Dr.M Skin & Aesthetic Clinic

Dr.M Skin & Aesthetic Clinic

Share

Your Beauty, Our Best Value!

22/03/2020

ကမ္ဘာမြေရဲ့ မျှတခြင်းသီချင်း
----------------------------------

COVID ရဲ့ ခြိမ်းခြောက်မှုတွေ တနေ့တခြား များလာတဲ့နောက် တကမ္ဘာလုံးမှာ ရောဂါမဖြစ်ပွားသေးတဲ့ နိုင်ငံဆိုလို့ ခုဂဏန်းသာ ကျန်ရှိပါတော့တယ်။ နေ့လား ညလား။ ဘယ်အချိန်၀င်ရောက်လာမလဲ။ Patient Zero ဟာ ဘယ်သူလဲ။ မေးခွန်းတွေ အများကြီးရှိနေပေမယ့် မြန်မာနိုင်ငံကတော့ လက်ရှိအချိန်ထိ တောင့်ခံထားနေဆဲပါ။ တကမ္ဘာလုံး ဆင်းရဲတဲ့နိုင်ငံ၊ ချမ်းသာတဲ့နိုင်ငံ မရွေးပဲ တက်ညီလက်ညီ ကူးစက်နေတဲ့ ဒီရောဂါကြီးကို ကာကွယ်နေရတာ အတော်ခက်ခဲပါတယ်။ ရုပ်ရှင်ကားတွေထဲကလို အားလုံးကို ကူးစက်နေတဲ့အချိန်မှာ နောက်ဆုံးတနေရာကနေ အသင့်ပြင်ပီး စောင့်နေရသလို ရင်တထိတ်ထိတ်နဲ့ပါ။

၀န်ကြီးဌာနကတော့ တခြားကူးစက်ခံထားရတဲ့ နိုင်ငံတွေဆီက ကောင်းကျိုး ဆိုးကျိုးတွေကို အတုယူနိုင်ခဲ့ပါတယ်။ ဥရောပနိုင်ငံတွေမှာ အကြီးအကျယ် ကူးစက်တာက လူတွေရဲ့ ဂရုစိုက်မှုနည်းတာလဲ ပါပါတယ်။ ရောဂါစတင်ကူးစက်နေတဲ့အချိန်ထိ အေးဆေးပါပဲ။ အခုချိန်အထိလဲ အင်္ဂလန်မှာ ဘားတွေ လူပြည့်နေသလို အမေရိကန်မှာလဲ လျှောက်သွားနေကြတုန်းပါ။ ဒါကြောင့် အင်္ဂလန်မှာ ဘားတွေ ပိတ်ဖို့ အမိန့်ထုတ်ရသလို အမေရိကန်မှာလဲ ကူးစက်သူ ၂၀၀၀၀ လောက်အထိ ခုန်တက်သွားပါတယ်။

မြန်မာနိုင်ငံအနေနဲ့က ဘတ်ဂျတ်အနေအထားအရလဲ ဆေးရုံအသစ်တွေ ဆောက်ဖို့ မလွယ်ပါဘူး။ ဒီတော့ ပြန်လာသူတွေကို ထားရှိဖို့ နေရာအသစ်တွေ ဖန်တီးရပါတယ်။ အများစုက ရန်ကုန်ကို လာတာမို့ ရန်ကုန်မှာ နေရာသစ်တွေ လိုအပ်ပါတယ်။ ဒါကြောင့် တောင်ဥက္ကလာအပြင် လှည်းကူး၊ သိမ်ဖြူ အစရှိသဖြင့်ပြင်ဆင်ထားပေမယ့် မလုံလောက်နိုင်တာကြောင့် ကျောင်းတိုက်တွေ၊ ဘောလုံးအဆောင်တွေကိုပါ အသင့်ပြင်နေရပါတယ်။ ပြည်သူတွေဘက်က ပူးပေါင်းပါ၀င်ပေးကြတာ ၀မ်းသာစရာပါပဲ။ အခုထိ ကျန်းမာရေးဌာနဲ့ ပြည်သူတွေဟာ အချိတ်အဆက်မိမိ ပူးပေါင်းပီး ကာကွယ်ထားနိုင်ကြဆဲပါပဲ။

တဖက်မှာလဲ ထိုင်းဘက်က ပြန်လာသူတွေ အလုံးအရင်း ၀င်ရောက်လာပါတယ်။ စက်ရုံအလုပ်ရုံတွေ ပိတ်လို့ ပြန်လာကြတာ အများစုပါ။ ကိုယ့်နိုင်ငံသားတွေဖြစ်လို့ လက်မခံဘူးလို့ ပြောလုိ့မရပါဘူး။ ဒီလို ကမ္ဘာမြေရဲ့ အချိန်အခါဆိုးကြီးမှာ လူသားတွေဟာ အမေ့အိမ်ကို တမ်းတကြမှာပါ။ အပြစ်မဆိုပါဘူး။ ဒါပေမယ့် လိုအပ်တာလေးတွေ ရှိပါတယ်။ သူတို့ဟာ အိမ်ပြန်ရောက်ရင် အိမ်ထဲက အပြင်မထွက်ပဲ ၁၄ ရက်နေရပါမယ်။ ရောဂါလက္ခဏာတခုခုပြရင် သတင်းပို့ရပါမယ်။ အဲလိုမှ မဟုတ်ပဲ လျှောက်သွားနေတယ်။ အိမ်ကို တန်းမပြန်ပဲ အမျိုးတွေဆီ ၀င်လိုက်၊ ယောက္ခမအိမ် တညအိပ်လိုက် ဆိုရင်တော့ အရင်ဆုံး ခံစားရမှာက သူတို့ရဲ့ မိသားစုတွေပါပဲ။ အဲဒါကို သတိချပ်စေချင်ပါတယ်။

တခါလူတွေ အမေးများတဲ့ ဆေးထောက်ခံစာ ဘယ်လိုယူရမလဲဆိုရင် ပြည်သူ့ကျန်းမာဌာနတွေနဲ့ ဆက်သွယ်ကြည့်ပါလို့ ပြောပါရစေ။ နောက်ပီး မသင်္ကာဖွယ်နိုင်ငံခြားသားတွေ တွေ့လို့ သတင်းပို့ချင်ရင် ဘယ်ကို ပို့ရမလဲဆိုရင်တော့ ကိုယ့်ရပ်ကွက် အုပ်ချုပ်ရေးမှူးကိုသာ သွားပြောလိုက်ပါ။ ကျန်တာကို အဆင့်ဆင့် ဆက်လုပ်သွားပါလိမ့်မယ်။ သတင်းမှားတွေတော့ မပို့ကြပါနဲ့။ ဒီအခါမှာ အချိန်ကလဲ အလွန်အရေးပါနေလို့ပါ။

ဆေးရုံတွေ ဆေးခန်းတွေက ဆရာ၀န်တွေအတွက်လဲ လှူဒါန်းမှုတွေ ပြုလုပ်ပေးနိုင်ကြပါတယ်။ အဲဒီအတွက်ကတော့ သက်ဆိုင်ရာဆေးရုံတွေနဲ့ ဆက်သွယ်ပီး လှူဒါန်းနိုင်ကြပါတယ်။ တတ်နိုင်သလောက် နည်းများမဆို လှူလို့ရပါတယ်။ ရှေ့တန်းက တိုက်ပွဲ၀င်နေရသူတွေ ဒါဟာ ခွန်အားဖြစ်စရာပါပဲ။ ဒါ့အပြင် ဆေးရုံကို ကလေးတွေ ခေါ်လာတာ။ အသက်ကြီးသူတွေ ခေါ်လာတာမျိုးကို လုံး၀ ရှောင်ကျဉ်ပါ။ အန္တရာယ်များလှပါတယ်။ ကိုယ်တိုင် နိုင်ငံခြားက ပြန်လာရင်လဲ ၁၄ ရက် တိတ်ိ Quarantine အလုပ်ခံပါ။ ဒါဟာ သင့်အတွက်ကော သင့်မိသားစုအတွက် ပြည်သူတွေအတွက် နိုင်ငံတော်အတွက် ဖြစ်ပါတယ်။ ဒီအတွက် ငွေကြေးကုန်ကျမှုမရှိပဲ အရာရာကို Free ပေးထားပါတယ်။

ကမ္ဘာမြေကတော့ ခေတ်သစ်သမိုင်းမှာ အကြီးမားဆုံး ကပ်ဘေးနဲ့ ကြုံတွေ့နေရပါပီ။ သစ်တောတွေ ပြုန်းတီးကုန်တာ၊ တောမီးတွေလောင်တာ၊ စက်ရုံအလုပ်ရုံတွေက ထုတ်တဲ့ မီးခိုးတွေ၊ စွန့်ပစ်ပစ္စည်းနဲ့ ပလတ်စတစ်တွေ ပြည့်နေတဲ့ ရေပြင်တွေ၊ မျိုးတုန်းသွားတဲ့ တိရစ္ဆာန်ပေါင်းများစွာ၊ ညစ်ညမ်းနေတဲ့ လေထုတွေ၊ အိုဇုန်းလွှာ ပျက်ဆီးမှုတွေ။ ဒါတွေ အားလုံးအတွက် တာ၀န်အရှိဆုံးက လူသားတွေပါ။ ကျနော်တို့ကပဲ ဒီလိုနဲ့ ကမ္ဘာမြေရဲ့ ဂေဟစနစ်ကို ဖျက်ဆီးခဲ့ကြပါတယ်။ အခုတော့ ကမ္ဘာမြေဟာ လူသားတွေကို အိမ်တွေထဲ ချုပ်နှောင်ထားပါပီ။ ဒါကြောင့်ပဲ ရေပြင်တွေ ကြည်လင်လာသလို လေထုတွေ သန့်ရှင်းလာပါတယ်။ ဒီရောဂါကြီး ပြီးဆုံးဖို့တော့ ဘယ်လောက်ကြာဦးမလဲ မသိပါဘူး။ လူသားတွေဟာ ကို
ယ်ဖန်တီးခဲ့တဲ့ အရာတွေအတွက် ပြန်ခံစားနေရချိန်မှာ ကမ္ဘာမြေကတော့ သန့်ရှင်းသာယာလာနေပီး မျှတခြင်း တေးတပုဒ်ကို တေးသီနေပီပဲဖြစ်ပါတော့တယ်။

Credit to Nay Thway

15/03/2020

ဝက်ခြံ၊ အမာရွတ်ကင်းစင်ပြီး ကြည်လင်ချောမွတ်တဲ့အသားအရေမျိုးကို ပိုင်ဆိုင်ချင်ကြတယ်မလား ♥️

ဝက်ခြံ၊ အဆီဖု၊ နေလောင်၊ အမဲစက်၊ အမာရွတ်တွေအတွက် အထိရောက်ဆုံးဖြစ်တဲ့ Chemical Peeling Treatment အကြောင်း ပြောပြပေးချင်ပါတယ်။

Chemical Peelingလုပ်တယ် ဆိုတာကတော့ အပေါ်ယံအရေပြားအလွှာမှာရှိတဲ့ ပျက်ဆီးနေတဲ့ cells တွေကို Peeling Solution အပျော့စားနဲ့ မျက်နှာပေါ်က အညစ်ကြေးတွေကိုအောက်ဆုံးအလွှာထိ သန့်စင်ပေးတာပါ။ ဝက်ခြံ၊ အဆီဖု၊ အမဲစက်ထွက်တယ်ဆိုတာ ချွေးပေါက်မှာ အညစ်အကြေးတွေ ပိတ်နေလို့ပါ။
Skin Care တွေ ဘယ်လောက်သုံးသုံး မထိရောက်ဘူးဆိုတာလည်း ဆဲလ်သေတွေပိတ်နေလို့ပါပဲ။ ဒါတွေကိုဖြေရှင်းဖို့ အကောင်းဆုံးနဲ့ အထိရောက်ဆုံးနည်းလမ်းကတော့ Chemical Peeling ပဲပေါ့။

ရရှိနိုင်မည့် အကျိုးကျေးဇူးများ

🎀ဆဲလ်အသေများ၊ အဆီအညစ်အကြေးများကို သန့်စင်ဖယ်ရှားပေးသောကြောင့် ဝက်ခြံ၊ အဆီဖု၊ ဆားဝက်ခြံများကို ပျောက်ကင်း သက်သာစေခြင်း။

🎀 ဝက်ခြံအမာရွတ်၊ ချိုင့်ခွက်၊ နေလောင်၊ တင်းတိတ်၊ မှဲ့ခြောက်၊ အမဲစက်များကို သက်သာစေခြင်း။

🎀 မျက်နှာသန့်စင် ပိုးသတ်ပြီး အဆီပြန်မှုလျော့နည်းကာ ချွေးပေါက်ကျဉ်းစေခြင်း။

🎀 အရေပြားဆဲလ်အသစ် မွေးဖွားပေးခြင်းဖြင့် အသားအရေကို တင်းရင်း၊ လှပ၊ နုပျိုစေခြင်း။

🎀 အသုံးပြုနေတဲ့ Skincare Products တွေရဲ့အာနိသင်အကျိုးသက်ရောက်မှုကို မြှင့်တင်ပေးနိုင်ခြင်း။

🎀 မျက်နှာအသားအရေညီညာ၍ ဖြူဝင်းကြည်လင်လာစေခြင်း။

၁ ကြိမ်ပြုလုပ်ရုံဖြင့် သိသာတဲ့ အကျိုးအာနိသင်ကိုရရှိစေမှာဖြစ်ပြီး အကောင်းဆုံးရလဒ်အတွက် ၄ ကြိမ်မှ ၆ ကြိမ်ခန့်အထိ လုပ်သင့်ပါတယ်။

💕Buy 2times Get 1time free💕
🎁Normal 1 time - 15,000 ks🎁
🎁Buy 2 times - 30,000 ( 1 time Present )🎁

မိမိအသားအရေနဲ့ လိုအပ်ချက်ပေါ်မူတည်၍ သင့်တော်တဲ့ peeling အမျိုးအစားကို Dr.M Skin & Aesthetic Clinic မှ ကျွမ်းကျင်ဆရာဝန်ကိုယ်တိုင်ကုသပေးမှာဖြစ်လို့ Promotion လေးရှိတုန်း ကြိုတင် Booking တင်လိုက်တော့နော်...

☎️ 09956937427

အမှတ်436-437မြေညီထပ်၊ ဦးချစ်ထွန်းလမ်း၊ကုလားကျောင်းမှတ်တိုင် (သမိုင်းလမ်းဆုံအနီး)
(ဇော်ဂျီ ဆေးခန်းနှင့်ကပ်လျှက်)

11/03/2020

ဆေးခန်းဖွင့်ပွဲအထူး Promotion
⚡(12.03.2020 - 31.03.2020) အထိ⚡

♥️ Buy 2 👉 Get 3 Promotion ⚡⚡⚡

ပြစ်မျိုးမှည့်မထင်တဲ့ Glow Skin မျိုးရချင်ရင် Skin Care တွေ သုံးရုံနဲ့မလုံလောက်ပါဘူးနော်။
အလှအပကိုနှစ်သက်ကြသူတိုင်း အကြိုက်တွေ့ကြတဲ့
PRP Treatment ( သွေးရည်ကြည်ကုထုံး) အကြောင်း ပြောပြပေးချင်ပါတယ်။

သွေးရည်ကြည်ကုထုံးဆိုတာ မိမိသွေးကို ပြန်လည်သန့်စင်ထုတ်ယူထားတဲ့ သွေးရည်ကြည်ကို အရေပြားအပေါ်ယံလွှာထဲကို သွင်းတာဖြစ်ပါတယ်။

Platelet Rich Plasma (သွေးရည်ကြည်) မှာ cells အသစ်ဖြစ်ပေါ်ခြင်းကိုအားပေးတဲ့ protein, growth factors, collagen, enzyme နဲ့ stem cells အများအပြားပါဝင်ပါတယ်။

ရရှိနိုင်မည့် အကျိုးကျေးဇူးများ

🌡️ ချွေးပေါက်ကျဉ်းစေခြင်း၊
🌡️ ဝက်ခြံအမာရွတ်( ချိုင့်ခွက်) ပျောက်ကင်းစေခြင်း၊
🌡️ အိုမင်းရင့်ရော်ခြင်းကို ကာကွယ်ပေး၍ အသားအရေ
နုပျိုတင်းရင်းစေခြင်း၊
🌡️ မျက်နှာအသားအရေညီညာ၍ ကြည်လင်ဝင်းပကာ
Glow Skin အဖြစ်သ်ို့ ရရှိစေခြင်း၊

တစ်ကြိမ်ကုသမှု့ခံပြီးတာနဲ့ အသားအရေတင်းရင်းကြည်လင်ပြီး ချွေးပေါက်တွေကျဉ်းလာတာကို စသတိထားမိလာမှာပါ။ အသားအရေ ထိန်းသိမ်းမှုအပေါ် မူတည်ပြီးတော့ ရလဒ်က ၃လကနေ ၄လလောက်ထိခံပါတယ်။ အကောင်းဆုံးရလဒ်အတွက် တစ်လတစ်ကြိမ်နဲ့ သုံးကြိမ်လောက် ပြုလုပ်သင့်ပါတယ်။

ဘေးထွက်ဆိုးကျိုးလုံး၀မရှိခြင်း ၊ တစ်ခါသုံးအပ်၊ အရည်အသွေးမြင့်ထုံဆေးအသုံးပြုပြီး Dr.M Skin & Aesthetic Clinic မှ ကျွမ်းကျင်ဆရာဝန်ကိုယ်တိုင်ကုသပေးခြင်းတို့ကြောင့် ပိုမိုထိရောက်တဲ့ အကျိုးကျေးဇူးကို ရရှိစေနိုင်ပါသည်။

💕Buy 2times Get 1time free💕
🎁Normal 1 time - 45,000 ks🎁
🎁Buy 2 times - 90,000 ( 1 time Present )🎁

Korea FDA တွေရရှိထားတဲ့ ဆေးဝါးတွေကိုသာ အသုံးပြုပြီး စက်ပစ္စည်းတွေကိုလည်း နောက်ဆုံးပေါ်နည်းပညာမြင့် စက်ပစ္စည်းတွေကိုသာ အသုံးပြုထားလို့ ၁၀၀% အပြည့်အဝ စိတ်ချယုံကြည်နိုင်ပါတယ်။

အလှပဆုံး၊ အထိရောက်ဆုံး၊ ဘေးအကင်းဆုံး၊ စျေးနှုန်းအချိုသာဆုံးဆိုတာတွေပဲရစေမှာမို့ Promotion ရှိတုန်း Dr.M Skin & Aesthetic Clinic မှာ ကြိုတင် Booking တင်လိုက်တော့နော်...

☎️ 09956937427

အမှတ်436-437မြေညီထပ်၊ ဦးချစ်ထွန်းလမ်း၊ကုလားကျောင်းမှတ်တိုင် (သမိုင်းလမ်းဆုံအနီး)
(ဇော်ဂျီ ဆေးခန်းနှင့်ကပ်လျှက်)

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Website

Address


Yangon

Opening Hours

Tuesday 10:00 - 17:00
Wednesday 10:00 - 17:00
Thursday 10:00 - 17:00
Friday 10:00 - 17:00
Saturday 10:00 - 17:00
Sunday 10:00 - 17:00