Hanuman Brand by ABM

Hanuman Brand by ABM

Share

Own job

06/10/2025

နှာချေသူ

နှာချေခြင်းသည် ခန္ဓာကိုယ်အောက်ပိုင်းတွင်အခိုးများပိတ်နေသဖြင့် အထက်သို့ လေပူများကန်တက်ခြင်းဖြစ်သည်။

ကိုယ်တွင်းအခိုးငုပ်နေသူများလည်းနှာချေပြီး၊ နှာရည်ယိုကျတတ်သည်။
ရေကြောက်၍ရေမချိုးသူ၊ ရေနွေးပူပူဖြင့်ရေချိုးသူများ နှာချေ၊နှာစေး၊နှာရည်ယိုတတ်သည်။

နှာခေါင်းပေါက်မှရှူသွင်းသောလေအေးကို အတွင်းမှလေပူကကန်ထုတ်သဖြင့် နှာချေခြင်းဖြစ်လာသည်။

မနက်အိပ်ယာထ မျက်နှာသစ်ရင် ရေကိုလက်ခုပ်နဲ့ယူငယ်ထိပ်ပေါက်အောင်ရှူပါ။ အကျင့်လုပ်ယူရင်ရပါတယ်။

ချင်းကိုပါးပါးလှီး ရေနွေးမတ်ခွက်နဲ့စိမ်ထား သောက်ပေးပါ။

ဝမ်းမချုပ်စေရန် အသီးအနှံများများစားပါ။ ကန်စွန်းရွက်ချဥ်ရည်ဟင်း၊ ကင်မွန်းချဥ်ရွက်ချဥ်ရည်ဟင်းများချက်သောက်ပါ။

ညအိပ်ယာဝင်မန်ကျည်းမှည့်ဖျော်ရည်သောက်ပါ။
ခြေဖဝါးဆားပွတ်ဒူးအထက်မှအောက်ရေလောင်းခြေဆေးပေးရင် အခိုးတက်သက်သာလို့ နှာစေးနှာပိတ်သက်သာစေပါတယ်။
ရေချိုးလျှင် ရေနွေးစပ်ချိုးလျှင် ပထမဆုံး ဒူးအထက်မှအောက် ရေအေးလောင်းခြေဆေး၊အခိုးများထွက်သွားပြီးမှ ရေနွေးစပ်သောရေကိုချိုးပါ။

ကြည်လွင်မြင့်(မုဒြာ)
Crd

#ကျန်းမာရေးဗဟုသုတများ

01/07/2024

Hanuman Brand Products များ၏ လက်လီ/လက်ကား ဈေးနှုန်းပြောင်းလှဲ သတ်မှတ်ခြင်း❗❗❗
***********************************************

✅ Prorich Company Ltd အနေဖြင့် ယခုအချိန်ငွေကြေးများမတည်ငြိမ်၍

လုပ်ငန်းဆက်လက်လည်ပတ်နိုင်ရန်

ဈေးနှုန်းအနည်းငယ်တိုးမြင့်လိုက်ရပါသည်။

✅ လက်လီအရောင်း ဈေးနှုန်းတိုးမြင့်ရာတွင်လည်း

ငွေလဲလှယ်မှုပေါက်ဈေးအတိုင်း တိုးမြင့်ထားခြင်းမဟုတ်ပဲ

Company နှင့် အရောင်းကိုယ်စားလှယ်များမှ

မိမိ၏အမြတ်ငွေကိုလျော့ပြီး Customers များအတွက်

အသုံးပြု/ဝယ်ယူရာတွင် အဆင်ပြေဆုံးဖြစ်စေမည့်

ဈေးကိုသတ်မှတ်လိုက်ရခြင်းဖြစ်သည်။

✅ Hanuman Products တိုင်းကိုစဥ်ဆက်မပျက် အမြဲဝယ်ယူအားပေးမှုအတွက် Hanuman Brand မိသားစုမှ အထူးကျေးဇူးတင်ရှိပါတယ်ရှင့်.....🙏🙏🙏

Photos from Hanuman Brand by ABM's post 27/02/2024

အကြောတစ်လက်မရှည်ရင် အသက် ၁ဝနှစ် ရှည်တယ်တဲ့

ခန္ဓာကိုယ် ညောင်းညာပြေလျော့ရန်အတွက် အကြောဆွဲဆန့်နည်းများ…

ွှေရသစုံ

Photos from Hanuman Brand by ABM's post 22/01/2024

#ကိုယ်တိုင်ကျန်းမာရေးစစ်ဆေးနိုင်မည့်
#အိမ်တွင်းနည်းလမ်း၈မျိုး

ကျန်းမာရေးအတွက် ပုံမှန်စစ်ဆေးမှုလေးတွေ လုပ်ချင်ပေ
မယ့် အချိန်မရလို့ပဲဖြစ်ဖြစ်၊ မအားလို့ပဲဖြစ်ဖြစ် မစစ်ဆေးဖြစ်တဲ့သူတွေအတွက် အချိန်ခဏပေးလိုက်ရုံနဲ့ ကိုယ့်ရဲ့ လက်ရှိကျန်းမာရေး အခြေအနေကို စစ်ဆေးလို့ရမယ့်
အလွယ်ဆုံးနည်းလမ်းလေးတွေကို ဖော်ပြပေးချင်ပါတယ်။

(၁) #နှလုံးနဲ့အဆုတ်ရောဂါရှိမရှိ

လက်ချောင်းလေးတွေကို ပုံထဲမှာပြထားတဲ့အတိုင်း
လုပ်လိုက်တဲ့အချိန်မှာ လက်သည်းလေးတွေကြားမှာ လေးဒေါင့်အချွန်ပုံ အပေါက်လေးဖြစ်နေရင် သွေးကြောတွေက သွေးလှည့်ပတ်မှုကောင်းမွန်တယ်၊ နှလုံးနဲ့ အဆုတ်ကျန်းမာတယ်လို့ ယူဆနိူင်ပါတယ်။ တကယ်လို့ အဲ့ဒီနေရာလေးက ပိတ်နေတယ်ဆိုရင်တော့ သွေးထဲမှာ အောက်စီဂျင်ကောင်းကောင်း မရောက်ရှိတာကြောင့် နှလုံးသွေးကြောနဲ့ အစာအိမ်အူလမ်းကြောင်းမှာ သိပ်မကျန်းမာလို့ပါ။

(၂) #ဦးနှောက်သွေးကြောပိတ်ခြင်းနဲ့ #သတိမေ့ရောဂါဖြစ်နိူင်ချေရှိမရှိ

ပုံမှာပြထားတဲ့အတိုင်း အနည်းဆုံးမိနစ် (၁၀) လောက်
ကောင်းကောင်းရပ်နိူင်ရင် ဦးနှောက်သွေးကြောပိတ်ခြင်းနဲ့
သတိမေ့ရောဂါဖြစ်နိူင်ချေ အရမ်းနည်းတယ်လို့ ပြောလို့ရပါတယ်။ တကယ်လို့ ကောင်းကောင်းမရပ်နိူင်ရင်တော့
အသက်ရလာတဲ့အခါ လေဖြတ်နိူင်ချေများနေပါပြီ။

(၃) #သွေးအားနည်းရောဂါရှိမရှိ

မှန်ရှေ့မှာရပ်ပြီး အောက်မျက်ခမ်းအတွင်းဘက်ကို ကြည့်လိုက်ပါ၊ အနီရောင်သမ်းနေရင် သွေးအားကောင်းပြီး ကျန်းမာတဲ့အနေအထားဖြစ်ပြီး၊ ပန်းရောင်ဖျော့ဖျော့လေးသမ်းနေရင် သွေးအားနည်းနေတာပါ။

(၄) #ဟော်မုန်းညီမျှမှုရှိမရှိ

ဆံပင်တွေကြားထဲကို လက်ချောင်းလေးတွေ ထိုးပြီးဆွဲချလိုက်တဲ့အခါ ဆံပင်အနည်းငယ်ကျွတ်ပါလာတယ်ဆိုရင်တော့ ခန္ဓာကိုယ်ထဲက ဟော်မုန်းပမာဏ ညီမျှနေပြီး
ဆံပင်တွေအများကြီးကျွတ်ပါလာရင်တော့ ဟော်မုန်းမညီမျှမှုတွေဖြစ်နေပါပြီ။

(၅) #ဆီးချိုရှိမရှိ

သင့်မှာ ဆီးချိုရောဂါရှိ မရှိစစ်ဆေးဖို့ ကူညီပေးမယ့်
နောက်တစ်ယောက်လိုပါတယ်။ ကူညီပေးမယ့်သူက စစ်ဆေးမယ့်သူရဲ့ခြေထောက်ကို ခဲတံရဲ့ ခဲသားအချွန်ဘက်နဲ့တစ်ခါ၊ ခဲဖျက်နဲ့တစ်ခါထိုးလိုက်ပါ။ အဲ့လိုထိုးလိုက်တဲ့အချိန်မှာ
မကြည့်ဘဲ ဘယ်တစ်ချက်က ခဲသားအချွန်အထိအတွေ့လဲ၊ ခဲဖျက်ရဲ့ အထိအတွေ့လဲဆိုတာကို ပြောနိူင်ရင် သင့်မှာ ဆီးချိုရောဂါမရှိပါဘူး။ အထိအတွေ့ကို သိပ်မသဲကွဲဘူး၊ မခွဲခြားတတ်ဘူး ဖြစ်နေတယ်ဆိုရင်တော့ ဆီးချိုရောဂါရှိနေတာဖြစ်နိုင်ပါတယ်။

(၆) #သွေးလှည့်ပတ်မှုကောင်းမကောင်း

ကြမ်းပြင်ပေါ် ပက်လက်လှန်လှဲအိပ်လိုက်ပြီး ခြေထောက်တွေကို နံရံပေါ် ၄၅ ဒီဂရီလောက်ထောင်ထားလိုက်ပါ။ မိနစ်အနည်းငယ်ကြာတဲ့အခါ ခြေထောက်က သွေးဆုတ်ဖြူရော်နေတဲ့အရောင်မျိုး ပြောင်းသွားတယ်ဆိုရင်တော့
ခန္ဓာကိုယ်သွေးလှည့်ပတ်မှု သိပ်မကောင်းဘူးလို့ပြောရမှာပါ။

(၇) #အကြားအာရုံကောင်းမကောင်း

နားရွက်နားမှာ လက်ချောင်းလေးတွေ အချင်းချင်းပွတ်လိုက်တဲ့အခါ အသံလေးတွေ ကောင်းကောင်းကြားရပါတယ်။
ပခုံးစွန်းနေရာလောက်ကနေ လက်ချောင်းတွေ ပွတ်တိုက်တဲ့အသံကို ကောင်းကောင်းကြားရတုန်းဆိုရင်တော့ သင့်ရဲ့
အကြားအာရုံက ကောင်းပါသေးတယ်။
အသံသိပ်မကြားရတာမျိုး၊ လုံး၀မကြားရတာမျိုးဆိုရင်တော့
အကြားအာရုံစနစ်မှာ ပြဿနာရှိနေပါပြီ။

(၈) #နှလုံးသွေးကြောရောဂါရှိမရှိ

ဒါကို စမ်းသပ်ဖို့အတွက် လှေကားတက်ဖို့လိုပါတယ်။
သင့်အနေနဲ့ လှေကားထစ် ၁၅ ထစ်လောက်ကို သီချင်းဆိုရင်း၊
စကားပြောရင်း တက်လိုက်တဲ့အခါမှာ ပုံမှန်ထက်
အဆမတန်မောနေတယ်ဆိုရင် နှလုံးသွေးကြောနဲ့ပတ်သက်ပြီး သိပ်မကျန်းမာဘူးလို့ပြောရမှာပါ။
ဒီလိုမဟုတ်ဘဲ အနည်းငယ်ပဲမောတယ်၊ ပုံမှန်အတိုင်းစကားပြောနိူင်တယ်ဆိုရင်တော့ ပြဿနာမရှိပါဘူး။

အခုဖော်ပြခဲ့တဲ့ နည်းလေးတွေနဲ့ ကျန်းမာရေးကို အကြမ်းဖျင်းစမ်းသပ်ပြီးတဲ့အချိန်မှာ ကိုယ့်ကိုယ်ကို တစ်နေရာရာက မကျန်းမာဘူးလို့ထင်ခဲ့ရင် ကိုယ်ကြိုက်တဲ့ နည်းလမ်းတွေ၊ ဆေးမြီးတိုတွေနဲ့ မကုသပါနဲ့။
ဆရာ၀န်နဲ့ပြသဆွေးနွေးပြီးမှ စစ်ဆေးကုသမှုခံယူကြဖို့
တိုက်တွန်းချင်ပါတယ်။

အားလုံးကျန်းမာအသက်ရှည်ကြပါစေ။
လေးစားစွာဖြင့်မူရင်း Credit

Photos from Hanuman Brand by ABM's post 09/01/2024

☀️အသက်ရှည်ရှည်​နေလိုလျှင် အ​ကြော​လျှော့ပါ ☀️
***********************************************


#လေးစားစွာဖြင့်မူရင်းCredit

Photos from Hanuman Brand by ABM's post 08/01/2024

#ဇက်ကြောတက် / #လည်ပင်းနာ / #ခါးနာ / #တင်ပဆုံနာ / #ပေါင်ကြွက်သားနာတဲ့သူတွေအတွက် ပြုလုပ်လို့ရတဲ့ အကြောဆန့်နည်းလေ့ကျင့်ခန်း

သွေးပူလေ့ကျင့်ခန်းမလုပ်ခင် ပုံမှာပြထားတဲ့ အကြောဆန့်နည်းတွေကို အရင်လုပ်ပေးရပါမယ်ရှင် 📌

ဘာကြောင့်လုပ်သေးလဲ ?

ကျွန်မတို့ ခန္ဓာကိုယ်က ထိုင်တာများ / လှဲနေတာ များတဲ့အတွက် အကြောတွေက တင်းနေတာ/ ဆိုင်းနေတာမျိုးဖြစ်တတ်ပါတယ်

နေ့တိုင်း လေ့ကျင့်ခန်းကိုအရမ်းကြီးမလုပ်ဖြစ်ရင်တောင် အကြောဆန့်တာလေးကို ပုံမှန်လုပ်ပေးသင့်ပါတယ်ရှင်

ဒါမှ အကြောလဲပြေပြီး သွေးလည်ပတ်မှုစနစ်ကလဲ ကောင်းမွန်စွာပုံမှန်လည်ပတ်နေမှာဖြစ်ပါတယ် (သွေးပူလေ့ကျင့်ခန်းပါလုပ်နိုင်ရင်ပိုပြီးထိရောက်မှုရှိပါတယ်ရှင်)

ိုင်းရင်းဆေး

25/12/2023

#မြေအိုး နဲ့ချက်တဲ့ခါ...ရရှိလာမယ့် အကျိုးကျေးဇူးတွေကို...လူအများ သိ အောင် ဖော်ပြ ပေးလိုက်ပါတယ်
ဟင်းချက်ရာမှာအသား တွေကိုနူးအိပြီး အရသာရှိ စေပါတယ်

ရွှံ မြေဟာ လိုအပ်တဲ့သတ္တုဓာတ်တွေဖြစ်တဲ့..ကယ်လ်စီယမ်၊မဂ္ဂနီဆီယမ်၊ဖော့စဖောရပ်....စတဲ့သတ္တုဓာတ်တွေကိုပေးစွမ်းပြီး ကျန်းမာ ရေးကိုလွန်စွာအ ထောက်အကူပြုပါတယ်

မြေအိုး တွေကအစိုဓာတ်ကို သူတို့ရဲ့သဘာဝကြောင့်စုပ်ယူနိုင်စွမ်းရှိပါတယ်..အစားအစာတွေကိုချက်ပြုတ်လိုက်တဲ့ခါအပူကိုလည်းဖြေးဖြေးချင်းလည်ပတ်တာမို့..အနံ့သင်းသင်းလေးနဲ့အာဟာရကိုလည်းထိန်းညှိပေးပါတယ်။

မြေအိုးနဲ့ အရိုးပြုတ်ရည်/စွပ်ပြုတ် (ကြက်ရိုး၊ဝက်ရိုး၊ဆိတ်ရိုး) ချက်ရင်လဲ မီးအေးအေးလေးတည်ထားတဲ့အတွက် ရိုးတွင်းခြင်ဆီထဲက အာဟာရတွေအကုန်ထွက်လာပြီး မြေအိုးရဲ့သဘာဝဂုဏ်သတ္တိနဲ့ပေါင်းစပ်လိုက်တော့ နူးနူးအိအိနဲ့ ကျန်းမာစေတဲ့အဖိုးတန်တဲ့စွပ်ပြုတ် လေးကိုသုံးဆောင်နိုင်မှာပါ။

အားလုံး ကိုယ်ရောစိတ်ပါကျန်းမာကြပါစေ!

Photos from Hanuman Brand by ABM's post 24/12/2023

ချစ်ရပါသော Hanuman Customer များအတွက် Special Christmas Promotion လေးလာပါပြီရှင့် 🎄

🎄 ကပ်ခွာ 3 ဗူး 🎄
ပုံမှန်ဈေး - 58500 ကျပ်
အထူးဈေး - 56500 ကျပ်

🎄 လိမ်းဆေး 3 ဗူး 🎄
ပုံမှန်ဈေး - 58500 ကျပ်
အထူးဈေး - 56500 ကျပ်

🎄 ကပ်ခွာ 5 ဗူး 🎄
ပုံမှန်ဈေး - 97500 ကျပ်
အထူးဈေး - 92500 ကျပ်

🎄 လိမ်းဆေး 5 ဗူး 🎄
ပုံမှန်ဈေး - 97500 ကျပ်
အထူးဈေး - 92500 ကျပ်

🎄 သွားတိုက်ဆေး 2 ဗူး 🎄
ပုံမှန်ဈေး - 51000 ကျပ်
အထူးဈေး - 47000 ကျပ်

🎄 ရှူဆေး 5 ဗူး 🎄
ပုံမှန်ဈေး - 34500 ကျပ်
အထူးဈေး - 32500 ကျပ်

✨ Promotion အထူးဈေးကို 23.12.23 မှ 31.12.23 ထိဝယ်ယူအားပေးနိုင်ပါတယ် ✨

Customer အပေါင်း ပိုမိုကျန်းမာချမ်းသာပြီး ပျော်စရာ Christmas လေး ဖြစ်ကြပါစေလို့ ဟာနုမာန်မိသားစုမှ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ရှင့် ✨🙏

10/12/2023

လိပ်ခေါင်းရောဂါ သတိပြုစရာ

လိပ်ခေါင်းရောဂါသည် (၁) လမ်းလျှောက်နည်း၍ အထိုင်များခြင်း။ (၂) မာကြောသောအစာ၊ ဝမ်းချုပ်စေသောအစာ အစားများခြင်း။ (၃) ပူစပ်သောအစာနှင့် အကြော်အလှော်အစားများခြင်း။ (၄) ရေ နွေးကြမ်းအဖန်ရည်၊ လက်ဖက်ခြောက်အကျရည် အသောက်များပြီး ရေအေးအသောက်နည်းခြင်း စသော အနေအထိုင် အစားအသောက်မူမမှန်ခြင်း တို့ကြောင့်ဖြစ်ရသည်။

ရှေးက လူကြီးများတွင်သာ လိပ်ခေါင်းရောဂါ ဖြစ်ပွားလေ့ရှိသော်လည်း ယခုအခါ လူငယ်များတွင်ပါ အထိုင်များခြင်း၊ ဖုန်းအသုံးများခြင်း၊ ကွန်ပျူတာဖြင့်ထိုင်ချိန်များခြင်း၊ လမ်းလျှောက်နည်းခြင်းနှင့်ကိုယ်လက် လှုပ်ရှားမှု မရှိခြင်းကြောင့် ငယ်ငယ်ရွယ်ရွယ်နှင့် လိပ်ခေါင်းရောဂါဖြစ်လာသည်ကို တွေ့ရှိရသည်။

လိပ်ခေါင်းရောဂါတွင် အတွင်းလိပ်ခေါင်းနှင့် အပြင်လိပ်ခေါင်းဟူ၍ နှစ်မျိုးရှိသည်။ ထိုနှစ်မျိုးလုံး ကြောင့် လိပ်ခေါင်းသွေးကျရောဂါ ဖြစ်နိုင်သည်။ အနောက်တိုင်းနည်းအားဖြင့် လိပ်ခေါင်းရောဂါတွင် အဆင့်သုံးဆင့် ရှိသည်။ (ပထမအဆင့်) လိပ်ခေါင်းရောဂါတွင် လိပ်ခေါင်းသည် အပြင်သို့မထွက် အစားမှား သောအခါ၊ ဝမ်းချုပ်သောအခါ၊ အပူအစပ်အစားများသောအခါ စအိုဝတွင် ပူခြင်း၊ ယားခြင်း၊ ဝမ်းနှင့်အတူ သွေးစ အနည်းငယ်ပါခြင်းတို့ဖြစ်လာသည်။ ထိုသို့ဖြစ်ပြီး တစ်နှစ်ခန့်အကြာတွင် အတွင်း လိပ်ခေါင်းရောဂါ ဖြစ်၍ မကြာခဏ သွေးကျတတ်သည်။ (ဒုတိယအဆင့်) လိပ်ခေါင်းရောဂါတွင် ဝမ်းသွားသောအခါ ညှစ် အားသုံးလိုက်လျှင် လိပ်ခေါင်းသည် လက်တစ်ဆစ်ခန့်စအိုအပြင်သို့ ထွက်လာပြီး ဝမ်းသွားပြီးသောအခါ ရေဖြင့်သန့်စင်ပြီး ပြန်သွင်း လိုက်သောအခါ စအိုအတွင်းသို့ ပြန်ဝင်သွားခြင်း ဖြစ်သည်။ (တတိယအဆင့်) လိပ်ခေါင်းရောဂါမှာ ဝမ်းသွား၍ ညှစ်ထုတ်လိုက်သောလိပ်ခေါင်းမှာ ရေသုံးပြီး အတွင်းသို့ ပြန်သွင်းသော် လည်း မရနိုင်တော့ဘဲ စအိုအပြင်တွင် အမြဲထွက်နေခြင်း သွေးယိုစိမ့်မှု ရှိနေသော လိပ်ခေါင်းရောဂါမျိုး ဖြစ်သည်။

လိပ်ခေါင်းရောဂါကို ပထမအဆင့်တွင် အစားရှောင်ပြီး မာကြောသောအစာ၊ ပူစပ်သောအစာ၊ ဝမ်းချုပ်စေသောအစာ ဆင်ခြင်ပြီးဝမ်းမှန်စေရန်အတွက် နေ့စဉ်လမ်းလျှောက်ပေးခြင်း၊ အသီးအနှံများများ စားပေးခြင်း၊ သင်္ဘောသီးမှည့်၊ ငှက်ပျောသီး၊ မန်ကျည်းဖျော်ရည်စသော ဝမ်းမှန်စေသည့် အစားအသောက် အနေအထိုင် ပြုပြင်ခြင်းဖြင့် ပျောက်ကင်းစေနိုင်သည်။ (ဒုတိယအဆင့်) လိပ်ခေါင်းရောဂါဖြစ်လျှင် အစား အသောက်အနေအထိုင် ဆင်ခြင်ရုံသာမက ဝမ်းမှန်စေသော အပျော့စားဝမ်းနုတ်ဆေး တစ်မျိုးမျိုးကို နေ့စဉ် သို့မဟုတ် တစ်ပတ်လျှင် နှစ်ကြိမ်ခန့် သုံးစွဲသင့်သောအဆင့်ဖြစ်သည်။ (တတိယအဆင့်) လိပ်ခေါင်းမှာ ထာဝရအပြင်ထွက်နေသည့် အဆင့်ဖြစ်သည့်အပြင် သွေးယို၊ သွေးကျသောအဆင့်ဖြစ်သဖြင့် ဆေးစား ဆေးသောက်ရုံသာမက ခွဲစိတ်ကုသရန် လိုအပ်သောအဆင့်သို့ ရောက်နေပြီဖြစ်သည်။

ရှေးဟောင်း ဆေးကျမ်းများတွင် လိပ်ခေါင်းရောဂါအမျိုးနှစ်ဆယ်ရှိသည်ဟု ဖော်ပြထားသည်။
(၁) ဓနီသီးလိပ်ခေါင်း၊ (၂) ပဒိုင်းသီး (၃) အူဗိုင်းတောင့် (၄) ကြက်အူ (၅) လိပ်ကျောက်ကျော (၆) ကြက်ဥ (၇) ညောင်ဖူး (၈) ကျီးခြေ (၉) ဓားရိုးလိပ်ခေါင်း (၁၀) လိပ်ခေါင်းညီနောင် (၁၁) ဖရုံညှာလိပ်ခေါင်း (၁၂) ကညင်းသီး (၁၃) သားပြွန် (၁၄) စလောင်းပြန် (၁၅) ကျွဲသဲမှို (၁၆) ပါးမဲ (၁၇) သပွတ်အူ (၁၈) ဆင်နှာမောင်း (၁၉) လိပ်ကြက်ညှာ (၂၀) ကျောက်လိပ်ခေါင်း ဟူ၍ ဖြစ်ပြီး ဤလိပ်ခေါင်းရောဂါအားလုံး သွေးယိုသွေးကျသော လိပ်ခေါင်းများဖြစ်သည်။

ယခုအခါ လိပ်ခေါင်းရောဂါကို ခွဲစိတ်ကုသခြင်းဖြင့် အမြစ်ပြတ်အောင် ကုသနိုင်ပြီဖြစ်သည်။ ရှေးကထက် ကုထုံးများ ခေတ်မီလာပြီဖြစ်သည်။ ကျုံ့ဆေးထိုးခြင်း၊ သားရေကွင်း ပစ်ခြင်း စသည့် လွန်ခဲ့ သည့်နှစ် (၂၀) ကျော်က ကုသနည်းဟောင်းများကို အသုံးမပြုတော့ဘဲ စမ်းသပ်သည့် နေရာတွင် MRI ခေါ် သံလိုက်ဓာတ်မှန်ကြီးဖြင့် အတိအကျ ပုံရိပ်ဖော်ပြီး ခွဲစိတ်ကုသမှု နည်းလမ်းများမှာလည်း ခေတ်မီတိုးတက် လာသည်။ ရှေးကနည်းများကဲ့သို့ ရက်အကြာကြီးစောင့်စရာမလို။ သားရေကွင်းပစ်နည်း ကဲ့သို့ ဝေဒနာ ခံစားစရာမလို။ ရက်အနည်းငယ် ဆေးရုံတက်ရုံဖြင့် ပျောက်ကင်းနိုင်ပြီဖြစ်သည်။

သို့သော် မြန်မာလူမျိုးတို့၏ စိတ်တွင် အမြစ်တွယ်နေသော ဆေးရုံကြောက်ရောဂါကြောင့် ပြင်ပ လိပ်ခေါင်းကုဆရာများဖြင့် ခေတ်မမီသော ကုထုံးနည်းလမ်းများဖြင့် အနာခံ ကုသနေကြဆဲ ဖြစ်သည်ကို တွေ့ရှိနေရသည်။ လိပ်ခေါင်းကို စားဆေးတင်၍ ကုသမှု ခံယူနေသည်ကို တွေ့နေရဆဲဖြစ်သည်။ စားဆေး တင်လွန်သွားသဖြင့် စအိုကြွက်သား အားလုံးပါသွားပြီး ဝမ်းမထိန်းနိုင်တော့သော လူကြီးတစ်ဦးကို မကြာ သေးမီကမှ တွေ့ရသေးသည်။

လိပ်ခေါင်းရောဂါ အဆင့်မမြင့်သေးလျှင် မြန်မာဆေး ရှေးက ဆေးနည်းကောင်းများဖြင့် ပျောက် ကင်းနိုင်ပါသည်။ ဆေးမှန်မှန်စား ဝမ်းမှန်အောင် ဂရုစိုက်၊ မတည့်သောအစာ အပူအစပ်၊ ကောက်ညှင်း စသည်များကို ရှောင်စားလျှင် အတွင်းစားဆေးဖြင့် ပျောက်ကင်းနိုင်ပါသည်။ ရှေးဆေးကျမ်းပါ အတွင်း လိပ်ခေါင်းရောဂါ ပျောက်ကင်းနိုင်သည့် ဆေးနည်းကို တင်ပြလိုက်ပါသည်။

လိပ်ခေါင်းရောဂါ အတွင်းစားဆေး

၁။ မက်လင်ချဉ် ၁ ကျပ် ၂။ ဆီးဖြူသီးခြောက် ၁ ကျပ်
၃။ နွယ်ချို ၂ ကျပ် ၄။ မန်ကျည်းရွက်ကြမ်း ၂ ကျပ်
၅။ ဆားပုပ် ၃ ကျပ် ၆။ ဇဝက်သာ ၄ ကျပ်
၇။ သိန္ဓော ၄ ကျပ် ၈။ ဆေးပိုးတီ ၅ ကျပ်
၉။ ပွေးကိုင်း(လှော်) ၁၀ ကျပ်
စုစုပေါင်းဆေးချိန် (၃၂) ကျပ်သား

အထက်ပါဆေးများကို အမှုန်ပြုလုပ်ပြီး ညအိပ်ယာဝင်တိုင်း ဝမ်းအခြေအနေကို ကြည့်၍ (၂) ပဲသား မှ (၄) ပဲသား အထိတိုက်ကျွေးနိုင်သည်။ သွေးကျရောဂါဖြစ်ပါက မုရားကြီးရွက်ပြုတ်ရည်ဖြင့် တိုက်ရမည်ဟု (၉၆) ပါး ကုထုံးဆေးကျမ်းတွင် ဖော်ပြထားသည်ကို တင်ပြလိုက်ရပေသည်။

လိပ်ခေါင်းရောဂါ မဖြစ်ပွားစေရန်အတွက် ကြိုတင်ကာကွယ်လိုလျှင်

၁။ ဝမ်းမချုပ်စေရန် ရေများများသောက်ပါ။ အသီးအနှံများများစားပါ။

၂။ မာကြောသောအစာ (ကောက်ညှင်း၊ဆန်စေး)ရှောင်စားပါ။ ဆန်ကြမ်း၊ ဖွဲနုမကုန်အောင် ဖွတ်ထားသော ဆန်သည် အူလမ်းကြောင်းနှင့်သင့်သည်။ ဝမ်းချုပ်၍ စမျင်းမခံစေတက်။

၃။ အထိုင်များသောအလုပ်ကို ရှောင်ပါ။ မလွဲသာ၍ ထိုင်လုပ်ရလျှင် ၂ နာရီတစ်ကြိမ်ထ၍ လမ်းလျှောက် ပေးပါ။

၄။ နံနက်စောစောထ၍ ရေအဝသောက်ပြီး လမ်းလျှောက်ပေးလျှင် ဝမ်းမှန်၍ လေအောက်သို့သက်ပြီး လိပ်ခေါင်းရောဂါမှ ကာကွယ်နိုင်သည်။

၅။ ထမင်းချက်ရာတွင် ရေခမ်းမချက်ဘဲ ရှေးမြန်မာများ ချက်သည့် နည်းလမ်းအတိုင်း ထမင်းရည် ငှဲ့၍ ချက် စားပါ။ ရေခမ်းချက်သော ထမင်းတွင် အစေးဓာတ်များ၍ ဝမ်းချုပ်စေသည်။ ဝမ်းကို ညှစ်၍သွားရစေသည်။ ရေငှဲ့ချက်သောထမင်းမှာ ဖွယ်ပြီး အစေးဓာတ်နည်းသည်။ အစာကြေလွယ်သည်။ ဝမ်းကို မညှစ်ရဘဲ လွယ်ကူစွာ သွားနိုင်သဖြင့် လိပ်ခေါင်းရောဂါမှ ကာကွယ်နိုင်သည်။

၆။ ငရုတ်သီး အပူအစပ် အစားများလျှင် ဝမ်းသွားရာ အူမကြီးနှင့် စအိုပေါက်တွင် အပူလောင်စေနိုင်သဖြင့် သွေးပါခြင်း၊ အတွင်းလိပ်ရောဂါဖြစ်ခြင်း၊ စအိုပူခြင်း၊ အောင့်ခြင်း၊ ရောင်ခြင်း ဖြစ်စေနိုင်သည်။ အထူးသဖြင့် ငရုတ်သီးခြောက်နှင့် အရောင်တင်မှုန့်များကို ရှောင်ကျဉ်ပြီး သဘာဝ ငရုတ်သီးအစိမ်းကိုသာ စားသုံးပါ။

၇။ နံနက်သင်္ဘော၊ ည ငှက်ပျော…ဟူသော ရှေးစာနှင့်အညီ နံနက်စာစားပြီးလျှင် သင်္ဘောသီးအမှည့်ကို စားသုံးပေးပါ။ ညစာစားပြီးလျှင် ဖီးကြမ်းငှက်ပျောသီး အမှည့် တစ်လုံး၊နှစ်လုံး စားသုံးပေးလျှင် ဝမ်းမှန်ပြီး လိပ်ခေါင်းရောဂါမှ ကာကွယ်နိုင်သည်။

၈။ လိပ်ခေါင်းရောဂါရှိသူများသည် ဝမ်းလွယ်စေရန် ပွေးကိုင်း၊ ကနခို၊ မင်းကိုကာ ပါသော ဝမ်းနုတ်ဆေး အပြင်းများကို တစ်ခါတစ်ရံ စားနိုင်သော်လည်း နေ့စဉ်ရေရှည် စွဲမစားသင့်ပါ။ သဘာဝ ဝမ်းမှန်ဆေးဖြစ် သော မန်ကျည်းမှည့်နှင့် ထန်းလျက် ဖျော်ရည်ကို ညအိပ်ယာဝင်ခါနီး ပုံမှန်သောက်ပေးခြင်း လိုအပ်လျှင် ဆားခါးလှော် သင့်ရုံထည့်၍ ဝမ်းမှန်အောင် သောက်သုံးပေးပါ။

၉။ ပဲအမျိုးမျိုးသည် လူနှင့် သင့်သော်လည်း လိပ်ခေါင်းရောဂါရှိသူများသည် ကုလားပဲ နှင့် မသင့်ပါ။ ကုလားပဲသည် အားဖြစ်စေသော်လည်း ဝမ်းချုပ်စေသည်။ ဝမ်းမာစေသည်။ တစ်ခါတစ်ရံ ဝမ်းပျက်စေ သည်။ လိပ်ခေါင်းရောဂါနှင့် သင့်သောပဲမှာ ပဲရာဇာခေါ် ပဲနီလေးနှင့် ပဲစင်းခုန်၊ စွန်တာနီ၊ ပဲကြား၊ စားတော် ပဲများကို စားသုံးနိုင်ပါသည်။

၁၀။ နွားနို့သည် လိပ်ခေါင်းရောဂါရှိသူများနှင့် သင့်ပါသည်။သန့်ရှင်းသော ရောဂါဘယကင်းသော နွားမှ ညှစ်၍ ရသော နွားနိုိ့ု (၂၅) ကျပ်သားကို ဆားစိမ်းသင့်အောင်ခပ်၍ နံနက် အစာမစားမှီ သောက်သုံးပေးလျှင် ဝမ်းမှန်ပြီး လိပ်ခေါင်းရောဂါ ပျောက်ကင်းစေနိုင်သည်ဟု ရှေးဆေးကျမ်းများတွင် တွေ့ရှိရသည်။

ကြည်လွင်မြင့် (မုဒြာ)

Credit to original writer

Photos from Hanuman Brand by ABM's post 27/10/2023

🎉 လူကြီးမိဘ ဆရာသမားများနဲ့ ဘုန်းဘုန်းတို့အား ကန်တော့ဖို့တွက် အကောင်းဆုံးရွေးချယ်မှုဖြစ်တဲ့ " ဟာနုမာန်" ၏ သီတင်းကျွတ်အထူးပရိုမိုးရှင်းကြီး လာပါပြီရှင့် 🎉

⚜️ ကပ်ခွာ 3 ဗူး (သို့) လိမ်းဆေး 3 ဗူး
မှာယူသူတိုင်း 2000 ကျပ် သက်သာမည် ⚜️

ပုံမှန်ဈေး - 58500 ကျပ်
ယခုဈေး - 56500 ကျပ်

⚜️ ကပ်ခွာ 5 ဗူး (သို့) လိမ်းဆေး 5 ဗူး
မှာယူသူတိုင်း 5000 ကျပ် သက်သာမည် ⚜️

ပုံမှန်ဈေး - 97500 ကျပ်
ယခုဈေး - 92500 ကျပ်

⚜️ သွားတိုက်ဆေး 2 ဗူး မှာယူသူတိုင်း 4000 ကျပ် သက်သာမည် ⚜️

ပုံမှန်ဈေး - 51000 ကျပ်
ယခုဈေး - 47000 ကျပ်




Company

19/10/2023

" လှူခြင်းတွေထဲမှာ အမွန်မြတ်ဆုံးသည် ဆေးဝါးအလှူ " ဆိုတဲ့တိုင်း လူကြီးမိဘ ဆရာသမားများကို ဩဂါသာဓုကုသိုလ်ပြုဖို့ရာတွက် " ဟာနုမာန် " ကိုသာ သတိရလိုက်ပါရှင် 🥰🙏🍃✨

🍃 ညဘက်အိပ်မပျော်ခြင်းများ
🍃 ညောင်းညာကိုက်ခဲခြင်းများ
🍃 အဆစ်မြစ်ရောင်ရမ်းခြင်းများ
🍃 ခါးနာ ဒူးနာ ဝေဒနာများတွက်

အထူးသင့်တော်သလို ဆောင်းတွင်းကာလမှာ ခြေဖျားများအေးစက် သွေးလည်ပတ်မှုနှေးခြင်းများပါ အထူးကောင်းမွန်စေပါတယ် 🥰

Photos from Hanuman Brand by ABM's post 10/10/2023

#ဟာနုမာန်ခြေဖဝါးကပ်ခွာ (foot Care)ကဘယ်လိုအလုပ်သလဲ⁉

ဟာနုမာန် တိုင်းရင်းဆေးကပ်ခွာ ဟာထိုင်းနိုင်ငံရဲ့သမိုင်းဝင် King Narai's ဆေးကြမ်းကနေ အသုံးပြုရလွယ်အောင် ယခုခေတ်နည်းပြပညာနဲ့ ထုတ်လုပ်ထားပြီး သဘာဝပစ္စည်းများကိုသာ ထည့်သွင်းထုတ်လုပ်ထားပါသည့် ခြေဖဝါးကပ်ခွာဖြစ်ပါသည်

⚜ ကို #ဘာကြောင့်အသုံးပြုသင့်သလဲဆိုတော့ သူ့ကို ပုံမှန်ကပ်ပေးခြင်းဖြင့်

🍀ကိုယ်တွင်းအင်္ဂါများနှင့် ကိုယ်ခံအားစနစ်ကို ပုံမှန်လည်ပတ်စေခြင်း
🍀 ခေါင်းကိုက်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်းနှင့် မောပန်းခြင်းတို့ကို သက်သာစေခြင်း
🍀 အိပ်စက်ခြင်းကိုပိုမိုကောင်းမွန်နှစ်ခြိုက်စေခြင်း
🍀 ညောင်းညာကိုက်ခဲမှုကိုသက်သာစေခြင်း
🍀ခြေလက်များထုံကျဉ်မှုဝေဒနါကို သက်သာစေခြင်း
🍀 သွေးလည်ပတ်မှုကောင်းစေခြင်း
🍀 ခန္ဓာကိုယ်ထဲမှာ အညစ်အကြေးများ၊ မလိုလားအပ်သောအဆိပ်တောက်များကို ချွေးအဖြစ်ပြန်လည် စွန့်ထုတ်ရန်ကူညီပေးခြင်း
🍀 လန်းဆန်းပေါ့ပါးစေခြင်း
🍀 Phlai(ကတ်စ်မူနာဂျင်း) နှင့် သစ်ကြံပိုးခေါက်တို့သည် ကြွက်သားများနာကျင်ခြင်းနှင့် ရောင်ရမ်းခြင်းဒဏ်ကို လျော့ချပေးခြင်း
🍀 ခန္ဓာကိုယ်အပူထိန်းညှိပေးခြင်း စတဲ့ကောင်းကျိုးတွေကို ရရှိနိုင်တဲ့အတွက်ဖြစ်ပါတယ်ရှင့် 😍

***********************
⚜ပြီးရင် #ဘယ်သူတွေပိုပြီး ဟာနုမာန် ခြေဖဝါးကပ်ခွာကို
သုံးသင့်လည်းဆိုတော့

☘ သက်ကြီးရွယ်အိုများ
☘ အထိုင်များသူများ
☘ အညောင်းမိသူများ
☘ ဇာတ်ကြောတက်သူများ
☘ အိပ်မပျော်သူများ
☘ ခန္ဓာကိုယ်တွင်း အပူများသူများ စတဲ့သူတွေသုံးသင့်ပြီး ပုံမှန်သူများလည်း သွေးလည်ပတ်မှုကောင်းရန် ကျန်းမာရေးအတွက် သုံးပေးသင့်သည်။

***********************
⚜Hanuman Footpatch ရဲ့ အသုံးပြုပုံ အညွှန်းလေး

1. ခြေဖဝါးကို ရေနွေးဖြင့် 10-15 မိနစ်ခန့်စိမ်၊ သန့်ရှင်းရေးလုပ်ပြီး ခြောက်အောင်သုတ်ပေးပါ

2. ဆေးအိပ်ရဲ့ တံဆိပ်ရှိတဲ့ဘက်ကို ကပ်ခွာအလယ်
ဘက်ကပ်ပေးပါ

3. ဆေးအိပ်ကို သက်ဆိုင်ရာခြေဖဝါးနေရာတွင်ကပ်ပေးပါ

4. အိပ်ယာဝင်ချိန် 6-8 အထိကပ်ပေးပါ
အခြားမိမိပြသာနာနှင့်သက်ဆိုင်သည့်နေရာတွင်လည်း ကပ်ပေးနိုင်သည်

5. မနက်အိပ်ယာထချိန်တွင် ခွာပစ်ပြီးသန့်စင်ပါ

***********************
⚜Hanuman Footpatchရဲ့ ပါဝင်ပစ္စည်းလေးတွေက သဘာဝကုန်ကြမ်းသာ5မျိုး 100%သုံးထားပါတယ်နော်

☘ ကတ်စ်မူနာဂျင်း
ကြွက်သားကိုဖြေလျော့ပေးပြီး၊ အဆစ်လွှဲ၊ အတွင်းကြေ၊ ရောင်ရမ်း၊ ကိုက်ခဲတာ လျော့ချပေးပါသည်။

☘ သစ်ကြံပိုး
အပူဓာတ်ဆောင်တဲ့အတွက် ကျောက်ကပ်၊ သရက်ရွက်၊ အသည်း အတွင်းရှိအပူဓာတ်ကိုဖြည့်ဆည်းပေးပြီး သွေးလည်ပတ်မှုကိုကောင်းစေပါသည်။

☘ ဝါးမီးသွေး
ခန္ဓာကိုယ်တွင်း အနုတ်အိုင်းရွန်းဓာတ်ကိုဖြည့်ဆည်းပေးပြီး အပေါင်းအိုင်းရွန်းနှင့် အစိုဓာတ် ကိုစုပ်ထုတ်ပေးပါသည်။

☘ ပူစီနံ
ခန္ဓာကိုယ်တွင်း အဆိပ်အတောက်နှင့် ချွေးထွက်ကောင်းစေပြီး၊ စိတ်ဖိစီးမှုကိုသက်သာစေသည်။

☘ ကြက်သွန်နီ
ခန္ဓာကိုယ်တွင်းအပူဓာတ်ကိုဖြည့်ဆည်းပေးတဲ့အတွက် ကိုယ်ခန္ဓာနွေးထွေးစေပါသည်။

Want your business to be the top-listed Beauty Salon in Taunggyi?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Taunggyi

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 08:00 - 17:00