Euavdo Professional Hair Care Series

Euavdo Professional Hair Care Series

Share

Hair Care Products

17/06/2026

ဆံသားကို Essence လိမ်းချင်ပေမဲ့ အဆီပြန်ပြီး ကပ်စေးကပ် ဖြစ်မှာ စိုးရိမ်နေလား? 🫣

စေးကပ်မှု လုံးဝမရှိဘဲ ခေါင်းဖြီးရတာ ပေါ့ပါးလန်းဆန်းနေမယ့် ခံစားချက်ကို 09 Essence လေးနဲ့အတူ အခုပဲ ပြောင်းလဲ ခံစားလိုက်ပါ။ ☁️✨

✨ Argan Oil၊ Avocado Oil နဲ့ Olive Oil အနှစ်နဲ့ Collagen ဓာတ်တို့ ပေါင်းစပ်ထားလို့ ပျက်စီး၊ ကျိုးကြေ၊ ခြောက်သွေ့နေတဲ့ ဆံသားတွေကို မြန်မြန်ဆန်ဆန် သက်သာစေတယ်။

✨ Conditioner သို့မဟုတ် Hair Mask နဲ့ တွဲဖက်သုံးနိုင်လို့ ဆံသားအာဟာရ စုပ်ယူမှုကို (၂) ဆ မြှင့်တင်ပေးပြီး ပျက်စီးမှုကို အမြန်ဆုံး ပြုပြင်ပေးတယ်။

✨ ခေါင်းမလျှော်ခင် ဦးရေပြားကို နှိပ်နယ်ပေးရုံနဲ့ အဆီနဲ့ အညစ်အကြေးတွေကို သန့်စင်ပေးပြီး တစ်နေကုန် ပေါ့ပါးလန်းဆန်းစေတယ်။
⏰ စေးကပ်မှု လုံးဝမရှိဘဲ ခေါင်းဖြီးရတာ ပေါ့ပါးလန်းဆန်းနေဖို့ EUSHIDO 09 Essence လေးနဲ့အတူ အခုပဲ ပြောင်းလဲလိုက်ပါ။

15/06/2026

ပျက်စီးနေတဲ့ ဆံကေသာကို အမြန်ဆုံး ကယ်တင်မယ့် နည်းလမ်း (၄) သွယ်💆‍♀️💡

တောက်ပတဲ့ ဆံကေသာကို ပြန်ရနိုင်မယ့် နည်းလမ်းကောင်းတွေကို မျှဝေပေးလိုက်ပါတယ်။ 👇

၁။ အာဟာရနှင့် ရေဓာတ်ဖြည့်ပါ💧
တစ်ပတ် (၁-၂) ကြိမ် Hair Mask/Treatment ပုံမှန်သုံးပေးပြီး ခေါင်းလျှော်ပြီးတိုင်း ဆံသားအစိုဓာတ်အတွက် Hair Serum လိမ်းပေးပါ။

၂။ ခေါင်းလျှော်တဲ့ အလေ့အကျင့် ပြောင်းပါ🧴
သဘာဝအဆီဓာတ် ခမ်းခြောက်စေတဲ့ Sulfates ပါတဲ့ ခေါင်းလျှော်ရည်နဲ့ ရေနွေးပူပူတွေကို ရှောင်ပါ။

၃။ အပူဒဏ်နဲ့ ဓာတုပစ္စည်း ရှောင်ပါ🚫
ဆံပင်အပြင်းအထန် ပျက်စီးနေချိန်မှာ ဆိုး၊ ကောက်၊ ဖြောင့်၊ Bleach လုပ်တာတွေ ခေတ္တနားထားပါ။ အပူပေးစက်သုံးရင်လည်း Heat Protectant အရင်သုံးပါ။

၄။ ညင်သာစွာ ထိန်းသိမ်းပါ 🎀
ဆံပင်နှစ်ခွတွေကို (၆-၈) ပတ်တစ်ကြိမ် ညှပ်ပစ်ပါ။ ဆံပင်စိုနေချိန် ခေါင်းအတင်းမဖြီးဘဲ ဘီးကျဲသုံးပါ။

ဆံသားပြန်ကောင်းဖို့ဆိုတာ အချိန်နဲ့ ပုံမှန်လုပ်ပေးဖို့ လိုအပ်လို့ ဒီနေ့ပဲ သင့်ရဲ့ Hair Care Routine လေးကို စတင်လိုက်ရအောင်! 🥰✨


#ဆံသားထိန်းသိမ်းနည်း

14/06/2026

ခေါင်းဖြီးလိုက်တိုင်း၊ ခေါင်းလျှော်လိုက်တိုင်း ဆံပင်တွေ အများကြီးကျွတ်လို့ စိတ်ညစ်နေရပြီလား? 💆‍♀️

👉ဆံပင်ကျွတ်တဲ့ ပြဿနာကို အထိရောက်ဆုံးဖြေရှင်းဖို့ . . .EUAVDO Water Collagen Anti-Hair Loss Shampoo (00) ရှိတယ်နော်။

💧 Water Collagen ပါဝင်လို့ ဆံသားကို ရေဓာတ်ဖြည့်တင်းပေးပြီး ပျော့ပျောင်းစိုပြေစေတယ်။

🫚 Ginger (ချင်း) ပါဝင်လို့ ဦးရေပြားကို ကျန်းမာစေပြီး ဆံပင်ကျွတ်ခြင်းကို ထိရောက်စွာ ကာကွယ်တားဆီးပေးပါတယ်။

ဆံပင်ကျွတ်တာတွေ သက်သာစေပြီး ကျန်းမာသန်စွမ်းတဲ့ ဆံကေသာကို ယုံကြည်မှုအပြည့်နဲ့ ပြသနိုင်ဖို့ EUAVDO ကို အခုပဲ ရွေးချယ်လိုက်ပါ။ 💕

10/06/2026

ဦးရေပြားနဲ့ ဆံသားအတွင်းပိုင်းအထိ အားဖြည့်ပေးမယ့် 𝐄𝐔𝐀𝐕𝐃𝐎 𝐖𝐚𝐭𝐞𝐫 𝐂𝐨𝐥𝐥𝐚𝐠𝐞𝐧 𝐒𝐡𝐚𝐦𝐩𝐨𝐨 & 𝐂𝐨𝐧𝐝𝐢𝐭𝐢𝐨𝐧𝐞𝐫 𝟏𝟎𝐦𝐥 𝐬𝐞𝐫𝐢𝐞𝐬 ✨

ဆံကေသာ ခြောက်သွေ့ဖွာလန်တာ၊ ဖုန်မှုန့်နဲ့ အညစ်အကြေးတွေကြောင့် ဦးရေပြား ယားယံတာတွေအတွက် စိတ်ညစ်နေရပြီလား? 🌧

အခုဆိုရင် ဆံသားတင်မကဘဲ ဦးရေပြားအတွင်းပိုင်းအထိ အပြည့်အဝ အာဟာရဖြည့်တင်းပေးနိုင်မယ့် EUAVDO Water Collagen Series ရှိနေပါပြီ!

𝐬𝐞𝐫𝐢𝐞𝐬 ထဲမှာ ဆံသားအလိုက် ရွေးချယ်နိုင်မယ့်
🥑 𝟎𝟏 𝐑𝐞𝐩𝐚𝐢𝐫 𝐒𝐡𝐚𝐦𝐩𝐨𝐨 – ထောပတ်သီးဆီအနှစ် အပြည့်အဝပါဝင်ပြီး Damage Hair ကို အထိရောက်ဆုံး ပြန်လည်ပြုပြင်ပေးမယ်။
🍋 𝟎𝟐 𝐀𝐧𝐭𝐢-𝐃𝐚𝐧𝐝𝐫𝐮𝐟𝐟 𝐒𝐡𝐚𝐦𝐩𝐨𝐨 – 𝐋𝐞𝐦𝐨𝐧 အဓိကပါဝင်ပြီး ဗောက်ကင်းစေကာ ဆံသားစိုပြေစေမယ်။
🫒 𝟎𝟑 𝐒𝐦𝐨𝐨𝐭𝐡𝐢𝐧𝐠 𝐒𝐡𝐚𝐦𝐩𝐨𝐨 – သံလွင်သီးအဆီအနှစ်အပြည့်အဝပါဝင်ပြီး ခြောက်သွေ့ဆံသားကို နူးညံ့ချောမွေ့စေမယ်။
🌸 𝟎𝟓 𝐄𝐬𝐬𝐞𝐧𝐜𝐞 𝐂𝐨𝐧𝐝𝐢𝐭𝐢𝐨𝐧𝐞𝐫 – ဆံသားကို နူးညံ့ချောမွေ့စေမယ်။

ဆံကေသာကျန်းမာရေးအတွက် အကောင်းဆုံးနဲ့ အပြည့်စုံဆုံး ရလဒ်ကို လိုချင်တယ်ဆိုရင်တော့ EUAVDO Water Collagen Series ကို အခုပဲ စမ်းသုံးကြည့်လိုက်တော့နော်။ 🛍

09/06/2026

ဆံသားတွေ ပျက်စီးကြမ်းတမ်းပြီး အဖျားနှစ်ခွဖြစ်တာတွေ ကြုံတွေ့နေရပြီလား? 😭

ဒီပြဿနာတွေကို အထိရောက်ဆုံး သက်သာစေဖို့ EUAVDO Pomegranate Hair Mask ရှိနေပြီနော်..

✨ သူ့မှာပါတဲ့ သလဲသီးအဆီအနှစ်ကဆံသားအတွက် လိုအပ်တဲ့ ရေဓာတ်နဲ့အဆီဓာတ်ကို ဖြည့်ပေးပြီး ဆံသားကိုနူးညံ့ချောမွေ့စေတယ်။

✨ ဆံပင်အဖျားနှစ်ခွဖြစ်တာနဲ့ ဆံပင်ငြိတာ၊ရှုပ်ထွေးတာတွေ သက်သာစေတယ်။

✨ ပျက်စီးနေတဲ့ ဆံသားကို ထိရောက်စွာ ပြန်လည်ပြုပြင်ပေးတယ်။

⏰ စက္ကန့်(၉၀)ပဲ အချိန်ပေးပြီး ကျန်းမာလှပတဲ့ ဆံကေသာကို EUAVDO Pomegranate Hair Mask နဲ့ အရယူလိုက်ပါ။

04/06/2026

"ဆံပင်လေး လှနေတဲ့နေ့ဆို တစ်နေ့တာလုံး ယုံကြည်မှုတွေ အပြည့်ပဲ" ✨

မနက်ခင်း အပြင်ထွက်ခါနီးတိုင်း ဆံပင်တွေ ရှုပ်ထွေးဖွာလန်နေရင် စိတ်အနှောင့်အယှက် ဖြစ်ရတယ်မလား? အမြဲတမ်း Salon သွားဖို့လည်း အချိန်မပေးနိုင်တဲ့ ခေတ်မီမမတွေအတွက် EUAVDO Water Collagen Hair Mask က အကောင်းဆုံး အဖော်မွန် ဖြစ်လာမှာပါ။
Euavdo Water Collagen Hair Mask မှာ ပါဝင်တဲ့ သဘာဝသစ်သီးထုတ်နုတ်ချက်တွေနဲ့ Collagen က ဆံသားတစ်မျှင်ချင်းစီကို အာဟာရကျွေးသလို အစိုဓာတ် အပြည့်အဝ ဖြည့်ပေးလို့ အိမ်မှာတင် Salon Level treatment ရလဒ်ကို ခံစားရစေမှာပါ။

ကိုယ့်ရဲ့ Lifestyle နဲ့ ဆံသားပုံစံပေါ်မူတည်ပြီး စိတ်ကြိုက်ရွေးချယ်ပါ -

- ဖြောင့်စင်းပြီး သဘာဝအတိုင်း နူးညံ့ချင်ရင် No.10 (Pink) လေး သုံးပါ။
- ဓာတုဗေဒဒဏ်ကြောင့် ဆံသားတွေ ပျက်စီး ခြောက်သွေ့နေရင် No.11 (Yellow) နဲ့ ပြန်လည် အသက်သွင်းလိုက်ပါ။
- လှပတဲ့ ကောက်ကြောင်းလေးတွေကို ဆွဲဆောင်မှုရှိရှိ ထိန်းသိမ်းချင်ရင်တော့ No.12 (Green) က အသင့်တော်ဆုံးပါ။

ခရီးခဏခဏ ထွက်တတ်တဲ့သူတွေအတွက်လည်း သယ်ရတာ ဝန်မလေးတဲ့ Travel-Friendly Size မို့လို့ အမြဲ အိတ်ထဲ ဆောင်ထားရုံပါပဲ။ အလုပ်တွေ ဘယ်လောက်များများ၊ တစ်ပတ်ကို ၁ ကြိမ်ကနေ ၂ ကြိမ်လောက်အထိ ခေါင်းလျှော်ပြီး ၅-၁၀ မိနစ်ခန့် ပေါင်းဆေးလေး လိမ်းပေးပါ။ Shower Cap လေးအုပ်ထားရင် ဆံသားထဲ အာနိသင်တွေ ပိုစိမ့်ဝင်ပြီး ပိုထူးခြားလာမှာနော်။

ကိုယ့်ကိုယ်ကိုယ် အမြဲ အလေးပေး ဂရုစိုက်တတ်တဲ့ မမတို့အတွက် EUAVDO ကို နီးစပ်ရာ ဆိုင်ကြီးတွေမှာ အလွယ်တကူ ဝယ်ယူရရှိနိုင်ပါပြီ။

03/06/2026

ခြောက်သွေ့ဖွာလန်တဲ့ ဆံသားကနေ စိုပြေအိစက်တဲ့ ဆံကေသာဆီသို့... 🪄✨"

ဆံပင်ခြောက်ပြီး ကြမ်းလို့ စိတ်ညစ်နေသူတွေအတွက် EUAVDO No.03 Water Collagen Soothing Shampoo က အကောင်းဆုံး အဖော်မွန်ပါ။

ဘာကြောင့် EUAVDO No.03 ကို ရွေးချယ်သင့်လဲ❓
သံလွင်ဆီအဆီအနှစ် (Olive Extract): ဆံသားဖွာတာကို ထိန်းပေးပြီး အစိုဓာတ်အပြည့်အဝ ပေးစွမ်းနိုင်ခြင်း။

Water Collagen: ဆံသားအတွင်းပိုင်းထိ အာဟာရဓာတ် ဖြည့်တင်းပေးပြီး နူးညံ့ပျော့ပျောင်းစေခြင်း။

Perfect Styling: ဆံပင်ကို အားစိုက်စရာမလိုဘဲ သဘာဝအတိုင်း ပုံကျလှပနေစေခြင်း။
ခေါင်းလျှော်တိုင်း ယုံကြည်မှုတွေ တိုးပွားစေဖို့ ဆံသားကျန်းမာရေးအတွက် EUAVDO ကို အားကိုးလိုက်ပါ 😉🩷

29/05/2026

မိုးမိပြီးပြန်လာရင် ခေါင်းလျှော်ဖို့ တကယ်လိုသလား❓🌦

မိုးရွာထဲက ပြန်လာတဲ့အခါ အအေးမိမှာဆိုးလို့ပဲဖြစ်ဖြစ်၊ အလုပ်ရှုပ်လို့ပဲဖြစ်ဖြစ် ခေါင်းမလျှော်ဘဲ ဒီအတိုင်း အခြောက်ခံလိုက်တာမျိုး လုပ်မိနေတာလား။ ☔️ 🤔

တကယ်တော့ မိုးရေထဲမှာ လေထုထဲက ဖုန်မှုန့်တွေ၊ ဓာတုပစ္စည်းတွေနဲ့ အက်ဆစ်ဓာတ်တွေ ပါဝင်နေတတ်တာကြောင့် မိုးမိထားတဲ့ ဆံသားကို ဒီအတိုင်း ပစ်ထားလိုက်ရင်
💢ဆံပင်ကျွတ်တာ၊ ဦးရေပြား ယားယံတာနဲ့ ဗောက်ထတာမျိုးတွေ အလွယ်တကူ ဖြစ်လာနိုင်ပါတယ်။

ဒါကြောင့် မိုးမိလာရင် ဆံသားနဲ့ ဦးရေပြား ကျန်းမာရေးအတွက် "မြန်နိုင်သမျှ အမြန်ဆုံး ခေါင်းပြန်လျှော်ပေးဖို့" လိုအပ်ပါတယ်နော်။ ✅

✨ မိုးရာသီမှာ ဆံကေသာကို ဂရုစိုက်ဖို့

💫 မိုးမိပြီး အိမ်ပြန်ရောက်တာနဲ့ ချက်ချင်းခေါင်းလျှော်ပေးပါ။

💫 မိုးရေကြောင့် ဆံသားကြမ်းတမ်းမသွားအောင် ဆံပင်ပျော့ဆေးကို ဆံနွယ်အဖျားပိုင်းမှာ ပုံမှန်သုံးပေးဖို့ မမေ့ပါနဲ့။

💫 ခေါင်းလျှော်ပြီးရင် ရေစိုကြီးအတိုင်း အကြာကြီးမထားဘဲ သေချာ ခြောက်အောင် သုတ်ပေးပါ။

❌ဦးရေပြား စိုစိုကြီးနဲ့ အိပ်ရာဝင်တာမျိုး လုံးဝ (လုံးဝ) ရှောင်ကြဉ်ရပါမယ်။

မိုးရာသီမှာလည်း အားလုံးပဲ အအေးမိခြင်းကင်းဝေးပြီး လှပကျန်းမာတဲ့ ဆံကေသာကို ပိုင်ဆိုင်နိုင်ကြပါစေကြောင်း မျှဝေပေးလိုက်ပါတယ်။ 🌧💚

27/05/2026

ဆံပင်တွေအရမ်းကျွတ်ပြီး ပါးလာပြီလား❓

ဒီလိုပြဿနာတွေကို ဖြေရှင်းဖို့အတွက် 𝐄𝐔𝐀𝐕𝐃𝐎 ရဲ့ 𝐖𝐚𝐭𝐞𝐫 𝐂𝐨𝐥𝐥𝐚𝐠𝐞𝐧 ပါဝင်တဲ့ 𝟎𝟎 𝐀𝐧𝐭𝐢 𝐇𝐚𝐢𝐫 𝐋𝐨𝐬𝐬 𝐬𝐡𝐚𝐦𝐩𝐨𝐨 ရှိနေပြီနော်🤎

🔸သဘာဝ ❞ချင်း❞ ရဲ့အဆီအနှစ်တွေ အပြည့်အဝ ပါဝင်တာမို့ ဆံသားအရင်းပိုင်းအထိ လိုအပ်တဲ့ ရေဓါတ်နဲ့ အဆီဓါတ်ကို မျှတအောင် ဖြည့်ပေးပြီး 𝐁𝐚𝐛𝐲 𝐡𝐚𝐢𝐫လေးတွေ ပြန်လည်ပေါက်နိုင်အောင် ကူညီပေးနိုင်ပါတယ် 😍

📌 နဂိုဆံပင် အုံပါးတဲ့သူ
📌 ဆံလုံးသေးသူ
📌 ဆံပင်ကျွတ်တတ်သူတွေအတွက် အထူးသင့်တော်တဲ့အပြင်
ဦးရေပြားခြောက်သွေ့ခြင်းမဖြစ်စေဘဲ 𝐒𝐜𝐚𝐥𝐩 𝐌𝐨𝐢𝐬𝐭𝐮𝐫𝐢𝐳𝐞𝐫 ကိုထိန်းပေးနိုင်တာကြောင့် သွေးလည်ပတ်မှုကောင်းပြီး ဆံပင်အရှည်မြန်စေပါတယ်✨🩵

🫧 ကျန်းမာလှပတဲ့ ဆံကေသာ ပိုင်ဆိုင်နိုင်ဖို့အတွက်ဆိုရင် 𝐄𝐔𝐀𝐕𝐃𝐎ရဲ့ 𝟎𝟎 𝐀𝐧𝐭𝐢 𝐇𝐚𝐢𝐫 𝐋𝐨𝐬𝐬 𝐒𝐡𝐚𝐦𝐩𝐨𝐨လေးကို အခုပဲ သုံးကြည့်လိုက်တော့နော်..💯👈


#𝐄𝐔𝐀𝐕𝐃𝐎𝟎𝟎𝐀𝐧𝐭𝐢𝐇𝐚𝐢𝐫𝐋𝐨𝐬𝐬𝐒𝐡𝐚𝐦𝐩𝐨𝐨

21/05/2026

ဆံကေသာကို တိတ်တဆိတ် ပျက်စီးစေတဲ့ အမှား (၅) ချက်! 👇

🤦‍♀️ခေါင်းလျှော်ပြီးတဲ့အခါ မသိဘဲ လုပ်မိနေတဲ့ အမှားသေးသေးလေးတွေက ဆံသားကို အကြီးအကျယ် ပျက်စီးစေနိုင်တယ်ဆိုတာ သတိထားမိကြရဲ့လား?

ခေါင်းလျှော်ပြီးတဲ့အခါ ဆံသားတွေက ပုံမှန်ထက် ပိုမိုနုနယ်ပြီး ပျက်စီးလွယ်တဲ့ အခြေအနေမှာ ရှိနေတတ်ပါတယ်။

သင့်ဆံကေသာ ကျန်းမာသန်စွမ်းဖို့ဆိုရင် အောက်ပါအမှား (၅) ချက်ကို အမြန်ဆုံး ရှောင်ကြဉ်ဖို့ လိုအပ်ပါတယ်နော်။ 👇

❌ရေနွေးအပူနဲ့ ခေါင်းလျှော်ခြင်း♨️
ရေနွေးအပူလွန်ကဲတာက ဆံသားနဲ့ ဦးရေပြားရဲ့ သဘာဝအဆီဓာတ်ကို ခမ်းခြောက်စေပြီး ဆံပင်ကို ပိုခြောက်သွေ့ကြမ်းတမ်းစေပါတယ်။

❌ဆံပင်အစိုကြီးကို ဘီးနဲ့ အားပြင်းပြင်းဖြီးခြင်း 🪮
ဆံပင်စိုနေချိန်ဟာ ဆံသားအမြစ်တွေ အားအနည်းဆုံးအချိန် ဖြစ်တာကြောင့် အတင်းဖြီးချရင် ဆံပင်ကျွတ်ခြင်းနဲ့ ဆံပင်ပြတ်ခြင်း ပိုဖြစ်စေပါတယ်။

❌ သဘတ်နဲ့ ခပ်ကြမ်းကြမ်းပွတ်ပြီး ဆံပင်ရေသုတ်တာက ဆံသားအပြင်လွှာ (Cuticle) ကို ပျက်စီးစေပြီး ဆံပင်အဖျားနှစ်ခွဖြစ်စေပါတယ်။

❌ဆံပင်အစိုကြီးကို ဒီအတိုင်းလွှတ်ထားပြီး အိပ်စက်ခြင်း 😴
အစိုဓာတ်ရှိနေတဲ့ ဦးရေပြားက ဗက်တီးရီးယားနဲ့ မှိုစွဲဖို့ အလွယ်ကူဆုံးမို့လို့ ဗောက်ထခြင်းနဲ့ ဦးရေပြားယားယံခြင်းပြဿနာတွေကို ကြုံရတတ်ပါတယ်။

❌Hair Dryer ကို အပူဆုံး Level နဲ့ ဆံပင်နားကပ်ပြီး ဆံပင်အခြောက်ခံခြင်း 💨
ဆံသားကို အပူချိန်အများဆုံးသုံးပြီး ဆံပင်အခြောက်ခံတာက ဆံသားအတွင်းပိုင်း အစိုဓာတ်ကို ဆုံးရှုံးစေပြီး ဆံပင်ကို ကြမ်းသွားစေနိုင်ပါတယ်။

ဒါဆို....လှပပြီး ကျန်းမာတဲ့ ဆံကေသာကို ပိုင်ဆိုင်နိုင်ဖို့ ဒီအချက်လေးတွေကို ရှောင်ပြီး အတူတူ ဆင်ခြင်ကြရအောင်နော်။ 💕

#ဆံကေသာထိန်းသိမ်းနည်း

Want your business to be the top-listed Beauty Salon in Tamwe?
Click here to claim your Sponsored Listing.

Category

Telephone

Address


No 167, Sethmu/3 Lane, Myittanyunt
Tamwe
11211