HM skincare Agent By Maw
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from HM skincare Agent By Maw, Health/Beauty, Thongwa.
04/08/2022
အလိုက်ဖက်ဆုံးစုံတွဲလေး🖤
အဆီပြန်သူအဆီဖုနဲ့ဝက်ခြံရှိသူ
မဲခြောက်နဲ့ တင်းတိပ်တွေကြောင့် စိတ်ညစ်နေသူ
ချွေးပေါက်ကျယ်သူ ဆားဝက်ခြံရှိသူတွေအတွက် ဒီ သုံးမျိုးနဲ့ တင်
ပြီးပြည့်စုံအဆင်ပြေနေပီနော်🌠
Skin care ဖို့ မေ့မနေနဲ့နော်🖤
အရာရာအဆင်ပြေဖို့
HM သုံးပြီး လှကြစို့❤
04/08/2022
မိုးရွှာ နေပူပူ suncream ကတော့ လူးရမရ်ရှင့်
အရေးအကြောင်းနဲ့ တင်းတိပ်တွေက ကိုယ်မခေါ်ပဲနဲ့ရောက်လာကြတာပါမို့ပါ
Price 19500ks
03/08/2022
အဆီပြန် ခြင်းကာကွယ်
နေလောင်ကွက်တွေ အတွက် ြဖူ၀င်းစေပီး
၀က်ခြံ တွေပါ ပေါက်ကင်းစေတာပါ
Price 6500ks
13/11/2021
#ဝက်ခြံပေါက်နေရင်ဒါလေးတွေမလုပ်ပါနဲ့
(1)သနပ်ခါး မလိမ်းပါနဲ့
(2)ထုံး/သွားတိုက်ဆေး မတို့ပါနဲ့
(3)မိတ်ကပ်တတ်နိုင်သလောက် ရှောင်ပါ
(4)ပင်လယ်စာ မစားရ
(5)နို့ထွက်စာ မစားရ
(6)တာရှည်ခံစာများ(ခေါက်ဆွဲခြောက်)မစားရ
(7)အချိုများသောအစားစာများ မစားရ
(8)ဝက်ခြံကို မညစ်ပါနဲ့
(9)အိပ်ရေးဝဝ အိပ်ပါ
(10)ရေများများ သောက်ပါ
(11)ကိုယ့် Skinနဲ့ အဆင်ပြေတဲ့မျက်နှာသစ်ဆေးမျိုးရွေးသုံးပါ
(12)မျက်နှာကိုမနက်တကြိမ် ညတကြိမ်သစ်ပေးပါ
#သင့်ရဲ့အလှတရားကိုသင်ကိုယ်တိုင်ရှာဖွေနိုင်ပါပြီ
အားလုံးအဆင်ပြေကြပါစေရှင့်
13/11/2021
နေကာကို ဘာကြောင့်သုံးသင့်လဲ
ပုံလေးကို သေချာကြည့်ကြည့်နော်...
Suncream မသုံးရင် အသားရည်ပျက်စီးလွယ်ပြီး
တင်းတိပ် အမဲစက် ဖြစ်လွယ်တရ်..
အရွယ်မတိုင်ခင် အိုးမင်းရင့်ရော်ပြီး အရေးကြောင်းတွေဖြစ်စေတရ်..
ဝက်ခြံ၊အမဲစက်ဖြစ်လွယ်ပြီး အသားရေကို ကြမ်းတမ်းစေတရ်...
နေရောင်မှ လာသော UVA,UVB ကြောင့် အရည်ပြားကိုထိရောက်စွာ ကာကွယ်ဖို့ Suncream လေးကိုသုံးပေးဖို့ မမေ့ကြနဲ့နော်...🙋
ချစ်ခြင်းများစွာဖြင့်
Crd
13/11/2021
Toner သုံးရင် cotton pads သုံးသင့်လား...?
ဘာလို့cotton pad မပါရင်မဖြစ်တာလည်း...?
Toner ဆိုတာ အဓိက ကတော့ အသားအရေကို PH balance ကိုညီပေးတာပေါ့
- double cleansing ,facial foam သုံးပေးရုံနဲ့မျက်နှာမှာရှိတဲ့...ဖုန်မှုန့်နဲ့ အညစ်အကြေးတွေ စင်သွားပြီလား? ဆိုတော့....No ပါ...လုံးဝ No ပါ...
- တစ်နေ့တစ်နေ့လေထုထဲမှာ ပါတဲ့ ဖုန်မှုန့် ၊cars တွေကထွက်တဲ့ carbon dioxide တွေ...အစရှိသဖြင့် မကောင်းတဲ့အညစ်အကြေးတွေက မျက်နှာမှာလာကပ်တဲ့အခါ ...double cleansing နဲ့facial foam သုံးရုံနဲ့မလုံလောက်ပါဘူး...
-မျက်နှာမှာ ဖုန်မှုန့် အညစ်အကြေးတွေမစင်တဲ့ အခါ...အဆီဖု...မလိုအပ်တဲ့ ဝက်ခြံ အကြီးကြီးတွေ...အမဲစက်တွေဖြစ်လာနိုင်တယ်
- makeup သုံးတဲ့လူဆိုပိုတောင် ဆိုးပါသေးတယ်...Skincare product တွေဘယ်လောက် brand စျေးကြီးကြီးတွေသုံးသုံးထိရောက်မှာမဟုတ်ပါဘူး....
- Toner တိုင်းမှာ တော့ သူ့ effect နဲ့သူပေါ့...
cotton pad နဲ့ ကိုယ်သုံးမဲ့ Toner ကို ဂွမ်းထဲ အရင်ထည့်...ညင်ညင်သာသာပွတ်ဆွဲပေးလိုက်ရင်...ကျန်နေတဲ့အညစ်အကြေးတွေအကုန်ပါလာရော...
- ပြီးမှ Toner ကိုလက်ထဲထည့်ပြီး ဘက်ဘက်ဘက် လုပ်ပေးလိုက်ရင် skin PH balance လည်းညှိပြီးသားဖြစ်ပြီး...အရေပြားထိ Toner က 10 layer လောက်ထိဝင်သွားပြီး...ကျန်းမာတဲ့အသားအရေလေးဖြစ်သွားမှာပေါ့
- အဲ့တာကြောင့် cotton pads ကို Toner သုံးတိုင်းထည့်သုံးပေးပါ...cotton ကပါးမှလည်း Toner အလကား မဖြစ်မှာပါ...
- cotton pad က mini mask ကပ်တဲ့အခါလည်းအသုံးဝင်ပါသေးတယ်...
အခုအားလုံးသိသွားပြီဆိုတော့ Toner သုံးရင် cotton pad လေးထည့်သုံးပေးတော့နော်...
12/11/2021
ဝက်ခြံထက် ပိုဆိုးတဲ့ အဆီဖု ကိုသဘာဝတိုင်းကုနည်း
ညစ်မရပြုမရအရမ်းခက်တဲ့ ပြသာနာ
အလွန်အကျွံ စားသောက်နေထိုင်မှု ကိုထိန်းပေးရမယ်
( ချဉ်ငံစပ် နို့နဲ့ နို့ထွက် ပစ္စည်း အဆီ တွေအလွန်အကျွံစားသူံးခြင်း ) ။
သန့်ရှင်းရေး အထူးသဖြင့် မျက်နှာပတ်သတ်တာတွေဂရုစိုက်ပါ
( ခေါင်းအုံးစွပ် မျက်နှာသစ်တဘက် ဆံပင်ကိုသန့်အောင်ထားပါ
လက်နဲ့ ခဏခဏကလိတာမလုပ်ပါနဲ့ )။
အဆီနဲ့ နို့ပါတဲ့ skin care , make up တွေမသုံးပါနဲ့
( make up လိမ်းထားတယ်ဆိုရင် ညဘက်သေချာပြန်ဖျက်ပါ
အဆီပါတဲ့ skin care တွေက မျကိနှာချွေးပေါက်ပိတ်တာမို့
အဆီဖုတွေထွက်လာနိုင်ပါတယ် 🙅 ရှောင်ပေးပါ ) ။
*Suncream လိမ်းပါ မဖြစ်မနေကိုလိမ်းပါ
( Suncream ကိုလိမ်းကိုလိမ်းရမယ့်အထဲပါနေပါပီ အခြား skin care တွေမျိုးစုံမသုံးချင်ရင် suncream ကိုလိမ်းပေးပါ )။
အဆီဖု မဖြစ်အောင်ရှောင်လို့ရမယ့် အဓိကပြသနာလေးတွေ
ကိုပြောထားပေးတဲ့ အတွက် Admin post လေးက အဆီဖုအတွက်စိတ်ညစ်နေတဲ့ သူလေးတွေအတွက် အကျိုးရှိမယ်ထင်ပါတယ် ။
#မူရင်းရေးသားသူအားလေးစားစွာCreditပေးပါတယ်ရှင့်
12/11/2021
ဝက်ခြံထွက်စေတဲ့ အချက် (၆) ချက်
ဒီခေတ်ကြီးထဲမှာ ဆယ်ကျော်သက်အရွယ်ကစပြီး
ဝက်ခြံတွေ စထွက်နေကြပါပြီ
ဒါကြောင့်တော်တော်လေး ဂရုစိုက်ဖို့ လိုအပ်ပါတယ်
လူတိုင်း တန်ဖိုးအထားဆုံးဖြစ်တဲ့ မျက်နှာလေးကို
ဝက်ခြံရန်က လွတ်အောင် အသေးစိတ်ရှင်းပြပေးသွားမယ်နော်
1. Very Oily Skin
လွန်ကဲစွာ အဆီပြန်တဲ့ အသားအရေ တွေက ဝက်ခြံထွက်ဖို့ အရမ်းကို လွယ်ကူတဲ့ အသားအရေပါ
ဒါကြောင့် ကိုယ်သုံးတဲ့ skin care တွေကို Liquid & Gel တွေပဲ အဓိကထားသုံးပေးပါ
2.Bacteria
Bacteria ပိုးတွေကလဲ ကိုယ့်အသားအရေကို ဒုက္ခအကြီးကြီးပေးတဲ့ ပိုးမွှားပါ
ဒါကြောင့် ကိုယ့် မျက်နှာလေးကို သန့်သန့်စင်စင်လေးထားပါ
3.Hair
ဆံပင်ရဲ့ Bacteria တွေက ဝက်ခြံထွက်လာစေတယ်နော်
ဒါကြောင့် ဆံပင်ကိုလဲ သေချာ သန့်စင်ပါ
4.Stress
စိတ်ဖိစီးမှု များခြင်းကလဲ ဝက်ခြံတွေ ထွက်လာနိုင်ပါတယ်
ဒါကြောင့် ပျော်ပျော်လေးပဲနေပါ
5.Food
အရမ်းချိုလွန်းတဲ့ အစားအစာ၊ ချဉ် ၊ ငံ ၊ စပ် တွေကလဲ ဝက်ခြံ ဖုကြီးတွေ
မထင်ရင် မထင်သလိုထွက်တက်ပါတယ်
ဒါကြောင့် လျော့စားပါ
6.Hormones
ဒါကတော့ ဆယ်ကျော်သက်လေးတွေ အဓိက သတိထားရမှာပါ
ဟော်မုန်းပြောင်းလဲတဲ့အခါလဲ ဝက်ခြံထွက်ပါတယ်
အဲ့ဒီ့အချိန်မှာ skin ကိုသေချာဂရုစိုက်ပါ
ဂရုမစိုက်ပဲ ပြစ်ထားရင် ပိုဆိုးလာပါလိမ့်မယ်
အားလုံးပဲ ကြည်လင်စိုပြေတဲ့ အသားရည်လေး ပိုင်ဆိုင်ကြပါစေနော်😘
Crd
11/11/2021
တင်းတိတ်ဆိုတာ အရေပြားပြသာနာနော်..
ရောဂါ မဟုတ်တဲ့ အတွက်ပျောက်ဖို့ ဆေးတွေ အသားကုန်လိမ်းမနေပါနဲ့ မပျောက်ဘူး စိတ်ချ။
မယုံရင်လိမ်းကြည့်....
ရေဓာတ်ခမ်းခြောက်လို့တင်းတိတ်ဖြစ်လာတာဖြစ်တဲ့အတွက်
ရေဓာတ်ပြန်ဖြည့်ပေးတဲ့ Skincare ပစ္စည်းတွေရွေးသုံးမှ အဆင်ပြေပြီး တင်းတိတ်တွေ သက်သာလာမှာပါ....
ထပ်ပြောပါမယ် ဆေးတွေလျှောက်မသုံးပါနဲ့....စိတ်ရှည်ပေးရင် အဆင်ပြေသွားလိမ့်မယ်
09/11/2021
Skincare ကိုဘာကြောင့်ရွေးချယ်သင့်တာလဲ
အပြစ်အနာဆာတွေကင်းရှင်း စိုပြေ၀င်းပတဲ့ အိမ်မက်တွေကိုHM Skincare လေးနဲ့ အသက် သွင်းကြပါစို့လား
အသားရေ ထိန်းသိမ်း ချင်သူတွေအတွက် ရွေးချယ်ဖို့အသင့်တော်ဆုံး
Baby Skin လေးလိုအသစ်တစ်ဖန်ပြန်လည် မွေးဖွား ပေးမဲ့ အသားရေလေးရဖို့
အဆင့်ဆင့် အများကြီး လိမ်းစရာ မလိုဘူး
🙋အမျိုးသား
အမျိုးသမီး
ကိုယ်ဝန်ဆောင် မိခင်
နှင့် Sensitive Skin များ ပါသုံးလို့ရပါတယ် စျေးနှုန်းလား အရမ်းသင့်တင့်တဲ့ပမာဏ မှာရှိပါတယ်
Chemical ကင်းရှင်းကြောင်းEurope နိုင်ငံအသိမှတ်ပြုCE လက်မှတ်ရ Skincare များကိုယုံကြည်
စိတ်ချစွာဝယ်ယူသုံးစွဲနိုင်ပါကြောင်းသတင်းကောင်းပါး အပ်ပါတယ်ရှင့်
မြန်မာနိုင်ငံ အသိမှတ်ပြု FDA လက်မှတ်
ISO , GMP လက်မှတ်ရ ရှိထားပြီးဖစ်ပါတရ်ူ
08/11/2021
တွဲဖက်မသုံးသင့်သော skincare ပါဝင်ပစ္စည်းများ
၁။ Vitamin C + AHA/BAH
Vitamin C က အက်စစ်ဓာတ်ပစ္စည်းတစ်မျိုးဖြစ်သလို AHA/BAH(glycolic, salicylic,lactic acid..စသည်) ကလည်း အက်စစ်ပစ္စည်းတွေဖြစ်တဲ့အတွက် ...အတူတူသုံးမိတဲ့အခါ ကိုယ်ရဲ့ပင်ကိုယ်ပသားအရေ က PH levelတွေကို မတည်မငြိမ်ဖြစ်စေတဲ့အတွက်အချိန်ကြာလာတဲ့အခါ break out တွေအသားအရေပါးလာတာတွေနဲ့...skinခြောက်သွေ့တာတွေဖြစ်စေနိုင်တဲ့အတွက် တွဲမသုံးမိဖို့ သတိထားသင့်ပါတယ်
[ မှတ်ချက်
တစ်မျိုးစီ သုံးမယ်ဆိုရင် တော့
Vitamin C က အ ရေးကြောင်းတွေကိုသက်သာစေတယ် အသားအ ရေကို ကြည်လင်စေတယ် အမဲစက်နဲ့ ဝက်ခြံသက်သာစေတဲ့ အာနိသင်တွေရှိပါတယ်
AHA/BHA တွေကတော့ ဆဲလ်သေတွေကို ဖယ်ရှားပေးပြီး ချွေးပေါက်ပိတ်စို့ခြင်းကို သက်သာစေပြီး အသားအေရကို ကြည်လင်သန့်ရှင်းစေတဲ့ အာနိသင်တွေရှိပြီး ဆဲလ်သေ ဖြစ်ပျက်နှုန်းကို မြန်စေတဲ့အတွက် အရေပြားနုပျိုစေတဲ့ peeling acid တွေဘဲဖြစ်ပါတယ် ]
၂။ Retinol+ AHA/BHA
Retinol က AHAနဲ့ BHAလို ဆဲလ်သေဖယ်ရှားပေးတဲ့ပစ္စည်းမဟုတ်ပေမဲ့ အရေပြားအတွင်းပိုင်းက ဆဲလ်သေ တွေကို အပေါ်ယံအရေပြားကို တွန်းတင်ကွာကျ စေပြီးဆဲလ်သစ်တွေ ဖြစ်ပေါ်စေဖို့ကူညီပေးတဲ့ပစ္စည်းတစ်မျိုးဖြစ်ပါတယ်။
Retinol နဲ့ AHA/ BHAလို acidတွေနဲ့ တြဲသုံးမိတဲ့အခါ အရေပြားအလွန်အမင်းခြောက်သွေ့စေပြီး အသားအရေရဲ့သဘာဝအစိုဓာတ်ကိုပျက်စီးစေလို့ တြဲမသုံးမိဖို့ သတိထားသင့်ပါတယ်....
၃။ Retinol + Vitamin C
Retinol နဲ့ Vitamin C ကို တွဲသုံးမိရင် အသားအရေနီမြန်းတာ ခြောက်သွေ့တာနဲ့ အရေပြားအဖတ်လန်တာတွေ ဖြစ်စေနိုင်တဲ့အပြင် အသားအေရက နေရောင်ခြည်ရဲ့ UV Rays တွေကို အထိမခံနိုင် ဖြစ်စေတဲ့အတွက် ကောင်းကျိုးထက် ဆိုးကျိုးသာဖြစ်စေနိုင်လို့ တြဲမသုံးမိဖို့ သတိထားသင့်ပါတယ်..
[မှတ်ချက်
ဝက်ခြံနဲ့အရေးကြောင်းသမားတွေအတွက်ကတော့
Vitamin C ကို မနက်ပိုင်းသုံးပြီး..ညဘက် တရက်ခြား Retinol သုံးမယ်ဆိုရင်တော့ အသားအရေအတွက် ကောင်းမွန်တဲ့ ရလဒ်ကိုရနိုင်ပါတယ်]
၄။ Oil based + Water based products
Oil based နဲ့ water based productsတွေကတော့
တြဲသုံးလို့ လုံးဝအဆင်မပြေနိုင်ဘူးနော်..စဉ်းစားကြည့်လေ ရေနဲ့ဆီ ရောလို့မှ မရတာ..oil based product တွေက water based product တွေရဲ့ အရေပြားအတွင်းပိုင်းထိ စိမ့်ဝင်မှုကို ဟန့်တားထားတဲ့အတွက် ဘာအကျိုးရလဒ်မှ ထူးလာစေမှာ မဟုတ်ပါဘူး..
၅။ Glycolic Acid + Salicylic Acid
နှစ်မျိုးလုံးက ဆဲလ်သေဖယ်ရှားဖို့ သုံးတဲ့ ပစ္စည်းတွေဖြစ်နေတဲ့ အတွက် တွဲသုံးမိရင် အရေပြားနီမြန်းခြင်းနဲ့ခြောက်သွေ့ခြင်းတွေအပြင် ဓာတ်မတည့်မှုကိုပါဖြစ်စေနိုင်တဲ့အတွက် တြဲမသုံးမိဖို့ သတိထားသင့်ပါတယ်
၆။ Niacinamide + Vitamin C
Niacinamide နဲ့ Vitamin C က အမဲစက်ထွက်တတ်တဲ့အသားအရေနဲ့ အမာရွတ်တွေကုသဖို့ အတွက် အကောင်းဆုံး ပစ္စည်းတွေ ဆိုပေမဲ့ တွဲသုံးမိရင် Niacinamide က vitamin C ကိုဓာတ်ပြယ်စေပြီး ရလဒ်အနေနဲ့ အသားအရေနီးမြန်းတာတွေနဲ့ ဝက်ခြံတွေကို ဆိုးဆိုးဝါးဝါး ဖြစ်စေတဲ့အတွက် တွဲမသုံးမိဖို့ သတိထားသင့်ပါတယ်..
ပျိုမေတို့အနေနဲ့ skincareသုံးတာဟာ အသားအေရ နုပျိုလှပစေဖို့ဘဲ ဖြစ်သင့်ပါတယ်..ဒါပေမဲ့ တွဲဖက်မသုံးသင့်တဲ့ skincare ingredientsတွေကို သိထားမွသာ ငွေကုန် လူပမ်း အသားရေ ပျက်စီးမှုမဖြစ်စေမှာ မဟုတ်ပါလား..ရှင်....
ပျိုမေတိုင်း skincare လေးတွေကို မှန်မှန်ကန်ကန်သုံးတတ်စေဖို့ ဆန္ဒပြုရင်း....လှပနိုင်ကြပါစေရှင်..
07/11/2021
Skincare နဲ့ ပက်သက်ပြီး မှားလေ့ရှိတဲ့အချက်များ
ဒီနေ့ post မှာတော့HugMeတို့အတွက် skincare နဲ့ပတ်သက်ပြီး မှားတတ်တာလေးတွေ မှတ်မိသလောက် စုပေးထားပါတယ်
တချို့အချက်တွေကသိပြီးသားဆိုရင်တောင် မေ့နေတတ်လို့ပြန်ပြီးတော့ remind လုပ်ပေးတာပါ 😇
(တစ်ပုံချင်းစီထောက်ကြည့်ပေးပါ)
ဘယ်အချက်တွေလုပ်မိနေလဲ comment ထဲမှာပြောခဲ့ပါအုံးနော်
Hope you all stay safe and healthy
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Thongwa
