Boys Being Boys
Matchday Sport News🗞️📰⚽🗣️🎙️📢✍️
16/04/2026
03/01/2026
စပါးအသင်းရဲ့ တိုက်စစ်ကစားသမား ဘရန်နန် ဂျွန်ဆင် ဟာ ဒီဇန်နဝါရီကာလမှာပဲ ခရစ်စတယ်ပဲလေ့စ်အသင်းဆီကို ပြောင်းရွှေ့သွားတော့မှာဖြစ်ပြီး လက်ရှိသတင်းဖော်ပြချက်များ အရ ဆေးစစ်မှုခံယူပြီးခဲ့ပြီလို့ သိရပါတယ်။
ခရစ်စတယ်ပဲလေ့စ်အသင်းက ဒီကစားသမားအတွက် ပြောင်းရွှေ့ကြေး ယူရို ၃၅သန်းဝန်းကျင် ကုန်ကျမှာဖြစ်ပြီး ၄နှစ်ခွဲ စာချုပ် ချုပ်ဆိုသွားမှာလည်းဖြစ်ပါတယ်။
အက်သလက်တစ်သတင်းက ဖော်ပြချက်အရ ပဲလေ့စ် အသင်းဟာ ဘရန်နန်ဂျွန်ဆင်ရဲ့ အပြောင်းအရွှေ့ကို သောကြာနေ့နေ့လည်မတိုင်ခင်မှာ အပြီးသက်နိုင်လိမ့်မယ်လို့ သိရပါတယ်။ တဆက်ထဲမှာပဲ ပဲလေ့စ်အသင်းနဲ့ နယူးကာဆယ်တို့ တွေ့ဆုံကြမယ့် ပွဲစဉ်မှာ ဒီကစားသမားကို စတင်အသုံးပြုသွားဖွယ်ရှိနေပါတယ်။
(Source: David Ornstein)
#ဘောလုံးသတင်း
#ပရီးမီးယားလိဂ်သတင်း
#ဘောလုံးအကြောင်း
#အပြောင်းအရွှေ့သတင်း
Click here to claim your Sponsored Listing.
Website
Address
Taungoo
