Shine of Life - Yoga Center

Shine of Life - Yoga Center

Share

Towards the Happy & Healthy Life for all

13/10/2024

Online Yoga Class လေး ပြန်ဖွင့်ပါပြီရှင်🧘🧘🧘
✨✨✨✨✨✨✨✨✨✨✨✨✨✨✨✨✨✨

ကျနော်တို့ Instructor တွေအနေနဲ့ Client တွေကို အမြဲ တိုက်တွန်းလေ့ရှိတဲ့ စကားတခွန်းရှိပါတယ်၊ အဲ့ဒါက ဘာလဲဆိုတော့ ဘယ်လောက်ပဲ အလုပ်များပါစေ၊ဘယ်လောက်ပဲ အချိန်ကြပ်ပါစေ မိမိ စိတ်နဲ့ ခန္ဓာ အတွက် တနေ့တနာရီလောက် ၊ နေ့တိုင်း မဟုတ်တောင် တစ်ပတ် သုံးရက်လောက် အချိန်ပေးလေ့ကျင့်ပါလို့ အမြဲအားပေးလေ့ရှိပါတယ်။ ဒါပေမယ့် တခါတလေ ဒီကာလတွေမှာ ကျနော်ကိုယ်တိုင် ကျောင်းတဖက် အလုပ်တဖက် အကြောင်းပြပြီး Yoga Class လေး တစ်ချိန်လောက်ဖွင့်ဖို့ကို အချိန်ဆွဲနေခဲ့မိတယ်။ Super Challenge အတန်းတွေမှာ ပါဝင်သင်ပေးတာကလွဲပြီး ဒီကာ‌လတွေမှာ အတန်းတွေ နားထားမိတယ်။ အခု ကိုယ့်ကို ကိုယ် commitment အပြည့်နဲ့ အတန်းပြန်စပါပြီ။

ဒီအတန်းလေးကို တပတ် သုံးရက် ၊မနက်ပိုင်း တရက် တစ်နာရီ လေ့ကျင့်ပေးသွားပါမယ်၊ ပုံမှန် အမြဲတမ်းလေ့ကျင့်ဖို့ ရည်ရွယ်တဲ့ အတန်းဖြစ်လို့ ဘယ်အချိန်ပဲ စတက်တက် အဆ‌င်ပြေအောင် စီစဉ်ထားပါတယ်၊ အချိန်နဲ့ နေ့ရက်ကို ဒီစာအောက်ဆုံးမှာ ရေးပေးပါမယ်။ တက်ချင်ပေမယ့် တချို့ရက်တွေ အလုပ်နဲ့တိုက်နေတဲ့သူတွေလည်း မိမိရတဲ့ ရက်လေး ဝင်လေ့ကျင့်လို့ ရပါတယ်၊ တပတ် တစ်ရက်ရရင် တစ်ရက် ပုံမှန်၊ နှစ်ရက်ပဲ ရလည်း နှစ်ရက် ပုံမှန်လေး ဝင်လေ့က‌ျင့်မယ်ဆို ရပါပြီရှင်။ ရေရှည် လေ့ကျင့်သွားနိင်စေဖို့ အဆင်ပြေစေမယ့် Fee လေးလည်း ဖြစ်စေရပါမယ်ရှင်

Super Challenge အပြီးမှာ Yoga လေး ပုံမှန် ဆက်လေ့ကျင့်သွားချင်‌ေကြာင်း ပြောဖူးတဲ့ အစ်မတွေ၊ ညီမတွေလည်း ဝင်လေ့ကျင့်ဖို့ ဖိတ်ခေါ်ပါတယ်ရှင်၊ ကျနော့ Acc ထဲမှာ Fri ဖြစ်သူအများကြီးမရှိလို့ အချင်းချင်း သတင်းစကားပါးပေးပါနော်

လေ့ကျင့်ကြမယ့်ရက်လေးနဲ့ အချိန်ကတော့

Monday, Wednesday, Friday
7:00 AM - 8:00 AM ( Myanmar time )

ความฉลาดของน้องหมา 21/05/2024

ခေးလည်း မမတို့နဲ့အတူတူ ယောဂကျင့်မယ်🥰🥰🥰

https://www.facebook.com/share/r/vxPfseLS7m7STTQ5/?mibextid=oFDknk

ความฉลาดของน้องหมา

Photos from Shine of Life - Yoga Center's post 16/03/2024

Online class

03/03/2024

Hello ,📣📣📣

🧘ယောဂအတန်းသစ်လေး လာပါပြီရှင်၊

ဒါလေးကတော့ အားလုံးမေးမေးနေတဲ့ Online class လေးဖြစ်ပြီး လာမယ့် March 11 မှာ စပါမယ်၊

အပတ်စဉ် Mon, Thurs, Sat, Sun ညနေ 7:30 - 8:30 PM ဖြစ်ပါတယ်။

ဒီအတန်းကို အခုမှ ယောဂစလေ့ကျင့်မယ့် beginner လေးတွေရော အရင် Center မှာ လေ့ကျင့်ဖူးသူတွေရော တက်လို့ရပါတယ်၊

Online class လေးဖြစ်တာမို့ အကြောင်းအမျိုးမျိုးကြောင့် Oversea မှာ နေထိုင်နေကြသူများလည်း join လို့ အဆင်ပြေသွားမယ့် အတန်းလေးပါ။

Online class ဖြစ်တာမို့ တက်မယ့်သူများဟာ ယောဂဖျာတချပ် အနည်းဆုံး ရှိရမှာဖြစ်ပါတယ်၊

ဖျာအပြင် တခြား accessories တွေ ဝယ်လိုရင် ဘလော့တုံး တစုံ၊ ဒူးနာတတ်သူများ ဒူးခံတစုံ( မိမိအိမ်မှာရှိတဲ့ စောင်ခေါက်လေး အစားထိုးသုံးလို့ရပါတယ်)

ယောဂကြိုး တချောင်း ( ပုဝါအရှည်လေး အစားထိုး သုံးလို့ရပါတယ်) စသဖြင့် ဝယ်ထားလို့ ရပါတယ်။

သင်တန်းကြေးကတော့ တလ 60000/- ပါရှင်

သင်တန်းတက်လိုသူများ စာရင်းသွင်း စတင်လက်ခံနေပါပြီနော်

31/12/2023

Happy New Year to you all 😍😍😍😍😍

25/12/2023

Merry Christmas to you all ⛄⛄⛄

Photos from Shine of Life - Yoga Center's post 05/12/2023

နှစ်တစ်နှစ် ကုန်ဆုံးခါနီးမှာ မိမိအတွက် လက်ဆောင်🎁

အဖြစ်ပေးဖို့ စီစဉ်ခဲ့တဲ့ ✨ last quarter of 2023(Oct,

Nov, Dec) , 3 months challenge package✨ လေးရဲ့

ကြိုးစားမှု၊ ဇွဲ ရှိမှု၊ တိုးတက်လာမှု ပုံရိပ်လေးတွေပါရှင်

I really appreciate it to all my besties yogies 😍♥️

18/11/2023

🙋🏻‍♀️ "Hello , မနက်ခင်း သင်တန်းလေး တောင်းဆိုနေကြသူများအတွက် "

Shine of Light Yoga Centre မှာ မနက်ခင်း Yoga Class အသစ်လေး ဖွင့်တော့မဲ့အကြောင်းလေး ပြောပြမယ်နော် 📣📣📣

မနက်ခင်းစောစောမှာ ယောဂလေ့ကျင့်ပြီး ကိုယ်ရောစိတ်ပါ ကြည်လင်လန်းဆန်းချင်ရင်တော့ Dr K ရဲ့Yoga Class လေး join ဖို့ အကြံပြုပါရစေ😉🧘🏻‍♀️

DrK ဟာ International Certified Yoga Instructor တဦးဖြစ်သလို အထွေထွေရောဂါကု ဆရာဝန်တဦးလည်းဖြစ်ပါတယ်။ Yoga လေ့ကျင့်မှုနဲ့ ဆေးပညာမှာ သင်ရတဲ့ Anatomy၊ Yoga Anatomy ဆက်စပ်လေ့လာပြီး ပိုမိုစူးစမ်းလေ့လာခဲ့တာကြောင့် ခန္ဓာရဲ့ လှုပ်ရှားမှု ပိုမို နားလည်ပြီး ယောဂကို ပိုချစ်မြတ်နိုးလာတဲ့ ဒေါက်တာ တယောက်ဖြစ်ပါတယ်။ ☺️

ယောဂအစ အိန္ဒိယနိုင်ငံ၊ Rishikesh မြို့မှာ နာရီ ၃၀၀ ဆရာဖြစ်သင်တန်းကို စက်တင်ဘာလမှာ သင်ယူ ပြီးမြောက်ခဲ့တာ ဖြစ်တာကြောင့် သူလေ့လာခဲ့ရတာတွေကို ဝေမျှဖို့ တက်ကြွနေသူလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ခန္ဓာရဲ့ Anatomy ကို ကောင်းကောင်းနားလည်တဲ့ ဆရာဝန်တဦးဖြစ်တဲ့ အတွက် Yoga Asana တွေ လေ့ကျင့်တဲ့အခါမှာ လေ့ကျင့်သူပေါ်မူတည်ပြီး Alignment & Adjustment မှန်ကန်အောင် သင်ကြားပြသပေးတဲ့ Yoga Instructor Doctor K ပဲ ဖြစ်ပါတယ်။

☘️ လက်ရှိမှာတော့ Dr Kဟာ Melia Hotel Yangon, Shwe Hnin Si Yoga, The Beast Fitness, WOW Sports Complex တို့မှာ ယောဂအတန်းတွေ သင်ကြားပြသပေးလျက်ရှိပါတယ်။

🕉️ နောက်ရောက်ရှိတော့မဲ့ ဒီဇင်ဘာလမှာတော့ Shine of Light Yoga Centre မှာ 2-month Basic Hatha Yoga Class ဖွင့်သွားမှာ ဖြစ်ပါတယ်

🕉️ ဒီ 2-month Basic Hatha Yoga Class လေးမှာ တော့ Basic Seated, Twisting, Kneeling, Standing Yoga Poses တွေကို ခန္ဓာရဲ့ Anatomy နဲ့ ချိတ်စပ်သင်ပေးသွားမှာဖြစ်တဲ့အပြင် ယောဂကျင့်စဉ်အချိန်အတွင်းမှာသာမက ပြင်ပအချိန်တွေမှာလည်း ထားရှိသင့်တဲ့ စိတ်နေစိတ်ထားကိုလည်း မျှဝေပြောပြသွားမှာ ဖြစ်တဲ့အတွက် ကိုယ်နဲ့စိတ် ပိုမိုကျန်းမာလာအောင် လေ့ကျင့်ဖို့အတွက် အခုပဲ စာရင်းသွင်းလို့ရပါပြီနော် 😉

🗓️Start Date - 5th December (Tuesday)
⏱️ Time - Every Tuesday & Thursday,
7.15 - 8.15 am
📍Place - Shine of Light Yoga Centre
(ဆိပ်ကမ်းသာလမ်း၊ ကျောက်တံတား
မြို့နယ်)

✅ ဒီ ၂ လ ယောဂသင်တန်းမှာ သင်တန်းချိန်စုစုပေါင်း ၁၆ ချိန်ပါဝင်မှာ ဖြစ်ပါတယ်။ ၂ လစာ သင်တန်းကြေး တခါတည်း ပေးသွင်းသူများအတွက်လည်း Discount တွေ ရှိတာမို့ စာရင်းသွင်းဖို့ Page messenger မှာ ဖြစ်ဖြစ်၊ 09253827272, 095504263ကို ဖြစ်ဖြစ် အခုပဲ ဆက်သွယ်လိုက်ပါနော်☎️☎️

ကဲ အများကြီး မစဉ်းစားပါနဲ့တော့၊ အခုပဲ Yoga with Doctor K နဲ့အတူ ယောဂ စလေ့ကျင့်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်....🙏🏻

14/11/2023
Photos from Shine of Life - Yoga Center's post 07/11/2023

Enjoy your life with Yoga🧘🧘🧘🧘🧘 and

create happiness and inner peace😍😍😍😍😍😍

No matter what the external situation is happening.

Photos from Shine of Life - Yoga Center's post 03/11/2023

လေ့ကျင့်မှု မှန်ကြသူလေးတွေပါ၊😍😍😍😍😍

မင်မင် ပုံတင်ပေးတာသာ ပျက်ကွက်မှု ရှိချင်ရှိမယ်။

သူတို့လေးတွေ လေ့ကျင့်မှု တရက်မှ မပျက်ကွက်ကြသူတွေပါ😍😍😍😍😍😍😍

Photos from Shine of Life - Yoga Center's post 22/10/2023

Appreciation post for Our regular clients ပါ၊

ပုံမှန် လေ့ကျင့်မှုရဲ့ ရလဒ်လေးတွေ တဖြတ် တင်ပေးလိုက်ပါတယ်၊

တချို့သူတွေရဲ့ ပုံလေးတွေက ကိုယ်ပိုင်ဖုန်းနဲ့ ရိုက်ပေးလိုက်တာမို့ စင်တာဘက်ကရှိတဲ့ပုံလေးတွေပဲ တင်ပေးတာပါနော်လို့ 😄😄😄😄

ကိုယ့် Acc မှာ ပုံတင်တဲ့အခါ center page လေးလည်း မန်းရှင်းခေါ်လို့ ရပါတယ်နော်လို့😄😄😄

ပုံလေးတွေ ပို့ပေးလာရင်လည်း တင်ပေးဖို့ ready ပါရှင်လို့ 😄😄😄😄😄😄

PS ကိုယ့် client တွေ စိတ်ကောက်မှာစိုးလို့ 😅😅😅

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


240/242, 4 Floor( Lift ) , Seik Kan Thar Street (upper Block)
Yangon