Golden Horse Health Center
Only 499 ฿ for Hot Springs,Saunas,Movies,Snookers,Massage Chairs In a very comfortable environment
24/12/2024
ထိုင်းရိုးရာအနှိပ်
အနောက်တိုင်းမှာ Swedish massage ဆွီဒင်အနှိပ်က နာမည်ကျော်သလိုပဲ အရှေ့တိုင်းမှာလည်း ထိုင်းအနှိပ်က လူသိများထင် ရှားတာ ငြင်းလို့မရပါဘူး။ ထိုင်းအနှိပ်ရဲ့ထူးခြားချက်က အနောက်တိုင်းအနှိပ်ပညာတွေရဲ့ အကွက်ပေါင်းစုံ၊ ထိချက်ပေါင်းစုံ၊ နည်းပေါင်းစုံတွေကို ပေါင်းစပ်သလိုဖြစ်တာပါပဲ။ ခန္ဓာကိုယ်ကို သန်စွမ်းကျန်းမာစေသလို ခွန်အားကိုလည်းဖြည့်စွမ်းပေးပါတယ်။
ထိုင်းအနှိပ်နည်းက ခြေကစလို့ ခေါင်းထိနှိပ်ပေးရပါတယ်။ တကယ်ထိထိရောက်ရောက်နဲ့ကိုယ်လုံးအနှံ့ နှိပ်နယ်ပေးရပါတယ်။ တဆင့်ချင်းမှာလည်း ညင်ညင်သာသာနှိပ်တာ၊ ဖြေလျော့ပေးတာ၊ အဆစ်တွေနဲ့ကြွက်သားတွေကို ဆန့်ထုတ်ပေးတာ (တချို့ဆန့်ထုတ် နည်းတွေက ယောဂနည်းနဲ့ဆက်နွယ်မှုရှိပါတယ်) စတာတွေပါဝင်ပါတယ်။ ခန္ဓာကိုယ်ပေါ်က စွမ်းအင်လမ်းကြောင်းတွေတလျှောက် ဖိနှိပ် ပေးလို့ တကိုယ်လုံးကစွမ်းအင်စီးကြောင်းတွေကို မှန်မှန်ကန်ကန်ပြန်လည်စီးဆင်းစေပါတယ်။ ခန္ဓာကိုယ်ရဲ့ဓါတ်တွေကို ပြန်လည်မျှတ စေပါတယ်။ ရုပ်ပိုင်းသန်စွမ်းမှုကိုသာမက ခန္ဓာကိုယ်တွင်းက စွမ်းအင်တွေကိုပါ ပြန်လည်ကောင်းမွန်စေနိုင်တာတွေဟာ ထိုင်းအနှိပ်ကို ထူးခြားစေသလို တကယ်လည်း ထိရောက်တဲ့နှိပ်နည်းအဖြစ် နာမည်ကျော်စေတာဖြစ်ပါတယ်။
ခန္ဓာကိုယ်မှာ စွမ်းအင်စီးကြောင်းတွေ အသီးသီးရှိပီး ဒီစီးကြောင်းတွေရဲ့ တနေရာမှာပိတ်ဆို့သွားမယ်ဆိုရင် စွမ်းအင်တွေ တနေရာမှာပိုနေ၊ များနေပီး အခြားတနေရာမှာလျော့ကျနေမှာဖြစ်ပါတယ်။ အရှေ့တိုင်းရဲ့ယုံကြည်မှုက ဝေဒနာတွေဆိုတာ စိတ်ဖိစီးတာ၊ စိတ်တင်းကြပ်တာ၊ သက်တောင့်သက်သာမဖြစ်တာတွေကြောင့် ဖြစ်ရတယ်လို့ ယုံကြည်ကြပါတယ်။ ဒီလိုပဲ ဝေဒနာကြီးမဖြစ်လာခင် ခန္ဓာ ကိုယ်ကကြိုတင်အချက်ပြတဲ့အနေနဲ့ နေရာအချို့မှာ ကိုက်ခဲတာ၊ နာကျင်တာ၊ တင်းကြပ်နေတာမျိုးတွေဖြစ်လေ့ရှိပါတယ်။ ဒီလိုဖြစ်လာတာ ကိုပဲ တချို့က အဆိပ်အတောက်တွေ စုပုံစပြုလာတယ်လို့ သက်မှတ်ကြပါတယ်။ ဂရုမပြုပဲ ပစ်ထားမယ်ဆိုရင် ကိုယ်တွင်းအင်္ဂါတွေကိုပါ ထိခိုက်လာစေပီး ပိုကြီးမားဝေဒနာဖြစ်သွားမှာပါ။ ထိုင်းရိုးရာအနှိပ်ပညာက စွမ်းအင်လမ်းကြောင်းတွေကို ပုံမှန်အတိုင်းစီးဆင်းစေနိုင် အောင်ဖွင့်ပေးတဲ့အတွက် သဘာဝအတိုင်း ခန္ဓာကိုယ်က ကုသတဲ့ဖြစ်စဉ်ကိုဖြစ်ပေါ်စေပီး ဝေဒနာတွေကို ကုစားခြင်းဖြစ်ပါတယ်။ ကာကွယ် ပေးခြင်းဖြစ်ပါတယ်။
ထိုင်းရိုးရာအနှိပ်ပညာဟာ နှစ်ပေါင်းနှစ်ထောင်ကျော်လောက် သက်တမ်းရှိလာပီလို့ဆိုပါတယ်။ ဒါ့အပြင် ထိုင်းတို့ရဲ့ပင်ရင်းအနှိပ် နည်းစစ်စစ်လည်းဖြစ်ပါတယ်။ မကျန်းမမာဖြစ်နေတာကိုလည်း ကုစားပေးသလို ပုံမှန်ကျန်းမာသန်မာနေဖို့လည်း အထောက်အကူဖြစ်စေ ပါတယ်။ နှိပ်ကွက်တွေမှာ ယောဂဆန့်ထုတ်ခြင်းပုံစံ၊ အကြောကွက်တွေကို ဖိနှိပ်ပေးတဲ့ပုံစံ၊ ကြွက်သားတွေကိုဖြန့်ထုတ်ပေးတဲ့ပုံစံ စတဲ့ပုံစံ အမျိုးမျိုးကို လက်ချောင်း၊ တံတောင်၊ လက်ဖျံ၊ ခြေထောက်တွေကို အသုံးပြုပီးနှိပ်နယ်ပေးခြင်း စတာတွေပါဝင်ပါတယ်။ ထိုင်းရိုးရာအနှိပ် ခံခြင်းကြောင့်ရရှိမဲ့ ရုပ်ပိုင်း၊ စိတ်ခံစားမှုပိုင်း၊ စိတ်ကျန်းမာမှု စတဲ့အကျိုးကျေးဇူးတွေကို ခံစားရမှာဖြစ်ပါတယ်။
ထိုင်းရိုးရာအနှိပ်နဲ့နှိပ်နယ်ခြင်းကြောင့်ရရှိမဲ့ ရုပ်ပိုင်းဆိုင်ရာကောင်းမျိုးများ
❤ခန္ဓာကိုယ်တွင်းအဆိပ်အတောက်တွေကိုထုတ်ပေးပီး ကိုယ်ခံအားစနစ်ကိုတိုးတက်စေပါတယ်။
❤ သွေးလည်ပတ်မှုကို ပိုမိုကောင်းမွန်စေပါတယ်။ သွေးတိုးကိုကျစေပါတယ်။
❤ ကြွက်သားတွေကို ပျော့ပြောင်းစေတဲ့အတွက် ခန္ဓာကိုယ်လှုပ်ရှားမှုကို ပိုမိုသွက်လက်လာစေပါတယ်။ နှိပ်ပီးနောက် ရက်တော်တော်ကြာတဲ့အထိကို ကြွက်သားတွေကိုပျော့ပြောင်းနေစေပါတယ်။
❤ အသက်ရှုရပိုကောင်းလာစေပါတယ်။
❤ ပိတ်ဆို့နေတဲ့ စွမ်းအင်လမ်းကြောင်းတွေပွင့်သွားစေတဲဲ့အတွက် ခန္ဓာကိုယ်ဟန်ချက်ထိန်းနိုင်မှုအား ပိုကောင်းလာပါမယ်။
❤ အားကစားလုပ်သူတွေ ပိုပီးကောင်းကောင်းလှုပ်ရှားနိုင်စေပါတယ်။
❤ အဆစ်အမြစ်ကိုက်ခဲတာ၊ နောက်ကျောနာတာတွေကို သက်သာစေပါတယ်။
❤ အဆစ်အမြစ်တွေကို အားကောင်းစေပါတယ်။ နာတာရှည်အဆစ်အမြစ်ကိုက်ခဲနေတာတွေအပါအဝင် ရောဂါဝေဒနာတွေကို ခုခံတိုက်ဖျက်နိုင်ပါတယ်။
❤ အဖျားအနာကင်းအောင်ကာကွယ်ပေးပါတယ်။ အသက်ရလာရင် ဖြစ်လာနိုင်တဲ့ဝေဒနာအများစုကိုလည်း လျော့ကျသွား အောင် ကာကွယ်နိုင်စွမ်းရှိပါတယ်။
❤ အိုမင်းရင့်ရော်လာမှုဖြစ်စဉ်ကို နှေးကွေးသွားစေပါတယ်။
ထိုင်းရိုးရာအနှိပ်နဲ့နှိပ်နယ်ခြင်းကြောင့်ရရှိမဲ့ စိတ်ခံစားမှုဆိုင်ရာကောင်းမျိုးများ
❤ နေ့စဉ်ဘဝအမြင်ကို အပြုသဘောဆောင်စေဖို့ ထောက်ကူပေးပါတယ်။ စိတ်ခံစားမှုကို မျှတစေပါတယ်။
❤ စိတ်အာရုံစူးစိုက်မှုကို အားကောင်းစေတဲ့အတွက် ဖန်တီးမှုကိုတိုးတက်စေဖို့ အကူအညီဖြစ်စေပါတယ်။
❤ စိတ်အာရုံကို အေးငြိမ်ကြည်လင်စေပါတယ်။
🕯ထိုင်းရိုးရာအနှိပ်နဲ့နှိပ်နယ်ခြင်းကြောင့်ရရှိမဲ့ စိတ်ကျန်းမာမှုဆိုင်ရာကောင်းမျိုးများ
❤ စိတ်ဖိစီးမှု၊ စိုးရိမ်ကြောင့်ကြတဲ့စိတ်တွေကို လျော့ကျစေပါတယ်။
❤ ကိုယ်ခန္ဓာအတွင်းပိုင်းစွမ်းအင်တွေကို တိုးပွားစေပါတယ်။ ဒါကြောင့်စိတ်ကျမလွယ်ပဲ စိတ်ခွန်အားပြည့်ဝနေပါမယ်။
❤ မိမိကိုယ်မိမိ ထိန်းချုပ်နိုင်စွမ်းပိုကောင်းလာပါမယ်။
❤ စိတ်စွမ်းအားတွေ၊ ထိန်းချုပ်နိုုင်စွမ်းတွေတိုးတက်လာတဲ့အတွက် မိမိကိုယ်ကိုယုံကြည်မှုကိုပါ တည်ဆောက်လာနိုင်စေပါတယ်။
အောက်ဖေါ်ပြပါ ဝေဒနာတွေကို သက်သာလျော့ပါးစေနိုင်ပါတယ်။
❤ အဆစ်အမြစ်ရောင်လေးဘက်နာ
❤ ပန်းနာရင်ကြပ်
❤ ခါးနဲ့နောက်ကျောဘက် ကိုက်ခဲနာကျင်မှု
❤ သွေးလွှတ်ကြောမကြီးနံရံတွေထူပီးမာလာခြင်း
❤ Carpal Tunnel Syndrome လို့ခေါ်တဲ့ အာရုံကြောဖိမိလို့ဖြစ်တဲ့ လက်ချောင်းတွေကိုက်ခဲနာကျင်တာ
❤ Chronic fatigue ခေါ် အဖျား၊ ကိုက်ခဲနာကျင်တာနဲ့တွဲဘက်ပီး ကာလတာရှည်ခံစားနေရတဲ့ စိတ်ကျခြင်း၊ ပင်ပန်းနွမ်းနယ်ဖြစ်နေခြင်း
❤ ဆီးချို
❤ အိပ်မပျော်
❤ အစာချေစနစ်ပျက်ယွင်းနေခြင်း
❤ Fibromyalgia - ကိုယ်ခန္ဓာရဲ့ တချို့အစိတ်အပိုင်းတွေမှာဖြစ်ပွားနေတက်တဲ့ ကြွက်သားအရမ်းတင်းလွန်းပီး နာကျင်ကိုက်ခဲနေတာ၊ အထိမခံနိုင်ဖြစ်နေတာ
❤ ခေါင်းကိုက်ဝေဒနာအမျိုးမျိုးနဲ့ ခေါင်းတခြမ်းပြင်းပြင်းထန်ထန်ကိုက်လေ့ရှိခြင်း
❤ နှလုံံးနဲ့ဆက်နွယ်တဲ့ဝေဒနာအမျိုးမျိုး
❤ သွေးတိုး
❤ ကိုယ်ခံအားစနစ်ပျက်ယွင်းတာကြောင့် ဖြစ်လာရတဲ့ဝေဒနာရောဂါတွေကတဆင့် ခန္ဓာကိုယ်မှာဖြစ်တက်တဲ့ ယောင်ရမ်းခြင်းများ
❤ ဇတ်ကြောတက်ကိုက်ခဲခြင်း
❤ ထုံကျင်မှုအမျိုးမျိုး
❤ ဒဏ်ရာရခဲ့လို့ ဖြစ်လာတဲ့ ကိုက်ခဲနာကျင်ခြင်းများ
❤ ကိုယ်တခြမ်းသေခြင်း
❤ ခါးကြောညှပ်လို့ဖြစ်တဲ့ ခြေတခြမ်းထုံကျင်ကိုက်ခဲခြင်း
❤ ပုခုံးကြောတင်းတောင့်တက်ခြင်း
❤ နှာရိုးထိပ်ပိတ်သလိုခံစားနေရခြင်း
❤ အရိုးကျိုးခြင်း၊ အဆစ်လွဲခြင်းမျိုးမဟုတ်ပဲ လက်ကောက်ဝတ်၊ ခြေကျင်းဝတ်နဲ့ တခြားအဆစ်နေရာတွေမှာဖြစ်တဲ့ ထိခိုက် ဒဏ်ရာများ
❤ အဆစ်နေရာတွေမှာဖြစ်နေတဲ့ တောင့်တင်းနေခြင်းများ
❤ စိတ်ဖိစီးခြင်း
❤ ကြွက်သားတွေ၊ အရွတ်တွေ ရုတ်တရက်နာသွားတာ၊ ညပ်သွားတာ
❤ ဓမ္မတာမလာမီဖြစ်တက်တဲ့ ကိုက်ခဲတာ၊ ဗိုက်အောင့်တာ၊ စိတ်ဆက်တာတွေကို လျော့ပါးအောင် ကာကွယ်ပေးပါတယ်။
ထိုင်းရိုးရာအနှိပ် ခံခြင်းကြောင့်ရရှိမဲ့ ရုပ်ပိုင်း၊ စိတ်ခံစားမှုပိုင်း၊ စိတ်ကျန်းမာမှု စတဲ့အကျိုးကျေးဇူးတွေကို ခံစားရမှာဖြစ်ပါတယ်။
17/12/2024
သင့်ရဲ့ တစ်နေ့တာ ပင်ပန်းနွမ်းနယ်မှုကို အနားပေးဖို့ အတွက် ခြေ ၊ လက် ၊ ဦးခေါင်း ၊ခန္ဓာကိုယ်ကို 𝗠𝗮𝘀𝘀𝗮𝗴𝗲 𝗧𝗿𝗲𝗮𝘁𝗺𝗲𝗻𝘁 များနဲ့ နှိပ်နယ်ခံပြီးအနှိပ် သက်တောင့် သက်သာနဲ့ အေးဆေးအနားယူ ဖို့ဆိုရင် ကျန်းမာရေးဝန်ဆောင်မှုပေးတဲ့ GOLDEN HORSE HEALTH CENTER ကို ကြွလှမ်းဖို့ ကြိုဆို ဖိတ်ခေါ်ပါတယ်ရှင့်။
Foot Massage ,Body Massage,Oil Massage ,Aroma Oil Massage,Sauna,Scrub,Mask,Foot Spa,Body Spa အားလုံးတစ်နေရာထဲမှာ လုပ်လို့ရတဲ့ သီးသန့်အခန်းတွေလဲရှိပါတယ်ရှင့်
Spa Therapist တွေရဲ့ နှိပ်ကွက်တွေ က .. ထိမိချက်မိတယ်ဆိုတော့
အခုလမှာအထူးအစီအစဉ် အနေနဲ့ Promotion လဲ ရှိတယ်နော်
အကြာကြီးစောင့်ရတာ မကြိုက်တဲ့ သူတွေ အတွက် တော့ Booking ကြိုယူ လို့ရသလို
လာရောက် အနားယူချင်တဲ့ ဧည်သည်များကို အကြိုအပို့ပါ FREE ဝန်ဆောင်မှုပေး သွားမှာဆိုတော့ GOLDEN HORSE HEALTH CENTER ကိုသွားပြီး ဇိမ်ခံရင် ကွက်တိပေါ့
Ladyလေးတွေကလည်း အချောအလှလေးတွေဆိုတော့ အမြန်ဆုံးလှမ်းလာခဲ့ဖို ဖိတ်ခေါ်ပါရစေရှင့်....
နေရာ- Golden Horse ကျန်းမာရေးစင်တာ ၊ တာချီလိတ်မြို
ရုံးဖုန်း-09-9677274737
Telegram - +959677274737 ,
https://t.me/GoldenHorseHealthCenter
30/11/2024
GOLDEN HORSE ကျန်းမာရေးစင်တာတွင်
Spa and Massage ကျွမ်းကျင်အမျိုးသမီး၀န်ထမ်း (10)ဦး အလိုရှိသည်
- အကျင့်စာရိတ္တကောင်းမွန်ရမည်
- တကိုယ်ရေသန့်ရှင်းမှုရှိရမည်
- CVဖောင်တွင် မျှော်မှန်းလစာကို ဖြည့်ပေးပါ
ပုံပါ အရည်အချင်းနှင့်ပြည့်စုံပါက နေ့လည်(12)နာရီ မှ ညနေ(5) နာရီအတွင်း CVဖောင် နှင့် တကွလာရောက်လျှောက်ထားနိုင်ပါသည်။
နေရာ- Golden Horse ကျန်းမာရေးစင်တာ ၊ တာချီလိတ်မြို့
ရုံးဖုန်း-09-9677274737
Telegram - +959677274737 ,
https://t.me/GoldenHorseHealthCenter
သတ်မှတ်အရည်အချင်းနှင့်ကိုက်ညီသည့် 𝐂𝐕ဖောင်များကိုသာ လူတွေ့ 𝐈𝐧𝐭𝐞𝐫𝐯𝐢𝐞𝐰 ခေါ်ယူမည်။
Golden Horse Health Center တစ်နှစ်ပြည့်ပွဲကို စားသောက်ဖွယ်ရာများနှင့်တည်ခင်းဧည့်ခံမည်ဖြစ်သည့်အပြင် တစ်ဦးလျှင် ၂၉၉ဘတ် သုံးဦးလျှင်တစ်ဦး Free ဖြစ်လို့ လက်လွှတ်မခံပဲအရောက်လာခဲ့ဖို့ဖိတ်ခေါ်ပါတယ်ရှင့်
03/02/2024
''GOLDEN HORSE HEALTH CENTER''ရဲ့ ''တစ်နှစ်ပြည့်အထိမ်းအမှတ်''
ချစ်လှစွာသော ဧည့်သည်တော်များ၏အားပေးမှူကြောင့် ဖေဖော်၀ါရီလ 5ရက် 2024 တွင် တနှစ်တိတိ အောင်မြင်စွာဖွင့်လှစ်နိုင်ခဲ့ပါပြီ။
ဧည်သည်တော်များကိုကျေးဇူးတုန့်ပြန်သည့်အနေဖြင့် 04.02.2024 မှ 06.02.2024 ရက်အထိ 299฿ ဘဲကျသင့်မှာဖြစ်သလို 3ယောက်လာ 1ယောက် FREE ပရိုမိုးရှင်းလေး ပြုလုပ်ထားပေးပါတယ်ရှင်
တနှစ်ပြည့်အထိမ်းအမှတ်အနေနဲ့ ဧည့်သည်တော်များကို 5ရက်နေ့မှာ ဆိုရင်ဖြင့် အစားသောက်များနှင့်ပါ ဧည့်ခံကျွေးမွေးသွားမှာ ဖြစ်လို့ လာရောက် အားပေးချီးမြင့်ပေးဖို့ ဧည့်သည်တော်များကို ပါဝင်ဆင်နွဲဖို့ ဖိတ်ကြားအပ်ပါသည်။
နောင်လာမယ့်နှစ်မှာလည်း ဧည့်သည်တော်များအတွက် promotion အစီအစဥ်တွေနဲ့ တခြား ရင်ခုန်စိတ်လှုပ်ရှားဖို့ကောင်းတဲ့ အစီအစဥ်တွေအများကြီး လုပ်ဆောင်သွားဖို့ရှိပါတယ်။ လာခဲ့ဖို့မမေ့နဲ့နော်
Website; https://goldenhorse.godaddysites.com/
TELEGRAM » https://t.me/+wFczEhMrcvlmMzE9
For Booking & Information - 09677274737📲📲📲
25/01/2024
Golden Horse Health Center မှကြိုဆိုပါတယ်ရှင့်
TikTok · Golden Horse Health Center Check out Golden Horse Health Center's video.
24/01/2024
24 Hours Services
04/01/2024
Welcome par😍
GOLDEN HORSE Health Center ရဲ့ 2024 အတွက် January Three Get One Free Special Promotion လာပါပြီနော်
GOLDEN HORSE Health Center ကို လာရောက်တဲ့ မိတ်ဟောင်း မိတ်သစ်များကို ကျေးဇူး တုံ့ပြန်တဲ့ အနေနဲ့ January Special Promotion လေးတစ်ခု စီစဉ်ထားပါတယ်။
Promotion အစီအစဉ်အနေနဲ့ January လအတွင်း သုံးယောက်လာ လိုက်ရုံနဲ့ တစ်ယောက် Free ရယူနိုင်ပါပြီနော်။ မိသားစုလိုက်လာမလား ၊ စုံတွဲလေးတွေပဲလာမလား ဒါမှမဟုတ် သူငယ်ချင်းတွေပဲ စုလာမလား လာလိုက်တာနဲ့ Free တစ်ယောက်ရမှာဆိုတော့ မြန်မြန်လေး booking တင်ထားလိုက်ပါနော်။
Three Get One Free
နဲ့ အတူ ညောင်းညာမှုတွေကို ဖြေလျှော့လိုက်ပါ။
For Booking & Information - 09677274737📲📲📲
Website; https://goldenhorse.godaddysites.com/
TELEGRAM INVITE LINK» https://t.me/+wFczEhMrcvlmMzE9
29/11/2023
Golden Horse Health Center
ကိုတော့ တာချီလိတ်မြို့ ၊တော်ကော့ပြင်၊၀ိန်းကျောက်ရပ်ကွက်
စိန်ပန်းနီနီ စားသောက်ရဲ့ မျက်နှာချင်းဆိုင်မှာ ဖွင့်လှစ်ထားပါတယ်။
ရရှိနိုင်တဲ့ ဝန်ဆောင်မှုတွေကတော့….
♨️Hot Springs /ရေနွေးစိမ်ကန်🧖♀️Traditional Sauna/ရိုးရာချွေးထုတ်ခန်း
🧖♂️Sauna/ချွေးထုတ်ခန်း💺Massage Chair/စက်နှိပ်ထိုင်ခုံ 🎱Snooker/စနူကာခုံ 🎬Movies/ရုပ်ရှင်ရုံ ပြီးတော့ ချွမ်ကူရှမ် 𝐑𝐞𝐬𝐭𝐚𝐮𝐫𝐚𝐧𝐭 နဲ့
သန့်ရှင်းသပ်ရပ်တဲ့ Spa အခန်း Private Room & Double Room နှစ်မျိုးရှိပြီး
ဧည့်သည်များရဲ့ စိတ်ဖိတ်စီးမှုတွေကို လျော့ပါး သက်သာစေမယ့် full-body massage, back, shoulder, foot massage, facial treatment, waxing services, manicure and pedicure service များကို ဝန်ဆောင်မှုပေးနေတဲ့ ခမ်းနားသပ်ရပ်တဲ့ HEALTH & SPA တစ်ခုဖြစ်ပါတယ်။
တန်ဆောင်တိုင်ညရဲ့အလှကိုခံစားရင်း နွေးထွေးမှုတွေကိုခံစားဖို့ Golden Horse ကျန်းမာရေးစင်တာကိုအရောက်လှမ်းခဲ့ဖို့ဖိတ်ခေါ်လိုက်ပါရစေရှင့်
ယခင်တစ်ဦးလျှင် 888ဘတ်မှယခုတစ်ဦး499 ဘတ်သာကျသင့်ပါမည် အရမ်းတန်တဲ့promotion ကြီးနဲ့အတူ တန်ဆောင်တိုင်ညကိုဖြတ်သန်းဖို့ ကြိုဆိုနေပါမယ်ရှင့်
Click here to claim your Sponsored Listing.
Category
Website
Address
Taw Gaw(Outside), General Road, No. 37, WanGiao Block, Tachileik Township, Shan State
Tachileik
06273
Opening Hours
| Monday | 17:00 - 07:00 |
| Tuesday | 19:00 - 07:00 |
| Wednesday | 19:00 - 07:00 |
| Thursday | 19:00 - 07:00 |
| Friday | 19:00 - 07:00 |
| Saturday | 19:00 - 07:00 |
| Sunday | 19:00 - 17:00 |
