Daw Mi Mi Zaw Health &knowledge
အမျိုးသမီးကျန်းမာရေး
ရာသီသွေးမမှန်တာ ဒီအချက်တွေကြောင့်ပါ
ဒီလို အခြေအနေမျိုးတွေ ဖြစ်မယ်ဆိုရင်တော့ ရာသီသွေး မမှန်ဘူးလို့ ဆိုရပါမယ်။
⛔၂၁ ရက် မပြည့်ခင်မှာ ထပ်တစ်ကြိမ် ရာသီသွေး ပေါ်တာ
⛔၃၅ ရက်ကျော်ကြာ ခြားပြီးမှ ရာသီသွေး ပေါ်တာ
⛔ပုံမှန်ထက် ရာသီသွေး ပိုဆင်းတာ
⛔ပုံမှန်ထက် နည်းပြီး ရာသီသွေးဆင်းတာ
⛔၇ ရက်ကျော် ကြာတဲ့ ရာသီသွေး ပေါ်နေတာ
⛔ရာသီပေါ်ချိန်မှာ နာကျင်တာ၊ ကိုက်ခဲတာ၊ မအီမသာဖြစ်တာ၊ အော့အန်တာမျိုးတွေ ခံစားရတာ
⛔ရာသီစက်ဝန်း တစ်ခုနဲ့ တစ်ခုကြားမှာ ပုံမှန်မဟုတ်ဘဲ သွေးပေါ်တာ
ရာသီသွေးမမှန်တာ ဒီအချက်တွေကြောင့်ပါ
ရာသီသွေး မမှန်တဲ့အခါ ဘာအကြောင်းကြောင့်များလဲ ဆိုပြီး စဉ်းစားရတာ တော်တော်လေး ခေါင်းခြောက်စရာပါ။ တကယ်တော့ ရာသီသွေးမမှန်တာ ဒီအချက်တွေကြောင့်ပါ။ ကိုယ်တိုင်ရော ဘယ်အချက်နဲ့ တိုက်ဆိုက်နေလဲ ဆန်းစစ်ကြည့်လိုက် ရအောင်နော်။
📌လေ့ကျင့်ခန်းတွေ အလွန်အကျွံ လုပ်တာ
📌Diet အလွန်အကျွံ လုပ်တာ
📌စိတ်ဖိစီးမှု များနေတာ
📌သန္ဓေတားဆေး တစ်ခုခု သောက်သုံးနေတာ
📌သိုင်းရွိုက် ပြဿနာ ရှိနေတာ
📌ရောဂါ တစ်ခုခု ဖြစ်နေတာ
📌Polycystic o***y syndrome (PCOS) မမျိုးဥအိမ် ရေအိတ်တည်ခြင်း ရောဂါစု ခံစားနေရတာ
📌အသက်အရွယ် ရလာတာ
📌ကိုယ်ဝန် ရှိနေတာ
📌သွေးဆုံးသွားတာ
📌သားအိမ်တွင်းထည့် သန္ဓေတားပစ္စည်း အသုံးပြုထားတာ
📌နို့ချို တိုက်ကျွေးနေရတာ
📌သားအိမ်အတွင်း နံရံ ထူနေတာ
📌အဝလွန်တာလိုမျိုး အကြောင်းအရာတွေကြောင့်လည်း ရာသီသွေး မမှန်တာမျိုး ဖြစ်နိုင်ပါတယ်
#ကလေးယူမဲ့သူတွေအနေနဲ့ရာသီသွေးတောင်မမှန်ရင် ကလေးက ရဖို့ခက်ပါတယ်
ကလေးအမြန်ရချင်ရင် ရာသီပုံမှန်လာအောင်ဂရုစိုက်ဖို့လိုပါတယ်💯💯
Crd
#အမျိုးသမီးကျန်းမာရေး
#ကျန်းမာရေးဗဟုသုတ
ကိုယ်ဝန်ရှိနေကြောင်း ပြသသည့် လက္ခဏာများ
#အမျိုးသမီးကျန်းမာရေး
Click here to claim your Sponsored Listing.
Category
Website
Address
Taunggyi
