YLZ online shopping

YLZ online shopping

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from YLZ online shopping, Beauty supplier, ရီဂျီနာ, Taunggyi.

15/09/2020

😷😷😷 Mask တပ်ခြင်းကြောင့် ဝက်ခြံပိုထွက်လာနိုင်လား❓

အခုဆိုရင် ကူးစက်ရောဂါတွေ အန္တရာယ်ကနေ ကာကွယ်ဖို့ အတွက် အပြင်ထွက်တိုင်း Mask (နှာခေါင်းစည်း) တပ်ရတယ်။
😥😥😥 ဒီတော့ နောက်ကလိုက်လာတဲ့ ပြသနာက ဝက်ခြံတွေထွက်လာတာဘဲ....

🌟 Mask တပ်တဲ့အခါ မျက်နှာမှာ ပုံမှန်ထက် ချွေးပိုထွက်ပါတယ်
အပြင်သွားရင် ခဏခဏ ချွေးမသုတ်နိုင်ဘဲ လှောင်ပိတ်နေတဲ့အပြင် ရှူထုတ်လိုက်တဲ့ လေငွေ့နဲ့ Mask ထဲက စိုထိုင်းမှုကြောင့်ဝက်ခြံဖြစ်စေတဲ့ ဘက်တီးရီးယားတွေ ဖြစ်လာအောင် ပံ့ပိုးပေးနိုင်ပါတယ်။

🌟 မျက်နှာ အသားအရေ မှာ Mask နဲ့ ထိတွေ့မှု၊ ပွတ်တိုက်မှု အမြဲရှိနေတယ်။ မျက်နှာဆိုတာ လက်နဲ့တောင် မကြာခဏ မထိ၊ မကိုင်သင့်တဲ့ နေရာ၊ နုနယ်တယ်၊ ပိုးဝင်လွယ်တယ်၊ ထိခိုက်လွယ်ပါတယ်။ ဒီလိုနေရာမှာ ချွေးတွေနဲ့ Mask ကို တစ်ချိန်လုံး ထိတွေ့ထားရတာ ဝက်ခြံ ဖြစ်နိုင်ခြေ များပါတယ်။

🌟 Mask ကို အသစ် မလဲဘူး။
သုံးပြီးသား Mask ကို အခါခါ ပြန်သုံးမနေသင့်ပါဘူး။ တစ်ခါသုံး Mask တွေဆို တစ်နေ့ နှစ်ကြိမ်လောက် လဲပေးသင့်ပါတယ်။ ချွေးတွေနဲ့ Mask ကို အိမ်မှာ ခဏ ချိတ်ထားလိုက်ပြီး အပြင်ထွက်တော့ ပြန်တပ်သွားတာမျိုးက ဝက်ခြံထက် ရောဂါအန္တရာယ်ကို ပိုဖြစ်စေပါတယ်။ အဝတ် Mask ဆိုရင်တောင် လျှော်ပြီးသား တစ်ခုနဲ့ အသစ်လဲသုံးပါ။

🌟 Mask ကို မေးစေ့မှာ တပ်တာ၊ အောက်ချ ထားတာတွေ လုပ်တတ်တာကြောင့် မေးစေ့အောက် အရေပြားမှာ ဖုန်မှုန့်တွေ၊ ဘက်တီးရီးယားတွေက ချွေးနဲ့အတူ ကပ်ငြိနေတတ်ပါတယ်။ ဒီလိုနေရာကိုမှ Mask ကို ဆွဲချကပ်ထားပြီး မျက်နှာမှာ ပြန်ဖုံးအုပ်တဲ့အခါ ဝက်ခြံတွေထွက်အောင်လို့ အားပေးနေသလိုမျိုးတောင် ဖြစ်နေပါတယ်။

🌟ရောက်လေရာမှာ Mask ကို ချွတ်ပြီး ဘေးချထားတတ်တာ၊ လက်ထဲမှာ ဆုပ်ကိုင်ထားတတ်တာလည်း ဝက်ခြံ ဖြစ်စေတဲ့ အကြောင်းရင်း တစ်ခုပါပဲ။ ချလိုက်တဲ့နေရာက ဒါမှမဟုတ် ကိုယ့်ရဲ့လက်က ရှိသမျှ ပိုးမွှားတွေ Mask မှာ အကုန်ကပ်ပါသွားတဲ့အတွက်ကြောင့်ပါ။

🌟မိတ်ကပ်တွေကို တပ်နိုင်သလောက်ရှောင်ပါ
Mask တပ်နေရတဲ့အချိန်မှာ မိတ်ကပ်အထူကြီးတွေလိမ်းခြင်းမှ ရှောင်ရှားပေးပါ။ ဝက်ခြံနဲ့ mask နဲ့ မျက်နှာပေါ်က အဆီတွေနဲ့ ရောပြီးချွေးပေါက်ပိတ်ကာ ဝက်ခြံတွေကိုပိုထွက်စေပါတယ်။

Crd

24/05/2020

ဆားဝက်ခြံ ဘာကြောင့် ဖြစ်ရလဲ❓❓

အားလုံးပဲမင်္ဂလာပါ​ဗျာ 🙏🙏🙏
Beauty Tip By Eaindray page ကနေ တစ်ဆင့်crdယူ၍ပြန်မျှဝေတာပါဗျ

ဒီနေ့မှာတော့ Eaindray က ဆားဝက်ခြံ ဘယ်အချိန်မှာ စဖြစ်လဲ❓ဘာကြောင့် ဖြစ်ရလဲ❓စတဲ့ အကြောင်းရာလေးကို ပြောပြပေးမှာ ဖြစ်ပါတယ်

ကဲ......ဆားဝက်ခြံဆိုတဲ့ ပြသာနာ က
အမျိုးသမီးတွေ မှ ကြုံတွေ့ရတာမျိုး မဟုတ်ပဲ
အမျိုးသား အများစုလဲ ကြုံတွေ့ရတဲ့ ပြဿနာ ပါ

ဆားဝက်ခြံ က ဘယ်ချိန်မှာ စဖြစ်လဲ❓
များသောအားဖြင့် ဆယ်ကျော်သက်အရွယ်
၁၃-၁၄ နှစ်က စပြီး ဟော်မုန်းပြောင်းလဲမှုကြောင့်
ဆားဝက်ခြံ စ ဖြစ်တာပါ

ဆားဝက်ခြံ ဘာကြောင့် ဖြစ်ရတာလဲ❓

အဓိကအကြောင်းရင်းကတော့ မျက်နှာကို
Deep Cleansing မလုပ်ပေးလို့ပါ

Deep Cleansing ဆိုတာ အပေါ်ယံ အရေပြားကိုသာ သန့်ရှင်းစေတာမျိုး မဟုတ်ပဲ
မျက်နှာ အတွင်းပိုင်းလွာ ထိ သန့်ရှင်းပေးခြင်းဖြစ်ပါတယ်

ဒီလိုမျိုး deep cleansing သေချာမလုပ်ပေးတဲ့အခါ ချွေးပေါက်တွေမှာ အညစ်ကြေးတွေ
အဆီတွေ ပိတ်မိစေပီး ဆားဝက်ခြံ ဖြစ်လာစေတာပါ

များသောအားဖြင့် အဆီပြန်တဲ့ သူတွေက
ဆားဝက်ခြံအဖြစ်များပါတယ်

ဆားဝက်ခြံ အဖြစ်များတဲ့ နေရာတွေက
✔နှာခေါင်း
✔နှာဖူး
✔မေးစေ့ စတဲ့ နေရာတွေမှာ တွေ့ရတတ်ပါတယ်

ကဲ...ဒါဆို ဆားဝက်ခြံ နဲ့ ပတ်သတ်ပီး
ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ဘယ်လိုဖြေရှင်းမလဲ❓
ဘယ်လို treatment လေးတွေ ပြုလုပ်သင့်သလဲ❓စတဲ့ အကြာင်းအရာ တွေကို
စိတ်ဝင်စားတယ်ဆိုရင် comment မှာ yesလို့ ပြောခဲ့ပေးပါနော်

Love U💙
အလှတွေ ပိုတိုးကြပါစေခင်မျာ😘


#ဆားဝက်ခြံ

Want your business to be the top-listed Beauty Salon in Taunggyi?
Click here to claim your Sponsored Listing.

Culinary Team

Attire

Telephone

Website

Address


ရီဂျီနာ
Taunggyi