သွားပြီးတဲ့ဟာက ကိုယ့်ကို တစ်သက်လုံး ကိုယ့်မှာ ဖောက်ပြန်ခံရတဲ့ ကိုယ်က လောကကြီးထဲမှာ Staring လုပ်လို့ မရတော့ဘူး ..

#ကိုယ့်ရဲ့ဂုဏ်သိက္ခာ.
#ကိုယ့်ရဲ့ကိုယ်ကျင့်တရား_အရှက်ကိုယ်လိုချင်တဲ့ အရာရှိတယ် ဒါတွေကိုအထိခိုက်ခံပြီး ဆွဲမထားပါနဲ့တော့ ဒါကြောင့် အဲ့ဒီမ‌ကောင်းတဲ့ အရာကို ထားခဲ့လိုက်ပါ

#ပြီးတော့နောက်ပြန်မလှည့်ပါနဲ့တော့ပိုအရေးကြီးတယ် ...
#မင်းကိုကောင်းတာမပေးနိုင်မှတော့
မကောင်းတဲ့ အရာတွေနဲ့ အရှက်တွေကွဲတဲ့
ဇာတ်လမ်းတွေ ရိုက်ချင်နေတဲ့ Relationship မျိုး ဖြစ်တဲ့အတွက်ကြောင့်

#မင်းလုံးဝမရွေးချယ်သင့်ဘူးအဲ့လိုလူကို
မင်း အဝေးမှာပဲ ထား ခြေတစ်လှမ်းတည်းကနေ စပြီးတော့ လူမျိုးဖြုတ်သွားမှာပါ

#ရုန်းထွက်ပါ_ရုန်းထွက်လာမှ_လူ့ဘဝမှာစိတ်ချမ်းသာနိုင်မယ်
#အေးချမ်းနိုင်မယ်_တောက်ပနိုင်မယ်_လှလှပပနေနိုင်မယ်..
#ကိုယ့်ပတ်ဝန်းကျင်မှာ_ကျန်းမာသော
ပေါင်းသင်းဆက်ဆံရေး တစ်ခုကိုရမှာပါ။

08/06/2026

ဆရာဝန်မ (NSZW )သိဖို့ စစ်တွေ 🤔🤔🤔

"ပညာတတ် မယားငယ်"

အချို့ မိန်းကလေးတွေ...
သူတို့ ရုပ်ရည်-သူတို့ ပညာအရည်အချင်း တွေနဲ့...

ဘာလို့များ...
အိမ်ထောင်ရှိ ယောကျာ်းတွေနဲ့..
ဖောက်ပြန်ချင်ရတာတုန်း...။

လူပျို-လူလွတ် ကြိုက်တဲ့ကောင်
‌တွဲလို့ ရတယ်လေ...။

ဦးနှောဏ်အရည်အသွေး နိမ့်ပါးလိုက်ပုံများ...။

08/06/2026

ယနေ့ခေတ် ဖောက်ပြန်ခြင်းနဲ့နေသားကျနေသူများသို့ 👩👩👩

ဇနီးး/ခင်ပွန်းအပေါ် ဖောက်ပြန်ခြင်းကင်းတဲ့ အမျိုးသား/အမျိုးသမီးတိုင်းဟာ ဘုန်းကံမြင့်ပြီးသားပါ
​လောကမှာ ရုပ်ရည်ရူပကာဆိုတာ အချိန်တန်ရင် အိုမင်းရင့်ရော်သွားတတ်သလို၊ ငွေကြေးဓနဆိုတာလည်း အတက်အကျ ရှိတတ်တာ သဘာဝပါ😍
ဒါပေမဲ့ လူတစ်ယောက်အတွက် ဘယ်တော့မှ တန်ဖိုးမဖြတ်နိုင်ဘဲ သေသည်အထိ အရောင်တောက်နေမယ့် အရာကတော့ "စာရိတ္တနဲ့ သစ္စာတရား" 👌

​"ဖောက်ပြန်ခြင်းကင်းတယ်" ဆိုတာ စကားလုံးလေးတစ်လုံးတည်းပေမယ့် ဒါကို အသက်ရှင်သန်နေထိုင်မှုထဲမှာ လက်တွေ့စောင့်ထိန်းနိုင်ဖို့ဆိုတာ တကယ့်ကို စိတ်ဓာတ်ခွန်အားကြီးမားမှ ရတာပါ

ဘာဖြစ်လို့ ဖောက်ပြန်ခြင်းကင်းတဲ့ အမျိုးသား/အမျိုးသမီးတွေကို "ဘုန်းကံမြင့်မားသူတွေ" လို့ ပြောရတာလဲဆိုရင်...

​၁။ စိတ်ဓာတ်ခွန်အားနဲ့ သိက္ခာရတနာရှိလို့ပါ
​ပတ်ဝန်းကျင်မှာ ဘယ်လိုသွေးဆောင်မှုတွေပဲရှိရှိ၊ မိမိအိမ်ထောင်ဖက်အပေါ်မှာ မဖောက်ပြန်ဘဲ စိတ်ကိုထိန်းချုပ်နိုင်တာဟာ အဆင့်အတန်းရှိတဲ့ စိတ်ဓာတ်ကို ပြသတာပါ။ ဒီလို ကိုယ်ကျင့်သီလဖြူစင်တဲ့သူတွေဟာ ဘယ်နေရာရောက်ရောက် လူချစ်လူခင်ပေါပြီး အများတကာရဲ့ ရိုသေလေးစားမှုကို အလိုလို ခံရတတ်ပါတယ်။ ဒါဟာ အရှိန်အဝါနဲ့ ဘုန်းကံရှိလို့ပါပဲ

​၂။ လိပ်ပြာသန့်ပြီး ရင်ထဲမှာ အမြဲအေးချမ်းနေလို့ပါ
​"ငါ ဘယ်သူ့အပေါ်မှ မမှားခဲ့ဘူး၊ ငါ့သစ္စာတရားဟာ ဖြူစင်တယ်" ဆိုတဲ့ လိပ်ပြာသန့်မှုဟာ ငွေနဲ့ဝယ်လို့မရတဲ့ စိတ်အေးချမ်းခြင်းကို ပေးပါတယ်။ စိတ်အေးချမ်းတဲ့သူရဲ့မျက်နှာဟာ အမြဲတမ်း မျက်နှာပွင့်ပြီး ကြည်လင်နေတတ်သလို၊ ဒီစိတ်အေးချမ်းမှုကပဲ စည်းစိမ်ဥစ္စာနဲ့ ကျန်းမာရေးကို တိုးပွားစေတဲ့ အဓိကသော့ချက် ဖြစ်လာပါတယ်

​၃။ မိသားစုနဲ့ မျိုးဆက်သစ်ကို ကံဇာတာမြှင့်တင်ပေးနိုင်လို့ပါ
​အိမ်တစ်အိမ်မှာ အိမ်ထောင်ဦးစီး ခင်ပွန်းဖြစ်သူ (သို့မဟုတ်) မိခင်ဖြစ်သူ ဇနီးက သစ္စာရှိပြီး အကျင့်စာရိတ္တကောင်းတဲ့အခါ အဲဒီအိမ်ထောင်စုဟာ ဆင်းရဲရင်တောင် အများတကာရဲ့ အထင်သေးမှုကို မခံရပါဘူး။ မိဘတွေရဲ့ ဘုန်းရိပ် ကံရိပ်ကြောင့် သားသမီးတွေဟာလည်း လောကအလယ်မှာ မျက်နှာပွင့်လန်းပြီး တင့်တယ်တဲ့သူတွေ ဖြစ်လာတတ်ကြပါတယ်

​ဒါကြောင့်... လောကီ၊ လောကုတ္တရာ နှစ်ဖက်လုံးက ကြည့်ရင် သစ္စာတရားကို တန်ဖိုးထားပြီး ဖောက်ပြန်ခြင်းကင်းတဲ့ အမျိုးသား/အမျိုးသမီးတိုင်းဟာ မိမိကိုယ်ကို ယုံကြည်မှုအပြည့်နဲ့ ဂုဏ်ယူနိုင်ပါတယ်😍

​သင်ဟာ သစ္စာရှိတဲ့ အိမ်ထောင်ဖက်တစ်ယောက် ဖြစ်နေပြီဆိုရင်တော့... သင်ဟာ တခြားအရာတွေ မပြည့်စုံသေးရင်တောင် အမြင့်မြတ်ဆုံးသော "စာရိတ္တဘုန်းကံ" ကို ပိုင်ဆိုင်ထားပြီးသားမို့ လောကအလယ်မှာ ခေါင်းမော့ ရင်ကော့ပြီး ဂုဏ်သိက္ခာရှိရှိ နေထိုင်သွားပါလို့ တိုက်တွန်းပါရစေ😍

@

07/06/2026

အဲဒီရပ်ဝန်းကို ဘယ်တော့မှလှည့်မကြည့်ဘူး (ငကြောင်ကောင်သို့)

ဆက်သွားလို့မရတော့တဲ့အခါ
ကျွန်တော်တို့ပြတ်သားကြရပါတယ်
မာနကိုရှေ့ထားပြီးဆုံးဖြတ်ရသူမို့
လွမ်းစရာကို နာစရာနဲ့ဖြေပါမယ်
ဒီရပ်ဝန်းကိုတော့ နောက်တစ်ခါပြန်မလာတော့ပါဘူး🥺
#ရေစက် #ပြတ်သားစွာနဲ့ @

06/06/2026

ဖောက်ပြန်ခြင်းမှသည် ---------🐈🐈🐈ဖြစ်သည်ထိ NSZW သိဖို့ (စစ်တွေ)

အိမ်ထောင်သည်အမျိုးသမီး အမျိုးသားကို
ချစ်မိပတ်သတ်မိတာဟာအဲ့ဒီယောက်ကျား အမျိုးသမီးအတွက် အစွန်းရောက်ပျက်စီးမှု့ပါပဲ။ ဝဋ်ကြွေးတစ်ခုကို ဖန်တီးလိုက်တာပါပဲ။

ကိုယ့်ကြောင့်သူတစ်ပါးအိမ်ထောင်ရေး ပျက်စီးသွားပြီဆိုရင် ဒါဟာကိုယ့်ရဲ့သံသရာ ဘဝတစ်ခုလုံးသွားပီပဲ ။
ဒီဘဝမှာလည်းအပြစ်တင်ခံရမယ် နောင်ဘဝမှာလည်း သူများအသိုက်အမြုံကိုဖျတ်စီးခဲ့တဲ့အတွက် အသိုက်မြုံကောင်းတစ်ခု ဘယ်တော့မှ ရမှာမဟုတ်ပဲ နဲ့ ဘဝပေါင်းများစွာ ဝဋ်ကြွေးတွေ အပြစ်ကြွေးတွေခံစားရလိမ့်မယ်။

ဘုရားဟောထဲမှာပါတယ် အသိုက်အမြုံဖျက်စီးရေးသမား
ငရဲလားတဲ့။ တူသောဝဋ်ကြွေးတွေ သံသရာအဆက်ဆက် ဘဝအဆက်ဆက် ပျော်ရွှင်တဲ့အိမ်ထောင်ရေးမျိုးမရနိုင်ဘူး

အိမ်ထောင်သည်ကို ချစ်တဲ့သူဟာ အောက်တန်းကျတဲ့ စိတ်ဓာတ်ရှိသူမို့ အောက်တန်းစားပါပဲ။ဘယ်လိုမှ လူကောင်းတစ်ယောက်ဖြစ်မလာနိုင်ပါဘူး။
အဆင့်တန်းရှိတဲ့သူ လူကောင်းတစ်ယောက်အဖြစ်ရပ်တည်မလား လူတွေဖယ်ကျဉ်ခံရတဲ့ အိမ်ထောင်ရေးဖောက်ပြန်သူ အောက်တန်းစားအဖြစ်ရပ်တည်မလား။ စဉ်းစားဆင်ခြင်နိုင်ပြီး အိမ်ထောင်တစ်ခုကို တန်ဖိုးထားတတ်ကြပါစေ။

သူတစ်ပါးအသိုက်မြုံ ဖျတ်ဆီးချင်တဲ့သူတွေ သိဖို့
# crd ပေးပါတယ် 🙏 @

05/06/2026

မသေခင် အတူနေကြစဉ် တန်ဘိုးထားကြပါ သေမှငိုမနေပါနှင့် ခွဲခွာခြင်းတွေကလက်တစ်ကမ်းအလိုမှာပါ😪😪😪မိစုံဖစုံမရှိတော့ပါဘူး

လူတွေက သေဆုံးသွားတဲ့အခါ
အကူငွေတွေ
နှစ်နေအောင် ထည့်ကြပါတယ်….

ငါ့အဖေရဲ့ နောက်ဆုံးခရီး
ငါ့အမေရဲ့ နောက်ဆုံးခရီး
ငါ့သွေးချင်း မောင်နှမရဲ့ နောက်ဆုံးခရီး
ငါ့သူငယ်ချင်းရဲ့ နောက်ဆုံးခရီး
ငါ့မိတ်ဆွေရဲ့ နောက်ဆုံးခရိး
ငါ့အဖွား/ငါ့အဖိုးရဲ့ နောက်ဆုံးခရီး
စသည်ဖြင့်

ပြောကြပြီး သူတို့ရဲ့ နောက်ဆုံးခရီးမှာ
လွမ်းပြ ၊ငိုပြ၊ ဆွေးပြနဲ့
ပြောမဆုံး စားမြုံပြန်ကြပါတယ်

တကယ်တော့
ကျွန်တော်တို့ဟာ မျက်လုံးနှစ်လုံး
မှိတ်ပြီး အသက်မရှိတော့ဘူးဆိုရင်

ကျွန်တော်တို့ နောက်ဆုံးခရီးမှာ
ဘယ်သူ ဘယ်ဝါက ခံစားရပါတယ်
ဘယ်သူ ဘယ်ဝါက ကူညီပေးပါတယ်
ဆိုတာ မသိရှိနိုင်တော့ပါဘူး

အသက်ရှင်နေတဲ့အခါ
ကိုယ်ချစ်ခင်တန်ဖိုးထားသူတွေကို
စာနာနားလည်တဲ့ နှလုံးသားနဲ့
သူတို့ခက်ခဲနေချိန်၊ သူတို့ဆာလောင်နေချိန်
သူတို့ငိုကြွေးနေချိန်

ငါနင့်အနားမှာရှိတယ်နော် အားမငယ်နဲ့
ငါ့မှာ ဒါလေးတော့ရှိတယ် နင်လိုရင်ယူ

ဒါလေးတော့
အတူတူစားရအောင်နော် ဆိုတဲ့
ကူညီဖေးမမူလေးလောက်တောင်

ကျွန်တော်တို့
ချစ်ခင်သူတွေ ရှင်သန်နေတုန်းမှာ
မမေ့မလျော လုပ်မယ်ဆိုရင်

သူတို့သေဆုံးတဲ့အခါ
ကျွန်တော်တို့ မရောက်လာနိုင်ရင်လည်း
စောင့်မျှော်နေမှာ မဟုတ်တော့ပါဘူး

အရေးကြီးတာက ရှင်သန်နေတဲ့အခါမှာ
ချစ်ခြင်းမေတ္တာနဲ့ စာနာနာလည်ပေးနိုင်တဲ့
နှလုံးသားနဲ့

အချင်းချင်းဖေးမ နေထိုင်သွားနိုင်ဖို့သာ
အရေးကြီးဆုံးပါ


#ပြန်လည်မျှ​ဝေပါသည်

@

05/06/2026

အိမ်ထောင်ရှင်များသို့ 👸👸👸

ပျောက်ဆုံးသွားတဲ့ ကျွန်မကို ပြန်ရှာတွေ့ခြင်း…

ကျွန်မရဲ့ ခင်ပွန်းဟာ ကျွန်မကို

ပစ်ထားခဲ့ပြီး တခြားမိန်းမတစ်

ယောက်နောက်ကို လိုက်သွားခဲ့တယ်။

ဒါကို ကြားရင် ရှင်တို့အားလုံး

ကျွန်မ ငိုကြွေးနေလိမ့်မယ်လို့ ထင်ကြမှာပဲ။

ဒါပေမဲ့ ကျွန်မ မငိုခဲ့ပါဘူး။

သူ တံခါးအပြင်ကို လျှောက်လှမ်း

ထွက်သွားတဲ့အချိန်မှာ ကျွန်မ

အော်ဟစ်မနေခဲ့ဘူး။

ကျွန်မဘေးမှာ ရှိနေပေးဖို့လည်း အ

သန်အသန် မတောင်းပန်ခဲ့ဘူး။

ကျွန်မ လုပ်ခဲ့တာကတော့... အေး

စက်တောင့်တင်းနေတာ ကြာပြီဖြစ်

တဲ့ လက်ဖက်ရည်ခွက်ကလေးကို

ကိုင်ပြီး မီးဖိုချောင် စားပွဲခုံမှာ ငြိမ်

ငြိမ်လေးထိုင်ရင်း ပြတင်းပေါက်

အပြင်ဘက်ကိုပဲ ငေးကြည့်နေခဲ့

တာပါ။

အိမ်နောက်ဖေးက မြင်ကွင်း

ကတော့ အရင်အတိုင်းပါပဲ။

ပြတင်းပေါက်အပြင်က လက်ပံပင်

ကြီးကလည်း ဘာမှပြောင်းလဲမ

သွားဘူး။ အိမ်ကြီးကလည်း ဒီ

အတိုင်း မတ်မတ်ရပ်နေဆဲပဲ။

ဒါပေမဲ့ အဲဒီညမှာတော့ ကျွန်မ

ပတ်ဝန်းကျင်က အရာအားလုံးဟာ

အရင်နဲ့မတူဘဲ တခြားစီ ဖြစ်နေ

သလို ခံစားခဲ့ရတယ်။

အားလုံးထဲမှာ အပြောင်းလဲဆုံး

ကတော့... ကျွန်မကိုယ်တိုင်ပါပဲ။

ကျွန်မ အသက် (၅၈) နှစ် ရှိပါပြီ။

ကျွန်မရဲ့ ခင်ပွန်းဟောင်းကတော့

အသက် (၆၀) ပေါ့။

နှစ်ပေါင်း ၃၅ နှစ်တိုင်တိုင် လက်တွဲ

ခဲ့တဲ့ အိမ်ထောင်ရေး သက်တမ်း

အပြီးမှာတော့...

သူက တခြားမိန်းမတစ်ယောက်ကို

ချစ်မိသွားပြီလို့ ကျွန်မကို ပြောခဲ့တယ်။

ရှင်တို့ စိတ်ကူးထဲမှာတော့

နှလုံးသားတစ်ခုလုံး ကြေမွပျက်စီး

ပြီး ငိုကြွေးနေတဲ့၊ ကိုယ့်ကိုယ်ကိုယ်

ပဲ အပြစ်တင်ရင်း အတိတ်က

အမှားတွေကို တရစပ် ပြန်တွေးနေ

တဲ့ မိန်းမတစ်ယောက်ကို မြင်

ယောင်နေတယ်ဆိုရင်... အခုပဲ အဲဒီ

အတွေးကို ရပ်လိုက်ပါတော့။

ကျွန်မ တကယ် မငိုခဲ့ပါဘူး။

နာကျင်မှု မရှိလို့တော့ မဟုတ်ပါဘူး။

သိပ်ကို နာကျင်ခဲ့တာပေါ့။

ဒါပေမဲ့ အဲဒီနာကျင်မှုရဲ့

အောက်ခြေမှာတော့ ကျွန်မ

ထင်မှတ်မထားတဲ့ အရာတစ်ခု ရှိ

နေခဲ့တယ်... အဲဒါကတော့

"လွတ်မြောက်မှု ခံစားချက်" ပါပဲ။

နက်နဲပြီး တိတ်ဆိတ်လှတဲ့

လွတ်မြောက်မှု အစစ်အမှန်ပေါ့။

ကျွန်မတို့ရဲ့ အိမ်ထောင်ရေးက ၃၅

နှစ်တောင် ကြာမြင့်ခဲ့တာ။

အနည်းဆုံးတော့ လွန်ခဲ့တဲ့ နှစ်

ပေါင်း ၂၀ လုံးလုံး ကျွန်မဟာ

တသမတ်တည်းဖြစ်တဲ့ နေ့စဉ်ဘဝ

အလုပ်တွေထဲမှာပဲ လည်ပတ်နေခဲ့

ရတာပါ—

မနက်စာပြင်တယ်။

အလုပ်သွားတယ်။

အဝတ်လျှော်တယ်။

ညစာချက်တယ်။

ပြီးတော့ အရင်ပြောဖူးတဲ့ စကား

တွေကိုပဲ ထပ်ခါတလဲလဲ ပြောကြတယ်။

အရင်လိုပဲ အေးစက်တိတ်ဆိတ်မှု

တွေကြားမှာ အတူတူ ထိုင်နေကြတယ်...

ဒါတွေကိုပဲ ထပ်ခါတလဲလဲ လုပ်နေခဲ့ရတာ။

ကျွန်မဟာ အမြဲတမ်း လျစ်လျူရှု

ခံထားရတဲ့ အခြေအနေကို ကျင့်သားရနေခဲ့ပြီ။

သူ့ရဲ့ စိမ်းကားမှုတွေ။

သူ့ရဲ့ ဝေဖန်အပြစ်တင်မှုတွေ။

ကိုယ့်ကို လူတစ်ယောက်လို့ မမြင်

တော့တဲ့ ခံစားချက်တွေ။

ကိုယ့်စကားကို ဘယ်သူမှ နားမ

ထောင်တော့တဲ့ ခံစားချက်တွေ။

ဘဝမှာ ကိုယ်ဟာ ဘာမှအရေးမပါ

တော့တဲ့ လူတစ်ယောက်လို ခံစား

ချက်တွေကို... ကျွန်မ ယဉ်ပါးနေခဲ့
ပြီ။

သူ့ဘက်ကလည်း ပျော်ရွှင်ခဲ့မှာ မဟုတ်ပါဘူး။

ထူးခြားတာကတော့ ကျွန်မဘက်

ကသာ... "ငါ ပိုပြီး ကြိုးစားပေးရင်၊

ပိုပြီး သည်းခံပေးရင်၊ ပိုပြီး

နားလည်ပေးရင်၊ ပိုပြီး ခွင့်လွှတ်

ပေးရင်... အရာရာတိုင်းဟာ

တစ်နေ့နေ့မှာ ပိုကောင်းလာမှာပါ"

လို့ တဇွတ်ထိုး ယုံကြည်နေခဲ့မိတာပဲ။

အရာရာတိုင်းမှာ ကိုယ့်ဘက်ကပဲ ပို

ပြီး ပေးဆပ်နေခဲ့မိတာ။

ပြီးတော့ တစ်နေ့မှာ သူက ကျွန်မ

ကို စိုက်ကြည့်ပြီး ပြောခဲ့တယ်—

"ငါ တခြားမိန်းမတစ်ယောက်ကို

ချစ်မိသွားပြီ။"

အဲဒီအချိန်ကျမှပဲ...

နှစ်ပေါင်းများစွာအတွင်း ပထမဆုံး

အကြိမ်အဖြစ်

တစ်ယောက်ယောက်က ကျွန်မကို

'အမှန်တရား' ကို အရှိအတိုင်း ဖွင့်

ပြောခဲ့တာ ဖြစ်ပါတယ်။

အဲဒီညက မျက်ရည်တွေ ကျမနေခဲ့ပါဘူး။

သည်းထန်တဲ့ ဖုန်းခေါ်ဆိုမှုတွေလည်း မရှိခဲ့ဘူး။

သူငယ်ချင်းတွေဆီ

အသည်းအသန် ဖုန်းဆက်ပြီး

ရင်ဖွင့်တာမျိုးလည်း မလုပ်ခဲ့ဘူး။

အရာအားလုံး တိတ်ဆိတ်နေခဲ့တာပဲ။

အဲဒီလို တိတ်ဆိတ်နေတဲ့ အချိန်မှာ

ပဲ ကျွန်မ ရင်တုန်စရာ ကောင်းတဲ့

အမှန်တရားတစ်ခုကို သတိပြုမိလိုက်တယ်—

"ငါ... ငါ့ကိုယ်ငါ တောင်

ကောင်းကောင်း မသိတော့ပါလား" ဆိုတာကိုပါ။

ကျွန်မ တကယ်နှစ်သက်တဲ့ ရုပ်ရှင်

တွေက ဘာတွေလဲ။

ကျွန်မ အကြိုက်ဆုံး အရောင်က ဘာလဲ။

အူလှိုက်သဲလှိုက်နဲ့ ဗိုက်အောင့်တဲ့

အထိ နောက်ဆုံး ရယ်မောခဲ့ရတာ ဘယ်တုန်းကလဲ။

ကျွန်မ ဘာမှ မမှတ်မိတော့ဘူး။

နောက်တစ်နေ့ မနက်မှာတော့

ကျွန်မ ဗီရိုအနောက်ဘက်က

သေတ္တာအဟောင်းကြီးတစ်ခုကို

ဆွဲထုတ်လိုက်တယ်။

အဲဒီထဲမှာတော့ ပို့စကတ်တွေ၊

ပေးစာဟောင်းတွေ၊ လက်မှတ်

အစုတ်လေးတွေ၊ ဓာတ်ပုံဟောင်း

တွေနဲ့... တစ်စုံတစ်ယောက်ရဲ့ ဇနီး

မဖြစ်ခင်တုန်းက ရှိခဲ့တဲ့ "ကျွန်မ"

ဆိုတဲ့ မိန်းကလေးရဲ့ အမှတ်တရ

အပိုင်းအစလေးတွေ ရှိနေခဲ့ပါတယ်။

ကျွန်မ အဲဒီအရာတွေကို နာရီပေါင်း

များစွာ ထိုင်ကြည့်နေခဲ့မိတယ်။

ပြီးတော့...

တဖြည်းဖြည်းချင်းပဲ၊ ကျွန်မရဲ့ ရင်

ထဲက ပျောက်ဆုံးနေတဲ့ အရာတစ်

ခုဟာ ပြန်လည်နိုးထလာခဲ့ပါတော့တယ်။

ရက်သတ္တပတ်တွေ ကုန်လွန်ခဲ့ပြီ။

ကျွန်မ ရေကူးသင်တန်းတစ်ခုကို

တက်ခဲ့တယ်။

နှစ်ပေါင်းများစွာအတွင်း ပထမဆုံး

အကြိမ်အဖြစ်

တစ်ယောက်ယောက်က လိုက်ပို့မှာ

ကို ထိုင်စောင့်မနေတော့ဘဲ

ကိုယ်တိုင်ပဲ ကားမောင်းပြီး လိုရာကို သွားခဲ့တယ်။
#အမျိုးသမီးများဝင်ကြည့်သွားနော်
🙏🙏🙏@

05/06/2026

ဖောက်ပြန်ခြင်း ဆက်ဆံရေးကောင်းတွေဖျက်ဆီးခြင်းနှင့်အတူ 🐈🐈🐈ခင်းသူများ☑️☑️☑️

အသက်လတ်ပိုင်းရောက်မှ အိမ်ထောင်ရေးဖောက်ပြန်တဲ့ အမျိုးသားတွေဟာ အဖျင်းဆုံးလူတွေပါပဲ။ ဘာလို့လဲဆိုတော့ အမျိုးသားတစ်ယောက်ဟာ အသက် ၄၀ ကျော်လာရင် ကိုယ့်ကံကြမ္မာကို ကိုယ်သိသင့်နေပြီလေ။ ခိုင်မြဲတဲ့ မိသားစုဘဝတစ်ခုကို ပိုင်ဆိုင်ထားပြီးသား ဖြစ်ရမယ်။ ကိုယ့်ဘဝရဲ့ ကျန်ရှိတဲ့ အချိန်တွေမှာ ကိုယ့်ရဲ့ တာဝန်နဲ့ ဝတ္တရားတွေက ဘာလဲဆိုတာကို သိနေရမယ်။ အပိုတွေလုပ်ပြီး ပြဿနာမရှာဘူးဆိုရင် တစ်ဘဝလုံး ပျော်ရွှင်နေရမှာပါ။
ဒါပေမဲ့ သင်တို့ကတော့ အိမ်ထောင်ရေးမှာ အေးအေးချမ်းချမ်း အရှိဆုံးအချိန်ကျမှ အကောင်းကို အကောင်းမှန်းမသိဘဲ ကိုယ့်ရဲ့ တစ်ကိုယ်ရည် သာယာမှုကို ရှာဖွေဖို့အတွက် မိသားစုကို သစ္စာဖောက်ကြတယ်။ ကိုယ်တိုင် အမှားလုပ်ရုံတင်မကဘဲ မိသားစုဝင်အားလုံးကိုပါ မျက်နှာပျက်အောင် ဆွဲခေါ်သွားကြတယ်။ မိသားစုနဲ့ ကလေးတွေအတွက် မကုန်နိုင်တဲ့ ဒုက္ခတွေကို ပေးရုံတင်မကဘဲ အနှစ် ၂၀ လောက် တည်ဆောက်ခဲ့တဲ့ ယုံကြည်မှုနဲ့ သံယောဇဉ်တွေကိုပါ အကုန်လုံး ဖျက်ဆီးပစ်လိုက်တာပဲ။
တကယ်တော့ ဒီလိုအမျိုးသားမျိုးတွေဟာ ရေရှည်ဆက်ဆံရေးတစ်ခုကို ထိန်းသိမ်းနိုင်စွမ်း မရှိကြဘူး။ ဘယ်လောက်ပဲ ကောင်းမွန်တဲ့ မိသားစုကံဇာတာရှိပါစေ ဒီလိုအမျိုးသားမျိုးတွေနဲ့ဆိုရင်တော့ အကုန်လုံး ပျက်စီးသွားမှာပါပဲ။
@

31/05/2026

အိမ်ထောင်ရေးဖောက်ပြန်ခံရရင် 👸ဝဋ္ဌ်မလည်ကြပါစေနဲ့ 🙏🙏🙏

အပူတကာ့အပူထဲမှာ အိမ်ထောင်ရေးဖောက်ပြန်တာကိုခံစားရတဲ့အပူက အကြီးဆုံးပါ
ယောက်ျားကအိမ်‌ထောင်ရေးဖောက်ပြန်သွားတဲ့အခါမှာ
ကိုယ်စိတ်နှလုံးဂျုံးဂျုံးကျပြီး
ကျန်းမာရေး ထိခိုက်ကြတယ်။ စီးပွားပျက်တဲ့အဆင့်ထိ ဖြစ်တတ်ကြပါတယ်။
ဒီလိုအဆင့်ထိမဖြစ်ရလေအောင်

(၁) အခုခေတ်ကြီးထဲမှာ အိမ်ထောင်ရေးဖောက်ပြန်ခံရတာကိုယ်တစ်ယောက်တည်းမဟုတ်ဘူးဆိုတာ သိထားပါ။
အိမ်ထောင်ရေးဖောက်ပြန်ဖို့အရမ်းလွယ်ကူနေတဲ့ခေတ်ကြီးထဲမှာ အချိန်မ ရွေးဖောက်ပြန်ခံရနိုင်တယ်ဆိုတာ ကြိုတွေးထားပါ
အိမ်ထောင်ရေးဖောက်ပြန်ခံရရင် စားဝတ်နေရေးဒုက္ခမရောက်ဖို့ ကိုယ်တိုင်ငွေရှာနိုင်အောင်ကြိုတင်ပြင်ဆင်ထားပါ
ကျန်းမာရေးကောင်းဖို့အမြဲဂရုစိုက်ပါ။

(၂) ဖောက်ပြန်တဲ့အဆင့်ထိကကြုံလာပြီဆိုရင် ရန်မထောင်ပါနဲ့ ရန်မလုပ်ပါနဲ့ ရန်မဖြစ်ပါနဲ့ ဘာမှအကျိုးထူးလာမှာမဟုတ်ပါဘူး။
တားလို့လည်းရမှာမဟုတ်သလို ဘာပြောလို့မှာလဲနားဝင်မှာမဟုတ်ပါဘူး။
သားသမီးတွေစိတ်ဆင်းရဲရမှာပဲအဖက်တင်ပါလိမ့်မယ်။

(၃) အပူသည်ရုပ်နဲ့မနေပါနဲ့။
စိတ်ထိခိုက်တာမှန်ပေမဲ့
အပူသည်ရုပ်ကို ကိုယ်ကိုယ်တိုင်လည်းမကြည့်ချင်သလို ဘယ်သူကမှလည်းမကြည့်ချင်ပါဘူး။ ယောက်ျားကဆိုရင်ပိုပြီးတော့မကြည့်ချင်ပါဘူး

(၄)ယု တို့တစ်တွေဟာ လူ့လောကသက်တမ်းတိုတိုလေးမှာ ခဏတာတွေ့ရတဲ့သူတွေပါ
သားသမီး ယောက်ျား မိဘတွေ အားလုံးက အချိန်မရွေး သေကွဲသို့မဟုတ်ရှင်ကွဲ ကွဲကြရမှာပဲ
ဘယ်သူကအရင် ဘယ်သူကနောက်လည်းမသိတာပဲရှိတာပါ
ကိုယ်လုပ်ခဲ့တဲ့ကုသိုလ် အကုသိုလ်အတိုင်းသွားကြရမှာမို့
သေပြီးရင်လည်း သံသရာကြီးထဲမှာ ဘယ်တော့မှပြန်မဆုံဖြစ်ဖို့သေချာသလောက်ပါပဲ
ဒါဟာ မြတ်စွာဘုရားရှင်ကိုယ်တိုင်ဟောကြားခဲ့တဲ့အမှန်တရားပါပဲ။
ဒီအရှိတရားလေးကိုသိထားပြီဆိုရင် ရင်ထဲကအပူမီးတွေလျော့သွားပြီးဖြေနိုင်ပါလိမ့်မယ်။

မိသားစုနဲ့အတူနေခွင့်ရတဲ့အခိုက်အတန့်လေးမှာလည်း တန်ဖိုးထားပြီးအေးချမ်းပျော်ရွှင်စွာနေနိုင်ပါလိမ့်မယ်။
အားလုံးပဲ သောကအပူမီးတွေငြိမ်းအေးနိုင်ပါစေ။
ချစ်တဲ့ ယု

#အမျိုးသမီးကျန်းမာရေး
#သွေးဆုံးမီးယပ်ကိုင်ကာကွယ်ပါ
#အိမ်ထောင်ရေးသာယာဖို့
@

Want your business to be the top-listed Beauty Salon in Sittwe?
Click here to claim your Sponsored Listing.

Telephone

Website

Address


Sittwe