Htwe Htwe

Htwe Htwe

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Htwe Htwe, Beauty, cosmetic & personal care, Yangon.

20/04/2024

ခံစားခွင့်နှင့် အချိန်

တစ်ခါက တောဘုရင် ခြင်္သေ့ မင်းကြီး တစ်ကောင်ရှိပါသတဲ့။

သူ့မှာ အလွန်ယုံကြည်စိတ်ချရပြီး တာဝန်ကျေတဲ့ လူယုံတော်တစ်ယောက်လည်း ရှိတယ်။
သူကတော့ ရှဉ့်တစ်ကောင်ပဲ ဖြစ်တယ်။

ရှဉ့်ကလေးဟာ ခြင်္သေ့မင်းကြီးခိုင်းသမျှကို မညဉ်းမညူ ဆောင်ရွက်ပေးလေ့ရှိတယ်။

အဲဒီလို ဆောင်ရွက်တဲ့နေရာမှာလည်း မြန်မြန်ပြီး တဲ့အပြင် အမှားအယွင်း မရှိသလောက်လည်း နည်းပါးတာကြောင့် ခြင်္သေ့မင်းကြီးက အင်မတန် မှပဲသဘောကျတယ်။

ဒါကြောင့်လည်း ခြင်္သေ့ မင်းကြီးက ရှဉ့်ကလေးကို
ဆင့်ခေါ်လိုက်ပြီး ဒီလိုပြောတယ်။

"မင်းဟာ အင်မတန်တော်တဲ့ ကျေးကျွန် တစ်ယောက်ဖြစ်တဲ့အတွက် ငါကိုယ်တော် အင်မတန် သဘောတော်ကျသကွဲ့။

ဒါကြောင့်လည်း.. မောင်မင်း အသက်အရွယ် ကြီးရင့်လို့ အငြိမ်းစားယူတဲ့အခါမှာတော့..

လှည်းတစ်စီးတိုက်ရှိတဲ့ မက်မွန်သီးတွေကို ဆုတော်လာဘ်တော်အဖြစ် ဂုဏ်ပြုပေးမယ် လို့ ငါကိုယ်တော် ကတိထားပါတယ်"လို့ ပြောခဲ့တယ်။

ရှဉ့်ကလေးဟာ အရမ်းအံ့သြ
ဝမ်းသာသွားခဲ့ရတယ်။

မက်မွန်သီးစေ့ဆိုတာက အခြားသာမန် ရှဉ့် တစ်ကောင်အတွက် တစ်သက်လုံးနေလို့မှ တစ်လုံးတစ်လေရဖို့တောင် ခက်ခဲမှာ ဖြစ်ပေမယ့်

သူဟာ လှည်းတစ်စီး တိုက်ကြီးများတောင် ပိုင်ဆိုင်ရမယ့် အရေးကို တွေးပြီး ပြုံးပျော် လာခဲ့တယ်။

ခြင်္သေ့ဘုရင်ကြီးဆီမှာ စစဦး တာ၀န်ထမ်း ဆောင်စဉ်ကတော့ အခြားသော ရှဉ့်တွေရဲ့ လွတ်လပ်တဲ့ဘဝကို သူအားကျမိခဲ့တယ်။

သူလည်းပဲ အခြားသော ရှဉ့်တွေလို အပင်တွေ ပေါ်တက်လိုက် ဆင်းလိုက်နဲ့ ဆော့ကစား ပျော်မြူးချင်ခဲ့တယ်။

ဒါပေမယ့်လည်းခြင်္သေ့ဘုရင်ကြီး ဘေးနားက ထီးဟန်နန်းဟန်ပါပါနဲ့ နေရတဲ့ဘဝကိုလည်း ဂုဏ်သရေရှိတယ်လို့ သူထင်ခဲ့တယ်။

နောက်ဆုံးမှာတော့ သာမန်ရှဉ့်တစ်ကောင်ထက် ပိုပြီးထူးခြားတဲ့ ဘုရင့်အပါးတော်မြဲ အဖြစ်ကိုပဲ သူရွေးချယ်ခဲ့တာ ဖြစ်တယ်။

ခုတော့ ဂုဏ်ရှိတဲ့ ရာထူးကနေ အနားယူတဲ့အခါ မှာလည်း အင်မတန်ကြီးမားတဲ့ ဆုလာဘ်ကို သူရဦးမှာပဲဖြစ်တယ်။

ဒါကြောင့် ရှဉ့်ကလေးဟာ ပျော်နေခဲ့တယ်။

"တခြားရှဉ့်တွေက..ငါ့ကို မနာလိုဖြစ်တဲ့အထိ ငါချမ်းသာတော့မယ်"လို့ သူတွေးနေခဲ့ပြန်တယ်။

အဲဒီလိုနဲ့ နှစ်ပေါင်းများစွာ ကုန်လွန်ခဲ့တယ်။

ရှဉ့်ကလေးဟာလည်း အိုမင်းမစွမ်းဖြစ်လာခဲ့တဲ့ အတွက် ခြင်္သေ့ဘုရင်ကြီးရဲ့ အမှုတော်ကို အရင် ကလောက် မြန်မြန်ဆန်ဆန် လုပ်နိုင်စွမ်းမရှိဘဲ ဖြစ်လာခဲ့တယ်။

ဒီအခါမှာတော့ သူဟာ အငြိမ်းစားယူဖို့
အတွက် ခြင်္သေ့မင်းကို လျှောက်တင်ခဲ့တယ်။

ခြင်္သေ့မင်းကြီးကလည်း သူ့ရဲ့ အပါးတော်မြဲ ရှဉ့်ကို ဂုဏ်ပြုညစာစားပွဲ ပြုလုပ်ပြီး ဂုဏ်ပြု ခဲ့တယ်။

သူ့ကတိစကားအတိုင်း မက်မွန်သီးကို လှည်းတစ်စီးတိုက်စာ ပေးခဲ့ပြန်တယ်။

ရှဉ့်ကလေးဟာ သူအနှစ်နှစ်အလလ အိပ်မက် မက်ခဲ့တဲ့ ဆုလာဒ်ဖြစ်တဲ့ မက်မွန်သီးတွေကို ဝမ်းသာအားရ ပွေ့ဖက်ခဲ့တယ်။

ဒါပေမယ့်..တစ်စုံတစ်ခုကို သူသတိထားမိတဲ့ အခါမှာတော့ သူဟာ ဝမ်းနည်းခြင်းနဲ့အတူ
မျက်ရည်ဝဲလာပြန်တယ်။

ခုချိန်မှာ မက်မွန်သီးတွေကို စားဖို့ သူ့မှာ သွားတစ်ချောင်းမှ မကျန်တဲ့အဖြစ်ကို
သူ သတိရသွားလို့ပဲ ဖြစ်တယ်။

ဒီပုံပြင်လေးက ကျနော်တို့ကို ပြောပြထားတာတွေရှိပါတယ်။

ကျနော်တို့ဟာ တစ်ခါတစ်ရံမှာ ရည်မှန်းချက် တစ်ခုကို စွဲစွဲမြဲမြဲကြိုးစားတတ်ကြတယ်။

အဲဒီအပြင်.. အလုပ်တစ်ခုကိုလည်းစွဲမြဲစွာ လုပ်ကိုင်တတ်ကြတယ်။

အဲဒီလို ရည်မှန်းချက်ထား လုပ်ကိုင်ဆောင်ရွက် ခြင်းဟာ မှန်ကန်တယ်လို့လည်း ယေဘုယျ အားဖြင့် သုံးသပ်နိုင်သေးတယ်။

အဲဒီလိုမှန်ကန်နေပေမယ့်လည်း ခြွင်းချက် တစ်ခုလည်း ရှိနေပြန်တယ်။

အဲဒါကတော့ ရည်မှန်းချက် ပြည့်မြောက်ချိန်မှာ ရှိတဲ့ ကိုယ့်ရဲ့ အသက်အရွယ်နဲ့ အခြေအနေကို ထည့်သွင်း သုံးသပ်သင့်တာပဲ ဖြစ်တယ်။

တချို့သော ကြီးပွားချမ်းသာလိုသူများဟာလည်း ရှဉ့်ကလေးမက်မွန်သီးကိုမျှော်လင့်သလိုမျိုး ချမ်းသာကြွယ်ခြင်းကို မျှော်လင့်လေ့ရှိကြပြန် တယ်။

အဲဒီအခါ အခြားသူတွေရဲ့အခါအားလျော်စွာ အနားယူခြင်းမျိုးကိုတောင်မျှ ပြုလုပ်လေ့ မရှိ ကြဘဲ အရာရာကို ခြိုးခြံချွေတာစွာ နေထိုင် တတ်ကြသေးတယ်။

အဲဒီလိုနေထိုင်ခြင်းဟာ ရောင့်ရဲခြင်း ရှုဒေါင့် ဘက်က ရှုမြင်တဲ့အခါ မှန်ကန်ပေမယ့်

အစားထိုးလို့မရတဲ့ အချိန်ကာလကြောင့် အိုမင်းမစွမ်း ဖြစ်လာခဲ့ရင်တော့

ကိုယ့်ရဲ့ရှာဖွေ စုဆောင်းခြင်းတွေဟာ ကိုယ့် အတွက် ဖြစ်လာမှာမဟုတ်ဘူးလို့ ဆိုတယ်။

ရှဉ့်ကလေးရဲ့သွားတွေဟာ အချိန်ကာလရဲ့ တိုက်စားမှုအောက်မှာ ပျောက်ပျက်သွားခဲ့တဲ့အခါ

သူမက်မောတဲ့ မက်မွန်သီးရဲ့
အရသာကို ခံစားခွင့်မရှိတော့သလို

စုဆောင်းခြင်းကြောင့်ရရှိလာတဲ့ ကြွယ်ဝမှုတွေ ဟာလည်း အိုမင်းခြင်းနဲ့ ကပ်လျက်ပါလာတဲ့ ကျန်းမာခြင်းအကြောင်းကြောင့်ပဲ အချည်းနှီးဖြစ် တတ်တယ်လို့ ဆိုလိုရင်း ဖြစ်တယ်။

Succeed has time limits.
ဆိုတဲ့ စကားလို အောင်မြင်မှုမှာလည်း အချိန် အကန့်အသတ်တော့ ရှိနေတတ်သေးတယ်။

သတ်မှတ်ချိန်အတွင်း ပန်းဝင်နိုင်ကြပါစေ။

24/08/2023

အသီးရွက်လည်းမိတ်မဖတ်နိုင်တော့ပါဘူး😭😭😭
သူငယ်ချင်း
မင်းကြာဘူးလာ?...
ဆန်တစ်သိန်း..ဆီတစ်သောင်း..
ပေါင်း နုတ် မြောက် စား..
မင်းတတ်သားဘဲ
တွက်ထား လက်ချိုး..
အပေါင်းတိုးကြည့်
အစားရှိတော့..
နုတ်မိ လစာ..လိုတာများ..ပေါ့။........
ဝက်သား ကြက်သား.. တို့မစားဘူး
သား ငါး ရှောင်တာ မဟုတ်ပါ။.............
ငါးခူ သုံးထောင် ငါးရံ့ နှစ်ထောင်
တဆယ်သားစျေး..မေးကြည်မိတာ..
မဝယ်ပါဘူး။............
မျှစ်နှင့်ချဥ်ပေါင်..ရန်တွေတောင်ဖြစ်
ကြက်ဥက ပြုံး တလုံးသုံးရာ
လာပါ လာပါ စားသုံးပါအုန်း
မမုန်းရက်လည်း မိတ်ဖက်သီးရွက်
ရှိနေလျက်ပ. အဟာရအား
အသားဓာတ်မှိန်..အစာအိမ်က
သူတောင်း တ လည်း ပြုတ်ဆဲ ဆန်ပြုတ်
သီးနှံ အုပ်ပြီး မဟုတ်လဲသောက်
ဟုတ်လည်းသောက်တော့...သူငယ်ချင်း။.....
Cr

31/07/2023

ဖန်ဆင်းရှင်ကြီးဟာ..
တစ်နေ့မှာ နွားတစ်ကောင်
ဖန်ဆင်းလိုက်သတဲ့။
ပြီးတော့ နွားကိုပြောတယ်။

"မင်းလယ်ထဲမှာ တစ်နေကုန်
လယ်သမားတွေအတွက်
လယ်ထွန်ပေးရမယ်။မြက်ပဲစားရမယ်။
မင်းကို သက်တမ်း နှစ် ၅၀ပေးမယ်"
ဆိုတော့.. နွားက ကန့်ကွက်တယ်။

"ကျွန်တော် အဲ့လောက် ပင်ပင်ပန်းပန်းလုပ်ရပြီးမှ
မြက်ပဲစားရမယ် ဆိုတော့
သက်တမ်း ၂၀ပဲယူပါ့မယ်။
ပိုတာ ပြန်သိမ်းထားလိုက်ပါ"
ဖန်ဆင်းရှင်က သဘောတူလိုက်တယ်။
&&&&&

နောက်တစ်ရက်မှာ မျောက်တစ်ကောင်
ဖန်ဆင်းပြန်သတဲ့။
ပြီးတော့ပြောတယ်။

"မင်းက လူတွေကို ပျော်တော်ဆက်ရမယ်။
သူတို့ ရယ်မောအောင် ပျော်ရွှင်အောင်
မင်းလုပ်ပေးရမယ်။ ကျွမ်းထိုးပြရမယ်။

ငှက်ပျောသီးစားရမယ်။
သက်တမ်း နှစ် ၂၀ပေးမယ်။ ဆိုတော့
မျောက်က ကန့်ကွက်ပြန်တယ်။

"ပျော်တော်ဆက်ရမယ်။
ကျွမ်းလည်းထိုးပြရမယ်။
ငှက်ပျောသီးပဲ စားရမယ်ဆိုတော့
ပင်ပန်းလွန်းတယ်။
သက်တမ်း ၁၀နှစ်ဆို ရပါပြီ။
ဖန်ဆင်းရှင်က သဘောတူလိုက်ပြန်တယ်။
&&&&&

တတိယရက်မှာ ခွေးတစ်ကောင်ဖန်ဆင်းပြန်သတဲ့။
ပြီးတော့ ပြောတယ်။
"မင်းက အိမ်ပေါက်ဝမှာ နေရမယ်။
ရန်သူ သူစိမ်းတွေလာရင်
ဟောင်ပေးရမယ်။ အိမ်ရှင်တွေစားလို့
ပိုတဲ့စားကြွင်း စားကျန်တွေ
စားရမယ်။ မင်းကို ၂၅ နှစ်သက်တမ်းပေးမယ်။
ခွေးက ကန့်ကွက်ပြန်သတဲ့။

"တစ်နေကုန် အိမ်ရှေ့ပေါက်မှာ
ထိုင်ဟောင်ပေးရမယ်။
ဟုတ်လား။ ၁၅ နှစ်ဆို တော်ပါပြီဗျာ။
ပိုတာ ပြန်သိမ်းထားလိုက်ပါ။
ဖန်ဆင်းရှင်က သဘောတူလိုက်ပြန်တယ်။
&&&&&

စတုတ္ထရက်မှာတော့ လူတစ်ယောက်ကို
ဖန်ဆင်းလိုက်သတဲ့။
ပြီးတော့ ပြောတယ်။

"မင်းက တစ်နေကုန် ဘာအလုပ်မှ
လုပ်စရာမလိုဘဲ အိပ်လိုက် စားလိုက် ပျော်လိုက် ပါးလိုက်နဲ့ဘဝကို အရသာ ရှိရှိ ဇိမ်ခံနေရုံပဲ။
မင်းကို သက်တမ်း နှစ် ၂၀ပေးမယ်။

လူက ကန့်ကွက်တယ်။
"ဒီလောက် ကောင်းတဲ့ဘဝ နှစ် ၂၀ တိုလွန်းပါတယ်။
ဖန်ဆင်းရှင်ကြီး နှုတ်ဆိတ်သွားတော့တယ်။
&&&&&

"ဒါဆို ဒီလိုလုပ်။
နွားက နှစ် ၃၀ ပြန်ပေးသွားတယ်။
မျောက်က ၁၀ နှစ်
ခွေးက ၁၀နှစ်။ အဲဒီနှစ် ၅၀ ကို
မင်း သဘောကျရင် ယူလိုက်။
ဒါဆို မင်း
နှစ် ၇၀နေလို့ရသွားမယ်။
ဖန်ဆင်းရှင်နဲ့လူသားတို့
သဘောတူလိုက်ကြတော့တယ်။
&&&&&

ဒါ့ကြောင့် လူသားတွေဟာ ဘဝရဲ့ အစ
နှစ် ၂၀မှာ စားလိုက် သောက်လိုက်
ပျော်လိုက် ပါးလိုက်နဲ့ နေရပြီး၊
နောက် နှစ် ၃၀ လုံးလုံး နွားလို ရုန်းကန်ပြီး
မိသားစုကိုလုပ်ကျွေး၊ နောက် ၁၀ နှစ်မှာ
ပင်စင်ယူသွားပြီး မြေးတွေကို
ရယ်မောအောင် ပျော်တော်ဆက်ရတဲ့ဘဝ၊
နောက်ထပ် ၁၀နှစ်မှာတော့
အိမ်မှာပဲနေရပြီး အိမ်စောင့်ရတဲ့အလုပ်ကို
လုပ်ရပါတော့တယ်။

ဒါကြောင့် သင့်ကိုယ်သင်
အကောင်းဆုံးနေထိုင်ပါ
မိတ်ဆွေသူငယ်ချင်းကိုတန်ဖိုးထားပါ နေ့ရက်တိုင်းပြုံးဖို့မမေ့ပါနဲ့. . .

Credit- To Original Writer
လေးစားစွာဖြင့် ပြန်လည်မျှဝေသည်.....
-BH🦚🦚🦚

29/07/2023

ကြိုက်လွန်းလို့ မျက်ရည်ဝဲမိတယ်။

ငါ...ကျေနပ်ပါပြီ...
************

ငါ...အိပ်ယာထဲလဲတဲ့အခါ.......
မိုးလင်းတဲ့အခါ .....
ငယ်စဉ်ကလေ...
မင်းတို့ရဲ့ မျက်နှာနုလေးကို အေးမှာဆိုးလို့
ငါနေ့စဉ် ရေနွေးနဲ့ သစ်ပေးခဲ့ပေမဲ့ ငါ့ကိုတော့
ရေအေးနဲ့ သစ်ပေးရင်ပဲကျေနပ်ပါပြီ။....

အစာကျွေးတဲ့အခါ...
ငယ်စဉ်ကလေ.....
မင်းတို့ကြီးထွားရှင်သန်ဖို့ စျေးကြီးတဲ့ ....
အာဟာရမုန့်တွေ ငါဝင်အောင်ကျွေးခဲ့ပေမဲ့....
ငါ့ကိုတော့ အစာကျေတဲ့
ဆန်ပြုတ်ကျဲလေးကျွေးရင်ပဲ
ကျေနပ်ပါပြီ။....

ငါအစားမဝင်တဲ့အခါ...
ငယ်စဉ်ကလေ.....
ထမင်းတစ်ပန်းကန် စားကုန်ဖို့
အိမ်ရှေ့အိမ်နောက်လှည့်ပတ်ပြေးလွား
နာရီရှည်ကြာလို့ ငါမညောင်းခဲ့ပေမဲ့
ငါ့ကိုတော့ မိနစ်ပိုင်းလောက်
အားစိုက်ကျွေးရင်ပဲ
ကျေနပ်ပါပြီ။....

ငါအိပ်မပျော်သောခါ
ငယ်စဉ်ကလေ
လေးထိုးလို့ ဖျားလို့ ဝမ်းလျှောလို့
ရောဂါစုံဖြစ်တတ်တဲ့
မင်းတို့တစ်တွေကို ပြုစုယုယရင်း
တစ်လမအိပ်ရလို့လည်း
ငါမငြီးငြူခဲ့ပေမဲ့ ဝေဒနာကြောင့်
အိပ်မပျော်တဲ့ငါကို
တစ်ရက် နှစ်ရက်သီးခံကြည့်ပေးရင်ပဲ
ကျေနပ်ပါပြီ။....

ငါမထနိုင်တဲ့ အခါ....
ငယ်စဉ်ကလေ....
ရက်ပေါင်းများစွာ ချိုမိုင်မိုင်ဆိုပေးရင်း
လက်ကလေးတွေသန်မာအောင်
ကြိုးစားပေးခဲ့တဲ့ ငါ့ကိုမင်းတို့
လက်ကလေးတွေကို
ခဏတာအသုံးချပြီး ထူပေးကြရင်ပဲ
ကျေနပ်ပါပြီ။...

ငါတွေ့ချင်တဲ့အခါ....
ငယ်စဉ်ကလေ....
လပေါင်များစွာ ခြေကိုဖြောင့်စဉ်းပြီး
သီချင်းဆိုပေးရင်း
ခြေထောက်လေးတွေ သန်မာအောင်
နှိပ်နယ်ပေးခဲ့တဲ့ ငါ့ဆီမင်းတို့
ခြေထောက်လေးတွေ အသုံးချပြီး
ခဏလာတွေ့ရင်ဘဲ ကျေနပ်ပါပြီ။....

ငါမလှုပ်ရှားနိုင်တဲ့အခါ ....
ငယ်စဉ်ကလေ....
နူးညံပေ့ဆိုတဲ့ အဝတ်အထည်တောင်
နာမှာစိုးလို့ အသာအယာဝတ်ပေးခဲ့ပေမဲ့
အသ်ိလွတ်ချိန်အထိ အရွက္လုံစာ
ငါ့ကို ဂရုတစိုက် ဖုံးပေးရင်ပဲ
ကျေနပ်ပါပြီ။....

ငါထွက်သွားတဲ့အခါ ....
ထိုအချိန်မှလေ......
ငါ့သား ငါ့သမီး ငါ့မြေးမြစ် တို့
နောင်တအမွေ မရစေချင်လို့
ပြုစုခွင့်ရတုန်း ပြုစုနိုင်ကြဖို့
အခွင့်ပေးတာဝန်ကျေခဲ့ပါရစေ။.....

မိခင် ဖခင်တိုင်းအား ဤစာစုဖြင့်
ပူဇော်ဦးညွတ်ပါသည်။

... #စာပေချစ်သူများကို_လေးစားလျှက်ပါ #စာပေမျှဝေသူ #လူငယ်များအတွက့်စာကြည့်တိုက့် #စာပေ #တန်ဖိုးထားတတ်ကြပါစေ #တန်ဖိုးထားပါ #ဗဟုသုတ #လူငယ် စာပေချစ်သူများ မင်္ဂလာပါ

04/07/2023

တင်းတိပ်ရှိလို့စိတ်ညစ်နေလား...😒
အမဲစက်တွေရှိလို့ မဝင့်မရဲဖြစ်နေလား...
စိတ်မပူပါနဲ့....

အဲ့ဒီပြဿနာတွေအားလုံးကို New Skiin ကတာဝန်ယူဖြေရှင်းပေးပါလိမ့်မယ် ....
.ကိုယ့်မျက်နှာလေး နုညံ့ချောမွေ့ပြီးကြည်လင်နေအောင် New Skiin အတွဲသုံးပါရှင့်

5မျိုးတစ်ဆက် 110000ကျပ်

မှာယူလိုပါက Cb or 09793193330



ိုက်ရိုက်ဈေးနဲ့လက်လီလက်ကားရောင်းချပေးပါတယ်
#အမြို့မြို့အနယ်နယ်မှကိုယ်စားလှယ်ယူချင်သူများဖိတ်ခေါ်ပါတယ်ရှင့်

Photos from Htwe Htwe's post 04/07/2023

🐌🐌Snail လေးက
🍂 တင်းတိတ် အမဲစက်
🍂 နေလောင်ကွက်
🍂ဝက်ခြံအမာရွတ် သက်သာပျောက်ကင်းစေပါသည်။
5ဗူးကစ လက်ကားစျေးရပါတယ်။


#လက်လီလက်ကားဝယ်ယူရရှိနိုင်ပါသည်။ #အနယ်နယ်အရပ်ရပ်မှကိုယ်စားလှယ်များဖိတ်ခေါ်ပါသည်။ #09793193330

Photos from Htwe Htwe's post 03/07/2023

Snail Wish လိမ်းပြီး

မထူးခြားတာမဟုတ်ပါဘူး

. 🙅စိတ်မရှည်ကြလို့ပါ🙅

Snail Wish လိမ်းရင် စိတ်ရှည်ပါ

စွဲလိမ်းပါ စနစ်တကျ လိမ်းပါ

အသားရေကို စိုပြီး တင်းရင်း
ကြည်လင်စေတယ်

တနေ့ ၂ ကြိမ် ပုံမှန်လိမ်းပေးပြီး
အသားရေကို ထိန်းသိမ်းပါ

အမဲစက် နဲ့ အသားရေ
မညီခြင်းတွေကိုပါ
သိသိသာသာ ပျောက်ကင်းစေတယ်

#၃၅၀၀၀ကျပ် (၄လ အသုံးခံ)

၅ ဘူးကစ လက်ကားပေးပါတယ်

မှာယူလိုပါက Cb or 09793193330

Photos from Htwe Htwe's post 02/07/2023

🎆 Mineral Suncream ( Physical Suncream) ဖြစ်သောကြောင့် လိမ်းပြီးပြီးချင်း နေရောင်ခြည်မှ ကာကွယ်ပေးတယ်
🎆Chemical Suncream များလို ထိရောက်မှုရှိစေရန်အချိန်စောင့်စရာမလိုဘူး။
🎆Sensitive skin ရှိသူများနဲ့ ကလေးများလည်း စိတ်ချစွာ လိမ်းနိူင်ပါသည်။
🎆အသားအရောင်နဲ့ တထပ်တည်းကျစေပြီးဖြူခြင်း ပြာခြင်းမရှိပါဘူး။
🎆လိမ်းထားပြီးရင်လည်း စေးကပ်ခြင်းလုံးဝမဖြစ်စေပါဘူး။
🎆အသားအရေကို ဖြူစင်ဝင်းပစေပြီး
🎆အရေးအကြောင်းများပျောက်ကင်းစေပါသည်။
🎆နေလောင်ဒဏ်မှ ကာကွယ်ပေးပြီး တင်းတိတ် အမဲစက် နဲ့ အရွယ်မတိူင်ခင် အိုမင်းရင့်ရော်မှု ကိုတားဆီးပေးပါသည်။

#လက်လီလက်ကားဝယ်ယူရရှိနိုင်ပါသည်။ #အနယ်နယ်အရပ်ရပ်မှကိုယ်စားလှယ်များဖိတ်ခေါ်ပါသည်။ #09793193330

02/07/2023

💷ပိုက်ဆံလည်းချွေတာရာကျမယ်
👩‍🔬skin careလည်း careလို့ ရမယ့်
🌼Mini skin care set လေး ရောက်ပိနော်
😉 သယ်ရတာလည်း လွယ်ကူတယ်
🙅‍♂️ ဘယ်မှာမှ မရတဲ့စျေး နဲ့ရမှာနော်😘

#လက်လီလက်ကားဝယ်ယူရှိနိုင်ပါသည်။
#အမြို့မြို့အနယ်နယ်အရပ်ရပ်မှကိုယ်စားလှယ်များဖိတ်ခေါ်ပါသည်။ #09793193330

02/07/2023

👩‍🔬သွားလေးတွေကို ပုလဲလေးလိုဖြူဝင်းစေရန်နဲ့
👩‍🔬သွားပိုစား
👩‍🔬သွားကိုက်၊ သွားနာ
👩‍🔬သွားကျောက်တည်
👩‍🔬သွားဖုံးနာခြင်း တွေကိုသက်သာပျောက်ကင်းရန် 24/7 Toothbalace လေးနဲ့ ပုံမှန်တိုက်ပေးခြင်းဖြင့် ခံတွင်းနံ့ကောင်းမွန်စေပြီး သွားများကို ဖြူစင်ဝင်းပလာစေပါသည်။



#လက်လီလက်ကားဝယ်ယူရရှိနိုင်ပါသည်။ #အမြို့မြို့အနယ်နယ်အရပ်ရပ်မှကိုယ်စားလှယ်များဖိတ်ခေါ်ပါသည်။ #09793193330

Photos from Htwe Htwe's post 02/07/2023

🌼 ဓါတ်ပုံရိုက်ချိန်မှာ Glow နေချင်တာလား Glass နေချင်တာလား . . .

🌴 Snail Wish Cream ကို လိမ်းထားရင် ဘယ်ချိန် ဓါတ်ပုံရိုက်ရိုက် Glow & Glass ပဲလေ

🌲 ဓာတ်ပုံရိုက်ချိန်မှာ အမဲစက်တွေ ပေါ်နေလို့စိတ်ညစ်မနေနဲ့Snail wish လေးရှိရင် ပြီးပြည့်စုံနေပိ

😉 မယုံဘူးလား လက်တွေ့ လိမ်းကြည့်လိုက်နော်...ကိုယ်တွေ့ပါ။😊😊

Snail Wish Whitening Cream 50g တစ်ဘူး 35000 ကျပ်

#လက်လီလက်ကားဝယ်ယူရရှိနိုင်ပါသည်။ #အနယ်နယ်အရပ်ရပ်မှကိုယ်စားလှယ်များဖိတ်ခေါ်ပါသည်။
09793193330

Photos from Htwe Htwe's post 02/07/2023

🤹‍♀️ အသားအရေ စိုပြေလာတာ Sleeping creamကြောင့်

🤹‍♀️ မျက်နှာ ကြည်ကြည်ပြောင်ပြောင်လေးဖြစ်လာတာ sleeping cream ကြောင့်

🤹‍♀️ အရေးအကြောင်းကင်းစင်ပြီး အရွယ်တင်နေတာ sleeping creamကြောင့်

🤹‍♀️သူလေးရှိနေရင် baby skinလေးလို မျက်နှာလေးကို နုပျိုအုဖက်နေမှာပါ။😊

20g ပါတထုတ်- ၆၀၀၀ကျပ်ပါ
50g ပါတစ်ဘူး- ၂၄၀၀၀ကျပ်ပါ




#လက်လီလက်ကားဝယ်ယူရရှိနိုင်ပါသည်။ #အမြို့မြို့အနယ်နယ်အရပ်ရပ်မှကိုယ်စားလှယ်များဖိတ်ခေါ်ပါသည်။ #09793193330

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


Yangon