Beauty and Skin Care By Ayemu
အသားအရေထိန်းသိမ်းချင်သူများအတွက်Skin Careထုတ်ကုန်များ
မိတ်ကပ်ရည် နှုတ်ခမ်းနီစတဲ့အလှကုန်များမှာယူလို့ရ
မိတ်ကပ်ရည် နှုတ်ခမ်းနီ Skin Care အသားလှခရင်မ်နေ့လိမ်း/ညလိမ်း အသားဖြူဆပ်ပြာ ဂျီးချွတ်ဆပ်ပြာ Sunscreen နေကာ ကော်လဂျင်
Ayemu Cosmetics Shop ကနေမှာယူနိုင်ပါတယ် လက်လီလက်ကား အိမ်အရောက်ငွေချေပို့ပေးပါတယ်
16/06/2025
ထိခိုက်လွယ်တဲ့အသားအရေနဲ့ အရေပြားပါးတဲ့သူတွေသတိထားပြီးသုံးသင့်တဲ့ Active Ingredients (၃)မျိုး!
Active Ingredients ဆိုတာ Skincare သုံးတဲ့သူတော်တော်များများနဲ့ ရင်းနှီးပြီးသားဖြစ်မှာပါ၊အဲ့ထဲကမှ အရေပြားပါးပြီး ထိခိုက်လွယ်တဲ့ sensitive skin အတွက် သုံးလို့ရတဲ့ B.Me Skincare (၃) မျိုးမှာ ပါဝင်တဲ့ Active Ingredients တွေရဲ့ အလုပ်လုပ်ပုံကို တိတိကျကျရှင်းပြပေးပါမယ်
✅ 1. Hydrating Milky Toner
ပါဝင်သော Active Ingredients:
🔹Niacinamide
Skin barrier ကိုတည်ဆောက်ဖို့ကူညီပြီး redness နှင့် irritation ကိုလျော့စေတယ်၊Sebum ထုတ်လွှတ်မှုကိုထိန်းပေးတယ်။
🔹 BHA (Salicylic Acid)
အရေပြားအောက်ထဲကိုဝင်ပြီး အဆီပိုများကိုပျော်စေတယ်
Dead skin cells, clogged pores ကိုအနူးညံ့ဆုံး exfoliate လုပ်ပေးတယ်။
🔹 Hyaluronic Acid
ရေဓါတ်ကို ဆွဲယူထိန်းထားပေးပြီး Moisture retention ပြုလုပ်တယ်အရေပြားကို နူးညံ့စွာသန့်စင်ပြီး နူးညံ့ပြီး hydrated ဖြစ်စေတယ်။
🟥 Sensitive Skin တွေ သတိထားပြီးသုံးသင့်တဲ့ Active Ingredient No.1 BHA
နေ့စဉ်မသုံးသင့် (sensitive skin ဖြစ်လို့) တစ်ပတ် (၂–၃) ကြိမ်သာသုံးပါ။
✅ 2. Booster Serum
ပါဝင်သော Active Ingredients:
🔹 Niacinamide 10%
Skin tone ညီမညီကိုညှိပေးတယ်၊ဝက်ခြံကြောင့်
ရောင်ရမ်းမှုကို သက်သာစေပြီး၊oil control လုပ်ပေးတယ်။
🔹 Hyaluronic Acid
ရေဓါတ်ဖြည့်တင်းရာမှာအဓိကပါဝင်ပြီး
Collagen တည်ဆောက်မှုအတွက် support လုပ်တယ်။
🔹 Vitamin C
Antioxidant effect ရှိတဲ့အတွက် ပတ်ဝန်းကျင်မှထိခိုက်မှုကိုကာကွယ်တယ်၊Melanin ထုတ်လုပ်မှုကိုလျှော့ချပေးပြီး အမည်းစက်များကို သက်သာစေပါတယ်။
🟥Sensitive Skin တွေ သတိထားပြီးသုံးသင့်တဲ့ Active Ingredient No.2 Vitamin C နဲ့
🟥Sensitive Skin တွေ သတိထားပြီးသုံးသင့်တဲ့ Active Ingredient No.3 Niacinamide တူတူပါဝင်တာကြောင့် Irritation ဖြစ်နိုင်တဲ့အတွက် မျက်နှာတစ်ခုလုံး မသုံးခင်မှာ Patch test လုပ်ဖို့လိုတယ်။
✅ 3. Hya & Ceramide Moisture Cream
ပါဝင်သော Active Ingredients:
🔹 Niacinamide,Hyaluronic Acid
(အပေါ်တွင်ဖော်ပြထားသည့်အတိုင်း Moisture attraction + locking)
🔹 Ceramide
အရေပြားအကာအကွယ်တစ်ခုဖြစ်ပြီး Moisturize ဖြစ်အောင်ကူညီပေးပါတယ်၊Sensitive skin ရဲ့ Barrier ပြန်တည်ဆောက်ဖို့အရေးကြီးတဲ့ ingredient တစ်ခုပါ။
🔹 Alpha Arbutin
Melanin ထုတ်လုပ်မှုကိုတင်းကျပ်စွာထိန်းချုပ်ပြီး အမည်းစက်တွေမပွားအောင်ထိန်းချုပ်ပေးပါတယ်။
ဒါကြောင့်အသားအရေအလိုက် Skincare product လေးတွေကို လိုတိုး ပိုလျှော့လေး သုံးဖို့ အကြံပြုချင်ပါတယ်
ဘယ် product ကို ဘယ်လို၊ဘယ်အချိန်သုံးရမလဲ စဥ်းစားရကြပ်နေရင်တော့ B.Me Admin Team နဲ့အတူတူ အဖြေရှာလိုက်ပါ💞💞💞
📩Send Message
https://m.me/amm.myatmu
☎ 09778960388 or Viber
မှာလည်း အသေးစိတ်မေးမြန်းမှာယူနိုင်ပါတယ်
11/06/2025
၇ ရက်အတွင်းသိသာစေသော
ဘီမီ Skin Care Set
09778960388 ဘိုက်ဘာ/ cb ကနေမှာယူနိုင်ပါတယ်
04/06/2025
🤗 အမြဲလိမ်းနေကျသူလေးတွေကတော့🤗🤗🤗
✅ Blink အသားဖြူ Lotion ကို ကြိုက်ကြတယ်
✅စေးကပ်မှုမရှိ အသားထဲစိမ့်ဝင်လွယ်ပြီး ရနံ့လေးကလည်း လန်းဆန်းစေတယ်
💸💸💸 ခုလို နှစ်ဘူးယူတစ်ဘူးဝယ်လက်ဆောင်ပေးလိုက်တော့ အရမ်းတန်မှန်းသိလို့ ပြောလိုက်တာနဲ့ တန်းဝယ်တာဘဲ
💧💧💧 တန်တုန်းဝယ်ထားပါ
တန်အောင်လိမ်းရမှာနော်
သူငယ်ချင်းတွေစုဝယ်လည်း တဘူး 12000 ဘဲကျတာမို့ 6000 Save ဖြစ်ပါတယ်
ဒီမနက်တော့ လက်လီ သုံးဘူးအရင်ပို့ပေးလိုက်ပါပြီ
ပစ္စည်းဒီနေ့ရောက်မှ မနက်ဖန်လက်ကားဝယ်သူတွေဆီ ဆက်ပို့ပေးပါမယ်ရှင်
#အားပေးသူအားလုံးကျေးဇူးတင်ပါတယ်ရှင်
#စတိုးဆိုင်များလက်ကားမှာယူနိုင်ပါတယ် #အိမ်ရောက်ငွေချေရ
#မြို့နယ်ပေါင်း300ကျော်ပို့ပေးပါတယ်
မဂ်လာရှိသောနေ့တစ်နေ့ဖြစ်ကြပါစေ
05/04/2025
လောကမှာ လူတွေ မမျှော်လင့်ဘဲနဲ့
အန္တရာယ်ဆိုး ကပ်ဆိုးဘေးဆိုးတွေ ကျရောက် လာတတ်တယ်။
အဲဒီလို ကျရောက်လာတဲ့အခါမှာ အန္တရာယ်က လွတ်မြောက်အောင် လုပ်တဲ့နည်းကို မြတ်စွာဘုရားက ဒီရတနသုတ္တန်မှာဟောပေးတယ်။
သစ္စာဆိုတဲ့နည်းနဲ့ အန္တရာယ်ကို ကာကွယ် ပေးတယ် ဘေးအန္တရာယ်က လွတ်မြောက်အောင် ဆောင်ရွက် ပေးတယ်။
ရှည်လျှားတဲ့ ကာလကြီးတစ်ခုပေါ့။
အချိန်အတိုင်းအတာ အရ၊ ဒီလို အတိုင်းအတာတစ်ခုအရ စားနပ်ရိက္ခာမဖူမလုံနဲ့ မိုးခေါင်နေတဲ့ အချိန်ပိုင်းကြီးကို ဒုဗ္ဘိက္ခန္တရကပ် လို့ခေါ်တယ်။
ရောဂါဝေဒနာတွေဖြစ်ပြီး ကူးစက်ပြန့်ပွားနေတဲ့ အချိန်ပိုင်းကို ရောဂန္တရ လို့ခေါ်တယ်။
အဲဒီအံချိန်မှာ မကောင်းဆိုးဝါးတွေက ဝင်ရောက်ပြီးတော့နှိပ်စက်တဲ့ အချိန်ပိုင်းကို အမနုဿန္တရကပ် လို့ခေါ် တယ်။
“ရောဂါ မနုဿ ဒုဗ္ဘိက္ခ သမ္ဘူတံ
တိဝိဓံ ဘယံ” လို့ဆိုတဲ့အတိုင်း
ဝေသာလီပြည်မှာ ကြုံခဲ့တယ်။
အဲဒီလို ကြုံကြိုက်လာတဲ့ အခါကျတော့ ဒီဘေးဆိုး အန္တရာယ်ကြီးက ဘယ်လိုလုပ်ပြီး လွတ်မြောက်အောင် လုပ်ကြ မလဲလို့ တိုင်ပင်ညှိနှိုင်းကြတယ်။
လူတွေဟာ အန္တရာယ်ဆိုးတွေ ကျရောက်ပြီ ဆိုတဲ့အခါ ကိုယ်ယုံကြည်ရာတွေကို လုပ်တတ်ကြတယ်။
ဝေသာလီပြည်မှာ အန္တရာယ်ကင်းအောင် ... ဘာဟောလဲဆိုရင် ဘုရားဂုဏ်နဲ့ သစ္စာဆိုပုံကို မြတ်စွာဘုရား ဟောတယ်။
“ယံကိဉ္စိ ဝိတ္တံ ဣဓ ဝါ ဟုရံ ဝါ၊ သဂ္ဂေသု ဝါ ယံ ရတနံ ပဏီတံ။
န နောသမံ အတ္ထိ တထာဂတေန၊
ဣဒမ္ပိ ဗုဒ္ဓေ ရတနံ ပဏီတံ၊
ဧတေန သစ္စဝဇ္ဇေန သုဝတ္ထိ ဟောတု”တဲ့။
ဒီဂါထာကစပြီးတော့ သစ္စာဆိုပုံကို မြတ်စွာဘုရားက ပြတယ်။
“ဣဓဝါ” ဆိုတာ လောကမှာဖြစ်စေ သို့မဟုတ် လူ့ပြည် မှာပဲဖြစ်စေ။
“ဟုရံ” ဆိုတာ နတ်ပြည်မှာပဲဖြစ်စေ၊ တခြားဘုံဘဝ မှာပဲဖြစ်စေ။
"သဂ္ဂေသုဝါ” နတ်ပြည် ဗြဟ္မာပြည်မှာပဲ ဖြစ်စေတဲ့
လောကမှာ အလွန်မွန်မြတ်တဲ့ ရတနာတွေ ဆိုတာရှိတယ်။
ဟုတ်တာပေါ့ ရွှေတွေ၊ ငွေတွေ၊ ကျောက်သံပတ္တမြားတွေ လူ့ပြည်မှာသာ ရှိတာမဟုတ်ဘူး။
နတ်ပြည်မှာလည်းရှိတယ်၊ ဒီလို မွန်မြတ်တဲ့ ရတနာတွေရှိတယ်။
ဆိုလိုတာကတော့ လောကကြီး မှာရှိတဲ့ လူတိုင်းနှစ်သက်တဲ့ စိန်ရွှေရတနာတွေဟာ ရှိတယ်။
အဲတော့ ရတနာဆိုတဲ့ စကားလုံးက မြန်မာလူမျိုးတွေမှာ မြန်မာစကားလောက် ဖြစ်ပြီးတော့ ရင်းနှီးနေကြတယ်။
ရတန ဆိုတာ ဒါကိုမြင်လို့ရှိရင် လူတွေစိတ်ထဲမှာ ကျေနပ် နေတယ်။
ရွှေကိုမြင်ရင် ကျေနပ်နေတယ်၊ ပတ္တမြား မြင်ရင် ကျေနပ်တယ်၊ ကျောက်သံပတ္တမြားတွေ မြင်ရင် ကျေနပ်တယ်။
အဲဒါတွေကို ရတနာ လို့ခေါ်တယ်။
“ရတိံ ဇနေတီတိ ရတနံ” ဆိုတဲ့အတိုင်း ရတနာ။
သို့သော်လည်း ‘ရတနာ” ဆိုတာ ဘာကြောင့် ရတနာ ခေါ်ရတာလဲလို့ မေးမယ်ဆိုလို့ရှိရင်
ရတနာခေါ်ပုံ က “စိတ္တိကတံမဟဂ္ဃဉ္စ၊ အတုလံ ဒုလ္လဘဒဿနံ” ဂါထာအရ
ပြောမယ်ဆိုရင် ရတနာဆိုတာ စိတ္တိကတံ၊ လူတိုင်းရဲ့အကြိုက် ဖြစ်တယ်၊
လူတိုင်းက ကျေနပ်တယ်၊ လူတိုင်းကြိုက်တယ်၊
လူတိုင်း လိုချင်တဲ့ အရာဖြစ်တယ်၊
လူတိုင်းနှစ်သက်တဲ့ အရာဖြစ်တယ်၊
ဒါ ရတန။
မဟဂ္ဃတ၊ ဆိုတာ´ တန်ဖိုးကြီးတယ်၊ အင်မတန်မှ တန်ဖိုးကြီးတဲ့ အရာဟာ ရတနာလို့ ခေါ် တယ်။
အတုလ နိုင်းဖို့ ယှဉ်ဖို့ တန်ဖိုးဖြတ်ဖို့ မဖြစ်နိုင်လောက်အောင် အဆင့်မြင့်တယ်၊ အတုမဲ့တယ်။
တန်ဖိုးအင်မတန်မှ ကြီးမားတယ်။
အတုလ ဖြစ်တယ်၊
နှိုင်းစရာ ဥပမာမရှိဘူး၊
အနှိုင်းမဲ့ဖြစ်တယ်၊
အဲဒါမျိုးကို “ရတနာ”လို့ ခေါ်တယ်။
‘ဒုလ္လဘဒဿန” ဆိုတာ တွေ့ဖို့မြင်ဖို့ရာ ခဲယဉ်းတဲ့အရာ ဖြစ်တယ်။
လမ်းခင်းတဲ့ကျောက်တွေ ဘယ်လောက်ပေါပေမယ့်
“ရတနာ”လို့ဆိုတဲ့ ပတ္တမြား
ကျောက်ကတော့ တွေ့ရခဲတယ်။
အင်မတန်မှ ရှားပါးတယ်ပေါ့။ ကွာဟတဲ့ နှိုင်းယှဉ်မှု။
အဲတော့ ရတနာဆိုတဲ့ သဘောက တွေ့ဖို့မြင်ဖို့ ခဲယဉ်းတဲ့ဟာလည်းပဲ ရတနာပဲ။
အနောမသတ္တ ပရိဘောဂ အထက်တန်းကျတဲ့ ပုဂ္ဂိုလ်တွေ မှ အသုံးပြုနိုင်တယ်။
သာမန်ပုဂ္ဂိုလ်တွေ မသုံးနိုင်တဲ့ ပစ္စည်းမျိုးကို ရတနာလို့ခေါ်တယ်။
ဒါ လောကီဘက်ကပြောတဲ့ ရတနာ။
လောကီရတနာတွေပဲကြည့် ဒီအခြေအနေမျိုးတွေနဲ့ ရှိတယ်။
အဲတော့ လောကမှာရှိကြတဲ့ စိန်ရွှေစတဲ့ ဒီရတနာတွေဟာ လူ့ပြည်မှာပဲရှိရှိ၊ နတ်ပြည်မှာပဲရှိရှိ၊
လောကမှာ ရတနာ အမျိုးမျိုး တွေ
လူတွေအကြိုက် ရတနာ အမျိုးမျိုး
ရှိတယ်တဲ့။
အဲဒီ ရတနာတွေထဲမှာ မြတ်စွာဘုရားနဲ့တူတဲ့ ရတနာဆို တာ တစ်ခုမှ မရှိဘူး။
ဗုဒ္ဓရတနာဟာ မြတ်စွာဘုရားရဲ့ နှစ်သက် ဖွယ်ကောင်းတဲ့ အခြေအနေ ဂုဏ်ရည်မျိုးဟာ တခြားရတနာ
တွေမှာ မရှိနိုင်ဘူး။
ဒါကြောင့်မို့ ရတနာလို့ ခေါ်ခြင်းခေါ်ရင် မြတ်စွာဘုရားရဲ့ ဂုဏ်အရည်အချင်းတွေသာ တကယ့်ရတနာ ဖြစ်တယ်။
မြတ်စွာဘုရားရဲ့ နှစ်သက်ဖွယ် ဂုဏ်ရည်တွေဟာ အင်မတန်မှ မြတ်နိုးဖွယ်ကောင်းတဲ့ ရတနာအစစ်တွေသာ ဖြစ်တယ်။
လောကမှာရှိတဲ့ ရတနာတွေထက် အင်မတန်မှ တန်ဖိုးကြီးတယ်၊
လောကမှာရှိတဲ့ ရတနာတွေနဲ့မတူဘဲ အင်မတန်ထူးခြားတဲ့ ရတနာဆိုတာ ဘုရားရတနာပဲဖြစ်တယ်။
ဧတေနသစ္စေန ဒီမှန်တဲ့စကားကို
ဆိုလိုက်ရလို့ သတ္တဝါတွေ ချမ်းသာကြပါစေ။
သစ္စာဆိုတဲ့နေရာမှာ နံပါတ်တစ်က မှန်တာကို အရင် ပြောတယ်။
ပြောပြီးတဲ့အခါ ကိုယ်လိုချင်တဲ့ ဆန္ဒကိုထုတ်ဖေါ်၊ ဒီနှစ်ချက်ရှိတယ်။
လောကမှာ ဘာအခက်အခဲပဲ တွေ့တွေ့၊ ဘာပဲလိုချင်လိုချင် မှန်တဲ့စကားကိုဆို၊
ဆိုပြီးလို့ရှိရင် ကိုယ်လိုချင် တာတစ်ခုကို ဖေါ်ထုတ်လိုက်လို့ရှိရင်
အခြေအနေ စွမ်းရည်သတ္တိ ပြည့်လာပြီဆိုလို့ရှိရင်
အောင်မြင်နိုင်တယ်လို့ ဆိုတာကို တစ်ချို့ ပုဂ္ဂိုလ်တွေ ကိုယ်တွေ့ကို ထုတ်ဖေါ်ပြီး ပြောကြတယ်။
အဲဒီတော့ သစ္စာဆိုတာ “သစ္စာနှုတ်သီး မန္တာန်ကြီး” ဆိုတဲ့ အတိုင်း
အန္တရာယ်တွေလည်း ကင်းပျောက်နိုင်တယ်၊ ကိုယ်လိုချင် တာလည်း ရတယ်။ ဒါကြောင့်မို့လို့ သစ္စာရဲ့စွမ်းအားဟာ အင်မတန်ကြီးမားတယ်။
တခြားဟာတွေပြောရင် မှန်ချင်မှန်မယ်၊ ဘုရားဂုဏ်ကို ထုတ်ဖေါ်ပြီးတော့ ပြောလိုက်ပါ။
ဒါကြောင့်-
ကိဉ္စိ ဝိတ္တံ ဣဓ ဝါ ဟုရံ ဝါ၊ သဂ္ဂေသု ဝါ ယံ ရတနံ ပဏီတံ”
ကမ္ဘာလောကကြီးမှာရှိတဲ့၊ ရှိသမျှသော ရတနာတွေ အလွန်မွန်မြတ်ပေမယ့် မြတ်စွာဘုရားဆိုတဲ့ ရတနာနဲ့တူတာတော့ တစ်ခုမှမရှိဘူး။
အဲဒီလို ရတနာတွေထက် သာလွန်တဲ့၊ နှစ်သက် ဖွယ်ကောင်းတဲ့၊ မြတ်နိုးဖွယ်ကောင်းတဲ့ အခြေအနေဟာ
မြတ်စွာ ဘုရားမှာ တွေ့နိုင်တဲ့ ထူးခြားမွန်မြတ်တဲ့ ရတနာပါပဲလို့
ဒီစကား ဟာ မှန်ကန်တဲ့စကား ဖြစ်တယ်။
“ဧတေန သစ္စေန သုဝတ္ထိ ဟောတု” ဒီ မှန်ကန်တဲ့စကား ကြောင့်
ဒုက္ခရောက်နေတဲ့ သတ္တဝါအားလုံး ချမ်းသာသုခ ရကြပါစေလို့ အဲဒီလိုသစ္စာဆိုတယ်။
အဲတော့ ဒီကနေ့ခေတ်မှာလည်းပဲ ဒါကို အသုံးချမယ် ယုံယုံကြည်ကြည်နဲ့
ဒီအတိုင်း လိုက်နာကျင့်သုံးမယ် ဆိုလို့ရှိရင် အန္တရာယ်တွေ ပျောက်ကင်းပြီးတော့ ကောင်းကျိုးချမ်းသာတွေ ရနိုင်တယ်ဆိုတာ
ဘုန်းကြီးတို့တစ်တွေ မှတ်သားကြရမှာ ဖြစ်တယ်။
ဒါ ဘုရားနဲ့ ပတ်သက်ပြီးတော့ ဒီနေရာမှာ လောကမှာရှိသမျှ ရတနာတွေထဲမှာ
ဘုရားရတနာနဲ့ တူတဲ့ ရတနာမရှိဘူး။
မြတ်စွာ ဘုရားရဲ့ ဂုဏ်ဆိုတာ အင်မတန်ကို ရတနာထိုက်ပါပေတယ်။
အမြတ်ဆုံးသော ရတနာထိုက်ပါပေတယ်။
ဤမှန်ကန်သော စကားကို ဆိုရသောကြောင့် သတ္တဝါတွေ ချမ်းသာပါစေလို့ပြောလိုရင်း ဖြစ်တယ်။
ပရိတ်ရဲ့ အစွမ်းတန်ခိုးဟာ အင်မတန်မှ ထက်ပါတယ်။
တကယ် လုပ်ရင် တကယ်ဖြစ်တယ်တဲ့။
ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်
ဒေါက်တာ နန္ဒမာလာဘိဝံသ
ရတနသုတ် အနှစ်ချုပ် တရားတေ
20/03/2025
ခုက 7 မျိုးတစ်ဆက်ရှိရင်
Skin Care ရော
Cosmetics ရောပြည့်စုံပြီ
5ဘူးကစလက်ကားဈေးရပါတယ်
09778960388/Viber
#မြို့နယ်ပေါင်း300ကျော်ပို့ပေးပါတယ်
#အိမ်ရောက်ငွေချေရပါတယ်
19/03/2025
တစ်ခါတုန်းက စာသင်ခန်းထဲမှာ
ဖရော်ဖက်ဆာတစ်ဦးက ဖန်ခွက်တစ်ခုထဲ
ရေအချို့ထည့်ပြီး မတ်တပ်ရပ်လိုက်တယ် ။
သူက ကျောင်းသားအားလုံးမြင်ရအောင်ဖန်ခွက်ကို
ကိုင်မြှောက်ပြလို့ ကျောင်းသားတွေကို
မေးလိုက်တယ် ။
''ဒီဖန်ခွက်အလေးချိန်က
ဘယ်လောက်ရှိတယ်လို့ မင်းတို့ထင်လဲ '' တဲ့ ။
ကျောင်းသားတွေက...
''၅၀ ဂရမ် ''
"၁၀၀ ဂရမ် ”
"၁၂၅ ဂရမ် ” လို့ ပြန်ဖြေကြတယ် ။
ဖရော်ဖက်ဆာကလည်း ဆက်ပြောတယ်...
" ဒီဖန်ခွက်ကို ချိန်မကြည့်ဘဲနဲ့
ဆရာလဲ တိတိကျကျ မသိနိုင်ဘူး ”
" ဒါပေမယ့်...
ဆရာမေးချင်တာက ဒီဖန်ခွက်ကို
ဒီအတိုင်းမိနစ်အနည်းငယ်ကိုင်ထားရင်
ဘာဖြစ်နိုင်သလဲ ”
ကျောင်းသားတွေက...
"ဘာမှမဖြစ်နိုင်ပါဘူး ဆရာ ” လို့ ပြန်ဖြေတယ် ။
" ကောင်းပြီ...
ဒါဆို ဒီဖန်ခွက်ကို တစ်နာရီလောက် ဒီအတိုင်း
ကိုင်ထားရင်ရော ဘာဖြစ်နိုင်သလဲ ” လို့
ပရော်ဖက်ဆာက ထပ်မေးတယ် ။
ကျောင်းသာတွေထဲက တစ်ယောက်က...
"ဆရာ့လက်မောင်း နာလာပါလိမ့်မယ် ”လို့ ဖြေတယ် ။
"မင်းမှန်တယ်...
ကဲ ဒါဆို ဒီအတိုင်း တစ်ရက်လောက်ကိုင်ထားရင်ရော ဘာဖြစ်နိုင်သလဲ ”
ကျောင်းသားတစ်ယောက်က အရဲစွန့်ပြီး...
" ဆရာ့လက် ထုံကျင်လာမယ် ကြွက်သားတွေ
နာလာမယ် တောင့်တောင့်ကြီးဖြစ်သွားမယ်...
ပြီးတော့ ဆေးရုံသွားရမှာ ကြိမ်းသေပါပဲ ” လို့
ပြောတယ် ။
တခြားကျောင်းသားတွေက ဝိုင်းရယ်ကြတယ် ။
"အရမ်းကောင်းတယ်...
ဒါပေမယ့် အခုလို လုပ်ခဲ့တဲ့အချိန်တိုင်းမှာ
ဖန်ခွက်ရဲ့အလေးချိန်ပြောင်းလဲသွားနိုင်သလား ” လို့
ပရော်ဖက်ဆာက ဆက်မေးတယ် ။
ကျောင်းသားအားလုံးက...
" မပြောင်းလဲနိုင်ပါဘူး ” လို့ ဝိုင်းဖြေကြတယ် ။
" ဒါဆို ဘာလို့ လက်တွေနာပြီးကြွက်သားတွေ
ထုံကျင်တာတွေဖြစ်လာရတာလဲ ”
ကျောင်းသားတွေအားလုံးမဖြေနိုင်ပဲ
အကြံအိုက်သွားကြတယ် ။
ပရော်ဖက်ဆာက...
" ဒါဆို အခုလို နာကျင်တာတွေက သက်သာအောင်
ဘယ်လိုလုပ်သင့်သလဲ ” လို့ ထပ်မေးတယ်။
" ဖန်ခွက်ကို လွှတ်ချလိုက်ရုံပါ ဆရာ ” လို့ ကျောင်းသားတစ်ယောက်ကဖြေတယ် ။
" အမှန်ကန်ဆုံးပဲ ”
ပရော်ဖက်ဆာက ဆက်ပြောတယ် ။
" ဘဝရဲ့ ပြဿနာတွေဆိုတာ
အခုသင်ခန်းစာနဲ့အတူတူပဲ...
ဦးခေါင်းထဲကို ပြဿနာတွေ
မိနစ်အနည်းငယ်လောက်ထည့်ထားရင်
ဘာမှမဖြစ်ဘူး..အိုကေတယ်...
အဲဒီ ပြဿနာတွေကို
အကြာကြီးခေါင်ထဲမှာထည့်လို့
တွေးနေရင်တော့
စတင်ပြီးခေါင်းကိုက်လာလိမ့်မယ် ။ ”
" ဘဝမှာ စိန်ခေါ်မှုတွေ ပြဿနာတွေကို
ရင်ဆိုင်ဖြေရှင်းနိုင်ဖို့က အရေးကြီးတယ်...
ဒါပေမယ့်...
အဲဒါထက်အရေးကြီးတာကတော့ - -
==========================
သင်အိပ်ရာမဝင်ခင် နေ့စဉ်နေ့တိုင်းကြုံတွေ့နေရတဲ့
ပြဿနာတွေကို လွှတ်ချလိုက်ဖို့ပါပဲ...။
==========================
စိတ်ဖိစီးမှုမရှိဘဲ နိုးထလာတဲ့မနက်ခင်းဟာ
လန်းဆန်းပြီး ကြံ့ခိုင်သန်စွမ်းနေလိမ့်မယ် " လို့...
ပရော်ဖက်ဆာကပြောပြီး..
ကျောင်းသားတွေကို ဥပမာလေးနဲ့
သင်္ခန်းစာပေးခဲ့ပါတယ်...။
ဒီလိုပါပဲ....
ခန္ဓာကိုယ် ပင်ပန်းနွမ်းနယ်တာထက်
စိတ်ပင်ပန်းနွမ်းနယ်တာက ပိုပြီးဆိုးဆိုးဝါးဝါး
ဖြစ်နိုင်ခြေ အများဆုံးပါပဲပါ...။
လောကမှာ ဆိုရိုးစကားတစ်ခုကို
သင်လဲ သိမှာပေါ့...
" စိတ်ထောင်းကိုယ်ကြေ စိတ်ပျိုကိုယ်နု " ဆိုတာလေ..
ဒီတော့...
သင့်ခေါင်းထဲမှာ
စိတ်ကိုထောင်းနေတဲ့ အတွေးတွေကို
တစ်နေ့တာ
လန်းဆန်းပြီးကြံ့ခိုင်သန်စွမ်းနိုင်ဖို့..
ပရော်ဖက်ဆာ ပြောသလို...
" ဒီကနေ့အတွက် ဖန်ခွက်ကို လွှတ်ချလိုက်ပါ " ။
17/03/2025
🌺🌺🌺ဘီမီ ကြွေပုလဲမိတ်ကပ်နဲ့ နှုတ်ခမ်းနီ နှစ်မျိုးတည်းရှိရုံနဲ့ အလှပြင်လို့ရသလို
🌺🌺🌺 Skin Care သုံးချင်သူများအတွက်လည်း
ဘီမီ မျက်နှာသစ်
တိုနာ
နေကာ
Moisturizer
ညလိမ်းခရင်မ်
အစုံမှာယူနိုင်ပါတယ်
09778960388/viber/cb
#စတိုးဆိုင်များလက်ကား၅ဘူး၅ထုပ်ကစယူလို့ရပါတယ် #မြို့နယ်ပေါင်း၃၀၀ကျော်ပို့ပေးပါတယ်
18/01/2025
တောက်ပတဲ့အရောင်လေးတွေ
ကြိုက်နေရော
အရောင် ၅ ရောင်
၅ဘူးကစ လက်ကားဈေးရ
၀၉၇၇၈၉၆၀၃၈၈/Viber/cb ကနေမှာယူနိုင်ပါတယ်
#မြို့နယ်ပေါင်းသုံးရာကျော်ပို့ပေးပါတယ်
#လက်လီလက်ကားအိမ်အရောက်ငွေချေ
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Address
Yangon
