Yuu War Htay

Yuu War Htay

Share

update

12/07/2026

၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအမှတ်စာရင်းများ
DME Online Service Portal ဖြစ်သော
http://osp.dme.gov.mm တွင်
ကြိုတင်ရက်ချိန်းရယူလျှောက်ထားနိုင်ပါမည်

credit:

osp.dme.gov.mm

30/06/2026

#နေ့စဥ်နှင့်အမျှ 💌💗

29/06/2026

#မင်္ဂလာပါရှင့် 🙏
#ပထမဝါဆိုလပြည့်နေ့ 💌
#ဥပုသ်နေ့ 💗
#ခရစ်နှစ် ၂၀၂၆-ခုနှစ်၊ ဇွန်လ(၂၉)ရက်၊ တနင်္လါနေ့
#သာသနာတော်နှစ် ၂၅၇၀ ခုနှစ်
#သက္ကရာဇ် ၁၃၈၈-ခုနှစ်၊ ပထမဝါဆိုလပြည့်
ဝါဆိုလမှာ
တနင်္ဂနွေ၊ ဗုဒ္ဓဟူး - ရက်ရာဇာ
အင်္ဂါ၊ ရာဟု - ပြဿဒါး
နဂါးခေါင်း မြောက်ဘက် သို့ လှည့်သည်။

(၂၉-၆-၂၀၂၆)ရက်၊ ဥပုသ်နေ့သည်
ယခုနှစ်၏ ၂၉ရက်မြောက်ဥပုသ်နေ့လည်းဖြစ်ပါသည်။
၇-ရက်သားသမီးအားလုံး ၁၁-မီးငြိမ်းကြပါစေ

#ဆရာမ_လုလု

29/06/2026

#နံနက်ခင်းကုသိုလ်လေးနဲ့အစပြု
#မင်္ဂလာပါရှင့် 🙏💌

#ပထမဝါဆိုလပြည့်နေ့
#ဥပုသ်နေ့
#ခရစ်နှစ် ၂၀၂၆-ခုနှစ်၊ ဇွန်လ(၂၉)ရက်၊ တနင်္လါနေ့
#သာသနာတော်နှစ် ၂၅၇၀ ခုနှစ်
#သက္ကရာဇ် ၁၃၈၈-ခုနှစ်၊ ပထမဝါဆိုလပြည့်
ဝါဆိုလမှာ
တနင်္ဂနွေ၊ ဗုဒ္ဓဟူး - ရက်ရာဇာ
အင်္ဂါ၊ ရာဟု - ပြဿဒါး
နဂါးခေါင်း မြောက်ဘက် သို့ လှည့်သည်။

(၂၉-၆-၂၀၂၆)ရက်၊ ဥပုသ်နေ့သည်
ယခုနှစ်၏ ၂၉ရက်မြောက်ဥပုသ်နေ့လည်းဖြစ်ပါသည်။
၇-ရက်သားသမီးအားလုံး ၁၁-မီးငြိမ်းကြပါစေ 💌💗

#ဆရာမ_လုလု

23/06/2026

#အများနဲ့တစ်ယောက်

အများက
မှန်တယ်လို့ မဆိုလိုသလို၊
တစ်ယောက်တည်း ဖြစ်နေတာကလည်း
မှားတယ်လို့ မဆိုလိုဘူး။

အမှန်တရားဟာ
မဲအရေအတွက်နဲ့ မဆုံးဖြတ်ဘူး။

တစ်ခါတလေ
အများက လမ်းမှားကို လိုက်နေချိန်မှာ
အမှန်ကို မြင်တဲ့သူက
တစ်ယောက်တည်း ဖြစ်နေနိုင်တယ်။

အများနောက် လိုက်ဖို့ထက်
အမှန်တရားနောက် လိုက်ဖို့က
ပိုအရေးကြီးတယ်။

အများနဲ့ မတူတာကို မကြောက်နဲ့၊
အမှန်နဲ့ မတူတာကိုသာ ကြောက်ပါ။

ဓမ္မဒူတ ဒေါက်တာအရှင်ပညိဿရ
၂၁-၆-၂၀၂၆

ဓမ္မဒါနပြုပါသည်
#ဆရာမ_လုလု
゚ #ဓမ္မ

23/06/2026

#အထက်တန်းစား_ကျွန်

ဆင်းရဲလို့ ကျွန်ဖြစ်တာထက်
ချမ်းသာပြီး ကျွန်ဖြစ်နေတာကို
ပိုသတိထားရမယ်။

ငွေ၏ ကျွန်၊
ဂုဏ်၏ ကျွန်၊
အာဏာ၏ ကျွန်၊
ချီးမွမ်းသံ၏ ကျွန် ဖြစ်နေရင်

အပြင်ပန်းမှာ
အထက်တန်းစားလို့ ထင်ရပေမဲ့
အတွင်းစိတ်မှာတော့
လွတ်လပ်မှု မရှိသေးဘူး။

တကယ့် အထက်တန်းစားဆိုတာ
ပိုင်ဆိုင်မှု များတာကို မဆိုလိုဘူး။

ကိုယ့်စိတ်ကို ကိုယ်အုပ်ချုပ်နိုင်ရင်
ဘယ်နေရာမှာ နေနေ
မြင့်မြတ်သူ ဖြစ်နိုင်တယ်။

လောကကို အနိုင်ယူတာထက်
ကိုယ့်ကိလေသာကို အနိုင်ယူနိုင်တာက
တကယ့်လွတ်မြောက်မှုပါ။

ဓမ္မဒူတ ဒေါက်တာအရှင်ပညိဿရ
၁၉-၆-၂၀၂၆

ဓမ္မဒါနပြုပါသည်
#ဆရာမ_လုလု

#ဓမ္မ

Photos from Yuu War Htay 's post 23/06/2026

၁။ #ရာဇတောဝါ
မင်းဘေးမှလည်းကောင်း

၂။ #စောရတောဝါ
ခိုးသူဘေးမှလည်းကောင်း

၃။ #မနုဿတောဝါ
လူဆိုးလူကြမ်းဘေးမှလည်းကောင်း

၄။ #အမနုဿတောဝါ
ဘီလူး၊ ဂုမ္ဘဏ်၊ ဖုတ်ပြိတ္တာ ဘေးမှလည်းကောင်း

၅။ #အဂ္ဂိတောဝါ
မီးဘေးမှလည်းကောင်း

၆။ #ဥဒကတောဝါ
ရေဘေးမှလည်းကောင်း

၇။ #ကဏ္ဍကတောဝါ
လေးမြှား၊ လက်နက်၊ ဆူးငြောင့် ဘေးမှလည်းကောင်း

၈။ #ဇနပဒရောဂတောဝါ
ဇနပုဒ်၌ဖြစ်ကုန်သော အနာရောဂါ ဘေးမှလည်းကောင်း

၉။ #အသဒ္ဓမ္မတောဝါ
သူယုတ်တို့၏ မကောင်းသောအကျင့်ဘေးမှလည်းကောင်း

၁၀။ #အသန္ဒိဋ္ဌိတောဝါ
မိစ္ဆာအယူရှိသော သူတို့၏ ဘေးမှလည်းကောင်း

၁၁။ #အသပ္ပုရိသတောဝါ
သူတော်မဟုတ် သူယုတ်မာတို့၏ ဘေးမှလည်းကောင်း

တစ်ဆယ့်တစ်ပါးသောဘေးအပေါင်းတို့မှ ကင်းဝေးကြပါစေ။


#မေတ္တာပို့
#ဆရာမ_လုလု

Photos from Yuu War Htay 's post 23/06/2026

#ရူးမတတ်ခံစားရချိန်မှာနာနာဖိရွတ်

" ဖုဠဿ လောကဓမ္မေဟိ

စိတ္တံ ယဿ န ကမ္ပတိ

အသောကံ ဝိရဇံ ခေမံ

ဧတံ မင်္ဂလမုတ္တမံ "

#ဖုဠဿ_လောကဓမ္မေဟိ
လောကဓံတရား တစ်ပါးပါးနဲ့ထိတွေ့ခံစားရသည့်အခါ

#စိတ္တံ_ယဿ_န_ကမ္ပပတိ"
စိတ်သည်မတုန်လှုပ်ပါစေနဲ့

#အသောကံ
မတွေးတော မစိုးရိမ်ပါနဲ့

#ဝိရဇံ
မက်မောမှုမရှိပါနဲ့

#ခေမံ
ကြည်လင် အေးချမ်းအောင် စိတ်ကို လေ့ကျင့် မွေးမြူထားပါ

#ဓမ္မဒါနပြုပါသည်
#ဖုဋ္ဌဿ_အေးငြိမ်းချမ်းသာဂါထာတော်
#ဆရာမ_လုလု

19/06/2026

#ခရစ်နှစ်၂၀၂၆_ခုနှစ်
#ဝါတွင်း_၃_လ
#ကိုးနဝင်းပုတီးစိပ်
#ရက်ပေါင်း_၉၀_အဓိဋ္ဌာန်

စိပ်ရမယ့်နေ့ရက်များ

( ၂၉ . ၇ . ၂၀၂၆ ) မှ ( ၆ . ၈ . ၂၀၂၆ ) ထိ
အရဟံ (၁)ပတ်
သမ္မာသမ္ဗုဒ္ဓေါ (၁)ပတ်
ဝိဇ္ဇာစရဏသမ္ပန္နော (၁)ပတ်
သုဂတော (၁)ပတ်
လောကဝိဒူ (၁)ပတ်
အနုတ္တရောပုရိသဒမ္မသာရထိ (၁)ပတ်
သတ္တာဒေဝမနုဿာနံ (၁)ပတ်
ဗုဒ္ဓေါ (၁)ပတ်
ဘဂဝါ (၁)ပတ်

(၇ . ၈ . ၂၀၂၆) မှ (၁၅ . ၈ . ၂၀၂၆) ထိ
အရဟံ သိဒ္ဓိ (၉)ပတ်

(၁၆ . ၈ . ၂၀၂၆) မှ (၂၄ . ၈ . ၂၀၂၆) ထိ
သမ္မာသမ္ဗုဒ္ဓေါ သိဒ္ဓိ (၉)ပတ်

(၂၅ . ၈ . ၂၀၂၆) မှ (၂ . ၉ . ၂၀၂၆) ထိ
ဝိဇ္ဇာစရဏသမ္ပန္နော သိဒ္ဓိ (၉)ပတ်

(၃ . ၉ . ၂၀၂၆) မှ (၁၁ . ၉ . ၂၀၂၆) ထိ
သုဂတော သိဒ္ဓိ (၉)ပတ်

(၁၂ . ၉ . ၂၀၂၆) မှ (၂၀ . ၉ . ၂၀၂၆) ထိ
လောကဝိဒူ သိဒ္ဓိ (၉)ပတ်

(၂၁ . ၉ . ၂၀၂၆) မှ (၂၉ . ၉ . ၂၀၂၆) ထိ
အနုတ္တရောပုရိသဒမ္မသာရထိ သိဒ္ဓိ (၉)ပတ်

(၃၀ . ၉ . ၂၀၂၆) မှ (၈ . ၁၀ . ၂၀၂၆) ထိ
သတ္တာဒေဝမနုဿာနံ သိဒ္ဓိ (၉)ပတ်

(၉ . ၁၀. ၂၀၂၆) မှ (၁၇ . ၁၀ . ၂၀၂၆) ထိ
ဗုဒ္ဓေါ သိဒ္ဓိ (၉)ပတ်

(၁၈ . ၁၀ . ၂၀၂၆) မှ (၂၆ . ၁၀ . ၂၀၂၆) ထိ
ဘဂဝါ သိဒ္ဓိ (၉)ပတ်

- သက်သတ်လွတ်လည်း စားစရာမလိုပါဘူး
- အချိန်လည်း တိတိက်က်စိပ္စရာမလိုပါဘူး
- နေ့တိုင်း မှန်မှန်စိပ်ဖို့ပဲလိုပါတယ်ရှင်

ဗုဒ္ဓဂုဏ်တော်ကိုးပါး အဓိပ္ပါယ်များ
၁။ အရဟံ
ကိလေသာ အညစ်အကြေးတို့မှ ကင်းဝေးစင်ကြယ်တော်မူသော
မြတ်စွာဘုရား
၂။ သမ္မာသမ္ဗုဒ္ဓေါ
သစ္စာလေးရပ် တရားမြတ်ကို ဆရာမကူ သယမ္ဘူဉာဏ်ဖြင့်
ကြွင်းမဲ့ဥဿုံ အလုံးစုံကို ကိုယ်တော်တိုင်သာလျှင်
ပိုင်းခြားထင်ထင် အကုန်အစင် သိမြင်တော်မူသော မြတ်စွာဘုရား
၃။ ဝိဇ္ဇာစရဏသမ္ပန္နော
အသိတရား အကျင့်တရားတို့နှင့် ပြည့်စုံတော်မူသော (ဝါ)
ဝိဇ္ဇာသုံးပါး၊ ဝိဇ္ဇာရှစ်ပါး၊ စရဏတရား တစ်ဆယ့်ငါးပါးတို့နှင့်
ပြည့်စုံတော်မူသော မြတ်စွာဘုရား
၄။ သုဂတော
ကျိုးရှိ ဟုတ်မှန် နှစ်တန်သောစကားကိုသာ
မိန့်ကြားတော်မူတတ်သော မြတ်စွာဘုရား
၅။ လောကဝိဒူ
သတ္တလောက၊ ဩကာသေလာက၊ သင်္ခါရလောက တည်းဟူသော
လောကသုံးခွင်ကို အကုန်အစင်သိမြင်တော်မူသော မြတ်စွာဘုရား
၆။ အနုတ္တရော ပုရိသဒမ္မသာရထိ
မယဉ်ကျေးသောသတ္တဝါများကို ယဉ်ပါးလေအောင် ဆုံးမခြင်း၌
တုဘက်ကင်းတော်မူသော မြတ်စွာဘုရား
၇။ သတ္တာဒေဝမနုဿာနံ
လူ၊ နတ်၊ ဗြဟ္မာ သတ္တဝါတို့၏ ဆရာတစ်ဆူ
ဖြစ်တော်မူသော မြတ်စွာဘုရား
၈။ ဗုဒ္ဓေါ
သစ္စာလေးပါးမြတ်တရားကို ပိုင်းခြားထင်ထင် သိမြင်တော်မူသော
(ဝါ) သစ္စာလေးအင်ကိုယ်တိုင်မြင်၍ ဝေနေယျအပေါင်းတို့ကိုလည်း
သိစေတော်မူသော မြတ်စွာဘုရား
၉။ ဘဂဝါ
ဣဿရိယ၊ ဓမ္မ၊ ယသ၊ သိရီ၊ ကာမ၊ ပယတ္တ ဟူသော
ဘုန်းတော် ၆ ပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား

ဤသို့လျှင် အရဟံအစဂုဏ်ကိုးပါးနှင့် ထူးခြားကုံလုံ ပြည့်စုံတော်မူသော မြတ်စွာဘုရားကို ကြည်ညိုမြတ်နိုး လက်စုံမိုး၍ ရှိခိုးကန်တော့ပါ၏ အရှင်ဘုရား
🙏🙏🙏

ဗုဒ္ဓဂုဏ်တော်ကိုးပါး အကျိုးများ
၁။ အရဟံ ဂုဏ်တော်အား ဆင်ခြင်ပွါးများလျှင်
ဘေးရန်ခပ်သိမ်း ကင်းငြိမ်းစေသည်၊
သူတစ်ပါးတို့က လေးစားချစ်ခင်သည်။
၂။ သမ္မာသမ္ဗုဒ္ဓေါ ဂုဏ်တော်အား ဆင်ခြင်ပွါးများလျှင်
အသိဉာဏ်ပညာ ထိုးထွင်းတိုးပွါးစေသည်၊
အသိဉာဏ်နှင့် စပ်လျဉ်းသည့် ကိစ္စအားလုံး အောင်မြင်စေသည်။
၃။ ဝိဇ္ဇာစရဏ သမ္ပန္နော ဂုဏ်တော်အား ဆင်ခြင်ပွါးများလျှင်
ဘုန်းတန်ခိုးကြီးမားစေသည်၊
လက်ရုံးရည် နှလုံးရည် တိုးပွါးစေသည်၊
သတ္တိ ဗျတ္တိ နှင့် ပြည့်စုံနိုင်စေသည်။
၄။ သုဂတော ဂုဏ်တော်အား ဆင်ခြင်ပွါးများလျှင်
သူတစ်ပါးတို့က ချစ်ခင်လေးစား ကူညီသည်၊ ချီးမြင့်သည်၊ မိမိ
တောင့်တသမျှ ကောင်းကျိုးများ အောင်မြင်သည်၊
ရောက်လေရာရာ အခါမရွေး ဒေသမရွေး မျက်နှာပွင့်လန်းသည်။
၅။ လောကဝိဒူ ဂုဏ်တော်အား ဆင်ခြင်ပွါးများလျှင်
အချိန်ကာလ နေရာဌာနအားလျော်စွာ
အကြံအစည် ပြုသမျှကိစ္စအားလုံး အလွယ်တကူအောင်မြင်သည်၊
သူတစ်ပါးတို့ အကြံအစည်ကိုလည်း သိနိုင်သည်။
၆။ အနုတ္တရော ပုရိသဒမ္မသာရထိ ဂုဏ်တော်အား ဆင်ခြင်ပွါးများလျှင်
သူတစ်ပါးတို့က နိုင်ထက်ကလူ မပြုနိုင်၊
အပြိုင်အဆိုင်ဟူသမျှ အနိုင်ရသည်။
၇။ သတ္တာဒဝေ မနုဿာနံ ဂုဏ်တော်အား ဆင်ခြင်ပွါးများလျှင်
သူတစ်ပါး၏ အကြည်ညိုခံရသည်၊
အစဉ်ထာဝရ လေးစားရိုသေမှုခံရသည်၊
ဩဇာအာဏာ ထက်မြက်သည်။
၈။ ဗုဒ္ဓေါ ဂုဏ်တော်အား ဆင်ခြင်ပွါးများလျှင်
အရာရာကြံဆ၍ သိနိုင်ပေသည်၊
ပြဿနာဟူသမျှကို ဖြေရှင်းနိုင်သည်။
၉။ ဘဂဝါ ဂုဏ်တော်အား ဆင်ခြင်ပွါးများလျှင်
လူချစ်လူခင်ပေါများသည်၊
အားလုံးက ကြည်ညိုကြသည်၊
အခြွေအရံပေါများသည်၊
သူတစ်ပါးတို့ မတုပြိုင်ဝံ့ ကြောက်လန့်ရိုသေစေသည်။

#ဓမ္မဒါနကုသိုလ်ပြုပါသည်
#ဆရာမ_လုလု

#ဓမ္မ

12/06/2026

#ဘုရားဂုဏ်တော် ပူဇော်
``သွင်ထူးဉာဏ်`` ပါနော် 💌

Want your business to be the top-listed Beauty Salon in Taunggyi?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Taunggyi