Dr.Hand-"protecting you"

Dr.Hand-"protecting you"

Share

Dr.Hand will protect you from any kinds of microorganisms.

08/05/2023

နာမည်ကြီးဆေးကုမ္ပဏီတစ်ခုမှ မှာယူအားပေးသော
Hand Sanitizer 5L 2ပုံးအား ယနေ့သွားရောက်ပို့ဆောင်
😇😇😇
ယုံကြည်စိတ်ချစွာဖြင့် မှာယူအားပေးအသုံးပြုပါသော
ဆေးကုမ္ပဏီကြီးလည်း
ပိုမိုတိုးတက်ကြီးပွါးအောင်မြင်ပါစေကြောင်း
ဆုမွန်ကောင်းတောင်းအပ်ပါသည်ခင်ဗျာ 😇

Photos from Dr.Hand-"protecting you"'s post 22/04/2023

ပန်းကန်ဆေးဆပ်ပြာ ၅လီတာ ၃ပုံးအား
ယုံကြည်စွာဖြင့် မှာယူအားပေးသော
ကျန်းမာသုခ အထူးကုဆေးခန်းအား
ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ 🙏🙏🙏

Photos from Dr.Hand-"protecting you"'s post 23/01/2023

လက်ဆေးဆပ်ပြာ ၅လီတာ ၅ပုံးအား
ယုံကြည်စွာဖြင့် မှာယူအားပေးသော
ကျန်းမာသုခ အထူးကုဆေးခန်းအား
ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ 🙏🙏🙏

Photos from Dr.Hand-"protecting you"'s post 01/11/2022

ကျန်းမာသုခ အထူးကုဆေးခန်းမှ အစဉ်အမြဲ
ယုံကြည်စိတ်ချစွာဖြင့် မှာယူအားပေးသုံးစွဲသည့်အတွက်
ကျွန်တော်များ Dr. Hand မိသားစုမှ
အထူးပင်ကျေးဇူးတင်ရှိပါသည်🙏🙏🙏
ကျန်းမာသုခ ဆထက်တပိုး
တိုးတက်အောင်မြင်ပါစေကြောင်း
ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာ 😇😇😇

Photos from Dr.Hand-"protecting you"'s post 10/08/2022

တစ်ကျော့ပြန်လာနေတဲ့ ကိုဗစ်ကို ကာကွယ်ကြဖို့
Dr. Hand ကို သုံးကြစို့ 😇

Dr. Handမှ Hand Sanitizer 5L နှင့် Hand Wash 5L
၅ပုံးစီ ယုံကြည်စွာဖြင့် မှာယူအားပေးအသုံးပြုသော
ကျန်းမာသုခ အထူးကုဆေးခန်းကြီး
ယခုအောင်မြင်သည်ထက် အဆပေါင်းများစွာ
ပိုမိုအောင်မြင်ပါစေကြောင်း
ဆုမွန်ကောင်းတောင်းအပ်ပါသည်ခင်ဗျာ 😇😇😇

25/02/2022

မင်္ဂလာပါ
မိဘပြည်သူများခင်ဗျား
Dr. Handရဲ့ Hand Sanitizerများကို
MyZAAY Supermarket Websiteမှတစ်ဆင့်
ဆက်သွယ်မှာယူအားပေးနိုင်ပြီဆိုတဲ့အကြောင်းလေး
အသိပေးအကြောင်းကြားအပ်ပါတယ်😇
Website Linkလေးကိုလည်း ဖော်ပြပေးထားပါတယ်ခင်ဗျ

https://myzaay.com/search?type=product&options%5Bprefix%5D=last&options%5Bunavailable_products%5D=last&q=Dr.hand

19/02/2022

ူးစက်ခံရရင်ဘာလို့အသံပျောက်တာလဲ

အိုမီကိုက်ပြီဆို လက္ခဏာတွေက အရင်ဆုံးကြားရတာပါ၊ ဘာလည်းဆိုတော့ ပုံမှန်အသံမဟုတ်တော့တဲ့ အသံဩဩကြီးတွေ၊ အသံပိစိလေးတွေ အစရှိတဲ့ အသံပျောက် အသံပျက် တချို့ဆို အသံပါမ‌ထွက်တော့ပါဘူး၊ နောက်တော့မှ တခြားလက္ခဏာ‌ဖြစ်တဲ့ နှာစေး၊ နှာခေါင်းပိတ်၊ လည်ပင်းနာ၊ ချောင်းဆိုး၊ ကိုယ်လက်ခေါင်းကိုက်တွေ ဖြစ်လာတတ်ကြတာ

အိုမီက အရင်Original Wuhanကိုဗစ်ပိုးတုန်းကလို နှာခေါင်းအတွင်းမှာ မျိုးမပွားတော့ နှာခေါင်းဆဲလ်တွေ မသေမ‌ပေါက်မပျက်စီးပဲ အနံ့မပျောက်ပါဘူး၊ အလားတူ Delta Sတို့နဲ့မတူတာက အဆုတ်အထိဆင်းပြီး ရင်ခေါင်းထဲမှာပိုးတွေမျိုးပွားပြီး လေအိတ်တွေထဲကဖောက်ထွက်တာမျိုးလည်း မလုပ်တော့ အဆုတ်ကိုလည်း မထိတော့ဘူးပေါ့

#အိုမီကြိုက်တာကလည်ချောင်း၊ ပြောရမယ်ဆို အသက်ရှူလမ်းကြောင်းရဲ့ အထက်ပိုင်း Pharynxရဲ့အောက်ဖက်က အသံအိုးဖြစ်တဲ့ Larynxနေရာက လေအဝင်အထွက်လမ်းကြောင်းဘေးက ဆဲလ်တွေထဲ အိုမီတို့တွေမျိုးပွားဖို့ အဓိကနေရာယူကြတာပဲ၊ အားလုံးသိတဲ့အတိုင်း ကိုဗစ်က virusအမျိုးအစား ကိုယ်တွင်းဆဲလ်တွေထဲဝင်ပြီးမှ ပိုးအသစ်တွေထုတ်နိုင်တာ၊ ပြီးရင်လည်း အပြင်ပြန်ထွက်ဖို့က သူဝင်မျိုးပွားထားတဲ့ ဆဲလ်နံရံရဲ့အစိတ်အပိုင်းကိုဖြတ်ယူပြီး ဖောက်ထွက်ကာ တခြားဆဲလ်တွေကို ထပ်ကူးစက်တတ်ကြတာ

#အသံအိုး‌ပတ်ပတ်လည်နေရာက အရမ်းနူးညံ့တယ်၊ အသံကြိုးလို့တင်စားပြီးခေါ်ကြတဲ့ စကားပြောတဲ့အခါမှာ လေကို အသံအနေနဲ့ထွက်လာအောင်လုပ်ပေးတဲ့ ကြွက်သားအမျှင်လေးတွေ အဖွင့်အပိတ်အပြားလေးတွေရှိတယ်၊ အသံတုန်ခါမှု Viberation‌တွေနဲ့ ပြောချင်တဲ့အသံထွက်လာအောင် ထိန်းညှိပေးလို့ အရမ်းအရေးပါတယ်၊ အဲဒီနေရာမှာ အပြင်လေနဲ့အတူ ကူးစက်ဝင်ရောက်လာတဲ့ အိုမီကအခြေချနေရာယူတယ်၊ မျိုးပွားတယ်၊ အသံအိုးဆဲလ်တွေ ရောင်တယ်၊ အသံနာလာတယ်၊ ဆဲလ်တွေပေါက်ပြီး ပျက်စီးတာများရင် လည်ပင်းနာလာပြီး အသံပါပျောက်သွားမယ်၊ အဲဒီဖြစ်စဉ်ကို ဆေးပညာက Laryngitisလို့ခေါ်တယ်

#လည်ချောင်းထဲမှာနေပိုးပွားပြီးတော့ ဖြန့်တဲ့အချိန်မှာ အထက်အောက် ပြန့်တယ်၊ အပေါ်ဖက် နှာခေါင်းထဲ‌ပိုးပြန့်ရင် Nasal Irritationရပြီး နှာမွှန်၊ နှာစေး၊ နှာခေါင်းပိတ်တွေ ဖြစ်မယ်၊ အောက်ဖက်က အဆုတ်ထဲကိုလည်း အနည်းနဲ့အများရောက်ရင် ချွဲထွက်၊ ချွဲပိတ်၊ ချောင်းဆိုးတွေ ဖြစ်မယ်၊ အဆုတ်ထဲပိုး‌ရောက်ချိန် ကာကွယ်ဆေးထိုးပြီးသားဆို အေးဆေးပဲ၊ ကို‌ဗစ်ကိုတိုက်ထုတ်မည့် ခုခံအားက အသင့်စောင့်နေတယ်လေ၊ အဲတော့ မအိမသာ ‌အားနည်းတာလောက်ကလွဲရင် ဘာမှမဖြစ်ပဲ ပြီးသွားတာ၊ ဖျားတောင်မဖျားတော့ဘူးပေါ့

#ဘယ်လိုစစ်ရင်သိနိုင်မလဲဆို‌တော့ နှာခေါင်းထဲကနေ swabယူ တို့ဖတ်စစ်ရင် တချို့ကူးစက်ခံရသူတွေမှာ မတွေ့ကပဲ oropharyngeal swab ခေါ် လည်ချောင်းတို့ဖတ်‌ယူတော့မှ တွေ့ရတာတွေ ရှိတယ်လို့ ပြောပါတယ်၊ ဒီတော့ အသံဝင်လို့ စစ်လိုက်ချိန် Negativeဆိုပေမဲ့လည်း မပေါ့ပါနဲ့၊ လက်ရှိ RDT testတွေက PCR testလောက် အဖြေမမှန်ပါဘူး၊ ဘာပဲဖြစ်ဖြစ် အခုအချိန် Covid Positiveနဲ့ အသံ‌နာ အသံပျောက်ပြီဆို Omicronဖြစ်ဖို့ 99%ပါ

#အသံနာတာဘယ်လိုကုမလည်းဆိုတာ အသေးစိပ်တော့ မရေးတော့ပါဘူး၊ Laryngitisကို ဆရာဝန်တိုင်း ကုတတ်ပါတယ်၊ စိတ်ချချင်ရင်တော့ ဆေးခန်းပြကြည့်ပါ၊ အဓိက လည်ချောင်းအတွင်း ရောင်ရမ်းနေတာကို သက်သာစေတဲ့ Analgesicတချို့နဲ့ Serratiopeptidaseလိုမျိုးတွေ အဓိကသုံးပါတယ်၊ Antibiotics ခေါ် ပိုးသတ်ဆေးတွေက Viral Infectionဖြစ်တဲ့ အိုမီမှာမစွမ်းပါဘူး၊ ကိုယ်ဟာကိုယ်တွေ သောက်မနေကြပါနဲ့ဦး၊ လည်ပင်းမှာ တခြားအနာတွေ သို့ ပြည်တည်သလိုမျိုးတွေ ဖြစ်လာနိုင်ချေရှိတယ်ဆိုရင်တော့ ဆရာဝန်က ညွှန်းကြားပါလိမ့်မယ်၊ Cetrizeneတို့ Burmetonတို့ တခြားDecongestantလိုမျိုး‌တွေကိုလည်း နှာမစေးနှာမပိတ်သေးပဲ ကြိုသောက်တာတို့ လိုအပ်တာထက် ပိုသောက်တာတို့ မလုပ်ပါနဲ့၊ လိုအပ်သည့် ပုံမှန်နှာရည်မထွက်ပဲ လည်ပင်းခြောက်နေရင်လည်း အသံပိုနာပါတယ်

#ကိုယ်ဟာကိုယ်သောက်ချင်ရင် Vitamin Cတို့ Zincတို့ပဲ သောက်ပါ၊ ရေနွေးငွေ့ရှူပါ၊ ရေဝဝသောက်ပါ၊ လည်ပင်း အာ‌ခေါင်ကို အခြောက်မခံပါနဲ့၊ ရေခဲရေအေးအေးတွေရှောင်ပါ၊ အဓိကကတော့ အသံစပျက်နေပြီးဆို စကားတွေအများကြီး မပြောပါနဲ့၊ တိုးတိုးတိုးတိုးလည်း မပြောပါနဲ့ ပိုဆိုးပါတယ်၊ ဖြစ်နိုင်ရင် ၃ရက်လောက် လည်ချောင်းကို အတတ်နိုင်ဆုံး အနားပေးထားလိုက်ပါ၊ မကြာခင် အသံပြန်ထွက်လာမှာပါ၊ နှစ်ပတ်ကျော်လို့မှ အသံမထွက်လာရင်တော့ အသံအိုးထိသွားမှာ စိုးရိမ်ရပါတယ်၊ နီးစပ်ရာဆရာဝန်တစ်ယောက်နဲ့ အမြန်ဆုံးတိုငိပင်ပြီး လိုအပ်သည့်ကုသမှုရယူလိုက်ပါ

ဆေးလိပ်၊ ကော်ဖီနဲ့ အရက်ဘီယာလျော့သောက်ပါ၊ နားပါ၊ အားလုံးကျန်းမာနေကောင်းပြီး ပုံမှန်အသံတွေနဲ့ အမြန်ဆုံးပြန်လည်ပြောနိုင်ဆိုနိုင်ကြပါစေလို့ ဆုတောင်းပါတယ်

Dr. Hadee Maung (9.2.2022)

P.S. ဆေးခန်းပြဖို့အခက်အခဲရှိလို့ သဘာဝနည်းနဲ့ လည်ပင်းနာ အသံနာသက်သာချင်ရင်တော့ ရေနွေးနွေးကို ဆားနည်းနည်းခပ်၊ ဂျင်းအပြားပါးပါးလေး တစ်ပြားနှစ်ပြားထည့်ပြီး ပျားရည်နဲ့အတူ တစ်ရက်ကို တစ်ကြိမ် နှစ်ကြိမ် သောက်နိုင်ပါတယ်၊ ဆက်တိုက်အများကြီးတော့ မသောက်ကြပါနဲ့

15/02/2022

မိတ်စ်ဒေါက်တာဟန်းဂရိတ်အဂိန်း 😬
ယခုလိုကာလမှာ အမှန်တကယ် မရှိမဖြစ်လိုအပ်နေတဲ့
Essential Thingကိုပြပါဆိုရင် အရက်ပြန်ပဲဖြစ်ပါတယ်
ကိုဗစ်လှိုင်းပေါင်း မည်မျှပင်လာစေကာမူ
အကောင်းဆုံးနဲ့ အထိရောက်ဆုံး ကာကွယ်ပေးနိုင်မယ့်
Dr. Hand အရက်ပြန်ဟာ
Alcohol Resistant COVID မလာခင်အထိ
သေချာပေါက် ကာကွယ်ပေးနိုင်ပါလိမ့်မယ်😎
အရက်ပြန်ချင်းအတူတူ
အခြားသောအရက်ပြန်တွေနဲ့ ဘာတွေကွာသွားမလဲဆိုတာ
မေးခွန်းထုတ်စရာပါ
ရိုးရိုး 500ml မဟုတ်ပဲ 20mlပိုမိုပါဝင်လာတာက
Dr. Handအရက်ပြန်ရဲ့ အားသာချက်တစ်ခုပါပဲ
20ml=20ccဆိုတာ တစ်ဘူးချင်းမှာမသိသာပေမယ့်
၅ဘူးဆိုရင် 100ml=100cc ဖြစ်သွားပါပြီ
ဓာတ်ခွဲခန်းတွင် စမ်းသပ်စစ်ဆေးထားပြီး
70%အပြည့်အဝပါဝင်ကြောင်း
ထောက်ခံချက်ရရှိထားပြီးဖြစ်ပါတယ်
Dr. Handဟာ (Quality)အရည်အသွေးကို အာမခံပါတယ်
20ml အပိုပါလို့ဆိုပြီး စျေးမတင်ထားတဲ့အပြင် ပစ္စည်းQualityကိုလည်း မလျှော့ထားပါဘူး
၁ ဘူးမှ တစ်ထောင့်ငါးရာကျပ်ပါ
၁၈ ဘူးဆိုရင် လက်ကားစျေး တစ်ထောင့်နှစ်ရာကျပ်ပါ

06/02/2022

ဥမ္မာခင်(Omicron) ကို ကြောက်စရာလိုသလား?

လွန်ခဲ့တဲ့ ၅လ ၆ လ လောက်တုန်းက delta တွေစဖြစ်ပြီး တအိအိနဲ့ ခန့်မှန်းချေ ၂ လ ဝန်းကျင်လောက်ဖြစ်သွားခဲ့ပြီး စိတ်မကောင်းစရာ အသက်ဆုံးရှုံးလိုက်ရတဲ့သူက ဆုံးရှုံးလိုက်ရတယ်။ ရောဂါဖြစ်ပြီးကောင်းလာတဲ့ သူတွေကျတော့ အတော်အပြင်းအထန်ခံလိုက်ရပုံပေါ်တယ်။ အတော်ကြောက်နေကြရော။

ခုတခါလာပြန်ပြီ။ ဥမ္မာခင်တဲ့။ ရှေ့ဖြစ်ခဲ့တဲ့ delta နဲ့ တူတဲ့ အချက်နဲ့တူတဲ့အချက်လေးကို ကွဲပြားအောင်အနည်းအကျဉ်းရေးချင်လို့ပါ။

တူတဲ့အချက်ကတော့ ဖြစ်လာတဲ့ ရောဂါလက္ခဏာက ကိုဗစ်လိုမျိုးပဲ။ အပူတက်တယ်။ လည်ချောင်းနာ ချောင်းဆိုး အစရှိတဲ့ လက္ခဏာတွေပါပဲ။

မတူတဲ့အချက်ကတော့

မျိုးကွဲရုပ်ကွဲ
-စစချင်းထဲက မျိုးကွဲရုပ်ကွဲကိုဗစ်ဖြစ်တဲ့အတွက် ကျနော်တို့ရဲ့ ကာကွယ်ဆေးက မျက်စိလည်ပြီး မသိဘူးဖြစ်နေတတ်တဲ့ အခါကျတော့ ဥမ္မာခင်က ကာကွယ်ဆေးထိုးပြီးလဲ ဖြစ်နေကြတယ်ဆိုတာ အကုန်သိကြပြီးလောကိပါပြီ။

ပျံ့နှံ့နှုန်း
-ရောဂါပျံ့ပွါးနဲ့ နှုန်းကတော့ အတော့်ကိုလျင်မြန်ပါတယ်။ ဒါကြောင့် စဖြစ်ပြီဆိုကတည်းက ၂-၃ ရက်အတွင်း ဟိုမှာဖြစ်ပြန်ပြီ ဟိုသူငယ်ချငိးဖြစ်ပြန်ပြီ။ ဒီလူဖြစ်ပြန်ပြီဆိုတာ သတင်းခဏခဏ ကြားရတယ်။

ရောဂါပြင်းထန်မှု
အမေရိကန်ရဲ့ ကူးစက်ရောဂါအဖွဲ့အဆိုအရတော့ ကူးစက်နှုန်းပြင်းထန်တဲ့ ဥမ္မာခင်လေးဟာ ရောဂါပြင်းထန်မှု နည်းပါးပါတယ်တဲ့။ နည်းပါးပေမဲ့ ကိုဗစ်ဆိုတာတော့ သတိရပါ။ သေဆုံးမှုနည်းပေမဲ့ အသက်အန္တရာယ်တော့ ရှိနိုင်ပါတယ်။ ရောဂါအရမ်းမပြင်းထန်ကြောင်းကို သူတို့က ဆေးရုံတက်မှုနဲ့ ဆုံးဖြတ်ကြတာပါ။ ဥမ္မာခင်လေးဝင်ခံရတဲ့ လူတွေထဲမှာ ဆေးရုံတက်ပြီးကုသရတဲ့သူ အတော်ရှားပါတယ်တဲ့။
⛔️⛔️⛔️ သို့သော် မပေါ့ဆပါနဲ့။

ရောဂါဖြစ်ဖူးသူ
Covid-19 ရောဂါဖြစ်ဖူးသူတွေအတွက်ကျတော့ ခု ဥမ္မာခင်လေးဝင်ဖို့ အတော်ရာခိုင်နှုန်းနည်းပါတယ်။ ဖြစ်ရင်လဲ ရောဂါလက္ခဏာ ပြင်းထန်မခံစားရတာများပါတယ်။

ကာကွယ်ဆေးထိုးထားသူ
ကာကွယ်ဆေးထိုးထားသူများလဲ ဖြစ်ပေမဲ့ ရောဂါလက္ခဏာ ခဏပဲခံစားရနိုင်ပြီး ရောဂါပြင်းထန်မှုနည်းပါးပါတယ်။

⭐️⭐️⭐️ဒါဆိုဘာလုပ်ရမှာလဲ?⭐️⭐️⭐️
၁-mask တပ်ပါ
၂-လက်ဆေးပါ
၃-ကာကွယ်ဆေးထိုးကြပါ။
၄-ရောဂါလက္ခဏာရှိလျှင် တို့ပတ်ယူစစ်ပြီး positive ဖြစ်ရင် ကျန်းမာရေးဌာနရဲ့ လမ်းညွှန်ချက်ကို လိုက်နာပါ။

🥰🥰🥰အရမ်းကြောက်ဖို့ မလိုပေမဲ့ မပေါ့ပါနဲ့ 🥰🥰🥰

Dr Wai Lynn Htun

Photos from Dr.Hand-"protecting you"'s post 02/01/2022

Dr. Handရဲ့ Hand Sanitizerများကို

Baby Bella(Baby&Mom Store) တွင်
ဝယ်ယူရရှိနိုင်ပါပြီခင်ဗျာ 😇

ဆိုင်လိပ်စာ - အခန်း(၆)၊တိုက်(ဘီ)၊
မြေညီထပ်၊(၆၄)ရပ်ကွက်၊
ပြည်ထောင်စုလမ်းမကြီး နှင့် ဧရာဝတီလမ်းမကြီး
လမ်းဒေါင့်၊
၆၄ဈေးနှင့် မင်းကွန်းစျေးအနီး၊တောင်ဒဂုံမြို့နယ်။

Photos from Dr.Hand-"protecting you"'s post 01/01/2022

Dr. Handရဲ့ Hand Sanitizerနှင့် Hand Washများကို

"စွမ်းထက် အထူးကုဆေးခန်း
အခန်း ၃ ရွှေဂုံရိပ်မွန်အိမ်ရာ
ဗဟန်းမြို့နယ်
(Opposite of back of Excel Treasure Tower/Hotel)"
တွင် ဝယ်ယူရရှိနိုင်ပါပြီခင်ဗျာ 😇

Photos from Dr.Hand-"protecting you"'s post 01/01/2022

Dr. Handရဲ့ Hand Sanitizerများကို

"အေး အထွေထွေရောဂါကုဆေးခန်း
၁၉၂ (ခ )
ဗိုလ်မှုးဗထူးလမ်းမပေါ် ၅ရပ်ကွက်၊အရှေ့ဒဂုံမြို့နယ်၊
၄၆ လမ်းဆုံ အနီး
စိန်ပန်းမှတ်တိုင်" တွင် ဝယ်ယူရရှိနိုင်ပါပြီခင်ဗျာ။

Want your business to be the top-listed Beauty Salon in Thingangyun?
Click here to claim your Sponsored Listing.

Telephone

Website

Address


Thu Datthana 3rd Street
Thingangyun