Heroes Fitness
WELCOME TO HEROES FITNESS!
30/06/2026
ဘုရားစူး Gym ကိုလာတာပါတဲ့ 🥹🤌
29/06/2026
ချစ်ခင်လေးစားရပါသော Heroes Fitness Memberများခင်ဗျာ❤️
လေးစားစွာ အသ်ိပေးပါရစေခင်ဗျာ❤️
‼️ကျွန်တော်တို့ Heroes Fitness Gym အတွင်း ပစ္စည်းများအားလုံးကို ရှင်းလင်းသိမ်းဆည်းမည် ဖြစ်သောကြောင့် မိတ်ဆွေတို့၏ Gym အတွင်း ထားရှိခဲ့သော ဖိနပ်များများအား July လပထမအပါတ်အတွင်း လာရောက်ယူဆောင်ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါတယ်ခင်ဗျာ‼️
Congratulations Our Winner Aung Thein 🎉
ပြိုင်ပွဲ တစ်ခုပြိုင်ပြီး Top 5ဝင်ခဲ့ပေမဲ့ ကိုယ့်ကိုကိုယ်အားမရသေးကြောင်းတဖွဖွပြောပြီး နောက်ပြိုင်ပွဲအတွက် ချက်ချင်းပြင်ဆင်ကြိုးစားတဲ့ ဆရာ့ရဲ့ကြိုးစားမှုက အရာထင်လာခဲ့ပါပြီ❤️✨
ဒီမှာတင်ရပ်မနေဘဲ ဆက်လက်ကြိုးစားနိုင်ပါစေ ဆရာ❤️🎉
27/06/2026
ကျွန်တော်တို့Heroes Fitness မိသားစုရဲ့ အပြုံးတွေအတောက်ပဆုံး နေ့တစ်နေ့❤️🎉
Congratulations ပါ ဆရာ နေထူးနိုင် Winner ဆုကြီးကို ဆရာထိုက်ထိုက်တန်တန် ဆွတ်ခူးခဲ့ပါပြီ🎉✨Kyaw Aung Thein
26/06/2026
အရင်ကကျ ရည်းစားကြီး တကားကားနဲ့ Gym ရှေ့ကဖြတ်လျှောက်နေပြီး ပြတ်သွားတော့မှ ကိုယ့်ကိုကိုယ်လှအောင်ပဲနေပြီး တောက်ပတော့မယ်တဲ့ 🌚🤌
နောက်နှစ် Miss Universe တောင် ဝင်ပြိုင်တော့မယ့်အနေအထားမှာရှိတယ်🥴🤌
26/06/2026
June လရဲ့ မြိုင်မြိုင်ဆိုင်ဆိုင် Class Time လေး✨❤️
25/06/2026
အားလုံးရှေ့ကိုရောက်ရှိလာမယ့် Secret Item လေးကတော့ coconut chia drink လေးပါဗျ🥥🌴
✨အဖြေမှန်သူလေးတွေနဲ့ အနီးစပ်ဆုံးမှန်တဲ့သူတွေကို ရွေးထုတ်ပေးထားပါတယ်ဗျ✨
‼️အဖြေသုံးခုထက်ပိုတဲ့ အဖြေတွေကို ထည့်သွင်းထားခြင်းမရှိပါဘူးဗျ‼️
အားလုံးပဲ Heroes Fitness ကိုရောက််ရင် coconut chia လေးကို အမောပြေသောက်ဖို့ မမေ့ကြနဲ့နော်😗🌴
25/06/2026
Heroes Fitness ရဲ့ Signature ဖြစ်တဲ့ အုန်းရည်နဲ့ သဘာဝ အကျိုးပြုအာနိသင်ပေါင်းများစွာပါဝင်တဲ့ ချီယာစေ့တို့ရဲ့ပေါင်းစပ်မှုဖြစ်တဲ့ Coconut chia drink လေးရောက်ရှိလာပါပြီဗျ🌴🥥
Coconut Chia ရဲ့ကောင်းကျိုးတွေကဘာတွေလဲဆိုရင် ✨
-ချီယာစေ့က ဝမ်းချုပ်ခြင်းကို ကာကွယ်ပေးပြီး အစာချေစနစ်ကောင်းမွန်ခြင်းကြောင့် အူလမ်းကြောင်းကိုကျန်းမာစေတယ်။
-Omega-3 ပါလို့ သွေးတွင်း ကိုလက်စထရောကို လျှော့ချပေးလို့ နှလုံးကိုကျန်းမာစေတယ်။
-အုန်းရည် နှင့် သံပုရာသီး ပေါင်းစပ်ခြင်းက ကိုယ်ခန္ဓာတွင်း အညစ်အကြေးနဲ့အဆိပ်တောက်များကို သန့်စင်ပေးတယ်။
သင့်တင့်တဲ့စျေးနှုန်းနဲ့ပဲအားလုံးအရှေ့ကိုရောက်ရှိလာပြီမို့ သင့်ကျန်းမာရေးနဲ့ အလှအပအတွက် အမှန်တကယ် အားဖြည့်ပေးမယ့် သဘာဝအကျိုးအာနိသင်စစ်စစ်ကို ခံစားလိုက်ပါ🌴🥥
24/06/2026
GYM မှာ Mirror Selfie ဆွဲဖို့ က ပထမဆိုတဲ့သူတွေအတွက် အကျိုးရှိမယ့်အချက်တွေ ပြောပြ ပေးမယ် 🤩✅
ပထမဦးဆုံးအချက်က မီးရောင်ကောင်းတဲ့နေရာရှာ ၊ခေါင်းပေါ်တည့်တည့်က မီးရောင်အောက်မှာ ရိုက်ရင် ကြွက်သားလိုင်း ပိုပေါ်တယ်၊ဗိုက်ခေါက်ပဲရှိတဲ့သူတွေကတော့ ရိုက်ချင်တဲ့နေရာရိုက် 🌚✨
ကစားပြီးခါစ ကြွက်သားတွေ ယောင်ပြီး တက်နေချိန်က ရိုက်လို့ အကောင်းဆုံးပဲ ၊ ရွေးချယ်မှုတွေကအမြဲမှားလို့ရတယ် ပုံရိုက်တဲ့အချိန်တော့ မမှားစေနဲ့🤌
ဖုန်းကို ရင်ဘတ်/မေးစေ့နားထားပြီး ခန္ဓာကိုယ်ကို အနည်းငယ် စောင်းပြီး ပိုစ့်ပေးပါ၊ နှစ်ပတ်မှာ တစ်ရက်လောက်လာပြီး မှန်ရှေ့မှာ နေရာတန်းယူတဲ့သူတွေအတွက် အရမ်းကြိုးစားဆော့ပြီး ပိန်သွားတယ်လို့ထင်ရစေတယ်✅
အစွန်းအထင်း ကင်းတဲ့မှန်မှာ ရိုက်ရင် ပုံ Quality ပိုကောင်းတယ်၊ရိုက်ခါနီးရင် မှန်ပါနည်းနည်းတိုက်လိုက် ကုသိုလ်ရတယ်🥴🤌
ရှောင်ရမယ့်အချက်တွေကိုလည်း ဆက်ဖတ်ကြအုံး 🤨‼️
ရိုက်နေတဲ့အချိန်မှာ နောက်ကလူတွေ ပါမသွားအောင် သတိထား၊ကံမကောင်းလို့ sumo squad ဆော့နေရတဲ့သူသာ မှန်ထဲနောက်ကျောကြီးပေးပြီးပါလာရင် မြင်ယောင်ကြည့်လိုက် 🥴🤌
မှန်ရှေ့ရောက်ရင် မခွါတော့တာမျိုးမလုပ်နဲ့ တခြားလူတွေ ကစားရင်း Form ကြည့်ဖို့ လိုတတ်လို့ မြန်မြန်ရိုက်၊ မြန်မြန်ဖယ်ပေး၊ အကြာကြီး ရိုက်ချင်ရင်ကိုယ့်အိမ်ကမှန် ကိုယ်ယူလာ 🤌
Flash ဖွင့်မရိုက်နဲ့ မှန်အလင်းပြန်ပြီး ထွက်လာတဲ့ပုံက ကိုသာဂိ မိတ်ကပ် ပါးပါးကြည်ကြည်လေးနဲ့ ကမဝါညက်ပေးရမယ့် နာနာဘာဝရုပ်ထွက်နေမယ်🌚🤌
မီးရောင်ကို ကျောပေးမရိုက်နဲ့ ကိုယ့်အနာဂါတ်ကြီးလို မှောင်မဲနေမှာစိုးလို့ ပြောတာ
မှန်ကြိုက်မောင်တို့ မှန်ကြိုက်ခင်တို့ အတွက်မှန်ရှေ့မှာ လူလိုသူလိုလေး လှနေအောင် မျှဝေပေးတာ🥴🤌
23/06/2026
June လ နောက်ဆုံးအပါတ်ရဲ့ ပထမဆုံးသော Functional Class🤩💛
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
No. 89, Ground Floor, Ou Yin Street (Upper), Nat Sin Lan Bustop, Kyimyindaing Township
Yangon
11101
Opening Hours
| Monday | 06:00 - 21:00 |
| Tuesday | 06:00 - 21:00 |
| Wednesday | 06:00 - 21:00 |
| Thursday | 06:00 - 21:00 |
| Friday | 06:00 - 21:00 |
| Saturday | 06:00 - 21:00 |
