Beauty By KEFIR
ငြိမ်းချမ်းရေးအိမ်ခြံမြေနှင့်အထွေထွေအကျိုးဆောင်
09450453445
09781585414
09696725657
24/04/2026
Visit TikTok to discover videos! Watch, follow, and discover more trending content.
25/01/2026
တရော် ကင်မွန်းသီးသျားစောင်းလက်ပါတ် အနှစ်ထုတ်ပြီး Znoနဲ့မပုတ်အောင်စမ်းသပ်ပြီးKefir20%ပါဝင်တဲ့ခေါင်းလျှော်ရည်စမ်းသပ်ထုတ်လုပ်တာမှာအောင်မြင်ပါပြီ။
ဆံသားပျော့ပြောင်းနူးညံ့စေပါတယ်။ဗောက်လုံးဝပျောက်ကင်းပါတယ်။ဦးရေပြားအေးပြီး ယာယံတာတွေကိုသက်သာပျောက်ကင်းစေပါတယ်။ခေါင်းခြွေးနံ့ကင်းဝေးစေပါတယ်။ဆံပင်အရင်းအမြစ်တွေအားကောင်းတဲ့အတွက်ဆံပင်ကျွတ်ခြင်းကိုပျောက်ကင်းစေပါတယ်။Order တင်နိုင်ပါပြီ500mlတစ်ဗူး10000ကျပ်ပါ။
ပြောတဲ့အတိုင်မကောင်းရင်ငွေပြန်အမ်းပါမယ်။09696725657
ဒီpageမှာ ရောင်းနေတဲ့ Shampooရဲ့ အဓိက ကုန်ကြမ်းက 😍ဒုတိယပုံထဲက Kefirဆိုတဲ့ဆေးဖက်ဝင်grainလေးတွေကနေယူတာပါ❤️Kefir gain(မျိုး)လို့ ခေါ်ပါတယ်❤️အက်ဒီgrainလေးတွေကို ဖန်ပုလင်းထဲမှာ သကြားရည်နဲ့အချိုးကျကျ 48နာရီကြာ စိမ်ထားတဲ့အခါ grainလေးတွေက အလုပ်လုပ်ပါတယ်ရှင်❤️48နာရီပြည့်ပီးတိုင်းပုလင်းထဲက ရေတွေအကုန်စစ်ထုတ်လိုက်ပီး သုံးစွဲလို့ရပါပီ(နောက်ဆုံးပုံ)❤️သကြားရည်နဲ့စိမ်တဲ့အချိုးမှန်ရင် grainလေးတွေက ပွားပါတယ် ❤️ဒီအရည်က အစာအိမ်အတွက် အရမ်းကိုကောင်းတဲ့ဆေးပါ ❤️facebookမှာပဲအလွယ်တကူရှာလို့ရပါတယ်❤️ဆေးအနေနဲ့သုံးစွဲချင်ရင် Grainလည်းလှူပေးပါတယ်နော်❤️Cbမှာလာပြောလို့ရပါတယ်ရှင့်
Shampooမပြောနဲ့❤️ဒီ kefirအရည်ကို ခေါင်းမလျှော်ခင် ဆံပင်မှာ15မိနစ်လောက်လိမ်းပီး ခေါင်းလျှော်ချရင်ကို ဆံပင်ကပျော့တယ်❤️ပုံမှန်လုပ်ပေးရင် ဆံပင်ကျွတ်သက်သာလာတယ် ❤️ဆံပင်ဖြူတွေ အရောင်ကပြောင်းလာတယ်❤️အနံ့ကတော့ ချဉ်စုပ်စုပ်ဆိုတော့ သိပ်မလုပ်ချင်ဘူးလေ❤️အက်တော့ ညီမဦးလေးကသင်တန်းတက်ပီး Shampooစလုပ်တာပါပဲ❤️အတတ်နိုင်ဆုံး Chemicalကိုလျော့ချပီး သဘာဝပစ္စည်းစစ်စစ်တွေကိုသုံးပီးထုတ်လုပ်ထားတာမို့ ဘေးထွက်ဆိုးကျိုးမရှိစေရဘူးလို့ အာမခံပါတယ်ရှင့်❤️လုံးဝHomemadeစစ်စစ်ပါ❤️
🙄ညီမshampooက ကြော်ငြာတွေထဲကလို 🙄ခေါင်းတစ်ခါလျှော်လိုက်တာနဲ့ ချက်ချင်း 🤦ဆံနွယ်လေးတွေဟာ နက်မှောင်သန်စွမ်းပျော့ပျောင်းနူးညံ့သွားမှာတော့မဟုတ်ပါဘူး🙄တစ်သက်လုံး chemicalတွေနဲ့ထိတွေ့ ကောက်ဖြောင့်ဆေးဆိုးပီးပျက်စီးထားတဲ့ဆံပင်တွေကတော့ စိတ်ရှည်ရှည်နဲ့အချိန်ယူပီးသေချာcareပေးမှ ပြန်ကောင်းလာမှာပါ❤️ Chemicalပစ္စည်းတွေပဲဆက်လျှော်ရင် ပိုဆိုးလာဖို့ပဲရှိပါတယ်❤️
Kefir shampooကို စမ်းလျှော်ကြည့်ပါ တစ်ခါကနေ နှစ်ခါ သိသာလာပါတယ်❤️ဓာတ်မတည့်တာမျိုး ဘေးထွက်ဆိုးကျိုးမရှိစေရဘူးလို့ အာမခံပါတယ်❤️cbမှာ လာမှာလို့ရပါတယ်နော်
500ml_12000
2လီတာတစ်ဗူး42000
09428348519မစမ်းစမ်း
#မသုံးခင်shakeပေးပါနော်။
မစမ်း09428348519
09782419050
https://www.facebook.com/profile.php?id=100075700315339
31/10/2025
TikTok · Aung Kyaw Naing Bilin Township 1697 likes, 38 comments. “ 🇲🇲 ”
🌿ဆရာမကြီးပြောပြသည့်နှလုံးသွေးကြောပိတ်
ရောဂါအကြောင်းကျန်းမာရေး ဗဟုသုတ-
(အပိုင်း-၁ မှ ၆ )
လူ အတော် များ များ က နှလုံးသွေးကြောပိတ် တယ် ဆို ရင် cholesterol များ လို့ ဆို ပြီး ထင် နေ ကြ ပါ တယ်။
ဒီ လို အဖြစ် မျိုး ရောက် အောင် လည်းဆေးကုမ္ဗဏီ ကြီး တွေ ဟာ ဒေါ်လာ သန်း ပေါင်း များစွာ အကုန် ခံ ပြီး cholesterol ချ ဆေး တွေ ကို ကြော်ငြာ နေ ကြ တာ ဖြစ် ပါ တယ်။
ဒီဆေး တွေ ဟာ တစ်နှစ် ကို ဒေါ်လာ သန်း ပေါင်း များစွာ ဝင် ငွေ ရ အောင် ရှာ ပေး နေ တဲ့ ဆေး ဖြစ် ပါ တယ်။
ဒါ ကြောင့် လဲ အခု နောက် ပိုင်း သိ လာ တဲ့ cholesterol က အဓိက အ ကြောင်း မဟုတ် တာ ကို သိ ပေ မဲ့ လို့ ဘာ အသံ မှ မ ထွက် ကြ ပါ။
လူနာ အနေ နဲ့ က ဗဟုသုတ ရှိ ထား ဖို့ အများ ကြီး လို ပါ တယ်။
၂၀၀၀ ခု နှစ် တည်း က Harvard University မှ ဆရာဝန် များ က သုတေသန များ ကို ထုတ် ခဲ့ ပါ တယ်။
နှလုံးသွေး ကြော ကျဉ်း တဲ့ အဓိက အကြောင်း က ခန္ဓာကိုယ်တွင်း ယောင် ကိုင်း ခြင်း ဖြစ် ပါ တယ် တဲ့။
အင်္ဂလိပ် လို Inflammation လို့ ခေါ် ပါ တယ်။
ခန္ဓာကိုယ် ဘယ်လောက် ယောင် ကိုင်း နေ သ လဲ ဆို တာ သွေး ဖောက် စစ် လို့ ရ ပါ တယ်။ C Reactive protein လို့ ခေါ် ပါ တယ်။ CRP ဖြစ် ပါ တယ်။ မြန်မာ ပြည် မှာ စစ် လို့ ရ ပါ တယ်။
ဒီ CRP level တက် နေ ရင် နှလုံး သွေးကြောပိတ် ပြီး heart attack ရ ဖို့ လမ်း ပို များ ပါ တယ်။ ထို နည်း တူ စွာ လေ လည်း ဖြတ် နိုင် တယ် ပေါ့။
မိတ်ဆွေ တို့ သိ ထား ရ မှာ က အခု လို ခန္ဓာကိုယ် ယောင် ကိုင်း ခြင်း ကြောင့် သွေးကြောပိတ် တယ် ဆို ရင် သွေး ကြော ဆို တာ နှလုံး တစ် ခု တည်း မှာ ရှိ တာ မဟုတ် ပါ။
တစ် ကိုယ်လုံး မှာ သွေး ကြော တွေ ရှိ တာ ဆို တော့ဦးနှောက် ကို သွား နေ တဲ့ သွေးကြော လည်း ပိတ် နိုင် သ လို၊ အခြား နေ ရာ တွေ မှာ လည်း ပိတ် နိုင် ပြီ ဖြစ် ပါ တယ်။
အချို့ လူ တွေ က လဲ သွေးစစ် ကြည့် လို့ cholesterol level ကောင်း နေ တယ်၊ မတက် နေ ဖူး ဆို ရင် ကျေ နပ် နေ ကြ ပါ တယ်။
လူ အများ မသိ တဲ့ အချက် က normal level of cholesterol နဲ့ heart attack ရ နိုင် တယ်၊ လေ လည်း ဖြတ် နိုင် တယ် ဆို တဲ့ အချက် ဖြစ် ပါ တယ်။
Heart attack ရ သူ ၅၀% မှာ cholesterol က ပုံမှန် ဖြစ် ပါ တယ်။
ဒါ ကြောင့် သွေးစစ် တဲ့ အခါ CRP လို့ ခေါ် တဲ့ သွေးကြော ယောင် ကိုင်း ခြင်း ကို ပြ တဲ့ Inflammatory marker ဟာ အလွန် အရေး ကြီး ပါ တယ်။
မိတ်ဆွေ တို့ သိ ထား ရ မှာ က ခန္ဓာကိုယ် တွင်း ယောင် ကိုင်း ပြီ ဆို ရင် တစ် နေ ရာ တည်း မှာ ဖြစ် ခဲ ပါ တယ်။
နှလုံး က လည်း သပ်သပ် သွေး ကြောပိတ် တယ် ဆို တာ ဖြစ် နိုင် ပေ မဲ့ များ သော အား ဖြင့် အခြား နေ ရာ တွေ လည်း ပိတ် နေ တတ် ပါ တယ်။
အင်္ဂလိပ် လို ပြော ပြ ရ ရင်၊ It is a systemic disease and rarely is local.
တစ်ခါ တည်း အများ ကြီး ရေးရင် လူ တွေ မ ဖတ် မှာ စိုး လို့ နည်း နည်း ခြင်း နား လည် တဲ့ အထိ တင် ပြ သွား မှာ ဖြစ် ပါ တယ်။
✨နှလုံးသွေးကြောပိတ် ရောဂါ (အပိုင်း -၂)
သွေးကြောနံရံများ ရောင်ကိုင်းခြင်းနဲ့ ပတ်သက်လို့ မနေ့က C Reactive Protein (CRP) အကြောင်း တင်ပြခဲ့ပြီး ဖြစ်ပါတယ်။ (one of the inflammatory markers)
ဒီကနေ့ သွေးကြောတွေ ရောင်စေသည့် အကြောင်း နောက် တစ်ခု ပြောပါဦးမည်။ Cholesterol မဟုတ်သေးဘူးနော်။
Homocysteine လို့ ခေါ်တဲ့ ပရိုတင်းဓာတ် အစာချေခြင်းမှ ထွက်လာသော Amino Acid တစ်ခု ဖြစ်ပါတယ်။
ဒီဓာတ်ဟာ သွေးကြော နံရံတွေကို အလွန် ရောင်ကိုင်းစေပါတယ်။
သွေးဖောက် စစ်သည့်အခါ ဒီ Homocysteine ကို စစ်သင့်ပါတယ်။ သွေးကြောတွေ ရောင်ကိုင်းနေခြင်းကို ပြသည့် သင်္ကေတ နောက်တစ်ခု ဖြစ်ပါတယ်။
Cholesterol ထက် အများကြီး ပိုပြီး အရေးကြီးပါတယ်။
ဒီဓာတ် များနေရသည့် အဓိက အကြောင်းကတော့ ခန္ဓာကိုယ်ထဲမှာ B Vitamins တွေ နည်းနေလို့ ဖြစ်ပါတယ်။ အထူးသဖြင့် B12, B6 and Folic acid ဖြစ်ပါတယ်။
ဒီဓာတ် များနေတယ် ဆိုရင် ဒီ B vitamin သုံးခုကို မှီဝဲခြင်းအားဖြင့် သွေးကြောတွေကို ရောင်ကိုင်းစေသည့် ဓာတ်ကို လျော့ပေးလိုက်နိုင်မှာ ဖြစ်ပါတယ်။
ဒီ B group of vitamins ကို မှီဝဲခြင်းဖြင့် ဘာ ဥပါဒ်မှလဲ မရှိပါ။ ဘေးတွက် ဆိုးကျိုးလဲ မရှိပါ။ စျေးလဲ အလွန် ချိုသာပါတယ်။
ဒါက ဆရာဝန် ညွှန်ကြားမှု မလိုပဲ မိမိဖာသာ မိမိကိုယ်ကို အကျိုးပြုနိုင်သည့် နည်း ဖြစ်ပါတယ်။
Homocysteine level တက်နေသူများအတွက်
B6 (in the form of P5P) 50mg
Folate 600 microgram
B12 5000 microgram
သောက်ကြည့်လို့ ရပါတယ်။
သောက်သည့်အခါ ရေထဲမှာ Rock Salt အနည်းငယ် ထည့်ပြီး သောက်ရင် ပိုပြီး အစွမ်း ထက်ပါလိမ့်မယ်။
Rock salt မှာ ပါနေသည့် ဝါယောဓာတ်တွေဟာ ဒီ ဗီတာမင်တွေကို ကလာပ်စည်းထဲကို ပို့ပေးမှာ ဖြစ်ပါတယ်။
ဓာတ်ဆားတွေ အားနည်းနေရင်လည်း ဗီတာမင်တွေ သောက်နေပေမဲ့ ကလာပ်စည်းထဲကို မသယ်ဆောင်နိုင်တာကြောင့် သွေးထဲမှာပဲ များနေပြီး မထိရောက်တတ်ပါ။
Homocysteine သွေးဖောက်စစ်လို့ ရပါတယ်။
ပထမနေ့က သွေးကြောတွေ ရောင်ကိုင်းခြင်း သင်္ကေတ ဖြစ်သည့် C Reactive proetein အကြောင်း ပြောခဲ့ပါတယ်။
ဒီနေ့ နောက်သင်္ကေတ တစ်ခု ဖြစ်သည့် Homocysteine အကြောင်း ပြောပါတယ်။
အထူးသဖြင့် ဆီးချို ရှိသူတွေ၊ သွေးတိုး ရှိသူတွေ၊ နှလုံးသွေးကြော ကျဉ်းနေသူတွေ ဒီ Inflammatory Markers တွေ ဖောက်ကြည့်သင့်ပါတယ်။
အခုခေတ်မှာ cholesterol ကိုသာ အရေးထားနေကြတာမို့ အမှန်တကယ် အရေးကြီးသည့် Inflammatory markers တွေကို ဖောက်ကြည့်ရန် သတိထားသူ နည်းလှပါတယ်။
ဆက်ပါဦးမည်။
✨နှလုံး သွေးကြောပိတ် ရောဂါ အပိုင်း ၃
နှလုံးသွေးကြော ပိတ်စေနိုင်သည့် နောက်ဓာတ် တစ်မျိုးမှာ Fibrinogen ဖြစ်ပါတယ်။
ဒီဓာတ်ဟာ သွေးကို ပြစ်စေသည့် ပရိုတင်းဓာတ် တစ်မျိုး ဖြစ်ပါတယ်။
ဒီ Fibrinogen များနေရင် နှလုံး သွေးကြောများ ပိတ်ခြင်း၊ လေဖြတ်ခြင်း၊ stent ထည့်ထားသူများ သွေးကြောပြန် ပိတ်ခြင်း၊ ရုတ်တရက် သေဆုံးခြင်း စသည်ဖြင့် ဖြစ်တတ်ပါတယ်။
အချို့ကလဲ မျိုးရိုးလိုက်ပြီး ဒီဓာတ် များနေတတ်ပါတယ်။
အထူးသဖြင့် ဆေးလိပ် သောက်သူများမှာ Fibrinogen တက်နေတတ်ပါတယ်။ သွေးဖောက်စစ်ကြည့်လို့ 350mg/dl အထက်မှာ ရှိနေတယ် ဆိုရင် ဆေးလိပ် သောက်တာ ချက်ချင်း ဖြတ်ပြစ်သင့်ပါတယ်။
Insulin resistance ခေါ် ဆီးချိုရောဂါ ရှိသူတွေမှာလည်း ဒီဓာတ် များနေတတ်ပါတယ်။
ကိုယ်ဝန် တားဆေး သောက်နေသူ အမျိုးသမီးများမှာလည်း Fibrinogen များနေတတ်ပါတယ်။ အသက် အရွယ် ကြီးလာသော အမျိုးသမီးတွေမှာလည်း များနေတတ်ပါတယ်။
ဒီဓာတ်ဟာလည်း စစ်လို့ ရပါတယ်။
✨နှလုံး သွေးကြော ပိတ်ခြင်း ရောဂါ (အပိုင်း- ၄)
အခုခေတ်မှာ နှလုံးသွေးကြော ပိတ်ပြီဆိုရင်
၁. Stent ထည့်ကြတယ်။
၂. Bypass လုပ်ကြတယ်။
၃. ပြီးရင် ဆေးမျိုးစုံ တင်ကြတယ်။
cholesterol ချဆေး၊ သွေးမပြစ်ရအောင် Plavix စသည် ဖြင့်၊ အချို့လဲ Coumadin အချို့ လဲ Pradaxa, Xarelto စသည်ဖြင့်၊ သွေးတိုးချဆေး၊ သွေးထဲက သကြားချဆေး၊ နှလုံးခုန် မှန်ရအောင်၊ ဆေးများ စသည်ဖြင့်၊ ဆေးမျိုးစုံ ဖြစ်ပါတယ်။
သေသေချာချာ စဉ်းစားကြည့်ကြရအောင်။
အရေးပေါ် အနေနဲ့ သွေးကြောတွေကို သွေးသွားလို့ လွယ်ကူရအောင် ဖွင့်ပေးလိုက်တာ ကောင်းပါတယ်။
(အမှန်တကယ် လိုအပ်ရင်ပေါ့ ။ ခေတ်ကြီးက ပြောင်းလဲလာတာမို့ မလိုအပ်ပဲ လုပ်တာတွေလဲ အများကြီး ရှိပါတယ်။ အနောက် နိုင်ငံတွေမှာ ခဏခဏ သတင်းထဲမှာ ပါလာနေကျ ဖြစ်ပါတယ်)။
အမှန် တကယ် လိုအပ်လို့ ဖွင့်ပေးတယ်ပဲ ထားလိုက်ပါတော့။
အခုလို ကုပေးလိုက်တာ အကြောင်းတွေကြောင့် ဖြစ်လာတဲ့ နှလုံးသွေးကြော ပိတ်ခြင်းကို ခေတ္တ ပြဿနာ ဖြေရှင်းလိုက်ခြင်းသာ ဖြစ်ပါတယ်။
အဓိက အကြောင်းတွေကို သွားပြီး မပြုပြင်ဖူး ဆိုရင် နောက်ပိုင်း ပြန်ပိတ်ဖို့လမ်း အလွန် များတာ ဖြစ်ပါတယ်။
ဥပမာ- ပိတ်နေတဲ့ ရေမြောင်းကို ဒုတ်နဲ့ ထိုးပြီး ကော်လိုက်သလိုပါပဲ။ အထက်က စီးဆင်းလာတဲ့ အမှိုက် သရိုက်တွေကို မဖယ်ရှားပြစ်ဖူး ဆိုရင် ပြန်ပိတ်ဖို့လမ်း အတော် များပါတယ်။
ကျေးဇူးတော်ရှင် မြတ်စွာဘုရား ဟောတော် မူခဲ့သည့်အတိုင်း အကျိုးတွေကို ပပျောက်စေချင်ရင် အကြောင်းတွေကို ပိတ်ပြစ်ရမှာ ဖြစ်ပါတယ်။
ဒီနေရာမှာ နှလုံးသွေးကြော ပိတ်ရသည့် အဓိက အကြောင်းရင်းက သွေးကြော နံရံတွေ ရောင်ကိုင်းခြင်း ဖြစ်တာမို့ သွေးကြောနံရံတွေကို ရောင်ကိုင်းစေတတ်သော အချက် အလက်ကို မပြင်သမျှ ကာလပတ်လုံး အလုပ် မဖြစ်ပါ။
ကျွန်မ မေးချင်တာက stent ထည့်ထားသူတွေ၊ Bypass လုပ်ထားသူတွေ၊ ဆေးတွေ သောက်နေသူတွေ၊ Inflammatory markers လို့ ခေါ်တဲ့ သွေးကြောတွေ ရောင်ကိုင်းခြင်း သင်္ကေတတွေ ဖောက်စစ်ကြည့်ကြရဲ့လား ဆိုတာပါပဲ။
အဓိက အကြောင်းကို မပြင်သမျှ ကာလပတ်လုံး ဒီရောဂါနဲ့ပဲ တဝဲလည်လည် ဖြစ်နေဖို့ များပါတယ်။
✨နှလုံးသွေးကြောပိတ်ရောဂါဗဟုသု( အပိုင်း-၅)
မိတ်ဆွေများ အားလုံး ဗဟုသုတ အတွက် အောက်ပါ မေးခွန်းတစ်ခုကို တင်ပြလိုက်ပါတယ်။
🌱“သွေးကြော ကျဉ်းနေမှုကို ဘယ်ဆေးရုံတွေမှာ ဘယ်လို စစ်ရပါမလည်း Inflammatory markers ကို ပြည်တွင်း Lab များမှာ စစ်ဆေးနိုင်ပါသလား၊
ခန့်မှန်းခြေ ဘယ်လောက် ကျပါသလည်း။ Thank you ” 🌱
ဒီမေးခွန်းလေးဟာ အင်မတန် ကောင်းပါတယ်။
မေးသင့် မေးထိုက်တဲ့ မေးခွန်းလဲ ဖြစ်ပါတယ်။
ပြန်ဖြေရမယ် ဆိုရင်တော့-
ခန္ဓာကိုယ် ယောင်ကိုင်းခြင်း (သွေးကြောများ အပါအဝင်) ဟာ နာတာရှည် ရောဂါ မျိုးစုံရဲ့ အဓိက အကြောင်း ဖြစ်ပါတယ်။
နာတာရှည် ရောဂါထဲမှာ ကင်ဆာ ရောဂါလည်း ပါဝင်ပါတယ်။
သို့ပါသော်လည်း ဒီ အဓိက အချက်ကို ဆရာဝန်များနဲ့ လူနာ များ သေသေချာချာ သိနားလည်ဖို့
ဘယ်သူကမှ လိုက်ပြီး ပြောပြမနေပါ။
အဓိက အကြောင်းကတော့ ထိထိ ရောက်ရောက် ကြော်ငြာပေးနိုင်ဖို့ ဆိုတာ ပိုက်ဆံ အများကြီး လိုပါတယ်။ ပိုက်ဆံ အများကြီး အကုန် အကျ ခံနိုင်တာကလဲ ဆေးကုမ္ဗဏီကြီးတွေ ဖြစ်ပါတယ်။
သူတို့တွေဟာ လူတွေကို cholesterol နဲ့
ဖြဲချောက်ပြီး cholesterol ချဆေးတွေကို အမျိုးမျိုးသော နည်းဖြင့် promote လုပ်ပြီး ရောင်းကောင်းနေပါတယ်။ ဝင်ငွေအားဖြင့်လည်း ဒေါ်လာ သန်းပေါင်း များစွာ ရနေတာ ဖြစ်ပါတယ်။
ဆရာဝန် အများစုဟာလည်း စာဖတ်ချိန်
သိပ်မပေးနိုင်တာကြောင့် ဆေးကုမ္ဗဏီနဲ့ သူတို့ ကိုယ်စားလှယ်တွေ ပြောသမျှနဲ့ပဲ ဆက်ကုနေကြတာ များပါတယ်။
ဒါတွေကြောင့်လဲ လူနာ အများစုဟာ ရောဂါ ဝဲထဲမှာပဲ တလယ်လယ် ဖြစ်နေကြပါတယ်။
ကျွန်မ အရင်က ဟောပြောပွဲတွေမှာ ပြောပြီးပြီ ဖြစ်သော်လည်း ထပ်ပြောပြပါမယ်။
ခန္ဓာကိုယ် ရောင်ကိုင်းခြင်း သင်္ကေတတွေ Inflammatory Markers တွေကတော့
(တစ်နည်း ပြောရရင် သွေးဖောက်စစ်သည့် အခါ မိမိက နာတာရှည် ရောဂါ ဖြစ်နိုင်မှု အလားအလာ ရှိသလား ဆိုသည့် ခန့်မှန်းနိုင်သော အချက်များ)
1. CRP (C reactive proetein) Healthy zone is less than 0.8 mg/L
2. Ferritin ( Iron ) women --- less than 80 microgram / L
Men ---- less than 90 microgram/ L
3. Fibrinogen ---- 180 – 350 mg/dl
4. Homocysteine ----less than 9micromol/L
5. Lp(a) ---------less than 30mg/dl
6. HDL cholesterol ------ women 40 -120md/dl
men 35 – 70 mg/dl
7. LDL cholesterol -----70 -130 mg/dl
8. Oxidized LDL ( VLDL ) 0 –650 units
9. Triglycerides -----50 -180 mg/dl
10. Fasting blood sugar ---- less than 100mg/dl
11. Fasting Insulin ------less than 17microunits/L
12. Hb A1c -------less than 6% of total HGB
များသောအားဖြင့် ဆေးရုံနဲ့ ဆရာဝန် တွေဟာ အချို့သော test တွေမှအပ အခြား အရေးကြီးတာတွေ လုပ်လေ့ မရှိတာကြောင့် ကိုယ်က လုပ်ပေးဖို့ request လုပ်မှ လုပ်ပေးပါသည်။ (နိုင်ငံခြားမှာ)
မြန်မာပြည်မှာ အချို့ test တွေ ရနိုင်ပါသည်။ ကိုယ်က request လုပ်ရမှာ ဖြစ်ပါတယ်။ စျေး ဘယ်လောက် ရှိတယ် ဆိုတာ ကျွန်မ မသိပါ။
သွေးဖောက်လို့ ကိုယ်က သွေးကြော ပိတ်နိုင်တဲ့ အနေအထားမှာ ရှိတယ် ဆိုရင်
ဘေးထွက် ဆိုးကျိုးတွေ မရှိတဲ့ test တွေကနေ စရမှာ ဖြစ်ပါတယ်။
EKG
Stress test
Electron beam CT to evaluate coronary calcifications ( calcium score )
Carotid ultrasound
ဒါတွေ လုပ်ပြီး တစ်ခုခု တွေ့မယ် ဆိုရင်တော့ အသေချာဆုံးက Coronary angiogram ဖြစ်ပါတယ်။ သူကတော့ invasive ဖြစ်ပါတယ်။
ကျွန်မ ပြောချင်တာက အစား အသောက်၊ အနေ အထိုင်ကို ဂရု စိုက်မယ်ဆိုရင် ဒီ အခြေ အနေ အထိ ရောက်စရာ မလိုပါဘူးလို့ ထင်ပါတယ်။
✨နှလုံးသွေးကြောပိတ်ခြင်း ကျန်းမာရေးဗဟုသုတ (အပိုင်း -၆)
-နှလုံးသွေးကြော ကျဉ်းနေသူများ၊
-Stent ထည့်ထားသူများ
-Bypass လုပ်ထားသူများ
-အကြောင်း အမျိုးမျိုးကြောင့် ခွဲလို့ မရ ဆိုပြီး အိမ်ပြန်လွှတ် ခံရသူများ
-ခွဲဖို့ ငွေအင်အား မရှိသောကြောင့် မခွဲနိုင်သူများ
-နှလုံးသွေးကြော လုံးဝ ပိတ်သွားသောကြောင့် အရင်က heart attack ရသူများ
ဆရာဝန် ပေးထားတဲ့ ကိုယ်သောက်နေကျ ဆေးတွေလဲ သောက်ပေါ့။
ဥပါဒ် မရှိပဲ နှလုံး အင်အားရှိလာအောင်ရယ်၊ နှလုံးခုန် မှန်လာအောင်ရယ် သဘာဝ supplements တွေ ထဲက အကောင်းဆုံးတွေကတော့
၁. D Ribose Powder 10-15 grams a day အပူ၊အအေး၊ ကြိုက်တာနဲ့ ဖျော်သောက်လို့ ရပါတယ်။
၂. Magnesium Citrate or maleate 400- 600 mg a day in divided doses မနက် တစ်ခါ၊ ညအိပ်ရာဝင်ခါနီး တစ်ခါ သောက်ပါ။
၃. CoQ10 200mg to 400mg daily သောက်ပါ။
၄. Acetyl L carnitine 1000 - 1500mg daily.
၅. CoQ10 ၏ အစွမ်း ပိုထက်စေချင်ရင် Vitamin E နဲ့ တွဲပြီး သောက်ပါ။ Unique E လို့ ခေါ်တဲ့ brand ဖြစ်ပါတယ်။ ရိုးရိုး Vitamin E မဟုတ်ပါ။ သူက Vitamin E မျိုးစုံ ရောစပ်ထားတာ ဖြစ်ပါတယ်။ 400- 800 IU daily.
၆. Cod Liver oil သောက်ပါ။
ဘာမှ အရှုံး မရှိပဲ ရောဂါ သက်သာလာနိုင်စရာ အကြောင်း အများကြီး ရှိပါတယ်။
ကျွန်မ လူအတော် များများမှာ စမ်းသပ် ကြည့်ပြီးပါပြီ။ အံသြဖွယ် ကောင်းလောက်အောင် အောင်မြင်တာကို တွေ့ရပါတယ်။
အမျိုးသမီး တစ်ဦး ဘာမှ လုပ်လို့ မရတော့ဘူး ဆိုပြီး ဆေးရုံက ပြန်လွှတ်လိုက်ပါတယ်။ မောလွန်းလို့ အိပ်ယာကနေ အိမ်သာတောင် ထ မသွားနိုင်ပါ။ ဒီဆေးတွေ သောက်ပြီး ဘုရားဖူးတောင် ထွက်နိုင်ပါတယ်။
ကျွန်မ အကြံပေးခြင်းသာ ဖြစ်ပါတယ်။ မိမိ ဘာသာ ဆုံးဖြတ်နိုင်ပါတယ်။ အတင်း မတိုက်တွန်းလိုပါ။ မိမိ သောက်နေကျ ဆေးတွေ ဖြတ်ပြီး ကျွန်မ ပြောတာကိုသာ သောက်ရမည်ဟု လုံးဝ မဆိုလိုပါ။
ဗဟုသုတ ဝေငှ နေခြင်းသာ ဖြစ်ပါတယ်။
*လေးစားစွာဖြင့်-
To A Better Health(Dr.Daw Khin Nwe Win)
Soe Kyi
နာတာရှည် ရောဂါများနှင့် ကလပ်စည်းစွမ်းအင် (အပိုင်း ၁ မှ ၅)
အပိုင်း ၁
နာတာရှည် ရောဂါသည်များဟာ များသောအားဖြင့် နွမ်းလျ၊ အားမရှိ၊ မလုပ်ချင် မကိုင်ချင်၊ လမ်းမလျောက်နိုင်၊ အိမ်မှု ကိစ္စများကိုလည်း မလုပ်နိုင်ကြပါ။
နာတာရှည် ရောဂါဆိုသည့် spectrum နယ်ပယ်တစ်ကြော ဟာ အတော်လေး များပြားလှပါတယ်။ အကြောင်း အမျိုးမျိုးကြောင့် အကျိုးအမျိုးမျိုး ရကြပါတယ်။ (ပဋိစ္စသမုပ္ဗါဒ်)
များသောအားဖြင့် သက်ကြီး ရွယ်အိုတွေမှာ အဖြစ်များသော် လည်း ခေတ်က ပြောင်းလဲလာတာနှင့်အမျှ လူရွယ်ပိုင်းတွေ မှာလည်း အဖြစ်များလာတာကို တွေ့နေရပါတယ်။
နာတာရှည် ရောဂါများမှ သက်သာစေရန် ကျွန်မတို့တတွေအားလုံး အခြေခံကို နားလည် သဘောပေါက်ဖို့ အင်မတန်မှ အရေးကြီးပါတယ်။
အဘိဓမ္မာအရဆိုရင် ရုပ်တရား အားလုံးဟာ ကလာပ်စည်း တွေ ဖြစ်ပါတယ်။
တည်ဆောက်ပုံ structure အနေနဲ့ ကြည့်မယ် ဆိုရင် ကလာပ်စည်း အစု အဝေး groups of cells တူရာ တူရာ ကလာပ်စည်း အစုတွေ ဖြစ်ကြပါတယ်။
ဥပမာ ဥဏှောက် ကလာပ်စည်း၊ နှလုံးကလာပ်စည်း၊ ကြွက်သား၊ ကျောက်ကပ် စသည်ဖြင့် ဖြစ်ပါတယ်။
Function လုပ်ဆောင်ချက် အရ ဆိုလည်း ခန္ဓာကိုယ် အတွက်က အဓိက လုပ်ငန်း ဆောင်တာများကို ထမ်းဆောင်နေတာ ဖြစ်ပါတယ်။ လူတစ်ဦး၏ ကျန်းမာရေး၊ အသက်ရှင်နေရေး အတွက်ကတော့ စွမ်းအင်တွေ ထုတ်ပေးနေခြင်း ဖြစ်ပါတယ်။
စွမ်းအင်တွေ ထိထိရောက်ရောက် ထုတ်နိုင်ရင် ကျန်းမာနေ မယ်။ စွမ်းအင်တွေ ယုတ်လျော့လာတာနဲ့အမျှ နာတာရှည်ရောဂါ တွေ စပြီ ဖြစ်ပါတယ်။ စွမ်းအင် လုံးဝ မထုတ်နိုင်သည့်အခါ သေပါတယ်။
အဘိဓမ္မာ အရ ဥသ္မာ ကိုယ်ငွေ့ ပြတ်စဲသွားခြင်းဟာ သေခြင်းရဲ့ အကြောင်း တစ်ပါး ဖြစ်ပါတယ်။ ဒီနေရာမှာ ကိုယ်ငွေ့ ဆိုတာ ကလာပ်စည်း စွမ်းအင်ကို ပြောနေတာ ဖြစ်ပါတယ်။
သေခြင်းမှာ ကံကြောင့် ဖြစ်သည့် နာမ်နှင့် ရုပ် ချုပ်သွားခြင်း ဖြစ်ပါတယ်။
ချုပ်သွားသည့် နာမ်မှာ စိတ်ကတော့ စုတိစိတ်၊ စေတသိက် ကတော့ ဇီဝီတိန္ဒြေ ဖြစ်ပြီး ရုပ်ကတော့ ဥသ္မာ တေဇော ဓာတ် ဖြစ်ပါတယ်။
အလွန် အရေးကြီးတာမို့ ကလာပ်စည်း စွမ်းအင်တွေကို စပြီး လေ့လာကြမှာ ဖြစ်ပါတယ်။
ခေတ်မီ ဆေးပညာနဲ့ ပြောရရင် CELL AND CELLULAR ENERGY ဖြစ်ပါတယ်။ ကလာပ်စည်း Cell အတွင်းမှာ ကလာပ်စည်း ထုတ်သည့် စက်ရုံများ ရှိကြပါတယ်။ သူတို့ကို mitochondria လို့ ခေါ်ပါတယ်။ The sites of AEROBIC CELLULAR RESPIRATION.
ကိုယ်အင်္ဂါ အစိတ်အပိုင်း တစ်ခုဟာ ဘယ်လောက် အလုပ် များသလဲပေါ် မူတည်ပြီး ကလာပ်စည်းထဲရှိ Mitochondria အရေအတွက်ဟာ ကွာခြားသွားပါတယ်။
အလုပ် လုပ်ရဆုံး ဖြစ်သည့် ကြွက်သား ဥဏှောက် နှလုံးတို့မှာဆိုရင် အများဆုံး ဖြစ်ပါတယ်၊ အခုလို နေရာတွေမှာ ဆိုရင် ကလာပ်စည်း တစ်ခုမှာ စက်ရုံပေါင်း ထောင်နဲ့ ချီပြီး ရှိနေတာ ဖြစ်ပါတယ်။
ဒီ Mitochondria လို့ ခေါ်သည့် စက်ရုံတွေရဲ့ အခြေ အနေ လိုအပ်ချက် စသည်တို့ကို မိတ်ဆွေများ အားလုံး သေသေချာချာ နားလည်သွားရအောင် အပိုင်းလိုက် ဆက်ပြီး တင်ပြသွားမှာ ဖြစ်ပါတယ်။
ကျွန်မ အမြဲ ပြောလေ့ ရှိပါတယ်။
ခန္ဓာကိုယ်ကြီးဟာ လိုအပ်သည့် ကုန်ကြမ်းများ သယ်ယူ ပို့ ဆောင်ရေး၊ အပူချိန်၊ ဗို့အား၊ အောက်စီဂျင်၊ သံချေး တက် မတက် စသည်တို့ကို ပြုပြင်ပေးလိုက်မယ် ဆိုရင် သူ့အလုပ် သူလုပ်ပြီး နာတာရှည် ရောဂါများမှ သက်သာလာမှာ ဖြစ်ပါတယ်။
ဆက်ပါဦးမည်။ credit:to a better health
“ကီဖါ အကြောင်းသိကောင်းစရာ”
ကီဖါ ဆိုတာ ဆေးဝါးလား၊ ကီဖါသောက်လို့ ရောဂါတွေ ပျောက်ကင်းကုန်ကြတယ် ဆိုတာ တကယ်လား။
အရင်ဆုံး ပြောချင်တာကတော့ ကီဖါ ဆိုတာ ဆေးဝါးပစ္စည်းတခု မဟုတ်ပါဘူး၊
ကင်ဆာပျောက်ဆေး ကျောက်ကပ်ရောဂါပျောက်ဆေးမဟုတ်ပါဘူး နှလုံး ရောဂါတွေ လေးဘက်နာရောဂါတွေ အတွက် ဖေါ်စပ်ထားတာလား မေးခဲ့ရင် တခုမှ မဟုတ်ပါဘူးလို့ ဖြေရမှာပါ၊ ဒါဖြင့် အဲဒီရောဂါရှင်တွေက ဘာပြုလို့ သူတို့ သက်သာပျောက်ကင်းပြီလို့ ပြောကြတာလဲ။
ဘာပြုလို့ပြောကြတာလဲဆိုတော့ အဲဒီရောဂါရှင်တွေဟာ အမှန်တကယ် ရောဂါတွေ သက်သာခဲ့ကြလို့ပါဘဲ။ တကယ်တော့ ကီဖါ ကို အမေရိကန် FDA က ဆေးဝါးအဖြစ် သတ်မှတ် မထားပါဘူး။ ဖြည့်စွက်စာ အနေနဲ့ဘဲ အသိအမှတ်ပြုထားပါတယ်။
ကီဖါကို မူလစတင် သောက်သုံးခဲ့ ကြသူများကတော့ ကော့ကေးဆပ် မြောက်ပိုင်း၊ အရှေ့ဥရောပနဲ့ ရုရှား နိုင်ငံတို့ ပါဘဲ။ သူတို့က ရှေးယခင် ကထဲက သောက်သုံးခဲ့ကြတာ၊အနောက်ကမ္ဘာ ဆေးပညာကတော့ ခုနောက်ပိုင်းလေးမှ တွေ့ရှိချက်အသစ် အနေနဲ့ တွေ့ရှိလာခဲ့ကြတာပါ။ အခုတော့ ကမ္ဘာ့လူသားတွေ သိလာကြပြီ၊ ကီဖါဟာ လူသားတို့ရဲ့ မိတ်ဆွေလို့ ယူဆလာ ကြပါပြီ။
ဒါဖြင့် မေးစရာရှိတာက ကီဖါ ဆိုတာ ကြီး မပေါ်ခင်တုံးကလဲ ကျုပ်တို့ လူသားတွေ နေခဲ့ကြတာဘဲ၊ အသက်တွေလဲ ရှည်ခဲ့ကြတာဘဲ။ ဘာဖြစ်လို့ ခုမှ ရုတ်တရက်ကြီး ကီဖါ ကီဖါ ဖြစ်နေကြတာလဲ၊ ကီဖါ မသောက်ပဲ အသက်ရှည်ရှည် နေသွားခဲ့ကြတဲ့ ဘိုးဘွားတွေ ရှိခဲ့ကြတာကျ ဘာပြောမလဲလို့ မေးချင်စရာပါ။
ဒီလိုဗျာ အမှန်တော့ ရှေးလူတွေ နေထိုင်ခဲ့ကြတဲ့ အချိန်ကထဲက သဘာဝတရားကြီးထဲက ကီဖါတွေကို မသိဘဲနဲ့ စားသုံးနေခဲ့ကြတာပါ။
ဥပမာ အဘိုးအဘွားတွေက ငပိရည် အတို့အမြှုပ်တွေ ချဉ်ဖတ်တွေ ပါမှ ထမင်းစားတတ်တာမို့လား၊ သန့်ရှင်းတဲ့ ဟင်းသီးဟင်းရွက် လတ်လတ်ဆတ်ဆတ်တွေ စားသုံးခဲ့ကြတယ်၊ မုန်လာဥချဉ်ဖတ် ပဲတီချဉ်ဖတ် စတဲ့ ချဉ်ဖတ်မျိုးစုံ ဆို အိမ်မှာကို တည်စားမှ အားရတာ။ငှက်ပျောသီး ဖီးကြမ်းက အားရှိတယ်၊ နွားနို့လေး သောက် ဒိန်ချဉ်လေး လုပ်စားနဲ့၊ ဘာပြောကောင်းမလဲ စားနေကြတာတွေက ကီဖါတွေ ချည်း ဖြစ်နေကြတာကိုး၊ ဒီတော့ အသက်ရှည်ပြီပေါ့။
ဒါပေမဲ့ အဲဒါတွေကို ပရိုဘိုင်အိုတစ် အားပေးတဲ့ အစာတွေလို့ မသိခဲ့ကြပါဘူး။ ဒါကြောင့် "အစာလည်းဆေး-ဆေးလည်းအစာ" လို့ပြောစမှတ် ထားခဲ့ကြတာပေါ့။
ကီဖါအကြောင်း ပြောမယ်ဆိုရင် -
-Probiotic နဲ့ Prebiotic ဆိုတာကို အရင် ရှင်းပြမှ ရပါမယ်။
Probiotic ဆိုတာ ခန္ဓာကိုယ်ကို အကျိုးပြုသော အဏုဇီဝပိုးတွေကို ခေါ်တာ။ လူ့ခန္ဓာကိုယ်ထဲမှာ အဲဒီ အဏုဇီဝ ပိုးပေါင်း ၁၀၀ ထရီလီယံ လောက်ထိ ရှိနေတယ်လို့ ခေတ် သစ်သိပ္ပံပညာက ဆိုထားပါတယ်။ ၎င်းဘက်တီးရီးယား ပိုးများကို အုပ်စုခွဲကြည့်မယ်ဆိုရင် သုံးခုရှိပါမယ်။
၁။ ခန္ဓာကိုယ်ကျမ်းမာရေးကို အကျိုး ပြုသော အဏုဇီဝ ဘက်တီးရီးယားပိုးများ
၂။ ခန္ဓာကိုယ်ကို ဒုက္ခပေးသော အဏုဇီဝ (ရောဂါဖြစ်စေနိုင်သော)ဘက်တီးရီးယား ပိုးများ
၃။ ကျမ်းမာရေးကို အကျိုးအပြစ် မပေးသော အဏုဇီဝ ဘက်တီးရီးယားပိုးများ လို့ သုံးမျိုး ရှိပါတယ်။
၎င်းတို့အနက် နံပါတ်တစ် ခန္ဓာကိုယ် ကျမ်းမာရေးကို အကျိုးပြုသောအဏုဇီဝ ဘက်တီးရီးယားပိုး များကို probiotic လို့ သတ်မှတ်ကြပါတယ်။
Probiotic ဘက်တီးရီးယားပိုးတွေက လူသားတို့အတွက် ဘာတွေ လုပ်ပေးနိုင်သလဲ။
-ပြင်ပက ရောဂါပိုးတွေ မဝင်နိုင်အောင် ကာကွယ်ပေးတယ်
-ရောဂါဖြစ်စေသော ဘက်တီးရီးယားပိုး များပေါက်ပွားမှု့ကို ဟန့်တားပေးတယ်
-ကိုယ်ခံအား စနစ်ကို မျှတအောင် ချိန်ညှိပေးတယ်
တိုတိုပြောရရင် အဲဒီ Probiotic တွေ အားကောင်းလာအောင် ကီဖါ လေးတွေက ပြုလုပ်ပေးပါတယ်။
နောက်တခုက Prebiotic ပရီဘိုင်အိုတစ် အကြောင်း နည်းနည်းလောက် ပြောရဦးမယ်။
သူက အစာချေစနစ်က ကြေညက်အောင် မချေပေးနိုင်တဲ့ ဖိုင်ဘာအမျှင်ပါတဲ့ အစားအစာတွေပါဘဲ။အူမကြီးထဲမှာရှိတဲ့ လူ့ခန္ဓာကိုယ်ရဲ့ အကျိုးပြု အဏုဇီဝဘက်တီးရီးယားပိုး(Probiotic) တွေ ရဲ့အစာလေးတွေ ဖြစ်ပါတယ်။ prebiotic ဆိုတာ အူမကြီးအတွင်းရှိ probiotic တွေ ရှင်သန်အားကောင်းဘို့ စားရတဲ့ အစာလို့အကြမ်းဖျဉ်း မှတ် သားရင် ရပါပြီ။
ပရီဘိုင်အိုတစ် ကြွယ်ဝတဲ့ အစားအစာတွေကတော့-
ပျားရည်
ကြက်သွန်နီ
ကြက်သွန်ဖြူ
ပန်းသီး
ပဲပုတ်
ကညွတ်
ထောပတ်သီး
စိမ်းစားဥ
ပန်းသီးရှာလကာရည်
ငှက်ပျောသီး ..စသည့်အစာတွေဘဲ ဖြစ်ပါတယ်။ မသိခင်တုံးက မတော် တဆ စားခဲ့မိကြတာတွေ၊ ခုလို သိသွားတော့ ရည်ရွယ်ချက်နဲ့ အဓိပ္ပါယ် ရှိရှိ စားလို့ ရပြီပေါ့။
ဒါကြောင့် ရှေးတုံးက လူနာကို ပန်းသီးကျွေးခိုင်းတာကိုး၊ အနောက်နိုင်ငံ က ဆိုရိုးစကားတခု မှတ်သားဘူးသေး တယ်။
"An apple a day, keep your doctor away” တဲ့။
တနေ့ပန်းသီးတလုံးစားရင်း သင့်ဒေါက်တာကို အဝေးပို့လိုက်ပါတော့ တဲ့။
ဒီနေ့တော့ ဒီလောက်ပါဘဲနော်၊ နောက်နေ့တွေကျမှ water kefir နဲ့ milk kefir အကြောင်းလေးတွေ အလျဉ်းသင့်ရင် ရေးပါဦးမယ်။
ကီဖါ တန်ခိုးနဲ့ ကျမ်းမာဝဖြိုး အလှတိုးနိုင်ကြပါစေ။
Crd
ကမျြးကိုး။ ကီဖါ (Kefir) A.Z.T
Kefir google
Crd.Aung Zaw Tun
အူလမ်းကြောင်း ကောင်းချင်လျှင်
Autoimmune ရောဂါတွေ မဖြစ်ချင်လျှင်
Autoimmune ရောဂါတွေ ပျောက်ချင်လျှင်
ဝမ်းတလုံးကောင်း ခေါင်း မခဲတဲ့၊ အူလမ်းကြောင်း မကောင်းရင် ရောဂါပေါင်းစုံ ဝင်လာပါတယ် အူလမ်းကြောင်း ကောင်းအောင် အစားအသောက် ပြုပြင်ပြီး လိုအပ်တဲ့ ဖြည့်စွက်စာတွေ စားလိုက်ရင်
၁။ ကျီးပေါင်း
၂။ RA (သွေးလေးဘက်နာ)
၃။ SLE (အေရျပား လေးဘက်နာ)
၄။ Sjogren's syndrome
၅။ Psoriasis (နှင်းခူ)
၆။ Grave Disease (သိုင်းရွိုက်ဟော်မုန်း များခြင်း)
၇။ Guillian Barre Syndrome (ကြွက်သားအင်အား ဆုတ်ယုတ်လာခြင်း)
၈။ Multiple Sclerosis (နာဗ့်ကြောပျက်ပြီး ကြွက်သား အားလျော့ခြင်း)
၉။ Hashimoto's Thyroiditis (သိုင်းရွိုက်ဖျက်ဆီးခံရပြီး ဟော်မုန်း နည်းခြင်း)
၁၀။ Myasthenia Gravis (မျက်စိကြွက်သား အားနည်းပြီး ဖွင့်မရခြင်း)
၁၁။ ခေါင်းကိုက်၊
၁၂။ Autism
၁၃။ အစာအိမ်ရောဂါ
စတဲ့ ရောဂါ တော်တော်များများ ပျောက်ပါတယ်
ဒါတွေလုပ်မယ်
၁။ ချွေးထွက်အောင် နေ့စဉ် မိနစ် ၃၀ ခန့် လမ်းသွက်သွက်လျောက်မယ်
၂။ နေပူစာလှုံမယ်၊ မြေဓာတ်ယူမယ်
၃။ အိပ်ရေး ဝအောင် အိပ်မယ် စိတ္ဖိဆီးမွု နည်းနိုင်သမျှ နည်းအောင် နေမယ်
အူလမ်းကြောင်းကို ဒုက္ခပေးတာတွေကို ရှောင်မယ်
၁။ Glutin ပါတဲ့ ဂျုံနဲ့လုပ်တဲ့ မုန့်မျိုးစုံ၊ ဟောလစ်၊ မိုင်လို၊ အိုဗာတင်း၊ ကွေကာအုပ်၊ အရက်၊ ဘီယာ
၂။ နွားနို့၊ ထောပတ်၊ cheese, ကြက်ဥ၊ ပဲမျိုးစုံ၊ပဲနို့၊ Nuts
၃။ Night shade vegetable (ခရမ်းသီး၊ ခရမ်းချဉ်သီး၊ အာလူး)၊ ရုံးပတီသီး၊ ငရုပ်ပွ
၄။ processed food (အသင့်စား စားစရာတွေ)၊ GMO food (မျိုးဗီဇ ပြုပြင်ထားတာတွေ)
၅။ အချိုမှုန့် အချိုရည် သကြား
အူလမ်းကြောင်း ကောင်းဖို့ လိုအပ်တာတွေ စားပေးမယ်
၁။ ပန်းသီးရှာလကာရည် teaspoon 2 ကို ရေ တဖန်ခွက်နဲ့ ရောပြီး ထမင်းမစားခင် တနေ့ ၂ ကြိမ် သောက်မယ်
၂။ သန့်ရှင်းတဲ့ အိမ်လုပ် ချဉ်ဖတ်၊ ကင်ချီ၊ ရှမ်းချဉ်၊ကလီစာဟင်း၊ အမဲသား ကြက်သား ဝက်သား၊ ငါး၊ ပုဇွန်၊ ဟင်းရွက်စုံ၊ ငါးအဆီ၊ သံလွင်ဆီ၊ ထောပတ်ဆီ၊ အုန်းဆီ၊ဝက်ဆီ၊စားမယ်
၃။ အရိုးပြုတ်ရည်၊ အရွက်ကြိတ်ရည် သောက်မယ်
၄။ နွယ်ချို၊ ရှားစောင်းလက်ပတ် ဂ်ယ္လီ၊ ဂျင်း၊ ကြက်သွန်ဖြူ စားမယ်
နွားနို့အစား Almond Milk, အုန်းနို့
ကွေကာအုပ်အစား organicflax seed with coconut milk
ပေါင်မုန့် အာလူးကြော်အစား ဖရုံစေ့ နေကြာစေ့ wallnuts စားမယ်
တနေ့ ၂ နပ်ပဲ စားမယ်
အိပ်ယာမဝင်ခင် ၄ နာရီ နောက်ဆုံး စားမယ်
ဒါတွေ သောက်မယ်
၁။ ထမင်းမစားခင် ၁၅ မိနစ်မှာ Digestive enzyme, Ox bile, Betaine hcl သောက်မယ်
၂။ Probiotic 30-50 billion သောက်မယ်၊
၃။ Cod Liver Oil teaspoon တဇွန်းနဲ့ ဆနွင်း ဖျော်သောက်မယ်
၄။ D3 5000iu or 10000iu+K2 100mcg သောက်မယ်
၅။ Selenium 200mcg သောက်မယ်
၆။ NAC 600mg
၇။ Coq10 100mg to 300mg
၈။ L Glutamine 500mg
၉။ Vitamin C (non-acid) 1000mg to 8000mg
၁၀။ Zinc 50mg
၁၁။ B12 2500mcg
၁၂။ B1 (Benfotiamine) 100 to 300 mg
၁၃။ Magnesium malate or citrate 400 to 600mg
၁၄။ MSM (methylsulfonylmethane) 1000 to 3000mg
၁၅။ Glucosamine sulfate 500 to 2000mg
၁၆။ Omega 3 (epa 400, dha 500)
၁၇။ R Lipoic Acid 100mg
၁၈။ Vit E 400mg
၁၉။ Hypothyroid လက္ခဏာ ၂၃ ချက် ကြည့်ပြီး ရှိရင် Metabolic Advantage or Thyroid glandular သောက်မယ်
10/08/2025
ပရိုဘိုင်အိုတစ်၏ လုပ်ငန်းဆောင်တာများ (၁)
------------------------------------------------
သဘာဝတရားက ကျွန်တော်တို့ခန္ဓာကိုယ်တွင်းသို့ ပရိုဘိုင်အိုတစ်များ ထည့်သွင်းပေးထားခြင်းမှာ မရှိမဖြစ်လိုအပ်ချက်များကြောင့် ဖြစ်ပါသည်။ ပရိုဘိုင်အိုတစ်များသည် ကျွန်တော်တို့၏ခန္ဓာကိုယ်ကြီးကို ကျန်းမာကြံ့ခိုင်အောင် ထိန်းသိမ်းစောင့်ရှောက်ပေးနေသည်မှာ တစ်နေ့လျှင် ၂၄ နာရီ၊ တစ်ပတ်လျှင် ၇ ရက် ဖြစ်ပါသည်။
🛡 အကာအရံဒိုင်းသဖွယ် ကာကွယ်ပေးခြင်း 🛡
ခန္ဓာကိုယ်ပြင်ပနှင့် ထိတွေ့နေရသောနေရာများဖြစ်သည့် ပါးစပ်၊ အူနှင့်အစာအိမ်လမ်းကြောင်းတစ်လျှောက်နှင့် မိန်းမကိုယ်အတွင်းနံရံ၏ အပြင်ဆုံးအလွှာတွင် ပရိုဘိုင်အိုတစ် အဏုဇီဝများက လက်ချင်းယှက်၍ ဒိုင်းသဖွယ် အလွှာပါးလေးအဖြစ်ဖန်တီးပြီး ကာကွယ်ပေးပါသည်။ ထိုသို့ကာကွယ်ပေးခြင်းဖြင့် ပြင်ပမှရောဂါပိုးမွှားများ အလွယ်တကူမဝင်ရောက်စေရန် တားဆီးပေးသည့်အပြင် ခန္ဓာကိုယ်ကို အန္တရာယ်ဖြစ်စေမည့် ဓာတ်ပစ္စည်းများ ဥပမာ - ကင်ဆာဖြစ်စေနိုင်သောဓာတ်ပစ္စည်းများ ဝင်ရောက်ခြင်းမရှိစေရန်လည်း ဟန့်တားပေးပါသည်။
ထို့ကြောင့် ပရိုဘိုင်အိုတစ်ပမာဏ လုံလောက်နေပါက (သို့) ထရီလီယံ ၁၀၀ ပြည့်မီနေပါက ခန္ဓာကိုယ်အတွင်းသို့ ရောဂါပိုးမွှားများ အလွယ်တကူ မဝင်ရောက်နိုင်သည့်အပြင် အန္တရာယ်ရှိသောဓာတ်ပစ္စည်းများ၏ ဘေးရန်မှလည်း ကာကွယ်ပေးပြီးသားဖြစ်ပါသည်။
Card Dr Khin Maung Lwin
ပရိုဘိုင်အိုတစ်၏ လုပ်ငန်းဆောင်တာများ (၁)
------------------------------------------------
သဘာဝတရားက ကျွန်တော်တို့ခန္ဓာကိုယ်တွင်းသို့ ပရိုဘိုင်အိုတစ်များ ထည့်သွင်းပေးထားခြင်းမှာ မရှိမဖြစ်လိုအပ်ချက်များကြောင့် ဖြစ်ပါသည်။ ပရိုဘိုင်အိုတစ်များသည် ကျွန်တော်တို့၏ခန္ဓာကိုယ်ကြီးကို ကျန်းမာကြံ့ခိုင်အောင် ထိန်းသိမ်းစောင့်ရှောက်ပေးနေသည်မှာ တစ်နေ့လျှင် ၂၄ နာရီ၊ တစ်ပတ်လျှင် ၇ ရက် ဖြစ်ပါသည်။
🛡 အကာအရံဒိုင်းသဖွယ် ကာကွယ်ပေးခြင်း 🛡
ခန္ဓာကိုယ်ပြင်ပနှင့် ထိတွေ့နေရသောနေရာများဖြစ်သည့် ပါးစပ်၊ အူနှင့်အစာအိမ်လမ်းကြောင်းတစ်လျှောက်နှင့် မိန်းမကိုယ်အတွင်းနံရံ၏ အပြင်ဆုံးအလွှာတွင် ပရိုဘိုင်အိုတစ် အဏုဇီဝများက လက်ချင်းယှက်၍ ဒိုင်းသဖွယ် အလွှာပါးလေးအဖြစ်ဖန်တီးပြီး ကာကွယ်ပေးပါသည်။ ထိုသို့ကာကွယ်ပေးခြင်းဖြင့် ပြင်ပမှရောဂါပိုးမွှားများ အလွယ်တကူမဝင်ရောက်စေရန် တားဆီးပေးသည့်အပြင် ခန္ဓာကိုယ်ကို အန္တရာယ်ဖြစ်စေမည့် ဓာတ်ပစ္စည်းများ ဥပမာ - ကင်ဆာဖြစ်စေနိုင်သောဓာတ်ပစ္စည်းများ ဝင်ရောက်ခြင်းမရှိစေရန်လည်း ဟန့်တားပေးပါသည်။
ထို့ကြောင့် ပရိုဘိုင်အိုတစ်ပမာဏ လုံလောက်နေပါက (သို့) ထရီလီယံ ၁၀၀ ပြည့်မီနေပါက ခန္ဓာကိုယ်အတွင်းသို့ ရောဂါပိုးမွှားများ အလွယ်တကူ မဝင်ရောက်နိုင်သည့်အပြင် အန္တရာယ်ရှိသောဓာတ်ပစ္စည်းများ၏ ဘေးရန်မှလည်း ကာကွယ်ပေးပြီးသားဖြစ်ပါသည်။
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Taunggyi
