Just Natural.

Just Natural.

Share

🍀Love the nature use the natural products.
⭐No hype, just results!

11/06/2026

အာနိသင်နှစ်ဆရစေမယ့် Biotin Hair Tonic 🍀

Photos from Just Natural.'s post 09/06/2026

JN ရဲ့ Silicone Free Conditioner နဲ့ နေ့ရက်တိုင်း ဆံသားလှပမှုကို ခံစားလိုက်ရအောင်🍀

JN မှာ Conditioner ထဲကဆို ရွေးချယ်စရာနှစ်မျိုးရှိပါတယ်။

🍌🍯 Banana Honey Conditioner
• ဆံသားခြောက်သွေ့ပျက်စီးမှုကို သက်သာစေပြီး နူးညံ့တောက်ပြောင်စေပါတယ်။
• Banana နဲ့ Honey တို့ရဲ့ အာဟာရဓာတ်များက ဆံသားကို အားဖြည့်ပေးပြီး Healthy Look ရရှိစေပါတယ်။
• ချိုမြိန်သင်းပျံ့တဲ့ ရနံ့လေးနဲ့ ဆံသားကို အာဟာရပြည့်စေလို့ အသုံးပြုတိုင်း စိတ်ကြည်နူးစေပါတယ်။

🍋🌿 Lemon Mint Conditioner
• ဆံသားကို လန်းဆန်းပျော့အိစေပါတယ်။
• Lemon နဲ့ Mint တို့ရဲ့ Refreshing Formula ကြောင့် ဆံသားကို ပေါ့ပါးသက်တောင့်သက်သာ ဖြစ်စေပါတယ်။
• ဆံသားကို အာဟာရပြည့်ပြီး လန်းဆန်းတဲ့ ရနံ့ကို ကြိုက်နှစ်သက်သူများအတွက် အထူးသင့်တော်ပါတယ်။

Silicone Free Formula နဲ့ ဆံသားရှုပ်ထွေးမှုကို လျော့ချပေးပြီး ဖြီးရလွယ်ကူစေကာ နူးညံ့တောက်ပတဲ့ ဆံသားကို ပိုင်ဆိုင်နိုင်ပါပြီ။

ဆံသားလိုအပ်ချက်အလိုက် နှစ်သက်ရာ ရွေးချယ်လိုက်ပါနော်..
💛 Nourishing – Banana Honey
💚 Refreshing – Lemon Mint

Price -23000(200ml)

07/06/2026

Happy Production 👨🏻‍🔬

04/06/2026

ဦးရေပြား သန့်စင်ကျန်းမာစေဖို့ အချိန် သုံးမိနစ်ပဲပေးပါ⏱

02/06/2026

ဆံသားခြောက်ဖွာခြင်းအတွက် Banana Honey Set

01/06/2026

ဆံပင်ကျွတ်ခြင်းကို အထိရောက်ဆုံး သက်သာစေမယ့် Ginseng Biotin Shampoo 🍀
Price -28000(200ml)

31/05/2026

ပျက်စီးနေတဲ့ ဆံသားတွေကို "Keratin Treatment Hair Mask" နဲ့ အသက်ပြန်သွင်းမယ် ✨

ကောက်၊ဖြောင့်၊ဆေးဆိုး၊ချွတ်ဆေးတွေကြောင့် ပျက်စီးထားတဲ့ဆံသားကို salon treatment vibe အတိုင်း အိမ်မှာတင်ရနိုင်မယ့် hero လေး လာပါပြီနော်💆‍♀️

Keratin Hair Mask လေးရဲ့ key benefits ⤵

💛 Hydrolyzed Keratin + Collagen – ဆံသားအတွင်းထဲထိ ပြန်အားဖြည့်ပေးတယ်။

💛 Shea Butter & Glycerin – နူးညံ့ချောမွတ်ပြီး အစိုဓာတ် lock လုပ်ပေးတယ်။

💛 Panthenol (B5) – ဆံပင်ဖွာခြောက်နေတာကို အစိုဓာတ်ဖြည့်တင်းပေးတယ်။

💛 Red Ginseng Extract – ဆံသားကျန်းမာပြီး weight ရှိရှိလေးဖြစ်စေတယ်။

ခေါင်းလျှော်တိုင်းပုံမှန်သုံးပေးမယ်ဆိုရင် ဆံသားကို ပျော့အိနူးညံ့တောက်ပြောင်ကျန်းမာစေမှာနော်။

ဆံသား “ပျက်စီးလွန်းပြီ” လို့ထင်နေရင် ဒီ mask လေးနဲ့ reset လုပ်လိုက်တော့ 🌿

Price -30000(200g)

26/05/2026

မျက်နှာအသားအရေလိုပဲ ဦးရေပြားလည်း ရေဓာတ်လိုအပ်ပါတယ်။
ဦး​​ရေပြားခြောက်သွေ့နေရင် ယားယံတာ၊ဗောက်ထတာ၊ ဆံပင်ကျွတ်တာတွေ ကြုံရနိုင်ပါတယ်။

ဒါကြောင့် ဦးရေပြားကို ရေဓာတ်ဖြည့်ပေးဖို့JN Hydrating Scalp Serum ကို သုံးကြည့်ဖို့ အကြံပြုချင်ပါတယ်။

Lightweight formula ဖြစ်လို့ စေးကပ်မှုမရှိဘဲ scalp ကို fresh & hydrated ဖြစ်စေပါတယ်။

Healthy scalp, healthy hair ဆိုတော့
JN Hydrating Scalp Serum နဲ့ daily scalp care ကို စလိုက်ပါနော်။🥳

Price -17500(50ml)

25/05/2026

Wavy, Curly, Coily Approved!
ဘယ်လိုကောက်သားပုံစံမျိုးမဆို ကောက်သားမပေါ် ၊ ပုံမကျ ၊ပွယောင်းယောင်းဖြစ်နေတယ်ဆို JN ရဲ့ Moisturizing Curl Cream သတိရလိုက်နော်🤫

လိမ်းလိုက်ရင်လည်း စေးကပ်တာ၊မာတောင့်တောင့်ကြီးဖြစ်တာတွေ
လုံးဝမဖြစ်ဘူးနော်😉

Price -17000(100g)


#ကောက်သားလိမ်းခရင်မ်

25/05/2026

Hair Mask သုံးရင် ဆံပင်ပိုကျွတ်တယ်ဆိုတာ တကယ်ပဲလား?

ခေါင်းလျှော်ရည်နဲ့ လျှော်တဲ့အချိန်မှာ ဆံပင်က သိပ်မကျွတ်ဘူး... ဒါပေမဲ့ Hair Mask (သို့) Conditioner သုံးတဲ့အချိန်ကျမှ ဆံပင်​တွေအစုလိုက်အပြုံလိုက် လက်ထဲ ပါလာတတ်လို့ စိုးရိမ်နေကြလားရှင်?

ဦးရေပြားကိုလည်း မထိဘဲ ဆံသားအဖျားလေးတင် လိမ်းတာကို ဘာလို့ ဒီလောက်တောင် ကျွတ်ရတာလဲဆိုပြီး စိတ်ပူနေတဲ့ ပျိုမေတို့အတွက် တိကျမှန်ကန်တဲ့ သိပ္ပံနည်းကျ အချက်အလက်လေးတွေကို မျှဝေပေးလိုက်ပါတယ်။

တကယ်တော့ ဒါဟာ Hair Mask သုံးလို့ ဆံပင်အသစ်တွေ ထပ်ကျွတ်တာမဟုတ်ဘဲ၊ ကျွတ်ပြီးသား ဆံပင်အသေတွေ တစ်ပြိုင်နက်တည်း လျှောကျလာခြင်းဖြစ်ပါတယ်။

အဓိက အကြောင်းအရင်း (၃) ချက်ကတော့ —
၁။Slip Effect (ဆံသား အလွန်အမင်း ချောမွေ့သွားခြင်း)

လူတစ်ယောက်ဟာ တစ်နေ့ကို ပျမ်းမျှ ဆံပင်အပင် ၅၀ မှ ၁၀၀ ဝန်းကျင် ပုံမှန်ကျွတ်လေ့ရှိပါတယ်။
Shampoo လျှော်တဲ့အခါ ဆံသားရဲ့ အကြေးခွံ (Cuticles) တွေ ပွင့်သွားပြီး ဆံပင်က အနည်းငယ်ငြိတွယ်သွားတာကြောင့် ကျွတ်ပြီးသား ဆံပင်တွေဟာ အပြင်မရောက်ဘဲ ဆံနွယ်တွေကြားထဲ ငြိနေတတ်ပါတယ်။
ဒါပေမဲ့ Hair Mask လိမ်းလိုက်တဲ့အခါ ပျော့အိနူးညံ့သွားစေတဲ့ အာဟာရဓာတ်တွေကြောင့် ဆံသားက ချက်ချင်း ချောမွေ့ (Silky & Smooth) သွားပြီး ငြိနေတဲ့ ဆံပင်အသေတွေအားလုံး တစ်ပြိုင်နက်တည်း အပြင်ကို လျှောကျလာရခြင်း ဖြစ်ပါတယ်။

၂။ ဆံပင်အရှုပ်အထွေး ပြေလျော့သွားခြင်း (Detangling)

Hair Mask လိမ်းရင် ကျွန်မတို့က ဆံသားအလယ်ကနေ အဖျားအထိ လက်ချောင်းလေးတွေနဲ့ ဖြီးချတာ၊ ပွတ်သပ်ပေးတာမျိုး လုပ်ကြပါတယ်။ ဆံသားက အလွန်ချောသွားတဲ့အတွက် လက်နဲ့ အောက်ကို ဆွဲချလိုက်တဲ့ လှုပ်ရှားမှုနောက်ကို ဆံပင်အသေတွေက အလွယ်တကူ ကပ်ပါလာတာကြောင့် အများကြီးကျွတ်သလို မြင်ရတာပါ။

၃။ ဦးရေပြား မထိရတဲ့အတွက် ဘေးဥပါဒ်မရှိပါ။
Mask က ဦးရေပြား လုံးဝမထိဘဲ ဆံသားကိုပဲ သုံးရတာဖြစ်လို့ ဆံပင်အရင်းကနေကျွတ်အောင်လုပ်တာမျိုး လုံးဝ (လုံးဝ) မဟုတ်ပါဘူး။ အကယ်၍ Product ကြောင့် ဓာတ်မတည့်တာဆိုရင် ဦးရေပြားနဲ့ ထိမှသာ ကျွတ်ရမှာဖြစ်ပါတယ်။ ဒါကြောင့် ဒါဟာ Mask ရဲ့ ဆိုးကျိုးမဟုတ်ဘဲ သဘာဝဖြစ်စဉ်တစ်ခုသာ ဖြစ်ပါတယ်။

ပျိုမေတို့အတွက် Tip လေးတစ်ခု!

Hair Mask သုံးတဲ့အခါ ဆံပင်တွေ အစုလိုက်အပြုံလိုက် ပါလာတာမျိုးကို မဖြစ်စေချင်ဘူးဆိုရင်..
ခေါင်းမလျှော်ခင်မှာ ဆံပင်ကို ဘရပ်ရှ် (သို့) ဘီးကျဲနဲ့ အရင် သေချာအဆုံးထိ ဖြီးပေးပါ။
ဒါဆိုရင် ကျွတ်လုဆဲဆဲ ဆံပင်အသေတွေက ခေါင်းမလျှော်ခင်ကတည်းက ပါသွားမှာဖြစ်လို့ ခေါင်းလျှော် Mask သုံးတဲ့အချိန်မှာ ဆံပင်ကျွတ်တာ သိသိသာသာ လျော့နည်းသွားပါလိမ့်မယ်ရှင်။ ✨

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


Yangon
MYANMAR