Zaw Htun Real Estate
"မိသားစုအတွက် အနာဂတ်၊ တောင်ကြီးမြို့မှ မြေတစ်ကွက်"
04/02/2026
နောင်ကား နောင်ယွေး လမ်းမကြီး နှစ်ကွက်ငုတ် မြေကွက် 10 ကွက်ရောင်းရန် ရှိပါသည်
မြေကွက်အကျယ် 40x 60 ဖြစ်ပြီး စျေးနှုန်း 1200 သိန်း ညှိနိုင်းစျေး ဖြင့်ရောင်းမည် ရွာနီး ဘေးပတ်လည် အိမ်စဆောက်နေပါပြီး စိတ်ဝင်စားပါက ဆက်သွယ်ရန်ဖုန်း 09428327466 (Viber) / 09788541083 သို့ ဆက်သွယ် မေးမြန်းနိုင်ပါသည် ။
03/02/2026
တောင်ကြီးမြို့ နားဘောင်ကျေးရွာရှိ ရွာမြေကွက် ရောင်းမည် ပေ 50x100 ပေ 20 လမ်း3 ဖက်ပေါက် ဒေါင့်ကွက်စျေးနှုန်း သိန်း300 အကွက်လှ မြေပြန် နေရာကောင်း ထားကောင်းရောင်းစွံပါဗျ စိတ်ဝင်စားပါက ဆက်သွယ်ရန်ဖုန်း 09428327466(Viber) / 09788541082 သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ 🚙🚙🚙🚙🚙🚙🚙🚙🚙🚙
02/02/2026
တောင်ကြီးမြို့နယ် နားဘောင် ကျေးရွာရှိ မြေကွက်ကျယ် ရောင်းမည် ပေအကျယ် အရှေ့ 170 ပေ အနောက်170 ပေ တောင် 70 ပေ မြောက်50 ပေ လမ်း 3 ဖက်ပေါက် အကွက်နှင့် ရှူးခင်လှ အနီးပတ်ဝန်းကျင် အိမ်ကြီးအိမ်ကောင်းရှိ စျေးနှုန်း 5** စိတ်ဝင်စားပါက ဆက်သွယ်ရန် ဖုန်း 09428327466 (Viber) / 09788541082 သို့ အသေးစိတ်စုံစမ်းနိုင်ပါသည်။
13/08/2025
ကျွန်တော်တို့ ဒေသတွေမှာ မိဘက အသက်ကြီးပြီး လယ်မလုပ်နိုင်လို့ သားသမီးတွေထဲက တစ်ယောက်ယောက်ကို
လုပ်ခိုင်းထားတာကို ပုံစံ(၇) ထုတ်ပေးရာက ပြဿနာတွေ အများကြီး ဖြစ်နေပါတယ်။
ဘိုးဘွားပိုင်လယ်ယာမြေ၊
အမွေဆိုင် လယ်မြေကို တရားဝင်လွှဲပြောင်းပေးခြင်း မရှိဘဲ လက်ရှိလုပ်နေတာကို အကြောင်းပြပြီး ကျေးရွာလယ်စီက
ပုံစံ (၇) ထုတ်ပေးလို့ရပါသလား။
ဖြေ)။ ပုံစံ (၇) လျှောက်ထားရာမှာ သတ်မှတ်ချက်တွေ ရှိပါတယ်။
လယ်ယာမြေဥပဒေပုဒ်မ ၆ မှာ “မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့
သည် အောက်ပါလူပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းအား သက်ဆိုင်ရာခရိုင် လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့၏သဘောတူညီချက်ဖြင့်
မြို့နယ်ဦးစီးဌာန ရုံးတွင် သတ်မှတ်ချက်များနှင့်အညီ မှတ်ပုံတင်ကြေး ပေးဆောင်စေ၍ မှတ်ပုံတင်ပြီး လယ်ယာမြေ လုပ်ပိုင်ခွင့်ပြု
လက်မှတ် ထုတ်ပေးရမည်”လို့ ဆိုထားပါတယ်။ ဘယ်ပုဂ္ဂိုလ်တွေလဲ ဆိုတော့
(က) လူပုဂ္ဂိုလ် ဖြစ်ပါက
(၁) လယ်ယာမြေ အသုံးပြုခွင့် ရရှိထားသော တောင်သူလယ်သမား အိမ်ထောင် မိသားစု (သို့မဟုတ်) အိမ်ထောင် မိသားစုဝင်၊
(၂) လယ်ယာမြေကို အသုံးပြုခွင့်ရရှိထားသော ထိုအိမ်ထောင်မိသားစု အကြီးအကဲ သို့မဟုတ် ထိုအိမ်ထောင်မိသားစုတွင်ပါ၀င်
သူတစ်ဦး၊ သို့မဟုတ် အုပ်ထိန်းသူသည် ဤဥပဒေ ပြဋ္ဌာန်းအတည်မပြုမီ တည်ဆဲမြေယာဥပဒေများနှင့်အညီ တရားဝင်လက်ရှိ
လက်ငုတ် လုပ်ကိုင်နေသူ၊
(၃) ဤဥပဒေ ပြဋ္ဌာန်းပြီးနောက် ဤဥပဒေနှင့်ဖြစ်စေ၊ ဤဥပဒေအရ ပြုသည့်နည်းဥပဒေ ပြဋ္ဌာန်းချက်
များနှင့်အညီဖြစ်စေ၊ တရားဝင် အကျိုးခံစားခွင့်ရရှိသူ၊
(၄) အသက် ၁၈ နှစ်ပြည့်ပြီးသူ၊(၅) နိုင်ငံသား၊ ဧည့်နိုင်ငံသား (သို့မဟုတ်)
နိုင်ငံသားပြုခွင့်ရရှိသူ၊
(ခ) အဖွဲ့အစည်းဖြစ်ပါက
လယ်ယာမြေကို အသုံးပြုခွင့် ရရှိထားသော အစိုးရဌာန၊ အစိုးရအဖွဲ့အစည်း၊ အစိုးရမဟုတ်သော အဖွဲ့အစည်း၊ ကုမ္ပဏီ (သို့မဟုတ်)
အသင်းအဖွဲ့။
ဟူ၍ ပြဋ္ဌာန်းချက် ပုဒ်မ ၆၊ ပုဒ်မခွဲ (က) ၊ ပုဒ်မခွဲငယ် (၁) နှင့် (၂) အရ အိမ်ထောင်စု အကြီးအကဲ မဟုတ်စေကာမူ
အိမ်ထောင်မိသားစုဝင်တစ်ဦး အနေဖြင့်လည်းကောင်း၊ ဤလယ်ယာမြေဥပဒေပြဋ္ဌာန်းအတည်မပြုမီ တည်ဆဲမြေယာဥပဒေများနှင့်
အညီ တရားဝင် လက်ရှိလက်ငုတ် လုပ်ကိုင်နေသူဖြစ်လျှင်လည်းကောင်း ပုံစံ (၇) လျှောက်ထားထုတ်ယူနိုင်ခွင့် ရှိပါတယ်။
နည်းဥပဒေ အခန်း ၂၊ နည်းဥပဒေ ၃ ပါ အချက်များအရလည်း တရားဝင် လက်ရှိ လက်ငုတ် လုပ်ကိုင်နေပါက လျှောက်ထားနိုင်ကြောင်း
ဖော်ပြထားပါတယ်။
မိဘကအသက်ကြီးပြီး လယ်မလုပ်နိုင်လို့ သားသမီးတွေထဲက တစ်ယောက်ယောက်ကိုလုပ်ခိုင်းထားသည့်အခါ
၎င်းအနေဖြင့် တရားဝင် လက်ရှိလက်ငုတ်ဖြစ်နေပါက ၎င်းအမည်ဖြင့် ပုံစံ (၇) လျှောက်ထားရယူသွားနိုင်ပါတယ်။ လက်ရှိလက်ငုတ်
မြဲနေရင် ပုံစံ (၇) ထုတ်ပေးနိုင်တယ်လို့ ဖြေရမှာဖြစ်ပါတယ်။။
ဒီတော့ ကျန်မိသားစုများမှ နစ်နာမှုရှိချင်ရှိနိုင်ပါတယ်။
ကျန်မောင်နှစ်မများကနစ်နာတယ်ဟု ယူဆပါလျှင် ဆောင်ရွက်နိုင်တဲ့နည်း
လမ်းတွေ ရှိပါတယ်။
ပထမနည်းက နည်းဥပဒေ ၈ အရ မိမိတို့လည်း ပုံစံ (၇) ရသင့်သည်ဆိုပါက အပြိုင်လျှောက်နိုင်ခွင့်ရှိပါတယ်။
သူတစ်ဦးတည်း လျှောက်တာကို ပုံစံ (၇) ထုတ်မပေးရန် ကန့်ကွက်မှုလည်းပြုနိုင်ပါတယ်။ ထိုသို့ ကန့်ကွက်ပါလျက်အပြိုင် လျှောက်
ထားပါလျက်နဲ့ တစ်ဖက်ကပုံစံ (၇) ရသွားခဲ့ရင် ဒုတိယနည်းလမ်းကို ဆက်ဆောင်ရွက်နိုင်ပါတယ်။ ပုဒ်မ ၂၂ အရ ကျေးရွာလယ်စီမှာ
မူလမှုခင်း ဖွင့်လှစ်စစ်ဆေးပေးစေလိုမှု တိုင်ကြားရန်ဖြစ်ပါတယ်။
25/07/2025
မနေ့က မြေစာချုပ်လေး ချုပ်ပေးရင်း
မြေအမျိုးစားများအကြောင်း ရေးရန်စိတ်ကူးရသဖြင့်ရေးသားဖော်ပြပေးလိုက်ပါတယ်။
ယနေ့ခေတ်မှာ ရင်းနှီးမြုပ်နှံသင့်တဲ့ မြေ ရှိသလို၊ လုံးဝ မဝယ်သင့် တဲ့ ခြံမျိုးလည်း ရှိပါသည်။ မြေပိုင်ဆိုင်မှု စာချုပ် စာတန်း
အမျိုးမျိုး နှင့် အရှုပ်ရှင်း အမျိုးမျိုးရှိပါသည်။ ဝယ်ထား
သော ခြံသည် ပိုင်ဆိုင်မှု့ ခိုင်မာ၍ နောင်တစ်ချိန် အချက်ချာ ကျနိုင်သော နေရာဖြစ်ရမည်။ မြေ အရောင်းဝယ်မှာ
မြေကို ဝယ်ခြင်း ဆိုသည်ထက် ၊ မြေ၏ ပိုင်ဆိုင်မှုကို
ဝယ်ယူခြင်း ဖြစ်ပါသည်။
ဂရံမြေ
လူတိုင်း မြေဝယ်မည် ဆုံးဖြတ်ပါက ဂရံမြေကို သာ
ပို သဘောကျ နှစ်သက်ကြသည်။ အရောင်းဝယ် လွယ်ကူသည်၊ လူတိုင်း နှစ်သက်သော မြေ။
သစ်တော ဂရံမြေ
စိုက်ပျိုး ဂရံမြေ
စက်မှုဇုံ ဂရံ မြေ
လူနေထိုင်အိမ်ဂရံမြေ အမျိုးမျိုးရှိသည်
သစ်တော ဂရံမြေ
သစ်တောရုံးမှ ထုတ်ပေးသော ဂရံမြေ ဖြစ်ပြီး၊
မိသားစု တစ်အိမ်စာဆောက်လုပ်ခွင့် မှ အပ
အခြားစီးပွားရေး ပြုလုပ်ရန်(သို့မဟုတ်) ခြံပိုင်း၍
ရောင်းဝယ်ရန် မလွယ်ကူပါ၊ ခွင့်ပြုချက် အဆင့်ဆင့်
လျှောက် တင်ရပါမည်။
စိုက်ပျိုး ဂရံမြေ
အစိုးရမှ တိုက်ရိုက်ထုတ်ပေးသော ဂရံ(စလစ်)
မြေအငှားစာချုပ်ဖြစ်ပြီး လူနေထိုင်ခွင့် အရောင်းဝယ်
ပြုလုပ်ခွင့်၊ အကွက်ရိုက်ရောင်းချ ခြင်း လုံးဝ ပြုလုပ်ရန် မသင့်၊ ထို့သို့ပြုမည်ဆိုပါက အစိုးရမှ အချိန်မရွေး ပြန် သိမ်းနိုင်သည်။
စက်မှုဇုံဂရံမြေ
က-(၃၀) ဖြင့် ခွင့်ပြုချက် ကျပြီး၊ စက်မှုလုပ်ငန်းမှအပ။
(3)ခ ပါရင် လူနေအိမ် ဆောက်လုပ် နေထိုင်၍ ရသည်။
လူနေထိုင်အိမ်ဂရံ
ထို ဂရံ မှသာလျှင် လူနေရန် အိမ်ဆောက်လုပ်ရန်
ဥပဒေ အရ သော်၄င်း၊ အရောင်းဝယ်ပြုရန်မှာ
အရှုပ်ရှင်းသော်၄င်း လုံးဝ ကင်းရှင်းသည်။
စည်ပင်မှ ထုတ်ပေးသော စာအုပ်စိမ်းဖြင့်။
ဂရံမြေ ဝယ်ယူမည် ဆိုပါက ဝယ်ယူသူမှ စစ်ဆေးရမည်၊
မခိုင်မာသော ဂရံ မြေများ လည်း ရှိသည့် နည်းတူ၊
အရောင်းဝယ် ပြုလုပ်ရာ အရှုပ်ရှင်းများသော ဂရံ
မြေ များလည်း ရှိသည်။
မှတ်ချက် - ဂရံမြေများသည် အစိုးရ စီမံကိန်း နှင့်
မလွတ်ကင်းပါက အချိန်မရွေးသိမ်းယူနိုင်ပါသည်။
ပြည်သူရွေးကောက်တင်မြှောက်ထားသော အစိုးရ
ဖြစ်ပါက လျော်ကြေး ပြန်ရနိုင်ပါသည်။
ပါမစ်မြေ
ဂရံ ပြောင်းလျှောက်မည်ဆိုပါက လွယ်ကူပြီး
ခိုင်မာမှု့ ရှိသော မြေ ပါ၊ သို့သော် ပါမစ် မြေ ဝယ်
ယူ မည်ဆိုပါက သတိထားပါ၊ အကောင်းဆုံးရှေ့နေ
ငှားရမ်းပြီး စီစစ်ပါ၊ စရံချပြီး သတင်းစာတွင် ကြေငြာ
ထည့်ပါ။ ပါမစ် မြေသည် အရင် အိုးအိမ်ရုံးမှ ထုတ်ပေး
သော ပိုင်ဆိုင်မှု စာရွက်စာတမ်း/ အိမ်ထောင်စုစာရင်းကဲ့သို့မိသားစုဓါတ်ပုံနှင့် တကွ မြေပိုင်ဆိုင်မှု စာချုပ် တွဲလျက်ပါရှိရပါမည်။
မှတ်ချက် - ပါမစ်မြေသည် အတုပေါများသည်။
ပြေစာ(စလစ်)
ပြေစာ စလစ် ဖြင့် ပြသ နိုင်သော မြေ များသည်
အများအားဖြင့် ပိုင်ဆိုင်မှု ခိုင်မာပါသည်။ သို့သော်
စည်ပင် ဧရိယာ အပြင် ဘက်မှ မြေ မျိုး များဖြစ်ပြီး
မြို့မြေ ဧရိယာ အတွင်း ဖြစ်နေပါက ဂရံ အထိ လျှောက်
နိုင်ပါသည်။
Gပြေစာ(စလစ်)
R/G ပြေစာ(စလစ်)
L ပြေစာ (စလစ်)
စ/ ပြေစာ (စလစ်)
ပုံစံ(5) ပြေစာ (စလစ်)
ရွာမြေ ပြေစာ(စလစ်)
R4 ပြေစာ(စလစ်)
G ပြေစာ(စလစ်)
အရောင်းဝယ် အတွက် စိတ်ချရပြီး( ခြံမြေ) ဟု
ခေါ်ဝေါ် ကြသည်။ အရှုပ်ရှင်း အနည်းငယ် သာ
ရှိမည်( အမွေဆိုင်) အိမ်ဆောက်လုပ်/ လူနေထိုင်
နိုင်သည်။ သို့သော် ဥပဒေ အရ ပိုမိုတရားဝင်လိုလျှင်
သ/အ လျှောက်လွှာ တင်ပြီး အိမ်ဆောက်လုပ် လူနေ
ထိုင် နိုင်ပါသည်။
R/G ပြေစာ(စလစ်)
လယ်မှ ပုံစုံပြောင်းထားသော မြေ ဖြစ်ပြီး စိုက်ပျိုးခွင့်
မိသားစု နေအိမ် အတွက် (လယ်အိမ်) ပြောင်းလျှောက်
ပြီး။ G ပြေစာ(စလစ်) သို့မဟုတ် /က ၃၀ အဖြစ်
ပြောင်း လျှောက်သော နိုင် သော မြေ ဖြစ်သည်။
L ပြေစာ (စလစ်)
သစ်တောမှ မြေအငှား/ ဂရံ (သို့) ယာယီ ခွင့်ပြုချက် ချပေးသော မြေ ဖြစ်ပြီး (အခြား) ပြောင်းလျှောက်ခွင့် မှာ
ရရင်ရ၊ မရရင် မရ ပါ။ ဝယ်မည် ဆိုပါက ဌာန ဆိုင်ရာ
သို့ အကြောင်းကြား၍ လုပ်သင့် သည့်အရာများ၊
ညွန်ကြားချက် အတိုင်း လိုက်နာ၍ ပြောင်း လွဲရ
ပါမည်။အကွက်ရိုက် ရောင်းချ ခွင့် မရှိပါကြောင်း။
စ/ ပြေစာ (စလစ်)
အရောင်းဝယ် မပြုလုပ်လျင် ပိုကောင်းမည်။
အစိုးရမှ တိုက်ရိုက် ချပေးသော စိုက်ပျိုးဂရံ
(သို့မဟုတ်) ပြေစာ စလစ် ဖြစ်ပြီး စိုက်ပျိုးရန်
အတွက် သီးသန့်သာ ဖြစ်ပြီး တစ်မိသားစုမှ အပ
အခြား အိမ်များ ဆောက်လုပ် ခွင့် မရှိပါ၊ အခြား
မြေသို့ ပုံစံ ပြောင်း လျှောက် ၍ မရပါ။ အလွန်
ခက်ခဲမည်။ အရှုပ်ရှင်း ဖြေရှင်းရမည်။ အကွက်ရိုက်
ရောင်းချခြင်းမရှိပါ၊ အစိုးရမှ အလွယ်တကူ ပြန်လည်
သိမ်းယူ နိုင်ပါသည်။
ပုံစံ(5) ပြေစာ
ထိုမြေသည် လယ်ပျက် ဖြစ်ပြီး အခြားမြေသို့
စီးပွားရေး၊ စက်မှု့ဇုံ၊ လူနေအိမ်၊ အကွက်ရိုက်ရောင်း
စသည့် အရာများ ခွင့်ပြုချက် လျှောက် ၍ ပြုလုပ်နိုင်
ပါသည်။ လယ်ပျက် ဖြစ်၍ ရွာတိုးချဲ့ ခြင်း၊ မြို့ဧရိယာ
တိုးချဲ့ ခြင်း စသည့် အရာများ ပြု လုပ်နိုင်သည်။
(အရှုပ်ရှင်း မရှိပါ/ အဓိက မြေစာရင်းရုံးပါ)
ရွာ မြေ ပြေစာ (စလစ်)
မြေ အမျိုးစားတွင် ခိုင်မာမှု ရှိပြီး Google Map
တွင်လည်း Singnal ပြသမည်။ Singnal မပြသ သော်လည်း R4 (or) G မြေ ဖြစ်နေပါက ရွာမြေ /ခြံမြေ
အမျိုးစားတွင် ထည့်သွင်း နိုင်ပါသည်။ အစိုးရ စီမံကိန်း
ရှိသော်လည်း မပယ်ဖျက်နိုင်၊ စက်မှုဇုံလည်း ဝင်လာ
၍ မရ နိုင်၊ ပြန်သိမ်းယူမည့် စိုးရိမ် မှု့ မျိုး အရှင်း မရှိ။
R4 ပြေစာ(စလစ်)
ထိုမြေမျိုးသည်လည်း လယ်ပျက် ဖြစ်ပြီး ရွာဧရိယာ
အတွင်း ပါနေပါက ရွာမြေ ဟု ခေါ်ဝေါ် နိုင်ပါသည်။
အစိုးရ မဖျက်သိမ်းပါ။ လူနေခွင့် ရှိပါသည်။ အမည်ပေါက် ဖြင့် ပြောင်းလျှောက်၍ အခြား မြေ အမျိုးစား
သို့ ပြောင်းလျှောက်ရန် လွယ်ကူပါသည်။
လယ် ဧရိယာ အတွင်း တွင် မပါဝင်ရန်သာ လိုသည်။
လယ်မြေ
လယ်မြေ ပေမယ့် အရောင်းဝယ် ပြုလုပ်ရာတွင်
လွယ်ကူပါသည်။ (R1)(R2)(R3) လယ်များသာ
အရောင်းဝယ် မပြုလုပ်ရန်သတိထားရပါမည်။
လမ်းမ ဘေးမျိုး ဆိုပါက R3 မြေ မျိုး ဖြစ်နေလည်း
R4(သို့မဟုတ်) ပုံစံ(5) သို့ ပြောင်းလျှောက်နိုင်သည်။
တစ်ခု သိထားရမည်မှာ မြန်မာ နိုင်ငံတွင် လယ်မြေသည်
အများဆုံး ဖြစ်ပြီး မြို့နယ်(ရပ်ကွက်) တိုးချဲ့ခြင်း လုပ်ငန်းမှာ လယ်မြေကိုသာ အသုံးများဆုံး ဖြစ်ပါသည်။
ဘိုးဘပိုင်မြေ
မျက်မြင်အထောက်ထား တွေ့ရန် အလွန်
ခက်ခဲပါသည်။
ဘိုးဘပိုင်မြေသည် ကတီပါအသားဖြင့် ပိတ်ပေါ် တွင်
စာလုံးများအား အပ်ချည်ဖြင့် ထွင်းထားသော စာချုပ်
စာတမ်း အမျိုးစား ဖြစ်သည်။ ခိုင်မာမှု့ တွင် ဂရံ မြေ
ထက် အဆ များစွာ သာသည်။ ခေတ် အဆက်ဆက်
အမွှေ ဆက်ခံ ခွင့်ရှိပြီး၊ အရောင်းဝယ် ပြု လုပ်ရာ ၌
အမွေစား အမွေခံ အရှုပ်ရှင်း ရှိသည်။
အရှုပ်ရှင်းဆိုသည်မှာ
မြေပိုင်ရှင်မှာ အမွေ ဆိုင် ရှိခြင်း၊ ပေါင်နှံထားခြင်း၊
အစိုးရ စီမံကိန်း နှင့် မလွတ်ကင်းခြင်း၊ သစ်တောမြေ
များအား ပိုင်းရောင်းခြင်း၊ အစိုးရမှ တိုက်ရိုက် ချပေး
သော စိုက်ပျိုး မြေ ဂရံ များ ရောင်းချခြင်း၊ ပုံစံ (7)
သာ ထွက်ရှိထားသော လယ်များ ရောင်းချခြင်း များ
ဖြစ်ပါတယ်။ မြေဝယ်ယူ မည် ဆိုပါက ထိုအရာများ
နှင့် မသက်ဆိုင်သော မြေ များ မှာ အရှုပ်ရှင်းကင်း
သည်ဟု ဆိုရပါမည်။
မြေဝယ်ယူမည်ဆိုပါက
မြေပိုင်ရှင်၏ စာချုပ်စာတန်း သမိုင်းကောက်ကြောင်းအား စုံစမ်းပါ၊ အမွေဆိုင်များရှိ ပါက ထိုသူ များအားရောင်းရန် သဘောတူကြောင်းအား မိမိ (ရှေ့နေ )အရှေ့တွင် ခံဝန်
လက်မှတ် ရေးထိုးခိုင်းပါ။ ပေါင်နှံထားခြင်း ရှိမရှိအား
စစ်ဆေးပါ၊ ဘဏ်(သို့မဟုတ်) ရပ် ကွက် အုပ်ချုပ်ရေး
မှုးသို့ စစ်ဆေးနိုင်ပါသည်။ သစ်တောမြေ ဟုတ်/မဟုတ်
ကြောင်းကို ပြေစာ(စလစ်)တွင် စစ်ဆေးနိုင်ပါသည်။
သစ်တောမြေ ဆိုပါက မြေဦးပိုင် မှာ (L) စာလုံးပါမည်
( ပြင်ဦးလွင် ကဲသို့ ပြန်လည် သိမ်းယူ ခံရမည်)
စိုက်ပျိုးမြေ ဆိုပါက ပြေစာ(စလစ်) တွင် (စ) စာလုံး
ပါ မည်။ မဝယ်ပါက ပို၍ ကောင်းမည်။ လယ်မြေ ဝယ်
ယူမည် ဆိုပါက ပုံစံ (105) စစ်ဆေးပါ၊ ပုံစံ(7) တစ်မျိုးတည်းသာ ပါမည်ဆိုပါက လယ်တစ်မျိုးတည်း စိုက်ပျိုး
ခွင့်သာ ရှိပါသည်။
ေရေးရာ #တောင်ကြီးအိမ်ခြံမြေ #စျေးနှုန်း #ပေအကျယ် #စာရွက်စာတမ်း #ပုံစံ105
20/07/2025
လယ်ယာမြေမှန်းမသိပဲ ဝယ်လိုက်မိပါတယ်။
အိမ်ဆောက်ချင်လို့စုံစမ်းတော့ တခြားနည်းသုံးစွဲခွင့် လျှောက်ရမယ်လို့သိရပါတယ်။ ဘာတွေဆောင်ရွက်ရမှာလဲ လုပ်ငန်းစဉ်ကဘာတွေလဲ သိပါရစေ။
လယ်ယာမြေကို အခြားနည်းအသုံးပြုရန် လျှောက်ထားခြင်းကိစ္စ
လယ်ယာမြေကို အခြားနည်း အသုံးပြုလိုသူများအတွက် သက်ဆိုင်ရာ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနတွင် မြေစာရင်းပုံစံ (၁၀၅)၊ (၁၀၆) ရေးကူး၍ လယ်ယာမြေဥပဒေပုဒ်မ ၂၉ /၃၀(က) / ၃၀(ခ) အရ လုပ်ငန်းစာတွဲ ဖွင့်လှစ်တည်ဆောက်ရန်လိုအပ်ပါသည်။
မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီး၊ ပြည်နယ်၏ အဆင့်ဆင့် ထောက်ခံမှုအရ လယ်မြေဖြစ်ပါက ဗဟိုလယ်ယာ မြေစီမံခန့်ခွဲမှုအဖွဲ့မှ ခွင့်ပြုချက်လိုအပ်ပြီး၊ လယ်ယာမြေ ဖြစ်ပါက နေပြည်တော်ကောင်စီ သို့မဟုတ်၊ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့၏ ခွင့်ပြုချက်ကို ရယူရန်သာ လိုအပ်ပါသည်။
လယ်ယာမြေဥပဒေပုဒ်မ -၂၉ / ၃၀ (က) / ၃၀(ခ) အရ လုပ်ငန်းစာတွဲ ဖွင့်လှစ်သည့် အခါတွင် လျှောက်ထားသူများ အနေဖြင့် အောက်ပါစာရွက်စာတမ်း၊ အထောက်အထားများအား ပြည့်စုံစွာ ပူးတွဲတင်ပြရန်လိုအပ်မည်ဖြစ်သည်။
(က) လယ်ယာမြေကို အခြားနည်း အသုံးပြုခွင့်ပြုရန် လျှောက်လွှာပုံစံ - ၁၄၊
(ခ) မြေစာရင်းပုံစံ (၁၀၅)၊ (၁၀၆)၊
(ဂ)ပတ်ဝန်းကျင်ပြ မြေပုံ၊
(ဃ) မြေတည်ရှိရာ အခြေပြမြေပုံ 𝕃𝕠𝕔𝕒𝕥𝕚𝕠𝕟 𝕄𝕒𝕡၊
(င) ဆိုက်ပလင်:၊ site plan
(စ) ဓာတ်ပုံမှတ်တမ်းများ၊
(ဆ) လယ်ယာမြေ လုပ်ပိုင်ခွင့်ပြု လက်မှတ်(ပုံစံ-၇) မိတ္တူ၊
(ဇ) ရပ်ကွက်၊ ကျေးရွာ အုပ်စု လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့၏ ထောက်ခံချက်၊
(ဈ) လျှောက်ထားသူ၏ ဝန်ခံချက်၊
(ည) ဘေးပတ်ဝန်းကျင် လယ်သမားနှစ်ဦး၏ ထွက်ဆိုချက်၊
(ဋ) လျှောက်ထားသူ၏ မှတ်ပုံတင် (မိတ္တူ)၊
ထို့ကြောင့်
လယ်ယာမြေကို အခြားနည်းအသုံးပြုရန် လျှောက်ထားသည့်ကိစ္စရပ်များအနက်
လယ်မြေကို အခြားနည်း အသုံးပြုရန် ခွင့်ပြုမိန့်ပုံစံ(၁၅) ကို ရရှိရေးအတွက် ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့အထိ လုပ်ငန်းစာတွဲပေးပို့တင်ပြကြရပြီး
လယ်မြေမဟုတ်သောအခြား လယ်ယာမြေကို အခြားနည်းအသုံးပြုရန် ခွင့်ပြုမိန့်ပုံစံ (၁၅-က) ကိုသာ နေပြည်တော်ကောင်စီသို့ တိုင်းဒေသကြီး၊ ပြည်နယ် အစိုးရအဖွဲ့များက ထုတ်ပေးပိုင်ခွင့် ရှိသည်။
လယ်ယာမြေကို အခြားနည်းအသုံးပြုခွင့် လျှောက်ထားလိုသော လူပုဂ္ဂိုလ် (သို့) အဖွဲ့အစည်းများ အနေနှင့် လယ်မြေဖြစ်စေ၊ လယ်မြေမဟုတ်သော အခြားလယ်ယာမြေကိုဖြစ်စေ၊ သက်ဆိုင်ရာ မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနရုံးများတွင် မြေစာရင်း ပုံစံ (၁၀၅)၊ (၁၀၆) လုပ်ငန်းစာတွဲနှင့် အတူ ပူးတွဲလျှောက်ထားကြ ရမည်ဖြစ်သည်။
လှိုင်ဘွား (လယ်ယာမြေ)ရေးသားသူ
ေရေးရာ #ရွာမြေ #အိမ်ခြံမြေ
23/06/2025
မြေဆိုတာ 💰
-----
ငွေမလိုရင် မရောင်းရဘူး။
အခက်ခဲဖြစ်နေလို့ မဖြစ်မနေ ရောင်းရတာကိုတော့ မဆိုလိုပါဘူး။
📍လက်ထဲ ငွေအပိုရှိရင် မြေထပ်ဝယ်
ဘယ်နေရာမှာ ဝယ်ရမလဲဆိုရင် ရတဲ့နေရာမှာဝယ်ထား။
💵 ကျပ်ငွေကို လက်ထဲမှာ ဘယ်တော့မှ မထားနဲ့။
မြေဆိုတာ ⏳
မရောင်းဘဲ ကြာကြာထားလေ ကောင်းလေပဲ။
⌛ ဘယ်အချိန်အထိ ထားရမလဲဆိုရင် ထားနိုင်သလောက်ထား။
ရောင်းပြီးရင်လည်း 🔄 အစားပြန်ဝယ်နိုင်အောင် ဝယ်ရတယ်။
❌ မဝယ်နိုင်ရင် ရှုံးတယ်။ ဘာရှုံးတာလဲဆိုရင် 🏡 နေရာရှုံးတယ်။
💡 ဒါကို သိရင် ကိုယ်တိုင်စဉ်းစားလုပ်ကြပါလို့ အကြံပြုလိုက်ပါတယ်။
🚀 စွန့်စားခန်းတွေနဲ့ လုပ်ရတဲ့ စီးပွားရေးမှာ မြေဆိုတဲ့ တစ်ခုတည်းသော အလုပ်က ဘဝတွေကို ပြောင်းလဲသွားအောင် လုပ်ဆောင်ပေးနိုင်တယ်ဆိုတာ
🌟 သင်တစ်နေ့ လက်ခံလာပါလိမ့်မယ်။
#မြေ #ကြီးပွားရေးအတွက်အတွေးအခေါ်
22/06/2025
🔴40' x 60' နှင့် မြေတစ်ဧကအကွက်ရေအတွက်....🔴
☘️တစ်ဧကမှာ ၄၃၆၀၀ စတုရန်းပေ
☘️၄၃၆၀၀ စတုရန်းပေ = ၂၀၈.၈ ပေ X ၂၀၈.၈ ပေ
🍀၄၃၆၀၀ စတုရန်းပေ= ၄၀ ပေ x ၆၀ ပေ (၁၈ကွက်)
= ၂၀ ပေ x ၆၀ ပေ (၃၆ကွက်)
= ၂၅ ပေ x ၅၀ ပေ (၃၄ကွက်)
🍀၄၀ ပေ x ၆၀ ပေ= ၀.၀၅၅ ဧက
🍀၂၀ ပေ x ၆၀ ပေ= ၀.၀၂၇ ဧက
☘️၂၅ ပေ x ၅၀ ပေ= ၀.၀၂၉ ဧက
အကြမ်းတွက်
၂၀၀ ပေ x ၂၀၀ ပေ= ၁ ဧက
၁၀၀ ပေ x ၂၀၀ ပေ= ၁/၂ ဧက ( ၅မူး)
၁၀၀ ပေ x ၁၀၀ ပေ= ၁/၄ ဧက (၁မတ်)
၅၀ ပေ x ၁၀၀ ပေ= ၁/၈ ဧက ( ၁မူး)
မြေဧကတွက်နည်း
မြေတစ်ဧကမှာပေ၄၀/၆၀ ၁၈ကွက်ရပါတယ်
*****************
၁ ဧက = ၂၀၈.၇၁၁ ပေ × ၂၀၈.၇၁၁ ပေ
၁ ဧက = ၄၀၄၇ စတုရန်းမီတာ
၁ ဧက = ၄၃၅၆၀ စတုရန်းပေ
၁ ပေ(sqft)= ၀.၀၉၂၉ Square metre
၁ မီတာ = ၃.၂၈၁ ပေ
၁ စတုရန်းမီတာ = ၁၀.၇၆၄ စတုရန်းပေ
၁ ဟက်တာ = ၂.၄၇၁ ဧက
Square feet မှ ဧကပြောင်း
Sqft ÷ 43560= ( ) ဧက
ဥပမာ 20000 Sqft ကိုဧကဖြင့်သိလိုရင်
20000 ÷ 43560 = 0.459 ဧက
ဧကမှ Sqft ပြောင်း
ဧကအကျယ် × 43560 = ( ) Sqft
ဥပမာ 0.5 ဧကကို Sqft ဖြင့်သိလိုရင်
0.5 × 43560 = 21780 Sqft
၁ ဧက = ၄၃၅၆၀ စတုရန်းပေ
၄၃၅၆၀ စတုရန်းပေ ဘယ်ကရလဲ ဆိုတော့
လက်မ (inch), ပေ (feet), ကိုက် (yard), သံကြိုး (Chain), ဖာလုံ (Furlong), မိုင် (Mile) စတဲ့အတိုင်းအတာ ယူနစ်များဟာ Imperial units ဖြစ်ပါတယ်။
၃ ပေ = ၁ ကိုက်
၂၂ ကိုက် = ၁ သံကြိုး = ၆၆ ပေ
၁၀ သံကြိုး = ၁ ဖာလုံ = ၆၆၀ ပေ
၈ ဖာလုံ = ၁ မိုင် = ၅၂၈၀ ပေ
*** ၁ သံကြိုး (အလျှား) × ၁ ဖာလုံ (အနံ) = ၁ ဧက လို့သတ်မှတ်ပါတယ် *** ဒါ့ကြောင့်
၆၆ ပေ × ၆၆၀ ပေ = ၄၃၅၆၀ စတုရန်းပေ ဖြစ်ပါတယ်။ ၁ သံကြိုး အကျယ် နဲ့ ၁ ဖာလုံ အရှည်မြေကွက်ဟာ တစ်ဧက (၄၃၅၆၀ စတုရန်းပေ) ဖြစ်ပါတယ်။
၁ စတုရန်းမိုင် = ၆၄၀ ဧက
၁ စတုရန်းဖာလုံ = ၁၀ ဧက
၄၃၅၆၀ စတုရန်းပေ = ၁ ဧက
၂၀၈.၇၁ ပေ × ၂၀၈.၇၁ ပေ = ၁ ဧက
၂၀၀ ပေ × ၂၀၀ ပေ = ၁ ဧကခန့်
၁၀၀ ပေ × ၁၀၀ပေ = ဧက ၁ မတ်ခန့်
၅၀ ပေ × ၁၀၀ ပေ = ဧက ၁ မူးခန့်
၄၀ ပေ × ၆၀ ပေ = ၀.၀၅၅ ဧက
၂၀ ပေ × ၆၀ ပေ = ၀.၀၂၇၅ ဧက
to Owner
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
တောင်ကြီးမြို့ ဝါးပြားရပ်ကွက် ရတနာလမ်း
Taunggyi
Opening Hours
| Monday | 07:00 - 18:00 |
| Tuesday | 07:00 - 18:00 |
| Wednesday | 07:00 - 18:00 |
| Thursday | 07:00 - 18:00 |
| Friday | 07:00 - 18:00 |
| Saturday | 07:00 - 18:00 |
| Sunday | 09:00 - 17:00 |
