Dr Khine -Dermatologist

Dr Khine -Dermatologist

Share

M.,B.,B.S (YGN, UM2)
M.Med.Sc (Dermatology, UM1)
အရေပြားရောဂါမျိုးစုံကိုဆွေးနွေးတိုင်ပင်ရန်
Viber 09755267495သို့စာပို့ပါ။
**အခမဲ့မဟုတ်ပါ။**

Photos from Dr Khine -Dermatologist's post 08/04/2026

Gym ဆော့တဲ့လူတွေမှာညှင်း ဘာကြောင့်ပိုဖြစ်ရတာလဲ?

ခန္ဓာကိုယ်ပေါ်ရှိ နဂိုရှိပြီးသားMalassezia ဆိုတဲ့ yeast (မှိုပိုး) ဟာ အပူ၊ အစိုဓာတ်၊ ချွေးထွက်များတာကြောင့် အလွန်လွယ်ကူစွာပဲပိုမိုပွါးများလာတာကြောင့် ဖြစ်ပါတယ်။ ချွေးစိုနေစဥ် တင်းတင်းကျပ်ကျပ် ဝတ်ထားတဲ့ gym outfit တွေ (synthetic fabric)ကြောင့်လဲ အရေပြားမှာyeast အတွက် ပိုပွါးများလာစေဖို့တွန်းပို့ပေးပါတယ်။

---

📌 Risk Factors =

- Hot & Humid Climate → မြန်မာလို အပူချိန်မြင့်၊ အစိုဓာတ်များတဲ့ နေရာတွေ၊

- Age → အထူးသဖြင့် Body အဆီထွက်များတဲ့ လူငယ်လူရွယ်များ (late teens – twenties) အဲ့အရွယ်တွေမှာ hormonal အပြောင်းလဲတွေဖြစ်တတ်ပြီး ခန္ဓာကိုယ်အဆီထွက်စေနိုင်ပါတယ်
မှိုကယင်းအဆီကိုစားသုံးပြီး ပိုမိုပွါးများလာပါတယ်

- Sun Exposure → Gym ပြီးနောက် နေပူထဲသွားတဲ့အခါ အရေပြားအရောင်မညီတာ ပိုမိုသိသာလာတတ်သည်။

-Gymဆော့ပြီးချွေးစိုဝတ်ကိုမလဲပဲအချိန်ကြာကြာဝတ်ထားတာ၊

-Gymဆော့ပြီးရေမချိုးပဲနေတာ

---

🩺 ညှင်းနောက်ဆက်တွဲ

- ကူးစက်နိုင်ပါသည်
- အရေပြားအရောင်မညီတာ၊ အနည်းငယ်ယားယံခြင်းဖြစ်တတ်သည်။
- ပြန်ဖြစ်နိုင်ခြေများ → Gym ဆော့တဲ့လူတွေမှာ ချွေးထွက်များတာကြောင့် အကြိမ်ကြိမ် ပြန်ဖြစ်တတ်သည်။

---

🛡️ ကာကွယ်နိုင်တဲ့ အချက်များ

- Loose-fitting cotton clothes → ချွေးစိုထိန်းသောပွပွယယ ချည်ထည်များဝတ်ပါ။
- Shower after workout → Gym ပြီးချိန်ရေချိုးပါ
- Antifungal body wash/shampoo → Selenium sulfide, ketoconazole စတဲ့ antifungal wash တွေကို အချိန်ကြာကြာ အသုံးပြုခြင်းက ပြန်ဖြစ်ခြင်းကို လျော့စေနိုင်သည်။
- Avoid oily lotions → အရေပြားအဆီများစေတဲ့ lotion /oil မသုံးသင့်ပါ။



#ညှင်းရောဂါနှင့်Gym
#အရေပြားရောဂါမျိုးစုံဆွေးနွေးတိုင်ပင်နိုင်ပါသည်


---

Photos from Dr Khine -Dermatologist's post 06/04/2026

🧴 ဆပ်ပြာအမျိုးအစားများနဲ့ Irritant contact dermatitis ခေါ်အရေပြားထိခိုက်မှု(အရေပြားနှင်းခူတစ်မျိုး)
1. မျက်နှာသစ်ဆပ်ပြာ
ပုံမှန်အားဖြင့် mild (နူးညံ့) ဖြစ်အောင် ထုတ်လုပ်ထားတယ်
pH balance လုပ်ထားတတ် → အရေပြားကို မပြင်းထန်စေ
❗ Sensitive skin မဟုတ်ရင် အများအားဖြင့် ပြဿနာမရှိ
👉 Risk – နည်း

2. လက်ဆေးဆပ်ပြာ
သန့်ရှင်းရေးအတွက် antibacterial / fragrance ပါတတ်
မကြာခဏအသုံးပြုရင်
→ အရေပြားခြောက်ခြင်း
→ လက်အရေပြားပါးလာ
👉 Risk – အလယ်အလတ်

3. ပန်းကန်ဆေးဆပ်ပြာ
အဆီချွတ်ဖို့ detergent ပြင်းတယ်၊ grease remover ပါတတ်
👉 Risk
လက်အရေပြား lipid layer ကို ဖျက်၊ခြောက်ခြင်း၊ အနာ၊ အဖု
👉 Risk level – မြင့်

4. အဝတ်လျှော်ဆပ်ပြာ
strong surfactant + enzyme + bleach ပါတတ်၊ အဝတ်ထဲမှာ residue ကျန်နိုင်
👉 Risk
allergic/irritant dermatitis ဖြစ်နိုင်
အထူးသဖြင့် sensitive skin
👉 Risk level – မြင့်

5. ကြွေချီးချွတ်ဆေးဆပ်ပြာ
အများအားဖြင့် acid / alkali ပြင်း
toilet cleaner တွေပါဝင်
👉 Risk
chemical burn ဖြစ်နိုင်
ချက်ချင်းနာ၊ လောင်၊ blister
👉 Risk level – အလွန်မြင့် ⚠️

6. ကြမ်းခင်းဂျီးချွတ်ဆေး
disinfectant + detergent + solvent ပါတတ်
phenol, bleach စသည်
👉 Risk
အရေပြားကို တိုက်ရိုက်ထိလျှင် irritation
အဆီအလွှာကို ဖယ်ရှား
👉 Risk level – မြင့်

🔬 Irritant Contact Dermatitis ဆိုတာဘာလဲ?
Chemical (ဆပ်ပြာ၊ detergent) တွေကြောင့်
👉 အရေပြား protective barrier ပျက်သွားခြင်း
Result →နီခြင်း၊ယားယံခြင်း၊ခြောက်ခြင်း၊ကွဲခြင်း၊နာခြင်း

⚖️ “ဆပ်ပြာပြင်းအား” ကိုလွယ်ကူစွာနားလည်ရန်
🔹 Mild (နူးညံ့)
မျက်နှာသစ်ဆပ်ပြာ
baby soap 👉 Skin ကို မထိခိုက်သလို

🔹 Moderate (အလယ်အလတ်)
လက်ဆေးဆပ်ပြာ 👉 မကြာခဏသုံးရင်သာ ပြဿနာဖြစ်

🔹 Strong (ပြင်း)
ပန်းကန်ဆေး
အဝတ်လျှော် 👉 Skin oil ကို ဖယ်ရှား → ခြောက်၊ ယား

🔹 Very strong (အလွန်ပြင်း ⚠️)
ကြွေချီးချွတ်
ကြမ်းခင်း cleaner 👉 chemical burn ဖြစ်နိုင်

🛡️ ကာကွယ်နည်းများ
1. လက်အိတ် (Gloves) အသုံးပြုပါ
အထူးသဖြင့် ပန်းကန်ဆေးချိန်(dishwashing )/ အဝ်လျှော်ချိန်၊အိမ်သန့်ရှင်းရေး(cleaning )လုပ်တဲ့အချိန်
2. ဆပ်ပြာကို တိုက်ရိုက်မထိစေပါနှင့်
dilute (ရေဖျော်) ၍လုပ်သုံးပါ
3. အသုံးပြုပြီးတိုင်း လက်သန့်ဆေးပြီး Moisturizer လိမ်းပါ
skin barrier ပြန်တည်ဆောက်ရန်အရေးပါသည်
4. Fragrance-free / mild product ရွေးပါ
sensitive skin အတွက်အရေးကြီး
5. အချိန်ကြာကြာ မထိတွေ့ပါနဲ့
prolonged exposure → dermatitis ဖြစ်လွယ်
6. လက္ခဏာတွေ ဖြစ်လာရင်
ဆပ်ပြာသုံးတာရပ်ပါ
mild steroid cream / moisturizer
မပြေလျှင် အရေပြားဆရာဝန်နှင့်ပြပါ

📌 Summary (အတိုချုပ်)
ဆပ်ပြာ ပြင်းလာလေလေ → skin damage များလာလေလေ
Facial soap → safe
Household cleaners → highest risk
Protection (gloves + moisturizer)





#အရေပြားရောဂါမျိုးစုံဆွေးနွေးတိုင်ပင်နိုင်ပါသည်

22/02/2026

ကိုယ်ဝန်ဆောင်ချိန်ရှောင်ရမဲ့ skincare3မျိုး
1-Chemical sunscreen
2-Hydroquinone
3-Retinol/Retinoid

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


Yangon