Baby San Wint YaTi Hnaung
Knowledge Sharing & Lovely Caring to Our Baby 🍼❤️👶🤱🧑🍼👪👩❤️👨👪🧑🍼🤱👶❤️🍼
တကယ်ကို အေးဆေးမနေရတာပါ 😅😅
ဆော့နိုင်လွန်းစိန်တွေ 🙉
Video crd to original uploader
28/10/2025
Makeup Artists တွေရဲ့ အသဲစွဲ
Pixy Perfect Fit Two Way Cake
Price - 20,000Ks (လက်ကားစျေး သီးသန့်ရှိ)
ခုလို ပွဲလမ်းသဘင်များတဲ့ ကာလမှာ ပွဲတက်ဖို့အတွက် မိတ်ကပ်ကောင်းကောင်းလေး ရှာနေပြီဆိုရင် Pixy Two Way Cakeလေးကို သတိရလိုက်ပါရှင်
🌸 PIXY Two Way Cake ဆိုတာ ဘာလဲ?
မသိသေးတဲ့သူတွေ မသုံးဖူးသေးတဲ့သူတွေအတွက် ရှင်းပြပေးမယ်နော်
🌸 PIXY Two Way Cake ဆိုတာကတော့ မင်မင်တို့ အသဲစွဲ အချစ်ဦး သုံးဖူးသူတိုင်း ပြန်လာဝယ်ပြီး အရမ်းကြိုက်ကြတဲ့ Two Way Cake လေးပေါ့ရှင်
🌸 ဘယ်လိုအသားရေမျိုးဖြစ်နေပါစေ အသားရေပေါ်မှာ သေချာ Perfect fitစေပြီး အသားရေတိုင်းရဲ့ လိုအပ်တဲ့ အစိုဓာတ်နဲ့ သေချာညှိပေးနိုင်စွမ်းရှိပါတယ်
🌸 Powder လေးတွေကို သေချာသိပ်သိပ်သည်သည်း လုပ်ထားပြီးတော့ ကိုယ်အသုံးပြုတက်ရင် လိုသလို သုံးနိုင်တဲ့ Press Powder လေးပါရှင်
🌸 သူထဲမှာ SPF 30 PA++! ပါ၀င်ပြီးတော့ UVB& UVA ကို ကာကွယ်ပေးပါသေးတယ်ရှင်
✨️Skin နဲ့ တစ်သားတည်းဖြစ်ပြီး 12 နာရီအထိ မျက်နှာပေါ်မှာ long lastingဖြစ်စေပါတယ်ရှင်
✨️Brightening Agentပါ၀င်တဲ့အတွက် လိမ်းလိုက်တာနဲ့ မျက်နှာလေးကို လင်းလင်း၀င်း၀င်းဖြစ်စေမှာ အမှန်ပါပဲရှင်
အသုံးပြုနည်းလေးကိုလဲ ပြောပြပေးမယ်နော်
🌸 BB Cream သို့ Foundation လေးနဲ့ လိမ်းတဲ့ အခါကျရင်တော့ Brush လေးနဲ့ ယူပြီး ခပ်ပါးပါး ပုတ်လိမ်းပေးပါတယ်။ Makeup သားကြာကြာခံပြီးတော့ အဆီထိန်းနိုင်ပါတယ်ရှင်
🌸 နောက်တစ်နည်းကတော့ Powder Foundation အနေနဲ့ လိမ်းတာဖြစ်ပြီးတော့ ဒီတိုင်း ပေါ့ပေါ့ပါးပါးလေးပဲ လိမ်းထားရင်ကို Coverageက အပြည့်ပေးပြီး မှုန်ညက်နေတာမျိုးနော်
🌸 ရေစိုနေတဲ့ Sponge လေးနဲ့ တို့တို့ပြီးတော့ လိမ်းမယ်ဆိုရင် Everyday Makeup အတွက်ကတော့အရမ်းကို အဆင်ပြေတယ်နော်
🌸 လိုအပ်တဲ့ အချိန်တိုင်းမှာလဲ Touch Up ပြန်လုပ်ရလွယ်ကူစေပါတယ်ရှင်
🌸 PIXY ရဲ့ UV Two Way Cake လေးကို သဘောကျပြီး အမြဲလိုလို ညွှန်းရတဲ့ အချက်ကတော့ ပေါင်ဒါအရောင် ၈ရောင်တောင် ရှိတာဖြစ်ပြီးတော့
🌸 မြန်မာမိန်းကလေးတိုင်းရဲ့ အသားပေါ်မှာ မိမိနဲ့ အလိုက်ဆုံး အရောင်လေးတွေကို ရွေးချယ်သုံးနိုင်မှာဖြစ်ပါတယ်ရှင်
🌸 အသားညိုသူ မဲသူတွေကတော့ Tropical Beige နဲ့ဆို ကွက်တိဖြစ်စေမှာပါရှင်
🌸 အသားညိုတဲ့သူလေးတွေအတွက်ဆို Tropical Beigeကို recommendပေးပါတယ်
🌸 သူက အပြင်မှာညိုတယ်ထင်ရပေမဲ့ လိမ်းလိုက်ရင် မျက်နှာနဲ့ တစ်သားဖြစ်သွားပြီး Skinလေးကို ညက်ညက်မှုန်မှုန်လေးဖြစ်စေပါတယ်
🌸 မင်မင်ကိုယ်တိုင်လဲ အဲ့အရောင်လေးပဲ သုံးလာခဲ့တာပါ
🌸 PIXY ရဲ့ Two Way cake လေး Packaging ကတော့ အဖြူရောင် ဗူးအပြားလေးဖြစ်ပြီးတော့ အိတ်ထဲဆောင်သွားလို့လဲ အရမ်းကို အဆင်ပြေပါတယ်
✨️Good Point ✨️
🌸 Powder သားက အရမ်းကို Smooth ဖြစ်ပြီး Sponge နဲ့ရော Brush နဲ့ရော သုံးရလွယ်တယ်။
🌸 အနံ့လေးကတော့ Cherry ပန်းနံ့လေး သင်းသင်းလေး ရတယ်
🌸 Foundation ပေါ်မှာ လိမ်းပြီးရင် Matte Finished ဖြစ်တော့ ကြာကြာခံတယ်
🌸 နေ့လည်နေ့ခင်း ပြန် Touch up လုပ်ရင်လဲ အဆင်ပြေတယ်
🌸 Two Way လေးကို ဒီတိုင်းလေးပဲ လိမ်းပြီး အပေါ်က Spray လေးဖြန်းရင် Glow Look လေးရပါတယ်
🌸 Pixyရဲ့ပစ္စည်းလေးတွေက Japan. Quality product ဆိုတဲ့အတိုင်း quality ကောင်းပြီး စျေးနှုန်းသင့်တင့်တာမို့ ညီမလေးတွေ အစ်မတွေအတွက် recommend ပေးလိုက်ပါတယ်
🌸 မင်မင်တို့ Official ကနေပဲ ဝယ်ပေးတာမို့ ပစ္စည်း Quality စိတ်ချပါရှင်
🤍 ငွေကြိုမယူပဲ စိုက်ဝယ်ထားပေးမှာမလို့ Order လေးမှာယူပြီးရင် Cancel လို့မရတာနားလည်ပေးပါရှင်🥰
💚Preorder-No Prepaid
📢Order Confirm ပြီးရင် Cancel လုပ်လို့မရပါရှင်
🤍 ငွေကြိုမယူပဲ စိုက်ဝယ်ထားပေးမှာမလို့ Order လေးမှာယူပြီးရင် Cancel လို့မရတာနားလည်ပေးပါရှင်🥰
📢Order Confirm ပြီးတာနဲ့တန်းဝယ်ပေးတာမို့ ပစ္စည်းရောက်လာမှ Cancel လုပ်လို့မရပါရှင်
💚Preorder-No Prepaid
‼️Waiting time- 1 month‼️
Waiting time လေးက ပိုလဲကြာတတ်တာမို့ စိတ်ရှည်ရှည်လေးတော့စောင့်ပေးပါနော်သဲလေးတို့
❗️ ရာသီဥတုအခြေနေနဲ့ လမ်းခရီးခြေနေကြောင့် စောင့်နိုင်မှ လာမှာပေးကြပါနော် ❗️
❗️ ရက်လော Order များလက်မခံပါရှင်❗️
We 100% fully guarantee ours imported products.
Thanks for shopping with us 💓
#အိမ်ရောက်ငွေချေ
မင်မင့်လို sensitive skin တောင်
ကိုယ်တိုင်သုံးနေတာမို့ ယုံကြည်စိတ်ချစွာ
မှာယူနိုင်ပါတယ်
ဇာတ်သိမ်းမလှတဲ့ မြောင်မြောင့်ဘဝ 😅😌
Crd video
🤭💪🐱🍀
Crd video
ဒီလို video လေးတွေ တွေ့ရင်
ကိုယ့်ရဲ့ဘေဘီအသစ်လေးကို
ထပ်လိုချင်မိတယ်
ဒါပေမယ့် အိမ်က အမွှေစိန်မျောက်မလေးကို
ပြန်မြင်ယောင်လိုက်ရင် မလိုချင်တော့ပြန်ဘူး 🤭
Crd video
06/03/2025
Waiting Ferry before I go to my school 🎒🏫🍀
📷 By Mommy 😘
အသက် ၁နှစ်ခွဲ၊ ၂ နှစ်ကျော် ဝတ်လို့ရမယ့်
မိန်းကလေးဝတ် အင်္ကျီဘောင်းဘီဂါဝန်လေးတွေ
လက်ဆောင်ပေးမှာမို့ လိုချင်သူများရှိရင်
မန့်ပေးသွားပါနော်
တစ်ယောက်တည်းကိုပဲ ရွေးချယ်ပြီး
YGN ဆို Deli free နဲ့ ပို့ဆောင်ပေးသွားမယ်နော်
နယ်ဆိုရင်တော့ ကားဂိတ်ကို free တင်ပေးပါ့မယ်
တန်ဆာခတော့ ကိုယ့်ဘာသာကိုယ်ပေးပါနော် 🫶
မှတ်ချက် - သမီးလေးရဲ့အဝတ်တွေမို့လို့
အသစ်မဟုတ်ပေမယ့် အမှန်တကယ်
တန်ဖိုးထားဝတ်ပေးနိုင်မယ့်သူတွေပဲ မန့်ပေးပါနော် ✌️
ယူပြီး မဝတ်ပဲချောင်ထိုးထားမယ့်သူတွေတော့
မမန့်ပါနဲ့ရှင် 🤗
မီးမီး လှလားရှင် 🥰💚🤍🩵
မီးမီးစံဝင့်ရတီနှောင်းရဲ့ အကအလှလေးပါရှင် 🤭😘
အားလုံးပဲ နှစ်သစ်ကူးအခါသမယမှာ
စိတ်ညစ်စရာများ လျော့ပါးနိုင်ကြပါစေ 🌈
👶အမေ့လို ရင်မှာထွေးပြီး
ချိုတေးမဆိုပေမယ့် 🤱
👶အနမ်းတွေ ညင်သာပေးပြီး
ချော့မသိပ်ပေမယ့်လည်း 🧑🍼
အရင်ကတော့ ဒီသီချင်းနားထောင်ရင်
ဘာမှထွေထွေထူးထူးမခံစားရဘူး
ကိုယ့်အသက် 9 နှစ်လောက်ကတည်းက
အဖေက ကွယ်လွန်သွားခဲ့တာဆိုတော့
ဖခင်မေတ္တာကို သိပ်မသိခဲ့ဘူး
သူများတွေ အဖေနဲ့သားသမီး
ပျော်ရွှင်နေကြတာ မေတ္တာပေးကြတာတွေ့ရင်
သူတို့အတွက် ကျေနပ်မိပြီး
ကိုယ့်အတွက် စိတ်မကောင်းဖြစ်တာကလွဲလို့
ထွေထွေထူးထူးမရှိခဲ့ဘူး 🤗
အခု ကိုယ့်မှာ သမီးလေးတစ်ယောက်ရလာတဲ့အခါ
ကိုယ်ရွေးချယ်ထားတဲ့ အမျိုးသားရဲ့
သမီးလေးအပေါ်ထားတဲ့ စိတ်ထားလေးတွေ
အပြုအမူလေးတွေ ခံယူချက်လေးတွေကို
မျက်ဝါးထင်ထင်မြင်ရတဲ့အခါ
ဖခင်မေတ္တာငတ်ခဲ့တဲ့ ကိုယ့်အတွက်
သမီးလေးကိုယ်စား အရမ်းပျော်ရွှင်ရတယ် 🥺
အခု ဒီသီချင်းကို နားထောင်တိုင်း
သမီးလေးအပေါ်ထားတဲ့ သူ့ရဲ့မေတ္တာတွေကို
ပုံဖော်ကြည့်မိပြီး ရင်ထဲ တကယ်ထိရှမိပါတယ်😔
ချွင်းချက်အနေနဲ့ကတော့
ကိုယ့်အမျိုးသားမှမဟုတ်ပါဘူး
လူ့အသိစိတ်ရှိတဲ့ အမျိုးသားတိုင်း
ဖခင်ကောင်းဖြစ်လိမ့်မယ်ဆိုတာ ယုံကြည်ပါတယ် ☺️
Molay's May May
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Yangon
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |
