Yoga Garden
Let's build happy, healthy and beauty.
12/07/2025
အကြောဖြေခြင်းနှင့် အကြောဆန့်ခြင်း( Flexible)
လူတွေ ညောင်းလာတဲ့အခါ အကြောတွေဖြေချင်တယ် ဆန့်ချင်တယ်
အကြောဖြေလျော့ဖို့အတွက်ကို ပိုပြီးသတိရမိကြတာက ယောဂဆိုရင် မမှားပါဘူး ။
ဒီနေ့တော့ ရေးချင်စိတ်လေးလည်း ရှိနေတာနဲ့ အကြောဆန့်တဲ့အခါ ဒါလေးတွေ သတိထားပြီလုပ်ရင် ပိုထိရောက်ပါတယ်လို့ ရေးချင်ပါတယ်
၁ ။ အကြောဆန့်တဲ့အခါ စိတ်ကို လျှော့ပါ
ကြွက်သားတွေ ညောင်းနေလို့ ရှေ့ပဲကုန်းချချ ၊ နောက်ပဲကော့ကော့ ခြေထောက်ပဲဆန့်ဆန့် စိတ်ကို လျှော့ချပေးပါ ကြွက်သားဖြစ်စေ ၊အကြောဖြစ်စေ ဆန့်ရင်းတင်းတာကို ပိုမြင်ရပါတယ် ၊ အကြောတွေ တင်းရင် စိတ်တွေပါ အလိုအလျောက်တင်းတတ်ပါတယ် ၊ စိတ်တင်းထားရင် အကြောမပြေတတ်ပါဘူး ၊ ဒါ့ကြောင့် စိတ်တင်းအားတွေကို လျှော့ပေးပါ
၂။ တွန်းကန်အားတွေ ကို လုပ်ယူပေးပါ ။
သရေပင်တပင်ကို ဆွဲရင်း ထိပ်တဖက်တည်းကနေပဲ ဆွဲရင်း သရေပင် မရှည်လာတတ်သလိုမျိုး နှစ်ဘက်လုံး ပြိုင်တူအားပြုပါမှ အကြောတွေက ဆန့်ထွက်လို့ ကောင်းပြီး သွေးလျှောက်မှာ ဖြစ်ပါတယ် ။ သွေးလျှောက်မှုကောင်းမှ ဒီလှုပ်ရှားမှုရဲ့ နောက်ဆက်တွဲ ကောင်းမွန်မှာဖြစ်တယ် ။
ဒီတွန်းကန်အားနဲ့အတူ ဟန်ချက်ကို ညှိတတ်လာပြီး ခြေလက်လှုပ်ရှားမှုတွေမှာ အားထည့်တတ်လာမှာ ဖြစ်တယ် ။
၃ ။ အာရုံစူးစိုက်ပေးပါ ။
စိတ်ကလည်း လျှော့ထားပြီ ၊ တွန်းကန်အားကလည်းထည့်တတ်ပြီ ဆိုတဲ့နောက်မှာ အာရုံစူးစိုက်တတ်ခြင်းက လိုက်ပါလာလေပြီ ၊ ထုံရင် ထုံတာကို မြင်တတ်ပြီ ၊ ကျဥ်ရင်ကျဉ်တာကို မြင်တတ်ပြီ ၊ တချို့က မြင်ရင် မြင်တဲ့အတိုင်းထားမယ် ၊ တချို့က မြင်ရင် ဘာကြောင့်ဖြစ်သလဲ စဉ်းစားမယ် ၊ စဉ်းစားမိရင် ဖြေရှင်းလို့ရမလားစဉ်းစားရင် ခန္ဓာကိုယ်အတွက် အကောင်းဆုံးအနေအထားကို ဖြည်းဖြည်းမှန်မှန် အားထည့်ကာ ပြုပြင်ပြောင်းလဲတယ် ။
ထိုကဲ့သို့ မြင်တတ်လာကာ ပြောင်းလဲတတ်တာနဲ့ သင် ခန္ဓာကိုယ် ပြောင်းလဲလာတာလည်း မြင်ရလိမ့်မယ် စိတ်တွေလည်း စုစည်းနိုင်လာတာကို တွေ့ရလိမ့်မယ် ။
ဒါဆိုရင် you are on the way of yoga လို့ ပြောရင် ယုံလိုက်ပါ ။
မေဇင်အတွက်ကတော့ အကြောဆန့်ချိန်မှာ နံပါတ်တွေ ရွတ်ပြီး အတင်းဖိချတာမျိုးက ယောဂမဟုတ်နေဘူး ။
မည်သူကိုမှ တိုက်ခိုက်လိုစိတ်နဲ့ ရေးချင်မဟုတ်ပါ
လူတိုင်းမှာ ကိုယ်နဲ့ကိုက်ညီတဲ့ ကျင့်ပုံ ရှိပြီးသားပါ ဒါ့ကြောင့်လည်း Yin ယောဂ yang ယောဂ Hatha ယောဂဆိုပြီး အမည်အမျိုးမျိုးနဲ့ ရှိနေတာပေါ့
အေးဆေးစွာကျင့်တာကို နှစ်သက်တဲ့မေဇင်လည်း အခြားသော yoga တွေကို လက်ခံနိုင်ဖို့ ကြိုးစားနေပါတယ် ဒါမှလည်း အကြောလျော့ခြင်း ပါဝင်တဲ့ flexible ဆိုတဲ့ လိုက်လျောညီထွေစွာ နေတတ်ခြင်းဆိုတာ ပြီးပြည့်စုံမှာမလား ။
Anyway Anytime ယောဂကျင့်ဖို့ အားပေးမှာဖြစ်သော မေဇင်
27/05/2024
ယောဂကို ချစ်မိဖို့အတွက် ဘာအကြောင်းပြချက်မှ မလိုပါဘူး
ယောဂဆိုတာကို လေ့ကျင့်ခန်းလို့ မြင်မိမလား ကျင့်စဥ်လို့မြင်မိမလား သင့်ရဲ့ အမြင်ကို မသိနိုင်ပေ့မဲ့ ကျမ အမြင်မှာတော့ ယောဂသည်ယောဂသာဖြစ်ပါသည်။
တခါတလေ ယောဂကို လေ့ကျင့်ခန်းလိုကျင့်၍ တခါတလေ ကျင့်စဥ်အနေနဲ့ ခံစားသက်ဝင်မိပါတယ်။
ယောဂကို ကိုယ်ကြံခိုင်ရေးအတွက်ကျင့်လို့ရသလို စိတ်အေးချမ်းမူပါပါသေးတယ်
ယောဂကို ပျော့ပျောင်းဖို့အတွက် ကျင့်သလို ဦးနှောက်ကပါ ကြည်လင်ဖို့ ကြိုးစားနိုင်သေးတယ်။
အကြောအရိုးအရေပြားကို သွေးလည်ပတ်ကောင်းစေလို့လည်း လန်းဆန်းတက်ကြွမူကလည်း ပါလာသေးတယ်။
ခန္ဓာကိုလေ့ကျင့်တာလားဆိုတော့ အာရုံကလည်း မပါမဖြစ် ။
ယောဂက အရာအားလုံးကို ပွေ့ဖက်နိုင်လွန်းတယ်။
ပြေးပြီး အကြောတွေလျော့မယ် နှလုံးခုန်နူန်းတွေကို စောင့်ကြည့်စေတယ် ok
ကြွက်သား training တွေ မောင်းပြီး ဖြေလျော့ စေမယ် ok
တောင်တွေတက်တယ် ညောင်းတယ် relax with yoga ok
ဘာမှမလုပ်နိုင်ဘူး ငြိမ်ငြိမ်လေးထိုင်မယ် ok
ယောဂကို ကျင့်ဖို့အတွက် အများကြီး ပြင်ဆင်နေဖို့မလိုဘူး။
ခန္ဓာကိုယ် ပျော့ပြောင်းမူက စိတ်ရဲ့ နွေးထွေးမူ ပုံရိပ်ကလည်း မကင်းနေဘူးလေ
စိတ်ရဲ့ သက်ရောက်မူကြောင့် အဆင်ပြေခြင်း မပြေခြင်း တွေ ဖြစ်ပေါ်နေတတ်တယ်။
အကြောင်းအရာတွေ အများကြီးကြောင့်ငါတို့တွေ လိုချင်တဲ့ ပုံစံတွေမရကြဘူး။
လုပ်နိုင်ခြင်း မလုပ်နိုင်ခြင်း က ယောရဲ့ ပေတံတော့မဟုတ်ပါဘူး။
Breathing , feeling , strething , energy, balance စသည်တို့သည် ယောဂရဲ့ ထိတွေ့ရသော အစိတ်အပိုင်းများသာဖြစ်သည်။
ကျမတို့ရဲ့ ဘဝခရီးလိုပေါ့ ။ဘဝခရီးထဲကို စိတ်နှလုံးသားတွေ ချစ်ခြင်းမေတ္တာ တွေကို အသက်ရူခြင်း ဆိုတဲ့ အဖော်နဲ့အတူ ဖြည်းဖြည်းချင်း ဖြတ်သန်းကြည့်ကြမယ်လေ။
ဒီခရီးမှာ မလုပ်နိုင်ခြင်းက ကိုယ့်ကို ရူ့ထောင့်ပေါင်းစုံကနေ ပိုပြီး နားလည်လာစေတယ် လိုအပ်ချက်ကို မြင်လာစေတယ်။
ယောဂကလည်း ဒီလိုပါပဲ
ဘဝနေထိုင်မူကလည်း ဒီလိုပါပဲ
အရာ အားလုံးကလည်း ဒီလိုပါပဲ
ဒီလိုပါပဲ ဒီလိုပါပဲ ဒီလိုပါပဲ
ယောဂကျင့်ရင်း ခံစားသည်။
အတွေးစာတွေဖတ်ရင်းခံစားသည်။
19/05/2024
Satya with Asana from yoga philosophy
ယောဂသည် ပေါင်းစပ်ခြင်း ၊ တသားတည်းဖြစ်တည်ခြင်းဆိုလို့ chemistry လို ယောဂဒြပ်ပေါင်းတွေ ပေါင်းစပ်ကြည့်ကြမယ်လေ
အမှန်တရားကို အာစနနဲ့ ပေါင်းစပ်ကြည့်ကြမယ် ။
အဖိုးတန်သည့် ရေသည် ဒြပ်ပေါင်း H2O ဖြစ်ပြီး hydrogen နှင့် oxygen အစုအဖွဲ့ဖြစ်သည် ။ hydrogen သည် လေထက်ပေါ့၍ မီးလောင်လွယ်သည်မှာ အမှန်ဖြစ်သည် ။ Oxygen သည် လေထက်လေး၍ ကိုယ်တိုင်မီးမလောင် မီးလောင်မှုကို အားပေးသည်မှာ အမှန်ဖြစ်သည် ။ လေထက်လေးသော oxygen နဲ့ လေထပ်ပေါ့သော hydrogen တို့ ပေါင်းစပ်သော အခါ ရှင်သန်မှုအတွက်အရေးကြီးသော ရေဒြပ်ပေါင်းတခု ဖြစ်လာသည်ဟု သင်ခဲ့ရသည် မဟုတ်ပါလား ။
hydrogen ရဲ့ ပေါ့ပါးတဲ့သဘောတရားကို သဘောပေါက်လာတဲ့အခါ မိုးပျံပူပေါင်းတွေထဲ ထည့်၍အသုံးပြုဖြစ်ကြတယ် ။
oxygen ရဲ့ သဘောတရားကို သိလာတဲ့အခါ ကုသမှုတွေမှာ ထည့်သွင်းအသုံးပြုလာကြတယ် ။
ဒါကို လေးလံသောကိုယ်နှင့် ပေါ့ပါးသောစိတ်ကို ပေါင်းစပ်ကြည့်ရှူလျှင် ဉာဏ်ကို ရမည်ဟု ပြောမည် ထင်ပါသလား ။ မေဇင် သဘောမပေါက်သေး၍ မပြောပါ 😅😅😅။
ခန္ဓာသည် အရိုးဖြင့် ထောက်ကန်ထားပြီး ကြွက်သားအားဖြင့် ကွေးဆန့်သည်မှာ အမှန်ဖြစ်သည် ။ အရိုးနှင့်ကြွက်သားနှင့် အရိုးပေါင်းစပ်မှုကြောင့် ရွှေ့လျားမှုမှာ ပြီးမြောက်သည်မှာလည်း အမှန်ဖြစ်သည် ။
ထိုအမှန်တရားသည် ခန္ဓာရဲ့ အရိုးရှင်းဆုံးပေါင်းစပ်မှုဖြစ်သည် ။ ထိုအမှန်တရားကို အာစနလုပ်တိုင်း ထည့်မြင်တတ်လာလျှင် အရိုးသည်လည်း ဘေးဖြစ်သည်အထိ ကွေးခြင်းမရှိ ထိန်းတတ်လာမည် ၊ ကြွက်သားသည်လည်း ဘေးဖြစ်သည်အထိ ဆန့်ထုတ်အားထုတ်ခြင်းမရှိ ထိန်းညှိတတ်လာသော အမြင်လေး ရရှိလာသောအခါ .......နောက်ထပ် ပေါင်းစပ်မှုတခု ရရှိလာနိုင်သည် မဟုတ်လော ။
အရိုးရဲ့ ထောက်ကန်မှုကို မြင်လာသည့်အခါ ကြွက်သားကို အားအလွန်အကျွံသုံးဖို့ မလိုတော့သည်ကိုမြင်လာသည့်အခါ ....
ကြွက်သားရဲ့ အားရှိမှုကို မြင်လာသည့်အခါ အရိုးကိုပဲ မှီခိုရပ်တည်နေတာမျိုး မရှိလာသည့်အခါ ......
ထိုအမှန်တရားသည် .........
ဆက်စပ်စဉ်းစားမိသည်ကို ရေးချမိခြင်းသာ ဖြစ်သည်။
သင်ဆရာမြင်ဆရာကြားဆရာများကို ဂါဝရပြုလျှက်
Namaste 🙏🏼
Ahimsa with asana
https://www.facebook.com/share/p/A8Tdofn41SPhHWC3/?mibextid=oFDknk
မေဇင်ရဲ့ မြူမှုန်မျှဖြစ်သောသိခြင်းကို မျှဝေခြင်းသည် မေဇင့်ရဲ့ ဉာဏ်ပါရမီအထောက်အပံ့ဖြစ်ရပါစေသား ။🙏🏼🙏🏼🙏🏼
16/05/2024
14/05/2024
Ahimsa from Yama of Yoga philosophy
Ahimsa ကို အကြမ်းမဖက်ခြင်းကို အလွယ်အဓိပ္ပာယ် ပြန်ဖြစ်လိမ့်မယ် ။
Ahimsa ကို စိတ်အားဖြင့်လည်း အကြမ်းမဖက် ကိုယ်အားဖြင့်လည်း အကြမ်းမဖက်လို့ အဓိပ္ပာယ်ပြန်မယ်ဆိုရင်ကော
ယောဂနဲ့နက်ရိူင်းစွာ မထိဖူးတဲ့ လူတွေကတော့ အကြမ်းမဖက်ခြင်းနဲ့ လေ့ကျင့်ခန်းလုပ်တာနဲ့ ဘာဆိုင်လဲပေါ့
ယောဂကို လေ့ကျင့်ချိန်မှာ လေ့ကျင့်သူကို ထိခိုက်မူနည်း အောင် Asana ကို ahimsa လေးထိပ်ဆုံးကလိုက်ပြီး လေ့ကျင့်ခိုင်းပါတယ်
ဟုတ်တယ် Asana ကို ahimsa နဲ့ အာရုံထည့်ပြီး ကျင့်ချိန်မှာ ခန္ဓာကို သတိပိုထည့်မိနိုင်တယ် ။ ဉာဏ်လေး သေချာထည့်မိနိုင်တယ်။
ဒါဆို ယောဂကျင့်ချိန်မှာ အကြမ်းမဖက်ရဘူးဆိုတော့ ပေါ့ပေါ့ပါးပါးပဲ ကျင့်ရင် ရပြီပေါ့ ဆိုပြီး လွယ်လွယ်တွေးလိုက်ကြမလားပဲ
ဒါဆိုရင် Asana တချို့ပဲထိတွေ့ခွင့်ရတော့ ကိုယ်ထိတွေ့ခွင့်ရနိုင်တဲ့ Asana လေးတချို့တွေကို လက်လျော့ ထားမိသလို ဖြစ်သွားမလား
ယောဂမှာ Asana နဲ့ ahimsa တွေပေါင်းထည့်ထားပြီဆိုတော့ balance လေးပါပေါင်းပြီး စဉ်းစားကြည့်ရအောင်
အကယ်၍ မိသားစုတွေထဲမှာ ကိုယ်က အချစ်မခံရဘူးလို့တွေးရင် သင်ဘယ်လိုခံစားရလဲ မိဘတွေက ဘက်လိုက်တယ်တို့ မမျှတဘူးတို့ စတဲ့ မညီမျှခြင်းရဲ့ အကြမ်းဖက်ခြင်းကို ခံစားရဖူးတယ်ဟုတ်
တခါတလေ သူကြီးပဲ ဦးစားပေးခံနေရတယ်ဆိုပြီးကော စိတ်ကောက်ဖူးတယ်ဟုတ်
ဒီအတွေးအခေါ်လေးကို ယောဂကျင့်ချိန် မှာ ဆွဲထည့်ကြည့်ရအောင်
လေ့ကျင့်ချိန်မှာ ဘယ်ဘက်က သိပ်မစောင်းနိုင်လို့ မစောင်းဘူး ညာဘက်က ပိုစောင်းနိုင်လို့ ပိုစောင်းတယ်
ဒီနှစ်ဘက်မှာ ဘယ်အခြမ်းက အကြမ်းဖက်ခံရသလဲ
ရေရှည်မှာ ဘယ်အခြမ်းက ဒဏ်ဖြစ်မယ်လို့ထင်သလဲ
ဘယ်ဘက်ခြမ်းက မလုပ်နိုင်လို့ သူ့ကို ချော့ရင်း ချော့ရင်း အလိုလိုက်ရင်း အကြမ်းဖက်ရာ သက်ရောက်ပါတယ်
ညာဖက်ခြမ်းက စောင်းလို့ရတာပဲ စောင်းစောင်းဆိုပြီး ထိန်းညှိမူမပါတဲ့ ခိုင်းစေမူမှာကော အကြမ်းဖက်ရာ မရောက်နေဘူးလား ။
ဘယ်ခြမ်းက အချော့လွန်ပြီး အားမရှိလာတော့ သလို ညာဖက် ကလည်း အစောင်းလွန်ပြီး အားမထုတ်နိုင်ခြင်းတွေရဲ့ နောက်မှာ
မစောင်းနိုင်တဲ့ဘက်လေးကို ညာဘက် လေးက နေ ထိန်းညှိပြီး အားထည့်ပြီး လေ့ကျင့်ကြည့်မယ်ဆိုရင် ဘယ်ဖက်ကခါး အားမရှိလာနိုင်ဘူးလား ။
ပိုစောင်းနိုင်တဲ့ ခါးလေးက သူ့လုပ်နိုင်စွမ်းလေးနဲ့ ဘယ်ညာစောင့်ပြီး ဖြည်းဖြည်းညှိယူ လေ့ကျင့်သွားရင်
တဖြည်းဖြည်းနဲ့ ခါးတဖက်ပဲ အားရှိနေတာမျိုး ခါး တခြမ်းစောင်းနေတာမျိုးမဖြစ်တော့ဘူး ဆိုရင်
ခန္ဓာ ကို အကြမ်းဖက်ခြင်း မဟုတ်တော့ပဲ အကျိုးပြုပြု လေ့ကျင့်တာ ပြောင်းသွားမလား
ခန္ဓာကို အရိုးနဲ့ ကြွက်သားနဲ့ အရေပြားနဲ့ တည်ဆောက်ထားတယ် လေ့ကျင့်စမရှိတော့ကြွက်သားအားမရှိဘူး အရိုးလေးကတော့ပျော့တယ် ကြွက်သားရဲ့ ထိန်းညှိအားမပါပဲ ကားချတယ် ကုန်းချတယ် ဘယ်တစ်ခု ဒဏ်ဖြစ်မယ်လို့ထင်သလဲ
အာ ဒါဆို ယောဂကျင့်တာကြီးက မလွယ်ဘူးပေါ့
ဟုတ်ပါဘူး လွယ်ပါတယ် သူမတူတာပါ
သူမတူတဲ့ ယောဂမို့ သူမတူ အကျိုးတွေရှိတာပါ။
ယောဂက ကိုယ့်ကိုကိုယ် လေ့ကျင့်ပေါင်းစပ်ရတဲ့ ကိုယ့်ရဲ့ အဝန်းအဝိုင်းပါ
သူမတူတာလေးတွေ လေ့လာရင်း လေ့ကျင့်ရင်း
သင့်ရဲ့ သူမတူ ပေါင်းစပ်အဝန်းအဝိုင်းလေးက ဘာလဲဆိုတာကော မသိချင်ဘူးလား။
တခါတလေ စေ့စေ့တွေးလေ မြင်လေ မြင်လေ ကြည့်ချင်လေ သေချာကြည့်တော့
ဒါကြောင့် ယောဂကို အာရုံစိုက်ပြီးကျင့်ကြည့်ပါ
လောဘဖယ်ပြီး ကျင့်ကြည့်ပါ
အမြင်ရှင်းပြီးကြည့်ကြည့်ပါ။
ယောဂကို သူမတူစွာ မြင်လာရမှာပါ ။
ရူ့ထောင့်တစ်ခုကနေ ရေးမိသော ယောဂ
လေ့ကျင့်ချိန်မှာ သူမတူတာလေးရထားတာလေးရှိရင်လည်း လာပြောပြဦးနော်
https://m.facebook.com/story.php?story_fbid=5176652402404589&id=100001796425697&mibextid=Nif5oz
Welcome from yoga garden 🏡
သင်ဆရာ မြင်ဆရာ ကြားဆရာ များ အားလုံးကို ဂါဝရပြုလျှက်
မေဇင်လေးရေ philo နောက်မှာ action မလိုက်ရင် မရဘူးနော်
ကိုယ့်ကို စာပို့သောနေ့
namaste to all
Tr. Khaing nyein မန့်လေးကို ကြိုက်၍ poseထဲ ထည့်မိလေးတယ် ။ 👇👇👇
ရှုထောင့်တစ်ခုကနေ ရေးမိသော ယောဂ လေး သိပ်လှတယ် ညီမလေးရေ
Yoga Darshana = Yoga Point of View = ယောဂ အမြင် ဆိုတာလေး သိပ်ပေါ်လွင်တာပဲ
~~~~~~~~~
Thank YOU sooo much for bringing Ahimsa on the mat. 😘🙏
🌞 လုပ်နိုင်လို့ ပိုပြီးလုပ်ခြင်း ဆိုတဲ့ ထိန်းညှိမူမပါတဲ့ ခိုင်းစေမူမှာ အကြမ်းဖက်ရာ ရောက်ပါတယ်
🌝 မလုပ်နိုင်လို့ သူ့ကို ချော့ရင်း ချော့ရင်း အလိုလိုက်ရင်း အကြမ်းဖက်ရာ သက်ရောက်ပါတယ်
13/04/2024
အကြောလျော့ခြင်းနှင့် ယောဂ
ယောဂသည် အကြောလျော့ခြင်းဟု ပြောကြတယ် ။
ယောဂသည် အကြောလျော့ရုံ မဟုတ်ဟု ပြောကြတယ် ။
မည်သို့ပင်ပြောစေကာမူ အကြောဆန့်ထုတ်ခြင်းသည် ယောဂရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းကနေ ပါဝင်လို့နေတယ် ။
မေးခွန်းတခုက ယောဂရဲ့ အကြောဆန့်ခြင်းသည် သာမန် အကြောဆန့်ခြင်းနဲ့ မည်ကဲ့သို့ ကွာခြားသနည်း ။
ထိုအဖြေကို တခုလေးဆွဲထုတ်ဖြေရရင်တော့ တနေကုန်ဖြစ်စေ နှစ်ရှည်လများဖြစ်စေ တင်းထားသော စိတ်ခံစားချက်များ စိတ်တင်းထားခြင်းများကို မိမိအကြောလျော့ချိန်တွင် စိတ်ရောကိုယ်ပါ အာရုံစူးစိုက်ထည့်ရပြီး ထိုတင်းတဲ့နေရာကို တင်းတယ်လို့ခံစားမိတဲ့ နေရာကို သေချာအာရုံပြုပြီး ဖြေလျော့ပေးရပါတယ် ထိုသို့ လျော့တဲ့အခါ ကိုယ့်ရဲ့ ကိုယ်ထဲ စိတ်တင်းအားကြောင့် ကျန်ခဲ့တဲ့ တင်းခဲထားတာတွေကို မြင်နိုင်တယ် ဖြည့်လျော့နိုင်တယ် ။ ရှုပ်သွားသလား ။ ဆက်ဖတ်ကြည့်ပါ ။
ဒါ့ကြောင့်လည်း ရှေ့ကယောဂနည်းပြတွေက ရှူသွင်းတယ် တင်းနေတဲ့နေရာကို မြင်လိုက်တယ် ရှူထုတ်တယ် တင်းနေတာတွေကို ရှူထုတ်ခြင်းနဲ့အတူ ဖြေလျော့လိုက်တယ် လို့ဦးဆောင် ခေါ်သွားပေးတာဖြစ်တယ် ။
အကြောလျော့တိုင်းလျော့တိုင်း ကိုယ်ရောစိတ်ပါ အာရုံထည့်ပြီး ဖြည့်လျော့တဲ့အခါ နဖူးနဲ့ထိခြင်းမထိခြင်းက အရေးမပါတော့ဘူး ဖြေလျော့ခြင်းနဲ့ ပြေလျော့ခြင်းကို အဓိကမြင်သွားတယ် ၊ ကြမ်းထိခြင်း မထိခြင်းမှာ လောဘမတက်တော့ဘူး ၊ ကြမ်းပေါ် တဖြည်းဖြည်း ညွှတ်ကြခြင်းမှာ အာရုံပြုမိသွားတယ် ၊ လောဘကင်းတဲ့ ညွှတ်ကိုင်း ဖြေလျော့ခြင်းမှာ တင်းကြပ်မှုမပါတော့ဘူး ၊ အတင်းအကြပ်မပါတော့ ယောဂလှုပ်ရှားမှုက အေးချမ်းတယ် သိမ့်မွေ့ရှာတယ်လေ ၊ ဒါက ယောဂအကြောဆန့်ခြင်းနဲ့ သာမန်အကြောဆန့်ခြင်း ကွာခြားတဲ့ အချက်သေးသေးလေးတခုသာ ဖြစ်ပါတယ် ။ တခါတလေ ဖြစ်ချင်တာလေး ဘေးဖယ်ပြီး ယောဂကို ရိုးရိုးထိတွေ့ကြည့်ကြပါ ၊ သင်ခံစားမိမှာပါလေ ၊
ဆရာရဲညီရဲ့ စာကြောင်းလေးနှစ်သက်လို့ ပြန်သုံးပါရစေ ယောဂမှာ ဉာဏ်နဲ့ ချစ်ခြင်းမေတ္တာပါရပါတယ်တဲ့
မှတ်ချက် ၊ ဒါက ယောဂရဲ့ ဖြေလျော့ခြင်းဆိုတဲ့ အပိုင်းကိုပဲ ခံစားရေးသားထားတာဖြစ်ပါတယ် ။
ယောဂရဲ့ အားထည့်ခြင်း ဟန်ချက်ညှိခြင်း အားကိုစောင့်ကြည့်ခြင်းစသည့်စသည့် အစိတ်အပိုင်းလေးတွေကလည်း စိတ်ဝင်စားဖို့ ကောင်းလှတယ် ။
ဒီလောက် စိတ်ဝင်စားဖို့ ကောင်းတဲ့ယောဂကို အဟမ်းအဟမ်း ဒီနေ့ ဒီလောက်ပဲ ရပ်ပါရစေ
မေဇင်လည်း စိတ်ဝင်စားတဲ့ ယောဂကို ထိတွေ့နေရင်း ခံစားမိသလောက် ရေးမိပါတယ် ၊
သင်ဆရာမြင်ဆရာကြားဆရာများနှင့် ယောဂနှင့် လောကကို အကျိုးပြုနေသော ဆရာများအားလုံးကို ဂါဝရပြုလျှက်
AUM 🙏🏼
Shanti Shanti Shanti 🙏🏼
Namaste 🙏🏼
#ယောဂအတွေး
01/08/2023
အသေးစိတ်သော ယောဂ
ယောဂကို အသေးစိတ်ကျင့်နိုင်လျှင် ဘေးအကင်းဆုံး ဖြစ်သည်။ အကျိုးအရှိဆုံးဖြစ်သည်။ ဘေးထွက်ဆိုးကျိုးအနည်းဆုံးဖြစ်သည်။
ယောဂကို အသေးစိတ်စကျင့်ပါမှ နောက်တွင် ဖောင်ဒေးရှင်းကောင်းကောင်းရမည်ဖြစ်သည်။
အသေးစိတ်ကို ဒီလောက်အရေးပါအောင် ရေးထားသည်မှာ အသေးစိတ်တွေကို အလွန်သတိလက်လွတ်မေ့တတ်၍ ဖြစ်သည်။
ထိုအသေးစိတ်များကို ယောဂကျင့်သည့်သက်တမ်းတစ်လျှောက်ပါအောင် တသားဖြစ်အောင် မယူသွားပါက ယောဂကျင့်ရင်း ခါးမျက်လွယ်လာသလို ဒူးနာလွယ်လာသလို လက်ကောက်ဝတ်အားမရှိတော့သလို ဖြစ်တတ်ပါတယ်။
ထိုအရာများကို အစားထိုးပေးရသော လျှော်ကြေးအင်အားများ (သို့) ကျန်းမာရေးလို့ အကြမ်းဖြင်းပြောရမလားပဲ
လူပ်ရှားမူအတွက် အသုံးပြုရမည့် ကြွက်သားများ အားမထုတ်နိုင်သေးချိန်မှာ ထောက်ကန်ထားတဲ့ အရိုးအဆစ်များနဲ့ အားအင်ထုတ်မိပြီး ဒဏ်ဖြစ်ခြင်း၊ အားနည်းလာခြင်း ဖြစ်သည်။
လက်ထောက်ချိန်မှာ လက်ဖဝါးအားမဖြန့်နိုင်ပါသေးပဲ လက်မောင်းအားမထုတ်နိုင်ပဲ ထောက်မယ်ဆိုရင် ရေရှည်များ လက်ကောက်ဝတ်အားနည်းပြီး ဇက်ကြောတွေတက်လွယ်နိုင်ပါတယ်။
ခြေဖဝါးမဖြန့်နိုင်သေးပဲ ခြေထောက်တွေ ရဲ့ ညစ်အား ဆန့်အားတွေ ဒူးအနေအထားကို သတိမထားပဲ ခြေတစ်ဖက်တွေ ရေရှည်ထောက်မယ်ဆို ခြေဖနောင့်တွေ စူးလွယ်လာမယ် ဒူးနာလွယ်လာနိုင်ပါတယ်။
ဗိုက်တွေလေ့ကျင့်ချိန်မှာ လည်း ဗိုက်ပတ်ပတ်လည်ကြွက်သား ကို သန်မာအောင်ဖြည်းဖြည်းမကျင့်ပဲ ခါးရိုးနဲ့ ဗိုက်လေ့ကျင့်ခန်းလုပ်လျှင် ရေရှည်မှာ ခါးရိုးနဲ့ပတ်သတ်တဲ့ပြဿနာတွေ မြင်လာနိုင်ပါတယ်။
လည်ပင်းလည်းအတူတူပါပဲ လည်ပင်းရဲ့ဆန့်အားကို ပခုံးရဲ့ ထိန်းညှိအားကို မမြင်တဲ့အခါ ပြောင်းပြန်ထောင်တဲ့ အကွက် ကို ကျင့်ဖို့အကြံမပေးချင်ပါ။
ထို့ကြောင့် ယောဂကျင့်လျှင် မလောပါနဲ့ လိုင်းပေါ်မှာ မြင်ရတဲ့ ယောဂဓာတ်ပုံတွေကို အားမကျပါနဲ့
တခါတလေ သူတို့ ဒီဓါတ်ပုံတစ်ပုံအတွက် မူးချင်မူးနေမှာ ဒူးနာချင်နာနေမှာ
တချို့တွေအမြန်ရလို့လဲ အားမကျပါနဲ့ သူတို့ ဒီလိုရဖို့အတွက် ပေးဆပ်လိုက်ရတာတွေကိုလည်း သူတို့ မသိတာနေမှာပါ။
အဓိကက သူလုပ်ရင် သူကျန်းမာတယ်
ကိုယ်လုပ်ရင် ကိုယ်ကျန်းမာတယ် ။
သူသတိမပါရင်သူခံရမှာ။
ကိုယ်သတိထည့်ရင် ကိုယ်စံမှာ
ကိုယ်ကျန်းမာရေးသည် ကိုယ်လက်ထဲတွင်သာရှိသည်။
🙏 namaste 🙏
ဖောင်ဒေးရှင်းထောင်ဖို့ အသေးစိတ်တွေကို ရှာနေတွေ့နေပြင်နေသေးသော မေဇင် 🧘
အားလုံး ကိုယ်ကျန်းမာ စိတ်ချမ်းသာကြပါစေ။🙏
ယောဂစာပိုဒ်များကို ထပ်ဖတ်ချင်လျှင်
ရင်ပတ်ဖွင့်ခြင်း
https://www.facebook.com/317191432097158/posts/1295301540952804/
လက်ဖဝါးအားသုံးခြင်း
https://www.facebook.com/317191432097158/posts/1270141263468832/
ကိုယ်နေဟန်ထား1
https://www.facebook.com/317191432097158/posts/1219886591827633/
ဂရုပြုရမည့်အချက်များ
https://www.facebook.com/100001796425697/posts/1988691361200725/
အသက်ရူခြင်း
https://www.facebook.com/317191432097158/posts/1182241688925457/
ခြေချောင်းဖြန့်ခြင်း
https://www.facebook.com/317191432097158/posts/1181244572358502/
တင်ပဆုံရိုးနှင့် ယောဂ
https://www.facebook.com/317191432097158/posts/1172820843200875/
ယောဂနှင့် အကြောလျော့ခြင်း
https://www.facebook.com/100012571210267/posts/995335487562149/
ယောဂနှင့် ခေါင်းမူးခြင်း
https://www.facebook.com/317191432097158/posts/918759041940391/
ယောဂနှင့် သတိထားရမည့် အချက်များ
https://www.facebook.com/317191432097158/posts/853066345176328/
Hip opening 1
https://www.facebook.com/100001796425697/posts/2685756561494198/
Hip opening 2
https://www.facebook.com/100001796425697/posts/2694319973971190/
Balance of yoga
https://www.facebook.com/317191432097158/posts/722699111546386/
ရိုးရှင်းသော ယောဂ
https://www.facebook.com/100001796425697/posts/2516870635049459/
Core
https://www.facebook.com/317191432097158/posts/678814095934888/
29/07/2023
ဒီနေ့ရဲ့ ကိုင်းညွှတ်ခြင်းကို သင်ထိတွေ့ပြီးပြီလား
03/07/2023
ယောဂကျင့်ချိန်အတွင်း သင်ဘာကြောင့်ခေါင်းမူးခြင်းနှင့်ခေါင်းကိုက်ခြင်းခံစားရသနည်း။
ယောဂကျင့်ချိန်အတွင်း ခေါင်းမူးခြင်းနှင့်ခေါင်းကိုက်ခြင်းကို ခံစားရနိုင်သည့် အကြောင်းအရင်းများစွာရှိသည်။
ပထမအနေဖြင့် သင်သွေးတိုးနေသလား
နှာပိတ်နေသလား
ဝမ်းချုပ်နေသလား
အိပ်ရေးမဝဘူးလား
အားနည်းနေသလား စတဲ့အကြောင်းအရာလေးတွေကို အရင်ထည့်သွင်းစဉ်းစားသင့်ပါတယ်။ ဤအချက်အလက်ကြောင့်မဟုတ်လျှင် လေ့ကျင့်ချိန်အတွင်း အသက်အောင့်ထားမိခြင်း သို့မဟုတ် လေ့ကျင့်နေစဉ်အင်အားအသုံးလွန်နေခြင်းဖြစ်နိုင်သည်။
ယောဂကို စစချင်းလေ့ကျင့်ချိန်တွင် မူးဝေခြင်းကို ခံစားရတတ်သည်။ အဘယ်ကြောင့်ဆိုသော် သယောဂကို စတင်လေ့ကျင့်ချိန်၌ သင့်အသက်ရှူခြင်းနှင့်ကိုယ်ဟန်အနေအထားကို သင်၏ခန္ဓာကိုယ်နှင့်ကောင်းစွာမပေါင်းစပ်တတ်ခြင်းကြောင့်ဖြစ်သည်။
ဒီအချိန်မှာ စိတ်ဓါတ်ကျမသွားပါနဲ့နော် သင်ရဲ့ယောဂနည်းပြကို သင့်ရဲ့အခြေအနေကိုရှင်းပြပြီး အခြေခံအသက်ရှူခြင်းကို ဖြည်းဖြည်းကျင့်ရင်း ယောဂကို ပိုင်နိုင်အောင်ကြိုးစားနိုင်ပါတယ်။
ယောဂပုံတွေရဖို့ကိုပဲ အတင်းဇွတ်မှိတ်ပြီး မလေ့ကျင့်ပါနဲ့နော်။
ယောဂကျင့်နေစဉ် အချိန်အတွင်း မိမိ ခန္ဓာကိုယ်၏အသံများကိုနားထောင်တတ်အောင် သင်ယူသင့်သည်။ လေ့ကျင့်ချိန်အတွင်းအသက်ရှူကျပ်ခြင်း သို့မဟုတ် အသက်ရှူပြင်းလာခြင်း၊ အံကြိတ်မိလာခြင်း၊ ခန္ဓာကိုယ်တုန်လာခြင်း တို့သည် မိမိခံနိုင်ရည်ကို ကျော်လွန်၍ လုပ်မိခြင်းကြောင့်ဖြစ်သည်။
ယောဂကိုစစခြင်းထိတွေ့ချိန်တွင် လူပ်ရှားမူနှင့်မရင်းနှီးသေးသောကြောင့် စိတ်လူပ်ရှားကာ ကြွက်သားတွေပါ လိုက်ပြီးတင်းကြပ်တတ်ပါသည်။ထိုအခါ လေ့ကျင့်ချိန်တွင် အနေအထား မကျပဲရူသွင်းရူထုတ်မလိုက်နိုင်ခြင်းကြောင့် ခဏတာခေါင်းမူးခြင်း ဖြစ်တတ်ပါတယ်။ လေ့ကျင့်သက်ကြာလာတာနှင့်အမျှ နောက်မှာတော့အခြေအနေကတိုးတက်လာလိမ့်မယ်။
ယောဂလေ့ကျင့်ချိန်တွင် ဖြစ်ပေါ်လာသောဝေဒနာများကို အမြဲစမ်းစစ်သင့်သည်။ ကိုယ်နေဟန်ထားကြောင့်မူခြင်း သို့ အသက်အောင့်ထားခြင်းကြောင့်မူးခြင်း သွေးအားနည်း၍မူးခြင်း စသည့်တို့ကို လေ့လာပြီး မိမိနဲ့ ကိုက်ညီသော ယောဂ ကျင့်စဉ်နှင့် ကျင့်သည့်ပုံစံ များကို ပြောင်းလဲချိန်ညှိလေ့ကျင့်သင့်ပါသည်။
ဥပမာ ခေါင်းငုံ့သည့် ယောဂအကွက်များကို ကျင့်ပြီးလျှင် ရုတ်တရက်မထသင့်ပါ။ ဖြည်းဖြည်းရူသွင်းရင်းဖြည်းဖြည်းထသင့်သည်။
သွေးတိုးသမားများသည်လည်း မိမိရဲ့ ကျန်းမာရေးအခြေအနေအလိုက် ခေါင်းငုံ့သည့်ကျင့်စဉ်များကို ထိန်းညှိသင့်သည်။
ထိုကဲ့သို့ အသေးစိတ်အချက်အလက်များစွာရှိပါသည်။ ဖြည်းဖြည်းလေ့လာရင်း ဖြည်းဖြည်းတိုးတက်ကြမယ်လေ
ယောဂလောကသို့ဖြည်းဖြည်းချင်းဝင်ကြည့်ကြပါစို့။
စာပိုဒ်ကို အဆုံးထိဖတ်ပေးလို့ ကျေးဇူးတင်ပါတယ်။
အားလုံးကျန်းမာခြင်းချမ်းသာခြင်းများတသားတည်းဖြစ်တည်ပါစေလို့
သင်ဆရာ မြင်ဆရာ ကြားဆရာ တို့ကို ဂါဝရပြုလျှက်
လေ့လာနေဆဲဖြစ်သော မေဇင်
Namaste ji 🙏🙏🙏
16/06/2023
ခါးအရှေ့ကုန်းချခြင်း နှင့် မြီးညောင့်ရိုးဟခြင်း
မြီးညောင့်ရိုးသည် အဆစ်လေးဆစ်ဖြင့် ဖွဲ့စည်းထားသည့် ခါးရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါသည်။
ခါးအပုံလိုက်ထိုင်တဲ့အချိန် တင်ပါးလျှောထိုင်တဲ့အချိန်မှာ ခန္ဓာ အပေါ်ပိုင်းရဲ့ ဝိတ်က မြီးညောင့်ရိုးပေါ် သက်ရောက်ပါတယ် ။
ရှေရှည်ဒီလို အားမရှိ ရောရောရဲရဲ ထိုင်ချိန်များသောအခါ ခါးရိုး ပတ်လည်က ကြွက်သားတွေပါအားမရှိပဲ ခါးနာလာတာ မြီးညောင့်ရိုးနာလွယ်လာတာ တွေ့ရတတ်ပါတယ်
ယောဂလေ့ကျင့်ရာမှာလည်းခါးဆန့်အားမထည့် မကြည့်ပဲ တင်ပါးအနေအထားမမှန်ပဲ ကုနါးချမယ်ဆို ရေရှည်မှာ မြီးညောင့်ရိုးဟတာ နာတာလေးတွေ ကြုံနိုင်ပါတယ်
ပုံလေးတွေနဲ့ စာနဲ့ အတူ ရေးထားပေးပါတယ် အသေးစိတ်ဖတ်ရှူနားလည်နိုင်ပါတယ်။
ကုန်းချခြင်အပြင် မြီးညောင့်ရိုး ဒဏ်ပိနိုင်သော ယောဂပိုစ်တွင် boat pose လည်းပါဝင်ပါသည်။
အတင်းတွေ မကုန်းချပဲ ဖြည်းဖြည်းမှန်မှန် ဆန့်ရင်း ခန္ဓာကို ကိုယ်တိုင်တည့်မတ်နိုင်ရင် ကျန်းမာခြင်းကို ဆောင်နိုင်ကြပါစေ။
Photo crd to Pinterest
ပညာ crd to သင်ဆရာ မြင်ဆရာ ကြားဆရာ
22/05/2023
Listening skills with Yoga
ယောဂဆိုတာနဲ့ ရူသွင်းမယ် ရူထုတ်မယ် ဆိုပြီး နောက်ကြတယ်ဟုတ်
အဲ့တာကနေ listening skill စပါတယ်
အဲ့လိုလေး အာရုံပြုပြီး နားထောင်ပြီး အတိအကျဖြစ်ဖို့ ကြိုးစားလိုက်လုပ်ရင်းနဲ့ listening skills တွေတိုးတက်ပါတယ်
Listening skillsပဲလားဆို Concerntrate ဆိုတဲ့ အာရုံစူးစိုက်နိုင်ခြင်း skills ကလည်း တဖြည်းဖြည်းပါဝင်လာရော
Listening skills ရဲ့ ကောင်းကျိုးများမှာ
-တစ်ပါးသူပြောလာသည်ကို အေးဆေးပြီးအောင်နားထောင်နိုင်ခြင်း
-သူတစ်ပါးမပြောပြီးသေးသည်ကို ဖြတ်ပြောတတ်ခြင်းကို ထိန်းနိုင်ခြင်း
-သူတစ်ပါးပြောသည် မှားသည်မှန်သည်ထက် ပို၍ဆင်ခြင်နိုင်စေခြင်း
-ပြောသည့်အချက်အလက်များကို ပိုမိုကောင်းမွန်စွာ မှတ်သားနိုင်ခြင်း
စသည် စသည် တို့ ပါဝင်ပါသည်။
တခါတလေ စိတ်တွေများနေရင် ဖြစ်ချင်တာတွေများနေရင် ရခြင်းမရခြင်းကိုပဲ အာရုံစိုက်နေရင် အခြေခံဖြစ်တဲ့ listening skills မှ မရလာသောအခါ Concerntrate ဆိုတာ ဝေးလာဝေးပေါ့
တခါတလေ ကုန်းချ ကော့ချ ဆန့်ချနိုင်ခြင်း ထက် ဒီကောင်းကျိုးလေးတွေ ရစေချင်သော ကိုယ်တိုင်လည်းကောက်းကောင်းမွန်မွန် ရချင်သော listening skills with Yoga
namaste 🙏🏼
မေဇင်
Click here to claim your Sponsored Listing.
Category
Website
Address
Taunggyi
06011
