Health Supplements & Vitamins By Elina

Health Supplements & Vitamins By Elina

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Health Supplements & Vitamins By Elina, Health/Beauty, Yangon.

13/11/2021

** Melatonin အကြောင်း သိကောင်းစရာ***

🔺နှစ်ခြိုက်စွာ အိပ်မပျော်ခြင်း များအတွက်
သောက်သုံးတဲ့ ဖြည့်သွက်စာဖြစ်ပါတယ် ‼️

🔺ဓာတု ပစ္စည်းများ မပါဝင်တဲ့ Melatonin ကို
အိပ်ခါနီး တစ်နာရီ အလို တစ်ည တစ်လုံး
ဖြည့်စွက်စာ အနေနဲ့ သောက်ပေးခြင်းဖြင့်
နှစ်ခြိုက်စွာ အိပ်ပျော်ပီး
နောက်တနေ့မှာ ခေါင်းကြည်ပြီး
လန်းဆန်းစွာ နိုးထလာနိုင်မှာပဲ ဖြစ်ပါတယ်

⛔️Melatonin ကအိပ်ဆေးမဟုတ်ပါဘူး,❌
ဦးနှောက် ကနေ အိပ်အောင်ထုတ်လုပ်ပေးတဲ့
ဟော်မုန်းပါ...ဆေးစွဲ မှာလည်းမစိုးရိမ်ရပါဘူးရှင်။ ❤️

🔺Melatonin
1) အိပ်စက်ခြင်းကိုကူညီပေးတာ
နေရာဒေသအချိန်ကွဲလွဲခြင်းကြောင့်ဖြစ်တဲ့ ခဏတာအိပ်စက်မရဖြစ်နေတဲ့ပြဿနာမျိုးမှာ Melatonin ကလွန်စွာအရေးပါပါတယ်။ Melatonin ဟာ ထိုကွဲလွဲနေတဲ့အရာတွေကို တစ်ထပ်တည်းကျအောင် အိပ်ချင်စိတ်ကိုကူညီပေးပြီး မြန်မြန်အိပ်စက်နိုင်အောင်ပြုလုပ်ပေးပါတယ်။ထို့ပြင် ညဘက် ခန္တာကိုယ်မှာ Melatonin ချို့တဲ့လို့ အိပ်မရဖြစ်နေတဲ့သူတွေလည်း Melatonin သောက်သုံးပြီးပြန်လည်ဖြည့်တင်းပေးခြင်းအားဖြင့် နှစ်ခြိုက်စွာ မြန်မြန်အိပ်ပျော်စေပါတယ်။

2)မျက်လုံးကျန်းမာရေးအတွက်ကောင်းတာ
Melatonin ဟာ အိပ်စက်ခြင်းကိုအကူအညီပေးရုံသာမက Antioxidants ဂုဏ်သတ္တိလည်းရှိတဲ့အတွက် မျက်လုံးကျန်းမာရေးအတွက်အထူးကောင်းမွန်ပါတယ်။ အထူးသဖြင့် အသက်ကြီးလို့ဖြစ်လာတဲ့ မျက်လုံးရောဂါတစ်ချို့ဖြစ်ပွားမှုကိုလျော့နည်းစေပါတယ်။

3) အစာအိမ်လေချဥ်တက်ခြင်းနဲ့ အစာအိမ်အနာတွေအတွက် အနည်းငယ်ကူညီပေးခြင်း
Melatonin မှာပါရှိတဲ့ Antioxidants ဓာတ်ဟာ ထိုရောဂါတွေအတွက်လည်း အထောက်
အကူပြုပါတယ်။ ရိုးရိုး အစာအိမ်ဆေးနဲ့ပဲကုသတာထက် Melatonin ပါပေါင်းစပ်ပြီး ကုသတာက ပိုပြီး သက်သာဖို့အထောက်အကူပြုတာတွေ့ရတယ်။

4)Tinnitus ရောဂါကိုသက်သာစေခြင်း
Tinnitus ရောဂါဆိုတာ နားထဲမှာအသံတွေတောက်လျှောက်ကြားနေရလို့ အိပ်မရဖြစ်နေတဲ့ရောဂါပါ။ နားဆူ နားအူတဲ့ရောဂါလို့ခေါ်ဝေါ်ကြပါတယ်။Melatonin ဟာ ထိုရောဂါလက္ခဏာတွေကိုလျော့နည်းစေပြီး မြန်မြန်အိပ်လို့ရအောင် ကူညီပေးပါတယ်။

5)ယောကျာ်းလေးတွေမှာ ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးမှုဟော်မုန်း (Growth hormone)ကိုထွက်စေတာ။ Growth hormone က အိပ်စက်ချိန်ကျမှ ထွက်တတ်တဲ့ ဟော်မုန်းပါ။ ဒါ့ကြောင့် အိပ်စက်ချိန်အပြည့်အဝမရတဲ့ Melatonin နည်းနေတဲ့အခါမျိုးမှာ Growth hormone ကိုမထွက်စေနိုင်ပါဘူး။ ထိုအခါ Melatonin ကိုသောက်သုံးပြီးပြန်လည်ဖြည့်တင်းပေးခြင်းအားဖြင့် Growth hormone ထွက်မှုကိုလည်း အားပေးပေးနိုင်ပါတယ်။

မယ်လတိုနင်(Melatonin) ဖြည့်စွက်စာကို ခဏခဏ အိပ်ရာပြောင်းအိပ်ရတဲ့သူတွေ၊
အိပ်ချိန်ပြောင်းရတဲ့ အလုပ်သမားတစ်ချို့နဲ့
လေယာဉ်စီးပြီး ကမ္ဘာပတ်နေရသူတွေအတွက်
ရည်ရွယ်ထုတ်ထားတာပါ။

မယ်လတိုနင်ကို ကိုယ်ခန္ဓာကလည်း
အမိုနိအက်ဆစ် tryptophanကထုတ်ပေးပါတယ်။ မယ်လတိုနင်က ဦးနှောက်အတွင်းမှာ ဆီလိုတိုနင် (serotonin)လို့ခေါ်တဲ့ ဓာတ်တစ်မျိုးကိုမြင့်တက်စေပြီး၊
အိပ်မောကျစေတယ်။
ဦးနှောက်က မယ်လတိုနင် ဟော်မုန်းကို
ည ၉နာရီနဲ့ ၁၀ နာရီကြားထုပ်ပေးတယ်။
ဒီအချိန်တွေဆို အိပ်ငိုက်တက်ပါတယ်။
ပုံမှန် မယ်လတိုနင်ထွက်နေလျှင်တော့
ကောင်းမွန်စွာအိပ်ပျော်ပြီး
ကင်ဆာလိုနာတာရှည်ရောဂါတွေကို ကာကွယ်နိုင်ပါတယ်။

မယ်လတိုနင်ထုတ်လုပ်မှုက
ကိုယ်ထဲက ဇီ၀ နာရီနဲ့ဆိုင်တာပါ။
ဇီ၀နာရီဟာ တိုင်ပေါ်ကနာရီနဲ့မတူပါဘူး။
အလင်းအမှောင် အပူအအေးကိုကြည့်ပြီး
အချိန်ကိုဆုံးဖြတ်တာပါ။

မယ်လတိုနင်ကို ဦးနှောက်ရဲ့အလယ်မှာရှိတဲ့
ပဲစေ့အရွယ် pineal ကလင်း,က ထုတ်ပါတယ်။
ပုံမှန်လူမှန်တွေမှာ မယ်လတိုနင်ထုတ်ပေးချိန်
၁၂နာရီလောက်ရှိပါတယ်။
မနက်နေထွက်လာလျှင် မယ်လတိုနင်ထွက်တာ
လျော့နည်းပြီးရပ်လိုက်ပါတယ်။

အလုပ်ချိန်ခဏခဏပြောင်းနေရတဲ့
ဆရာ၀န်လို လူတွေ၊ ခရီးခဏခဏထွက်ပြီး
အချိန်ဇုန်ပြောင်းနေရတဲ့သူတွေနဲ့
ညဘက်အပြာရောင်အလင်းထွက်တဲ့ဖုန်း ၊
ကွန်ပြူတာသုံးတဲ့သူတွေမှာ
မယ်လတိုနင် ထုတ်တာကျဆင်းသွားတတ်ပါတယ်။
မယ်လတိုနင် ချို့တဲ့ပြီး အိပ်မပျော်လျှင်
ကိုယ်ခန္ဓာရောင်ရမ်းလာမည်။
ကိုယ်ခံအားကျသွားမည်။
ကင်ဆာဖြစ်ဖို့လွယ်ကူသွားမည်။

🔺Melatonin ဖြည့်စွက်စာသောက်ချင်လျှင်တော့
0.5 မှ 5mg[milligrams], 10mg အထိ
သောက်နိုင်ပါတယ်။
အကျိုးအာနိသင်ရနိုင်ချေက ဘယ်လောက်သောက်‌သောက်အတူတူပါပဲ။
0.25mg or 0.5mg လောက်ကစသောက်ပါ။
တစ်ချို့မယ်လတိုနင်နဲ့ဆိုင်တဲ့
MTNR1B geneရှိတဲ့သူအချို့မှာ
မယ်လတိုနင်သောက်ပြီးလျှင်
အင်ဆူလင်အတွက်နည်းပြီး ဆီးချိုတက်လာပါတယ်။
ဒီအကြောင်းကိုတော့ ဆွီဒင်နိုင်ငံက Lund Universityက သုသေသနလုပ်ပြီးရေးသားထုတ်ဖော်ခဲ့တာပါ။
ပုံမှန်အားဖြင့်တော့
မယ်လတိုနင်က အန္တရာယ်ကင်းပါတယ်ရှင်။

to original writer

13/11/2021

Health supplements နဲ့ တချို့ Vitamins တွေကို
ဘာအတွက် သောက်သုံးသင့်တယ်ဆိုတာလေးတွေကို
🔺ဗဟုသုတ အရရော /
🔺ကိုယ်ဝယ်သင့်တဲ့ ဆေးအမျိုးအစားလေးတွေကို
ရွေးချယ်ရာမှာ အထောက်အကူဖြစ်စေဖို့အတွက်ရော
post link လေးတွေ စုစည်းပေးထားပါတယ်ရှင်။
တစ်ခုချင်းစီ နှိပ်ပီး လေ့လာနိုင်ပါတယ်။
Cb မှာလည်း လာရောက်မေးမြန်းနိုင်ပါတယ်ရှင်။ 🤍

Magnesium 👇🏻
https://www.facebook.com/103461042159319/posts/104584922046931/?d=n

Vitamin B12👇🏻
https://www.facebook.com/103461042159319/posts/104588618713228/?d=n

Probiotics 👇🏻
https://www.facebook.com/103461042159319/posts/104591188712971/?d=n

Vitamin D3 👇🏻
https://www.facebook.com/103461042159319/posts/104604432044980/?d=n

Vitamin K2 👇🏻
https://www.facebook.com/103461042159319/posts/104629332042490/?d=n

Calcium 👇🏻
https://www.facebook.com/103461042159319/posts/104634268708663/?d=n

CoQ10 👇🏻
https://www.facebook.com/103461042159319/posts/104636572041766/?d=n

Collagen 👇🏻
https://www.facebook.com/103461042159319/posts/104642242041199/?d=n

Melatonin 👇🏻
https://www.facebook.com/103461042159319/posts/104652732040150/?d=n

USA direct import 🇺🇸
ကိုယ်တိုင်ဝယ်ယူပီး သွင်းထားတာမို့ 💯 100% ပစ္စည်းအစစ်အမှန်ဖြစ်ကြောင်း အာမခံပါတယ်ရှင်။

စိတ်ချလက်ချ မှာယူသောက်သုံးနိုင်ပါတယ်။

Page 👇🏻👇🏻💕
https://www.facebook.com/Health-Supplements-Vitamins-By-Elina-103461042159319/

Health Supplements & Vitamins By Elina Health/beauty

13/11/2021

** Collagen အကြောင်း သိကောင်းစရာ**

💕 Collagen က အသားအရေအတွက်သာမက
ဆံပင်နဲ့ခြေသည်း လက်သည်းအတွက်
ပါ အထောက်အကူပြုပါတယ်နော်၊၊

အသက် ၂၆နှစ်ကျော်တာနဲ့ စသောက်လို့ ရပါပြီ
ကျား/မ သောက်နိုင်ပါပြီ

Collagen ဆိုတာ ဘာလဲ ❔❔❔

Collagen ဆိုတာ ကိုယ်ခန္ဓာအနှံမှာ အမြောက်အမြားရှိတဲ့ ပရိုတိန်းပါ။
အရိုး၊အရေပြား၊ကြွက်သား၊သွေးကြောနဲ့ အစာခြေအဖွဲ့အစည်းတွေမှာတွေ့နိုင်ပါတယ်။
အသက်ကြီးသွားတဲ့အခါ collagen ထုတ်လုပ်မှု
ကျဆင်းသွားတတ်လို့
အရေပြားတွန့်လာတာ၊အဆစ်အမြစ်နာကျင်တာ၊
ကြွက်သားနာကျင်တာတွေ ဖြစ်လာပါတယ်။
ဒီအချိန်ဆိုလျှင် collagen supplementစသုံးသင့်ပါပြီ။Collagen က လူအတွက် အကျိုးပြုတဲ့ အချက်အချို့ရှိပါတယ်။

၁။ အရေပြား နဲ့ဆံပင် ကောင်းမွန်စေသည်။
ကျန်းမာသန်စွမ်းတဲ့ ဆံကေသာရဖို့ ပစ္စည်းသုံးမျိုးလိုပါတယ်။keratin, minerals, နဲ့ collagen ပါ။ဒါကြောင့် collagen သုံးလျှင် ဆံပင်ရှည်တယ်။သန်တယ်။အရေပြားလည်းကောင်းမွန်ပြီး ပါးရေတွန့်တာသက်သာတယ်။

၂။ ဇီဝဖြစ်စဉ်မြှင့်တင်ပေးတယ်။
ဇီဝဖြစ်စဉ်မြှင့်တင်ပေးပြီး ကြွက်သားကြီးထွားစေပါတယ်။ကြွက်သားကြီးထွားလာလျှင် အရိုးသန်မာတယ်။ကိုယ်လုံးကိုယ်ထည်လှလာတယ်။

၃။ အဆစ်အမြစ်နာကျင်တာ သက်သာတယ်။
လမ်းလျှောက်လျှင် နာကျင်လာတာ collagen နည်းလို့ ဖြစ်နိုင်တယ်။နာကျင်မည်။ရောင်မည်။Collagen များတာစားပေးလျှင်တော့ ဒါတွေသက်သာနိုင်ပါတယ်။အားကစားသမားတွေအဓိက စားသင့်လို Penn ပြည်နယ် တက္ကသိုလ်က ပြောတာပဲ။

၄။ အရိုးပွတာ သက်သာတယ်။

၅။ Cellulite ဖြစ်တာ လျော့ချပေးတယ်။
Cellulite တွေဖြစ်လာလျှင် အတော်ကြည့်ရဆိုးပါတယ်။ဖျောက်ဖို့လည်း ခက်တယ်။ဒီလိုဖြစ်တာ ကော်လဂျင်နည်းလို့ပါတဲ့။

၆။ အူနံရံပြုပြင်ပေးတယ်။
Leaky gut syndrome ဆို အခုခေတ် hot နေတဲ့ topics ပါ။အူနံရံလေးတွေ ပေါက်ပြဲပြီး အညစ်အကြေးတွေ၊ရောဂါပိုးတွေ၊မကြေတဲ့အစာတွေ သွေးကြောထဲရောက်ကုန်လို့ ဖြစ်တဲ့ရောဂါပါ။Collagen က အူနံရံကို ပြန်ဆောက်ပေးနိုင်ပါတယ်။

၇။ လက်သည်း၊ခြေသည်းလှစေတယ်။

၈။ ဟိုမုန်းကို မျှတစေပြီး ဝက်ခြံကို ပျောက်ကင်းစေတယ်။

၉။ သွား နှင့် ခံတွင်း ကျန်းမာစေတယ်။
Youth theory collagen ကတော့Collagen နံ့ကြီး ပါးစပ်ထဲမှာ အရမ်းစွဲမကျန်ခဲ့တဲ့အတွက် ပျို့အန်ချင်သလို မဖြစ်ပါဘူးနော်

**အစာမရှိတဲ့ချိန်သောက်ပေးရပါမယ်**

တစ်လလောက်သောက်ပြီးရင်
အသားအရည်ကြည်လင်လာတာ
ဒူးနာတတ်တဲ့သူတွေ သက်သာလာတာ
သိသိသာသာခံစားရပါလိမ့်မယ်နော်

to original writer

13/11/2021

** 🫀 CoQ 10 အကြောင်း. ***

🔺 CoQ10 > လူကြီးများနှင့် နှလုံးကျန်းမာရေး
လိုအပ်သူများအတွက် အထူးသင့်တော်တဲ့ဆေး
ဖြစ်ပါတယ် 🫀

🔺အသက်ကြီးလာရင် CoQ10ထုတ်လုပ်မှု
လျှော့နည်းလာပါတယ် ဒါကြောင့်ဘဲ
ခန္ဓာကိုယ်ကမြန်မြန်အိုလာရပါတယ်

🔺လူကအိပ်နေပေမဲ့ နှလုံးက အမြဲတမ်းခုန်နေရပါတယ် ဒါကြောင့်ဘဲ နှလုံးမှာရှိတဲ့ကြွက်သားတွေက စွမ်းအင်အမြောက်အများလိုအပ်ပါတယ် တနည်းအားဖြင့် CoQ10များစွာလိုအပ်တာပါ

🔺Coenzyme Q10 ကခန္ဓာကိုယ်ရဲ့ energyဖြစ်စဉ်
စွမ်းအင်ထုတ်လွှင့်တဲ့ ဖြစ်စဉ်မှာ အဓိကကူညီပေးပါတယ် ခန္ဓာကိုယ်တစ်ခုလုံးကိုလွှမ်းမိုးထားတဲ့တွက် မရှိမဖြစ်လိုအပ်ပါတယ်

🔺Coenzyme Q10 မရှိရင် ခန္ဓာကိုယ်မှာ
စွမ်းအင်ထုတ်လို့မရဘူး စွမ်းအင်မရဘူးဆိုရင်
လိုအပ်တဲ့လုပ်ငန်းဆောင်တာလုပ်လို့မရနိုင်ပါဘူး

*** ခန္ဓာကိုယ်တခုလုံးရဲ့ စွမ်းအင်ထုတ်လုပ်မှုမှာ
CoQ10က အဓိက မရှိမဖြစ်ပါ***

CoQ10 ကနှလုံးကျန်းမာရေးကို ထောက်ပံ့ပေးပါတယ် နှလုံးရဲ့လုပ်ဆောင်မှုမြင့်မားစေလို့ နှလုံးကြွက်သားများကို သန်စွမ်း၍သွေးလည်ပတ်မှုကိုကောင်းစေပါတယ်
နှလုံးသွေးကြောဆိုင်ရာ လုပ်ငန်းများကိုထောက်ပံ့ပေးလို့ နှလုံးအားနည်းတာတွေအတွက်
အထူးကောင်းမွန်ကာ နှလုံး၏လုပ်ငန်းဆောင်တာများကို
ပိုမိုကောင်းမွန်စေပါသည်။

-မောပန်းခြင်း ရင်ဘက်အောင့်ခြင်းများကိုလျော့နည်းစေပါသည်
-antioxidant တာဝန်ကိုလဲ ထမ်းဆောင်ပေးပါတယ်
-သွေးအတွင်း ကိုယ်လက်စရောများကိုလည်း
လျော့ချပေးပီး သွေးပေါင်ချိန်ကိုလဲ
ထိန်းညှိပေးတာကြောင့်
သွေးတိုးရောဂါ ကာကွယ် နိုင်သလို
ဦးနှောက်သွေးကြောဆိုင်ရာ ကိုလဲ ထောက်ပံ့ပေးပါတယ်
-ကလာပ်စည်းများ ရဲ့စွမ်းအင်ထုတ်လွှတ်မှုကိုလုပ်ငန်းကို လုပ်ဆောင်ပေးပါတယ်

13/11/2021

**Calcium အကြောင်း သိကောင်းစရာ**

Calciumကျွန်ုပ်တို့အသက်ရှင်သန်ခြင်း၏
အရင်းအမြစ်ဖြစ်ပြီး ခန္ဓာကိုယ်ကျန်းမာရေးအတွက်
မရှိမဖြစ်လိုအပ်သော ဒြပ်စင်ပစ္စည်းတစ်ခုဖြစ်ပါတယ်

Calciumချို့တဲ့ပါက

🔺အရပ်ပုခြင်း
🔺ခါးကုန်းခြင်း
🔺အရိုးအဆစ်နာကျဉ်ကိုက်ခဲခြင်း
🔺အရိုးအားမရှိခြင်း
🔺ပင်ပန်းလွယ်ပြီးအသားအရေလျော့တွဲခြင်း
🔺အိုမင်းလွယ်ခြင်း
🔺အရွယ်ကျလွယ်ခြင်းများဖြစ်တတ်သည်။
🔺အမျိုးသမီးများတွင်မျက်အိတ်ကျခြင်း၊ရင်သားတွဲခြင်း၊လက်မောင်းသားတွဲကျခြင်း၊သားအိမ်ကျခြင်းတို့သည်Calcium ချို့တဲ့မှု၏သိသာသောလက္ခဏာများဖြစ်သည်။

🔺အသက်၃၅နှစ်ဝန်းကျင်တွင်
အရိုးသိပ်သည်းမှုအကောင်းဆုံးဖြစ်ပြီး💪💪
၎င်းနောက်ပိုင်းတွင်တဖြည်းဖြည်းကျဆင်းသွားပါတယ်။

အသက်အရွယ်ကြီးရင့်လာသည်နှင့်အမျှ
ခန္ဓာအချိုးစားပြောင်းသွားပြီး
ခါးကိုက်၊ကျောနာ၊ဒူးနာအဆစ်မြစ်နာကျဉ်ခြင်း
စသည့်လက္ခဏာများ ခန္ဓာပေါ်မှာ
တစ်ခုပြီးတစ်ခုပေါ်လာတန်ပါတယ်။
၎င်းမှာCalcium ချို့တဲ့သည့်အတွက်အရိုးများပွပြီး
ဖြစ်ပွါးလာခြင်းများပင်ဖြစ်ပါတယ်။

❗️ထို့ကြောင့်Calciumချို့တဲ့မှုကြောင့် ဖြစ်ပေါ်လာနိူင်သောရောဂါများမှကာကွယ်ရန်အတွက်Calcium ဓာတ်ကို
အမြန်ဆုံးဖြည့်တင်းပေးရန်လိုအပ်ပါတယ်ရှင်

to original writer

13/11/2021

** Vitamin K2 အကြောင်းသီကောင်းစရာ**

Vitamin K2 ရဲ့အလုပ်က သွေးထဲက ကယ်လစီယမ်ကို
လိုအပ်တဲ့နေရာသွားဖို့ လမ်းညွန်ပေးတာပါ။
ဆေးပညာရှင်တွေကတော့ Vitamin K2 ကို
လမ်းပြပုလိပ်နဲ့ ခိုင်းနှိုင်းကြပါတယ်။
သွေးထဲကဘယ်ဓါတ်ကိုဘယ်သွားညွန်ပြပေးလို့ပါ။

Vitamin K2 မှာ MK4 ၊ MK7 ၊ MK 9 စသည်ဖြင့်ပုံစံအမျိုးမျိုးရှိပါတယ်။
MK7 ကအကောင်းဆုံးပါ။
MK4 နဲ့ MK 7 အလုပ်လုပ်ပုံချင်းအတူတူပါပဲ။
ဒါပေမယ့် MK7 ကစွမ်းဆောင်ရည်ပိုမြင့်ပါတယ်။
Vitamin K9 ကတော့ ခန္ဓာကိုယ်ထဲမှာကြာရှည်ခံပေမယ့် ၊ သူ့ရဲ့စုတ်ယူနိုင်စွမ်းကနည်းတဲ့အတွက် အဆင်မပြေပါဘူး။

Vitamin K2 MK4 ကို Vitamin K2 အတိုလို့ခေါ်ပါတယ်။ Vitamin K2 MK7 က အရှည်ပါ။
ဆဲလ်အတိုအရှည်ကွာလို့ အဲ့ဒီလိုခေါ်တာပါ။
Vitamin K2 MK7 ဖြစ်ဖို့ပိုမိုအချိန်ကြာပါတယ်၊
ပိုပြီးအလုပ်လုပ်နိုင်စွမ်းလဲရှိပါတယ်။

✍️Vitamin K2 ကိုဘယ်ကရမလဲ။

Vitamin K2 ကို ပဲကိုအချည်ဖောက်ထားတဲ့အစားအစာကနေရပါတယ်။
မြန်မာပြည်က ပုန်းရည်ကြီးလိုမျိုးပါ။
အနောက်နိုင်ငံတွေကတော့ ပဲအချည်ဖောက်ထားတဲ့
ဂျပန်စာ၊ ကိုရီးယားအစားအစာ စတာတွေကိုညွန်းပါတယ်။

✍️Vitamin K2 ဖြည့်စွက်ဆေးသောက်သင့်ပါတယ်။

ကျွန်တော်တို့ဟာ အဲ့ဒီလိုအစားအစာတွေကို
နေ့စဉ်စားသုံးလေ့မရှိတဲ့အတွက်Vitamin K2
ချို့တဲ့နေလေ့ရှိပါတယ်။
ဒါကြောင့် Vitamin K2 ကိုဖြည့်စွက်အစာအဖြစ်
မဖြစ်မနေမှီဝဲသင့်ပါတယ်။

vitamin K2 MK 7 ဟာစွမ်းဆောင်ရည်အမြင့်ဆုံးဖြစ်တဲ့အတွက် Vitamin K2 MK 7 ဟာအသင့်တော်ဆုံးပါပဲ။

Vitamin K2 ဟာ Vitamin K1 လောက်
သွေးမပြစ်စေပေမဲ့လည်း သွေးပြစ်စေတဲ့ဂုဏ်သတ္တိ
အနည်းငယ်ရှိနေသေးတယ်ဆိုတာလည်း
သိထားဖို့လိုပါမယ်။

✍️Vitamin D3 ကို Vitamin K2 နဲ့တွဲသောက်ရမယ်။

ကိုယ်ခဲစွမ်းအားအတွက် ကောင်းဖို့ နှင့် ကိုယ်ခံစွမ်းအားထိမ်းညှိပေးဖို့ Vitamin D3 ကိုသောက်ရပါမယ်။။

Vitamin D3 ရဲ့ အဓိကအလုပ်တစ်ခုက
ကယ်လစီယမ်ကို စုတ်ယူပေးခြင်းဖြစ်တဲ့အတွက်
Vitamin D3 ကစုတ်ယူပေးလိုက်တဲ့ ကယ်လစီယမ်တွေ
လိုအပ်တဲ့နေရာကိုသွားဖို့
Vitamin K2 က ညွှန်ပြပေးတာကြောင့်
Vitamin K2 ကို Vitamin D3 နှင်အမြဲတွဲသောက်ရပါမယ်ရှင်။

to original writer

13/11/2021

** Vitamin D3 (Vitamin D 25 OH)အကြောင်း**

♦️Vit D3 ကို နေပူစာ လှုံခြင်းမှ အဓိက ရသည်၊
ဆဲမာန်ငါး၊ နွားနို့၊ ကြက်ဥ၊ မှို တို့မှလည်း အနည်းငယ်
ရနိုင်သည်

ယခုအခါ ကမ္ဘာကြီးကတိုးတက်လာတာနှင့် အမျှ
ရှာဖွေတွေ့ရှိမှု researchများလဲတိုးတက်လာလို့
Vitamin D3ဟာ ဘယ်လောက်ထိအရေးကြီးလဲ ဆို တာ
ပိုသိလာရပါတယ်။

အရင်ကတေ့ာ Vitamin D3ဆို တာ
အရိုးသန်မာစေဖို့အတွက်ပဲအကျိုးရှိတယ် လို့ ထင်ခဲ့ကြပါတယ်။

ယခုနောက်ပိုင်းရှာဖွေတွေ့ရှိချက်တွေ အရ၊
အရိုးသန်မာစေတာ အပြင်၊
♦️ကိုယ်ခံအားကိုတက်စေခြင်း ကြောင့် ရောဂါပိုးဝင်ရောက်မှုကိုတာဆီးပေးရာရောက်ပါတယ်၊ အထူးသဖြင့် ခုလို ကိုဗစ် ကာလ မှာ အထူးပင်အသုံးဝင်လှပါတယ်။

♦️အဝလွန်ခြင်းနှင့် သွေးတိုးရောဂါ မဖြစ်အောင် ကာကွယ်ပေးပါတယ်၊ ထို့ကြောင့် ‌နောက်ဆက်တွဲရောဂါဖြစ်သည့် လေဖြတ်ခြင်းကိုလဲ ကာကွယ်ရာရောက်ပါတယ်။ (Prevention is better than Cure) ကာကွယ်ခြင်းက ကုသခြင်းထက်ပိုထိရောက်ပါတယ်။

♦️ဒီ့အပြင် တချို့သော စိတ်ကျဝေဒနာခံစားနေရသူများမှာ vit d3 ချို့တဲ့ ခြင်းကြောင့် ဖြစ်နေသည်ကိုတွေ့ရှိ ရပါတယ်။ Vit D3 supplementသောက်သုံးပြီးနောက်ပိုင်း ဝေဒနာ သိသိသာသာ လျေ့ာကျသွားတာတွေ့ရပါတယ်။

❗️Vitamin D ချို့တဲ့ရင်
၁။ အရိုးပါးခြင်း ကြွက်သား၊ အရိုး နာကျင် ကိုက်ခဲခြင်း
၂။ မကြာခဏ ဖျားနာတတ်ခြင်း
၃။ ဦးနှောက် နှင့် အာရုံကြော ဝေဒနာများ ခံစားရခြင်း
၄။ အလွန် ပင်ပန်း နွမ်းလျ နေတတ်ခြင်း၊ နေ့ခင်း နေ့လယ် အလွန် အိပ်ငိုက် တတ်ခြင်း
၅။ ခေါင်း ချွေးထွက်များခြင်း တို့ ဖြစ်တတ်ပါတယ်။

အသည်း၊ ကျောက်ကပ်၊ နှလုံးအစားထိုးကုသပြီးတဲ့အခါ
ရုပ်ချည်း ငြင်းဆန် ပယ်မထုတ် စေရန် လည်း
Vitamin D3 က ကာကွယ်ပေးပါတယ်
D3 level နည်းနေပါက ၂ လအတွင်း
ခန္ဓာကိုယ်က ပယ်ထုတ်ခြင်း ဖြစ်လေ့ ရှိပါတယ်။

မခွဲစိတ်ခင် Vitamin D3 50,000IU daily for 7 days
ကြိုတင်ပြီး သောက်ထားရင် ခွဲပြီး Heart attack ရတာတို့ အကြောင်း အမျိုးမျိုးကြောင့် အထူး ကြပ်မတ်ဆောင်
ICU မှာ နေရတာတို့ ကျဆင်း သွားတယ်လို့
22 October 2018, American College of Surgeons in Boston စာတမ်းက ဆိုပါတယ်

Vitamin D3 level ကောင်းနေရင် ကင်ဆာ နှလုံးရောဂါ ဖြစ်နှုံး ကျသွားပါတယ်
အသေ အပျောက် နှုံးလဲ ကျဆင်းသွားပါတယ်။

Vitamin D WiKi က ပြောတဲ့ ဥပါဒ် မဖြစ်နိုင်တဲ့ နှုန်း
2 million IU daily for ၇ ရက်
200,000 IU daily for ၁၀ ရက်
150,000 IU daily for ၁၄ ရက်
50,000 IU daily for ၃၅ ရက်
14,000 IU daily for တနှစ်

Vitamin D supplement သောက်ရင်
Vitamin K2, Magnesium, Omega 3, Zinc တို့နဲ့
တွဲသောက်သင့်ပါသည်။

Functional Medicine ကို ယုံကြည် လက်ခံသူတွေက

၁ နှစ် အထိ 400iu
၅ နှစ်အထိ 1000iu
၁၀ နှစ်အထိ 2000iu
၁၅ နှစ်အထိ 3000iu
၁၅ နှစ်အထက် 5000iu သောက်လေ့ရှိကြပါတယ်

ကိုယ်အလေးချိန် 25 ပေါင်လျင်1000 IU နှုန်းနှင့်လည်း သောက်လေ့ရှိကြပါတယ်

D3 level ကိုလဲ 100ng/ml ဝန်းကျင်မှာ ထားလေ့ ရှိကြပါတယ်။

🔅🔅Zinc, Vitamin D3, CoQ 10 and Vitamin C တွေ ကတေ့ာ ကိုယ်ခံအားကောင်းမွန်ဖို့ တွဲသောက်သုံးသင့် ကြောင်း ဆရာဝန်များမှ ထောက်ခံထားပါသည် 🔅🔅

13/11/2021

** PROBIOTICS အကြောင်း သိကောင်းစရာ**

Probiotics ကိုရရှိနိုင်သော အစားအစာများ

Milk kefir (အချဉ်ဖောက်ထားသော နွားနို့)၊
ဂေါ်ဖီထုပ်ချဉ်)၊ Kombucha (အချဉ်ဖောက် လက်ဖက်)၊ အုန်းနို့ ကီဖာ၊ Natto (အချဉ်ဖောက် ပဲပိစပ်)၊ ဒိန်ချဉ်၊
ချိစ့်အကြမ်း (ပိုးမသတ်ထားသောနို့ဖြင့် ပြုလုပ်ထားသော ချိစ့်)၊ ပန်းသီး ရှာလကာရည်၊ သခွားသီး ဆားရည်စိမ်၊ သံလွင်သီး ဆားရည်စိမ်၊ တိုဖူးချဉ်၊ မီဆိုဟင်းရည်၊ ကင်ချီ၊ အော်ဂဲနစ် ချောကလက်ညို

**Probiotic အကျိုးကျေးဇူးများ**

(၁) ပဋိဇီဝဆေး (ပိုးသတ်ဆေး) ကြောင့် ဝမ်းလျောခြင်းကို ကာကွယ်ကုသပေးသည်။

(၂) ကျန်းမာကောင်းမွန်သော ကိုလက်စထရောကို အားပေးသည်။

(၃) စိတ်ဓာတ်ကျခြင်းနှင့် စိုးရိမ်ပူပန်မှုတို့ကို ကင်းဝေးစေသည်။

(၄) ကိုယ်ခံအားကို တိုးတက်စေသည်။

(၅) ဝမ်းဗိုက် နာခြင်း၊ အောင့်ခြင်း (အူသိမ်အူမ ရောဂါ လက္ခဏာများ) ကိုသက်သာစေသည်။

(၆) ကိုယ်တွင်း ပြည်တည်နာဖြစ်ခြင်းကို အမြစ်ဖြတ် သုတ်သင်သည်။

(၇) ဆီးချိုရောဂါ မဖြစ်အောင် တားဆီးပေးသည်။

(၈) ဒိုင်ဝါတီခရူလာ ရောဂါ (အူတွင်း၌ အိတ်ငယ်ကလေးများ ဖြစ်ပေါ်ခြင်းနှင့် ၎င်းတို့ရောင်ရမ်းခြင်း (သို့) သွေးယိုခြင်း) ကိုထိန်းချုပ်ပေးသည်။

(၉) ပိုနေသော ဝမ်းဗိုက်အဆီကို လျော့ကျစေသည်။

(၁၀) အစာကြေညက်စေသည် ဝမ်းမှန်စေသည်။

(၁၁) အကျိုးပြုပိုးများ ပြန်လည်ဖြည့်တင်းပေး၍ ရောင်ရမ်းမှုကို ထိန်းချုပ်ပေးသည်။

(၁၂) မှိုရောဂါ ကူးစက်ဖြစ်ပွားမှု ပမာဏကို လျော့ကျစေသည်။

(၁၃) ဗိုက်တာမင်များအား စုပေါင်း ညှိနှိုင်း ဆောင်ရွက်မှု စွမ်းရည်ကို တိုးမြှင့်ပေးသည်။

Probiotic ကို ဝယ်သည့်အခါမှာ
ပိုးအမျိုးအစား များများ ပါသော တံဆိပ်ကို
ဝယ်သင့်ပါတယ်။
ဘူးမှာ ရေးထားတဲ့ Probiotic 10ဆိုတာ
ပိုးအမျိုးအစား ၁၀ မျိုး ပါတာကို ပြောတာပါရှင်။
20 billion, 30 billion ဆိုတာ serving size မှာ ပါတဲ့ ပိုးကောင်ရေကို ပြောတာပါရှင်။

အသက်အလိုက် သောက်ရမည့်နှုန်း
1 နှစ် 2 billion
2 နှစ် 4 billion
4 နှစ် 8 billion
10 နှစ် 12 billion
16 နှစ် 15 billion
16 နှစ်အထက် 20 billion

တချို့ဆေးဗူးတွေမှာအစာမရှိချိန် (Empty Stomach) သောက်ပါ လို့ ရေးထားတာ ရှိသလို
အစာနဲ့အတူ (with meal) လို့ ရေးထားတဲ့
အမျိုးအစားလဲ ရှိပါတယ် ကိုယ်ဝယ်တဲ့ဆေးဗူးရဲ့ အညွှန်းအတိုင်း သောက်ပေးရပါ့မယ်ရှင့်။

ပိုးသတ်ဆေး (antibiotic) သောက်ထားရင်တော့
၄ နာရီ ခြားပြီး သောက်ရပါတယ်။

Credit-To a better health and Original writer

13/11/2021

“ (Vitamin B12) အာရုံကြောအားဆေး

Vitamin b12 ဟာ အဓိကအားဖြင့်
အာရုံခံဆဲလ်၊ နာ့ဖ်ဆဲလ်တွေရဲ့
ဇီဝဖြစ်ပျက်မှု အပေါ် အကျိုးသက်ရောက်တယ်။

နာတာရှည် ထုံကျင်၊ ညောင်းညာကိုက်ခဲသူ၊
အကြောတင်းနေသူ၊ ထိတွေ့မှုအာရုံ နည်းပါးသူ၊
အသက်အရွယ်ကြီးသူတွေမှာ
ဗီတာမင် B12 လိုအပ်ပါတယ်။

Vitamin B12 ရဲ့ အာနိသင်
=================================
>> သက်ရှိဆဲလ်တိုင်းရဲ့ ဆဲလ်ပွားမှု တွင်အရေးကြီးသော DNA synthesis မှာပါဝင်တဲ့ အတွက် မရှိမဖြစ်လိုအပ်တဲ့ Vitaminဖြစ်ပါတယ်။

>> စားလိုက်တဲ့ ကာဗိုဟိုက်ဒရိတ်ကနေ စွမ်းအင်ပြန်ထုတ်ရာမှာ အဓိကအခန်းကဏ္ဍက ပါဝင်ကူညီပေးနေတယ်။

>> ခန္ဒာကိုယ်မှာရှိတဲ့ အဆီများရဲ့ ဇီဝကမ္မဖြစ်စဉ်မှာလဲ
အင်မတန် အရေးကြီးတဲ့ အခန်းကနေပါဝင်ပါတယ်

>> အရေးကြီးတဲ့ သွေးဆဲလ် တွေတည်ဆောက်ရာမှာလဲ အရေးကြီးတဲ့ အခန်းကပါဝင်တာကြောင့်
သွေးအားနည်းခြင်းမဖြစ်အောင်ကာကွယ်ပေးပါတယ်။

>> အာရုံကြောနဲ့ ကြွက်သားလုပ်ဆောင်ချက်
ကောင်းမွန်စေဖို့ ကူညီပေးတယ်။

>> နာ့ဖ်ကြောမျှင်၊ နာ့ဖ်ကို အုပ်ထားတဲ့ မိုင်ရာလင် အလွှာ (Myelin Sheath) တွေကို ပြန်လည်တည်ဆောက်ပေးတယ်၊ ပြုပြင်ပေးတယ်။

>> အရက်၊ ဆေးဝါး၊ ဆီးချိုသမားတွေမှာ ဖြစ်လေ့ရှိတဲ့ Mono And Polyneuropathics အာရုံကြော
ရောင်ရမ်းပျက်ဆီးခြင်းအတွက် ကောင်းမွန်စေတယ်။

>> သက်ရှိဆဲလ်တိုင်းရဲ့ ဇီဝကမ္မဖြစ်စဉ်တွေမှာ အလွန်ပဲ အရေးပါလှပါတယ်။

>> ဦးနှောက်နဲ့အာရုံကြောရောဂါတွေမှာ အဓိက အထောက်အကူပေးတယ်။

အသုံးဝင်ပုံ။✅✅✅
================================

🔺ခြေဖျား၊ လက်ဖျား ထုံကျဉ် ကိုက်ခဲခြင်း၊

🔺 ပူစပ် ပူလောင် ဖြစ်ခြင်း၊
🔺 အာရုံကြော ရောင်ရမ်းခြင်း၊

🔺အာရုံကြော အားနည်းခြင်း၊ ကျီးပေါင်းရောဂါကြောင့် အာရုံကြော ညပ်ခြင်း

🔺Megaloblastic Anemiaဟုခေါ်သော သွေးအားနည်းရောဂါတစ်မျိုးမှာလဲ အသုံးပြုနိုင်ပါတယ်။
🔺မျက်စိအားနဲပြီး ဇက်ကြောတက်သူများလဲ အထူးသင့်လျော်ပါသည်။

Vitamin B12 လိုအပ်သူများ✅✅✅
===============================

🔺အရက်အလွန်အကျွံ သောက်သုံးသူ၊

🔺ဆီးချိုရောဂါသည်၊

🔺အသက်ကြီးရင့်သူ၊

🔺 Vitamin B12 ချို့တဲ့သူ၊

🔺 နာတာရှည် ရောဂါသည်၊

🔺သွေးအားနည်းရောဂါရှိသူများ

🔺အာရုံကြောအားနဲသူများ

💊ဆေးညွှန်း💊
=============

- တစ်နေ့ တစ်လုံး အစာစားပြီး သောက်ပါ။

- ရေရှည်စွဲသောက်နိုင်ပါတယ်။အကိုက်အခဲပျောက်ဆေး မဟုတ်လို့ ရေရှည်စွဲသောက်ရုံနဲ့ အစာအိမ် မထိခိုက်စေပါ။

- ကိုယ်ဝန်ဆောင်တွေ တစ်န့ တစ်ကြိမ်သောက်သုံးနိုင်တယ်။

- အသက်အရွယ်မရွေး သောက်သုံးနိုင်တယ်။

to original uploader

13/11/2021

**Magnesium အကြောင်း သိကောင်းစရာ ***

Magnesium ဟာ Vitamin D ကဲ့သို့ နာတာရှည်ရောဂါ များ မဖြစ်ရန် အတွက် အလွန် အရေးကြီး သော သတ္တုဓာတ် ဖြစ် ပါ တယ်။

Magnesium ဟာ ----

နှလုံးရောဂါနှင့်
နှလုံးရောဂါ ကြောင့် ရုတ်တရက် သေဆုံး ခြင်း
လေဖြတ်ခြင်း
ဆီးချို ရောဂါ ( အသက်ကြီး မှ ဖြစ် သော ဆီး ချို )
ပန်းနာရင်ကြပ်
သွေးတိုး ရောဂါ
အရိုး ပွ ရောဂါ ( osteoporosis ) တို့မဖြစ်အောင် အကျိုးပြုပါတယိ

Magnesium ကို နေ့စဉ်မှန်မှန်နဲ့ လုံလုံ လောက်လောက် သောက်သူတွေမှာ
ကင်ဆာရောဂါ ဖြစ် နိုင်တဲ့ အလားအလာ
ကျ ဆင်း သွားခြင်း ကို ပါ တွေ့ ရ ပါ တယ်။

အလွန်ထင်ရှားတဲ့ သုတေသနတစ်ခုမှာ
တွေ့တာကတော့ အလွန်ဆိုးတဲ့ ကင်ဆာဖြစ် တဲ့
pancreatic cancer / အူမကြီး ကင်ဆာ မှာ
Magnesium ကို လုံလုံလောက်လောက် သောက် သူ တွေက အလွန် အဖြစ် နည်း သွား တာ ကို တွေ့ ရ ပါ တယ် တဲ့။

Magnesium ဓာတ် ချို့ တဲ့ နေ သူ များ မှာ Pancreatic cancer risk က 76% တက် သွား ပါ သ တဲ့။

Magnesium ကို သဘာဝ အား ဖြင့် အစားအသောက် က နေ ရ ဖို့ အလွန် ခက် ပါ တယ်။
ရ သင့် သ လောက် မရ နိုင် တာ မို့ သောက် သင့် ပါ တယ်။

သွေး ဖောက်စစ် ပြီး တိုင်း ကြည့် မယ် ဆို ရင် လဲ အဖြေ မှန် မရ နိုင် ပါ။ ဘာ ဖြစ် လို့ လဲ ဆို တော့ 80-90% of magnesium ဟာ အသား ထဲ ၊
ကလာပ်စည်း ထဲ မှာ ရှိ နေ လို့ ပါ ပဲ။

ကျောက်ကပ် ကောင်းကောင်း အလုပ် လုပ် နေ ရင် သောက် ရ တာ ဘာ မှ ကြောက် စရာ မရှိ ပါ။

သောက် သင့် တဲ့ ပမာဏ က တော့ 400mg per day ဖြစ် ပါ တယ်။

စျေး လဲ သိပ် မ ကြီး၊ ဝယ် လို့ လဲ ရ တဲ့ Magnesium ကို မှန်မှန် နဲ့ လို သ လောက် မှီဝဲ မယ် ဆို ရင် နာတာရှည် ရောဂါ အ တော်များများ က နေ ရှောင် ရှား နိုင် မှာ ဖြစ် ပါ တယ်။

Magnesium ဟာ ခန္ဓာကိုယ်အတွက်
အလွန်အရေးကြီးတာမို့ ဒီဓာတ်နဲ့ ပြည့်စုံ နေ မယ် ဆိုရင်
ရောဂါ အတော်များများ ဖြစ်ပွါားခြင်း မှ
ခံ သာ ပါ လိမ့် မယ်။

မိတ်ဆွေ အပေါင်း ကျန်းမာ ချမ်းသာ ကြ ပါ စေ။
ရောဂါ ဘေး မှ ကင်းဝေး ကြ ပါ စေ။

*** Magnesium သောက်ရင် B6 100mg နဲ့တွဲသောက်ရပါမယ်။***

Credit to To a better health

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


Yangon