Thamee Taw Hair Products Myanmar
ဆံပင်သန် ပြီး ဆံပင်ကျွတ်ပျောက် ဖို့
ယုံကြည်စိတ်ချသုံး သမီးတော်သာအကောင်းဆုံး
09977702040 @tmthairproduct
29/11/2025
ဆံပင်ပျက်စီးခြင်းအတွက် အကောင်းဆုံးအဖြေ 🤔
ခေါင်းလျှော်ရည်တွေကြောင့်လည်း ဆံပင်ကျွတ်နေလို့ စိတ်ညစ်နေတဲ့သူတွေအတွက် သတင်းကောင်းလေး ပြောပြပေးမယ်နော်
အဲ့တာလေးကတော့ မြန်မာ့ပထမ "သမီးတော်" ရှားပါးဂျင်းနက် ခေါင်းလျှော်ရည် ဖြစ်ပါတယ်
" သမီးတော် " သဘာဝဂျင်းနက် ခေါင်းလျှော်ရည်က
✅ နက်မှောင်တောက်ပတဲ့ဆံကေသာ
✅ ပျော့ပျောင်းနူးညံ့တဲ့ ဆံသား
✅ ထူထဲရုံတင်မက weight ရှိတဲ့ ဆံကေသာဖြစ်စေပြီး
🖤 ဦးရေပြားအေးမြပြီး ဗောက်ကင်းစေခြင်း
🖤 ဆံပင်ပါးခြင်း ၊ ဆံပင်ကျွတ်ခြင်းကို အချိန်တိုအတွင်း သက်သာပျောက်ကင်းစေပါတယ်
💁♀️ Chemical အရောအနှောကင်းစွာနဲ့ ထုတ်လုပ်ရောင်းချပေးနေတာဖြစ်လို့
💯 ဆိုးကျိုးလုံးဝမရှိဘဲ သုံးစွဲသူတိုင်းကို အချိန်တိုအတွင်း ထိရောက်တဲ့အကျိုးရလဒ် ရစေပါတယ်
ဒါကြောင့် ခေါင်းလျှော်ချိန်တိုင်း အဆင်ပြေစေဖို့ သမီးတော် ရှားပါးဂျင်းနက် ခေါင်းလျှော်ရည်ကို အမြန်ဆုံး ဝယ်ယူလိုက်ပါ
#သမီးတော်
#ခေါင်းလျှော်ရည်
#ဂျင်းနက်ခေါင်းလျှော်ရည်
24/11/2025
ဆံပင်တွင်ဖြစ်ပေါ်တတ်သောပြဿနာများနှင့် ပြုပြင်ရန်နည်းလမ်းများ
ဆံပင်ကျွတ်ခြင်း - ဖြစ်ရသည့် အကြောင်းအရင်းမှာ- မျိုးရိုး၊အစားအသောက်၊အလုပ်ပင်ပန်းခြင်း၊အာဟာရချို့တဲ့ခြင်း၊
ပြုပြင်ရန် - ဆရာဝန်နှင့်တိုင်ပင်၍ အစားအသောက်၊ ဟိုမုန်းဓာတ်ပါဆေးများဖြင့် ကုသခြင်းနှင့် တ္တုဓာတ်ပါဖြည့်စွပ်ဆေးများ သောက်သုံးရန်။
အရာင်မွဲခြင်း - ဖြစ်ရသည့် အကြောင်းအရင်းမှာ-ဓာတုဆေးဝါးပါ ပစ္စည်းများအသုံးများခြင်း
ပြုပြင်ရန် - ခေါင်းလျှော်ခြင်းနှင့် ပျော့ဆေးထည့်ခြင်းတွင် အချိန်သိပ်မကြာရန်။ Shine ဟုပါသည့် ပစ္စည်းများသုံးရန်။
ပြတ်လွယ်ခြင်း၊ ခြောက်သွေ့ခြင်း
ဖြစ်ရသည့်အကြောင်းအရင်းမှာ- နေပူထဲအသွားများခြင်း၊ ကလိုရင်း (Chlorine) ဓာတ်ပါသော ရေကိုအသုံးပြုခြင်း၊ ခေါင်းအလျှော်များခြင်း။
ပြုပြင်ရန်
ပျော့ဆေးနှင့် လိုအပ်သောပေါင်းတင်ဆေးများ၊ အားဖြည့်ဆေးရည်များ အသုံးပြုရန်။ (Moisture,deep or intensive conditioning) ပါသော ပစ္စည်းများသုံးနိုင်။
ပြားကပ်နေခြင်း
ဖြစ်ရသည့်အကြောင်းအရင်းမှာ - ဆံပင်ညှပ်ပုံမကောင်းခြင်း၊ ဆံပင်အသုံးအဆောင်ပစ္စည်းများ အသုံးများခြင်း။
ပြုပြင်ရန် - ပျော့ဆေးတံဆိပ်ပြောင်းသုံးရန်နှင့် အချိန်တော်သင့်ရုံသာထားရန်။ (Volume) ပါသော ပစ္စည်းများသုံးရန်။
ဗောက်ထခြင်း
ဖြစ်ရသည့်အကြောင်းအရင်- တဆေး( Yeast) ပါသော ပစ္စည်းများအသုံးများခြင်း။
ပြုပြင်ရန် - ဗောက်ပျောက်ဆေးပါသော ခေါင်းလျှော်ရည်သုံးရန်။ (Anti- Dandruff) ပါသော ပစ္စည်းသုံးနိုင်။
အဖျားကွဲထွက်ခြင်း
ဖြစ်ရသည့်အကြောင်းအရင်း - ဆံပင်စိုနေစဉ် ဘရပ်ရှ်ျနှင့်ဖြီးခြင်း၊ ဓာတုပစ္စည်းအသုံးများခြင်း။
ပြုပြင်ရန် - ဆံပင်မကြာခဏညှပ်ပေးရန်၊ ညှိပေးရန်၊ ခြောက်သွေ့စဉ် အဆီဓာတ်ပါ serum များလိမ်းပေးရန်။ (Strength) ပါသော ပစ္စည်းများသုံးပေးရန်။
ကပ်ပါးများကပ်တွယ်ခြင်းအတွက်တော့ ဘီးစိပ်နှင့်ဖြီးပေးရန်။ သန်းသတ်ဆေးဖြင့် ရှင်းပစ်ရန်။ (သန်းသတ်ဆေး (သို့) ပရုတ်လုံးအမှုန့် ကြိတ်ထည့်ပြီး ခေါင်းပတ်ထားပြီးမှ ဘီးစိပ်နှင့်ဖြီးချရန်။) လိုအပ်မှ
ကောက်လွန်းသောဆံပင်
ဖြစ်ရသည့်အကြောင်းအရင်း - လေထုတွင်းစိုထိုင်းဆများခြင်း၊ ခေါင်းလျှော်လွန်းခြင်း၊ ဘီးနှင့်ဖြီးလွန်းခြင်း။
ပြုပြင်ရန် - ပုံသွင်းဆေးရည်များ၊ ပျော့ဆေးအမြဲထည့်ပြီး ခေါင်းလျှော်ရန်။ (Controls Frizzy Hair) ပါသည့် ပစ္စည်းသုံးနိုင်ပါသည်။
" သမီးတော် " ရှားပါးဂျင်းနက် ခေါင်းလျှော်ရည်က
✅ နက်မှောင်တောက်ပတဲ့ဆံကေသာ
✅ ပျော့ပျောင်းနူးညံ့တဲ့ ဆံသား
✅ ထူထဲရုံတင်မက weight ရှိတဲ့ ဆံကေသာဖြစ်စေပြီး
🖤 ဦးရေပြားအေးမြပြီး ဗောက်ကင်းစေခြင်း
🖤 ဆံပင်ပါးခြင်း ၊ ဆံပင်ကျွတ်ခြင်းကို အချိန်တိုအတွင်း သက်သာပျောက်ကင်းစေပါတယ်
"သမီးတော်" ဆံပင်အားဖြည့် ဖြန်းဆေးက
👉 ဦးရေပူပြီး ဆံပင်ကျွတ်ခြင်း
👉 ဆံပင်အမြစ်ထိပ် မခိုင်ခြင်း
👉 ဆံသားခြောက်သွေ့ ကြမ်းတမ်းခြင်း
👉 ဆံပင်အရှည် နှေးခြင်း
👉 ဆံသားမွဲခြောက်ခြင်း
👉 ဆံပင်ပါးခြင်း
👉 ဆံပင် မသန်ခြင်း
တို့မှ အထူးသက်သာစေပါတယ်
အသုံးပြုနည်းကတော့ ✨✨✨
" သမီးတော် " ရှားပါးဂျင်းနက်ခေါင်းလျှော်ရည်ကို အသုံးပြုတဲ့အခါ
👉 ဦးရေပြားကို နှိပ်နယ်ပေးပြီး ရေမဆေးခင်
(၃) မိနစ်ခန့် ပေါင်းထားပေးပါ
✨ " သမီးတော် " ရှားပါးဂျင်းနက်ခေါင်းလျှော်ရည်မှာ ဆံပင်ပေါင်းဆေးအာနိသင်ပါဝင်ပြီးသားမို့ တစ်မျိုးထဲနဲ့ ပျော့ပျောင်းနူးညံ့တဲ့ ဆံသားကိုရရှိစေမှာ ဖြစ်ပါတယ်
👉 ခေါင်းလျှော်ပြီး ဆံပင်မခြောက်ခင်မှာ
" သမီးတော် " ဆံပင်အားဖြန်းဆေးကို ဦးရေပြားနဲ့
ဆံကေသာအနှံ့ ပက်ဖျန်းပေးပါ ...
✨ ဦးရေအဆီပြန်ခြင်း၊ ဗောက်ထခြင်းကို ကင်းဝေးစေပြီး နက်မှောင်တောက်ပတဲ့ ဆံသားလှလှလေးကို ရရှိစေမှာပါ ...
👉 " သမီးတော် " ဆံပင်ဖြန်းဆေးကို တစ်နေ့ (၃) ကြိမ် ပုံမှန်အသုံးပြုပေးပါက ထိရောက်တဲ့ အကျိုးရလဒ်ကို ရရှိစေမှာပါ ...
👉 ဆံပင်အားဖြည့် ဖြန်းဆေးအသုံးပြုပြီးတိုင်း ဆံကေသာကို ရှင်းလင်းပေးဖို့လည်းမမေ့ပါနဲ့နော် ..
ဒီလို အကျိုးထူးတွေ တပြိုင်ထဲရမှာမို့ လက်မနှေးပဲ အမြန်လာဝယ်ထားလိုက်တော့နော်
#သမီးတော်ဂျင်းနက်ခေါင်းလျှော်ရည်
#ဆံသားအားဖြည့်ဖြန်းဆေး
#ခေါင်းလျှော်ရည်
13/11/2025
ဖြောင့်ဆေး ကောက်ဆေး ဆိုးဆေးတွေကြောင့် ကျိုးကြေပျက်စီးပြီး အဖျားနှစ်ခွဖြစ် ခြောက်တွေ့ကြမ်းတမ်းနေပြီ ဆိုရင် ဆံကေသာ ကျန်းမာရေးအတွက် အထူးသင့်လျော်တဲ့ သမီးတော် ရှားပါးဂျင်းနက် ခေါင်းလျှော်ရည် ရှိနေပါပြီ
ဘယ်လောက်ပဲ ဆံကေသာ ရှင်းမရအောင် ရှုပ်နေပါစေ တစ်ခါလျှော်ကြည့်တာနဲ့ သိသိသာသာ နူးညံ့စေပါတယ်
ကဲဘယ်လိုလဲ အသုံးပြုချင်နေပြီမို့လား 😍
အသုံးပြုတော့မယ်ဆိုရင် Page messenger မှာ လာရောက် မှာယူနိုင်ပါပြီနော်
#သမီးတော်
#ဂျင်းနက်
#ခေါင်းလျှော်ရည်
12/11/2025
ဆံကေသာ လှပခြင်းရဲ့ လျှို့ဝှက်ချက်က
ဒီလိုလေး သေချာပြုလုပ်ပေးလိုက်နော်
သမီးတော် ရှားပါးဂျင်းနက်ခေါင်းလျှော်ရည် နဲ့ ဆံပင်အားဖြည့် ဖြန်းဆေးကို ပေါင်းစပ် အသုံးပြုပြီး ဆံကေသာ အားပြည့်လာစေဖို့ နည်းမှန်လမ်းမှန် အသုံးပြုနည်းကို ပြောပြပေးမယ်နော်
" သမီးတော် " ရှားပါးဂျင်းနက်ခေါင်းလျှော်ရည်ကို အသုံးပြုတဲ့အခါ
👉 ဦးရေပြားကို နှိပ်နယ်ပေးပြီး ရေမဆေးခင်
(၃) မိနစ်ခန့် ပေါင်းထားပေးပါရှင် ...
✨ " သမီးတော် " ဂျင်းနက်ခေါင်းလျှော်ရည်မှာ ဆံပင်ပေါင်းဆေးအာနိသင်ပါဝင်ပြီးသားမို့
တစ်မျိုးထဲနဲ့ ပျော့ပျောင်းနူးညံ့တဲ့
ဆံသားကိုရရှိစေမှာပါ ..
👉 ခေါင်းလျှော်ပြီး ဆံပင်မခြောက်ခင်မှာ
" သမီးတော် " ဆံပင်အားဖြန်းဆေးကို ဦးရေပြားနဲ့
ဆံကေသာအနှံ့ ပက်ဖျန်းပေးပါ ...
✨ ဦးရေအဆီပြန်ခြင်း၊ ဗောက်ထခြင်းကို
ကင်းဝေးစေပြီး နက်မှောင်တောက်ပတဲ့
ဆံသားလှလှလေးကို ရရှိစေမှာပါ ...
👉 " သမီးတော် " ဆံပင်ဖြန်းဆေးကို တစ်နေ့
(၃) ကြိမ် ပုံမှန်အသုံးပြုပေးပါက ထိရောက်တဲ့ အကျိုးရလဒ်ကို ရရှိစေမှာပါ ...
👉 ဆံပင်အားဖြည့် ဖြန်းဆေးအသုံးပြုပြီးတိုင်း
ဆံကေသာကို ရှင်းလင်းပေးဖို့လည်းမမေ့ပါနဲ့နော် ..
✨ ဒါမှသာ ရှုပ်ထွေးမှုကင်းပြီး ချောမွေ့တဲ့
ဆံကေသာကိုရရှိနိုင်မှာပါရှင် ...
❤️ဆံပင်နဲ့ ဦးရေပြားကို အားရှိစေပါတယ်
❤️ထိပ်ပြောင်တာ အကွက်လိုက်ကွက်တာ
ဆံပင်ပါးတာတွေကို သက်သာစေပါတယ်
❤️ဆံသားနုတွေ ပြန်ပေါက်လာအောင် ပေါက်ပြီးသားဆံပင်တွေ မကျွတ်အောင် စွမ်းဆောင်နိုင်ပါတယ်
စစ်မှန်တဲ့ကေသာအလှကို သမီးတော်မှာ
ဖွေရှာလိုက်ပါ 💁♀️ ❤️
#သမီးတော်
#သမီးတော်ရှားပါးဂျင်းနက်ခေါင်းလျှော်ရည်
#သမီးတော်ဆံပင်အားဖြည့်ဖြန်းဆေး
#မြန်မာ့ထုတ်ကုန်
06/11/2025
Oily Hair ( ဆီထွက်များသော ဆံပင်အမျိုးအစား)
အဆီအိတ်မှ ဆီထွက်များခြင်းကြောင့်ဖြစ်ပါတယ်။ ဆီအထွက်များရင် ဆံပင်တွေ ကြမ်းကြမ်းတောင့်တောင့် ကြီးဖြစ်နေတက်ပါတယ်။ မဖြစ်စေရန် ဆံပင်ကို ပုံမှန်လျှော်ပေးရန် လိုအပ်ပါတယ်။
Dry Hair (ခြောက်သွေ့သော ဆံပင် အမျိုးအစား)
ခြောက်သွေ့သော ဆံပင်အမျိုးအစားသည် ခြောက်သွေ့ရုံမကဘဲ အစိုဓာတ်နည်းပြီး အဆီအိတ်မှ အဆီထုပ်လုပ်မှု မလုံလောက်မှုကြောင့် ဖြစ်တက်ပါတယ်။ နောက်ပြီး အရွယ်ရလာသူတွေ၊ ဓာတုဆေးအသုံးများသူတွေ၊ ဆံသားအပူလွန်ကဲအောင် ဆံပင်ပြုပြင်သည့် ကိရိယာများကြောင့် အဖြစ်များတာမျိုးလည်း ဖြစ်တတ်ပါသည်။
Normal Hair (ပုံမှန်ဆံပင်အမျိုးအစား)
ပုံမှန်ဆံပင်သည် ပျော့ပျောင်းမှုရှိပြီး ကျန်းမာသန်စွမ်းတဲ့အတွက် ဖြီးရလည်းလွယ်ကူစေပြီး ဆံပင်အုံလည်း ကောင်းနေတတ်ပါတယ်။
Combination Hair (ပေါင်းစပ်မှုရှိ သောဆံပင် အမျိုးအစား)
၎င်းအမျိုးအစားသည် လူအများစုတွင်ဖြစ်တက်သော အမျိုးအစားဖြစ်ပါသည်။ များသောအားဖြင့် ဦးရေပြားကအဆီထွက်များပြီး စေးထန်ထန်းဖြစ်တက်သလို ဆံပင်သားမှာ တော့ခြောက်သွေ့နေတက်တာမျိုးပါ။ ဆံပင်အရောင်မှာ မှေးမှိန်နေတက်ပြီး လေတိုက်ရာလွင့်ပါးနေတက်တာမျိုးပါ။
Flyaway,fine & Fragile Hair (နူးညံ့ပျော့ပျောင်းသော၊ ပါးလွှာသေးမျှင်သော၊ နုနယ်သော ဆံပင်အမျိုးအစား)
၎င်းအမျိုးအစားကတော့ ကိုင်တွယ်ဖြီးသင်ရ ခက်ခဲမှုရှိတက်ပါတယ်။ ခြောက်သွေ့တဲ့ ပတ်ဝန်းကျင်နဲ့ ဓာတုနည်းပညာများနဲ့ ချုပ်လုပ်ထားသော ခေါင်းအုံးနှင့် အိပ်ရာ မွေ့ရာများပေါ်တွင် အိပ်စက်ခြင်းကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဂရုစိုက်ရမည့် ဆံပင်အမျိုးအစားဖြစ်ပါတယ်။
Tight Curls ( ကောက်ကွေးသော ဆံပင်အမျိုးအစား)
ဆံပင်သားဟာ အလွန်ပါးလွှာ သေးမျှင်တဲ့အတွက် ဂရုစိုက်ထိန်းသိမ်းရမှာ ဖြစ်ပါတယ်။ ဆံပင်သားခြောက်သွေ့နေစဉ်မှာ ဘီးနှင့် မဖြီးနိုင်ဘဲ ရေဆွတ်ပြီးမှသာ ဖြီးနိုင်တဲ့ ဆံပင်အမျိုးအစားဖြစ်ပါတယ်။
Gray Hair (ဆံပင်ဖြူသောအမျိုးအစား)
လူတိုင်းလိုလို မှာရှိနိုင်ပြီး အထူးသဖြင့် အသက်အရွယ် ကြီးရင့်လာတဲ့ အခါမျိုးမှာ ရှိတတ်တာမျိုးပါ။ အဖြူရောင်သမ်းလာတဲ့ ဆံသားမျိုးဟာ ကြမ်းလာတတ်ပါတယ်။ ဆံသားတွေကလည်း အားနည်းလာတာနဲ့အမျှ ပတ်ဝန်းကျင် အညစ်အကျေးတွေကို စုပ်ယူရရှိပြီး အဝါရောင်သမ်းလာတတ်ပါတယ်။
Crd to original
02/11/2025
🤩 ရက်တိုအတွင်းမှာ ကိုယ့်ရဲ့ဆံနွယ်လေးတွေကို ထိရောက်တဲ့ အကာကွယ်လည်းပေးနိုင်တဲ့ hair coat
မျိုးရှာနေရင်တော့
🌟🌟 " သမီးတော် " ရဲ့ ဆံပင်အားဖြည့်ဖြန်းဆေး
လေးရှိတယ်နော် ...
" သမီးတော် " ဆံပင်အားဖြည့်ဖြန်းဆေးက
✨ ရှားပါးဂျင်းဆင်းနဲ့အတူ သဘာဝဆေးဖက်ဝင်
အသီးအရွက်တွေနဲ့ ထုတ်လုပ်ထားတဲ့
သဘာဝထုတ်ကုန်စစ်စစ်ဖြစ်လို့
အခြား Hair coat တွေနဲ့မတူဘဲ
🍃 သဘာဝဆေးဖက်ဝင် ပါဝင်ပစ္စည်းတွေရဲ့
လတ်ဆတ်တဲ့ ရနံ့သင်းသင်းလေးကို ပေးစွမ်းမှာပါရှင် ...
💁♀️ ရှားပါးဂျင်းဆင်းနဲ့ ဆေးဖက်ဝင်အပင်တွေရဲ့
ထူးခြားတဲ့ရနံ့လေးဖြစ်လို့ ပထမဆုံးသုံးတဲ့အချိန်မှာတော့ ဆေးနံ့လေးလို ခံစားရနိုင်ပါတယ် ...
ဒါပေမယ့် အသုံးပြုနေကြတဲ့ Customer တိုင်းကတော့ ထူးထူးခြားခြားအနံ့လေးဖြစ်တဲ့အပြင်
🤗 နှာခေါင်းပိတ်တာတွေ ၊ နှာစေးတာတွေကို သက်သာစေလို့ " သမီးတော် " ဆံပင်ဖြန်းဆေးကို
အထူးနှစ်ခြိုက်ကြပါတယ် ....
❌ အသုံးပြုချိန်တိုင်းမှာ ကပ်စီးစီးမဖြစ်တာ၊
အဆီပြန်တာမျိုး လုံးဝမရှိဘဲ
✅ ဦးရေပြားကို အေးအေးလေးနဲ့
နေလို့ကောင်းစေပြီး
🥰 အသုံးပြုရင်းနှိပ်နယ်ပေးပါက
ဦးရေသွေးလည်ပတ်မှုကို အားကောင်းစေတာမို့
✔️ ထူးခြားတဲ့မွှေးရနံ့နဲ့
✔️ သူမတူတဲ့ဆံကေသာအလှ
✔️ အာဟာရပြည့်ဝပြီး ကျန်းမာတဲ့ဆံသား
စတဲ့ အကျိုးထူးတွေအားလုံးကို
တစ်ပြိုင်တည်းလိုချင်ရင်တော့ " သမီးတော် "
ဆံပင်အားဖြည့်ဖြန်းဆေးကိုသာ အမြန်ဆုံးဝယ်သုံးလိုက်တော့နော် ❤️
မနက်အိပ်ယာနိုး ၊ ညနေရေချိုးပြီးချိန်နဲ့ ညအိပ်ယာမဝင်ခင် ဦးရေပြားပေါ်ပက်ဖျန်းပြီး နှိပ်နယ်ပေးပါ ...
ရက်ပိုင်းအတွင်းမှာ ထူးခြားတဲ့မွှေးရနံ့နဲ့အတူ
သိသာတဲ့ ဆံကေသာအလှကို ရရှိစေမှာပါ 🤗
#ဆံသားအားဖြည့်ဖြန်းဆေး
23/05/2024
ဆံကေသာ အတွက် အကောင်းဆုံးအဖြေ 🤔
ခေါင်းလျှော်ရည်တွေကြောင့်လည်း ဆံပင်ကျွတ်နေလို့ စိတ်ညစ်နေတဲ့သူတွေအတွက် သတင်းကောင်းလေး ပြောပြပေးမယ်နော်
အဲ့တာလေးကတော့ မြန်မာ့ပထမ "သမီးတော်" ရှားပါးဂျင်းနက် ခေါင်းလျှော်ရည် ဖြစ်ပါတယ်
" သမီးတော် " သဘာဝဂျင်းနက် ခေါင်းလျှော်ရည်က
✅ နက်မှောင်တောက်ပတဲ့ဆံကေသာ
✅ ပျော့ပျောင်းနူးညံ့တဲ့ ဆံသား
✅ ထူထဲရုံတင်မက weight ရှိတဲ့ ဆံကေသာဖြစ်စေပြီး
🖤 ဦးရေပြားအေးမြပြီး ဗောက်ကင်းစေခြင်း
🖤 ဆံပင်ပါးခြင်း ၊ ဆံပင်ကျွတ်ခြင်းကို အချိန်တိုအတွင်း သက်သာပျောက်ကင်းစေပါတယ်
💁♀️ Chemical အရောအနှောကင်းစွာနဲ့ ထုတ်လုပ်ရောင်းချပေးနေတာဖြစ်လို့
💯 ဆိုးကျိုးလုံးဝမရှိဘဲ သုံးစွဲသူတိုင်းကို အချိန်တိုအတွင်း ထိရောက်တဲ့အကျိုးရလဒ် ရစေပါတယ်
ဒါကြောင့် ခေါင်းလျှော်ချိန်တိုင်း အဆင်ပြေစေဖို့ သမီးတော် ရှားပါးဂျင်းနက် ခေါင်းလျှော်ရည်ကို အမြန်ဆုံး ဝယ်ယူလိုက်ပါ
#သမီးတော်
#ခေါင်းလျှော်ရည်
#ဂျင်းနက်ခေါင်းလျှော်ရည်
22/05/2024
{ ကဆုန်လပြည့် ဗုဒ္ဓနေ့ }
"ယနေ့ ဥပုသ်နေ့သည်
ကဆုန်လပြည့် ဗုဒ္ဓနေ့ ဖြစ်သည်"
ကဆုန်လပြည့်နေ့အကြောင်း သိကောင်းစရာ
*********************************
#ဖွား ၊ ပွင့်၊ ဟော၊ စံ၊ ဗျာဒိတ္ခံ ကဆုန်လပြည့်နေ့
ကဆုန်လပြည့် (၅)နေ့။
(၁) ဗျာဒိတ်ခံယူသည့်နေ့ =
လေး အသင်္ချေကမ္ဘာတစ်သိန်း အစ
ကဆုန်လပြည့်နေ့။
(၂) ဘုရားမွေးသည့်နေ့ =
မဟာသက္ကရာဇ် (၆၈)ခု၊
ကဆုန်လပြည့် (သောကြာနေ့)။(ဘီစီ ၆၂၃)
(၃) ဘုရားဖြစ်သည့်နေ့ =
မဟာသက္ကရာဇ် (၁၀၃)ခု၊
ကဆုန်လပြည့် (ဗုဒ္ဓဟူးနေ့)။ (ဘီစီ ၅၈၈)
(၄) ဗုဒ္ဓ၀င်အကျဉ်းဟောသည့်နေ့ =
မဟာသက္ကရာဇ် (၁၀၄)ခု၊
ကဆုန်လပြည့်နေ့။ (ဘီစီ ၅၈၇)
(၅) ပရိနိဗ္ဗာန်စံသည့်နေ့ =
မဟာသက္ကရာဇ် (၁၄၈)ခု၊
ကဆုန်လပြည့် (အင်္ဂါနေ့)။ (ဘီစီ ၅၄၃)
****
#ကဆုန်လပြည့်
#ဗုဒ္ဓနေ့အကြောင်းသိကောင်းစရာများ
၁။ ကဆုန်လပြည့်နေ့သည်
ဗုဒ္ဓဘာသာဝင်တို့၏
နေ့ထူးနေ့မြတ်ကြီးဖြစ်ပါသည်။
ကဆုန်လပြည့်နေ့၏ ထူးခြားချက်မှာ
(ဗျာဒိတ်, ဖွားမြင်, ဗောဓိပင်,
စံဝင် နိဗ္ဗာန်နန်း) ဆိုသည်နှင့်အညီ
သုံးလောကထွတ်ထား
သဗ္ဗညုမြတ်စွာဘုရားနှင့်စပ်၍....
#ဗျာဒိတ်ခံယူသောနေ့
#ဖွားမြင်တော်မူသောနေ့
#ဘုရားဖြစ်တော်မူသောနေ့
#ပရိနိဗ္ဗာန်စံတော်မူသောနေ့
ဤထူးခြားချက်လေးမျိုးတို့နှင့်
တိုက်ဆိုက်နေပါသည်။
ဤကဲ့သို့ ထူးခြားချက်လေးမျိုးနှင့်
ပြည့်စုံသောကြောင့် ဤနေ့ကို
` #ကဆုန်လပြည့်ဗုဒ္ဓနေ့ ဟု
အမွှန်းတင် ခေါ်ဆိုကြပါသည်။
၂။ ဤကဆုန်လပြည့်နေ့ တွင်
မာရ်နတ်ရန်ကို အောင်မြင်တော်မူသောကြောင့်
ဤနေ့ဤရက်ကို
`ကဆုန်လပြည့် မာရ်အောင်နေ့အဖြစ်
ဗုဒ္ဓဘာသာဝင်တို့၏ စိတ်အစဉ်တွင်
စွဲမြဲ၍နေကြပါသည်။
၃။ ဝိသာခါနက္ခတ်နှင့်ယှဉ်၍
ဖွားမြင်တော်မူခြင်း၊
ပရိနိဗ္ဗာန်စံတော်မူခြင်းများကို အကြောင်းပြု၍
ကဆုန်လပြည့်နေ့ကို
`ဝိဆခ်ဒေးဟု ခေါ်ဆိုကြပါသည်။
ဝိသာခါဒေးဟု ဆိုလိုပါသည်။
၄။ ဗုဒ္ဓဘာသာဝင်တို့သည်
ဘုရားဖြစ်သော နေ့ထူးနေ့မြတ်ကို
အာရုံပြု၍ ကဆုန်လပြည့်နေ့၌
ပရိဘောဂစေတီထိုက်သော
ဗောဓိပင်ကို ရေသွန်းလောင်းလေ့ ရှိကြပါသည်။
၅။ ဗောဓိပင်သည်
သဗ္ဗုညုတဉာဏ်တော်ကိုရ၍
ဘုရားဖြစ်တော်မူရာဌာနဖြစ်ခြင်း၊
ဖွားဖက်တော် ၇ ပါးတွင်
စာရင်းဝင်ဖြစ်ခြင်းတို့ကြောင့်
ထူးခြားသော သစ်ပင်တစ်မျိုး ဖြစ်ပါသည်။
ဤကဲ့သို့ မြတ်စွာဘုရားနှင့်
တိုက်ရိုက်ဆက်စပ်၍
ဗောဓိပင်၌ ရေသွန်းလောင်းခြင်းအစဉ်အလာကို
ခေတ်အဆက်ဆက် ပြုလုပ်လာခဲ့ကြပါသည်။
၆။ မြန်မာ့ရိုးရာ ၁၂ ရာသီပွဲတော်များအနက်
ကဆုန္လ၌ ညောင်ရေသွန်းပွဲတော်ကို
ရိုးရာပွဲတော်အဖြစ် အစဉ်အလာ
သတ်မှတ်ခဲ့ကြပါသည်။
၇။ အသနဗောဓိယမထေရ်၏
အလောင်းသည် တိဿဘုရားရှင်၏
ဗောဓိပင်ကို စိုက်ပျိုးပူဇော်ရသော
ကုသိုလ်ကြောင့် နတ်ပြည်၌ဖြစ်ရခြင်း၊
စကြာမင်းဖြစ်ရခြင်း၊
အပါယ်ဘေးမှလွတ်ကင်းရခြင်းအကျိုးများကို
ခံစားရကြောင်း (ထေရာပဒါန်)
ကျမ်းဂန်၌ ဟောကြားထားပါသည်။
၈။ ဂန္ဓောဒကတိဿမထေရ်၏
အလောင်းသည် ပဒုမုတ္တရဘုရားရှင်၏
ဗောဓိပင်ကို နံ့သာရေဖြင့်
သွန်းလောင်းသောကုသိုလ်ကြောင့်
နတ်ပြည်၌ဖြစ်ရခြင်း၊ အနာရောဂါမရှိခြင်း၊
သောကကင်းဝေးခြင်း
စသောအကျိုးများကို ခံစားရပါသည်။
၉။ အထက်ပါအကြောင်းအရာများကို နှလုံးသွင်း၍
ဗုဒ္ဓဘာသာဝင်သူတော်စင်များအနေဖြင့်
နှစ်စဉ်နှစ်စဉ် ကဆုန်လပြည့်နေ့ရောက်တိုင်း
ဗုဒ္ဓရုပ်ပွား ဥဒ္ဒိဿစေတီတော်များကို
အနေကဇာတင် ဗုဒ္ဓအဘိသေက
မင်္ဂလာသဘင် ဆင်ယင်ကျင်းပ၍
ကုသိုလ်အထူးကို ဆည်းပူးလေ့ရှိကြပါသည်။
ကျောင်းကန်ဘုရားသို့သွား၍
ဒါန သီလ ဘာဝနာအမွုကို ပြုလုပ်၍
ကဆုန်လပြည့် ဗုဒ္ဓနေ့ကို အမွတ္တရ ဆင်နွှဲကြပါသည်။
#မာဂဓီ (သာစည်)၏
[အခါတော်နေ့များ စာအုပ်မှ] ပြန်လည်
ထုတ်နှုတ်မျှဝေ ပူဇော်ပါသည်။
🙏 အရှင်နရိန်-မော်လမြိုင် 🙏
~~~~~~~~~~~~~~~~~~
ယနေ့ကျရောက်သော #ကဆုန်လပြည့်နေ့မှစ သတ္တဝါအပေါင်း ကျန်းမာချမ်းသာ၍ ကုသိုလ်တရားများ ထုံမွှန်ပွားများနိုင်ကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါသည်ရှင်။💌🤍
Click here to claim your Sponsored Listing.
Telephone
Website
Address
Https://goo. Gl/maps/9Q46nqzjmN5Ro6Co 9
Yangon
11051
