Diamond Nori Gold & Jewellery Shop
အကောင်းဆုံးQuality Diamond Nori ၊စိန်ထည်တွေဝယ်မယ်ဆိုလျှင်Diamond Nori စိန်ဆိုင်ကြီးကိုသာသတိရလိုက်နော်
20/05/2026
Diamond Nori page ကနေ စိန်နဲ့ပက်သက်တဲ့ ဗဟုသုတရစရာတွေကို မျှဝေပေးလျှက်ရှိပါတယ်ရှင် ။
ဒီနေ့မျှဝေပေးမယ့် အကြောင်းအရာလေးကတော့ စိန် ၏ အရောင် (Colour) အကြောင်းပဲ ဖြစ်ပါတယ်ရှင်။
အချို့လူတော်တော်များများကတော့ စိန်ကိုအရောင်တစ်မျိုးတည်းရှိသည်ဟု ထင်တတ်ကြပါတယ်။
တကယ်တော့ စိန်က အရောင်တစ်မျိုးတည်းရှိတာမဟုတ်ပါဘူးရှင်။အရောင်မရှိသောစိန် အဖြူရောင်စိန်(Colourless)၊အဝါရောင်စိန်၊အစိမ်းရောင်စိန်၊ခဲရောင်စိန်၊ပန်းရောင်စိန်၊အနီရောင်စိန်၊အပြာရောင်စိန်၊အညိုရောင်စိန်နှင့် အနက်ရောင်စိန် စသည်ဖြင့် အမျိုးမျိုးရှိနိုင်ပါတယ်ရှင်။
အရောင်မရှိသောစိန်ဆိုသည်မှာ ရေသန့်ရေခဲတုံးကဲ့သို့ အရောင်မပါ ကြည်လင်နေသောစိန်ကို ပြောတာပါရှင်။အရောင်မျိုးစုံရှိသည့်အနက် အနီရောင်စိန်မှာ ရှားပါးစိန်ဖြစ်ပါတယ်ရှင်။အကယ်၍ အခြားအခြေအနေ ဂုဏ်အင်္ဂါရပ်များတူညီနေခဲ့ရင်တောင် အပြာရောင်စိန်မှာပို၍ဈေးကြီးကြောင်း သိရပါတယ်ရှင်။
အရောင်မရှိသောစိန်၊အဖြူရောင်စိန်၊အဝါရည်စွဲပါသောစိန် စသည်ဖြင့် စိန်တွင် အဆင့်ဆင့်ရှိနိုင်ပါတယ်ရှင်။၎င်းအဖြူရောင်ရှိသည့်စိန်များထဲက ဘယ်လိုစိန်က အရည်အသွေးကောင်းလဲမေးလျှင် အလွယ်ကူဆုံး ဖြေရမည်ဆိုပါက အရောင်စွဲမပါလေ ကောင်းလေဖြစ်ပါတယ်ရှင်။
အဖြူရောင်စိန်များတွင် အဝါရည်စွဲရှိသည်ဟုဆိုခြင်းမှာ အဝါရည်မသိမသာ အနည်ငယ်မျှသာ ပါဝင်နေခြင်းဖြစ်ပါတယ်ရှင်။၎င်းအဝါရည်စွဲခြင်းကို အဆီရှိသည်ဟုလည်း တနည်းခေါ်ဆိုကြပါတယ်ရှင်။
စိန်ကိုအရောင်အဆင့် ခွဲခြားသည့်အခါ ထိုအဝါရည်စွဲခြင်းကို အဓိကထားပြီးခွဲခြားကြပါတယ်ရှင်။
အဝါရောင်စိန်ဆိုသည်မှာ သီးခြားပင်ကိုယ် အဝါရောင်ရှိသော စိန်များကိုခေါ်ဆိုပါတယ်ရှင်။၎င်းစိန်များကို ရှမ်ပိန် (Champagne)၊ ကင်နာရီ (Canary)စသည်ဖြင့် ခေါ်ကြပါတယ်ရှင်။
အရောင်ရှိစိန်များဖြစ်ကြသော ပန်းရောင်စိန်၊အစိမ်းရောင်စိန်၊အဝါရောင်စိန်နှင့် အပြာရောင်စိန်စတဲ့ အရောင်ရှိစိန်များကို ဖန်စီစိန် (Fancy) ဟု ခေါ်ဆိုကြပါတယ်ရှင်။
စိန်၏ အရောင်အကြောင်းကတော့ ဒီလောက်ပါပဲနော် နောက်ပို့စ်တွေမှာလည်း စိန်နဲ့ပက်သက်တဲ့ ဗဟုသုတရစရာတွေကို ဆက်လက်မျှဝေပေးပါဦးမယ်ရှင်။
#အကောင်းဆုံးqualitydiamondnori #အကောင်းဆုံးqualityဒိုင်းမွန်းနိုရီ
18/05/2026
စကားလုံးတွေ အများကြီး မလိုဘဲ ရှိရင်းစွဲရှိန်အဝါကို တိတ်တိတ်ဆိတ်ဆိတ်နဲ့ ပိုပြီးခန့်ညားနေစေမှာ "ဂုဏ်တင့်" Braceletလေးပါ 💅🏼
လက်ကောက်ဝတ်ထက်မှာ တည်ငြိမ်တဲ့အဆင့်အတန်းတစ်ခုကို ကိုယ်စားပြုတဲ့ ဂုဏ်ဒြပ်တစ်ခု အဖြစ် အမြဲရှိမှာဖြစ်ပြီး နူးညံ့တဲ့ အနုစိတ်မှုနဲ့ ခိုင်မာတဲ့ ဒီဇိုင်းကို ပေါင်းစပ်ထားလို့ ဘယ်လို အခြေအနေမျိုးမှာမဆို ကိုယ်ပိုင် Confidence ကို ပိုမိုပြီးပြည့်စုံစေမှာပါ ✨
Diamond Nori ရဲ့ ဂုဏ်တင့်စေမယ့် လက်ရာနဲ့အတူ နေ့ရက်တိုင်းကို တင့်တယ်စွာ ဖြတ်သန်းလိုက်ရအောင်နော် ❤️
Diamond Nori ၏ အဆင့်မြင့် စိန်ထည်၊ ရွှေထည် ရတနာများနှင့် ပတ်သက်၍ အသေးစိတ် ဆွေးနွေးတိုင်ပင်လိုပါက အောက်ပါဖုန်းနံပါတ်များမှတစ်ဆင့် ဆက်သွယ် စုံစမ်းနိုင်ပါသည်။
𝟎𝟗 - 𝟐𝟓𝟑 𝟎𝟑𝟗 𝟐𝟕𝟓
𝟎𝟗 - 𝟒𝟓𝟔 𝟗𝟐𝟏 𝟒𝟔𝟏
𝟎𝟗 - 𝟐𝟓𝟒 𝟑𝟏𝟑 𝟗𝟕𝟗
𝟎𝟗 - 𝟗𝟖𝟎 𝟖𝟑𝟔 𝟓𝟗𝟖
𝟎𝟗 - 𝟕𝟗𝟕 𝟐𝟐𝟑 𝟎𝟗𝟏
လူကြီးမင်းတို့၏ စိတ်ကူးထဲက ရတနာများကို ပုံဖော်ပေးရန် Diamond Nori မှ အသင့်ရှိနေပါသည်။ 💎 Page Messenger မှတစ်ဆင့်လည်း တိုက်ရိုက် စုံစမ်းမေးမြန်းနိုင်ပါသည်။ 🧡
#အကောင်းဆုံးQualityDiamondNori
10/05/2026
ဒီနေ့မှာ ကျရောက်တဲ့ အမေများနေ့မှာ မိခင်များအားလုံး စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာရှိကြပါစေကြောင်း Diamond Nori မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်။ ✨
မေမေတို့ရဲ့ မေတ္တာတရားနဲ့ ဂရုစိုက်မှုတွေကြောင့် ကျွန်တော်တို့ရဲ့ နေ့ရက်တိုင်းက ပိုပြီးလှပခဲ့ရတာပါ။ မေမေတို့အားလုံး ဒီနေ့တင်မကဘဲ ရှေ့ဆက်မယ့် နေ့ရက်တိုင်းမှာလည်း စိတ်အေးချမ်းမှုတွေနဲ့အတူ ထာဝရတောက်ပနိုင်ကြပါစေ။ 🌸
ပျော်ရွှင်စရာ မိခင်များနေ့ဖြစ်ပါစေ 💎✨
#အကောင်းဆုံးqualityဒိုင်းမွန်းနိုရီ
05/05/2026
ယနေ့ မျှဝေပေးမှာကတော့ စိန်နှင့်မြိုင်စိန်အကြောင်းပဲဖြစ်ပါတယ်ရှင် 💎
💎စိန်အရိုင်းပွင့်များနှင့် အခြားတွင်းထွက်များခွဲခြားနိုင်ရန် ပုံဆောင်ခဲများကို သတိထားကြည့်ရပါမယ်ရှင်။
တွင်းထွက်အမျိုးအစားမတူလျှင် ပုံဆောင်ခဲပုံစံလည်း အမျိုးမျိုးကွဲပြားနိုင်ပါတယ်ရှင်။
မြန်မာနိုင်ငံမှာအချို့သောသူများက စိန်ကဲ့သို့အဖြူရောင်ရှိပြီး ပြောင်ပြောင်လက်လက်ရှိသောမြိုင်စိန်ကို စိန်ဟုထင်တတ်ကြပါတယ်။
မြိုင်စိန်ဟုခေါ်သော စလင်းတွင်းထွက်သည် အဖြူရောင်ရှိ၍သော်လည်းကောင်း၊ပြောင်လက်၍လည်းကောင်း၊မှန်ကိုအစင်းထင်အောင်ခြစ်နိုင်ခြင်းကြောင့်လည်းကောင်း စိန်ဟုထင်ကြခြင်းဖြစ်ပါတယ်ရှင်။
အသေအချာကြည့်မယ်ဆိုလျှင် စလင်းတွင်းထွက်၏ပုံသဏ္ဌာန်မှာ ထိပ်ဖျားတစ်ဖက်(သို့) နှစ်ဖက်စလုံးချွန်ထက်သောပုံစံရှိပြီး၊အလယ်တွင် ရှည်လျားသောမျက်နှာပြင်(၆)ခုလည်း ပါဝင်နေတတ်ပါတယ်ရှင်။
စိန်သည် ဤကဲ့သို့မဟုတ်ပဲ ချွန်သောမျက်နှာပြင်များက အီဂျစ်ပိရမစ်(၂)ခု ကပ်ထားသလိုမျိုးရှိနေတတ်ပါတယ်ရှင်။အလယ်မှရှည်လျှားသောမျက်နှာပြင်များ မပါဝင်နိုင်ပါဘူးရှင်။
အကယ်၍ ပုံဆောင်ခဲပုံစံ အတိအကျမဖြစ်ခဲ့လျှင် စိန်သည်လုံးဝိုင်းသောအစေ့ (Equidimensional Grain) ပုံစံဖြစ်ပြီး မြိုင်စိန်ဖြစ်ခဲ့လျှင် ရှည်ရှည်မျောမျောပုံစံဖြစ်နေနိုင်ပါတယ်ရှင်။
ပုံဆောင်ခဲပုံစံဖြင့်မတွေ့လျှင်လည်း စိန်နှင့်မြိုင်စိန်ကို အခြားဂုဏ်သတ္တိများအသုံးပြု၍ ခွဲခြားနိုင်ပါတယ်ရှင်။
ဉပမာ- စိန်ဟုသံသယရှိခဲ့လျှင် ၎င်းတွင်းထွက်ကို ပတ္တမြား(သို့)နီလာအရိုင်းစနှင့် ခြစ်ကြည့်ပါက စလင်းတွင်းထွက်ဖြစ်လျှင် အစင်းရာထင်ခံရမည်။စိန်အစစ်ဖြစ်လျှင် မည်သည့်အစင်းမှ မဖြစ်နိုင်ပါဘူးရှင်။အမှန်တကယ် စိန်သည် စလင်းတွင်းထွက်ထက်အဆပေါင်းများစွာမာခြင်းအဆင့်ရှိပါတယ်ရှင်။
စလင်းတွင်းထွက်သည် မှန်ကိုအစင်းထင်အောင်ခြစ်နိုင်ရုံဖြင့် စိန်ဖြစ်သည်ဟု မယူဆနိုင်ပါဘူးရှင်။
စိန်နှင့်မြိုင်စိန်အကြောင်းကတော့ ဒီလောက်ပါပဲရှင်။
နောက်အပိုင်းတွေမှာလည်း စိန်အကြောင်းဗဟုသုတ
ရစရာတွေကို ဆက်လက်မျှဝေပေးပါဦးမယ်ရှင် 🧡
#အကောင်းဆုံးqualitydiamondnori
အနုစိတ်အထိပါ သေသပ်လှပတဲ့ အပိုင်းအစလေးတွေ စုစည်းလိုက်တဲ့အခါ ငြင်းဆန်လို့မရတဲ့ ဆွဲဆောင်မှုနဲ့တစ်ခု ဖြစ်တည်လာမှာဖြစ်ပြီး အဲ့ဒီစုစည်းမှုလေးကို ဝတ်ဆင်လိုက်ရင်တော့ အနုပညာဆန်တဲ့အလှတရားတွေပိုင်ဆိုင်လာမှာပါ ✨
ဆွဲကြိုးရဲ့ ခန့်ငြားတဲ့ထည်ဝါမှုကနေစလို့ ဆွဲသီးရဲ့လိုက်ဖက်ညီမှု၊ လက်စွပ်ရဲ့ ဖြစ်တည်မှု၊ လက်ကောက်ရဲ့ တောက်ပမှုအထိ၊ တစ်ခုချင်းစီမှာ ကိုယ်ပိုင်အလင်းတွေဂုဏ်သတ္တိတွေရှိနေတဲ့ Diamond Set လေးဟာ ပိုင်ဆိုင်ဖို့အကောင်းဆုံးအနုပညာဆန်တဲ့ လက်ဝတ်ရတနာတွေပါပဲ 🌟
လှပကျော့ရှင်းမှုကို ပိုမိုပြည့်စုံသွားစေမယ့် Diamond Nori ရဲ့ ပြီးပြည့်စုံတဲ့ ပေါင်းစပ်မှုကို ခံစားကြည့်လိုက်ပါ 💎
Diamond Nori Gold & Jewellery Shop မှ စိန်ထည်ရွှေထည် ပစ္စည်းတွေအကြောင်း အသေးစိတ် သိရှိပြီး ဝယ်ယူဖို့ စုံစမ်းချင်ရင်တော့
𝟎𝟗 - 𝟐𝟓𝟑 𝟎𝟑𝟗 𝟐𝟕𝟓
𝟎𝟗 - 𝟒𝟓𝟔 𝟗𝟐𝟏 𝟒𝟔𝟏
𝟎𝟗 - 𝟐𝟓𝟒 𝟑𝟏𝟑 𝟗𝟕𝟗
𝟎𝟗 - 𝟗𝟖𝟎 𝟖𝟑𝟔 𝟓𝟗𝟖
𝟎𝟗 - 𝟕𝟗𝟕 𝟐𝟐𝟑 𝟎𝟗𝟏
တို့ကို ဟယ်လိုလိုက်နော် 🤙🏻
အဲ့အပြင် Diamond Nori Gold & Jewellery Shop Page Messenger မှတစ်ဆင့်လည်း တိုက်ရိုက်စုံစမ်းဆက်သွယ်မေးမြန်းနိုင်ပါတယ် 🧡
#အကောင်းဆုံးQualityDiamondNori
25/04/2026
ပွဲလမ်းသဘင်တွေအပါအဝင် ပျော်ရွှင်စရာ အခိုက်အတန့်တိုင်းမှာ လူကြားထဲ ထင်ရှားနေဖို့ဆိုတာ သင့်ရဲ့ ကိုယ်ပိုင်ရွေးချယ်မှုအပေါ်မှာ မူတည်နေပါတယ်။ 🎇
Diamond Nori ရဲ့ ဂုဏ်တင့် ရင်ထိုးလေးဟာဆိုရင်တော့ ပွဲလမ်းသဘင်တွေရဲ့ အလင်းအောက်မှာ အတောက်ပဆုံးထက်ကိုပိုပြီး ဝင်းပနေစေမှာပါ။ 🌟
ရိုးရာဝတ်စုံနဲ့ပဲဖြစ်ဖြစ်၊ ခေတ်မီတဲ့ Fashion နဲ့ပဲဖြစ်ဖြစ် လိုက်ဖက်ညီစွာ ဂုဏ်တင့်တယ်နေစေဖို့အတွက် ရွေးခြယ်မှုကောင်းတစ်ခုပဲပေါ့။ 🤍
အသေးစိတ် သိရှိလိုသည်များကို အောက်ပါဖုန်းနံပါတ်များထံသို့ ဟယ်လိုလိုက်ပါနော်။ 🤙🏻
𝟎𝟗 - 𝟐𝟓𝟑 𝟎𝟑𝟗 𝟐𝟕𝟓
𝟎𝟗 - 𝟒𝟓𝟔 𝟗𝟐𝟏 𝟒𝟔𝟏
𝟎𝟗 - 𝟐𝟓𝟒 𝟑𝟏𝟑 𝟗𝟕𝟗
𝟎𝟗 - 𝟗𝟖𝟎 𝟖𝟑𝟔 𝟓𝟗𝟖
𝟎𝟗 - 𝟕𝟗𝟕 𝟐𝟐𝟑 𝟎𝟗𝟏
Diamond Nori Gold & Jewellery Shop ရဲ့ Page Messenger မှာလည်း လူကြီးမင်းတို့ စိတ်ကြိုက် ရွေးချယ်နိုင်ဖို့ စောင့်ကြိုနေပါတယ်။ 🧡 ✨
#အကောင်းဆုံးQualityDiamondNori
22/04/2026
ဒီနေ့မျှဝေပေးမယ့် စိန်အကြောင်းကတော့ စိန်ပုံဆောင်ခဲများအကြောင်းပဲ ဖြစ်ပါတယ်ရှင်💎
ပုံဆောင်ခဲ (Crystal ) ဆိုသည်မှာ ညီညာပြန့်ပြူးသော မျက်နှာပြင်များနှင့် ကာရံတည်ဆောက်ထားသည့် သဘာဝတွင်းထွက်များကို ခေါ်ပါတယ်ရှင်။
မိုးကုတ်ဒေသစကားဖြင့် နတ်သွေးလို့ ခေါ်ဆိုကြပါတယ်ရှင်။
ပုံဆောင်ခဲပညာ( Crystallography) အရ စိန်သည် ကုဗပုံဆောင်စနစ် (Cubic System) တွင် ပါဝင်ပါတယ်။
ကုဗပုံဆောင်စနစ်တွင် ပါဝင်ခြင်းကြောင့် ၎င်း၏ထူးခြားချက်မှာ ပုံစံအပြည့်ရှိသော နတ်သွေးစိန် အရိုင်းပွင့်များဖြစ်ခဲ့လျှင် ပုံဆောင်ခဲ၏ အလျှား၊အနံ၊အမြင့်တို့မှာ တူညီကြပါတယ်ရှင်။
အများဆုံးတွေ့ရလေ့ရှိသော သဘာဝစိန်ပွင့်ပုံစံများ
စိန်ကို ပုံစံအမျိုးမျိုးနဲ့ တွေ့နိုင်ပါတယ်ရှင်။
(၁) ရှစ်မျက်နှာတုံးပုံရှိသော (Octahedron) မှာ အီဂျစ်ပိရမစ်နှစ်ခုကို အထက်နှင့်အောက် ပူးကပ်ထားသည့်ပုံစံဖြစ်ပြီး၊မျက်နှာပြင် စုစုပေါင်း (၈) ခု ပါဝင်ပါတယ။
ရှစ်မျက်နှာတုံးပုံ၏ မျက်နှာပြင်များမှာ အများအားဖြင့် ညီညာပြန့်ပြူးလေ့ရှိသော်လည်း တစ်ခါတစ်ရံ ခုံးသောအနေအထားဖြင့် မြင်ရတတ်ပါတယ်ရှင်။အရွယ်ငယ်သော စိန်များမှာ ရှစ်မျက်နှာတုံးပုံစံ တိကျကောင်းမွန်လေ့ရှိသော်လည်း အရွယ်အစားကြီးသော စိန်များသည် ပုံစံမကျသော ပုံဆောင်ခဲများအဖြစ်လည်း တွေ့ရတတ်ပါတယ်ရှင်။
(၂) အတွေ့ရများတတ်သော အခြားပုံစံတစ်ခုမှာ တစ်ဆယ့်ရှစ်မျက်နှာတုံးပုံ (Rhomb Dodecahedron) ဖြစ်ပါတယ်။မျက်နှာပြင်များမှာ မှန်ကူကွက်ပုံစံများရှိကြပြီး၊တစ်ဆယ့်နှစ်ခုပါဝင်ပါတယ်။၎င်းမျက်နှာပြင်များသည်လည်းပြားချပ်နေမည့်အစား ခုံးနေလေ့ရှိပါတယ်။
(၃) သဘာဝအလျောက် ရှိနိုင်သော်လည်း ရှားရှားပါးပါးတွေ့ရလေ့ရှိသည်မှာ ကုဗတုံးပုံ (သို့) အန်စာတုံးပုံ (Cube) စိန်ပွင့်များပဲ ဖြစ်ပါတယ်ရှင်။၎င်းစိန်ပွင့်များ၏ မျက်နှာပြင်တွင် အပေါက်ရာများ ပြည့်နှက်စွာ ပါဝင်နေပြီး၊ခပ်မှုံမှုံ အနေအထားဖြစ်နေသည့်အတွက် အလင်းပေါက်ကြည်လင်သော အန်စာတုံးပုံစံစိန်ပွင့်မှာ အလွန်ပင်ရှားပါးပါတယ်ရှင်။
စိန်ပုံဆောင်ခဲ အကြောင်းကတော့ ဒီလောက်ပါပဲရှင်။
နောက်အပိုင်းတွေမှာလည်း စိန်နဲ့ပက်သက်ပြီး ဗဟုသုတရစရာတွေကို ဆက်လက်မျှဝေပေးပါမယ်ရှင်။
#အကောင်းဆုံးqualitydiamondnori #စိန်ပုံဆောင်ခဲ
17/04/2026
အေးမြတဲ့သင်္ကြန်အတာရေစင်နဲ့အတူ နှစ်ဟောင်းရဲ့ ဟောင်းနွမ်းညစ်နွမ်းမှုတွေအားလုံးကတော့ ဆေးကြောသန့်စင်သွားခဲ့ပါပြီ ✨
ဒီနေ့မှာ ကျရောက်တဲ့ မြန်မာနှစ်ဆန်းတစ်ရက်နေ့ကစပြီး Diamond Nori ကို ချစ်ခင်အားပေးကြတဲ့ မိဘပြည်သူများအားလုံး စီးပွားလာဘ်လာဘများ ဒီရေအလား တိုးတက်စည်ကားပြီး လိုအင်ဆန္ဒများအားလုံး ပြည့်ဝ ဝပြောကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ် 🌟
စိန်သားတွေလို ခိုင်မာတဲ့ အောင်မြင်မှုတွေ၊ နီလာတွေလို အေးမြတဲ့ စည်းစိမ်ချမ်းသာတွေနဲ့အတူ ဘဝခရီးလမ်းတိုင်းမှာ တောက်ပတဲ့ အမှတ်တရသစ်တွေကို ပိုင်ဆိုင်နိုင်ကြပါစေ 💎
မင်္ဂလာရှိသော နှစ်သစ်ဖြစ်ပါစေ 🌸
#အကောင်းဆုံးQualityDiamondNori
15/04/2026
မြန်မာ့ရိုးရာ အတာသင်္ကြန်ကို ဘယ်အရာနဲ့ ကြိုဆိုကြတာလဲ ??💭
14/04/2026
သင်္ကြန်ရဲ့ လန်းဆန်းတဲ့ ရေစင်တွေနဲ့အတူ အေးမြကြည်လင်တဲ့ အရှိန်အဝါအသစ်တစ်ခုကို လက်ကောက်ဝတ်ထက်မှာ ဆင်မြန်းရင်း ကိုယ်ပိုင်ဟန်တစ်ခု ဖော်ထုတ်ချင်တယ် ဆိုရင်တော့ Diamond Nori က Men's Hand Chain က စောင့်ကြိုလို့နေပါတယ်။ ✨
Diamond Nori ရဲ့ Men’s Hand Chain တိုင်းဟာ ခိုင်မာတဲ့ တည်ဆောက်ပုံနဲ့ အနုစိတ်တဲ့ စိန်အထားအသိုတွေ ပေါင်းစပ်ပြီး ဟန်ချက်ညီညီ ရှိနေတာမလို့ သင်္ကြန်ရဲ့ ရေစင်တွေလိုပဲ လန်းဆန်းတဲ့ Cool Vibe နဲ့ ကိုယ်ပိုင်ဟန် တစ်ခုကို ပေးစွမ်းနေမှာဖြစ်ပါတယ်။ 💎
ရတနာတစ်ခုဝတ်ဆင်ရုံသက်သက် မဟုတ်ဘဲ ပြင်းပြတဲ့ နွေအပူကြားမှာတောင် လူတစ်ယောက်ရဲ့ ကိုယ်ပိုင်ဟန်ကို အေးမြပြီး ခန့်ညားနေစေမယ့် အဖိုးတန်လက်ရာတစ်ခုပါ။ နှစ်သစ်ကူးရာသီမှာ Diamond Nori နဲ့အတူ အတောက်ပဆုံးသော အရှိန်အဝါကို ပိုင်ဆိုင်လိုက်ပါ။ 🌟
Diamond Nori Gold & Jewellery Shop မှ စိန်ထည်ရွှေထည် ပစ္စည်းတွေအကြောင်း အသေးစိတ် သိရှိပြီး ဝယ်ယူဖို့ စုံစမ်းချင်ရင်တော့
𝟎𝟗 - 𝟐𝟓𝟑 𝟎𝟑𝟗 𝟐𝟕𝟓
𝟎𝟗 - 𝟒𝟓𝟔 𝟗𝟐𝟏 𝟒𝟔𝟏
𝟎𝟗 - 𝟐𝟓𝟒 𝟑𝟏𝟑 𝟗𝟕𝟗
𝟎𝟗 - 𝟗𝟖𝟎 𝟖𝟑𝟔 𝟓𝟗𝟖
𝟎𝟗 - 𝟕𝟗𝟕 𝟐𝟐𝟑 𝟎𝟗𝟏
တို့ကို ဟယ်လိုလိုက်နော် 🤙🏻
အဲ့အပြင် Diamond Nori Gold & Jewellery Shop Page Messenger မှတစ်ဆင့်လည်း တိုက်ရိုက်စုံစမ်းဆက်သွယ်မေးမြန်းနိုင်ပါတယ် 🧡
#အကောင်းဆုံးQualityDiamondNori
Click here to claim your Sponsored Listing.
Contact the business
Telephone
Website
Address
Junction City ( Corner Of Bogyoke Aung San Road & Shwe Dagon Pagoda Road ) , 1st Floor/Shop (02-062/063)
Yangon
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |
| Saturday | 09:00 - 17:00 |
| Sunday | 09:00 - 17:00 |
