Ni Ni Myint

Ni Ni Myint

Share

Ni Ni Myint

05/12/2023

သတိရတယ်ဆိုရုံနဲ့ မလုံလောက်တဲ့ ရက်တွေဟာ တကယ်ပဲ ရှိပါတယ်

လွမ်းနေတယ်ဆိုပြီး တသသ ရေရွှတ်နေမိတဲ့ ရက်တွေကောပေါ့

ခလုတ်ထိတဲ့အခါ အမိတကြသလိုပဲ နေလို့ မပျော်တော့တဲ့အခါ

မင်းကို တ တယ် အကယ်၍ မင်းသာ ရှိနေရင်ဆိုတာမျိုးပေါ့

05/12/2023

ခင်ဗျားကို မချစ်ချင်တော့ဘူး … ပြီးတော့ မချစ်ရဲတော့ဘူး

လူတစ်ယောက်ကို ချစ်ဖို့
အနည်းဆုံးတော့
သတ္တိတွေ လိုတယ်မဟုတ်လား

အဲ့ဒီသတ္တိတွေက
အရင်က သိပ်ကိုရှိခဲ့တာ
မင်းမှ မင်း
ပြီးတော့
မင်း မချစ်ရင်တောင် ဆိုပြီးတော့
မင်းတစ်ယောက်တည်းကို
ချစ်ဖို့ပဲ တွေးခဲ့တာ ရွေးခဲ့တာ

ဒါပေမယ့်
အချိန်တွေ ကြာလာတာနဲ့အမျှ
နှစ်တွေ ဆွေးလာတာနဲ့အမျှ
လူတစ်ယောက်ဟာ ကိုယ့်ကို ချစ်တယ်
မချစ်ဘူးဆိုတာကို
ပိုသိလာရတယ်မဟုတ်လား

ခင်ဗျားကို ချစ်တယ်
ဒါပေမယ့်
ခင်ဗျားဆီက ချစ်တယ်ဆိုတဲ့
အလိမ်အညာကိုလည်း
မကြားရဲတော့ဘူး
ပြီးတော့ လွမ်းပါတယ်ဆိုပြီးတော့လည်း
မနှစ်သိမ့်စေချင်တော့ဘူး

လူတစ်ယောက်ကို
ချစ်မိတဲ့အခါ
အများကြီး သည်းခံနေလိုက်လို့ရသလို
နှုတ်ဆိတ်နေလိုက်လို့လည်းရတယ်
ဒါပေမယ့်
အဲ့တာက ချစ်လို့လေ မဟုတ်လား

အဲ့ဒီ ချစ်ခြင်းမေတ္တာကိုမှ နားမလည်ရင်
ကျွန်တော်
ခင်ဗျားကို မချစ်ချင်တော့ဘူး
ပြီးတော့
မချစ်ရဲတော့ဘူး။

21/04/2023

မြန်မာ/ ဘင်္ဂလားဒေးရှ်/ နီပါးလ် /အိန္ဒိယ/ ပါကီစ်တန်/ အဖ်ဂါးန်စ္စတန် စနေနေ့ အင်န်ရှာအလ္လာဟ် အီးဒ်နေ့ဖြစ်မည်။
မှတ်ချက်။ ။မိမိနေထိုင်သော နိုင်ငံ၏ (အိုလာမာ)သာသနာ့ ပညာရှင်များ၏ ဆုံးဖြတ်ချက်ကို လိုက်နာ လက်ခံရပေမည်။

05/11/2022

လူတစ်ယောက် မချစ်ချင်တော့တဲ့အခါ
သိပ်သိသာတယ်
ဘယ်လောက်ပဲ အားနေပါစေ
တဖြေးဖြေး အလုပ်တွေ ပိုပြီး
များတတ်လာမယ်
ဖုန်းတွေ ပြောလို့မှ
တစ်မိနစ်မပြည့်သေးခင်
လုပ်စရာတွေ ပေါ်လာတတ်တယ်
Online ကြီးတွေ့နေလို့လဲ
လှိုင်းဖွင့်ထားပြီး
အိပ်ပျော်နေတယ်ဆိုတဲ့
အဖြေပဲ ကြားသိလာရမယ်
ပြီးတော့.
အဆင်မပြေလို့ပါဆိုတဲ့စကားနဲ့
တစ်ယောက်တည်းနေဖို့
တောင်းဆိုလာမယ်
မင်းမသိပါဘူးဆိုတဲ့ စကားတွေ
တဖြေးဖြေး
အသုံးများလာလိမ့်မယ်
သတိရမိတဲ့ ကိုယ့်ဖက်က
ခေါ်မိတဲ့ဖုန်းက
အလိုက်မသိခြင်းတွေ ဖြစ်လာမယ်
စကားတွေပြောချင်လို့
ပို့နေမိတဲ့ စာတွေက
စိတ်ရှုပ်စရာတွေ ဖြစ်လာမယ်
ပြီးရင်.
သိပ်မကြာခင်
အဆုံးသတ်သွားရတာပဲလေ။👇
Khin Maung Soe..

Photos from WDAB Emergency Service's post 04/10/2022
08/07/2022

မဆက်သွယ်ဖြစ်တော့ရုံပါ လွမ်းတာတော့ လွမ်းပါတယ် ။
ဒီလောက်နှစ်တွေအကြာကြီးချစ်ခဲ့ရတာပဲလေ... ဘယ်လိုလုပ်လွယ်လွယ်လေး မေ့ပစ်နိုင်မှာလဲ ။ အချိန်တိုင်းမဟုတ်ရင်တောင် တမ်းတမ်းတတကို လွမ်းပါတယ် ။ ဒါပေမယ့် မဆက်သွယ်ဖြစ်တော့ရုံပါနော် ။
မာနတွေထားခဲ့တာတော့ ဘယ်ဟုတ်ပါ့မလဲ... သူနဲ့ပတ်သက်ရင် ကိုယ့်မှာ မာနဆိုတာလဲ မဲ့ခဲ့သလို ထားဖို့လဲ သတိမရခဲ့တာ ခုမှတော့လဲ တကူးတကကြီးထားမနေတော့ပါဘူး... ဆက်သွယ်ချင်နေမိတဲ့စိတ်ကို မင်းမှ မပြောချင်ပဲလေဆိုတဲ့ စိတ်နဲ့ ဖြေလိုက်တာပါ ။
အလွှတ်ရနေတဲ့ ဖုန်းနံပါတ်လေးကို မဖျက်ပဲထားခဲ့တာ သူနဲ့ဝေးခဲ့တဲ့ ရက်တွေကတည်းကနေ တစ်ခါတစ်လေမှ ဘာပဲဖြစ်ဖြစ်ဆိုတဲ့စိတ်နဲ့ သူ့အသံလေးကြားချင်ရုံတစ်ခုတည်းနဲ့ ရူးမိုက်ချင်မိတဲ့စိတ်တွေ ဖြစ်မိတယ် ပြီးရင် ကိုယ်ပဲ စဆက်ပြီး ကိုယ်ပဲ ဆက်ငိုနေရမှာလေ ။
ဒီတိုင်းလေးလွမ်းနေတာပဲကောင်းပါတယ် ။ ကမ္ဘာကြီးရဲ့ တစ်ထောင့်တစ်နေရာမှာ သူ အသက်ရှင်နေတာပဲဆိုတဲ့ စိတ်လေးနဲ့ နေနိုင်အောင် နေကြည့်ဖို့ပဲ တွေးပါတယ် ။
ကိုယ်က လွမ်းနေပေမယ့်လဲ သူက မေ့နေပြီးသားအရာတစ်ခုကို အစပြန်ဖော်ပြီး ကိုယ့်ကိုယ်ကိုယ် ထပ်မသတ်ချင်တော့တာလဲ ပါတာပေါ့ ။ ဆက်သွယ်မိနေပြန်ရင်လဲ အလေးမထားတဲ့ အပြောမျိူးတွေ ဘာပြောစရာရှိလို့လဲဆိုတဲ့ စကားတွေအောက်မှာ ကိုယ်ပဲ ပြိုလဲနေရမှာ သိတယ် ။
မင်းကို သိပ်ကိုလွမ်းတာပေါ့... ဒါပေမယ့် ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် မဆက်သွယ်မိအောင် အတတ်နိုင်ဆုံးထိန်းပါတယ် ။

03/06/2022

တို့နှစ်ယောက်
ဘယ်လောက်ဘဲ
ချစ်ခဲ့ ချစ်ခဲ့
နောက်ဆုံးတော့လည်း
ခင်ဗျားလေးရဲ့
နှုတ်ဆက်ခဲ့ပါတယ်
ဆိုတယ့်
စကားလေးတစ်ခွန်းက
အနာကျင်ရဆုံးပါနော်
တစ်ချိန်ကချစ်ခဲ့ရတယ့်
မိန်းကလေးရေ....😭😭😭😭

02/06/2022

ချစ်သူနဲ့ပထမဦးဆုံးတွေ့တဲ့နေ့မှာ
ဘယ်လိုခံစားရလဲ

01/04/2022

အရမ်းချစ်တယ် ထားမသွားဘူး😅

Want your business to be the top-listed Beauty Salon in Thanlyin?
Click here to claim your Sponsored Listing.

Category

Website

Address


Thanlyin