PEL Clothing

PEL Clothing

Share

Smart Girl

25/08/2022

နီးနေပြီလား❓

ရော့……ဆောင်ထားလိုက်တော့နော် 🌷

“ ဟယ် ရက်နီးနေပြီပဲ၊ဓမ္မတာလာမှာကိုစိတ်ညစ်နေပြီ အမြဲယိုစိမ့်ပြီးအနံ့ထွက်နေတယ်။မိုးကအေးရတဲ့ထဲ နေရထိုင်ရအဆင်ပြေမှာမဟုတ်ဘူး “

ကဲ အမျိုးသမီးလေးတို့ရေ ဒီလိုတွေညည်းနေမည့်အစား

အပူအပင်ကင်း သက်သောင့်သက်သာရှိမည့် ဓမ္မတာကာလလေးဖြစ်စေဖို့အတွက်

မလာခင် Tulip Diaper လေးကိုကြိုဆောင်ထားတာက အကောင်းဆုံးပဲနော်💓

Diaper က ဘာတွေများပိုကောင်းလို့လဲ?🤔

Short- pant type လေးဆိုတော့ ဘောင်းဘီလို ဝတ်လိုက်ရုံပဲ အတွင်းခံလဲထပ်ဝတ်စရာမလိုတာကြောင့် ပေါ့ပေါ့ပါးပါးရှိစေတယ်။

🚫 ချုပ်ရိုးချုပ်သား သေသေသပ်သပ်နဲ့ချုပ်ထားတာဆိုတော့ ယိုစိမ့်မှာ၊အနံ့ထွက်မှာ မျိုးတွေလည်း လုံးဝမရှိဘူး။

ဒါတွေတင်မကသေးဘူးနော် 👋

🌸 (3)ဆပိုမိုစုပ်ယူနိုင်ခြင်း၊

🌸 လေဝင်လေထွက်ကောင်းတာကြောင့် ခြောက်သွေ့မှုရှိခြင်း၊

🌸 သန့်ရှင်း၊သန့်ပြန့် လုံခြုံခြင်း။

🌸 နေ့မရွေး၊ညမရွေး ၁၂နာရီအထိ အသုံးပြုနိုင်ခြင်း၊

🌸 Free Size ဖြစ်ပြီး အသက်(၁၂)နှစ်မှစအမျိုးသမီးတိုင်း အသုံးပြုနိုင်ခြင်း၊

စတဲ့ အချက်တွေကြောင့် အမျိိုးသမီးလေးများ ယိုစိမ့်မှုကင်းပြီး ပေါ့ပေါ့ပါးပါး ဓမ္မတာကာလလေးကို ပိုင်ဆိုင်ချင်ရင်တော့

“ Tulip နဲ့ဆိုရင် သန့်ပြန့်လုံခြုံပြီး သက်သောင့်သက်သာရှိနေပြီနော် “

📌 တန်ဖိုး - (၇၀၀၀)ကျပ် ( တစ်ထုပ်လျှင်၅ခုပါပါသည်။ )

Photos from PEL Clothing's post 09/08/2022

ကျူးဖူးတွေပေါတဲ့ အချိန်လေးမှာ
အင်းသားချက်
ကျူးဖူးစပ်ဆီးစိမ်းချက်လေး ချက်စားဖြစ်လို့ပါရှင့်..
🌶အရမ်းကိုစားကောင်းသော ဟင်းတစ်ခွက်ပါရှင့်....
🌶အစပ်မကြိုက်သူများငရုပ်သီးမထည့်ဘဲချက်စားလဲကောင်းပါတယ်ရှင့်....

🥗တို့စရာအနေနဲ့ သဘော်ရွက်နုကို ရေနွေးဖျော့ပြီးစားရင် အရမ်းကိုမှာလိုက်ဖက်ပါတယ်ရှင့်..

🍽အင်းသားချက်နည်းလေးပါရှင့်..

09/08/2022

👑ကျန်းမာပျော်ရွှင်ထက်မြက်တဲ့ လေဒီလေးတွေ ဆိုတာ

💙ရှေးယခင်ကာလတွေတုန်းက လေဒီလေး တွေဆိုရင် အိမ်ထောင်မှုကိစ္စတွေ လုပ်တတ်ဖို့ ကလေးတွေ ထိန်းကျောင်းဖို့နဲ့ သေစာရှင်စာရေးတတ်ဖတ်တတ်ရင် တော်ပြီဆိုပြီး သဘောထားခဲ့ကြတာ များပါတယ်။

❤မြန်မာလူမျိုးအများစု လက်ခံထားတာက မိန်းကလေးဆိုတာ ဘုန်းကံနိမ့်တယ်။ မိန်းကလေးဆိုတာက အမျိုးသားတွေရဲ့ ဦးဆောင်မှု နောက်ကိုပဲ လိုက်ရမယ်ဆိုတဲ့ အယူစွဲပါ။ တကယ်ကတော့ အမျိုးသမီး အထူးသဖြင့် မေမေတွေသာ မရှိရင် မိသားစုတစ်ခုက ပျော်ရွှင်စရာ မကောင်းသလို စည်းစနစ်ကျနမှုလည်း ရှိဖို့ မလွယ်ပါဘူး။

👑မိသားစုရဲ့ ပဲ့ကိုင်ရှင်တွေကအမျိုးသမီးတွေပါ။

👨‍💼ဖေဖေတွေက သားသမီးတွေ စားဝတ်နေရေး ပညာရေးအတွက် လိုလေသေးမရှိစေဖို့အတွက် ဝင်ငွေရရှိအောင် ကြိုးစားရှာဖွေရသလို မေမေတို့ကတော့ သားသားမီးမီးလေးတွေ ကျန်းကျန်းမာမာ ပျော်ပျော်ရွှင်ရွှင် ထက်ထက်မြက်မြက်လေး ကြီးပြင်းလာအောင် ထိန်းကျောင်းပဲ့ပြင်ပေးရပါတယ်။

🍽အစားအသောက်ကို🍎🍇🍓 ကျန်းမာအောင် ပြင်ဆင် ချက်ပြုတ်ပေးရသလို တစ်ကိုယ်ရေသန့်ရှင်းရေးကိုလည်း ဂရုစိုက်ရပါတယ်။

💙ကိုယ်အမူအရာ နှုတ်အမူအရာ ယဉ်ကျေးအောင် သင်ကြားပေးရသလို ပညာရေးကိုလည်း မလစ်လပ်အောင် ဂရုစိုက်ပေးတာ မေမေပါ။ မေမေက ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ ထူးချွန်ထက်မြက်နေမှလည်း မွေးလာတဲ့ သားသမီးတွေက ထူးချွန် ထက်မြက်မှာပါ။ ဒါကြောင့် မေမေဖြစ်လာမယ့် အမျိုးသမီးလေးတွေက စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ၊ လူမှုဆက်ဆံရေး အဘက်ဘက်မှာ ပြည့်စုံ ထူးချွန်နေဖို့ လိုပါမယ်။

🏵ကျန်းမာပျော်ရွှင်ထက်မြက်တာက မွေးရာပါ ဗီဇလား။

🏵ကျန်းမာပျော်ရွှင်ထက်မြက်တဲ့ လေဒီလေးတွေ ဆိုတာ

🏵ကျန်းမာပျော်ရွှင်ထက်မြက်မှုက မွေးရာပါဗီဇဆိုတာထက် ကိုယ်တိုင်က လေ့ကျင့်မွေးမြူလို့ ရပါတယ်။ ထူးချွန်ထက်မြက်နေတဲ့ လေဒီလေးတွေက စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်စေဖို့ ခန္ဓာကိုယ် ကျန်းမာကြံ့ခိုင်စေဖို့၊ လူမှုဆက်ဆံရေး ပြေပြစ်စေဖို့ ကိုယ်တိုင် အလေ့အကျင့်ကောင်းတွေကို မွေးမြူရတာပါ။

🏵ကျန်းမာပျော်ရွှင်ထက်မြက်တဲ့ လေဒီလေးတွေ ဆိုတာ
ကျန်းမာပျော်ရွှင်ထက်မြက်တဲ့ လေဒီလေးတွေဆိုတာ အပေါ်မှာ ပြောခဲ့သလို ရုပ်ပိုင်းဆိုင်ရာရော၊ စိတ်ပိုင်းဆိုင်ရာပါ ကျန်းမာသန်စွမ်း ကြသလို စိတ်ခံစားမှုပိုင်းဆိုင်ရာလည်း ကြံ့ခိုင်ကြပါတယ်။ လူမှုဆက်ဆံရေးလည်း ပြေပြစ်ကြပါတယ်။ ဒီတော့ ကိုယ်တိုင်မှာရော ကျန်းမာပျော်ရွှင်ထက်မြက်တဲ့ လေဒီလေးတစ်ယောက်မှာရှိသင့်တဲ့ စံနှုန်းတွေနဲ့ ဘယ်လောက်ထိ ကိုက်ညီမှု ရှိလဲဆိုတာကို ဆန်းစစ်ကြည့်လိုက်ရအောင်လား။

🙆ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှု
ရုပ်ပိုင်းဆိုင်ရာ အနေနဲ့ ကျန်းမာတဲ့ လေဒီလေး တစ်ယောက်ဆိုတာ

💠ရှိသင့်တဲ့ ကိုယ်အလေးချိန် ရှိတယ် (ပိန်လွန်းတာမျိုးမဟုတ်သလို ဝလွန်းနေတာမျိုးလည် မရှိပါဘူး)
💠ထိုက်သင့်တဲ့ အရပ်အမြင့်ရှိတယ်
💠ကျန်းမာတဲ့ အသားအရေ ရှိတယ်
💠နာတာရှ​ည် ရောဂါ ကင်းတယ်
💠ကျန်းမာတဲ့ ခြေသည်းလက်သည်းတွေ ရှိတယ်
💠ကျန်းမာသန်စွမ်းတဲ့ ဆံသား ရှိတယ်
💠ကျန်းမာရေးနဲ့ ညီညွတ်တဲ့ စားသောက်မှုပုံစံရှိတယ်
💠ရေ ပြည့်ပြည့်ဝဝ သောက်တယ်
💠နေ့စဉ် ကိုယ်လက်လှုပ်ရှားမှု ပုံမှန် လုပ်ကြတယ်။

🙆‍♂️စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှု
စိတ်ပိုင်းဆိုင်ရာ အနေနဲ့ ကျန်းမာပျော်ရွှင်တဲ့ လေဒီလေး တစ်ယောက်ဆိုတာ

🏵ကိုယ်ကိုယ်ကို ယုံကြည်မှု ရှိတယ်
🏵ပြဿနာတွေကို ဖြေရှင်းနိုင်စွမ်း ရှိတယ်
🏵သူတို့ကိုယ် သူတို့ လက်ခံနိုင်စွမ်းရှိတယ်
🏵အမှားမြင်လို့ ထောက်ပြရင် လက်ခံနိုင်စွမ်းရှိတယ်
🏵မကောင်းတဲ့ အလေ့အကျင့်တွေကို ပြုပြင်နိုင်စွမ်း ရှိတယ်
🏵စီမံခန့်ခွဲနိုင်စွမ်း ရှိတယ်
🏵နေ့စဉ်ဘဝရဲ့လုပ်ငန်းဆောင်တာတွေကို ပျော်ရွှင်တက်ကြွစွာ လုပ်ဆောင်တတ်ကြတယ်
🏵ဘဝရည်မှန်းချက် ရှိတယ်
🏵စိတ်ဖိစီးမှုတွေကို ဖြေလျှော့တဲ့ ကိုယ်ပိုင် နည်းလမ်းရှိတယ်။
🏵အခက်အခဲတွေကို စိတ်ဓာတ်မကျဘဲ ရင်ဆိုင်ဖြေရှင်း တတ်တယ်။

🙆လူမှုဆက်ဆံရေးပိုင်းဆိုင်ရာ
လူမှုဆက်ဆံရေးပိုင်းဆိုင်ရာ အနေနဲ့ ကျန်းမာပျော်ရွှင်ထက်မြက်တဲ့ လေဒီလေး တစ်ယောက်ဆိုတာ

💮အပြုအမူတွေကို ထိန်းချုပ်နိုင်စွမ်းရှိတယ်
💮ဒေါသကို ထိန်းချုပ်နိုင်တယ်
💮ခံစားချက်တွေကို ထိန်းချုပ်နိုင်တယ်
💮မနာလို ဝန်တိုမှု ကင်းတယ်
💮ကူညီတတ်တယ်
💮အချိန်ကို လေးစားတယ်
💮အလုပ်တာဝန်တွေကို စနစ်တကျ ပြီးစီအောင် လုပ်ဆောင်တတ်တယ်။

💙ကျန်းမာပျော်ရွှင်ထက်မြက်တဲ့ လေဒီလေးတွေ ဆိုတာ
ကျန်းမာပျော်ရွှင်ထက်မြက်တဲ့ လေဒီလေးတွေ ဆိုတာ အခုပြောခဲ့တဲ့ အချက်လေးတွေနဲ့ ပြည့်စုံတဲ့ လေဒီလေးတွေကို ဆိုလိုတာပါ။ အားလုံးမဟုတ်ရင်တောင် တဝက်လောက်ကိုက်ညီတယ်ဆိုရင် ဒီစာကို ဖတ်နေတဲ့ လေဒီလေးကလည်း ကျန်းမာပျော်ရွှင်ထက်မြက်တဲ့ လေဒီလေးတွေ ဆိုတာ အသေအချာပါပဲ။
crd-hellosayarwon.com

03/08/2022

😂😁

02/08/2022

အားလုံးပဲ မောနင်းပါ။ ကျန်းမာရွှင်လန်းစွာနဲ့နိုးထခွင့်ရတဲ့ မနက်ခင်းဖြစ်ပါစေ။
စိတ်ကျန်းမာရေးကို ကုစားဖို့အတွက် ကိုယ့်အခြေအနေကိုယ်သိခြင်းက အရေးပါတယ်။ ကိုယ့်အခြေအနေနဲ့ ဖြစ်နေတဲ့ပြဿနာတွေကို သိရရင် ဘယ်နေရာကစပြီးဖြေရှင်းနိုင်မလဲဆိုတာကို သိနိုင်တယ်။
၁။ ပတ်ဝန်းကျင်အခြေအနေ
၂။ ကိုယ့်ရဲ့ ရုပ်ပိုင်းဆိုင်ရာ တုံ့ပြန်မှု
၃။ စိတ်ခံစားချက်များ
၄။ အကျင့်စရိုက်ပုံစံ
၅။ အတွေးများ
ဒီ (၅)မျိုးနဲ့ ကိုယ့်ရဲ့ လက်ရှိဖြစ်နေတဲ့အနေအထားကို သုံးသပ်ကြည့်ရမယ်။
၁။ ပတ်ဝန်းကျင်အခြေအနေကို သိဖို့အတွက် ကိုယ့်အခုရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေစဖြစ်တဲ့အချိန်ကိုသတိထားကြည့်ရင် ပတ်ဝန်းကျင်က ဘယ်လိုအနေအထားမျိုးဖြစ်နေလဲ၊ ဘယ်လိုအဖြစ်အပျက်တွေဖြစ်ခဲ့လဲ၊ ဘယ်တုန်းက ဖြစ်ခဲ့တာလဲ၊ ကိုယ့်ကို စိတ်အခြေအနေ ဒုက္ခအပေးဆုံးက ဘယ်လိုကိစ္စမျိုးတွေလဲဆိုတာကို စဉ်းစားကြည့်ပါ။
၂။ ကိုယ့်ရဲ့ရုပ်ပိုင်းဆိုင်ရာ တုံ့ပြန်မှုအပြောင်းလဲကိုသိဖို့ ကိုယ့်ကိုဘယ်အရာတွေက ဒုက္ခပေးနေတယ်လို့ခံစားရလဲဆိုတာ စဉ်းစားကြည့်ပါ။ ညဘက်အိပ်မပျော်တာလား၊ အားမရှိသလိုခံစားနေရတာလား၊ ရင်တွေတုန်ပြီးစိုးရိမ်နေတာလား၊ အစားအသောက်ပျက်နေတာလား စတဲ့ ရုပ်ပိုင်းဆိုင်ရာပြဿနာတွေကို စဉ်းစားကြည့်ပါ။
၃။ စိတ်ခံစားချက်များ - စိတ်ဓာတ်ကျ၊ ဝမ်းနည်း၊ ပျော်ရွှင်၊ စိတ်ဖိစီး၊ စိတ်မလုံခြုံ၊ ဒေါသထွက်၊ နာကျင် အစရှိတဲ့ ကိုယ့်မှာဖြစ်နေတဲ့ စိတ်အခြေအနေကို ဆန်းစစ်ကြည့်ပါ။
၄။ ကိုယ့်ရဲ့ အကျင့်စရိုက် - အဲဒါတွေနဲ့ကြုံတွေ့ရရင် ကိုယ်ဘယ်လိုတွေဖြေရှင်းနေလဲဆိုတာကို တွေးကြည့်ပါ။ အရက်သောက်တာ၊ အိပ်ဆေးသောက်တာ၊ အပြင်မသွားတာ၊ လူတွေနဲ့တွေ့ဖို့ရှောင်တာ၊ သူငယ်ချင်းတွေနဲ့မတွေ့တော့တာ အစရှိတဲ့ ကိုယ်လုပ်နေတဲ့အပြုအမူတွေကို ဆန်းစစ်ကြည့်ပါ။
၅။ အတွေးများ - စိတ်ဓာတ်ကျတဲ့အချိန် ကိုယ်ဘာတွေကိုတွေးနေလဲ၊ ဝမ်းနည်းတဲ့အချိန်မှာ ကိုယ်ဘာတွေကို စဉ်းစားနေမိလဲ။ တခြားလူတွေအကြောင်းလား၊ အနာဂါတ်အကြောင်းလား၊ အတိတ်က အဖြစ်ပျက်တွေကိုလား။ ဒါတွေကို သိရအောင် စိတ်ထဲမှာဖြစ်နေတဲ့အတွေးတွေကို သတိထားကြည့်ပါ။
ဥပမာ -
အလုပ်မှာ ကိုယ့်သူငယ်ချင်းရာထူးတက်သွားတယ်၊ ကိုယ်ကတော့ ဒီအတိုင်းပဲ။
"ငါအသုံးမကျလို့ ရာထူးမတိုးတာပဲ" ဆိုတဲ့အတွေးဖြစ်လာတဲ့အခါ "ဝမ်းနည်း၊ စိတ်ဓာတ်ကျ၊ စိတ်မလုံခြုံ" တဲ့ခံစားချက်တွေဖြစ်လာပြီး "ညဘက်အိပ်မပျော်တာ၊ ရုံးသွားဖို့အတွက် ပင်ပန်းနေတာ"လိုမျိုး ရုပ်ပိုင်းဆိုင်ရာတုံ့ပြန်မှုတွေဖြစ်လာတယ်၊ ဒီအခါ "ခွင့်မကြာခဏယူတယ်၊ ရုံးတက်ချိန် အလုပ်ကိုစိတ်မပါဘဲ တခြားကိစ္စတွေလုပ်တယ်၊ အလုပ်မပြီးတော့ဘူး" ဆိုတဲ့ ရုံးသွားဖို့ကြောက်တဲ့အကျင့်စရိုက်တစ်ခုဖြစ်လာတယ်။
ကိုယ့်မှာဖြစ်နေတဲ့အကြောင်းရာကို ဆန်းစစ်ကြည့်နိုင်ရင် ဘယ်နေရာမှာအပြောင်းအလဲလုပ်ဖို့ လိုအပ်နေပြီလဲဆိုတာကို သိနိုင်ပါလိမ့်မယ်။ ဒီမှာချရေးချင်လည်းရေးပါ။ ဒါမှမဟုတ် သူများမသိစေချင်ဘူးဆိုလည်း ကိုယ့်ဘာသာ ချရေးပြီး ဆန်းစစ်ကြည့်ပါ။ စိတ်ပြဿနာက ချက်ခြင်းအပ်ချလောင်းဆိုပြီး ကုသလို့တော့မရဘူး။ ဒါပေမယ့် သေချာလိုက်လုပ်နိုင်ရင် အတိုင်းအတာတစ်ခုထိ ပြေလည်လာတာကို သတိထားမိလိမ့်မယ်။
crd Dr.Thurein Hlaing Win

01/08/2022

👑👑အမျိုးသမီးလေးတွေ အတွက် ဗဟုသုတလေးများ ဝေမျှပေးပရစေရှင့်...❤❤

ရာသီလာဖို့ရက်ထက် နောက်ကျနေလို့ ဘာဆေးသောက်ရမလဲ။
ရာသီလာဖို့ရက်ထက် နောက်ကျနေလို့ ဘာဆေးသောက်ရမလဲ။
ဒီမေးခွန်းက အရမ်းအမေးများလို့ တစ်ယောက်ချင်းစီ မဖြေတော့ဘဲ တစ်ခါတည်းပေါင်းဖြေပါ့မယ်။

ရာသီလာတဲ့ရက် နောက်ကျတာက အကြောင်းအမျိုးမျိုးကြောင့်ဖြစ်နိုင်တယ်။ ကိုယ်က အကာအကွယ်မယူ၊ တားဆေးမသောက်ဘဲ လိင်ဆက်ဆံမှုတွေပြုလုပ်ထားတယ်ဆိုရင် ရာသီနောက်ကျတာ၊ မလာတာမှာ အဖြစ်နိုင်ဆုံးက ကိုယ်ဝန်ရှိတာပဲ။

ဆီးစစ်ကြည့်တာနဲ့ ကိုယ်ဝန်ရှိမရှိက သိနိုင်တယ်။ ကိုယ်က လိင်ဆက်ဆံမှုပြုထားတယ်ဆိုရင် ရာသီမလာတော့တဲ့အခါ ဆီးစစ်ကြည့်ပါ။ ကိုယ်ဝန်ရှိနေတယ်ဆိုရင်တော့ ရာသီလာအောင်ဆိုပြီး ဘယ်လိုမှ လုပ်လို့မရဘူး။ ရာသီလာဆေးဆိုပြီးသောက်တာတွေလည်း နောက်ဆက်တွဲပြဿနာတွေများတာပဲရှိမယ်။

ရာသီလာတယ်ဆိုတာရဲ့သဘောက ကိုယ်ဝန်ဆောင်ဖို့ ပြင်ဆင်ထားတာတွေ မလိုအပ်လို့ ပြန်စွန့်ပစ်ရတဲ့ပုံစံပဲ။ ကိုယ်ဝန်ရှိနေပြီဆိုရင် ထပ်စွန့်ပစ်စရာမလိုတော့လို့ ရာသီမလာတော့တာ။ ကိုယ်ဝန်ရှိနေလို့ ရာသီမလာတော့တာကို ပြန်လာအောင်လုပ်ဖို့ဆိုရင် ကိုယ်ဝန်ဖျက်ချတဲ့နည်းလမ်းပဲရှိတယ်။

ဘယ်ဆရာဝန်မှ ကိုယ်ဝန်ဖျက်ချဖို့အတွက် တရားဝင်လုပ်ဆောင်ပေးမှာမဟုတ်ဘူး။ ကိုယ်ဝန်လည်းမရှိဘူး ရာသီမလာတာသက်သက်ပဲ ကိုယ့်အတွက် ဘာမှ တခြားပြဿနာလည်းမရှိဘူးဆိုရင်တော့ ရာသီမလာတာက နောက်ကျတာက စိုးရိမ်စရာမလိုပါဘူး။

ရာသီလာဖို့ရက်ထက် နောက်ကျနေရတဲ့ တခြားအကြောင်းအရာတွေလည်းရှိပါသေးတယ်။
၁။ စိတ်ဖိအားများခြင်း
စိတ်ဖိအားများတဲ့အချိန်တွေ အထူးသဖြင့် စာမေးပွဲဖြေရတာ၊ အလုပ်တွေပိနေတာ၊ စိတ်ရှုပ်စရာတွေများနေတာ စသဖြင့် စိတ်ဖိအားများတဲ့အချိန်တွေမှာ ရာသီနောက်ကျနိုင်ပါတယ်။ အဆင်ပြေသွားရင် ပုံမှန်ဖြစ်သွားပါလိမ့်မယ်။ ဘာမှလုပ်စရာမလိုဘူး။

၂။ ကိုယ်အလေးချိန်နည်းခြင်း
ကိုယ့်ရဲ့ ရှိသင့်တဲ့ BMI ထက် နည်းနေရင်လည်း ရာသီပုံမှန်မလာတာ နောက်ကျတာတွေဖြစ်တတ်ပါတယ်။ ကိုယ်အလေးချိန်နဲ့ အစားအသောက်ကို ပြန်ထိန်းသိမ်းရင် ရာသီပြန်မှန်သွားပါလိမ့်မယ်။

၃။ အဝလွန်ခြင်း
ကိုယ်အလေးချိန်နည်းရင် ရာသီမမှန်သလို အဝလွန်နေရင်လည်း ရာသီမမှန်တတ်ပါဘူး။ ကိုယ်အလေးချိန်ပြန်ထိန်းရင် ပြန်မှန်သွားပါလိမ့်မယ်။

၄။ သားဥအိမ်ရောဂါများ၊ ဟော်မုန်းကုသမှုများ
Polycystic Ovarian Syndrome (PcOS) သားဥအိမ်ရေအိတ်တည်တာလိုမျိုး သားဥအိမ်ရောဂါတွေရှိရင်လည်း ရာသီမမှန်တာဖြစ်တတ်ပါတယ်။ ဟော်မုန်းအစားထိုးဆေးဝါးတွေသောက်နေတာ ဟော်မုန်းကုသမှုတွေလုပ်နေတာမှာလည်း ရာသီနောက်ကျတာဖြစ်နိုင်ပါတယ်။

၅။ သန္ဓေတားနည်းလမ်းများ
ဟော်မုန်းနည်းလမ်းကိုယ်ဝန်တားဆေးတွေသုံးရင်လည်း ရာသီမမှန်တာ နောက်ကျတာဖြစ်နိုင်ပါတယ်။ အထူးသဖြင့် အရေးပေါ်တားဆေးသောက်ရင် ရာသီနောက်ကျတာ စောတာ စသဖြင့် ရာသီမမှန်တာဖြစ်နိုင်ပါတယ်။

၆။ နာတာရှည်ရောဂါများ
ဆီးချိုရောဂါနဲ့ Celiac (အူလမ်းကြောင်းရောဂါ) တွေမှာလည်း ရာသီနောက်ကျတာဖြစ်နိုင်ပါတယ်။

၇။ သွေးဆုံးခြင်း
ပုံမှန်အားဖြင့် ၄၅ ကနေ ၅၅ အတွင်းမှာ သွေးဆုံးတတ်ကြတယ်။ ဒါပေမယ့် တချို့တွေမှာ အသက် ၄၀ ရှေ့ပိုင်းမှာတင် စောစောစီးစီးသွေးဆုံးတာမျိုးဖြစ်နိုင်ပါတယ်။crd Dr.Thurein Hlaing Win

01/08/2022

သင်သိပါသလား❓

သင့်ဘဝရဲ့ ၁၀ နှစ်တာအချိန်ကို ဓမ္မတာလာရင်းကုန်ဆုံး
ရမှာဖြစ်ပါတယ်။

သွေးဆုံးပြီး ဓမ္မတာမလာတော့တဲ့အချိန်အထိ ပျမ်းမျှအားဖြင့် အမျိုးသမီးတစ်ဦးဟာ ဓမ္မတာ ကာလ
(၄၅၀) ခန့်ကြုံတွေ့ကျော်ဖြတ်ရမှာပဲဖြစ်ပါတယ်။

Want your business to be the top-listed Beauty Salon in Taunggyi?
Click here to claim your Sponsored Listing.

Category

Website

Address


Shwe Nyaung
Taunggyi