Pyi Gyi Khin Taunggyi

Pyi Gyi Khin Taunggyi

Share

HIVနှင့်ကာလသားရောဂါအခမဲ့စစ်ဆေးပေးခြင်း

10/03/2026

တွေဝေမနေပဲစစ်ကြည့်လိုက်ပါ

စစ်ရင်ကောင်းမလား ?
မစစ်ပဲနေရမလား?
စစ်ရင်နာမှာလား ?
အကြာကြီးစောင့်ရမလား?
ဘယ်ကစရမလဲ?

တစ်ခါတစ်လေ ခင်တို့ဟာ ကိုယ့်ရဲ့အတွေးတွေနဲ့ပဲပိတ်မိနေကြတာနော် တွေးနေတာထက် သွေးစစ်တာကပိုပြီးမြန်သလို ကိုယ့်စိတ်မှာလဲ ရှင်းပြီးလိုအပ်တာဆက်လုပ်လို့ရမှာပါ

ခင့်ဆီကနေ စတင်လိုက်ပါ အတွေးတွေမများနဲ့တော့
သေချာဆွေးနွေးတိုင်ပင်ပြီး ဘာဆက်လုပ်မလဲ အတူတူအဖြေရှာပေးဖို့ရှိနေပါတယ်

Viber no.09765203221 ကနေလဲမေးမြန်းနိုင်သလို Messenger ကနေလဲမေးနိုင်ပါတယ်

10/03/2026

တောင်ကြီးပြည်ကြီးခင် မှာအခမဲ့စစ်ဆေးနိင်ပါတယ် 09455756126

16/02/2026

"PrEP ရှိနေပြီဆိုတော့ စိတ်အေးလက်အေးနဲ့ ကျန်းမာတဲ့ ဘဝကို ဖြတ်သန်းလို့ရပြီပေါ့"

📌"နေကောင်းနေတာပဲ၊ ပိုးမရှိလောက်ပါဘူး" ဆိုတဲ့ အယူအဆထက် "ကြိုတင်ကာကွယ်ထားတာ" က အစိတ်ချရဆုံးပါ။ HIV ပိုးရှိသူနဲ့ ထိတွေ့မှုမရှိခင် ကြိုတင်သောက်ရတဲ့ဆေးကို PrEP လို့ ခေါ်ပါတယ်။

📌 PrEP က ဘယ်လောက်ထိ ထိရောက်လဲ?
စနစ်တကျ သောက်သုံးမယ်ဆိုရင် လိင်ဆက်ဆံခြင်းမှတစ်ဆင့် HIV ကူးစက်နိုင်ခြေကို ၉၉% (99%) အထိ လျှော့ချပေးနိုင်ပါတယ်။ 😱

🙋 ဘယ်သူတွေ သောက်သင့်သလဲ?

-လိင်ဆက်ဆံဖော် များသူများ။
-အိမ်ထောင်ဖက် (သို့) ချစ်သူမှာ HIV ပိုး ရှိနေသူများ။
-ဆေးထိုးအပ် မျှဝေသုံးစွဲသူများ။
-မိမိကိုယ်ကို HIV ကူးစက်နိုင်ခြေ မြင့်မားတယ်လို့ ယူဆသူများ

📌 သတိထားရမည့်အချက်များ
ဆေးမသောက်ခင် စစ်ဆေးပါ: PrEP မသောက်ခင် မိမိမှာ HIV ပိုး မရှိကြောင်း သေချာအောင် အရင်စစ်ရပါမယ်။

ဆရာဝန်နဲ့ တိုင်ပင်ပါ: ကျောက်ကပ်ကျန်းမာရေးနဲ့ တခြားလိုအပ်တာတွေ စစ်ဆေးဖို့ ဆရာဝန်ညွှန်ကြားချက်နဲ့မှ သောက်ရပါမယ်။

အချိန်မှန်သောက်ပါ: ဆေးအာနိသင် အပြည့်အဝရဖို့ နေ့စဉ် အချိန်မှန်သောက်ဖို့ လိုပါတယ်။

ကွန်ဒုံးလည်း သုံးပါ: PrEP က HIV ကိုပဲ ကာကွယ်တာပါ။ ကာလသားရောဂါ (Syphilis, Gonorrhea) တွေကို မကာကွယ်နိုင်တဲ့အတွက် ကွန်ဒုံးနဲ့ တွဲသုံးတာ အကောင်းဆုံးပါ။

🏥 ဘယ်မှာရနိုင်လဲ?
ပြည်ကြီးခင်ရဲ့ မကွေး၊မြင်းခြံ၊အောင်လံ၊ပျဥ်းမနား၊ပြည်ကြီးတံခွန်၊သာကေတ၊မြစ်ကြီးနား၊မြောင်းမြ၊ဖျာပုံ၊ထားဝယ်၊ကော့သောင်း၊တောင်ကြီး၊အောင်ပန်း၊တာချီလိတ် ဆေးခန်းတွေမှာ အခမဲ့ ရယူနိုင်ပါတယ်

Photos from HIV အရေး ခင့်ကိုမေး's post 16/02/2026
26/01/2026

သွေးစစ်လိုက်တာ ပိုသေချာ

အများစုက ကိုယ့်ကိုယ်ကို HIV ကူးစက်ခံရတယ်လို့ သံသယရှိရင် ကိုယ့်ရဲ့ရောဂါလက္ခဏာတွေက HIVဟုတ်မဟုတ်သိရအောင် အွန်လိုင်းပေါ်မှာ အရင်ရှာတတ်ကြပါတယ်။ တကယ်တော့ HIVဟာ ကူးစက်ခံရကာစအချိန်မှာ လက္ခဏာအမျိုးမျိုးပြနိုင်ပြီး လက္ခဏာလုံးဝမပြတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် အွန်လိုင်းပေါ်က HIV အကြောင်းအရာအချို့ဟာ အပေါ်ယံလောက်သာဖြစ်ပြီး အချက်အလက်အမှားတွေလည်း ပါဝင်နိုင်တာကြောင့် အဲတာတွေကိုပဲ အားကိုးပြီး ကိုယ့်မှာ HIV ရှိမရှိ မဆုံးဖြတ်နိုင်ပါဘူး။

HIV ရှိမရှိ အတိအကျသိနိုင်မယ့် တစ်ခုတည်းသောနည်းလမ်းကတော့ သွေးစစ်ခြင်းပဲဖြစ်ပါတယ်။
သို့လော သို့လော နဲ့ စိုးရိမ်ပူပန်နေရမယ့်အစား သံသယကင်းရှင်းသွားစေဖို့အတွက် တတ်ကျွမ်းတဲ့ဆရာဝန်နဲ့ တိုင်ပင်ပြီး အခုပဲ သွေးစစ်ဆေးလိုက်ဖို့ ခင့်မိတ်ဆွေတွေကို တိုက်တွန်းလိုက်ပါတယ်နော်။

ယုံကြည်စိတ်ချနွေးထွေးစွာ ခင့်ဆီရင်ဖွင့်ပါ

"ခင့်" Viber နဲ့ tle တို့မှာမေးမြန်နိင်ပါတယ်ဗျ 09455756126

06/12/2025

ဒုက္ခ ဒုက္ခ အိုးဒုက္ခ ကုတ်ရဖဲ့ရရှုပ်သဗျ 😂😂😂😂

🤔 ခင်တို့ရဲ့ messenger ကနေ အမြဲဒီလိုမေးကြတယ်

🤔 ယားနာတွေ ဖြစ်တယ် အနီပိန့်တွေထွက်လာတယ် HIV ရောဂါဖြစ်နေပြီလား? ?????

👉 အမြဲပြောနေကျအတိုင်းပြောရရင် HIV သည်ရောဂါပိုးဖြစ်ပါတယ် ပိုးကူးစက်ပြီးခုခံအားကျဆင်းလာစေပြီးမှ AIDS ရောဂါဖြစ်တာပါ

💭 နောက်တစ်ချက်အနေနဲ့ ကူးစက်စေနိုင်တဲ့အခြေအနေရှိထားပြီး သံသယတွေဖြစ်နေချိန်မှာ ယားနာတွေထွက်ရင် ကိုယ်ကအတွေးတွေနဲ့ HIV လားဆိုပြီး စိတ်တွေပူနေမယ့်အစား

🤗 ရှင်းရှင်းလင်းလင်းသိရအောင် သွေးစစ်ကြမယ်နော်

😬 HIV ပိုးမရှိဘူးဆိုရင်တော့ အိုစကေပြီ ယားနာအတွက် ဘရိတ်ဒန့်ဆွဲမနေနဲ့ အရေပြားဆရာနဲ့ကုပေါ့နော်

HIV အရေးသိလိုရာမေးဖို့ ခင်ရှိနေပါတယ်
Messenger မှဖြစ်စေ Viber no.09765203221 မှဖြစ်စေ အခမဲ့ဆွေးနွေးတိုင်ပင်နိုင်ပါတယ်

Photos from Pyi Gyi Khin Taunggyi 's post 07/10/2025

မနက်ဖန် ရုံးပြန်ဖွင့်ပါပြီနော် သူငယ်ချင်းတို့ရေ IBBSစစ်တမ်းလေးကိုပါဝင်ပေးကျပါအုန်းနော် Tgကနေလင့်ခ်လေးတွေရရင်ပါဝင်ဖြေဆိုပြီးရင် BC. HIV ကာလသား ရှိမရှိစစ်ဆေးရင်ကူပွန်သုံးခုရယူပြီးသူငယ်ချင်းများကိုပြန်လည်မျှဝေ ရှဲ ပေးကျပါအုန်းနော် 09455756126. HIV. ကာလသား Prep. ကွန်းဒုံး ချောဆီ များ အခမဲ့ရယူနိင်ပါတယ်နော်

02/10/2025

တောင်ကြီးကသူငယ်ချင်းတို့ရေ Tg ကနေလင့်ခ်လေးတွေရခဲ့ရင်ဖြေဆိုပြီးဒီလိပ်စာလေးမှာ သွေးလာစစ်လိုက်နော် 09455756126 Tgမှာလင့်လေးတွေရခဲ့ရင်ပါဝင်ဖြေဆိုပေးကျပါအုန်းနော်

Photos from Pyi Gyi Khin Taunggyi 's post 14/09/2025

ကဲမနက်ဖန်ရုံးဖွင့်ပါတယ်ဗျ ဝန်ဆောင်မှု့များကို မနက်ကိုးနာရီကနေ သုံးနာရီထိရယူနိင်ပါတယ်နော် လိပ်စာမသိသူများ Helloလုပ်လိုက်ဗျ 09455756126

Photos from Pyi Gyi Khin Taunggyi 's post 08/09/2025

ဟိတ် ချစ်တို့ တောင်ကြီးပြည်ကြီးခင်မှာ HIV ပိုးရှိမရှိအခမဲ့စစ်ဆေးရင် ကွန်ဒုံး ဂျယ် Prep ဆေးတွေကို အခမဲ့ဝန်ဆောင်မှူ့ရယူလိုက်နော် 09455756126 ကိုဆက်သွယ်မေးမြန်းနိင်ပါတယ်နော်

08/09/2025

ခင့်မိတ်ဆွေတို့ရေ
HIV ပိုးကို ကာကွယ်ဖို့ ဘယ်နည်းလမ်းကိုရွေးဖြစ်မလဲ
ကာကွယ်ခြင်းက ကုသခြင်းထက်ပိုမိုထိရောက်တယ်ဆိုတာ မေ့ထားလို့မရဘူးနော် ဒါပေမယ့် ထိရောက်တဲ့ကာကွယ်မှုဖြစ်ဖို့တော့လိုအပ်ပါတယ်

💁‍♂️💁‍♂️💁‍♂️ ပထမဦးစားပေးကတော့ ကွန်ဒုံး(Condom) သုံးဖို့ပါနော် လိင်ဆက်ဆံမှုပြုတိုင်း ကွန်ဒုံးကိုစနစ်တကျသုံးရင် HIV ပိုးအပြင် လိင်မှတစ်ဆင့် ကူးစက်မယ့်ရောဂါအားလုံးကိုကာကွယ်နိုင်တာမို့ ကွန်ဒုံးဆောင်ဖို့မမေ့နဲ့နော်

🙅🙅🙅 PEP က HIV ပိုးကူးစက်မှုအခြေအနေရှိပြီး ချက်ချင်း(၂၄နာရီမှ ၇၂နာရီအတွင်း ) ကာကွယ်ဆေးအဖြစ် ၂၈ရက်သောက်သုံးရတဲ့ကုထုံးတစ်မျိုးဖြစ်ပါတယ်
ပိုးဝင်ရောက်ပြီးချိန်မှ ပိုးထိန်းဖို့သောက်ရတာမို့ ကူးစက်နိုင်ချေ🛑🛑🛑 ၁၅ရာခိုင်နှုန်းအထက် 🛑🛑🛑 ရှိပါတယ် မိမိဘာသာဝယ်သောက်တာတွေ❌❌❌ ဆွေးနွေးတာသွေးစစ်တာမရှိဘဲ သောက်ရင်အကျိုးရလဒ် မကောင်းတာမို့ ဦးစားပေးရွေးချယ်ဖို့မသင့်တော်ပါဘူးနော်

💁‍♂️💁‍♂️💁‍♂️ PrEP က HIV ပိုးမကူးစက်ခင် ကြိုတင်သောက်သုံးရမယ့်ဆေးဖြစ်ပြီး နေ့စဥ်အချိန်တိကျစွာသောက်သုံးဖို့လိုအပ်ပါတယ် စနစ်တကျ သောက်သုံးရင် အောင်မြင်မှုရာခိုင်နှုန်းမြင့်တာမို့ရွေးချယ်နိုင်ပါတယ်

💁‍♂️💁‍♂️💁‍♂️ နောက်တစ်ခုမမေ့ရမှာကတော့ ပုံမှန် သွေးစစ်ဖို့ပါ အပြင်ပန်းကြည့်ရုံနဲ့ဘယ်လိုမှမသိနိုင်သလို ရောဂါလက္ခဏာတွေနဲ့မှန်းဆလို့မရတာမို့ သံသယရှိရင် သွေးစစ်တာအကောင်းဆုံးပဲနော်

ဆွေးနွေးမေးမြန်းဖို့ လိုအပ်ရင် ခင့်ဆီလာခဲ့ပါ
❤ ယုံကြည်စိတ်ချနွေးထွေးစွာ ခင့်ဆီရင်ဖွင့်ပါ
❤ viber -09765203221 ကနေလဲ မေးမြန်းနိုင်ပါတယ်

Want your business to be the top-listed Beauty Salon in Taunggyi?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Taunggyi