Organic Hair Treatment Oil

Organic Hair Treatment Oil

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Organic Hair Treatment Oil, Beauty, cosmetic & personal care, Taunggyi.

02/06/2025

မြေဆီကောင်းမှ အပင်သန်
ဦးရေပြားကောင်းမှ ဆံပင်သန်

သန်ချင်တဲ့ ဆံပင်တွက်
ဦးရေပြားအားဖြည့်ဆီလေးသုံး…

ပြန်ပေါက်လာတဲ့အမွှေးအမျှင်လေ
ဘာနဲ့သန့်ရှင်းရေးလုပ်ရမလဲမသိရင်
အဆိပ်ထုတ် ခေါင်းလျော်ရည်ပါတွဲသုံး…

အိမ်မှာခေါင်းလျှော်ပြီး ဆိုင်မှာလျော်သလို လှပကျော့ရှင်း
အဆီတဝင်းဝင်းမဖြစ်ချင်ဘူးဆို ကော်လဂျင် ပေါင်းဆေးနဲ့ (၃)မိနစ်လောက် ရေချ်ုးခန်းထဲအော်နေလိုက်ပါ🤭

Dryer မှုတ်ပြီး သူဌေးမဆန်ချင်တယ်၊ ရေမွှေးမလိုတဲ့ လေးနဲ့ အဆုံးသတ်လိုက်ပါ…

ဆံပင်မစိုမခြောက်ချိန်လေးမှာသုံးဖို့မမေ့ပါနဲ့နော်…

ပြောပြချင်တဲ့ set လေးကတော့ ဒါပါဘဲရှင့် 🩵👩‍⚕️

#ဆရာမအဂီ 👩‍⚕️



0️⃣9️⃣2️⃣6️⃣8️⃣4️⃣3️⃣8️⃣0️⃣3️⃣1️⃣

25/05/2025

ဆံပင်ကျွတ်ခြင်း (Hair Loss) ပြဿနာကြောင့် စိုးရိမ်နေတဲ့သူတွေ အနေနဲ့ ရှောင်ရမယ့်အချက်များနဲ့ ပြုလုပ်သင့်တဲ့အချက်များ ကိုအောက်ပါအတိုင်းဖော်ပြပေးပါတယ်။



ရှောင်ရမယ့်အချက်များ (Don’ts)
1 . ဆံပင်သန်စေမဲ့ နည်းလမ်းများ များစွာစမ်းသပ်ခြင်း – တော်တော်များများက ဆံပင်သန်စေတယ်ဆိုတဲ့ ကုသမှုမျိုးစုံကို စမ်းကြည့်လေ့ရှိပါတယ်။ ဒါပေမယ့် အချို့က ဆံသားနှင့် ဦးအရေပြားကို ပိုမိုထိခိုက်စေနိုင်ပါတယ်။
2. ဆံပင်ပြုပြင်မှုများခြင်း (Chemical treatments) – Dye, perm, rebonding တို့လို ဓာတုဆေးဝါးများ အသုံးပြုခြင်းက ဆံသားအနုမြူများကို ပျက်စီးစေနိုင်ပါတယ်။
3. ဆံပင်စီးတာများ (Tight hairstyles) – ချည်ထားသောဖက်ရှင်များ၊ ပင်အုပ်ထားခြင်းများ (ponytail, bun, braid) က ခေါင်းအရေပြားကို ဆွဲနှစ်ပြီး ဆံပင်ကျွတ်မှုများစွာဖြစ်စေနိုင်ပါတယ်။
4. စိတ်ဖိစီးမှုများ (Stress) – များသောအားဖြင့် စိတ်ဖိစီးမှုသည် ဆံပင်ကျွတ်ခြင်းနှင့် တစ်ဆက်တည်း သက်ဆိုင်နေသည်။
5. အာဟာရချို့တဲ့မှု (Nutrient deficiencies) – သံ (Iron), ဗီတာမင် D, Zinc, Protein များ လုံလောက်စွာမရရှိပါက ဆံပင်ကျွတ်နိုင်ပါတယ်။



ပြုလုပ်သင့်တဲ့အချက်များ (Dos)
1. အာဟာရပြည့်ဝတဲ့အစားအသောက် – သံဓာတ်၊ ဗီတာမင် B, D၊ Zinc, Omega-3 fatty acids ပါဝင်တဲ့အစားအစာ (ဥ၊ ငါး၊ ကြက်သား၊ အစွဲရေရွက်သီးနှံ) စသည်ဖြင့်စားသုံးပါ။
2. ဆံပင်သန့်ရှင်းရေးမှန်ကန်စွာလုပ်ဆောင်ပါ – နူးညံ့သော shampoo နှင့် conditioner အသုံးပြုပြီး အပတ်စဉ် ၂-၃ ကြိမ်လောက် ဆံပင်လျှော်ပါ။
3. အနံ့နဲ့ အဆီနှင့် massage ပြုလုပ်ခြင်း – သစ်စလုံးအဆီ၊ Coconut oil၊ Castor oil တို့ကို ဦးရေပြားသေချာနှပ်ပေးခြင်းက သွေးလည်ပတ်မှုကောင်းစေပြီး ဆံပင်ပေါက်များကို သန်စွမ်းစေပါတယ်။
4. ဆံပင်ကျွတ်ခြင်းအတွက် စီမံထားသော ဆေးဝါး သို့မဟုတ် ဆေးမောင်း (သင့်အားဆရာဝန်အကြံပြုသည့်) – Minoxidil (Rogaine) စသည့် ဆေးများကို အသုံးပြုပါ။
5. သက်တောင့်သက်သာနေထိုင်မှုနှင့် စိတ်ဖိစီးမှုလျော့ပါ – ငြိမ်းချမ်းစွာအိပ်စက်ခြင်း၊ တရားထိုင်ခြင်းလေပြေပြေးခြင်းစသည်ဖြင့် စိတ်အေးဆေးဖို့ကြိုးစားပါ။

13/03/2025

#ခေါင်းလျှော်မှားလျှင်လေဖြတ်နိုင်သည်

အစားမှား ရေချိုးမှားရှိသကဲ့သို့ ခေါင်းလျှော်မှားသူလည်းရှိပါသည်။

လေဖြတ်ရောဂါသည် လူ၏ အမှားကိုစောင့်၍ အလစ်ဝင်ရောက်တတ်သော ရောဂါဖြစ်သည်။ ဖြစ်သည်က တစ်ခဏ ခံစားရသည်က တစ် ဘဝဖြစ်သည်။

စာရေးသူသည် လေဖြတ်သည့် လူနာများစွာကို ကုသပေးခဲ့ပြီး ထူးဆန်းသောအဖြစ်အပျက်များကို လည်း စာရေးလေ့ရှိသဖြင့် စာရေးသူထံရောက်လာသောသူများမှာ လူနာများအပြင် တစ်ခါတစ်ရံစာဖတ်သူ အချို့လည်း ရောက်ရှိလာလေ့ရှိသည်။

တစ်နေ့ ကျွန်တော့်ထံသို့ ရောက်ရှိလာသူမှာ မကွေးတိုင်းဒေသကြီးရှီ မြို့တစ်မြို့မှ မြို့နယ်ပညာ ရေးမှူးဆရာကြီးတစ်ဦးဖြစ်သည်။

သူက သူ့ကိုယ်သူ လေဖြတ်နိုင်ခြင်းရှိမရှိ စစ်လိုပါသည်ဟု ပြော သည်။

လေဖြတ်နိုင်သည်ရှေ့ပြေးလက္ခဏာများ
( ဥပမာ)- ပစ္စည်းကိုင်းလျှင် မကြာခန လွတ်ကျခြင်း၊ ခြေ လက်တို့တွင် ထုံကျင်ခြင်း၊ မကြာခန ဝမ်းချုပ်ပြီး ဗိုက်တွင် လေပွနေခြင်း၊ ဦးခေါင်းနောက်စေ့တွင် ခေါင်း ကိုက်ခြင်း၊ လမ်းသွားလျှင် ဖိနပ်ကျွတ်ကျန်ခဲ့ခြင်း၊ ရေချိုးပြီးလျှင် မျက်စိများနီရဲခြင်း စသည်တို့ကို မေးမြန်း ပါသည်။ အားလုံးကင်းလွတ်ပါသည်။

သွေးပေါင်လည်း ချိန်ကြည့်ပါသည်။ ပုံမှန်နီးပါးကောင်းပါသည်။ သူ့ တွင် ကျွန်တော်၏ ပညာနှင့် စမ်းသပ်ရသလောက်တော့ လေဖြတ်မည့် ရှေ့ပြေးလက္ခဏာမရှိပါ။

ထို့ကြောင့် လတ်တလော အခြေအနေ စစ်ဆေးသုံးသပ်ချက်များ ကောင်းနေ၍ လေဖြတ်ခြင်း ရုက်တရက်တော့ မဖြစ် နိုင်ကြောင်း ပြောပြပါသည်။

ထိုကဲ့သို့ သုံးသပ်ချက် အဖြေကောင်းနေသည့် အကြောင်းပြောသော်လည်း ထိုဆရာကြီးမှာ ဘဝင် ကျသေးပုံမပေါ်ပဲ မေးခွန်းတစ်ခုထပ်မေးပါသည်။

ထိုမေးခွန်းမှာ လေဖြတ်တာ မျိုးရိုးလိုက်တတ်သလားဟု ဖြစ်ပါသည်။

အတော်ဖြေရကျပ်သော မေးခွန်းဖြစ်ပါသည်။ လေဖြတ်ခြင်းသည် မျိုးရိုးလိုက်ဖြစ်ကြသူများလည်း ရှိပါသည်။

သို့သော် တစ်ယောက်တလေသာ(အထူးသဖြင့်
အရက်မဆင်မခြင်သောက်၍) လေဖြတ်ပြီး ကျန် ညီအစ်ကိုမောင်နှမများ ဘာမှမဖြစ်သူများလည်း ရှိပါသည်။

သွေးတိုးနှင့် ဆီးချိုရောဂါ မျိုးရိုးလိုက်ရှိသူများ ပင်
လူတိုင်းလေမဖြတ်ပါ။

အမှတ်တမဲ့ သွေးတိုး၊ ဆီးချိုတက်သွားခြင်းကြောင့်
တစ်ဦးတစ်လေ လေဖြတ် သွားသော်လည်း အစားကိုပုံမှန်ဂရုတစိုက်စားသောက်ပြီး သွေးပေါင်ချိန်ကို အစဉ်ဂရုစိုက်နေသူများမှာသက် တမ်းစေ့နေပြီး လေမဖြတ်ပါ။

ထို့ကြောင့် မျိုးရိုးလိုက်သည်ဟူသော စကားသည် အမြဲတမ်းမမှန်ကန်ပါ။

ထိုဆရာကြီးက မျိုးရိုးလိုက်ခြင်းကို ဘာကြောင့်မေးသလဲ၊ သူဘာကို ကြောက်နေတာလဲဟု သွယ် ဝိုက်မေးမြန်းကြည့်မှ ---

သူ့မှာ အစ်ကိုတစ်ယောက်ရှိကြောင်း ယခုလေဖြတ်ထားပြီး သတိလစ်နေသည်မှာ တစ်လခွဲ နှစ်လခန့်ရှိပြီး ဆေးရုံပေါ်တွင်ပင် အသက်ဆက်ထားရကြောင်း COMA ရောဂါမျိုးဖြစ်နေကြောင်း ပြောပြပါသည်။

ဖြစ်ပုံမှာ သူ၏အစ်ကိုသည် သူကဲ့သို့ ပညာများစွာ
မတက်သော်လည်း စီးပွားရေးလုပ်ငန်းများတွင် အောင်မြင်သူဖြစ်သည်။

တစ်ဆင့်ထက် တစ်ဆင့်မြင့်လာရာ နိုင်ငံခြားကုမ္ပဏီကြီးတစ်ခု၏ မြန်မာနိုင်ငံဆိုင် ရာ ကိုယ်စားလှယ်တော်ကြီးအဆင့်အထိ အောင်မြင်ပြီး သူ၏ သားသမီးနှစ်ဦးမှာလည်း အမေရိကားတွင် တစ်ယောက်၊ အင်္ဂလန်နိုင်ငံတွင်တစ်ယောက် ပညာသင်ပို့လွှတ်နိုင်ခဲ့ပြီး ဒေါက်တာဘွဲ့များပင် ရရှိပြီးကြ လေပြီ။

အလွန်အမင်းချမ်းသာသူများပင် ဖြစ်သည်။ ညီဖြစ်သူဆရာကြီးမှာကား မြို့နယ်ပညာရေးမှူး ဘဝ ဝန်ထမ်းလစာဖြင့် ရိုးရိုးနေထိုင်သူ၊ အေးချမ်းစွာနေထိုင်သူ ဖြစ်လေသည်။

ဆရာကြီး၏ အစ်ကိုဖြစ်သူသည် စီးပွားရေးလုပ်ငန်းရှင်ကြီးများနှင့်အတူ အားလပ်ရက်၊ အားလပ် ချိန်များတွင် ဂေါက်သီး ရိုက်လေ့ရှိသည်။

ဂေါက်သီးရိုက်ခြင်းသည် ကျန်းမာရေးအတွက် အလွန်ကောင်းမွန် ပြီး လေကောင်းလေသန့်၊ ရှု့မျှော်ခင်း စိတ်ချမ်းသာမှုပေးနိုင်သည့် ကစားနည်းဖြစ်သည်။

အချို့ဂေါက်ကွင်းများတွင် စားသောက်ရန်၊ Restaurant Bar နှင့် ခေါင်းလျှော်ရင်းအနှိပ်ခံသည့် ဆိုင်များပါ ရှိသည်ဟု သိရသည်။

ပြီးခဲ့သည့်နှစ်က မေလတွင် မိုးခေါင်ပြီး အပူလွန်ကဲချိန်
တွင် ဖြစ်သည်။ ဆရာကြီး၏ အစ်ကိုနှင့် မိတ်ဆွေတစ်စုသည် နေ့ ၂ နာရီခန့်တွင် အပူလွန်ကဲသည်ဟုဆိုကာ ဂေါက်ကွင်းထဲမဆင်းကြသေးဘဲ အချိန်စောင့်မည်ဆိုကာ အပန်းဖြေနားနေရာရှိ ခေါင်းလျှော်ဆိုင်သို့ အချိန်ဖြုန်းရန် ရောက်သွားကြသည်။

ခေါင်းလျှော်သူမိန်းကလေးများ၏ တာဝန်မှာ ခေါင်းလျှော်သူကို အိပ်ခိုင်းပြီး ခေါင်းကို ရှန်ပူများဖြင့် အကြိမ် ကြိမ်လျှော်သည့်အပြင် ဇက်၊ပုခုံးစသည်တို့ကို ပါနှိပ်ပြီး အကြောလျှော့ပေးတတ်ကြသည်။

ဂေါက်သီးကစား သူအားလုံး အချိန်ဖြုန်းရင်း နေပူလျှင် ခေါင်းလျှော်အနှိပ်ခံလေ့ရှိသည် ဆိုကြသော်လည်း ထိုဆရာကြီး၏ အစ်ကိုကတော့ ဒီတစ်ကြိမ်သာ ခေါင်းလျှော်စင်ပေါ်ရောက်ဖူးသည်။

သူသည် အသောက်အစားကင်းသူ လည်းဖြစ်သည်။ စီးကရက် တစ်နေ့တစ်ဘူးခန့် သောက်သည်ကလွဲ၍ အရက်မသောက်တတ်ပါ။

ခေါင်း လျှော်စင်ပေါ်တွင် အိပ်လိုက်ပြီးနောက် ခေါင်းလျှော်ပေးမည့် မိန်းကလေးက သူ့လည်ပင်းကို ရေစိုခံသား ရေပတ်ဖြင့် ပတ်လိုက်သည်။

ထို့နောက် ဦးခေါင်းဆံပင်များကြားသို့ ရေပန်းဖြင့် ဖျန်းလိုက်သည်။

“အန်ကယ်အေးရင်ပြောနော်… ရရဲ့လား” ဟု မေးသည်။ ရုတ်တရက် နေပူထဲမျ လာသူဖြစ်သဖြင့် ခေါင်းထဲမှာတော့ အေးသွားသည်မှာ အမှန်ပင်။

သို့သော် “ရပါတယ်” ဟု ဖြေလိုက်ပြီး ငြိမ်ခံနေလိုက်ချိန် တွင် သူ့ခေါင်းပေါ်သို့ ရေအေးများဆက်တိုက်ကျလာပြီး ခေါင်းလျှော်ရည်များဖြင့် ပွတ်သပ်ပေးနေသည်ကို သိသည်။

ဆံပင်များကို ကုတ်လျှော်ပြီး နောက်တစ်ကြိမ်ရေအေးဖြင့် ဆေးကြောပြန်သည်။ သူ့ခေါင်းနောက် စေ့ထဲမှ ရုတ်တရက် ကျဉ်တက်သွားသလို ခံစားရသည်။

ထို့နောက် မိုက်ခနဲဖြစ်သွားသဖြင့် သူ့လက်ဖြင့် ခေါင်းကိုဆေးနေသည့် ရေပိုက်ကို လှမ်းဖယ်လိုက်ရန် ကြိုးစားလိုက်စဉ်မှာပင် သူ့လက်ပြုတ်ကျသွားပြီး သတိလစ်သွားသည်။

(ထိုအဖြစ်အပျက်များ၏နောက်တွင် ------)
ဆရာကြီး၏ အစ်ကိုသည် ထိုနေ့မှာပင် ရန်ကုန်မြို့၏ နာမည်ကြီး အထူးကုဆေးရုံ ကြီးတစ်ခုသို့ ရောက်သွားသည်။

ဆေးရုံမှ ဓာတ်မှန်စစ်ဆေးချက်များအရ ဦးနှောက်သွေးကြောတစ်ခုပေါက် သွားကြောင်း တွေ့ရသည်။

သူ့တွင် ရန်ကုန်၌ ဆွေမျိုးသားချင်းမရှိ။ သူ့မိတ်ဆွေများကပင် ဆရာကြီးထံ အကြောင်းကြားသည်။

ဆရာကြီးရောက်သွားပြီးမှ အမေရိကားရှိ သူ့သမီးကြီးကို အကြောင်းကြားရသည်။ ရန်ကုန်မှ ဆရာဝန်ကြီးများ၏ စစ်ဆေးချက်အရ ဦးနှောက်ကို ခွဲစိတ်ကုသရမည်ဖြစ်သည်။

သားသမီးများ၏ ခွင့်ပြုချက်လိုသည်။ သားသမီးများကို ရန်ကုန်ကုမ္ပဏီရုံးချုပ်မှ လှမ်း၍ ခွင့်ပြုချက်တောင်းသည်။

သူ့တို့က ရန်ကုန်မှာ မခွဲစေချင်၍ ဘန်ကောက်ရှိ နံမည်ကြီးဆေးရုံတစ်ခုသို့ သယ်လာစေချင်သည်။

အမေရိကမှ ဦးနှောက်ခွဲစိတ်ဆရာဝန်ကြီးတစ်ဦးကို ဘန်ကောက်အထိပင့်လာပြီး ဘန်ကောက်တွင် ခွဲစိတ်မည်ဟုပြော သည်။

ချမ်းသာပြီး နိုင်ငံခြားကုမ္ပဏီ၏ ကိုယ်စားလှယ်လဲဖြစ်သဖြင့် လေယာဉ်ကို စင်းလုံးငှားဖို့ရန် စီစဉ်ကြ သည်။

လေယာဉ်စရိတ်မှာ သိန်းရာချီ၍ ပေးရသည်ဟု ပြောသည်။ ဘန်ကောက်တွင် ဦးခေါင်းခွဲစိတ်မှုပြု လုပ်ပြီး ဦးနှောက်ထဲမှ သွေးခဲများကို ဖယ်ရှားလိုက်ကြသည်။

သို့သော် သတိတော့ ပြန်လည်မလာပါ။ အချိန် ၆ နာရီခန့် နောက်ကျသွားသည်။ ဦးနှောက်အစိတ်အပိုင်းအချို့ သေသွားသည်။ ဆက်၍လည်း Coma ရသွားနိုင်သည်ဟု အမေရိကားမှ ပါရဂူကြီးက ပြောသည်။

လက်မလျော့သေးဘဲ တန်ဖိုးကြီးဆေ များသွင်းပြီး ကြိုးစားကြသေးသည်။

ထူးမလာ။ တစ်လကျော်ကြာပြီးနောက် လေယာဉ်စင်းလုံးငှားပြီး ရန်ကုန်သို့ ပြန်တင်လာကြသည်။

အသက်မဆုံးသတိလည်း ပြန်မရနှင့် ယခုအထိ ၂ လကျော်နေပြီ ဖြစ် ကြောင်း ဆရာကြီးက ပြောပြပါသည်။

ထိုအဖြစ်အပျက်သည်.....
Heat Stroke ခေါ် အပူလျှပ်၍ လေဖြတ်ခြင်းသည် ရုတ်တရက် နေပူထဲမှလာပြီး ခေါင်းကို ရေအေး ဖြင့် လျှော်ခြင်းကြောင့်ဖြစ်ပြီး လေဖြတ်သည့် မျိုးရိုးရှိခြင်းကြောင်းမဟုတ်ပါ။

အပူအအေးဆန့်ကျင် ဘက် တိုက်ပွဲကြောင့် ရတ်တရက်လေဖြတ်ရခြင်းဖြစ်သည်။

ထို့ကြောင့် ဆရာကြီးကိုလည်း ရှင်းပြနှစ်သိမ့်လိုက်ရပါသည်။ မိမိတို့ဆွေမျိုးညီအစ်ကိုမောင်နှမ အတွင်းတွင် တစ်ဦးတစ်ယောက်လေဖြတ်သည်နှင့် မျိုးရိုးလိုက်ပြီး ဖြတ်နိုင်သည်ဟု စိတ်အစွဲမထားရန်နှင့် လေ ဖြတ်သူ လုပ်ဆောင် ခဲ့သည်များကိုဆန်းစစ်ရမည်ဖြစ်ပါသည်။

ဤသင်ခန်းစာတွင် ခေါင်းလျှော်ဆိုင်သွား၍ ဘာမှ မဖြစ်နိုင်ပါ။ ခေါင်းလျှော်ခြင်း၊ အနှိပ်ခံခြင်းသည် ကောင်းသော၊ ကိုယ်လက်ပေါ့ပါး၍စိတ်ကြည်လင်စေသောကိစ္စဖြစ်ပါသည်။

သို့သော် နေပူပြင်းလွန်းသောအချိန်တွင်ကားဦးနှောက်သွေးကြောပေါက်သည်အထိဖြစ်နိုင်ပေသည်။

လေဖြတ်လျှင် ငွေကြေးကုန်ကျအလွန်များပြီး ရာနှုန်းပြည့် ပြန်ကောင်းသူ အလွန်ရှားပါးပါသည်။

မိမိရှာဖွေထားသော စည်းစိမ်ဥစ္စာများမှာ လေဖြတ်ခြင်းကြောင့် ကုန်သွားနိုင်သည်။ လေဖြတ်ပြီး အသက် မဆုံးဘဲ ဆယ်နှစ်ကျော် အသက်ရှည်နေသူများကို တွေ့ဖူးပါသည်။

ကြာတော့ ပြုစုသူ သားသမီးများကပင် ငြိုငြင်လာကြပါသည်ကို တွေ့ရပါသည်။

ခေါင်းလျှော်ခြင်းကဲ့သို့ အသေးအဖွဲကိစ္စလေးကြောင့်ပင် လေဖြတ် ဦးနှောက်သွေးကြောပြတ်နိုင်သဖြင့် သတိပြု ဆင်ခြင်ကြဖို့ ရေးသားလိုက်ရပါသည်
#ဆွေမာသန်း

04/03/2025

◾ဆံပင်ကျွတ်နေပြီလား ဒီ 𝐑𝐞𝐯𝐢𝐞𝐰 ကိုဖတ်ကြည့်ပါ 👩

အဂီရဲ့ 𝐂𝐮𝐬𝐭𝐨𝐦𝐞𝐫 လေးတွေကတော့ 𝐇𝐚𝐢𝐫 𝐐𝐮𝐞𝐞𝐧 က ထုတ်တဲ့ဆံသားနှပ်ဆီလေးကို သုံးစွဲပြီး စိတ်တိုင်းကျတဲ့ ဆံနွယ်‌အိအိလေးတွေကို ပိုင်ဆိုင်နေပြီနော် 😍

အသုံးပြုသူကိုယ်တိုင်က ဆံသားကို ဂရုစိုက်တတ်သူဖြစ်လို့ အရင်က ကြက်ဥနဲ့အုန်းဆီရောပြီး ခေါင်းကိုက်ခံ ပေါင်းဖူးပေမဲ့ 𝐇𝐚𝐢𝐫 𝐐𝐮𝐞𝐞𝐧 လေးနဲ့တွေ့မှ ခေါင်းကိုက်ခံစရာမလို‌ဘဲ အိအိလေးနဲ့ နက်မှောင်သန်မာတဲ့ ဆံသားလေးတွေကို ပိုင်ဆိုင်လာရလို့ အများကြီး ပျော်ရွှင်နေတဲ့ သူနာပြုဆရာမ‌ လေး
တစ်ယောက်ရဲ့ 𝟏𝟎𝟎% 𝐇𝐨𝐧𝐞𝐬𝐭 𝐑𝐞𝐯𝐢𝐞𝐰 လေးပါရှင့် 💯

👉 ပုံလေးထဲမှာ ကြည့်ကြည့်ပါ 😍

ဆံပင်ကျွတ်ပြီး ဆံသားပါးတယ်ဆိုတာ အမျိုးသမီးတွေရော၊ အမျိုးသားတွေရောမှာ ဖြစ်တတ်တဲ့အရာမို့ ဆံသားခဏခဏကျွတ်လို့ စိတ်ညစ်နေရသူတွေအတွက် 𝐇𝐚𝐢𝐫 𝐐𝐮𝐞𝐞𝐧 ရဲ့ ဆံသားနဲ့ ဦးရေပြားအားဖြည့်ဆီလေးက အကောင်းဆုံး ရွေးချယ်မှုဖြစ်စေမှာပါရှင့် ✅

𝐇𝐚𝐢𝐫 𝐐𝐮𝐞𝐞𝐧 ရဲ့ ဆံသား၊ ဦးရေပြားအားဖြည့်ဆီလေးကို သုံးစွဲမယ်ဆိုရင်

✅ ဆံပင်ကျွတ်တာ ကာကွယ်ပေးခြင်း
✅ ဆံပင်အသစ်များ ပြန်ပေါက်လာခြင်း
✅ ဗောက်ထ သက်သာခြင်း
✅ ဆံဖျားကွဲတာ သက်သာခြင်း ကောင်းကျိုးတွေအပြင်
✅ စမုန်နက်ဆီပါဝင်တဲ့အတွက် ဆံသားထူစေလို့

နက်မှောင်သန်စွမ်းတဲ့ ဆံနွယ်တွေကို ပိုင်ဆိုင်ချင်တဲ့ အမျိုးသမီးတိုင်း ရွေးချယ်အသုံးပြုသင့်တဲ့ 𝐇𝐚𝐢𝐫 𝐐𝐮𝐞𝐞𝐧 𝐏𝐫𝐨𝐝𝐮𝐜𝐭 လေး ဖြစ်ပါတယ် 😘

ဆံပင်ကျွတ်တဲ့နေရာမှာ ဆရာအကျဆုံးဆိုသူတွေတောင် 𝐇𝐚𝐢𝐫 𝐐𝐮𝐞𝐞𝐧 တွေ့တဲ့အခါ အရှုံးပေးလိုက်ရတဲ့ ဆံသား၊ ဦးရေပြားအားဖြည့်ဆီလေးပါရှင့် 😍

ဆံနွယ်တွေနဲ့ ပတ်သက်ပြီး အချိန်တိုင်းမှာ ယုံကြည်မှုအပြည့်ရှိ‌နေစေဖို့အတွက် 𝐇𝐚𝐢𝐫 𝐐𝐮𝐞𝐞𝐧 ရဲ့ ဆံသား၊ ဦးရေပြားအားဖြည့်ဆီလေးကို သုံးစွဲလိုက်ပါနော် ✅

👩‍⚕️ 𝐇𝐚𝐢𝐫 𝐐𝐮𝐞𝐞𝐧 ရဲ့ ဆံသား၊ ဦးရေပြားအားဖြည့်ဆီလေးကို ဝယ်ယူချင်တယ်ဆိုရင်တော့ အဂီဆီဆက်သွယ်ပြီး မှာယူလို့ရပါတယ်👇

☎️ 𝐏𝐇 - 𝟎𝟗 𝟐𝟔𝟖 𝟒𝟑𝟖 𝟎𝟑𝟏


#အဂီ
#ဆံသားနဲ့ဦးရေပြားအားဖြည့်ဆီ

08/11/2024

မင်မင်က ဒုတိယ ပုံကလူ 🤌🏻🥺

ရှင်တို့ကကော 🥺👻

29/10/2024

ဆံပင်အရှည်နှေးလို့ စိတ်ညစ်နေရင် ဒါလေးဖတ်ကြည့်နော်။ ။

ဆံပင် တစ်ခါ ညှပ်ပြီးရင် နောင်တတွေ ဗရပွနဲ့ မညှပ်လိုက်မိရင်ကောင်းသား။ အရင်တုန်းက ဆံပင် အရှည်လေးကို ပြန်လိုချင်လိုက်တာဆိုပြီး ဆံပင်ညှပ်ပြီးနောက်ပိုင်း ၁ လလောက်အထိ နေ့တိုင်း အဲဒီ အကြောင်းတွေ ချည်းပဲ ခေါင်းထဲမှာရှိနေတတ်တာ တို့ မိန်းကလေးတိုင်းပါ ။ ခုဆောင်းပါးလေးထဲမှာ ညှပ်လိုက်လို့ တိုသွားတဲ့ ဆံပင်တွေကြောင့် သောက ရောက်နေတဲ့ ပျိုမေတို့အတွက် ဆံပင် အရှည်မြန်စေဖို့ လိုအပ်တဲ့ ဗီတာမင် တွေ အကြောင်း ပြောပြပေးတော့မှာပဲ ဖြစ်ပါတယ် ။ ။

ဆံပင်အရှည်မြန်စေဖို့ လိုအပ်တဲ့ ဗီတာမင် နဲ့ သတ္တုဓါတ်များ ။ ။
ဗီတာမင် A – ကိုယ်ခန္ဓါက ဆဲလ်တွေအားလုံး ကြီးထွားဖို့အတွက် ဗီတာမင် A ရှိနေဖို့လိုအပ်ပါတယ်။ ဗီတာမင် A ရဲ့ အရေပြားကို စိုြေ ပစေတဲ့ အာနိသင်ကြောင့် ဦးရေပြားရော သင့်ဆံသားကိုရော စိုပြေတောင်ပြောင်စေမှာ အသေအချာပါ။

ဗီတာမင် A ကြွယ်ဝတဲ့ အစားအသောက်တွေကတော့ ကန်စွန်းဥ၊ မုန်လာဥနီ၊ ရွှေဖရုံသီး၊ ဟင်းနုနွယ်၊ ကိုက်လန် ၊ ဥ အမျိုး မျိုး၊ အသည်း ၊ နဲ့ နို့ထွက် ပစ္စည်းတို့ဖြစ်ပါတယ်။

ဗီတာမင် B – Biotin လို့ခေါ်တဲ့ ဗီတာမင် B အမျိုးအစားတစ်ခုဟာ ဆံပင် အရှည်မြန်စေဖို့အတွက် အလိုအပ်ဆုံး ဗီတာမင် တစ်ခုဖြစ် ပါတယ်။ ဒါကြောင့် ဆံပင် ကျွတ်တဲ့သူတွေ ကိုကုသတဲ့နေရာမှာ biotin သုံးကြတာပါ။

ဗီတာမင် B ကြွယ်ဝတဲ့ အစားအသောက်တွေကတော့ ဗန်ဒါစေ့၊ ပင်လယ်စာ၊ အသားအမျိုးမျိုးနဲ့ အစိမ်းရင့်ရောင်ရှိတဲ့ အသီးအရွက်တွေဖြစ်ပါတယ်။

ဗီတာမင် C – Collagen ထုတ်တဲ့နေရာမှာ အများကြီး ကူညီပေးတဲ့ ဒီ ဗီတာမင် C လေးဟာ အသားအရေ အိုမင်းရင့်ရော်တာအပြင် ဆံ သားတွေ ကျွတ်တာ၊ ဆံသားအသက်ကြီးတာကိုပါ ကာကွယ်ပေးပါတယ်။ ဒါ့အပြင် ဆံပင်ရှည်ဖို့အတွက် အဓိက လိုအပ် တဲ့ သံဓါတ်စုပ်ယူမှု ကိုလည်း အားကောင်းစေပါတယ်။

ချဉ်တဲ့ အသီးအနှံတွေ အားလုံးဟာ ဗီတာမင် C ကြွယ်ဝပါတယ်။

ဗီတာမင် D – ဗီတာမင် D ဟာ ဆံပင် အမြစ်အိတ် ကို သန်စွမ်းစေလို့ ဆံပင်တွေတော်ရုံဆို မကျွတ်တော့ပါဘူး။ ဒီတော့ ဆံပင်တွေ အရှ ည်မြန်တာပေါ့။ ပြောင်းပြန်အနေနဲ့ကတော့ ဗီတာမင် D ချို့တဲ့တဲ့သူတွေဟာ ဆံပင်ကျွတ်လွယ်တတ်ကြပါတယ်။

ဗီတာမင် D ကိုလိုချင်ရင်တော့ မနက်ပိုင်း ၇ နာရီကနေ ၁၀ နာရီအတွင်းက နေရောင်ခြည်ကို ခံပေးဖို့ပဲလိုတာပါ။

ဗီတာမင် E – ဓါတ်တိုးဆန့်ကျင်တဲ့ အာနိသင်ကြွယ်ဝတာပြီး စိတ်ဖိစီးမှု ကြောင့် ဖြစ်လာတဲ့ ကိုယ်တွင်းက မကောင်းတဲ့ ဓါတုပစ္စ ည်းတွေကို ဓါတ်တိုးဆန့်ကျင်ပေးပါတယ်။ ဒီအာနိသင်ဟာ ဆံသားအပေါ်ကိုလည်း သက်ရောက်တာကြောင့် ဆံပင်တွေ လွယ်လွယ်မကျွတ်တော့ဘဲ အရှည်လည်းမြန်လာစေပါတယ်။ ဒါကြောင့် ဆံပင်ကိုလိမ်းဖို့အတွက် ထုတ်ထားတဲ့ ခေါင်းလိ မ်းဆီတွေက ဗီတာမင် E ကို အဓိကထား ထုတ်ထားတာပါ။

ဗီတာမင် E ကြွယ်ဝတဲ့ အစားအစာတွေကတော့ အစေ့အဆံ တွေ၊ နေကြာစေ့နဲ့ ေထာပတ်သီးတို့ပဲဖြစ်ပါတယ်။

ဒါတွေကတော့ ဆံပင်တိုသွားလို့ စိတ်ညစ်နေတဲ့ ပျိုမေတွေအတွက် ဆံပင်မြန်မြန်ရှည်လာစေဖို့ လိုအပ်တဲ့ ဗီတာမင် ၅ မျိုးအကြောင်းပဲဖြစ်ပါတယ်။ မြန်မြန် ဆံပင်ရှည်ချင်နေတဲ့သူတွေ ဒါလေးတွေ သိထားဖို့ လိုအပ်တယ်နော် ။ ။

28/10/2024

ဆံပင်ကျွတ်ခြင်းမှ ကင်းဝေးစေရန် နည်းလမ်းကောင်းများ

ဒီတစ်ပတ်မှာတော့ အမျိုးသမီးတွေမှာအများဆုံးကြုံတွေ့ရတတ်တဲ့ ဆံပင်ကျွတ်ခြင်းအကြောင်းကိုအနည်းငယ်တင်ပြချင်ပါတယ်။

ကျွန်မတို့ခေါင်းလျှော်တဲ့အခါ၊ ဆံပင်တွေကိုအခြောက်ခံတဲ့အခါနဲ့ခေါင်းဖြီးတဲ့အခါမျိုးတွေမှာဆံပင်တွေကျွတ်တတ်ကြပါတယ်။ ဒါတွေဟာပုံမှန်ပါတယ်။ လူတစ်ယောက်ရဲ့ အသက်အရွယ်၊ ဆံပင်အထူ၊ ဟော်မုန်းအပြောင်းအလဲနဲ့ဆံပင်တွေရဲ့သက်တမ်းပေါ်မှာမူုတည်ပြီးတစ်နေ့ကိုဆံပင် အမျှင်ပေါင်း ၄၀ ကနေ ၁၂၀ အထိကျွတ်တတ်ပါတယ်။

အသက်ကြီးတဲ့လူတွေဟာအသက်ငယ်တဲ့လူတွေထက် ဆံပင်ပို ကျွတ်တတ်သလို သွေးဆုံးပြီးတဲ့အမျိုးသမီးတွေဟာ မဆုံးခင်အမျိုးသမီးတွေထက် ဆံပင်ပိုကျွတ်တတ်ပါတယ်။ ဒီလိုပါပဲဆံပင်ထူတဲ့သူတွေဟာဆံပင်ပါးတဲ့သူတွေထက် ကျွတ်တဲ့ဆံပင်အရေအတွက်ပိုများတတ်ပါတယ်။

ဆံပင်တွေရဲ့သက်တမ်းကိုကြည့်မယ်ဆိုရင်တော့ ဆံပင်တွေမှာပေါက်တဲ့အဆင့်၊ တည်ငြိမ်တဲ့အဆင့်နဲ့ကျွတ်တဲ့အဆင့်ဆိုပြီး (၃) ဆင့်ရှိပါတယ်။ ပုံမှန်လူတွေမှာဆံပင်သက်တမ်းပြည့်လို့ ဆံပင်တွေကျွတ်သွားခဲ့ရင် သူ့နေရာမှာချက်ခြင်းပြန်ပေါက်လာလေ့ရှိပါတယ်။ ဆံပင်သက်တမ်းတိုတဲ့သူတွေမှာတော့ မကြာခဏဆံပင်တွေကျွတ်လိုက် ပြန်ပေါက်လိုက်ဖြစ်နေတတ်တာပေါ့။

တစ်ရက်မှာဆံပင်အမျှင်ပေါင်း ၁၂၀ မက ကျွတ်နေတယ်ဆိုရင်တော့ ဆံပင်ကျွတ်ခြင်းရဲ့ နောက်ကွယ်မှာအကြောင်းရင်းတစ်စုံတရာရှိနေလို့ဖြစ်နိုင်ပါတယ်။ ဆံပင်ကျွတ်ခြင်းအကြောင်းကိုလေ့လာကြည့်မယ်ဆိုရင် ယာယီဆံပင်ကျွတ်ခြင်းနဲ့ထာဝရဆံပင်ကျွတ်ခြင်းဆိုပြီးဆံပင်ကျွတ်ခြင်း (၂)မျိုးရှိပါတယ်။

🌟 ယာယီဆံပင်ကျွတ်ခြင်းဆိုတာကတော့ နေမကောင်းခြင်း၊ ဆေးဝါးများမှီဝဲနေရခြင်း၊ ဗီတာမင်ချို့တဲ့ခြင်းနဲ့ ဆံပင်ထိန်းသိမ်းမှု မမှန်ကန်ခြင်းများကြောင့်ဖြစ်တတ်ပြီးဒီအချက်တွေကိုဆင်ခြင်လိုက်ရင်ပုံမှန်ဆံပင်ပြန်ပေါက်နိုင်ပါတယ်။

ယာယီဆံပင်ကျွတ်ခြင်းကိုဖြစ်စေတဲ့ အကြောင်းရင်းတွေကတော့ …. ✨✨

🌼 သွေးအားနည်းရောဂါ

သံဓာတ်ချို့တဲ့ခြင်းကြောင့်ဖြစ်ပေါ်တဲ့ သွေးအားနည်းရောဂါဟာဆံပင်ကျွတ်ခြင်းကိုဖြစ်ပေါ်စေပါတယ်။ လေ့လာတွေ့ ရှိချက်တွေအရဆံပင်ကျွတ်ခြင်းကိုဖြစ်ပေါ်တတ်တဲ့ အမျိုးသမီးတွေရဲ့ ၂၀ ရာခိုင်နှုန်းဟာသွေးအားနည်းရောဂါကြောင့်လို့ဆိုထားပါတယ်။

🌼 ရုပ်ပိုင်းဆိုင်ရာ နှင့် စိတ်ပိုင်းဆိုင်ရာဖိဆီးမှုများ

ခွဲစိတ်ကုသမှုခံယူရခြင်း၊ မတော်တဆထိခိုက်မှုဖြစ်ခြင်း၊ ပြင်းပြင်းထန်ထန်နာမကျန်းဖြစ်ခြင်း၊ တုပ်ကွေးမိခြင်းစတဲ့ ရုပ်ပိုင်းဆိုင်ရာဖိဆီးမှုတွေဟာလည်းဆံပင်ကျွတ်ခြင်းကိုဖြစ်ပေါ်စေတဲ့ အကြောင်းရင်းတွေပါပဲ။ ဒီလိုရုပ်ပိုင်းဆိုင်ရာတင် မကဘဲစိတ်ဖိဆီးမှုတွေရှိခြင်းဟာလည်းဆံပင်ကျွတ်ခြင်းကို ဖြစ်ပေါ်စေတာပါပဲ။ ဘာလို့လည်းဆိုတော့ ဖိဆီးမှုတွေဟာဆံပင်တွေရဲ့ သက်တမ်းကိုတိုစေပြီးဆံပင်ကျွတ်ခြင်းအဆင့်ကိုအလျှင်အမြန်ရောက်စေပါတယ်တဲ့။ လူတွေကိုရုပ်ရင့်သွားစေသလိုမျိုးပဲပေါ့။

🌼 ကိုယ်ဝန်ဆောင်ချိန်နှင့် ကလေးမွေးပြီးချိန်

ကိုယ်ဝန်ဆောင်ချိန် နဲ့ကလေးမွေးပြီးစအချိန်တွေမှာတော့ ဟော်မုန်းအပြောင်းအလဲတွေကြောင့်ရော၊ ရုပ်ပိုင်းဆိုင်ရာဖိဆီးမှုတွေကြောင့်ပါ ဆံပင်တွေကျွတ်တတ်ပါတယ်။

🌼 ဗီတာမင် အေ ပိုလျှံခြင်း

ခန္ဓာကိုယ် ကျန်းမာဖွံ့ဖြိုးဖို့၊ ရှင်သန်ကြီးထွာစေဖို့ နဲ့ရောဂါဘယတွေကင်းဝေးဖို့အတွက် ဗီတာမင် နဲ့သတ္တုဓာတ်တွေကိုမရှိမဖြစ်လိုအပ်ပါတယ်။ ဒါပေမယ့် အဆီမှာ ပျော်ဝင်တဲ့ ဗီတာမင်တွေဖြစ်တဲ့ ဗီတာမင် အေ၊ ဗီတာမင် ဒီ၊ ဗီတာမင် ကေနဲ့ ဗီတာမင် အီးတွေ ကိုယ်ခန္ဓာတွင်းမှာပိုလျှံနေတယ်ဆိုရင်တော့ အသေးစားဘေးထွက်ဆိုးကျိုးလေးတွေပြတတ်ပါတယ်။ ဥပမာ။ ။ ဗီတာမင် အေပိုလျှံရင် ဆံပင်ကျွတ်ခြင်းတွေဖြစ်တတ်သလိုပေါ့။

🌼 အသားဓာတ်ချို့တဲ့ခြင်း

အသားဓာတ်ဟာ ခန္ဓာကိုယ်ရဲ့ ကြွက်သားတွေဖွံ့ဖြိုးဖို့အတွက် မရှိမဖြစ်လိုအပ်သလိုပါပဲဆံပင်တွေရှင်သန်ကြီးထွားဖို့ အတွက်လည်းလိုအပ်ပါတယ်။ ကျွန်မတို့ပုံမှန်စားသောက်တဲ့ အစားအသောက်တွေထဲမှာအသားဓာတ်တွေ အချိန်ကြာကြာချို့တဲ့လာခဲ့ရင်တော့ ဆံပင်ကျွတ်တွေဖြစ်လာတတ်ပါတယ်။

🌼 ဆေးဝါးများ

အချို့သောဆေးဝါးတွေရဲ့ ဘေးထွက်ဆိုးကျိုးအနေနဲ့လည်းဆံပင်တွေကျွတ်တတ်ပါတယ်။ ဆံပင်ကျွတ်ခြင်းကို ဖြစ်ပေါ်တတ်တဲ့ ဆေးဝါးတွေကတော့ အကိုက်အခဲပျောက်ဆေးများ၊ သွေးကျဆေးများ၊ သွေးတွင်းအဆီကျဆေးများ၊ စိတ်ရောဂါဆေးများ၊ အဆစ်ရောင်ရောဂါဆေးများ၊ သွေးကျဲဆေးများ နှင့် ကင်ဆာဆေးများစသည်တို့ဖြစ်ပါတယ်။ ဆေးဝါးတစ်ခုခုမှီဝဲတဲ့ အခါမှာဆံပင်ကျွတ်ခြင်းဟာသိသာတဲ့ ဘေးထွက်ဆိုးကျိုးဖြစ်နေခဲ့တယ်ဆိုရင်တော့ သင့်ရဲ့ ဆရာဝန်သို့မဟုတ် ဆေးဝါးပညာရှင်နဲ့တိုင်ပင်ပြီးဆေးပြောင်းလို့ရနိုင်ပါတယ်။

🌼 သန္ဓေတားဆေးများ

ကိုယ်ဝန်ဆောင်ချိန်၊ မီးဖွါးချိန်နဲ့ သွေးဆုံးချိန်တွေမှာဟော်မုန်းအပြောင်းအလဲတွေဖြစ်တတ်သလိုပါပဲသန္ဓေတားဆေးတွေဟာလည်းဟော်မုန်းအပြောင်းအလဲတွေကိုဖြစ်တတ်တဲ့ အတွက် ဆံပင်ကျွတ်ခြင်းကိုဖြစ်ပေါ်စေနိုင်ပါတယ်။
စသည်တို့ဖြစ်ပါတယ်။

🌟 ထာဝရဆံပင်ကျွတ်ခြင်းဆိုတာကတော့ များသောအားဖြင့် မျိုးရိုးလိုက်တတ်တာဖြစ်ပြီးယောကျ်ားဟော်မုန်းများတဲ့ အမျိုးသား၊ အမျိုးသမီးတွေမှာဖြစ်တတ်ပါတယ်။ ယောကျ်ားတွေမှာတော့ အသက် ၆၀ ကျော်လာရင် အဖြစ်များတဲ့ ဆံပင်ကျွတ်ခြင်းပါ။ ယောကျ်ားတွေထိပ်ပြောင်တတ်တဲ့ အကြောင်းရင်းဟာဒီအကြောင်းကြောင့်ပါပဲ။ ဒီလိုဆံပင်ကျွတ်ခြင်းမျိုးကတော့ ဆံပင်ပေါက်ဆေးတွေ လိမ်းခြင်း၊ သောက်ခြင်းမပြုလုပ်ရင်ပြန်မပေါက်နိုင် တော့ပါဘူး။

🌸 ဆံပင်ကျွတ်ခြင်းတွေကိုကာကွယ်ဖို့အတွက်ကတော့ 🌸

☑️ အာဟာရမျှတစွာစားသုံးခြင်း၊
☑️ ရေနွေးနွေးလေးနှင့် ခေါင်းလျှော်ပေးခြင်း၊
☑️ ဆံပင်ကိုပေါင်းတင်ပေးခြင်း၊
☑️ ဘောက်မထအောင်ကာကွယ်ခြင်း၊
☑️ အားပြင်းသော Dryer များသုံးစွဲခြင်းကို
ရှောင်ကျဉ်ခြင်း၊
☑️ ဆံပင်များကိုညင်ညင်သာသာကိုင်တွယ် ဖြီးသင်ခြင်း၊
☑️ ဆံပင်ကိုတင်းကျပ်စွာစီးနှောင်ခြင်းကိုရှောင်ခြင်း၊
☑️ ဆံပင်ကိုမကြာခဏဖြောင်ခြင်းကောက်ခြင်း နှင့် ဆေးဆိုးခြင်းများကိုရှောင်ကျဉ်ခြင်း၊
☑️ ဆံပင်ကိုနေရောင်ခြည်နှင့် တိုက်ရိုက်ထိတွေ့ စေခြင်းကိုရှောင်ကျဉ်ခြင်းစတဲ့
နည်းလမ်းတွေကိုအသုံးပြုပေးရမှာပါ။

ဆံပင်ကျွတ်တယ်ဆိုတာအထူးအဆန်းတော့မဟုတ်ပါဘူးပုံမှန်အတိုင်းလည်းဆံပင်ကျွတ်တတ်ပါတယ်။ ဒါပေမယ့် ပုံမှန်ထက်လွန်ကဲလာတဲ့ အခါမျိုးတွေမှာတော့ နောက်ကွယ်မှာအကြောင်းရင်းတွေရှိနေတတ်ပါတယ်။

ကျွန်မတို့တွေဟာကိုယ့်ကိုယ်ကိုဘယ်လောက်ပဲလှပအောင် ပြင်ဆင်ပေမယ့် ဆံပင်တွေကပါးပြီးပုံမကျဖြစ်နေမယ်ဆိုရင်တော့ လှသင့်သလောက်လှနိုင်မှာမဟုတ်ပါဘူး။ ကျွန်မတို့ရဲ့ဆံပင်တွေကိုဆံပင်ကျွတ်ခြင်းမှကာကွယ်ပြီးလှပသေသပ်အောင်ပြင်ဆင်ထားနိုင်ဖို့ကလည်းအရေးပါလှပါတယ်။ ဒါကြောင့် ဆံပင်ကျွတ်ခြင်းကို ဖြစ်တတ်တဲ့ အကြောင်းရင်းတွေနဲ့ဘယ်လိုကာကွယ်ရမလဲဆိုတဲ့ အကြောင်းတွေကိုတင်ပြပေးလိုက်ပါတယ်။

credit : GloSkin CD

Photos from Organic Hair Treatment Oil's post 28/10/2024

ဝါကျွတ်ပေမဲ့လူမကျွတ်လဲ ကိစ္စ မရှိပေမဲ့

ဆံပင်အမြဲကျွတ်နေရင်တော့ မယ်သီလရှင် ကျောင်းတော့

ရောက်မှာ သေချာတယ်နော 😛😝

မင်မင်က လူကျွတ်အောင်မကူနိုင်ပေမဲ့ ၊ ဆံပင်ကျွတ်တာ သက်သာ အောင်၊ လှပကျောရှင်း ၊ဗောက်ကင်းစင်ပြီး၊အဖျားနှစ်ခွ သစ္စာဖောက်မ မဖြစ်အောင်တော့

ကူညီနိုင်ပါတယါရှင့် 💙

တစ်ခါသုံးပြီးတိုင်း သူမှမဟုတ်ရင် အဆင်မပြေလို့ ဆိုသူတိုင်းတွက် အထူးဈေး လက်ဆောင်ပေးလိုက်ပြီရှင့် 💙

ရက်အကန့်သတ်နဲ့မလို့ ကိုယ်လက်ဦးမှု ကသစ္စာတော့ရှိရမယ်နော 💙




09268438031

04/09/2024

#ဆံပင်ကျွတ်သက်သာချင်သူတိုင်းသိရမည့်သုံးချက် 💙🫶

ဒီနည်းက သင့်တွက်အများကြီးအထောက်ကူပြုမှာပါ

#ဆရာမအဂီ
09268438031

04/06/2024

ဒီအချိန်မှာ မဝယ်ရင် ဘယ်အချိန်ဝယ်မလဲ🤗
ရှယ်တန်သော် Hair queen pro setလေးနော် 😍😍

3 ဘူးပုံမှန်ဈေး=48000
ယခု= 40500 (7500 save)

Want your business to be the top-listed Beauty Salon in Taunggyi?
Click here to claim your Sponsored Listing.

Website

Address


Taunggyi