Htay online shop

Htay online shop

Share

အညာ​​​မြေရှား​စောင်းလက်​ပတ်​ချက်​​ဆေး

16/07/2025

🌿💚 ကျက်သရေမင်္ဂလာရှိသော ပန်းလေးနဲ့ နေ့သစ်ကို ကြိုဆိုလိုက်ပါတယ်။ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေနော် 😍🌿

09/07/2024

ဓါတ်ဆားထုပ်ဝယ်မရတဲ့အခါ၊ ဈေးအလွန်အကျွံတင်ရောင်းကြလို့ ဝယ်ဖို့ခက်ခဲတဲ့အခါ သုံးဖို့ပါ။

ဓာတ်ဆားဖျော်ရည်ပြုလုပ်နည်း

၁။ ကျိုချက်အအေးခံထားတဲ့ ရေကျက်အေး တစ်လီတာ (1 litre of boiled water)

၂။ အိမ်သုံးဆား လက်ဖက်ရည်ဇွန်း တစ်ဝက် (half level teaspoon of salt)

၃။ သကြား လက်ဖက်ရည်ဇွန်း ခြောက်ဇွန်း (6 level teaspoons of sugar)

ကျိုချက်အအေးခံထားတဲ့ ရေကျက်အေး တစ်လီတာထဲသို့ သကြား လက်ဖက်ရည်ဇွန်း ခြောက်ဇွန်းကိုထည့်ပါ၊ ဆား လက်ဖက်ရည်ဇွန်း တစ်ဝက်ကိုထပ်ထည့်ပါ။ ကောင်းစွာ ပျော်သွားသည့်အထိဖျော်ပါ။

မှတ်ချက်။ ။ ဖျော်ထားပြီးတဲ့ ဓါတ်ဆားရည်ကို ၂၄နာရီအတွင်း ကုန်အောင် သောက်သုံးပါ။ ဒီဓါတ်ဆားဖျော်ရည် ပြုလုပ်နည်းကို ဓါတ်ဆားထုပ်ဝယ်ယူဖို့ ခက်ခဲတဲ့နေရာဒေသများအတွက် သာသုံးသင့်ပါသည်။ (ဓါတ်ဆားထုပ်ထဲပါဝင်ပစ္စည်းများ sodium chloride, potassium chloride, trisodium citrate and glucose)

#မည်သူမဆိုကော်ပီယူနိုင်ပါသည်။
Card
Online Shop ပြန်လည်မျှဝေပါသည်

08/07/2024

သဘာဝအတိုင်း ဆီးကျောက်ကြေစေဖို့ ဆောင်ရန်ရှောင်ရန်များ

သဘာဝအတိုင်း ဆီးကျောက်ကြေစေဖို့ ဆိုရင်

ရေများများသောက်ပါ။

ရေများများသောက် ဆီးများများသွားရင် ကျောက်တည်ဖို့ အခွင့်အလမ်းနည်းသွားမှာပါ။
ဖြစ်ပြီးသားဆီးကျောက်ကိုလည်း မြန်မြန်ကြေစေသလို၊ ရှိပြီးသား ဆီးကျောက်ကိုလည်း ကြီးမလာအောင် တားဆီးပေးပါတယ်။ ဆီးကျောက်ဖြစ်မလာအောင်လည်း တားဆီးပေးနိုင်ပါတယ်။

ချဥ်တဲ့ အသီးအနှံတှေ များများစားပါ

Citric acidပါတဲ့ ချဉ်တဲ့ အသီးအနှံတွေ
ဥပမာ သံပုရာသီးတို့၊ သံပုရိုသီးတို့ပေါ့။ Citric acidက အဖြစ်များတဲ့ calcium oxalateကျာက် မဖြစ်အောင် နည်းလမ်းနှစ်မျိုးနဲ့ တားဆီးပေးပါတယ်။ ပထမတစ်ခုက ဆီးထဲမှာပါတဲ့ calciumကို ပေါင်းလိုက်တာကြောင့် ကျောက်တည်နိုင်ခြေ နည်းသွားပါတယ်။ရှိပြီးသားကျောက်က ပိုပြီး မကြီးလာနိုင်တော့ပါဘူး။ ဒီလို နှစ်နည်းနဲ့ တားဆီးပေးတာပါ။

ဂရိတ်ဖရုတို့၊ လိမ္မော်သီးတို့၊ သံပုရာသီးတို့ စားပေးနိုင်သလို အရည်ပိုသောက်ဖြစ်အောင် သကြားလျှော့ပြီး ဖျော်ရည်ဖျော်သောက်တာဖြစ်ဖြစ်၊ ရေထဲကို သံပုရာသီး ညှစ်သောက်တာဖြစ်ဖြစ် လုပ်လို့ရပါတယ်။

Oxalateများတဲ့ အစားအစာတွေ ရှောင်ပါ။

(Oxalateများတဲ့ အစားအစာ တွေကတော့
ခရမ်းချဉ်သီး၊ မုန်လာဥဖြူ၊မုန်လာဥနီ ၊ ကန်စွန်းဥ၊ပီလောပီနံ ၊ ဟင်းနုနွယ်၊ နံနံပင်၊ ပဲပိစပ်၊ ဗာဒံစေ့ စတာတွေ အလွန်အကျွံ စားခြင်း ရှောင်ပါ)

အဖြစ်အများဆုံး calcium oxalate ကျောက်မှာ oxalateပါတဲ့အတွက် ဒီဓာတ်များတဲ့ အစားအစာတွေကို လျှော့စားရမှာပါ။

ဗီတာမင် စီတွေ အများကြီး မသောက်ပါနဲ့။

ချဉ်တဲ့ အသီးတွေ ဖြစ်တဲ့ သံပုရာသီးတို့ လိမ္မော်သီးတို့က ရတဲ့ ဗီတာမင်စီထက် ဖြည့်စွက်စာအနေနဲ့ သောက်နေကြတဲ့ သူတွေ သတိထားရမှာပါ။ ပမာဏအများကြီး သောက်နေတဲ့သူဆို ပိုဆိုးပါတယ်။

ကယ်ဆီယမ်တွေ လြှော့မစားပါနဲ့။ပုံမှနျအတိုငျးပဲစားပါ။

နို့၊ ချိစ်နဲ့ ဒိန်ချဉ်တွေက ကယ်ဆီယမ် ကြွယ်ဝတဲ့ အစားအစာတွေပဲ ဖြစ်ပါတယ်။ ကယ်ဆီယမ်ကို လျှော့စားမှသာ သွေးထဲက ကယ်ဆီယမ်နည်းသွားတာကို ကာမိဖို့ အရိုးထဲက ကယ်ဆီယမ်ကို ဖြိုသုံးရင်း အရိုးပွတာ အရိုးကျိုးတာတွေ ဖြစ်လာမှာပါ။ ဒါကြောင့် ကယ်ဆီယမ်ကို ပုံမှန်အတိုင်းပဲ စားပေးပါ။

ဆားလျှော့စားပါ။

မကြာမကြာ ဆီးကျောက်တည်တတ်တဲ့သူဆိုရင် ဆားလျှော့စားတာ အကောင်းဆုံးပါ
ဆားလို့ ပြောလိုက်ရင် အိမ်သုံးစားတင်မကဘဲ
အသင့်စား အစားအစာတွေ၊ ကြာရှည်ခံအောင် လုပ်ထားတဲ့ အစားအစာတွေကိုပါ လျှော့စားဖို့ လိုပါတယ်။
ငါးခြောက်၊ ငပိ၊ အသားခြောက်၊ ငါးသေတ္တာ စည်သွတ်ဘူး၊ ဝက်အူချောင်းတို့လို တာရှည်ခံဖို့လုပ်ထားတဲ့ အစားအစာ မုန့်ထုတ်တွေ
အေးခဲထားတဲ့ စားသောက်ကုန်တွေ၊ ငံပြာရည်တွေ ရှောင်နိုင်ရင် ပိုကောင်းပါတယ်။

မဂ္ဂနီဆီယမ် လုံလောက်ပါ။

ထောပတ်သီး၊ ပဲနဲ့ တို့ဖူးတွေဟာ မဂ္ဂနီဆီယမ်ကြွယ်ဝတဲ့ အစားအစာတွေပါပဲ။ Oxalate များတဲ့ အစားအစာတွေကို စားတိုင်းမှာ မဂ္ဂနီဆီယမ်ကြွယ်ဝတဲ့ အစားအစာတွေကိုတွဲစားပေးရင် ပိုပြီး အကျိုးထူးပါသတဲ့။

အသားလျှော့စားပါ။

ဆီးကျောက်တည်နေတဲ့ အချိန်အတွင်းမှာ အသားတွေ (အထူးသဖြင့် ကလီစာ)ကို လျှော့စားပါ။

ဒါတွေကတော့ တစ်ဖက်ကလည်း ဆေးကုသမှု ခံယူရင်း အိမ်မှာလည်း လိုက်နာလို့ရတဲ့ နည်းလမ်းတွေပါ။ တစ်ဖက်ကလည်း ဆီးကျောက်ကြေဆေးတွေ သောက်နေပြီး တစ်ဖက်ကလည်း ဆီးကျောက် ထပ်မကြီးလာအောင် နေနိုင်မယ်ဆိုရင် မြန်မြန်ပျောက်ကင်းသွားမှာပါ။

; မူရင်းရေးသားသူအား လေးစားလျက်
Crd
Online Shopြပန်လည်မျှဝေပါသည်

06/04/2024

လူတိုင်းဖတ်သင့်တဲ့စာတပုဒ်
“ဘဝရဲ့လက်တွဲဖော်” ဆိုတာ
📚📚📚📚📚📚📚📚📚📚

ဘဝရဲ့လက်တွဲဖော် ဆိုတာ
အကောင်းဆုံးကို
ရလိုက်တာမဟုတ်ဘူး
အသင့်တော်ဆုံးကိုသာ
ရလိုက်တာပါ

သင်ကိုင်ထားတဲ့
ဖုန်းတစ်လုံးလိုပေါ့
အကောင်းဆုံး
ဖြစ်ချင်မှဖြစ်မယ်
ဈေးအကြီးဆုံး
ဖြစ်ချင်မှဖြစ်မယ်။

သင့်ဘတ်ဂျက်နဲ့အကိုက်ဆုံး
သင့်အလုပ်အတွက်
အသင့်တော်ဆုံး
ဖုန်းကိုသင်ကိုင်ထားသလိုပါပဲ ။

အကောင်းဆုံး ဟင်းလျာတွေ
ဈေးအကြီးဆုံး ဟင်းပွဲတွေကို
သင်စားချင်မှစားရမယ်စားနိုင်ရင်လည်း စားနိုင်လိမ့်မယ်

ဒါပေမယ့်
သင့်လက်ရှိဆာလောင်မှုကို
ပျောက်စေမယ့်သင့်ရောဂါနဲ့ တည့်မယ့်
သင့်ဝင်ငွေနဲ့ကိုက်ညီမယ့် ဟင်းတစ်ခွက်လိုပါပဲ ။

သင်စီးနေတဲ့ဖိနပ်ဟာ
(၅)သိန်းတန် (slipper) ဖြစ်ချင်မှဖြစ်မယ်

ဒါပေမယ့်
(၅)ထောင်တန်ဖိနပ်နဲ့လည်း
သင်လိုရာခရီး ရောက်နိုင်သလိုပါပဲ ။

သင့်ရဲ့လက်တွဲဖော်ဟာ
မင်းသားတွေလို ချောချင်မှချောလိမ့်မယ်
မင်းသမီးတွေလို လှချင်မှလှလိမ့်မယ်
အများက အကောင်းပြောချင်မှ ပြောလိမ့်မယ်

ဗိုက်ပူချင်လည်းပူနေမယ်
ပိန်ချင်လည်း ပိန်နေမယ်
စတိုင်လ်ကျချင်မှလည်း ကျမယ်
သင့်မိတ်ဆွေတွေက ကြိုက်ချင်မှလည်း ကြိုက်လိမ့်မယ်

သင့်လက်တွဲဖော်ဟာ
စင်းလုံးချော ဖြစ်ချင်မှဖြစ်မယ်
အတ္တတွေရှိနိုင်တယ်မာနတွေရှိနိုင်တယ်
မပြည့်ဝမှုတွေလည်း ရှိနိုင်တယ် ။

ဒါပေမယ့် သင့်အတ္တတွေ သင့်မာနတွေ
သင့်ရဲ့မပြည့်ဝမှုတွေ မရင့်ကျက်မှုတွေ ကိုတော့
အားလုံးထက် ပိုနားလည်ပေးမယ့်သူမျိုး

( လူတော်တော်များများဟာပြောပဲ ပြောတတ်ကြတာပါ။
ဝေဖန်ပဲ ဝေဖန်တတ်ကြတာပါ။
သင့်ဒုက္ခတွေကိုတော့မျှဝေယူဖို့ စိတ်မကူးကြပါဘူး။ )

ဒါ့ကြောင့်
သင့်ဒုက္ခကို မသိချင်ဟန်ဆောင်နေကြ မယ့်လူတွေနဲ့
သင့်ဒုက္ခတွေကို မျှဝေယူမယ့်သူ
နှစ်မျိုးသာ သင့်ဘဝမှာ သင်တွေ့ရမှာပါ

မနက်အိပ်ယာထ သင့်ဘေးမှာ
ဘယ်သူရှိစေချင်တာလဲ

ညအိပ်ယာဝင်ခါနီး သင့်စိတ်ဝိညာဉ်ကို
လုံခြုံမှုပေးနိုင်တာ ဘယ်သူပါလဲ

သင်ငိုနေရင်
ဘေးနားမှာရှိနေပေးနိုင်တာ
ဘယ်သူပါလဲ

သင်ဆာလောင်ချိန်မှာ!
သင့်အတွက် စားစရာတစ်ခုခု
ဖန်တီးပေးနိုင်တာ
ဘယ်သူပါလဲ

သင်နာမကျန်းဖြစ်နေရင်
သင့်ကိုပြုစုမယ့်သူ

သင်ပျော်ရွှင်ချိန်မှာ
သင့်အတွက် ကျေနပ်ပေးမယ့်သူ

သင်အောင်မြင်ချိန်မှာ
သင့်အတွက် သင့်ထက်ပိုပြီး
ဂုဏ်ယူနေမယ့်သူ

သင့်အိမ်ပြန်ချိန်တွေကို
(အခမဲ့)စိတ်ပူပေးမယ့်သူ

သင့်ရဲ့ဒေါသ သင့်ရဲ့မာန သင့်ရဲ့သောကတွေကို
(မေတ္တာဖြင့်) အရင်းနှီးဆုံး
နားလည်ပေးမယ့်သူ ဘယ်သူပါလဲ

အဲဒီသူမျိုးကိုခေါ်တာဖြစ်ပါတယ်

သေချာတာကတော့
သင့်အတွက် ခက်ခဲနေချိန်တွေ
ကျရှုံးနေချိန်တွေ နာမကျန်းဖြစ်နေချိန်မှာ
သင့်စိတ်ကူးတွေထဲက
သင့် (idol) တွေ
သင့် (celebrities) တွေ
သင့် (crush) တွေက
သင့်ဘေးမှာ ရှိနေနိုင်မှာမဟုတ်ဘူး
ဆိုတာပါပဲ

ဒါ့ကြောင့်

သင့်မှာမောပန်းလာရင် မှီဖို့
နံရံလိုလူ ရှိသလား ?

အားနာစရာ မလိုလောက်အောင်
မြေကြီးလို ထမ်းပိုးထားတဲ့သူ ရှိသလား ?

ဟာသဇာတ်ကားတွေ မလိုအောင်
သင့်ကို ရယ်မောစေတဲ့သူ ရှိသလား ?

ကမ္ဘာ့အတော်ဆုံး စားဖိုမှူးတွေထက်
သင့်အကြိုက်ကိုပိုသိတဲ့သူ ရှိသလား ?

ဘဝရဲ့ နေပူပူကိုကာကွယ်ပေးမယ့်
ထီးလိုလူ ရှိသလား ?

သူရှိရင်ငါလုံခြုံပြီ'ဆိုတဲ့စိတ်နဲ့
နေ့တွေညတွေကို အတူဖြတ်ကျော်ပေးတဲ့သူ ရှိသလား?

မိတ်ဆွေ
သင့်လက်တွဲဖော်ရဲ့တန်ဖိုးအမှန်ကို
ပကတိအမြင်နဲ့ မြင်ကြည့်လိုက်ပါ

ဘယ်လိုပဲဖြစ်ဖြစ်
သူဟာသင့်အတွက် အမြဲရှိနေမှာပါ

ဘုရားပေးတဲ့
တချို့လက်ဆောင်တွေက
သင့်တစ်ယောက်တည်း
အတွက်သာဖြစ်ပါတယ်

တခြားလူတွေကို
ပေးတာမဟုတ်တဲ့အတွက်
တခြားလူတွေက လက်ဆောင်ရဲ့တန်ဖိုးကို
သိမှာမြင်မှာ နားလည်မှာ မဟုတ်ပါဘူး

ဒါ့ကြောင့် သင်တန်ဖိုးထားပါ။

Credit... ❤️ကလေးရဲ့ကိုကို❤️
Online Shop ပြန်လည်မျှဝေပါသည်💕💕💕

26/03/2024

🎁🎁 " စိတ်ဓာတ်ကျတိုင်း အမြဲဖတ်ဖို့ " 🎁🎁

◼ လိုချင်တာတွေများနေရင် _ ရင်မောရတတ်တယ် ။
◼ ဖြစ်ချင်တာတွေများနေရင် _ စိုးရိမ်နေရတတ်တယ် ။
◼ မျှော်လင့်တာတွေများနေရင် _ ပူပန်နေရတတ်တယ် ။
◼ မလိုအပ်တဲ့အရာတွေကိုလည်း _ မခင်တွယ်မိစေနဲ့ ။
◼ စိုးရိမ်သောကတွေကိုလည်း _ လိုအပ်တာထက်မပိုနဲ့ ။
◼ မဖြစ်သေးတဲ့ကိစ္စကိုတွေးပြီး _ သောကမရောက်ပါနဲ့ ။
◼ လောကဓံဆိုတာ...
◼ မလိုချင်တာတွေလည်း _ ရလာတတ်တယ်...။
◼ မဖြစ်ချင်တာတွေလည်း _ ဖြစ်လာတတ်တယ်..။
◼ မမျှော်လင့်တာတွေလည်း _ ကြုံလာရတတ်တယ်....။
◼ ကိုယ်လိုချင်တာတွေမရလို့လည်း_ စိတ်ညစ်မနေပါနဲ့”
◼ ကိုယ်မလိုချင်တာတွေရပြီး စိတ်ညစ်နေရတဲ့သူတွေ
◼ လောကြီးမှာ ဒုနဲ့ဒေးရှိနေပါတယ်....။
◼ ”အတိတ်ကရခဲ့တဲ့ နာကျင်စရာတွေကို မေ့လိုက်ပါ”
◼ ဒါပေမဲ့ အဲ့ဒီကရလိုက်တဲ့ သင်ခန်းစာတွေကိုတော့
◼ ဘယ်တော့မှ မေ့မပစ်လိုက်ပါနဲ့....။
◼ ”ရင့်ကျက်မှုတွေရဖို့ မျက်ရည်တွေနဲ့ ရင်းခဲ့ရတယ်”
◼ ”ခွင့်လွှတ်တတ်ဖို့ သည်းခံစိတ်တွေ မွေးခဲ့ရတယ်”
◼ ”နာလည်ပေးဖို့ ဒေါသတွေ လျှော့ခဲ့ရတယ်”
◼ ”အဆင်ပြေသွားဖို့ ဖြစ်ချင်တာတွေ စွန့်လွှတ်ခဲ့ရလို့ပါ”
◼ လူ့ဘဝ လူ့သက်တမ်းဆိုတာက..
◼ ဖိနပ်တစ်ရံလိုပါပဲ ရုပ်ဝတ္တူတွေနောက် လိုက်ရင်း ……
◼ ပျော်ရွှင်မှုတွေဆီလျှောက်ရင်း ……
◼ ပါးလျကုန်ကျရတာလေ....
◼ ဘဝဟာတိုတိုလေးမို့ အမုန်းတရားတွေနဲ့
◼ အချိန်ကုန်မခံပါနဲ့.....။
◼ ပြောချင်တာက...
◼ လောကဓံဆိုတာ လူတိုင်းကြုံနေရတာပါ..။
◼ အောင်မြင်လိုက် ရှုံးနိမ့်လိုက်နဲ့ပေါ့..
◼ ဘယ်သူမှ တသမတ်တည်း မရှိနိုင်ပါဘူး..။
◼ ဒါဟာ သဘာဝပါပဲ...။
◼ သဘာဝရဲ့ တခဏကို ……
◼ ထာဝရလို့ မထင်လိုက်ပါနဲ့လို့ ပြောလိုက်ပါရစေ..။

ကြမ်းတမ်းတဲ့စကားကို
ပြောဖို့ကြံရွယ်လိုက်တိုင်း ……
ဆွံ့အပြီးစကားမပြောနိုင်သူများကို
သတိရမိပါရစေ။

အစားအသောက်မကောင်းလို့
စိတ်ညစ်မိတဲ့အခါတိုင်း ……
စားစရာမရှိ၍ ငတ်ပြတ်နေသောသူများကို
သတိရမိပါရစေ။

ကိုယ့်ဇနီးနဲ့မိသားစုကို
စိတ်ကျေနပ်မှု မရှိကာစိတ်တို……
ဒေါသထွက်သည့်အခါတိုင်း
တစ်ကိုယ်တည်းအဖော်မဲ့ကာ ……
အထီးကျန်နေသူများကို သတိရမိပါရစေ။

ကိုယ့်ဘဝကိုယ်
မကျေမနပ်ဖြစ်မိသည့်အခါတိုင်း ……
ရှင်သန်ခြင်းဘဝအား စောစီးစွာ
ကျောခိုင်းသွားရသူများကို……
သတိရမိပါရစေ။

ကိုယ့်သားသမီးများကို
စိတ်ကျေနပ်မှု မရှိသည့်အခါတိုင်း……
သားသမီးမရနိုင်၍
ယူကြုံးမရဖြစ်နေသူများကို သတိရမိပါရစေ။

တစ်ယောက်ယောက်က
စည်းကမ်းလိုက်နာမှု အားနည်းလို့……
ကိုယ့်အိမ်နဲ့ ပတ်ဝန်းကျင်အပေါ် မကျေမချမ်း၊
စိတ်တို ဒေါသထွက်နေပါက နေစရာအိမ်မရှိလို့ ……
လမ်းပေါ်အိပ်၊ လမ်းပေါ်စားနေရသူများကို
သတိရမိပါရစေ။

ကားမောင်းရတဲ့လမ်းခရီးဟာ
ရှည်လျားကြမ်းတမ်းလို့ ……
ငြီးငွေ့၊ စိတ်တို ၊ဒေါသထွက်နေပါက
အဲဒီလမ်းခရီးကိုပဲ ……
လမ်းလျှောက်သွားနေရတဲ့
သူများကို သတိရမိပါရစေ။

ကိုယ့်အလုပ်မှာ ပင်ပန်းလွန်းလို့၊
အဆင်မပြေတာတွေကြုံရလို့
မကျေမချမ်းဖြစ်ကာ စိတ်ညစ်နေပါက
အလုပ်လုပ်ချင်သော်လည်း
အလုပ်မရရှိကြသူများ၊
အလုပ်ထုတ်ခံရသူများ၊
ကိုယ်အင်္ဂါချို့တဲ့သဖြင့်
အလုပ်မလုပ်နိုင်သူများကို သတိရမိပါရစေ။

တစ်စုံတစ်ယောက်ကို အပြစ်မြင်ကာ
စိတ်တို၊ဒေါသထွက်နေပါက
မိမိကိုယ်တိုင် အမှားတစ်ခုမဟုတ်တစ်ခု
ပြုမိခဲ့ဖူးတာကို သတိရမိပါရစေ။

အဆင်မပြေမှုများကြုံတွေ့ကာ
စိတ်ဓာတ်ကျနေပါက
အနည်းဆုံးတော့
အသက်ရှင်သန်နေသေးတယ်
ဆိုတာကို သ တိ ရ မိ ပါ စေ...။

Credit
Online Shopပြန်လည်မျှဝေပါတယ်

25/02/2024

▪️သိပ်ကောင်းတဲ့စာတစ်ပုဒ်မို့
ဖတ်ဖြစ်အောင်ဖတ်လိုက်ပါ…

ငါးတစ်ကောင်
ကုန်းပေါ်ရောက်လာပါတယ် …
ရေထဲပြန်ဆင်းဖို့ သူ..
လူးလှိမ့်ခုန်ပစ်ပေမယ့်
ရေမြောင်းဆီကို မရောက်နိုင်ဖြစ်နေတော့..
သူစိတ်လျော့လိုက်တယ်..
သေပါစေတော့ ပေါ့ …

ဒါကို.. ပုရွက်ဆိတ်တွေ မြင်တော့
ငါးကို ကယ်မယ် လုပ်ကြတယ်..!!
ပုရွက်ဆိတ်တစ်ချို့က ငါးကို
ဝိုင်းချီကြပြီး ရေမြောင်းစပ်ဆီ ပို့မယ်ပေါ့ …

ပုရွက်ဆိတ်ခေါင်းဆောင်က ပြောတယ်…
"မချီကြနဲ့...မနိုင်လောက်ဘူး.."
"ငါတို့ သူ့ကိုနာအောင် ဝိုင်းကိုက်ကြမယ် "
ဆိုပြီး ဝိုင်းကိုက်ကြလေတော့..

ငါးက..နာလွန်းပြီး
တအားပဲလူးလှိမ့် ခုန်ဆွ ပြေးရင်း..
ရေမြောင်းစပ်ဆီရောက်သွားတယ်..
နောက်ဆုံး.. ရေထဲထိ
ရောက်သွားနိုင်ခဲ့တယ်. . .

တစ်ချို့ နာကျင်ခြင်းတွေဟာ..
တစ်ချို့တိုက်ခိုက်မှု့တွေဟာ .
အောင်မြင်ခြင်းအတွက် အထောက်အပံ့
ဖြစ်စေတယ် ဆိုတာ..မမေ့ကြပါနဲ့။

တစ် ခါ တ လေ
တိုက်ခိုက်လာတဲ့ သူတွေကြောင့်
ကိုယ်က ပိုပြီး သန်မာလာရတယ်။
စိတ်ညစ်ချင် ညစ်ပါ။
သို့သော် … စိတ်ဓာတ်မကျနဲ့။
ဘာအကြောင်း, ကြောင့်မှ
စိတ်ဓာတ်မကျကောင်းဘူးနော်...

နင်းတတ်ရင်..အားလုံးဟာ
လှေကားထစ်တွေချည်းပါပဲ။

ဘဝမှာအခက်အခဲကြုံလာရင်
"အရာရာဟာ ကောင်းဖို့ဖြစ်လာတာပါ"
ဆိုတဲ့ ပုံပြင်လေးကို သတိရပါ.."
______________________________

Photos from Htay online shop's post 03/02/2024

#အစာအိမ်အောင့်လာရင် အရေးပေါ်ဆေးနည်း

Grace Tun Shein ဂျပန်မှာ
ရထားစီးတုန်း အစာအိမ်အောင့်လာလို့ မခံမရပ်နိုင်ဖြစ်လာတော့ ဂျပန်အဖွားကြီးတယောက်က
ရပ်တဲ့ဘူတာက Mini Market ထဲခေါ်သွားပြီး
ကုသပေးလိုက်တဲ့ အရေးပေါ်ဆေးနည်းလေးပါ။
ဂျပန်လူမျိုးများရဲ့ ရိုးရာဆေးနည်းတစ်ခုလို့ သိရပါတယ်။

#ဆေးနည်း
ကြက်ဥ(သို့)ဘဲဥတစ်လုံးကို ပန်းကန်လုံးထဲ
ဖောက်ထည့်၊ အနှစ်ကို ဖယ်ထားပြီး အကာထဲကို ဆိုးဆေးမပါတဲ့ သဘာ၀ သကြားညို
အနည်းငယ်ထည့်၍ သောက်လိုက်ပါ။
အစာအိမ်ကြောင့် ဗိုက်အောင့်ဗိုက်နာ
ချက်ချင်းပျောက်ပါတယ်။
အရေးပေါ် ဆေးနည်းလေးပါ။

ကျွန်တော်တို့တင်ပြပေးထားသည်ဖတ်၍မိဘပြည်သူများအနေဖြင့်
ဗဟုသုတအဖြစ်မှတ်သားစရာတစ်ခုခုကျန်ခဲ့မယ်ဆိုရင် အလွန်ဝမ်းမြောက်မိမှာပါ။
အခြားသူများလည်းသိစေရန်ပြန်လည်မျှဝေခြင်းဖြင့်ကျန်းမာရေး ကုသိုလ်ယူပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

ကျန်းမာရေးဗဟုသုတများကိုနေ့စဉ်နှင့်အမျှတင်ဆက်ပေးနေတာကြောင့် page ကိုlikeလုပ်ထားဖို့အကြံပေးပါရစေpageထဲလဲဝင်ရောက်လေ့လာဖို့ဖိတ်ခေါ်ပါတယ်ခင်ဗျာ...

ကျန်းမာချမ်းသာကြပါစေ
Crd
Online Shopပြန်လည်မျှဝေပါသည်။

Photos from Htay online shop's post 12/01/2024

လေးဘက်နာ၊အဆစ်မြစ်၊အကြောကိုက်ရောဂါအတွက်
🩷🩷🩷🩷🩷🩷🩷🩷🩷🩷🩷🩷🩷

လေးဘက်နာ၊ အဆစ်မြစ်နာနှင့် အကြောရောဂါဝေဒနာများအတွက် သဘာဝဆေးနည်းကောင်းလေးကို ကျန်းမာရေးသတင်းများမှ မျှဝေပေးလိုက်တယ်။

ဆေးနည်း

(၁) ရှောက်သီးတစ်ခြမ်းကို ထမင်းစားဇွန်း တစ်ဇွန်း
ခန့်ရအောင် အရည်ညစ်ယူပါ။

(၂) ချင်း(ဂျင်းတက်)ကို ထုထောင်း၍ လက်ဖက်စားဇွန်း တစ်ဇွန်းခန့်ရအောင် အရည်ညစ်ယူပါ။

(၃) သဘာ၀ပျားရည်စစ်စစ် ထမင်းစားဇွန်း တစ်ဇွန်းခန့် ထည့်ပါ။

(၄) ၄င်း ၃ မျိုးကို ဖန်ခွက်တစ်ခွက်ထဲတွင် အတူရောမွှေ၍ ရေနွေးချမ်းနှင့်သော်၄င်း၊ ရေအေးနှင့်သော်၄င်း မနက်၊ နေ့၊ ည တစ်နေ့ ၃ ကြိမ်သောက်ပါ။

ပျားရည်ကို သဘာ၀ပျားရည်၊ ရှောက်သီးကို ရှောက်ခါးသီး(တောရှောက်သီး) ဆိုလျှင် ပိုကောင်းပါသည်။

၄င်းသဘာဝဆေးကို ပုံမှန်သောက်သုံးပေးပါက အဆစ်အမြစ်နာဖြစ်ခြင်း၊ ကိုက်ခဲခြင်း၊ အညောင်းအညာဖြစ်ခြင်းတို့မှ သက်သာပျောက်ကင်းစေပါသည်။

ကျွန်တော်တို့တင်ပြပေးထားသည်ဖတ်၍မိဘပြည်သူများအနေဖြင့်
ဗဟုသုတအဖြစ်မှတ်သားစရာတစ်ခုခုကျန်ခဲ့မယ်ဆိုရင် အလွန်ဝမ်းမြောက်မိမှာပါ။
အခြားသူများလည်းသိစေရန်ပြန်လည်မျှဝေခြင်းဖြင့်ကျန်းမာရေး ကုသိုလ်ယူပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

Credit
Online Shopပြန်လည်မျှဝေပါသည်။

Photos from Htay online shop's post 28/12/2023

🤎🤎 ခန္ဓာကိုယ်တွင် သွေးလည်ပတ်မှုမကောင်းပါက
ဖြစ်ပေါ်လာနိုင်သည့် လက္ခဏာ(၈)ချက်🤎🤎
••••••••••••••••••••••••••••••••••••••••••••••••••••

#ပုံကိုဖိကြည့်ပါ👇👇
Credit
Online Shopပြန်လည်မျှဝေပါသည်

05/12/2023

ဆေးဖက်ဝင်တဲ့ "ကြောင်လျှာ"

(က) ကြောင်လျှာအခေါက်အမှုန့်ပြု ၍ ချင်း(ဂျင်း)ရည် ၊ ပျားရည်တို့နှင့် ရောစပ်လျက် သောက်သော် ပန်းနာ ချောင်းဆိုးရောဂါ ပျောက်၏ ။

(ခ) အခေါက်မှုန့်ကို ရေနွေးတွင် ၂ နာရီခန့်စိမ်၍ စစ်ပြီး နံနက် ည သောက်သော် အစာမကြေရောဂါ ပျောက်၏ ။

(ဂ) ကြောင်လျှာခေါက် ကို ရေစိမ်၍ ၎င်းရေနှင့် ပလုတ်ကျင်း ပေးသော် ခံတွင်း ခြောက် ကွဲနာ ပျောက်၏ ။

(ဃ) သားဖွားပြီး နာကျင်ကိုက်ခဲသည့်ရောဂါ ၊ ခေါင်းတစ်ခြမ်း ကိုက်ရောဂါများအတွက်လည်း ကြောင်လျှာခေါက်ကို သုံးနိုင်သေးသည်။

(င) အမြစ်ခေါက်ကို အဆစ်အမျက်ရောဂါဖျားရောဂါ ၊ ၀မ်းဖော ၊ ၀မ်းရောင် ၊ ၀မ်းကိုက်ရောဂါများအတွက် အသုံးပြု၏ ။

(စ) ကြောင်လျှာရွက် ညှစ်ရေကို သောက်သော် ဘိန်းဆိပ်သင့် ခြင်း ပျောက်၏ ။

(ဆ) ကြောင်လျှာရွက်ပြုတ်တို့စားက ၀မ်းမီးကောင်း၏။ နားအူ နားကိုက်ကောင်း၏။

(ဇ) ကြောင်လျှာ အသီးကို ပြုတ်၍ လည်းကောင်း ၊ ဖုတ်၍ လည်းကောင်းစားခြင်းဖြင့် အစာမကြေရောဂါ ၊ လည်ပင်းကြီးရောဂါ ၊ သရိုက်ရောဂါ ပျောက်၏။ သုပ်စားခြင်းဖြင့် လည်ချောင်းတွင်း အပူဖုပေါက်သောရောဂါ ပျောက်သည်။

(ဈ) ကြောင်လျှာသီး နှင့် ကြက်သား ရော ချက်စားပါက ပန်းနာရင်ကြပ်ရောဂါ ပျောက်၏ ။

(ည) ကြောင်လျှာသီး နှင့် ငါးရံ့ဖြင့်ချက်စားပါက ကာလ၀မ်းရောဂါပျောက်၏ ။ အားကို ဖြစ်စေပြီး အစာမကြေရောဂါ ၀မ်းပျက်ရောဂါပျောက်၏။

(ဋ) ကြောင်လျှာသီး နှင့် ပုစွန် ချက်စားက နှလုံးလေရိုက်ရောဂါ ၊ နှလုံးတုန် ၊ ရင်တုန်ရောဂါ ပျောက်၏။

(ဌ) ကြောင်လျှာသီး နှင့် ငါးသလောက် ချက်စားက အဖောရောဂါကို ကျစေ၍ လူကို ၀ဖြိုးစေပြီး နှလုံးအားနည်းခြင်း ကို ပျောက်စေသည်။

(ဍ) ကြောင်လျှာသီး နှင့် ငါးမြွေထိုး ချက်စားက ဒူလာသွေးဝမ်း မီးယပ်သွေးဝမ်း နှင့် မြင်းသရိုက် ရောဂါတို့ကို ပျောက်ကင်းစေ၏။

(ဎ) ကြောင်လျှာ အမြစ်ကိုသွေး၍ လိမ်းပေးခြင်းဖြင့် အနာဝင် မန်းလိုက်ခြင်း ပျောက်ကင်းသည်။

(ဏ) ကြောင်လျှာသီးကို (၇) ရက် နှစ်ခါ စားသော် သုတ်ခွန်အား တိုးပွားစေ၏၊ ဒေါသသုံးပါးကို ငြိမ်းစေ၏။

(တ) ကြောင်လျှာ အခေါက်အမြစ် တို့ကို သွေးလိမ်းသော် လေဖြတ်လေငန်း တခြမ်းသေ၊ တပိုင်းသေ၊ သွေးမလျှောက် လေမလျှောက်၊ ထုံနာကျင်နာ၊ ချိနဲ့သောသူများ သက်သာပျောက်ကင်း၏။

(ထ) ကြောင်လျှာခေါက် ၆ ရွေးသား၊ ချင်းခြောက် ၆ ဆရွးသား၊ ထန်းလျက် ၁၂ ရွေးသားတို့ကိုရော၍ အလုံး သုံးလုံးရအောင် လုံး၍ နံနက် နေ့ ည ဒသမှုပြုတ်ရည်နှင့် သောက်သော် သားဖွားမီးယပ်ရောဂါဖြစ်သည့် အမျိုး သမီးများသားဖွားပြီးနောက် ၄-၅-၆ ရက်တိုင်အောင် ကြောက်မက်ဖွယ်ကောင်းသည့် ကိုက်ခဲနာကျင်ခြင်းတို့ကို အံ့သြဖွယ်ကောင်းအောင် ပျောက်ကင်းသည်။

(ဒ) ကြောင်လျှာခေါက်ကို အမှုန့်ပြု၍ ချင်း (ဂျင်း)သတ္ထုရည်နှင့်လည်းကောင်း၊ ပျားရည်နှင့် လည်းကောင်း၊ ရောစပ်၍ လျက်စားသော် ပန်းနာချောင်းဆိုးရောဂါသည် ပျောက်ကင်း၏။

(ဓ) ကြောင်လျှာခေါက်ရေနှင့် စပ်၍ နွားနို့၊ ပဲစင်းငုံရွက် သတ္ထုရည်ရောပြီး ရှူပေးခဲ့သော် ခေါင်းတစ်ခြမ်းကိုက်ရောဂါ ပျောက်ကင်း၏

(န) ကြောင်လျှာ အခေါက်မှုန့်ကို ရေနွေးတွင် နှစ်နာရီကြာမျှ စိမ်၍စစ်ပြီးနောက် တစ်ကြိမ်လျှင် ၁ ကျပ်သားမျှ နံနက်ည သောက်ခဲ့သော် ၀မ်းမီးနုံ့ခြင်းကြောင့်ဖြစ်သော အစာမကြေရောဂါ ပျောက်ကင်း၏

(ပ) ကြောင်လျှာရွက် သတ္ထုရည်ကို တိုက်သော်
ဘိန်းဆိပ်သင့်သူများ သက်သာပျောက်ကင်းသည်

(ဖ) ကြောင်လျှာရွက်ကို သို့မဟုတ် ကြောင်လျှာခေါက်ကို ရေနှင့်စိမ်၍ ၎င်းရေကို ပလုတ်ကျင်းပေးခဲ့သော် ခံတွင်းခြောက်ကွဲနာ ပျောက်ကင်း၏။

(ဗ) ကြောင်လျှာပွင့်ကို သုတ်စားခြင်း၊ ရေနွေးဖျောပီး တို့ပြုတ်စားခြင်း ဖြင့် နှုတ်မမြိန်နာ အတွက် ပျောက်ကင်း ၏

Credit :: မူရင်း
Htay Online Shopပြန်လည်မျှဝေပါသည်။

17/11/2023

ထပ်ဆင့်ကူးယူမျှဝေပါသည်
CRD.
Nyein Thi

၂၂ ရက်နေ့ နံနက်၀၇၀၀ ချိန်ခန့် တရား အာရုံ
ပြုရင်း မမြင်နိင်သော အသံတိတ် လူသတ်သမား
လက်ချက်ဖြင့် တေဇကြယ်တစ်ပွင့်ကြွေလွင့်ခြင်း

From my sister, ခွဲစိတ် သူနာပြု နှင့် လက်မှတ်ရ CPR (Cardio-pulmonary Resuscitation) teacher

1. ည ၇း၂၅ မိနစ်ခန့် , တခြားရက်တွေနဲ့မတူ အလုပ်မှာ ခက်ခဲပင်ပန်းခဲ့ရတဲ့ နေ့တနေ့

2. တကယ်ပဲ ပင်ပန်းပီး စိတ်ညစ်ညူးနေတယ်

3. ရုတ်တရက် ရင်ဘတ်ကနေ အလွန်နာကျင်
တဲ့ဝေဒနာ ခံစားလိုက်ရတယ် ။ အဲ့နာကျင်မှုက
လက်မောင်း အတွင်းသားတွေ မေးတွေအထိ
ရောက်တယ်။ သင့်အိမ်နဲ့အနီးဆုံး ဆေးရုံကို
ရောက်ဖို့ ၅ မိုင်လောက်ပဲလိုတယ်

4. ဒါပေမဲ့ အဲ့ခရီးကို ရောက်အောင်သွားနိုင်
မလား မသေချာဘူး။

5. သင်ဟာတခြားသူကို CPR (အသက်ရှူ
အားကူ)လုပ်တတ်တယ်။ ဒါပေမဲ့ သင့်ကို သင်
ပေးတဲ့သူက ကိုယ်တိုင်လိုအပ်နေရင် ဘယ်လို
လုပ်ရမယ်ဆိုတာတော့ သင်မပေးထားဘူး။

6. သင်တယောက်ထဲရှိတဲ့အချိန် နှလုံးရောဂါ
ထဖောက်ရင် ဘယ်လို အသက်ရှင်နိုင်အောင်
လုပ်မလဲ? လူတော်တော်များများ နှလုံးရောဂါ ထ
ဖောက်တဲ့အချိန် သူ့အနားမှာကူမဲ့သူ တယောက်
မှမရှိဘူး ၊ သူ့နှလုံးက ပုံမှန်မခုန်ဘူး ၊ သတိလစ်
မေ့မျောတော့မယ်၊ သတိလစ်ဖို့ ၁၀ စက္ကန့်
လောက်ပဲလိုတယ်.

7. ဒါပေမဲ့ အဲ့လိုအချိန်မှာ ကိုယ့်ဖာသာ
ကိုယ်ပြန်ပီးကူညီနိုင်တယ် -

** ချောင်းဆိုးမယ် ။ ချောင်းကို ခနခန ဆိုးမယ် ရင်ထဲကနေ လှိုက်လှိုက်ဆိုးမယ်( ချောင်းနက်ဆိုး) ကြာကြာဆိုးမယ် ၊

** ချောင်းတစ်ခေါက် မဆိုးခင်တိုင်းမှာ အသက်
်ပြင်းပြင်းရှူသွင်းမယ် ။ အဲ့လိုလုပ်ခြင်းအားဖြင့် ရင်ဘတ်ထဲက ချွဲ၊ သလိပ်တွေ ထွက်လာမယ်။

** အဲ့လိုမျိုး အသက်ရှူလိုက် ချောင်းဆိုးလိုက်ကို နှစ်စက္ကန့် တစ်ကြိမ်လောက် တစ်လှည့်စီ အဆက်
်မပြတ်လုပ်ပါ ။ အကူအညီမရောက်မခြင်း ( သို့ ) နှလုံးပုံမှန်အတိုင်းခုန်နေပြီလို့ မခံစားရမခြင်း။

8. အသက်ပြင်းပြင်းရှူခြင်းက အဆုတ်တွင်း
အောက်စီဂျင် ရစေတယ်၊ ချောင်းဆိုးခြင်းက နှလုံး
ကိုညှစ်ပေးတယ်၊ ဒါကြောင့် သွေးလည်ပတ်မှု ကို
ထိန်းထားပေးတယ်။

** နှလုံးညှစ်ပေးနေတာကြောင့်လဲ နှလုံးခုန်နှုန်း
ပုံမှန်ပြန်ဖြစ်စေတယ်။ အဲ့လိုလုပ်ခြင်းအားဖြင့် နှလုံးရောဂါထဖောက်တဲ့လူနာကို ဆေးရုံပို့ပေး
နိုင်ဖို့ အချိန်ဆွဲထားပေးနိုင်တယ်။

9. ဒီအကြောင်းကို တတ်နိုင်သမျှ
လူတော်တော်များများကို ပြောပြပေးပါ။ အဲ့ဒါကသူတို့အသက်ကို ကယ်ပေးလိမ့်မယ်။

10. နှလုံးရောဂါအထူးကု ဆရာဝန်တစ်ယောက်
ကပြောတယ် ။ အကယ်၍ သင်ဒီစာကိုရရင် လူ ၁၀ယောက်ကိုပြန်ဖြန့်ဝေပေးလိုက်ပါ။ကျွန်တော်
်တို့ အနည်းဆုံး လူတစ်ယောက်ရဲ့ အသက်ကို
တော့ ကယ်နိုင်ပါလိမ့်မယ်။

11. ဟာသတွေပို့မဲ့အစား ဒီစာကို ပြန်ရှယ်ခြင်းဖြင့် တစ်ဦးတစ်ယောက်ရဲ့ အသက်ကိုကယ်နိုင်ပါ
လိမ့်မယ်။

crd
Htay Online Shopပြန်လည်မျှဝေပါသည်။

26/10/2023

ဆီးချိုသမားများ လုံးဝသိထားသင့်တဲ့ သရက်ရွက်ကုထုံး

အသံတိတ်လူသတ်သမားလို့ ခေါ်လေ့ရှိကြတဲ့ ဆီးချိုရောဂါဟာ လူအတော်များများကို ဒုက္ခပေးလျက် ရှိပါတယ်။
စားချင်တာမစားရတဲ့ ဒုက္ခကို သွေးတိုး ၊ဆီးချို ရှိတဲ့သူတွေသာ နားလည်ပါလိမ့်မယ် ။ ခန္ဓာကိုယ်တွင်းမှာရှိတဲ့ ပန်ကရိယမှာ အင်ဆူလင်တွေ မထုတ်လွှတ်နိုင်တော့တဲ့အခါ (သို့) အင်ဆူလင်တွေကို ခန္ဓာကိုယ်တွင်း ကောင်းစွာ အသုံးမချနိုင်တော့တဲ့အခါမှာ ဆီးချိုရောဂါ ဖြစ်လာရပါတယ် ။

#ဆီးချိုရောဂါရဲ့လက္ခဏာတွေကတော့

– ဆီးခဏခဏသွားခြင်း

– အမြဲတမ်း ရေဆာနေသလို ခံစားရခြင်း

– ရုတ်တရက် ကိုယ်အလေးချိန် ထိုးကျသွားခြင်း

– အမျိုးသားအင်္ဂါ ၊ အမျိုးသမီးအင်္ဂါ တဝိုက် ယားယံခြင်း

– အနာကျက်နှေးလာခြင်း

– အမြင်ဝေဝါးလာခြင်း

– မောပန်းနွမ်းနယ်ခြင်း တို့ ဖြစ်ပါတယ် ။

ဆီးချိုရောဂါကို ဆေးဝါးတွေမလိုပဲ ကုသနိုင်တဲ့ လွယ်လွယ်ကူကူ နည်းလမ်းလေးကို ဖော်ပြပေးပါမယ် ။
သရက်သီးဟာ ဆီးချိုသမားတွေ မစားသင့်သော်လည်း သရက်ရွက်ကတော့ ဆီးချိုအတွက် အမှန်တကယ်ကို အသုံးဝင်လှပါတယ် ။

ပြုလုပ်နည်းလေး
ခပ်နုနု သရက်ရွက် အချိုကို ယူပြီး ရေတစ်ဖန်ခွက်ထည့်ကာ ဆူပွက်အောင် ပြုတ်ပြီး ညသိပ်ထားလိုက်ပါ ။
မနက်အိပ်ရာနိုးနိုးချင်း အစာအိမ်ထဲ ဘာမှမရှိခင်အချိန်မှာ ပြုတ်ထားသောရေကို သောက်လိုက်ပါ ။
နှစ်လ ၊ သုံးလခန့် ပုံမှန်သောက်သုံးပေးမယ်ဆို ဆီးချိုရောဂါအတွက် ရလဒ်ပိုကောင်းမွန်တာကို တွေ့ရှိရမှာပါ ။
ဒါ့အပြင် ကျန်နေသော အရွက်တွေကို မှောင်သောနေရာမှာ အခြောက်ခံထားပြီး အမှုန့်လုပ်ကာ တစ်နေ့လျှင် နှစ်ကြိမ် လက်ဖက်ရည်ဇွန်းတစ်ဝက်ခန့် ထည့်ကာ စားသုံးမယ်ဆိုရင်လည်း ကျန်းမာရေးအတွက် ကောင်းမွန်စေပါတယ်။

သရက်ရွက်မှာ ဗီတာမင် ၊ အင်ဇိုင်း ၊ ဓါတ်တိုးဆန့်ကျင် နှင့် အခြားသော အာဟာရဓါတ်တွေ များစွာကြွယ်ဝတာကြောင့် ခန္ဓာကိုယ်တစ်ခုလုံးရှိ ကျန်းမာရေးအတွက် များစွာ အထောက်အကူ ပြုစေပါတယ် ။
ဖျားနာခြင်း ၊ ဝမ်းသွားခြင်း ၊ အိပ်မပျော်ခြင်း ၊သွေးကြောထုံးခြင်း ၊ဖောင်းခြင်း ၊ ပန်းနာရင်ကျပ် ၊အဆုတ်လေပြွန်ရောင်ခြင်း နှင့် အအေးမိဖျားနာခြင်းတို့ကို သက်သာပျောက်ကင်းစေပါတယ် ။
ဒါ့အပြင် သွေးပေါင်ချိန် ကျစေပြီး သွေးကြောများကို ကျန်းမာသန်စွမ်းစေပါတယ် ။
ကျန်းမာရေးအတွက်ဆေးပညာဒါနမျှေ ပေးခြင်းဖြစ်ပါတယ်
လေးစားစွာဖြင့်ခရက်ဒစ်ပေးပါသည်။

Htay Online Shopပြန်လည်မျှဝေပါသည်။

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Yangon