Cho Lay Beauty Online Business
အမျိုးသမီးများအတွက်
အလှအပဆိုင်ရာပ?
05/04/2024
ငွေတွေအကန့်အသတ်မရှိရရှိနေပြီ
30/08/2023
#ကောင်းသောကံတွေ ဆက်တိုက်
အဖက်ဖက်က ငွေဝင်တယ် ရွှေဝင်တယ်
မမျှော်လင့်ထားတဲ့ ငွေတွေလဲဝင်တယ်
သတင်းကောင်းတွေကြားတယ်
One by One သင်တန်းသူတွေရ
တစ်ဘာသာချင်းတောင်မဟုတ် ဘာသာစုံ
Group လိုက်သင်တန်းသူတွေက သင်တန်းကို တစ်ဘာသာမပြီးဘူးနောက် တစ်ဘာသာထပ်အပ်
ဆက်တက်ကြ
သင်တန်းသူတွေက နောက်ထပ်သင်တန်းတက်ချင်တဲ့ သူငယ်ချင်းတွေကို ထပ်လမ်းညွှန်တယ်
အနယ်နယ်အရပ်ရပ်ကယုံကြည်စွာသင်တန်းကြိုအပ်ထားတဲ့သူတွေရော
Saloon ဆိုင်မှာလဲ ကြိုတင်ဘိုကင်တွေပြည့်
အကောင်းဆုံးရလာဒ်ရချင်ရင် Sweety Smile မှာ ငါလုပ်နေကျ ဆိုပြီး လူသတင်းလူချင်းဆောင် သူငယ်ချင်းတွေခေါ်လာ မိသားစုတွေခေါ်လာကြ
မျက်ခုံးထိုးပေးလိုက်တဲ့ ဧည့်သည်တွေအဆင်ပြေလို့ ကြိုက်ကြလို့ နောက်ထပ် ဧည့်သည်တွေကို တဆင့်ထပ်လမ်းညွှန်ပေးတယ်
ဆိုင်အရောက်လိုက်ပို့တယ်
ရွေးချယ်စရာတွေအများကြီးထဲကမှ Sweety Smile ကို ယုံကြည်စွာနဲ့ ရွေးချယ်ပေးကြတဲ့ တယောက်စီတိုင်း
ကျေးဇူးတင်ပါတယ် 🙏
ကျေးဇူးတင်ပါတယ် 🙏
ကျေးဇူးတင်ပါတယ် 🙏
အသက်ရှူတိုင်းငွေဝင်ပါစေ🙏
ဆန္ဒအားလုံးပြည့်ဝပါစေ🙏
ကျန်းမာပျော်ရွှင်ကြပါစေ🙏
12/04/2022
New Skiin 3
Nano Brush 2
New Skiin Facial 1
44500 Save
ကျေးဇူးတင်ပါတယ်
09797566143
05/04/2022
Skin လေးကောင်းချင်တာဆို
Skin Care ကောင်းတာ လေးသုံးပါ
အာမခံချက်နဲ့ FDAရပြီးသား
Skin Care ကိုပဲ သုံးပါ
ရုပ်ချောချောနဲ့ သဘောကောင်းတဲ့
ကျမဆီက ဝယ်ပါ😍😍😍
အလှအပသိလိုသမျှ မမချိုကို မေးပါ
ဒီလို Effects ကင်းတဲ့ အသားရေလေး လိုချင်ရင်တော့ မှာပါ
မြန်မာ ပြည့်အနှံ့အိမ်အရောက်ပို့ပေးနေပါပြီနော်
09797566143
05/04/2022
E Group Top1 Leader မမထက်နဲ့
ပစ္စည်းယူတယ် အလွမ်းပြေရတယ်
ကျေးဇူးတင်ပါတယ်မမထက်ရေ
23/03/2022
ကိုယ်သတိမထားဘဲ လုပ်မိနေတဲ့ Skincare နည်းအမှား (၆) ချက်.............................................................................
ဒီခေတ်မှာအားလုံးက အသားအရေလှဖို့ နံပါတ် 1 ဦးစားပေးပြီး skincare နေကြတယ်နော်
Skincare အကောင်းစားတွေသုံးပြီး skincare နည်းတွေမှားနေရင်တော့ ထိရောက်မှာမဟုတ်ဘူးပေါ့ 🙅🙅
Daily skincare routine မှာ သတိမထားဘဲလုပ်မိနေတတ်တဲ့ အမှားလေးတွေကို သတိထားလို့ရအောင် ဖော်ပြပေးလိုက်ပါတယ်
1 မကြာခဏ မျက်နှာသစ်တာ
မကြာခဏ မျက်နှာသစ်တဲ့အခါ အဆီပြန်တာနဲ့ ဝက်ခြံဖြစ်တာကို လျော့သွားစေမယ်လို့ အထင်မှားတတ်ကြတယ်။
တကယ်တော့ မကြာခဏမျက်နှာသစ်ခြင်းက အပေါ်ဆုံးအရေပြားကိုပါးသွားစေပြီး အဆီပိုထွက်စေပါတယ်။
အဲ့ဒီအဆီတွေက ချွေးပေါက်တွေကို ပိတ်တော့ ဝက်ခြံပိုဖြစ်ပြီပေါ့။
တစ်နေ့ကို အနည်းဆုံး ၂ ကြိမ်/ အများဆုံး ၃ ကြိမ်သာ မျက်နှာသစ်ပေးသင့်ပါတယ်။
2 မျက်လုံးနားတစ်ဝိုက်ကို ပွတ်ဆွဲသန့်စင်တာ
Eye makeup remover သုံးတဲ့အခါ မျက်လုံးတစ်ဝိုက်က အရေးအကြောင်းတွေကြားထဲ မိတ်ကပ်ကျန်မှာစိုးပြီး ပွတ်ဆွဲသန့်စင်တာက အရေပြားကိုထိခိုက်သလို အရေးအကြောင်းတွေပိုဖြစ်စေပါတယ်။
Makeup removerစိမ်ထားတဲ့ ဂွမ်းစကို မျက်လုံးနား (မိမိသန့်စင်ချင်တဲ့နေရာ) မှာ အချိန်အနည်းငယ် ဖိတို့ထားပါ။
ပြီးတော့မှ အသာအယာသန့်စင်ပေးပါ။
3 ကိုယ့်အသားအရေနဲ့မကိုက်တဲ့ပစ္စည်းကိုသုံးမိတာ
ပေါ်သမျှပစ္စည်းလိုက်သုံးနေမယ်ဆိုရင်တော့ အသားအရေက ဘယ်တော့မှကောင်းလာမှာမဟုတ်ပါဘူး။
အသားအရေနဲ့ကိုက်ညီတဲ့ product ကိုတွေ့ပြီဆို စွဲပြီးသာသုံးပါတော့နော်။
မကြာခဏပြောင်းသုံးလို့မကောင်းတဲ့ထဲမှာ မိမိ skincare လည်းပါပါတယ်။
4 Skincare လုပ်တဲ့အခါ ပမာဏအများကြီးသုံးတာ
အများကြီးသုံးရင် skin ပိုကောင်းလာမယ် ဘယ်သူပြောလဲ 🙄 ပိုက်ဆံအပိုကုန်မယ့်အလုပ်တွေပါနော်။
ဘယ် skincare product ပဲသုံးသုံး လိုအပ်သလောက်ပမာဏကိုပဲသုံးပေးပါ။
နဖူး ပါးနှစ်ဖက် မေးစေ့ နှာခေါင်းတို့မှာ အစက်လေးတွေချပြီး ဖြန့်ပေးရုံနဲ့ အဆင်ပြေပါတယ်။
5 မိတ်ကပ်မဖျက်ဘဲအိပ်တာ
မကြာခဏဖြစ်လေ့ရှိတယ်နော်။
ပင်ပန်းပြီး ပြန်လာတဲ့အခါ ခဏဆိုပြီး တညလုံးမိတ်ကပ်ကြီးနဲ့အိပ်လိုက်မိဝာာ😖 အသားအရေကိုအရမ်းပျက်စီးစေပါတယ်။
တစ်နေကုန်မိတ်ကပ်လိမ်းထားတာက အဆီဂလင်းနဲ့ချွေးဂလင်းကိုပိတ်စေပါတယ်။
တစ်ညလုံးသာဆိုရင်တော့.....😬
ဒါကြောင့် အပြင်ကပြန်ရောက်တာနဲ့မိတ်ကပ်ဖျက်ပါ။
ဘယ်လောက်ပဲပင်ပန်းနေပါစေ ၅ မိနစ်လောက်တော့ အချိန်ယူပြီး ဂရုတစိုက်လုပ်ပေးပါ
6 Skincare လုပ်ပြီးတာနဲ့ တန်းအိပ်တာ
Skin ကို care တာလား? ခေါင်းအုံးကို care တာလား? မသဲကွဲဘူး
skincare လုပ်ပြီးတန်းအိပ်ရင် product တွေကအသားထဲစိမ့်မဝင်ဘဲ ခေါင်းအုံးထဲပဲဝင်သွားပါလိမ့်မယ်😅
မအိပ်ခင် ၁ နာရီအလိုမှာ skincare လုပ်ပေးပါ။
Skincare ပြီးရင် အိပ်မချပါနဲ့။ Product တွေအသားထဲသေချာစိမ့်ဝင်ပြီးမှ နှစ်နှစ်ခြိုက်ခြိုက်အိပ်စက်ပါ။
credit.
30/11/2021
Why?
Skincare ပေမယ့် အရမ်းမသိသာလာတာ ဒီအကြောင်းရင်း (၆) ခုကြောင့်ပါ Skin care က မိန်းကလေးတွေတိုင်းအတွက် အရေးပါပါတယ်။ Skin care နေပေမယ့် အချို့အချက်တွေကြောင့် အသားအရေက ထင်သလောက် မလှတာလည်း...
22/11/2021
ကြိုးဆွဲ မျက်ခုံး မွှေးဆွဲခဲတံလေးတွေ
ရပါမယ် နော်
အရောင်လေးတွေက
Brown
Dark Brown
Black
သုံးရောင်ရပါမယ်နော်
price 2500
09797566143
ဆိုင်မှာလဲလာဝယ်နိုင်သလို
#မှာယူချင်ဆိုရင်တော့ Page messenger (or) 09797566143ကို ဆက်သွယ်မှာယူနိုင်ပါတယ်ရှင်
#လှစေချင်လွန်းလို့
credit
17/11/2021
စုနေလဲ ကုန်မှာပဲ
လူသားဆန်လိုက်
05/11/2021
💐ညအိပ်ရင် ဆံပင်ကို စည်းအိပ်သင့်သလား ❓❓
💛တစ်နေ့တာလုံးမှာ အလုပ်တွေကို ပင်ပင်ပန်းပန်း လုပ်ပြီးတဲ့အခါ အိမ်ပြန်ရောက်ပြီဆိုရင် ဆံပင်ကို ခပ်မြင့်မြင့်လေးစည်း ဒါမှမဟုတ် ခပ်မြင့်မြင့်လေးထုံးပြီး ရေချိုး အနားယူပြီး ဒီအတိုင်း အိပ်ရာဝင်လိုက်တယ်ဆိုတဲ့ လေဒီလေးတွေ ရှိလား။
💛 မျက်နှာကို ဆံပင်တွေ ထိမိရင် ဝက်ခြံ ဖြစ်မှာလည်း စိုးတယ်။ ဆံပင်တွေနဲ့ လုံးထွေးပြီးလည်း မအိပ်ချင်လို့ပါ။ မနက်နိုးလာရင် ဆံပင်တွေ ရှုပ်ပွနေမှာကို မကြိုက်ဘူးလေဆိုတဲ့ အကြောင်းအမျိုးမျိုးနဲ့ ဆံပင်ကို အိပ်ရာမဝင်ခင်မှာ စည်းပြီးမှ အိပ်တယ်၊ ထုံးပြီးမှ အိပ်တယ် ဆိုရင်တော့ ဒီဆောင်းပါးလေး ဖတ်ကြည့်ဖို့ လိုနေပါပြီ။
❎ညအိပ်တဲ့အခါ ဆံပင်စည်း မအိပ်သင့်ပါ❎
ညဘက် အိပ်တဲ့အခါ ဆံပင်စည်း မအိပ်သင့်ပါဘူး။ ဒီလိုပြောရတာက ဆံပင်ကို တင်းနေအောင် စည်းတာက ရေရှည်မှာ ဆိုးကျိုး များလို့ပါ။ နေ့ခင်းဘက်မှာ ကိုယ်တိုင်က ဆံပင်ချ ထားရတာကို မကြိုက်တာကြောင့်ဖြစ်ဖြစ်၊ အလုပ်ခွင် လိုအပ်ချက်ကြောင့်ဖြစ်ဖြစ် ဆံပင်ကို ခပ်တင်းတင်း စည်းနှောင်ထားတာက ဆံသား နဲ့ ဦးရေပြား ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။
♥ညအိပ်တဲ့အခါ ဆံပင်ကို ဖြန့်ချပြီး အိပ်တာက အသင့်တော်ဆုံးပါ။ ဆံပင်တွေကို လေဝင်လေထွက် ကောင်းစေသလို ဆံပင်ကျွတ်တာ၊ ဆံပင်အမြစ်တွေ ထိခိုက်တာ၊ ဦးရေပြား သွေးစီးဆင်းမှုကို ထိခိုက်တာမျိုးတွေ မဖြစ်အောင် ကာကွယ်ပေး နိုင်တာကြောင့်ပါ။ ဆံပင်တွေ ကျိုးပျက်တာ၊ ပြတ်ထွက်တာတွေ မဖြစ်စေဖို့လည်း အထောက်အကူ ပေးနိုင်မှာပါ။
♥ဆံပင်ကို ချပြီး မအိပ်ချင်ဘူးဆိုရင်တော့ ဆံပင်ကို ခပ်ဖွဖွလေး စည်းထားတာမျိုး၊ ကျစ်ဆံမြီး ကျစ်အိပ်တာမျိုး လုပ်ပေးလို့ ရပါတယ်။ ဆံပင်ကို စည်းတယ်ဆိုတဲ့ နေရာမှာလည်း သားရေကြိုးတွေ၊ သတ္တုကြိုးတွေနဲ့ စည်းမယ့်အစား အဝတ်စထဲမှာ သားရေကြိုး ခပ်ပျော့ပျော့လေး ထည့်လုပ်ထားတာမျိုး နဲ့ စည်းပေးပါ။ အပွင့်အခက်တွေ၊ ကျောက်တွေ ကပ်ထားတာမျိုး မဟုတ်ဘဲ ရှင်းရှင်းလေး ဖြစ်တာမျိုး နဲ့ ခပ်လျော့လျော့လေး စည်းပေးပါ။
♥နောက်ဆုံး သတိထားရမှာ တစ်ချက်က ညအိပ်ရာမဝင်ခင်မှာ ဆံပင်ကို အာဟာရ ဖြည့်ပေးနိုင်မယ့် အဆီတစ်မျိုးမျိုးကို ခပ်ပါးပါးလိမ်းလို့ ဆံပင်ကို သေချာလေး ဖြီးသင် ပေးဖို့ပါ။ ဒီလိုလုပ်ပေးတာက ဆံသားကို ကျန်းမာစေနိုင်သလို ဦးရေပြားကိုလည်း သွေးစီးဆင်းရောက်ရှိမှု ကောင်းမွန်စေတာကြောင့် ဆံသားနဲ့ ဦးရေပြားပြဿနာတွေ ဖြစ်ကြတဲ့ ဆံပင်ကျွတ်တာ၊ ဆံပင်အရှည်နှေးတာ၊ ဆံပင်ပါးတာ၊ ဆံပင်ဖြူတာ၊ ဗောက်ထတာ လိုမျိုး ပြဿနာတွေကို ကင်းစေမှာပါ။
♥ညအိပ်တဲ့အခါ ခန္ဓာကိုယ် သက်သောင့်သက်သာဖြစ်ပြီး ကောင်းမွန်စွာ အိပ်ပျော်စေဖို့ အဝတ်အစားကို ချည်သား ပွပွချောင်ချောင်လေးတွေ ဝတ်ဆင်ရသလို ဆံသားကိုလည်း လေဝင်လေထွက် ကောင်းစေဖို့ ဖြန့်ထားတာ၊ ခပ်ဖွဖွလေး စည်းပေးတာ၊ ကျစ်ဆံမြီး ကျစ်တာတွေ လုပ်ပေးပါ။ ဒါမှ ကောင်းမွန်ပြည့်ဝတဲ့ အိပ်စက်မှုကို ရရှိပြီး အသားအရေရော စိတ်ကျန်းမာ ကိုယ်ကျန်းမာမှာ ဖြစ်သလို ဆံသားလည်း ကျန်းမာ လှပစေမှာပါနော်. .
20/10/2021
🌟 ✨💘သီတင်းကျွတ်ရာသီမှာ🎵 ✨
✨🌵 ကျန်းမာခြင်း⛵🎏 ✨
✨💐 ချမ်းသာကြွယ်ဝခြင်း🚀 ✨
✨🌷 ပျော်ရွှင်ခြင်း🌅 🎆 ✨
✨🍀ချစ်သူခင်သူပေါများခြင်း🌈 🎑 ✨
✨🌺စိတ်နှလုံးချမ်းမြေ့ခြင်း😄 💪 ✨
✨🌻 ကြံစဉ်သမျှအောင်မြင်ခြင်း🎉 🎯 ✨
✨🌹အလှူရေစက်လက်နှင့်မကွာ လှူတန်းနိုင်ခြင်း🙏 🎇 ✨
✨💐 လာဘ်လာဘကြွယ်ဝခြင်း 💰 ✨🌷 🎎 ✨
✨☀ 🙌 🈵 ✨ဝါကျွတ်အချိန်အခါမှာ ပြည့်စုံပါစေကြောင်း
✨💵 ရောင်းအားများလည်း အများကြီး တိုးတက်ပါစေကြာင်း💵✨
✨🌸 ဆုမွန်ကောင်းခြွေပါတယ်👏 🎰 ✨🌺 🉐 ☀✨🍀 🎐 👍 ✨
ပျော်ရွှင်စရာ သီတင်းကျွတ်ဖြစ်ပါစေ 🎁🎁
16/10/2021
#သံပုရာသီးအကြောင်းသိကောင်းစရာ
🍏🍏🍏🍏🍏🍏🍏🍏🍏🍏🍏
သံပုရာသီးဟာ သွားကို ဖြူစေပါတယ်။ သံပုရာသီးအခွံကိုဆား (တကော်စာ)နဲ့ ရောပြီး ပွတ်ပေးရင်သွားကို ဖြူစေရုံတင်မကဘူး။ တောက်ပစေပါတယ်။ ခံတွင်းအနံ့ မကောင်းတာလည်း ပျောက်စေပါတယ်။ သွားကိုက်နေရင်လည်း သံပုရာရည်နဲ့ ပလုတ်ကျင်းပေးပါ။
*နှုတ်ခမ်းကွဲခြင်း*
မျက်နှာလိမ်းခရင်မ်တစ်ဇွန်း (လက်ဖက်ရည်သောက်ဇွန်း) နဲ့ လိမ္မော်ရည်၊ ပျားရည်တို့ကို ရောစပ်ပြီး လိမ်းပေးပါ။ တစ်ပတ်လောက် လိမ်းရုံနဲ့ သိသာ ထင်ရှား ပျောက်ကင်း သွားပါလိမ့်မယ်။
*ဆံပင်ကျွတ်ခြင်း*
အုန်းရည်လေးဇွန်း (စားပွဲတစ်ဇွန်း)နဲ့ သံပရာရည်တို့ ရောစပ်ပြီး တစ်ပတ်တစ်ခါလောက် လိမ်းပေးရင် ဆံပင်ကျွတ်တာ ပျောက်ကင်း စေပါတယ်။
*ဦးရေပြား ယားယံခြင်းနှင့် ဗောက်၊ ဒက်ပျောက်ဖို့အတွက်*
ကြက်ဥအကာရည်နှင့် သံပရာရည် (သံပုရာသီးတစ်လုံးစာ) တို့ရောပြီး ဆံနွယ်အမြစ်ကနေ လိမ်းပေးပါ။ တစ်နာရီခန့်ကြာမှ ရေနဲ့ ပြန်ပြီးဆေးကြောပေးပါ။
တစ်လလောက် လုပ်ပေးရုံနဲ့တင် ဦးရေပြားသန့်ရှင်းပြီး ဗောက်၊ ဒက်တို့ ကင်းစင်သွားပါလိမ့်မယ်။
*အသားအရေခြောက်သွေ့ခြင်းအတွက်*
ငှက်ပျောသီးမှည့်တစ်လုံးကိုယူပြီး ချေပေးပါ။ ပြီးရင်တော့ လတ်လတ်ဆတ်ဆတ် သံပုရာရည် တစ်စက်နှစ်စက်နဲ့ ချေထားတဲ့ ငှက်ပျောသီးတို့ကို ရောစပ်ပေးပါ။
ပြီးရင်တော့ မျက်နှာနဲ့ လက်ကို လိမ်းပေးရမှာ ဖြစ်ပါတယ်။ အသားအရေကို ချောမွေ့ သန့်ရှင်း စေပါတယ်။
နောက်တစ်နည်းကတော့ ပျားရည်တစ်ဇွန်း (လက်ဖက်ရည်ဇွန်း) ကို ဟင်းသီးဟင်းရွက် ဆီနဲ့ရောပေးပါ။ ပြီးရင် သံပုရာရည်တစ်စက် လောက်နဲ့ ထပ်ရောပြီး လက်တွေ၊တံတောင်ဆစ်တွေ၊ ခြေဖနောင့်တွေနဲ့ ကြမ်းထော်နေတဲ့
နေရာတွေကို လိမ်းပေးပါ။ လိမ်းပြီးရင် ဆယ်မိ နစ်လောက် စောင့်ပေးပါ။ သံပုရာသီးဟာ အရေပြား အလှအပအတွက် အကောင်းဆုံးပေးစွမ်းစေနိုင်တဲ့ သစ်သီးပဲ ဖြစ်ပါတယ်။ အထူးသ ဖြင့် ဝက်ခြံနဲ့ ယားနာတွေကို ပျောက်ကင်းစေတဲ့ သတ္တိရှိပါတယ်။ မှဲ့ခြောက်တွေကိုလည်း ပျောက်ကင်းစေပါတယ်။ သံပုရာရည်နဲ့သာ လိမ်းပေးရမှာ ဖြစ်ပါတယ်။
*အဆီပြန်တဲ့အသားအရေပိုင်ရှင်များအတွက်*
သံပုရာရည်နှစ်ဇွန်း (လက်ဖက်ရည်ဇွန်း)၊ နနွင်းမှုန့် ဇွန်းဝက်ခန့် (လက်ဖက်ရည်ဇွန်း) တို့ကိုယူပါ။ သင်္ဘောသီးစိတ်ကိုချေပြီး ပျော့ဖတ် သဖွယ် ရအောင်လုပ်ပါ။ ယင်းသင်္ဘောသီး ရည်ကို သုံးဇွန်းခန့် ယူပါ။ အားလုံးကို ရောစပ်ပြီး မျက်လုံးကလွဲရင် မျက်နှာတစ်ပြင်လုံးကို လိမ်း ပေးရမှာ ဖြစ်ပါတယ်။ လိမ်းပြီး မိနစ် ၂၀ ခန့်ကြာအောင် စောင့်ပေးပါ။ ပြီးမှ ရေနဲ့ တစ်ဖန် ပြန်ဆေးကြောပေးပါ။
*တံတောင်ဆစ်မည်းခြင်းအတွက်*
သံပရာသီးအခွံနဲ့ ပွတ်ပေးပါ။ ပြီးရင်ရေနဲ့ ဆေးပေးပါ။ နည်းနည်းတော့ကြာပေမယ့် အရေပြားကို သန့်စင်သွားပြီး တောက်ပြောင်ဝင်း လက်လာ ပါလိမ့်မယ်။ တချို့ အသားအရေ
တွေဟာ မှောင်မှောင်မှိုင်းမှိုင်းနဲ့ ခြောက်ခြောက်သွေ့သွေ့ဖြစ်နေတတ်ပါတယ်။ အရောင်အဝါ လင်းလက်ချင်တယ် ဆိုရင်တော့ လတ်လတ်ဆတ်ဆတ် သံပုရာသီး တစ်လုံးရဲ့ အရည်နဲ့ မျက်နှာမကျန် ခန္ဓာကိုယ် အနှံ့ အိပ်ရာမဝင်ခင် ပွတ်လိမ်းပေးပါ။ မနက်ကျမှ ရေချိုးပေးပါ။ အရေပြားကို တောက်ပြောင်ရွှန်းလဲ့စေပြီး နူးညံ့စေပါတယ်။ အိပ်ရတာ စေးထန်းထန်းနဲ့ မအိပ်ချင်ဘူးဆိုရင်တော့ ရေချိုးတဲ့အခါမှာ ချိုးမယ့်ရေထဲ သံပုရာရည်တစ်ခွက်
တစ်ဝက်ခန့် ထည့်ပြီး အဲဒီ့ရေနဲ့စိမ်ချိုးပေးပါ။
*လက်သည်းဆေးစွန်းတာ ဖျောက်ချင်ရင်*
သံပုရာသီးစိတ် (သို့) သံပရာရည်ကို ရေထဲရောပြီး လက်ကိုစိမ်ပေးပါ။ လက်သည်းမှာ ပေနေတဲ့ အစွန်းအထင်းတွေကို ချက်ခြင်းချေ ချွတ်ပေးသွား ပါလိမ့်မယ်။ပြီးသွားရင် လက်သည်းကို ပြန်ဆိုးမယ်ဆိုရင်လည်း ပိုပြီးတောက်ပြောင်လာပါလိမ့်မယ်။သံပုရာရည်ထဲ လက်သည်း ခြေသည်းကို ဆယ်မိနစ်ခန့် စိမ်ပေးပါ။ ပြီးလို့ရှိရင် ဘရက်ရ်ှနဲ့ လက်သည်း၊ ခြေသည်းကို ပြန်ပွတ်တိုက်ပေးပါ။ ပြီးမှ ရေနွေး နွေးနဲ့ ဆေးကြောပေးပါ။ ဒီနည်းဟာ လက်သည်းကို သန်စွမ်းစေပြီး တောက်ပြောင်စေပါတယ်။ ဖြစ်နိုင်ရင် ဗင်နီဂါဖြူ ဇွန်းဝက်ခန့်နဲ့ ရေနွေး
တစ်ဝက်တို့ ရောပြီး ဘရက်ရ်ှနဲ့ တိုက်ပေးရင် ပိုကောင်းပါတယ်။
*ခြေထောက်*
သံပုရာရည်တစ်ခွက်စာ (ကော်ဖီခွက်တစ်ခွက်စာ)၊ သစ်ဂျပိုး(အနံ့အတွက်)၊ သံလွင်ဆီ နှစ်ဇွန်း (စားပွဲတင်ဇွန်း)၊ နွားနို့လေးပုံတစ်ပုံ (ခွက်တစ်ခွက်)၊ ရေသန့် (ရေကို သင့်တော်သလို ထည့်နိုင်ပါတယ်၊ အနည်း၊ အများ အရေးမကြီးပါ) တို့ရောစပ်ပေးပါ။ တကယ်လို့ သစ်ဂျပိုး မသုံးချင်ဘူးဆိုရင် တခြားအနံ့ ပစ္စည်းတို့ သုံးနိုင်ပါတယ်။ နှင်းဆီပွင့်ချပ် တို့ဖြင့်လည်း အစားထိုး အသုံးပြုနိုင်ပါတယ်။ အားလုံးရောစပ်ပြီးရင်တော့ အဲဒီဆအရည်ကို ခြေထောက်စိမ်ပေးရမှာ ဖြစ်ပါတယ်။ ပြီးသွားမှ ရေနဲ့ ဆပ်ပြာ (Mild) နဲ့ သေချာဆေးကြောသန့်စင်ပေးပါ။ တစ်ပတ်လောက်လုပ်ကြည့်လိုက်တာနဲ့ ခြေထောက် အသားအရေဟာ သိသိသာသာချောမွေ့လာပါလိမ့်မယ်။
*နွေအပူမှာ ချွေးဆုနေခြင်းအတွက် အကောင်းဆုံးသစ်သီး*
ပူပြင်းခြောက်သွေ့တဲ့နွေရာသီလို ဥတုမျိုးမှာ ချွေးထွက်သက်သာအောင်ပဲ ဖြစ်ဖြစ်၊ ရင်ပူသက်သာအောင်လုပ်ဖို့ပဲ
ဖြစ်ဖြစ်သံပုရာသီးရည်ကိုပျားရည်တစ်ဇွန်းနဲ့ရောပြီး သောက်ပေးပါ။ သွေးလေလည်ပတ်မှုကို ကောင်းမွန်စေရုံမျှမက ချွေးထွက်ခြင်းကိုလည်း သက် သာစေပါတယ်။ သံပုရာသီးထဲမှာ ပါရှိတဲ့ ဂလူးကိုစ့်နဲ့ သတ္တုဓာတ်တွေကြောင့် ခန္ဓာကိုယ်ကို ချွေးထွက်ခြင်းမှ ကာကွယ်ပေးတဲ့အပြင် အေးမြအောင်လည်း စွမ်းဆောင်ပေးပါတယ်။
လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ဂျာနယ်တစ်စောင်မှာ ဒီဆောင်းပါးကို ဖတ်မိရင်း အော် သံပုရာသီးရဲ့ ကောင်းကျိုးက ဒီလောက်ရှိနေတာ၊ နောက်ပြီး နေရာတိုင်းမှာလည်း သံပုရာ သီးကို လွယ်လွယ်ကူကူ ရနိုင်တယ်၊ ရေးကူးထားမှပဲ ဆိုပြီး ဒိုင်ယာရီထဲမှာကို ကူးထားပြီး သွားလေရာကို ယူသွားတတ် ပါတယ်၊ အခုတော့ ဘာရယ်မဟုတ်၊ ကျမ္မာရေး လိုက်စား သူ တွေအတွက် တစုံတခု အသုံးတည့်မယ် ထင်လို့ မှတ်တမ်း အဖြစ် တင်ပြလိုက်ပါတယ်...
၁။သံပုရာရည်ကို သောက်ခြင်းအားဖြင့် မောပန်းနွမ်းနယ်မှုကို ပြေစေပြီးလူ၏ခန္ဓာကိုယ်တွင် ဖြစ်ပွားတတ် သော အထူးသဖြင့် ၀မ်းဗိုက်တွင် ဖြစ်ပေါ်တတ်သော ရောဂါများကို ကာကွယ်နိုင်ပါတယ်။
၂။ သံပုရာရည်ကို သကြားအနည်းငယ်ထည့်ကာ များများ သောက်ပေးပါက အစာအဆိပ်သင့်ခြင်း၊ အရက်မှ ဖြစ်သော အဆိပ်၊ ဘိန်းမူးလွန်နာ စသည်များကို ပျောက်ကင်းစေသည်။
၃။ ထမင်းစားပြီးနောက် အော့အန်ခြင်း ဖြစ်တတ်လျင် လပ်ဆတ်သော သံပုရာရည်ကို သောက်ရပါမည်။
၄။ သံပုရာရည်ကို သကြားခတ်၍ သောက်ပါက ခန္ဓာကိုယ်တွင်အဆီများ၍ ချောင်းဆိုးခြင်း၊သည်းခြေအားနည်းခြင်း၊ ကိုယ်လက် အဆစ် အမြစ် ကိုက်ခဲခြင်းများ ပျောက်ကင်းစေပါတယ်။
၅။သံပုရာရည်တွင်သကြားခတ်ကာနံနက်/ညတကြိမ်စီ သောက်ပေးပါက သွားမှ သွေးယိုစီးခြင်းကို ပျောက်ကင်းစေသည်။
၆။ သံပုရာဖျော်ရည်ကို နေ့စဉ်သောက်ပေးပါက အထိုင်အထ လုပ်စဉ် ဖြစ်တတ်သော မူးဝေခြင်း၊ မိုက်ကနဲ ဖြစ်ခြင်း များကို ပျောက်ကင်းစေသည်။
၇။ သံပုရာသီးအစိမ်း၏ အခွံကို စားပေးပါက လေနာ/ ရင်နာ များ ပျောက်ကင်းစေသည်။
၈။ ယားနာ ပွေးနာ၊ အရေပြားတွင် အမည်းကွက်များ ပေါ်လာခြင်း ၊ အမွှေးများ ကျွတ်ခြင်း ဖြစ်ပါက သံပုရာခြမ်း နှင့် ပွတ်တိုက်ပေးရပါမည်။
၉။ သံပုရာသီး သနပ်ကို ထမင်းနှင့် နေ့စဉ်စားသုံးပါက သရက်ရွက် ကြီးသော ရောဂါကို ပျောက်စေသည်။
၁၀။ သံပုရာရည် နွေးနွေးကို ပျားရည်နှင့် ရောစပ်ကာ တနေ့ နှစ်ကြိမ်မျှ လျက်ပေးပါက လည်ချောင်းနာခြင်းကို ပျောက်စေသည်။
၁၁။ သံပုရာသီးတစ်လုံးကို မီးကျွမ်းအောင်ဖုတ်ကာ လေးညှင်းတပွင့်နှင့် ထည့်ကျိတ်ပြီး သွားဖုံးရင်းတွင်သိပ်ပေးသော် သွားကိုက် သွားနာ ပျောက်ကင်းစေပါသည်။
၁၂။ ဆီးဆေးဖြူ ( တိုင်းရင်းဆေးခန်းသုံး ဆေးအမှတ် ၂၁ ) နှင့် သံပုရာရည်ကို ဖျော်၍ သောက်ပေးပါက ဆီးအောင့်ခြင်း ဝေဒနာကို ပျောက်စေသည်။
၁၃။ သံပုရာခေါက်ကို နံနက် ည တစ်ကြိမ်စီ ရေနှင့် ကြိုချက်ကာ သောက်ပေးပါက အဖျား ပျောက်ကင်းစေသည်။
၁၄။ သံပုရာခေါက် ၅ ကျပ်သား၊ ရေ ၇၅ ကျပ်သားနှင့် ထက်၀က်ခန့် ကျို၍ တစ်ခွက်စာ (၂ ကျပ်သားခန့်မျှ) တနေ့ ၂ ကြိမ် သောက်ပေးပါက မပြတ်နိုင်သော အဖျားရောဂါများ ပြတ်သွားနိုင်သည်။
၁၅။ အစာမကြေ၊ လေထိုး၊ လေအောင့်၊ လေပြည့် ဖြစ်နေခဲ့သော် ဂျင်းခြောက်မှုန့် ၂ ပဲ၊ သိန္ဓော ၄ ပဲ ကို အမှုန့်ထောင်း၍ သံပုရာရည်နှင့် ဖျော်ကာ တနေ့ သုံးကြိမ် သောက်ပေးပါက ပျောက်ကင်းစေနိုင်သည်။
၁၆။ သံပုရာဖျော်ရည် ချိုချိုကို သောက်ပေးခြင်း၊ သံပုရာရည် နှင့် ဆားမီးဖုတ်ကို လျက်ပေးခြင်းဖြင့် နှလုံးတုန်ခြင်း၊ ရင် ခုန်ခြင်း၊ မူးဝေ မောပန်းခြင်း များကို သက်သာပျောက်ကင်းစေသည်။
၁၇။ မူးလျင် သံပုရာသီးကို ရှုပေးပါ၊ ရွဲ့စောင်းသော လေငန်းရောဂါများ၊ အာလေး လျှာလေး၍ စကားမပီသသောသူများ ပုံမှန် သံပုရာသီးတစ်လုံးကို ငုံထားသင့်ပါသည်။
၁၈။ ခေါင်းတွင် ပေါက်တတ်သော ဒက်များ၊ ဘောက်များ ရှိနေပါက သံပုရာသီးအခွံနှင့် ခေါင်းကို ပွတ်တိုက်ပေးရပါမည်။ ယားယံသော နေရာများကိုလည်း ပွတ်တိုက်နိုင်ပြီး အမျိုးသမီးများအတွက် သံပုရာသီးအခွံကို ခေါင်းလျော်ရည်တွင် ထည့်ကာ ခေါင်းလျော်နိုင်ပါသည်။
၁၉။ သံပုရာအစေ့ကို ကြိတ်ကာ ချက်မှာ အုံပြီး ၄င်းအပေါ်၌ ဆန်ဆေးရည်ကို အနည်းငယ် ဆွတ်ဖြန်းပေးပါက ဆီး ရွှင်စေပါတယ်။
၂၀။ သံပုရာချဉ် ပြုလုပ်၍ ထမင်းစားတိုင်း စားသုံးပေးပါက လေကြောင့်ဖြစ်ရသော သွက်ချာပါဒ၊ လေငန်း၊ လေထိုး၊ လေအောင့်၊ အစာအိမ်ရောဂါ မှန်သမျှကို ကာကွယ်နိုင်သော အထူးစိတ်ချရသော အာဟာရ တစ်မျိုး ဖြစ်ပါသည်။
( ကြည်ကြည်ခင်၊ တိုင်းရင်းဆေး )
စာရေးသူ အထင်တော့ သံပုရာသီးဟာ ၀မ်းဗိုက်နဲ့ ပက်သက်တဲ့ ရောဂါမှန်သမျှ၊ လေနဲ့ ပက်သက်တာ မှန်သမျှကို ကာကွယ်နိုင်ပါတယ်၊ သူ့ရဲ့ ဘေးထွက်ဆိုးကျိုးကို မမြင်မိသလိုပဲ၊ ချွင်းချက်အနေနဲ့ တနေ့ကို ( ၃ ) လုံးထက် ပိုစား မိရင် တော့ အစာအိမ် အချဉ်ပေါက်တဲ့အနာမျိုး ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။
ပိန်နေသူများ ဝစေသည်။
ရှေးရှေးသော ဆရာတော်ကြီးများကတော့ ညနေပိုင်းမှာ သံပုရာသီး( ၁) လုံးနှင့်၊ ပျားရည် ထမင်းစားဇွန်း ( ၃ ) ဇွန်းလောက်ကို ဖန်ခွက်ကြီး တခုထဲမှာ ထည့်ပြီး ရေနွေးအဖြူနှင့် သမအောင် မွှေကာ သကြားအနည်းငယ်ထည့်ပြီး
သောက်လေ့ရှိခဲ့ကြတယ်၊ ရောဂါ မျိုးစုံကို ကာကွယ်နိုင်သလို၊ ညနေပိုင်းမှာလည်း ဗိုက်မဆာတော့ဘူး၊ သံပုရာက လေကို နိုင်သလို ပျားရည်ကလဲ ၀မ်းတွင်းကလီစာများကို ဆေးကုပေးတတ်တယ်၊ စားကောင်း အိပ်ပျော်၊ ဆီးမှန် ၀မ်းမှန် ဖြစ်ပြီး လူကိုလဲ ဝဖြိုးစေတယ်။ အသားအရေကိုလည်း ကြည်လင်စေတယ်။
အထူးသဖြင့် အစာအိမ်သမားများအတွက် ပျားရည်ဟာ အသင့်လျော်ဆုံး ဆေးကောင်းပါ။ ပျားရည်က အစာအိမ်နာကြောင့် အစာအိမ်နံရံမှာ ဖြစ်ပေါ်နေတဲ့ အနာများကို ကျက်စေပါတယ်။ စတုမဓူဟာလဲ အစာအိမ်အတွက်
တော်တော် ကောင်းမွန်တဲ့ ဆေးစွမ်းတစ်လက်ပါပဲ။
ဒီနေရာမှာ ကိုယ့်ကိုယ်ကို ပိန် လွန်းလို့ စိတ်ညစ်နေသူများ၊ ၀ချင်သူများ အထက်ပါနည်းကို ပုံမှန်လေး သောက်ပေး ကြည့်ပါ။ မယုံမရှိပါနဲ့၊ ကိုယ်တွေ့ပါပဲ။ စာရေးသူ မြန်မာပြည်မှာ ရှိနေစဉ်က ညနေပိုင်းမှာ အထက်ပါနည်းကိုပဲ စွဲစွဲမြဲမြဲ သောက်လာပြီး ၂ လလောက်လည်း နေရော၊ ခန္ဓာကိုယ်ပေါင်ချိန်က ( ၂၀ ) လောက် တက်လာလို့ ဆက်မသောက်ရဲတော့ဘူး။ အစား လျော့စားပေးရင်တော့ ကိုယ်အလေးချိန် သိပ်မတက်နိုင်ပါဘူး။
၀နေသူကို ပိန်စေသည်။
၀လွန်းလို့ ပိန်ချင်သူများကတော့ ပျားရည် နှင့် မသောက်ပဲ သံပုရည်သက်သက် သောက်တာ ကောင်းပါတယ်။ အထူးသဖြင့် သံပုရာရည်သောက်ပြီးလျှင် ၀မ်းဗိုက်အတွင်းက ဟာနေတဲ့ အတွက် ညနေစာကို ဝိတ်ချတာကို သတိမေ့ပြီး စိတ်ကြိုက် စားလေ့ရှိကြပါတယ်။ အဲဒီမှာ ဘရိတ်မရှိလေတော့ ခန္ဓာကိုယ်က ပိန်မလာပဲ ဝမြဲ ဝနေတာမျိုး ဖြစ်တတ်ပါတယ်။ အဲဒီလို အစား မလျှော့ရင်လည်း စားလိုက်သမျှ အာဟာရက ခန္ဓာကို အကျိုးပြုစေတာမို့ သတိထားစရာပါပဲ။ အထူးသဖြင့် သံပုရာရည် သောက်ထားလေတော့ ၀မ်းဗိုက်က ရှင်းလင်းထားသလို ဖြစ်ပြီး ပိုစားနိုင်လာတတ်တယ်။ ဒါဆိုရင်တော့ ရည်ရွယ်ချက်ပြည့်ဖို့ ခဲယဉ်းသွားပါလိမ့်မယ်။ အခုခေတ်ပေါ်နေတဲ့ ပိန်ဆေးတွေက ဘေးထွက်ဆိုးကျိုးတွေ အများကြီး ရှိတာကို ဆရာ၀န်တိုင်းက ထောက်ခံထားကြပါတယ်။ သံပုရာကတော့ မရှိသလောက်ပါပဲ။ သံပုရာကို လိုသလို အသုံးချနိုင်ကြပါစေလို့ တင်ပြရင်း ..
ရောက်လေရာတွင် သံပုရာ ဆောင်ထားလျှင် ကျမ္မာပကတိ ချမ်းသာစွာ ရှိနိုင်ပါကြောင်း စေတနာစကား ပါးလိုက် ပါရစေတော့…
ဗိုက်ခေါက်ထူ/ဗိုက်ပူလို့ အလှပျက်နေသူများအတွက်
မိန်းခလေးပဲဖြစ်ဖြစ် ယောင်္ကျားလေးပဲဖြစ်ဖြစ်... အလှအပကို မြတ်နိုးတတ်ကြတာ... သဘာ၀ပါ... ဒါ့ကြောင့် ဗိုက်ခေါက်ထူ/ဗိုက်ပူပြီး အဆီများနေသူတွေအတွက်... လက်တွေ့... ၇ ရက်အတွင်း... သိသိသာသာ ဗိုက်ချပ်ပြီး အဆီကျစေတဲ့ဆေးနည်းလေးကို မျှဝေလိုက်ပါတယ်...
ဆေးနည်းက အလွန်လွယ်ပြီး အကုန်အကျလည်း အလွန်သက်သာပါတယ်... အိမ်မှာရှိတတ်တဲ့ ပစ္စည်းလေးတွေကို ရောစပ်ပြီး အသုံးပြုရမှာပါ..
ပါ၀င်တဲ့ ပစ္စည်းတွေကတော့... သံပုရာသီး၊ အုံးဆီ၊ ဆေးပူ(ဒဏ်ကြေလိမ်းဆေး) တို့ကို တစ်ခါလိမ်းရုံ... ရောစပ်ပြီး လိမ်းပေးရမှာပါ...
ဖေါ်စပ်နည်း
သံပုရာသီး တစ်လုံးရဲ့ ၅ ပုံ တစ်ပုံလောက်ကို လှီးပြီး... အကြမ်းပုဂံလုံးထဲကို အရည်ညှစ်ပါ...
အကြမ်းပုဂံလုံးထဲသို့ အုံးဆီ သုံးလေးစက်လောက် ထည့်ပေးပါ... ထို့နောက် .... ဂဠုန်ရာဇာ/မိဂသီ/ရှမ်းရိုးမ/လင်ဇီး(လိမ်းထေည့်ဆး)တစ် မျိုးမျိုးကို တစ်ခါလိမ်းစာ အနေတော်ထည့်ပြီး... မွှေပေးပါ...
အသုံးပြုနည်း
ညအိပ်ယာ၀င်ခါနီးတိုင်း......
ဆေးကို ရင်ခေါင်းမှ ၀မ်းဗိုက်သို့ အထက်မှအောက်သို့ ဆွဲချပြီး အသားထဲစိမ့်၀င်အောင် ပွတ်လိမ်းပေးပါ... ခါးတွင်အဆီရှိပါက ခါးမှ ချက်သို့ ပွတ်လိမ်းပေးနိုင်ပါတယ်...
တစ်ပါတ်အတွင်း သိသာစွာ... ဗိုက်ချပ်လာသည်ကို... လက်တွေ့... တွေ့မြင် ခံစားရမှာပါ...
မှတ်ချက်- ညစာကို ပုံမှန် ထက်... လျှော့စားပေးရင်... ပိုပြီး သိသိသာသာ ဗိုက်ချပ်စေပါတယ်...တစ်ပါတ်အတွင်း သိသိသာသာ အဆီနှင့် အခေါက်များ လျှော့ကျသွားမှာဖြစ်ပါတယ် .........
----------------------------------------------------------
credit .
#အထွေထွေဗဟုသုတ -------------------------------------------------------
Click here to claim your Sponsored Listing.
Category
Website
Address
Tamwe
