Muu - မူး

Muu - မူး

Share

ကျွန်မ ကမ္ဘာထဲ အလည်လာသူတိုင်း အလွမ်းတေ ငြိမ်းပါစေ💛💛

Photos from Muu - မူး's post 23/07/2024

ပြတ်တုန်း လတ်တုန်း
23 မှာ အပေါင်းအသင်း တေနဲ့ Chill ဖို့ ဈေးနှုန်း 2သောင်း ဝန်းကျင် မှာ ဘယ်တော့မှ မရိုးတဲ့ Scotch Whiskey

Sir Edward's Smokey
Sir Edwards' Beer Reserve
Sir Edward's Finest
&
Dunfife

ဝယ်ယူ အားပေးမှုကို ကျေးဇူးတင်ပါတယ်

14/07/2024

အမျိုးတို့ရေ အောက်က link ကို ဝင်ပြီး like & share တခါ ဆီ ဝင်လုပ်ပေးကြပါအုံးနော်

(5)ဦးကို မဲနှိုက်ပြီး

Red label 2လုံး
Bill 5000 (4) ကဒ်
မဲဖောက် ပေးပါ့မယ်

(20 .7)မှာ မဲပေါက် သူများကို ပစ္စည်းများ ဖုန်းဘေ များ ပို့ပေးသွားမှာ ဖစ်ပါတယ်
ကူညီ ပေးကြပါအုံးရှင့်

https://www.facebook.com/profile.php?id=100094510812106&mibextid=ZbWKwL

Muu - မူး ကျွန်မ ကမ္ဘာထဲ အလည်လာသူတိုင်း အလွမ်းတေ ငြိမ်းပါစေ💛💛

Photos from Muu - မူး's post 14/07/2024

Hello .,
K pay
CB pay
အကုန် လက်ခံပါတယ်
‌ပစ္စည်းမှန်ပြီး ဈေးတန် ရပါမယ်
ယခု ရက်ပိုင်း မှာပြီး Deli လက်ထဲကျန် အလုံးများ ဈေးလျော့ရောင်းပါမယ် ရှင်

ဈေးလျော့ ပုလင်းများ comment ကြည့်ပေးပါ ရှင်

Photos from Muu - မူး's post 20/10/2023

သူငယ်ချင်း အပေါင်းသူတော်ကောင်းတို့ အားပေရကြပါအူး လို့

Photos from Muu - မူး's post 20/10/2023

Give away post 🩷

Buy 2 Bottle
Get 1 bottle free🩷
Save #5500 kyat🩵

သီတင်းကျွတ် အချိန်အခါ သမယမှာ မင်မင် ကလဲ

ဈေးရောင်းရင်း ကုသိုလ် ယူပါမယ် နော်

လူကြီးသူမကို ကန်တော့ဖို့ပဲ ဖစ်ဖစ်

ကိုယ်တိုင် သောက်ဖို့ပဲ ဖစ်ဖစ်

(၂) ပုလင်းဝယ် တပုလင်း လက်ဆောင်ယူ

သီတင်းကျွတ် အစီအစဉ်မှာ ပါဝင်ကြပါအံုးနော်

Can order Now

Page cb (or)Ph no 09757982626

03/10/2023
Photos from Muu - မူး's post 30/09/2023

Credit to original uploaded

#ဝိုင်ဆိုသည်မှာ

ဝိုင် ဆိုသည်မှာ အသီးကို ကဇော်ဖောက်ထားပြီး အယ်လ်ကိုဟောလ်ပါဝင်သည့် ယမကာအရည်တစ်မျိုးဖြစ်ပါတယ်။ တဆေးသည် အသီးအနှံများတွင် ပါဝင်သည့် သကြားဓာတ်ကိုစားသုံးပြီး ၎င်းကို အီသနောနှင့် ကာဗွန်ဒိုင်အောက်ဆိုဒ်များအဖြစ်ပြောင်းလဲကာ အဆိုပါလုပ်ငန်းစဉ်အတွင်း အပူကို စွန့်ထုတ်ပါတယ်။

ဝိုင်ကို ဇီးသီး၊ ချယ်ရီသီး၊ သလဲသီး၊ အပြာရောင်ဘယ်ရီသီး၊ စပျစ်သီးမျိုးစုံနှင့် ခရမ်းရင့်ရောင်အယ်လ်ဒါဘယ်ရီ အစရှိသည့် အသီးများဖြင့် ပြုလုပ်ကြလေ့ရှိပါတယ်။ သို့သော် စပျစ်သီးဖြင့်သာအများဆုံးပြုလုပ်ကြလေ့ရှိပြီး ဝိုင်ဆိုသည့် စကားလုံးသတ်မှတ်ချက်အရ အခြားသောအသီးများဖြင့် ကဇော်ဖောက်ပြီးပြုလုပ်ထားသည့် ယမကာအရည်များကိုမူ အရည်အချင်းမပြည့်မီသည့် ဝိုင်ဟု သတ်မှတ်ထားပါတယ်။

🔸အစောဆုံးတွေ့ရှိမှုများ

အစောဆုံးတွေ့ရှိမှုကို ခြေရာကောက်ကြည့်လျှင် ဂျော်ဂျီယာ BC6000ခန့်၊ အီရန်(ပါးရှား) BC5000ခန့်၊ အာမေးနီးယား BC4100ခန့်၊ စစ္စလီ BC4000ခန့် မှစတင်သောက်သုံးခဲ့တယ်လို့ သိရှိရပါတယ်။ BC4500ခန့်တွင် ဘော်လကန်ဒေသသို့ရောက်ရှိခဲ့ပြီး ထိုမှတဆင့် ရှေးခေတ်ဂရိ၊ ရောမနှင့် အရှေ့တောင်ဥရောပနိုဂ်ငံဖြစ်သည့် ဘူဂေးလ်ရီးယားရှိ Thrace ဒေသတို့တိုင်အောင် ပျံ့နှံ့ရောက်ရှိခဲ့ပါတယ်။ ထိုအချိန်းကတည်းကပင် ဝိုင်ကို ဂုဏ်ပြုသည့် သောက်စရာယမကာတစ်မျိုးအဖြစ်သာမကာ မူးယစ်စေတတ်သော အာနိသင်ကြောင့်ပါ သောက်သုံးခဲ့ကြပါတယ်။

ရှေးဟောင်းသုတေသန၊ ရုက္ခဗေဒဆိုင်ရာနှင့် မျိုးရိုးဗီဇဆိုင်ရာအထောက်အထားများအရ ကော့ကေးဆက်တောင်ပိုင်း (ယခုခေတ် အာမေးနီးယား၊ ဂျော်ဂျီယာ၊ အဇာဘိုင်ဂျန် တို့ပါဝင်) တူရကီအရှေ့ပိုင်း၊ အီရန်မြောက်ပိုင်းကြားရှိ အနောက်အာရှဒေသကြီး မှစတင်ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။ BC4100ခန့်တွင် စတင်တည်ထောင်ခဲ့သည့် အစောဆုံးနှင့် လူသိအများဆုံးဖြစ်သည့် အာမေးနီးယားရှိ Areni-1 ကို ဝိုင်ထုတ်လုပ်ရာအရပ်အဖြစ် လက်ခံထားကြပါတယ်။

ရှေးဟောင်းသုတေသနပညာရှင်များ၏ ၂၀၀၃ခုနှစ် အစီရင်ခံစာအရမူ လွန်ခဲ့သောနှစ်ပေါင်း၇၀၀၀ခန့်က ရှေးခေတ်တရုတ်ပြည် Jiahu, Henan ဒေသတွင် ဆန်နှင့်စပျစ်သီးကိုရောပြီး ကဇော်ဖောက်ထားသည့် ယမကာများကို တွေ့ရှိခဲ့တယ်ဆိုပြီး ဖော်ထုတ်တင်ပြခဲ့ပါတယ်။ ဖြစ်နိုင်ချေအရမူ အဆိုပါဒေသရှိ တူးဖော်ရရှိသည့်မြေအိုးများတွင် တာတာရစ်အက်ဆစ်နှင့် ဝိုင်များတွင်တွေ့ရလေ့ရှိသည့် အခြားသောအော်ဂဲနစ်ဓာတ်ပေါင်းများပါဝင်သည်ကို တွေ့ရှိရသည်ဟု ဆိုကြပါတယ်။

🔸ဝိုင်အမျိုးအစားများ

ဝိုင်များကို စပျစ်အမျိုးအစားနှင့် အခွံပါဝင်မှုအပေါ်လိုက်၍ အမျိုးအစားများခွဲခြားထားပါတယ်။

🔹Red Wine @ ဝိုင်နီ
အပြာရောင်ရှိသည့်စပျစ်အမျိုးအစားကို အခွံပါရောထည့်၍ ကဇော်ဖောက်ကာ ပြုလုပ်ထားပါတယ်။

🔹White Wine @ ဝိုင်ဖြူ
အစိမ်းရောင်ရှိသည့် စပျစ်အမျိုးအစားကို အကိုင်းအခက်များဖယ်ရှားထားသည့် အပြာရောင်စပျစ်မျိုးနှင့် ရောနှောကာ ပြုလုပ်ပါတယ်။

🔹Rosé Wine @ နှင်းဆီဝိုင်
အပြာရောင်စပျစ်သီးဖြင့်ပင်ပြုလုပ်သော်လည်း ကြိတ်ချေခြင်းလုပ်ငန်းစဥ်အပြီး ကဇော်ဖောက်ခြင်းလုပ်ငန်းစဥ်အစပိုင်းတွင် စပျစ်အခွံများကိုဖယ်ရှားခြင်းဖြင့် ပြုလုပ်ကြပါတယ်။ သို့မဟုတ် Rosé Wine ပြုလုပ်သည့် စပျစ်မျိုးကွဲဖြင့်လည်း ပြုလုပ်ကြပါတယ်။

🔹Orange Wine @ လိမ္မော်ရောင်ဝိုင်
ဝိုင်ဖြူပြုလုပ်သည့် အစိမ်းရောင်စပျစ်အမျိုးအစားဖြင့်ပင်ပြုလုပ်သော်လည်း စပျစ်အခွံများကို ဖယ်ရှားခြင်းမပြုလုပ်ပါ။

🔹Sparkling Wine @ လျှပ်စီးအလင်းရောင်ကဲ့သို့ ကြည်လင်တောက်ပသည့်ဝိုင်
အပြာရောင်နှင့်အစိမ်းရောင်ရှိသော စပျစ်အမျိုးအစား၂မျိုးစလုံးကို အသုံးပြု၍ ပြုလုပ်ထားပါတယ်။
Champagne အမျိုးအစားအတွက်မူ ပြင်သစ်နိုင်ငံ အရှေ့မြောက်ပိုင်း Reims ဒေသတဝိုက်တွင် ကောင်းမွန်စွာဖြစ်ထွန်းအောင်မြင်သည့် Pinot noir, Pinot Meunier, Chardonnay အမည်ရှိ စပျစ်အမျိုးအစားများဖြင့်ပြုလုပ်ပြီး အဆိုပါဒေသမှထွက်ရှိတဲ့ Sparkling Wine အမျိုးအစားကိုသာ Champagne ဟုခေါ်ဝေါ်ကြပါတယ်။

🔹Fortified Wine @ အပြင်းစားဝိုင်
အခြားသော ဝိုင်အမျိုးအစားအားလုံးထက် အယ်လ်ကိုဟောလ်ပိုမိုပါဝင်ပါတယ်။

🔹Ice Wine @ ဝိုင်ချိုမွှေး
အယ်လ်ကိုဟောလ်ပါဝင်မှုနည်းပြီး ချိုသောအရသာရှိသည့် ဝိုင်အမျိုးအစားဖြစ်ပါတယ်။

🔹Dessert Wine @ ဝိုင်ချို
အစားအစာများ သုံးဆောင်ပြီးနောက် အချိုပွဲအနေဖြင့် သောက်သုံးရသည့် ဝိုင်ချိုအမျိုးအစားဖြစ်ပါတယ်။

အထက်ပါဝိုင်အမျိုးအစားများတွင် ကွဲပြားသောဂုဏ်သတ္တိများရှိပြီး လက်တွေ့တွင်မူ ၎င်းတို့ကို မတူညီသည့် အဖျော်ယမကာတစ်မျိုးအဖြစ်သာ သတ်မှတ်ထားကြပါတယ်။

ဝန်ခံချက် ။ ။ ယခုစာစုကို သောက်သုံးသူဘက်မှ လွယ်ကူရိုးရှင်းစွာဖြင့် ဝိုင်အမျိုးအစားများကို ခွဲခြားတတ်စေရန် ရည်ရွယ်ကာ ရေးထားခြင်းဖြစ်သောကြောင့် ဝိုင်ပြုလုပ်နည်းများတွင် အမှားအယွင်းများ၊ကွဲလွဲမှုများရှိခဲ့ပါက သဘောထားကြီးစွာထားကာ လမ်းညွှန်ရှင်းပြပေးမည်ဆိုပါက ဝမ်းမြောက်ဝမ်းသာလက်ခံမည်ဖြစ်ပါတယ်။

ရီဝေစွာဖြင့်
#ယမကာသုတေသီ_တင်အောင်လွင်

30/09/2023

တနေကုန် မိုး အငို မတိတ်တာ

ပြသနာ မဟုတ်ဘူး ဆိုပေမယ့်

ဒီလိုနေ့မျိုး မှာ

လေဒီ ကြိုက်မယ့် ဝိုင် တခွက်ကို ဖန်တီးပြီး အမှတ်ယူလိုက် …သင့်တာဗျာ…..

ဟာ….

ဘီးကြဲ စာဖတ်မနေနဲ့ မှာလိုက်တော့လေ

နှစ်ယောက်ထဲ ဆို ပုလင်းသေးပဲ မှာ ရီဝေဝေလေးနဲ့

Save
#ကျန်းမာရေးနဲ့လဲ ညီညွတ်

အသဲကွဲတောင် ဝိုင်

200ml 5000
750ml 20000

28/09/2023

Audio လေးတွေ ဝင် နားထောင် ဖြစ်ခဲ့ရင် လေ

Muu -မူး Page ကို

Like လေး တချက် 🥂
follow လေး တချက် လုပ်ပေးသွားပါနော်🍷

Thank for watching 🍷🍾

ဝိုင်လေး မှာမယ် ဆိုရင်တော့

Page cb Or Contact us
09757982626 ဆက်သွယ်မှာယူနိုင်ပါတယ်

27/09/2023

ကနေဒါမှာရှိတဲ့တက္ကသိုလ်တစ်ခုရဲ့ လေ့လာတွေ့ရှိချက်သစ်အရ ဝိုင်နီ မှာပါတဲ့ဓာတ်ကနေရရှိတဲ့ ကျန်းမာရေးအကျိုးကျေးဇူးဟာ လေ့ကျင့်ခန်းလုပ်ရင်းရလာတဲ့ ကျန်းမာရေးရလဒ်နဲ့ တစ်ထပ်တည်းကျပါတယ်တဲ့။ Gym သွားကစားရင်းရတဲ့ရလဒ်ကောင်းတွေဖြစ်တဲ့ ကိုယ်လက်သန်စွမ်းမှု၊ဖျတ်လတ်ကြံ့ခိုင်မှု၊ နှလုံးလမ်းကြောင်းနဲ့ ကြွက်သားတွေ အားကောင်းသန်မာလာမှုတွေကို
ဝိုင်နီ သောက်ရင်းလည်း ရနိုင်ပါတယ်လို့ဆိုထားပါတယ်။

ဒီရှာဖွေတွေ့ရှိချက်ဟာ လေ့ကျင့်ခန်းမလုပ်နိုင်သူတွေအတွက် တစ်နည်းတဖုံအထောက်အကူပေးမယ်လို့ယုံကြည်ပါတယ်’လို့ ရှာဖွေတွေ့ရှိချက်ကိုဦးဆောင်သူကပြောပါတယ်။ Researchers တွေက ဝိုင်သောက်ရင်းရလာမဲ့ ကျန်းမာရေးဆိုင်ရာအကျိုးကျေးဇူးတွေနဲ့ပတ်သက်ပြီး စနစ်တကျဆွေးနွေးတင်ပြထားပြီး တစ်နေ့မှာဝိုင်တစ်ခွက်ပုံမှန်သောက်သုံးနေသူတွေဟာ

"ကင်ဆာဖြစ်ပွားမှုနှုန်းနည်းမယ် ၊ နှလုံးအားကောင်းမယ် ၊ နောက် ဇရာဆိုတာဘာမှန်းဆိုတာမသိအောင်ကို နုပျိုနေမယ်ဆိုတာကို အထင်းသားမြင်ရမှာပါ"

လို့အတိအလင်းဆိုထားပါတယ်။

Crd to original uploader

26/09/2023

အရက်ကို
အားကစားဝတ်စုံလေး ဝတ်ပြီး
သောက်ကြည့်တယ်။
မူးတာပဲ …

စတစ်ကော်လံလေးနဲ့
လူကောင်းယောင်ဆောင်ပြီး
သောက်ကြည့်တယ်
မူးတာပဲ…

Tshirt လေးဝတ်ပြီး
လူငယ်အထာနဲ့ သောက်ကြည့်တယ်
မူးတာပဲ…

Shirt ဝတ်ပြီး
လူကြီးလူကောင်းတစ်ယောက်လို
သောက်ကြည့်တယ်
မူးတာပဲ…

စွတ်ကျယ် ဝတ်ပြီး
ရပ်ကွက် အထာလေးနဲ့
သောက်ကြည့်တယ်
မူးတာပဲ…

စုပ်ပျက်သက်နေတဲ့
အဝတ်စားလေးနဲ့ ထပ်သောက်ကြည့်တယ်
မူးတာပဲ…

ကျနော်အရက်ကို နားလည်သွားပြီ
ဒီကောင်က ဝတ်စားဆင်ယင်မှုတွေ
ဂုဏ်ဓနတွေ ငွေကြေးတွေ မခွဲခြားပဲ
တန်းတူညီမျှ မှုဆိုတဲ့ အရာကိုပေးတယ်။

သူက လူမျိုးမရွေးဘူး
ဘာသာလည်းမခွဲခြားဘူး. .!

အသားအရောင် ဖြူ နက် ညိုပြာ စိတ်မဝင်စားဘူး !

ကိုကာကိုလာနဲ့လည်း နေပျော်တယ်
ရေခဲနဲ့လဲ တင်းတိမ်တယ်
ရေသန့်လေးနဲ့ဆိုလည်း ရောင်ရဲတယ်
ဆိုဒါ နဲ့လဲ ကျေနပ်တယ်

အဓိက သူ့ရဲ့ ရည်ရွယ်ချက်ကိုက
လူတန်းစားမရွေး မူးယစ်ရီဝေစေဖို့ပဲ

မာန်မာန ကင်းတယ်
အဆောင်ယောင်နဲတယ်

သူ့မှာ စေတနာလေးတစ်ခုပဲ ရှိတယ်
လူတန်းစားအနိမ့်မြင့် မမရွေး
မူးယစ်ရီဝေ ပျော်ရွှင်စေချင်တာလေးတစ်ခုပါပဲ

ဒါ့ကြောင့် ရိုးသားအပြစ်ကင်းစင်ပြီး
စေတနာဖြူတဲ့ အရက်ကိုပဲ
ကျနော်ချစ်တယ်…

အဲ့ဒါကြောင့် ဒီနေ့လဲ မူးတယ် ....🤪🤪

Credit original uploader

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


No. 1 Industrial Road
Yangon
11081