Skincare By May Hlaing
Skincare by May Hlaing
☎️၀၉၇၉၉၀၅၇၄၉၈
21/12/2025
💐သူတစ်ပါးမကောင်းတာကို
တွေးနေရင် ကိုယ့်အတွက်
ကောင်းတာတွေ တွေးဖို့
အချိန်တွေ ဆုံးရှုံးတယ်။
💐သူတစ်ပါး မကောင်းကြောင်းတွေ
ပြောနေရင် ကိုယ့်အတွက်
ကောင်းတာတွေ ပြောဖို့
အချိန်တွေ ဆုံးရှုံးတယ်။
💐ဘဝက
အချိန်ခဏလေး နေရတာ
ဘယ်နေ့ ဘယ်အချိန်
ဘယ်ဘေးနဲ့ သေရမယ်မှန်းမသိတဲ့
ဘဝအတွက် ပြင်ဆင်ပြီးသား ဖြစ်ရမယ်။
💐ကုသိုလ်၊ ပညာ၊ ဥစ္စာ မရသည့်
အလုပ်တွေနဲ့ အချိန်မဖြုန်းပါနဲ့။
ကုသိုလ်ကောင်းမှုက
တိတ်ဆိတ်တဲ့ သဘောရှိတယ်
အေးချမ်းတယ်။
အကုသိုလ်က ဆူတယ်၊ ပူတယ်။
💐ဒါကြောင့်
တိတ်တိတ်လေးသာနေ
ဘဝက သိပ်မြန်လွန်းလို့ပါ...။
#အရှင်ဆန္ဒာဓိက ( ရွှေပါရမီတောရ )
🙏မေတ္တာဖြင့်
ချစ်သောတို့ မေ့နေကြမှာစိုးလို့🤪🤪🤪
29/11/2024
Hello 🌸🌸🌸
မင်္ဂလာရှိသောနေ့လေးဖြစ်ကြပါစေရှင်🙏
29/09/2024
တစ်ခါတစ်လေ စိတ်အပန်းဖြေ😔😔😔
တော၊တောင်ရှုခင်းလေးတွေလှလို့မွန်းကြပ်နေတာတွေ ခဏတာပြေပျောက်စေ☺️☺️☺️
11/07/2024
🙂ကိုယ့်ထက်အမြင့်မှာရှိသူကို ကြည့်ပြီး ပြုံးပါ...
ခနဲ့ပြုံးတော့ မဖြစ်စေနဲ့ပေါ့ ...
🙂ကိုယ့်ဘေးနားရှိသူကိုလည်း ပြုံးပြပါ
မလိုမုန်းထားအပြုံးမျိုးး မဖြစ်အောင်တော့
သတိထားရမှာပေါ့...
🙂ကိုယ့်ထက်နိမ့်ကျသူတွေကိုလည်း ပြုံးပြပါ
လှောင်ပြုံးလေးလို့ အပြောမခံရအောင်တော့
ဂရုစိုက်ရမှာပေါ့...
🙂ကိုယ့်ကိုလက်တွဲခေါ်သူကိုလည်း ပြုံးပြပါ
ချစ်စဖွယ်အပြုံးမျိုးနဲ့ပေါ့...
🙂ကိုယ့်ကိုမလိုသူတွေကိုလည်း ပြုံးပြပါ
ကိုယ့်အတွက်ခွန်အားပေးသူတွေ
ကျေးဇူးတင်ပါတယ်ဆိုတဲ့အပြုံးလေးနဲ့ပေါ့...
🙂ကိုယ့်ကို ချစ်ခင်သူတွေကိုလည်းပြုံးပြပါအမြဲ
တမ်းချစ်ခင်သွားပါရစေလို့ ဆုတောင်းရင်းပေါ့
🙂ချစ်ခင်သူ၊မလိုလားသူ၊ကိုယ့်ထက်မြင့်မားသူ၊
ကိုယ်နဲ့တန်းတူရှိသူ၊ ကိုယ့်အောက်နိမ့်ကျသူ
ဒါတွေဟာပတ်ဝန်းကျင်အသိုင်းအဝိုင်းမှာ အမြဲ
တွေ့နေရမှာပါပဲ။တကယ်တော့သူတို့အလုပ်သူတို့
လုပ်နေသူတွေချည်းပါ။အဲ့တော့ ကိုယ်ကလည်း
ကိုယ့်အလုပ်ကိုယ်လုပ်ရမှာပေါ့။ ကြုံဆုံရသူတိုင်း
ဟာ တစ်နေ့ခွဲခွာရဦးမှာပါ။ ဒီတော့ ကိုယ့်အပြုံး
ဖြူဖြူလေးတစ်ချက်က တစ်ဖက်လူကိုအေးမြ
သွားရင် ဘယ်လောက် ကျေးဇူးတင်စရာကောင်း
လိုက်မလဲနော်.....
🙂တကယ်တော့ အပြုံးဆိုတာ ဘာသာစကားမလို.
တဲ့နှလုံးသားချင်းပေါင်းကူးပေးတဲ့ တံတားးလေး.
တစ်စင်းပါလို့ .....
#မူရင်းရေးသားသူကိုလေးစားစွာCrdပေးပါတယ်
29/06/2024
🎀အပြောင်းအလဲမြန်တဲ့ လောကကြီးထဲ
ဗလောင်းဗလဲဆန်တဲ့ လူတွေရဲ့စိတ်က
ပိုတရားကျဖို့ ကောင်းတယ်....
🎀လိုတစ်မျိုး ၊ မလိုတစ်မျိုး
ရှေ့တစ်မျိုး ၊ ကွယ်ရာတစ်မျိုး
ခုတစ်မျိုး ၊ တော်ကြာတစ်မျိုး
မနေ့ကတစ်မျိုး ၊ ဒီနေ့တစ်မျိုး အမျိုးမျိုးပါပဲ...
🎀သူတို့အလိုကျ ရေးလိုက် ပြင်လိုက်တဲ့
ဇာတ်ညွှန်းတွေထဲမှာလည်း ကိုယ်ဟာ
မင်းသမီးဖြစ်လိုက် လူဆိုးမလေးဖြစ်လိုက်ပေါ့..
🎀ရိုးတော့ မရိုးသေးပေမဲ့
ဆန်းတော့လည်း မဆန်းတော့တာမို့
အထူးတလည် ခံစားနေရတာမျိုးတော့
မဖြစ်တော့ပါဘူး.....
🎀အပြောင်းအလဲ ဗလောင်းဗလဲကြားမှာ
တစ်ခါတစ်ခါ မသိချင်ယောင်ဆောင်လို့
တစ်ခါတစ်ခါလည်း အ,ချင်ယောင်ဆောင်လို့
ကိုယ့်စိတ်ကလေး အရောင်ပြောင်းမသွားအောင်.
ပဲကြိုးစားနေလိုက်တော့တယ်...
#မူရင်းရေးသားသူကို လေးစားစွာCrd..ပေးပါတယ်
18/06/2024
🌷မငယ်တော့တဲ့အခါ.....
🌷တစ်ခုခုဆို ပုံကြီးချဲ့ ခံစားဖို့ထက်
မြန်မြန်မေ့ပစ်ဖို့ပဲ ကြိုးစားမိလာတယ် ။
🌷အဝတ်အစား အပြင်အဆင် အနေအထိုင်ပဲဖြစ်ဖြစ်၊ လူအထင်ကြီးခံရဖို့ထက် ကိုယ့်အတွက် သက်တောင့်သက်သာရှိဖို့ပဲ ပိုရွေးချယ်ဖြစ်လာတယ်
🌷ပွဲလမ်းသဘင်တွေ သိပ်မသွားဖြစ်တော့ဘူး။
ကိုယ့်အိမ်ကိုယ့်ယာ ကိုယ့်နေရာလေးမှာအေးအေးဆေးဆေး ပိုနေချင်လာတယ် ။
🌷လိုချင်တာတစ်ခုလောက်ရပြီးရင် ဒုက္ခတွေ
တစ်လှေကြီးလာတတ်သေးကြောင်း ပိုသိလာတယ်
🌷သိပ်ချစ်ပါတယ် ပြောပြီး အနေတန်းသွားတဲ့ ဆက်ဆံရေးတွေကိုလည်း ပိုမြင်တတ်လာတယ် ။
🌷လူချင်းသာ အမျိုးတော်ပြီး ပိုက်ဆံချင်း
သူစိမ်းလိုနေတဲ့ ဆွေမျိုးတွေ ၊ ရှေ့မှာသာ ကောင်းပြပြီး နောက်ကွယ်ကျ ဒုက္ခပေးတတ်တဲ့ သူငယ်ချင်း တစ်ချို့ တစ်လေတွေကိုလည်းခွဲခြား နားလည်လာတယ် ။
🌷ကိုယ့်ရှေ့ အကြွားအဝါတွေ တွေ့ရင် လူမှုရေးအဖြစ်တောင်စကားထောက် မပေးချင်တော့သလို
ကိုယ်ကိုယ်တိုင် မကြွားမဝါမိအောင်လည်း
အရင်တုန်းကထက် ပိုသတိထားဖြစ်လာတယ် ။
🌷ဟန်ဆောင်ပန်ဆောင် မလှူချင်တော့ဘူး ။
မနိုင်ဝန်တွေဆိုလည်း မထမ်းချင်တော့ဘူး ။
🌷ရှင်းရှင်းပြောရရင် ...မငယ်တော့တဲ့အခါ
ဘယ်သူ့အတွက်နဲ့မှ ကိုယ့်ဘဝကို မပူလောင်စေချင်တော့ဘူး ။
#မူရင်းရေးသားသူကို လေးစားလျက်
crd ပေးပါတယ် #
21/05/2024
💚ရာသီဥတုကတော့ ကိုယ်ဘက်ပါလာပြီ🌨️🌨️🌨️သိမ်းထားတဲ့အနွေးထည်တွေပြန်ထုတ်ရတော့မယ်🤩🤩🤩@တောင်ကြီး
17/05/2024
🌳တစ်ချို့သူတွေက "ရေ" နဲ့တူတယ်။
ထိတွေ့လိုက်သူတိုင်းကို အေးမြမှုပေးတယ်။
🌳တစ်ချို့သူတွေက "မြေကြီး"နဲ့ တူတယ်။
သူ့အပေါ်နင်းသွားလည်း သည်းခံနိုင်ခြင်း
ပါရမီပြည့်ဝတယ်။
🌳တစ်ချို့သူတွေက "လေမုန်တိုင်း" နဲ့တူတယ်။
အနားရှိသမျှ အရာတွေကို ဟိုးအဝေးဆုံးကို
တွန်းပို့တယ်။
🌳တစ်ချို့သူတွေက "မီး" နဲ့တူတယ်။တောက်
လောင်မှုအပူ၊ အနားရှိသူကို အပူဟပ်တယ်။
🌳တစ်ချို့သူတွေက "နေ" နဲ့တူတယ်။
ဝေးဝေးကနေရင် လိုအပ်တဲ့ အပူချိန်ရပေမယ့်
အနားကပ်ရင်တော့ သေလောက်အောင်
ပူပြင်း လောင်မြိုက်တယ်။
🌳တစ်ချို့သူတွေက "လ"နဲ့ တူတယ်။
အဝေးက အေးချမ်းသလိုရှိပေမယ့် သူ့ပေါ်
ရောက်ရင် မညီညာမှုတွေနဲ့ ...
🌳တစ်ချို့သူတွေက "သစ်ပင်"နဲ့ တူတယ်။
အရိပ်လည်းပေးတယ်။ အသီးအပွင့်တွေ
လည်းပေးတယ်။ စွန့်ပစ်ချင်ရင်တောင်
အလွယ်တကူစွန့်ပစ်မရဘဲ အမြစ်တွယ်
နေပေးတယ် ။
👉သင်ရော ဘယ်လိုလူမျိုးလဲ.... ???👈
#ဦးဘုန်း
06/05/2024
🌹ကိုယ့်ဘဝနဲ့ကိုယ်မို့
ဘယ်သူ့ဘဝကိုမှအားမကျဖြစ်ဘူး။
🌹ကိုယ့်ခံယူချက်နဲ့ကိုယ်မို့
ဘယ်သူဝေဖန်မှုမှဂရုမစိုက်ဖြစ်ဘူး။
🌹ကိုယ့်အကြိုက်နဲ့ကိုယ်မို့
ဘယ်သူ့မြှောက်ပင့်မှုကိုမှစိတ်မဝင်စားဘူး။
🌹ကိုယ့်အတွေးနဲ့ကိုယ်မို့
ဘယ်သူ့တိုက်ခိုက်မှုကိုမှမတုန့်ပြန်ဖြစ်ဘူး။
🌹ဘဝကိုရိုးရိုးရှင်းရှင်းလေးပဲဖြတ်သန်းတယ်
ရှေ့ဆက်ရမယ်နေ့ရက်တွေအတွက်ပဲတွေးတယ်
သူတစ်ပါး၊ပါးစပ်ဖျားမှာဘယ်တော့မှ
လမ်းမဆုံးဘူး။
🌹အဲ့ဒါကိုယ့်ရဲ့ခံယူချက်နဲ့
ကိုယ့်ဘဝရဲ့အမှန်တရားပဲ။
# ဂျူးစာပေ
18/04/2024
💖လူတွေကို ကောင်းစေချင်တာဟာ မြင့်မြတ်တဲ့
သဘောထားပါ ။
💖ဒါပေမယ့် လူတွေမကောင်းလို့ စိတ်တိုနေမယ်ဆို
ရင်တော့မိုက်မဲရာ ရောက်သွားပြီ ။
💖လောကရဲ့သဘောကိုကကောင်းတဲ့လူတွေထက်
မကောင်းတဲ့လူတွေက ပိုများတယ် ။
💖နောက်ပြီးတော့...ကိုယ်စိတ်တိုနေလို့လည်း
မကောင်းတဲ့လူက ကောင်းသွားတာမှမဟုတ်ပဲ...
#သစ္စာရွှေစည်ဆရာတော်ဘုရား🙏🙏🙏
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Taunggyi
